လုရွှယ်ချီ မပျော်တော့ပါ။
Vol. 9 Ch. 83
"ဟားဟားဟား—"
သူ၏ ရှေ့တွင် တောက်ပနေသော ခုနစ်ကြယ်စင်နတ်ဓား ကို ကြည့်ရင်း သရဲဘုရင် ဝမ်ရိန်ဝမ် ၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားသည်။
ခဏအကြာတွင် သူ ပိယောင် ကို မေးလိုက်သည်- "ယောင်အာ ၊ မင်းကို နှစ်ကြိမ် ကယ်ခဲ့တဲ့ ဂျိချန်းဖန် က ကျင်းယွမ် ဂိုဏ်း ရဲ့ ဘယ် တောင်ထိပ်ကလဲ?"
ဒါကို ကြားလိုက်ရတော့ ပီယောင် အနည်းငယ် ထိတ်လန့်သွားသည်။ သူမက ပြောလိုက်သည်- "တကျူး တောင်ထွတ် ကပါ။ ဘာလို့လဲ ဖေဖေ"
"တကျူး တောင်ထွတ် တဲ့လား"
ဝမ်ရိန်ဝမ် ခဏတာ စဉ်းစားလိုက်၏။ထို့နောက် ပြုံးပြီး ပြောလိုက်သည်- "ယောင်အာ၊ မင်းကို ကယ်ခဲ့တဲ့အတွက် သူ့ကို ကျေးဇူးဆပ်ဖို့ ဒီ ကိုးကောင်းကင်နတ်လက်နက် ခုနစ်ကြယ်စင်ဓား ကို ဖေဖေ၊ သူ့ကို ပေးလိုက်ရင် သမီး ဘယ်လို ထင်လဲ"
ပိယောင် မျက်မှောင်ကြုတ်ကာတွေးလိုက်သည်။သူမ မအူမလည် မဟုတ်ပေ။ သူမ အဖေ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်ကာ ချက်ချင်း ငြင်းပယ်လိုက်သည်-
"ဖေဖေ၊ ဒါက ဘယ်လိုလုပ် ကျေးဇူးဆပ်တာ ဖြစ်မလဲ? ဖေဖေ သူ့ကို ထိခိုက်အောင် လုပ်နေတာ ရှင်းနေတာပဲ"
သူမအဖေ၏ စိတ်နေစိတ်ထားကို ကြည့်ခြင်းအားဖြင့်
သူ ခုနစ်ကြယ်စင် ဓား ကို ဂျိချန်းဖန်ကို ပေးမယ်ဆိုရင်တောင် ဒါက လူသိရှင်ကြား ဖြစ်မှာပါ ပြီးလျှင်ကျင်းယွမ် ဂိုဏ်း တစ်ခုလုံးရဲ့ ရှေ့မှာ ဖြစ်မည်ပင်။
ပြီးရင် သူက "ညီလေး၊ ငါ့သမီးကို ကယ်တင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်!" လို့ ထပ်ပြောဦးမယ်။
ထိုအရာက မည်ကဲ့သို့ ကျေးဇူးဆပ်ခြင်းဖြစ်မည်နည်း။
ဒါက ရှင်းရှင်းလင်းလင်း ထောင်ချောက်ဆင် ခြင်းပင်။
မသိတဲ့သူများက သရဲဘုရင် ကို ဂျိချန်းဖန်က ရှောင်ယီချိုင် ကို ဖယ်ရှားဖို့ ပြောကြားခဲ့တယ်လို့တောင် ထင်သွားနိုင်သည်။
ဒီမြင်ကွင်းကို မြင်လိုက်ရသည့် ဝမ်ရိန်ဝမ် ခေါင်းခါကာ ခါးခါးသီးသီး ရယ်မောလိုက်၏။
“ဆိုရိုးစကားတစ်ခုရှိတယ် သမီးကို လက်ထပ်ပေးလိုက်တာဟာ ရေဖိတ်သွားသလိုပါပဲ၊ ဒါပေမဲ့ အခုထိ လက်မထပ်ရသေးဘူး၊ မင်းရဲ့ စိတ်က တခြားတစ်ဖက်ကို လှည့်နေပြီလား”
ပီယောင်ရဲ့ ချောမောသော မျက်နှာ နီရဲသွားကာ သူမ ခိုင်မာစွာ ပြောလိုက်သည်- "ဖေဖေ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဖေဖေ သူ့ကို မစွပ်စွဲရဘူး"
