ဂျိချန်းဖန်ရဲ့ လူတွေကို မင်းတို့ ထိရဲလား
Vol. 9 Ch. 85
တကယ်တော့ အစကတည်းက
ဂျိချန်းဖန် က ပိယောင် အနည်းငယ် ထူးဆန်းနေတယ်လို့ ခံစားခဲ့ရသည်။
အဲဒီအချိန်က သူ အချစ်ရေးဘက်ကို မစဉ်းစားခဲ့တာကြောင့် တချို့အရာတွေကို မသိစိတ်ကနေ လျစ်လျူရှုခဲ့မိခဲ့ခြင်းဖြစ်၏။
ပိယောင် သူ့ကို အကြိမ်ကြိမ် ချဉ်းကပ်လာမှသာ ဂျိချန်းဖန် နောက်ဆုံးတော့ သတိထားမိလိုက်သည်။
သူ ရိုးရိုးကလေးသာ အကွက်ချခဲ့သော်လည်း ချက်ချင်းပင် သူ့ကိုနှစ်သက်သော ကောင်မလေး တစ်ယောက်ကပေါ်လာသည်။
စိတ်လှုပ်ရှားနေသော ပိယောင်ကို ကြည့်ရင်း ဂျိချန်းဖန် စဉ်းစားလိုက်သည်။သူ၏ ဆွဲဆောင်မှုက ထင်ထားသည်ထက် ပိုများပုံရသည်ဟူ၍ပင်ဖြစ်၏။
ဂျိချန်းဖန် သူ၏ ရှေ့က အစိမ်းရောင် ဝတ်စုံ ဝတ်ထားသော ကောင်မလေးကို တိတ်ဆိတ်စွာ ကြည့်နေသည်၊ စကားမပြောနိုင် ဖြစ်နေသည်။
ပိယောင်ရဲ့ ချောမောသော မျက်နှာ အနည်းငယ် နီရဲသွား၏။ ဂျိချန်းဖန် သူမ၏ အတွေးများကို ထိုးဖောက်မြင်သွားပြီဆိုတာ နားလည်သွား၍ သူမ ခေါင်းကို အနည်းငယ် ငုံ့လိုက်ကာ သူမ၏ ခြေချောင်းများကို ကြည့်နေသည်၊ သူမ၏ ရှေ့က ဂျိချန်းဖန်ကို မကြည့်ရဲတော့ပါချေ။
ယိုဂျီက သူတို့ နှစ်ယောက်ကို အမူအရာမဲ့စွာ ကြည့်နေလျှက်
သူမ၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားသည်၊ သူမ ဘာတွေးနေလဲဆိုတာ မသိပေ။
ခဏတာတော့ တိတ်ဆိတ်သွားသည့်အတွက်
ပိယောင်ရဲ့ တုံ့ဆိုင်းနေသော အသံ ကပြောလိုက်သည်- “ကျွန်မ... ကျွန်မ ရှောင်ယီချိုင် သေဆုံးသွားပြီဆိုတဲ့ သတင်းကို လူတွေ ဖြန့်ခိုင်းလိုက်ပြီ။ ရှင် ခုနစ်ကြယ်စင် ဓား ကို ကျွန်မဆီက ယူခဲ့တယ်လို့ ပြောလို့ရတယ်၊ ဒီလိုဆိုရင်...”
