ကွေ့နျူနတ်သားရဲပေါ်ပေါက်လာခြင်း
Vol. 9 Ch. 86
"ဂျိ အစ်ကိုကြီး
သူ ပေါ်လာသည်နှင့် ဖာရှန်း နှင့် သူ၏ အဖွဲ့ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
သူတို့၏ မျက်နှာများပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။
"အင်း။" ဂျိချန်းဖန် အနည်းငယ် ခေါင်းညိတ်ကာ သူ၏ ဘေးနားက လုရွှယ်ချီ ကို လှည့်ကြည့်၍ ညင်သာစွာ မေးသည်- "ရွှယ်ချီ၊ အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်။"
နူးညံ့မှု အရိပ်အယောင်တစ်ခု လုရွှေချီ၏ မျက်လုံးများတွင် လင်းလက်သွားသည်။
ဂျိချန်းဖန် အနည်းငယ် ခေါင်းညိတ်လိုက်ကာ လက်တစ်ဖက်က သူ၏ ခါးက ဓားပေါ်မှာ တင်ထား၏။ထို့နောက် သူ အေးအေးဆေးဆေး လူအုပ်၏ ရှေ့ကို လျှောက်သွားလိုက်သည်။
"ဟမ့်—"
ဂျိချန်းဖန် နှာမှုတ်လိုက်သောအခါ စူးရှသော ဓား စိတ်ဆန္ဒတစ်ခုက ချက်ချင်း အပြင်သို့ ပျံ့နှံ့သွားသည်။
နတ်ဆိုး ဂိုဏ်း ၏ တပည့်များ ဓား စိတ်ဆန္ဒကြောင့် ချက်ချင်း နောက်သို့ ဆုတ်သွားရကာ သူတို့၏ မျက်လုံးများ ဂျိချန်းဖန်ကို ကြည့်ရင်း ထိတ်လန့်မှု အပြည့်ဖြင့် ဆက်လုပ်သင့်သလား ဒါမှမဟုတ် ဘာလုပ်ရမလဲ မသေချာ ဖြစ်နေကြသည်။
"ဆုတ်လိုက်။"
ဟူ၍ အဇူရာ နဂါးက ပြောလိုက်ကာ
သူ၏ က ဂျိချန်းဖန်ကို စိတ်ဝင်တစား ကြည့်နေ ကာပြောလိုက်သည်- "မင်းက ဂျိချန်းဖန်လား? မင်း တစ်ဦးတည်း သွေးစုပ် ဘိုးဘွား နတ်ဆိုး နဲ့ ပိုင်ကျူးကျီ တို့ကို သတ်ခဲ့တယ်လို့ ငါ ကြားတယ်။"
"ဟဲဟဲ~"
ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် မှိန်ဖျော့စွာ ပြုံးလိုက်သည်၊ သူ အဇူရာ နဂါး ရဲ့ လက်ထဲက ချီယွမ်ကျင်းကွမ်း လက်စွပ် ကို ကြည့်လိုက်ကာ သူက ပြောလိုက်သည်-
"ဘာလဲ? အဇူရာ နဂါး သခင် ကလည်း ဂျိချန်းဖန် ရဲ့ ဓားက ထက်လားဆိုတာ စမ်းသပ်ချင်တာလား?"
ဒီစကားတွေ ထွက်လာသည်နှင့် တစ်ပြိုင်နက်
အဇူရာ နဂါး ၏ မျက်လုံးများ ကျဉ်း မြောင်းသွားကာ
သူ မှိန်ဖျော့စွာ ပြုံးလိုက်သည်- "ဒီကမ္ဘာမှာ ငါ့ကို မှတ်မိနေတဲ့သူ ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။"
ဖားရှန်းနဲ့ တခြားသူများ အနည်းငယ် အံ့အားသင့်သွားသည်။
"အဇူရာ နဂါး? နတ်ဆိုး ဂိုဏ်း ရဲ့ ဒဏ္ဍာရီလာ မဟာ မြင့်မြတ်သော သံတမန် လေးပါး ရဲ့ ခေါင်းဆောင်လား?!"