ဝမ်ရိန်ဝမ် အကူအညီမဲ့စွာ ပြောလိုက်သည်- "ယောင်အာ၊ တကယ်တော့ လမ်းမှန် ဂိုဏ်း ကျင့်ကြံသူတွေက ဂျိချန်းဖန် မင်းကို နှစ်ကြိမ် ကယ်ခဲ့တယ်ဆိုတာ သိနေပြီ။"
"အာ သူတို့ ဘယ်လိုသိမှာလဲ" ပီယောင် အနည်းငယ် အံ့အားသင့်သွားသည်။
ဂျိချန်းဖန် သူမကို သွေးစက် ဂူ ကနေ လွှတ်ပေးခဲ့သည့် ကိစ္စက အဲဒီ ရိုးသားတဲ့ ကျန်းရှောင်ဖန် တစ်ယောက်တည်းပဲ သိပါသည်။ ပြီးတော့ ကျန်းရှောင်ဖန်၏ ဂျိချန်းဖန်အပေါ် လေးစားမှုနဲ့ ဆိုလျင်သူက ဒီကိစ္စကို ထုတ်ဖော်မယ့် အမျိုးအစား မဟုတ်ပါချေ။
ဝမ်ရိန်ဝမ် သူ၏ တပည့်များက စုဆောင်းထားသော သတင်းအချက်အလက်များကို ပြန်ပြောပြသည်။
ဒါကို ကြားလိုက်ရတော့ ပီယောင် ချက်ချင်း စကားမပြောနိုင် ဖြစ်သွား၏
“အဲဒီ လူမိုက် ကျန်းရှောင်ဖန်”
*သူ၏ ခေါင်းပူလာတဲ့အခါ အရာအားလုံးကို ဘာလို့ ထုတ်ဖော် ပြောပစ်လိုက်တာလဲ*
ဝမ်ရိန်ဝမ် ရယ်မောသည်- "ယောင်အာ၊ ဒီကိစ္စအတွက် မင်း ဖေဖေကို အပြစ်တင်လို့ မရဘူး။ ဒီ ခုနစ်ကြယ်စင် ဓား ကိစ္စကတော့ မင်းပဲ ကိုင်တွယ်လိုက်ပါတော့။"
ဝမ်ရိန်ဝမ် အနည်းငယ် စဉ်းစားကာ နောက်ဆုံးတော့ သူ ခုနစ်ကြည်စင်
ဓား ကို ပိယောင်ကို ကိုင်တွယ်ခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။
မမျှော်လင့်ထားတဲ့ အရာသာ မဖြစ်ခဲ့ဘူးဆိုလျှင်
သူ၏ ရတနာလေးသည် ဒီ ခုနစ်ကြယ်စင် ဓား ကို ဂျိချန်းဖန်ကို ပေးလိမ့်မည်။ထိုသည်က ကောင်းသော ဆက်ဆံရေးတစ်ခု ဖန်တီးလိုက်သည်ဟု မှတ်ယူရလိမ့်မည်။ယောင်အာသာ သူ့နဲ့ ပေါင်းဖက်နိုင်မယ်ဆိုလျှင်လည်း မဆိုးပါချေ။
ဝမ်ရိန်ဝမ်၏ မျက်လုံးများ အနည်းငယ် လင်းလက်သွား၏။
သူက ကြင်နာသူ မဟုတ်သော်လည်း သူ၏ သမီးအတွက်၊ ပြီးတော့ သူ၏ ကြီးမားသော အစီအစဉ်ကို မထိခိုက်သရွေ့ သူ အချို့သော အရာများကို လိုက်လျောညီထွေ လုပ်ဖို့ ဆန္ဒရှိသည်။
"ကျေးဇူးတင်ပါတယ်၊ ဖေဖေ"
ပိယောင် ပျော်ရွှင်စွာ ခုနစ်ကြယ်စင် ဓား ကို လက်ခံလိုက်သည်။
သူမ ချက်ချင်း စိတ်ကူးယဉ် အိပ်မက်ထဲမှာထိုခုနစ်ကြယ်စင် ဓား ကို ဘယ်လို အသုံးပြုပြီး ဂျိချန်းဖန်နဲ့ ပိုပြီး ရင်းနှီးအောင် လုပ်ရမလဲဆိုသည်ကို စတင် စိတ်ကူးယဉ်နေသည်။
"ဟူး..." ဝမ်ရိန်ဝမ် သက်ပြင်းချသည်။ထို့နောက် ခေါင်းခါလိုက်ကာ ထွက်သွားသည်။
ပတ်ဝန်းကျင်က သွေး သန့်စင် ခန်းမ လက်ကျန်များ သည်လည်း တုန်လှုပ်သွားကြသည်။
...