“ဒီလိုဆိုရင် ဘယ်သူမှ ရှင့်ကို သံသယ မဝင်တော့ဘူး။”
ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် တိတ်ဆိတ်နေသည်။
သူက သူ့ရဲ့ ကိုယ်ပိုင် ခွန်အားနဲ့ အရည်အချင်းပေါ်မှာသာ အားကိုးပြီး အရာအားလုံးကို သက်သေပြဖို့ လိုတယ်။ နတ်ဆိုး ဂိုဏ်း က သူ့ကို စွပ်စွဲရင်တောင် မည်ကဲ့သို့ဖြစ်မည်နည်း။
တောက်ရွှမ်းနှင့် တခြားသူများ ယုံကြည်ကြမှာမဟုတ်ကြပါချေ။
သူတို့ အားလုံးက မြေခွေးအိုကြီး များဖြစ်၏။
သူတို့ ဘယ်လိုလုပ် ဒီလောက် မိုက်မဲနိုင်မည်လော။
ဂျိချန်းဖန်အတွက် နတ်ဘုရားနယ်မြေ တစ်ခုလုံးနှင့်လူသားအားလုံး၏ ဘေးအန္တရယ် ဖြစ်စေတဲ့ အရာတစ်ခုကို သူ မလုပ်သရွေ့ ကျန်တဲ့ အရာအားလုံးက အခြေခံအားဖြင့် အသေးအဖွဲ ကိစ္စတွေပါပဲ၊ ကြောက်စရာ မလိုပါချေ။
ထိုအရာက ခွန်အားနဲ့ အရည်အချင်းက ယူဆောင်လာသော အထူးအခွင့်အရေးများဖြစ်ကြသည်။
“ကျွန်မ... ကျွန်မ အရင် သွားလိုက်တော့မယ်။”
ပီယောင် ဝမ်းနည်းကာနေကာ ပြောလိုက်သည်။
ဂျိချန်းဖန် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရတော့ စိတ်ပျက်အားငယ်မှု အရိပ်အယောင်တစ်ခု သူမ၏ မျက်လုံးများတွင် ပေါ်လာလေ၏။
သို့သော် သူမ လှည့်ထွက်သွားတော့မယ့် အချိန်တွင်သက်ပြင်းချသံတစ်ခု ရုတ်တရက် သူမ၏ နားထဲတွင် ထွက်ပေါ်လာသည်။
“ကျေးဇူးတင်ပါတယ်။”
ဂျိချန်းဖန် ညင်သာစွာ ပြောလိုက်၏။
ဒါကို ကြားလိုက်ရတော့ ပီယောင်ရဲ့ ချောမောသော မျက်နှာပေါ်မှာ တောက်ပသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။
“ကျေးဇူးတင်စရာ မလိုပါဘူး”
အစိမ်းရောင် ဝတ်စုံ ဝတ်ထားသော ကောင်မလေး ခေါင်းစောင်းကာ ပြုံးလျက် ပြောလိုက်၏။
သူမ၏ လက်များကို သူမ၏ နောက်မှာချက်ချင်းထားလိုက်ကာ သူမ ခုန်ပေါက်ပြီး ထွက်သွား၏။သူမသည် အလွန် ပျော်ရွှင်နေပုံရသည်။
ယိုဂျီ ဂျိချန်းဖန်ကို တိတ်ဆိတ်စွာ တစ်ချက် ကြည့်လိုက်ကာ သူမ မဆိုင်းမတွ လှည့်လိုက်ပြီး ပိယောင် နောက်ကို လိုက်သွားသည်၊ အမှောင်ထဲတွင် ဂျိချန်းဖန် တစ်ယောက်တည်းသာ ကျန်ရစ်သည်။
သူ သူ၏ လက်ထဲက ခုနစ်ကြယ်စင် ဓား ကို တိတ်ဆိတ်စွာ ကြည့်နေကာ သိမ်းလိုက်သည်၊ထို့ နောက် လုရွှယ်ချီရဲ့ နေရာဆီ ဦးတည်ပြီး လှည့်သွားသည်။
…
…
“ဒုန်း—“
ရွှေရောင် ဗုဒ္ဓအလင်း တစ်ခုက ထွက်ပေါ်လာကာအရာအားလုံးကို ထွန်းလင်းစေလိုက်သည်။