တရားဖြောင့်မတ်သော ဂိုဏ်း တပည့် အများအပြား သူတို့၏ ရှေ့က အဇူရာ နဂါး ကို အနည်းငယ် ထိတ်လန့်တကြား ကြည့်လိုက်ကြသည်၊ သူတို့ အားလုံး ဂျိချန်းဖန်၏ နောက်မှာ ရပ်နေကြကာသူတို့၏ မှော်ပစ္စည်းများ ကို ထုတ်လိုက်ကြကာ ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်ဖို့ စီစဉ်နေကြသည်။
"ဝှစ်—"
ဂျိချန်းဖန်၏ လက်ချောင်း အနည်းငယ် လှုပ်ရှားလာကာ သူ၏ ခါးက အမှောင်ဆီးနှင်းဓားက လက်မဝက်ခန့် ဓားအိမ်ကနေ ထွက်လာသည်။
ချက်ချင်းဆိုသလို အေးစက်သော အလင်းတစ်ချက် ထွက်ပေါ်လာကာ တောက်ပသော ဓားအလင်း တစ်ချက်လင်းလက်ပြီး ပျောက်ကွယ်သွားသည်။
"ဒုန်း!"
အဇူရာ နဂါး ရဲ့ လက်ထဲက ချီယွမ် ကျင်းကွမ်း လက်စွပ် ဟာ အလင်းစိမ်းနုရောင်အလင်းကို ထုတ်လွှတ်ကာ ဒီ ဓား စိတ်ဆန္ဒ ကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။
ပထမဆုံး ရင်ဆိုင်မှုတွင်ပင်
သူတို့ နှစ်ဦး တစ်ဦးကို တစ်ဦး၏ အစွမ်းအစ အမှန်ကို စမ်းသပ်ခဲ့ကြသည်။ထို့နောက်
အဇူရာ နဂါး ဂျိချန်းဖန်ကို စူးစူးစိုက်စိုက် ကြည့်သည်၊ ထို့နောက် လှည့်ပြီး ထွက်သွားသည်။
"သွားကြစို့။"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်
ပတ်ဝန်းကျင်က နတ်ဆိုး ဂိုဏ်း တပည့်များလည်း တစ်ယောက်ပြီး တစ်ယောက် ဆုတ်ခွာသွားကြသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဖာရှန်းနဲ့ တခြားသူများ သက်ပြင်းချလိုက်သည်။
"ဂျိ အစ်ကိုကြီး..." လုရွှယ်ချီ အနည်းငယ် မျက်မှောင်ကြုတ်သည်။
ဂျိချန်းဖန်၏ မျက်လုံးများ အနည်းငယ် လေးနက်နေသည်၊ သူ ပြန်လှည့်ပြီး မှာကြားသည်- "ရွှယ်ချီ၊ ဒီလူရဲ့ ကျင့်ကြံမှုက အလွန် နက်ရှိုင်း နေပြီ၊ သူ ရှန်ကျင်း ထိပ်ဆုံး အဆင့်ကို ရောက်နေပြီလို့ ငါ ထင်တယ်။ မင်း နောက်တစ်ကြိမ် သူ့ကို တွေ့ရင် မတွန့်ဆုတ်နဲ့၊ မင်းရဲ့ ဓားနဲ့ ပျံထွက်သွားလိုက်"
ရိုးရိုးသားသား ပြောရလျှင်
လက်ရှိ ဂျိချန်းဖန်ပင်လျှင် အဇူးရ် နဂါး ရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်မည်။
အဇူရာနဂါးက ဘာလို့ သူတို့ကို လွှတ်ပေးဖို့ ရွေးချယ်ခဲ့တာလဲ? ဂျိချန်းဖန်က ပိယောင်ကြောင့် ဖြစ်နိုင်တယ်လို့ ထင်ခဲ့သည်။
"အင်း။" လုရွှယ်ချီ ခေါင်းည်လိုက်၏။