...
လီပေါ် တောင် ရဲ့ အရှေ့ဘက်၊ လမ်းမှန်အထက်လမ်း ဂိုဏ်းများ ၏ အဓိက စခနစခန်းတွင်
ထို အချိန်မှာ ရှန်ကျင်း ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ စုရုံးနေကြကာ လီပေါ် တောင် မှာ စုဝေးနေတဲ့ နတ်ဆိုး ဂိုဏ်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးနေကြသည်။
ဂျိချန်းဖန်လည်း သူတို့ထဲမှာ ပါဝင်၏။ သို့သော် သူ ထောင့်တစ်နေရာတွင် တစ်ယောက်တည်း ထိုင် နေကာ ဆွေးနွေးမှုတွင် မပါဝင်ပေ။
ဘာပဲဖြစ်ဖြစ်၊ လီပေါ် တောင် မှာ နတ်ဆိုး ဂိုဏ်း စုဝေးရခြင်း၏ အကြောင်းရင်းကို သူ သိနှင့်ပြီးသား ဖြစ်သည်။ထိုအရာက သရဲဘုရင် ဝမ်ရိန်ဝမ် က မြင့်မြတ်သော သားရဲ ကွေ့နျူ ကို ဖမ်းယူပြီး သားရဲလေးကောင် အစီအရင် ကို တည်ဆောက်ကာ အသူရာ၏ စွမ်းအားကို ရယူဖို့ လိုချင်ရုံသာဖြစ်၏။
ထို့ကြောင့် ဂျိချန်းဖန် ထို့ကိစ္စကို သိပ် ဂရုမစိုက်ပေ။
ထိုအစီအစဉ် ကို အောင်မြင်စွာ တည်ဆောက်ဖို့ မြင့်မြတ်သော သားရဲ လေးမျိုး မရှိမဖြစ် လိုအပ်သည်- အဝါရောင် ငှက် ၊ ကွေ့နျူ၊ မီးရှုး နဂါး ၊ နှင့် ထောင်ထဲ့တို့ဖြစ်၏။
ဝမ်ရိန်ဝမ် သူတို့ကို အောင်မြင်စွာ ဖမ်းယူဖို့ အနည်းဆုံး ဆယ်စုနှစ် ဒါမှမဟုတ် နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မည်။
ဆယ်စုနှစ် ဒါမှမဟုတ် နှစ်ပေါင်းများစွာက ဂျိချန်းဖန်အတွက် ကမ္ဘာမှာ ပြိုင်ဘက်ကင်း ဖြစ်ရန် အချိန် လုံလောက်သည်၊ သရဲဘုရင် ကို ရိုးရိုး ကွေ့နျူ တစ်ကောင် ပေးလိုက်ရင် မည်ကဲ့သို့ဖြစ်မည်နည်း။
နောက်ပိုင်းမှာ သူ တခြား မြင့်မြတ်သော သားရဲ တွေကို ဖမ်းယူတာကို ရပ်တန့်လိုက်ရုံပင်။ဘယ်လိုပဲ ဖြစ်ဖြစ် ထို အစီအစဉ် က တစ်ကောင် မပါရင် မပြည့်စုံပါချေ။
တစ်ကောင် ပျောက်ဆုံးနေရင် တခြား မြင့်မြတ်သော သားရဲ သုံးကောင်ကို စုဆောင်းရင်တောင် အသုံးမဝင်ပါချေ။