ဖားရှန်း နှင့် တခြား ဗုဒ္ဓဘာသာ တပည့်များ နတ်ဆိုး ဂိုဏ်း ကျင့်ကြံသူများ၏ ရုတ်တရက် ပေါ်လာခြင်းကြောင့် အလစ်အငိုက် အမိခံလိုက်ရသည်။
ထို့ကြောင့်သူတို့က အနီးအနားက လမ်းမှန် ဂိုဏ်း တပည့်များ တိုက်ပွဲကို သတိထားမိပြီး သူတို့ကို အကူအညီ လာပေးဖို့ ဆုတောင်းနေကြ၏။
“ဖာရှန်း အစ်ကိုကြီး ဒီ နတ်ဆိုးကျင့်ကြံသူတွေက နည်းနည်း ထူးဆန်းနေတယ်! သူတို့ဟာ ငါတို့ အရင်တွေ့ခဲ့ရတဲ့သူတွေထက် အများကြီး ပိုအားကောင်းတယ်”
ရှီတို( TL.note : [Shito] eng လိုက တကယ်ကို ရှီတိုကြီးပါ) လို့ ခေါ်တဲ့ ဘုန်းကြီးတစ်ပါး အလေးအနက် ပြောလိုက်သည်။
“အရိမေတ္တယျဗုဒ္ဓကို ဆုတောင်းပါတယ်…”
ဖားရှန်း ဗုဒ္ဓဘာသာ ဆုတောင်းတစ်ခုကို ရွတ်ဆိုကာ သူ သူ၏ မှော်ပစ္စည်း ကိုထုတ်လိုက်ကာ ပတ်ဝန်းကျင်က နတ်ဆိုး ဂိုဏ်းဝင်များ၏ တိုက်ခိုက်မှုများကို အဆက်မပြတ် တွန်းလှန် နေရင်းပြောလိုက်သည်။
“ဒီလူတွေက နတ်ဆိုး ဂိုဏ်း ရဲ့ ထိပ်တန်း တပည့်တွေ ဖြစ်ရမယ်!”
ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ၊
ပတ်ဝန်းကျင်က နတ်ဆိုး ဂိုဏ်းဝင်များ အားလုံး အဝါရောင် သိုင်းဝတ်ရုံများ ဝတ်ထားကြသည်၊ သရဲဘုရင် ဂိုဏ်း ရဲ့ ထိပ်တန်း တပည့်များ ဖြစ်ပုံရသည်။
ဒီ နတ်ဆိုး ဂိုဏ်းဝင်များ၏ ကျင့်ကြံမှု အဆင့်မြင့်မားကာ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက အလွန် ကောင်းမွန်သည်။ လှုပ်ရှားမှု အနည်းငယ်အတွင်းမှာ သူတို့ ဖာရှန်းနဲ့ တခြားသူများကို တိုက်ရိုက် ဝိုင်းရံလိုက်နိုင်သွား၏။
“ဝုန်း”
တိုက်ခိုက်မှုများ အဆက်မပြတ် မိုးရွာသကဲ့သို့ ကျရောက်လာကာ
ဖားရှန်းသည် “ပြန်လည်ဝင်စားခြင်း ဗုဒ္ဓပုတီး” ကို အပြည့်အဝ အသက်သွင်းရန် ညီအကိုများအားလုံး၏စွမ်းအားများအသုံးပြုကာတိုက်ခိုက်မှုများ ကို ကောင်းကောင်း ပိတ်ဆို့နိုင်ခဲ့သည်။
“ဝှမ်—“
ထိုအချိန်တွင် တောက်ပသော ဓားအလင်းတန်း တစ်ခု ရုတ်တရက် အဝေးကနေ ပေါ်လာသောအခါ ဖာရှန်းနဲ့ တခြားသူများ၏ အမူအရာများ အနည်းငယ် တောက်ပလာသည်။
“ကျင်းယွမ် ဂိုဏ်း က ဘယ် အစ်ကိုကြီး ဒါမှမဟုတ် အစ်မကြီးများ လဲ”
သူတို့ မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
“ဝှစ်”
အေးစက်သောမိန်းမပျိုတစ်ဦးသည် ထျန်းယာ နတ်ဓားကို ကိုင်ဆောင်ထားကာ တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ နတ်ဆိုး ဂိုဏ်း တပည့်များစွာကို တွန်းလှန်လိုက်သည်။ သူမ၏ မျက်နှာသည် တင်းမာနေကာ သူမ၏ အကြည့်က ပတ်ဝန်းကျင်က ရန်သူများကို အေးစက်စွာ စူးစိုက်ကြည့်နေသည်
ဖားရှန်း ပျော်ရွှင်စွာ အော်လိုက်သည်- “ညီမကြီး လု လား ဂျိ အစ်ကိုကြီး အနီးအနားမှာ ရှိလား”
ဂျိချန်းဖန် ဒီနေရာမှာ ရှိရင် ပတ်ဝန်းကျင်က နတ်ဆိုး ဂိုဏ်းသားတွေက ဘာမှ မဟုချေ။
ဂျိချန်းဖန်ဟာ ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ သုံးယောက်ကို တစ်ဦးတည်း လက်နဲ့ အနိုင်ယူခဲ့တဲ့ အလွန်အစွမ်းထက်သူပင်ဖြစ်၏။
လုရွှယ်ချီ နောက်ကို တစ်ချက် ကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်- “သူ က နောက်မှာ သိပ်မဝေးဘူး။ နတ်ဆိုး ဂိုဏ်း ကျင့်ကြံသူ နှစ်ယောက် သူ့ကို တားဆီးထားတယ်။”
ဒါကို ကြားလိုက်ရတော့ ဖားရှန်း အနည်းငယ် မျက်မှောင်ကြုတ်၍
သူ တခြားတစ်ခုခု ပြောတော့မယ့် အချိန်မှာ ပတ်ဝန်းကျင်က နတ်ဆိုး ဂိုဏ်း တပည့်များ တစ်ဖန် သူတို့ကို ဝိုင်းရံလိုက်သည်၊ ဒါပေမယ့်...
သူတို့ ချက်ချင်း မလုပ်ကြပေ။
တစ်ခုခုကို စောင့်နေသကဲ့သို့ရပ်နေကြ၏။
“ဒုတ်—“
ထိုအချိန်တွင် ခြေသံတစ်ခုက ထွက်ပေါ်လာသောကြောင့်
ကြည့်လိုက်သောအခါ ဝတ်ရုံဖြူဝတ်အမျိုးသားတစ်ဦး ထွက်လာသည်။ သူ၏ မျက်နှာက ရိုးရိုးပုံရကာ သူ အေးချမ်းသောအရှိန်အဝါ တစ်ခုကို ကို ထုတ်လွှတ်သည်။ သူ၏ လက်ပေါ်တွင် တောက်ပသော အလင်းကို ထုတ်လွှတ်သော လက်စွပ်တစ်ကွင်း ဝတ်ဆင်ထာ၏။
သူတို့ ဒီလူကို မြင်လိုက်တဲ့အခိုက်အတန့်တွင်
လုရွှယ်ချီနှင့် တခြားသူများ မျက်လုံးများကျဉ်းမြောင်းသွားသည်။ သူတို့ ဒီလူက ရိုးရိုးရှင်းရှင်း မဟုတ် အနည်းဆုံး ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်နိုင်တယ်ဆိုတာ ခံစားမိသည်။
အဇူရာ နဂါး လုရွှယ်ချီ၏ လက်ထဲက ထျန်းယာ ကို စိတ်ဝင်တစား ကြည့်၏။ ထို့နောက် ဖာရှန်း၏ လက်မောင်းထဲက “ပြန်လည်ဝင်စားခြင်း ဗုဒ္ဓပုတီး” ကို ကြည့်လိုက်သည်။
“ဟဟဟ”
“ဒီ မျိုးဆက်ရဲ့ လမ်းမှန် ဂိုဏ်းတွေက တကယ်ပဲ ပါရမီရှင် အများအပြားကို မွေးထုတ်ခဲ့ပြီပဲ။ ပြန်လည်ဝင်စားခြင်း ဗုဒ္ဓပုတီး နဲ့ ထျန်းယာ ဓား လိုမျိုး ရတနာတွေတောင် ဆက်တိုက် ပေါ်လာခဲ့ပြီလား”
“ဒါပေမယ့် ကံမကောင်းစွာနဲ့...”