ဂျိချန်းဖန် သူ၏ ကုလားထိုင်ပေါ်မှာ ပျင်းရိစွာ ထိုင်နေကာသူ၏ မေးစေ့ကို သူ၏ လက်ပေါ်မှာ တင်ထားသည်။ ထို့နောက်သူ အပြင်ဘက်ကို တစ်ချက် ကြည့်လိုက် သောအခါ ရုတ်တရက် ရင်းနှီးသော ပုံရိပ်နှစ်ခုကို သတိပြုမိသည်။
ကြည့်လိုက်သောအခါ အဖြူရောင် ဝတ်စုံတ်ဆင်ထားသော ပုံရိပ်တစ်ခုက တျန်းယာနတ် ဓား ကို ကိုင်ထားသည်၊ သူမ၏ မျက်နှာသည် ဆီးနှင်းကဲ့သို့ အေးစက် နေ၏။
အခြားပုံရိပ်တစ်ခုက အနီရောင် ဝတ်စုံ ဝတ်ဆင်ထားကာ သူမ ခုန်ပေါက် ကခုန်နေ၏။ အလွန် တက်ကြွနေပုံရသည်၊ သူမ၏ ဘေးနားက တည်ငြိမ်သော ပုံရိပ်နှင့် သိသာထင်ရှားသော ကွဲပြားချက်ကို မြင်နေရစေသည်။
"ဟမ် ဒီနှစ်ယောက် ဘယ်လိုလုပ် အတူတူ ဖြစ်နေတာလဲ" ဂျိချန်းဖန် အနည်းငယ် သိချင်သည်။
ထိုအချိန်တွင် သူ၏ ဘေးနားကနေ ညင်သာသော ရယ်မောသံ ထွက်ပေါ်လာသည်။
"မင်း အပြင်ထွက်ချင်ရင် ထွက်သွားပါတော့။"
စူးရူ ညင်သာစွာ ပြောလိုက်သည်။
ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် ချက်ချင်း ထရပ်လိုက်ကာ ဦးညွှတ်၍ ပြုံးလိုက်သည်- "ဆရာကတော်၊ ဒါဆို တပည့် အရင် ထွက်သွားပါ့မယ်..."
သူ ဒီနေရာမှာ နေရတာ အကြာကြီးဖြစ်၍ ပျင်းနေခဲ့ပါပြီ။ထိုအစား
အပြင်ထွက်ပြီး လုရွှယ်ချီ ကို စနောက်တာက ပိုပျော်စရာ မကောင်းချေလော။
"သွားပါတော့။" စူးရူ ပြုံးပြီး လက်ဝှေ့ယမ်းလိုက်၏။
ပတ်ဝန်းကျင်က လူများစွာ သတိပြုမိကြ သော်လည်း သူတို့ ဘာမှ မပြောကြပေ။
ဂျိချန်းဖန် အသက်အရွယ်နဲ့ ဤအဆင့်ကို ရောက်သည့်အဓိပ္ပါယ်က ဂျိချန်းဖန်ဟာ အနာဂတ်မှာ လမ်းမှန် ဂိုဏ်း ရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်လာမှာ သေချာသည်။ သူတို့ သူ့ကို အပြစ်တင်ခြင်းသည် မိုက်မဲရာ ရောက်လိမ့်မည်။
တာအိုသခင် ချန်စုန့်နဲ့ သူ့အဖွဲ့ ကဆွေးနွေးမှု သာပြုလုပ်နေဆဲဖြစ်ကာ
ဂျိချန်းဖန် ကလှည့်ပြီး ထွက်သွားသည်။
...
...
"အစ်မလု ဒီ တစ်ခေါက်အပြင်ထွက်တဲ့အခါ အမ နဲ့ ဂျိချန်းဖန် ဘာတွေ ကြုံတွေ့ခဲ့ရလဲ?