အဇူရာ နဂါး သူ၏ ခေါင်းကို အနည်းငယ် ခါကာ သက်ပြင်းချလိုက် သည်- “ကြီးပြင်းလာတဲ့ ပါရမီရှင်တွေ ကိုပဲ ပါရမီရှင် လို့ သတ်မှတ်တယ်။ မင်းတို့ ကျင်းယွမ် ဂိုဏ်း က ရှောင်ယီချိုင် အတွက်ကတော့ လမ်းတစ်ဝက်မှာ သေဆုံးသွားတာ ကဝမ်းနည်းစရာပဲ”
ဒါကို ကြားလိုက်ရတော့ လုရွှေချီနဲ့ တခြားသူများ အနည်းငယ် ထိတ်လန့်သွားသည်။
“အစ်ကိုကြီး ရှောင်ယီချိုင် သူ ဘာဖြစ်သွားတာလဲ”
ဖာရှန်း၏ အမူအရာ အနည်းငယ် လေးနက်နေ၏။
သူက ထျန်းယင် ဘုရားကျောင်း တပည့်တစ်ဦး ဖြစ်သော်လည်း သူ ရှောင်ယီချိုင် ရဲ့ နာမည်ကို ကြားဖူးသည်။ ထိုသူက ကျင်းယွမ် ဂိုဏ်း ရဲ့ နောက်လာမယ့် ဂိုဏ်းခေါင်းဆောင် ဖြစ်မယ်လို့ သူ ကြားဖူးသည်။
အဇူရာ နဂါး မှိန်ဖျော့စွာ ပြုံးလိုက်သည်- “ဘာဖြစ်ခဲ့တာလဲလား။ သေသွားတာပေါ့။နတ်ဆိုး ဂိုဏ်း ကို သူလျှိုအဖြစ် ဝင်ရောက်ဖို့ထိအတင့် ရဲတဲ့ လူတစ်ယောက်က တကယ်ပဲသေခြင်းတရားကို ရှာနေတာ ဟားဟားဟား”
“သေသွားတာ ဒါ မဖြစ်နိုင်ဘူး”
ဖားရှန်းနဲ့ တခြားသူများ ယုံကြည်ဖို့ ခက်ခဲနေသည်။
ရှောင်ယီချိုင် ရဲ့ ကျင့်ကြံမှုက ရှန်ကျင်းအဆင့် နဲ့ အရမ်း နီးစပ်နေပြီလို့ ပြောကြတယ်။ သူ ဘယ်လိုလုပ် အဲဒီလိုပဲ သေသွားနိုင်မှာလဲ?!
“ဟားဟား? မယုံဘူးလား?”
အဇူရာ နဂါး မှိန်ဖျော့စွာ ပြုံးလိုက်သည်- “ငါ မင်းတို့ကို သူ့ကို သွားတွေ့ခိုင်းရမလား?”
ဒါကို ကြားလိုက်ရတော့၊
လုရွှေချီနဲ့ တခြားသူများ၏ အမူအရာများ ချက်ချင်း တင်းမာသွားသည်။
“ရွှီး—“
သို့သော် ထိုအချိန်တွင် အသံတစ်ခု သူတို့၏ နောက်ကွယ်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဂျိချန်းဖန်ရဲ့လူတွေကိုဘယ်သူထိရဲလဲ ”
လူများကြည့်လိုက်သောအခါ
လူငယ် တစ်ဦး လုရွှယ်ချီ၏ နောက်မှာ ပေါ်လာသည်။ သူ၏ ပုံစံသည် ကျော့ရှင်း နေကာသူ့ထံမှ ဓား စိတ်ဆန္ဒ က မှိန်ဖျော့စွာ ထွက်ပေါ်နေကြာ ကြာကြာကြည့်လျှင် မျက်စိကို အပ်နှင့်ထိုးဖောက်သကဲ့သို့ နာကျင်ရစေ၏။