ကျန့်လင်းအာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
လုရွှေချီ ညင်သာစွာ ပြောလိုက်သည်- "ဘာမှ မများပါဘူး။ ညီလေး ကျန်း ပြောတာနဲ့ အကြမ်းဖျင်း အတူတူပါပဲ။"
"အိုး။" ကျန့်လင်းအာ ခေါင်းညိတ်သည်။ သူမ လုရွှေချီ၏ ခါးပေါ်က လျှိုဟော် မှန် ကို သိမ်မွေ့စွာ ကြည့်လိုက်သည်၊ သူမက ပြောလိုက်သည်-
"အစ်မ လု၊ ဒါကို ဂျိချန်းဖန် အမ ကို ပေးခဲ့တာလား?"
"အရမ်း လှတာပဲ~"
ဒါကို ကြားလိုက်ရတော့ လုရွှေချီ အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမ၏ နှလုံးသားထဲတွင် သတိထားလိုက်၏၊ထို့နောက် သူမ ကျန့်လင်းအာကို ကြည့်ကာညင်သာစွာ ပြောလိုက်သည်-
"ဟုတ်တယ်၊ သူ ပေးခဲ့တာ။"
ကျန့်လင်းအာ၏ ချောမောသော မျက်နှာပေါ်မှာ ဝမ်းနည်းမှု အရိပ်အယောင် ပေါ်လာသည်။ သူမက ပြောလိုက်သည်- "အရမ်း ကောင်းတာပဲ~ သူ့ရဲ့ အစ်မကြီး အနေနဲ့ သူ ကျွန်မကို ဘာမှ ပေးတာ မရှိသေးဘူး။"
လုရွှယ်ချီ၏ နှလုံးသား လှုပ်ရှားသွားသည်။
သူမ တစ်ခုခု ပြောတော့မလို ဖြစ်နေချိန်မှာ ရင်းနှီးသော အသံတစ်ခု သူမ၏ နောက်ကွယ်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်းတို့ နှစ်ယောက် ဘာတွေ စကားပြောနေတာလဲ?"
ကောင်မလေးနှစ်ယောက် တစ်ချိန်တည်း ခေါင်းလှည့်လိုက်ကြ သောအခါ သူတို့ ဂျိချန်းဖန် ပြုံးပြီး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ကျန့်လင်းအာက အံ့အားသင့်စွာ မေးလိုက်၏- "ဂျိချန်းဖန်၊ ရှင် ကျွန်မ အဖေနဲ့ တခြားသူတွေနဲ့ နတ်ဆိုး ဂိုဏ်းကိစ္စတွေဆွေးနွေးမနေတော့ဘူးလာား"
"ငါ့လို တပည့်တစ်ယောက်က ဘာလို့ အများကြီး ဆွေးနွေးနေရမှာလဲ?" ဂျိချန်းဖန် အနည်းငယ် ပခုံးတွန့်ကာ သူ၏ ဘေးနားက လုရွှေချီကို တစ်ချက် ကြည့်လိုက်၏။ထို့ နောက်သူက ပြောလိုက်သည်-
"ဒါဆို မင်းတို့ နှစ်ယောက် ဘာတွေ စကားပြောနေတာလဲ?"
ဒါကို ကြားလိုက်ရတော့ ကျန့်လင်းအာ တစ်ခုခု ပြောမည့်ဟန်ပြင်လိုက်၏။
သို့သော် လုရွှေချီက အရင် ပြောလိုက်သည်- "လင်းအာက ရှင် သူ့ကို ဘယ်တုန်းကမှ လက်ဆောင် မပေးဖူးဘူးလို့ ပြောတယ်။"
သူမ၏ လေသံက အလွန် ညင်သာနေကာအချက်အလက်တစ်ခုကို ပြောပြသကဲ့သို့ ဖြစ်သည်။
သို့သော် သူမသည် ဂျိချန်းဖန်ကို စိုက်ကြည့်နေကာ သူ ဘယ်လို တုံ့ပြန်မလဲဆိုတာကို သိချင် နေသည်။
သူမ က ကျန့်လင်းအာ ဂျိချန်းဖန်ကို သဘောကျနေသည်ကိုမြင်နိုင်၏
သူမ၏ စကားများက သူနဲ့ ဂျိချန်းဖန်ရဲ့ ဆက်ဆံရေးကို သေချာအောင် သိဖို့ အမျိုးမျိုးသော မေးခွန်းများက အပြည့်ဖြစ်နေသည်။
ဒီအတွက်ကြောင့် လုရွှယ်ချီ သူကိုယ်တိုင် အနည်းငယ် ထိန်းချုပ်ထားခဲ့သည်ပင် ကျန့်လင်းအာသည်သာ ညီမလေးကဲ့သို့ခင်သူမဟုတ်လျှင် သူမက "လျိုဟော် မှန် ဟာ ဂျိချန်းဖန်က ကျွန်မကို ပေးတဲ့ ထိမ်းမြားလက်ဆောင် ပါ" လို့ ပြောချင်ခဲ့သည်။
သို့သော် ကျန့်လင်းအာအပေါ် ထည့်သွင်းစဉ်းစားပြီး
လုရွှယ်ချီ သက်ညှာပေးလိုက်၏။ထို့နောက်ဂျိချန်းဖန် မည်သို့ဖြေမည်ကို ကြည့်နေလိုက်သည်
"ဟမ်..."
ဂျိချန်းဖန် အနည်းငယ် စဉ်းစားကာ သူက ပြောလိုက်သည်- "ဒီနှစ်တွေအတွင်းစီနီယာအမ ကို ဘာလက်ဆောင်မှ မပေးဖူးဘူးဆိုတာ တကယ်ဖြစ်ပုံရတယ်။"ထို့နောက် သူ၏ လက်ကို မြှောက်လိုက်ကာ ခါးက တောင်တန်းနှင့် မြစ်ချောင်း ယပ်တောင် ကို ချွတ်လိုက်၏။ထို့ နောက် ထျန်းလင်အာကို ပေးလိုက်ကာ ပြုံးပြီး ပြောလိုက်သည်- "ဒီလိုဆိုရင် ဒီ တောင်တန်းနှင့် မြစ်ချောင်း ယပ်တောင် ကို ပေးလိုက်မယ်"
"အဟီး"
ကျန့်လင်းအာ သူ၏ လက်ထဲက တောင်တန်းနှင့် မြစ်ချောင်း ယပ်တောင် ကို ကြည့်လိုက်ကာ သူမ၏ ချောမောသော မျက်နှာ ကအနည်းငယ် နီရဲသွားသည်။
တကယ်တော့... သူမ လက်ဆောင် မလိုချင်ခဲ့ပါချေ။
သူမကချစ်သက်လက်ဆောင်တစ်ခုသာ လိုချင်ခဲ့သည်။
"လင်းအာ။"
ထိုအချိန်တွင် မလှမ်းမကမ်းမှ စူးရူက ရုတ်တရက် လက်ယပ်ခေါ်သည်၊ ကျန့်လင်းအာနှင့် ဆွေးနွေးစရာ တစ်ခုခု ရှိပုံရသည်။
"ညီမကြီး လု၊ ကျွန်မ အရင်သွားလိုက်မယ်။"
ကျန့်လင်းအာ ရှက်ရွံ့နေကာ သူမ တောင်တန်းနှင့် မြစ်ချောင်း ယပ်တောင် ကို သူမ၏ လက်ထဲမှာ တင်းတင်း ဆုပ်ကိုင်ထား၍ သူမ အမေဆီသို့ ပြေးသွားသည်။
လုရွှေချီ မျက်လုံးများ ကျန့်လင်းအာ လက်ထဲက တောင်တန်းနှင့် မြစ်ချောင်း ယပ်တောင် ကို စိုက်ကြည့်နေသည်။ ဂျိချန်းဖန်ထံမှလည်းအကြည့်လွှဲလိုက်သည်။
လုရွှယ်ချီ စိတ်မပျော်တော့ပါ။
...