ဖားရှန်းနဲ့ တခြားသူများ လည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
"ဂျိ အစ်ကိုကြီး၊ အဲဒီ အဇူရာ နဂါး က တုန်းထျန်း တောင်ထွတ် က ရှောင်ယီချိုင် အစ်ကိုကြီး သေပြီလို့ပြောသွားတယ်။"
ဖားရှန်း တုံ့ဆိုင်းစွာ ပြောလိုက်သည်။
ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် တိတ်ဆိတ်စွာ
သူ သူ၏ လက်ကို မြှောက်ပြီး သူ၏ ခါးက မြင့်မြတ်သော ဓား ကို ချွတ်လိုက်သည်- "ဒါက ငါ ခုလေးတင် နတ်ဆိုး ဂိုဏ်းဝင်တစ်ယောက်ဆီက ယူခဲ့တာ။"
လူတိုင်း ကြည့်လိုက်ကြသောအခါ
သူတို့ ကြယ်ခုနစ်လုံး အလင်းနဲ့ တောက်ပနေသောနတ် ဓား တစ်ချောင်း သူတို့၏ မျက်လုံးများ ရှေ့မှာ ပေါ်လာသည်ကို မြင်လိုက်ရသည်။
ဖာရှန်း အကြီးအကျယ် ထိတ်လန့်သွားသည်- "ကြယ်ခုနစ်လုံး ဓား လား"
လုရွှယ်ချီ၏ မျက်လုံးများလည်း သံသယ အရိပ်အယောင်များ ပေါ်လာသည်။
...
...
လမ်းမှန် ဂိုဏ်းများ၏ ပင်မရုံးချုပ်။
ကျင်းယွမ် ဂိုဏ်း ရဲ့ ခေါင်းဆောင်အကြအကဲ သုံးဦး စုရုံးနေကြသည်။
ဒီအချိန်မှာ သူတို့၏ မျက်နှာများ အားလုံး အနည်းငယ် လေးနက်နေသည်၊
"ခုလေးတင် နတ်ဆိုး ဂိုဏ်း ဘက်က သတင်းတစ်ခု ရောက်လာတယ်၊ ရှောင်ယီချိုင် မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့တယ်လို့ ပြောတယ်။"
ကျန့်ပူယီ၏ မျက်နှာ အနည်းငယ် လေးလံနေကာ
သူက ထပ်ပြောလိုက်သည်- "လမ်းမှန် ဂိုဏ်း တပည့် အများအပြား ကလည်းအကြောင်းကို ကြားခဲ့ကြပြီ။"
ချန်စုန် သည်အနည်းငယ် စဉ်းစားကာ ပြောသည်- "ကျန့်ပူရီ၊ ဒါ နတ်ဆိုး ဂိုဏ်း က တမင်တကာ ဖြန့်တဲ့ သတင်း ဖြစ်နိုင်မလား?"
"မဖြစ်နိုင်ပါဘူး။" ကျန့်ပူယီ ညင်သာစွာ သက်ပြင်းချကာပြောလိုက်သည်-
"တူလေးရှောင်က ရဲ့ နတ်ဆိုး ဂိုဏ်း မှာသူလျှိုလုပ်ေနခဲ့တာ။ နတ်ဆိုး ဂိုဏ်း က ဒီအကြောင်းကို သိနေတဲ့အတွက်သူ အသက်ရှင်နေသေးရင်တောင် သူ့ရဲ့ အခြေအနေက သိပ်မကောင်းနိုင်ဘူး..."
ဒီစကားတွေ ထွက်လာသည်နှင့် တစ်ပြိုင်နက်
စူးရူ၏ မျက်နှာ ချက်ချင်း တင်းမာသွားသည်။
ချန်စုန့်က ညင်သာစွာ သက်ပြင်းချ၍ သူ တစ်ခုခုထပ် ပြောတော့မယ့် အချိန်တွင်
ဝမ်မင် ရဲ့ ညင်သာသော အသံ ရုတ်တရက် အပြင်ဘက်ကနေ ထွက်ပေါ်လာသည်။
" မောင်လေးဂျိ နဲ့ တခြားသူများ ပြန်ရောက်လာကြပါပြီ။"
"သူ့ကို အမြန် ဝင်ခိုင်းလိုက်!" ချန်စုန့် ၏ မျက်နှာ ပျော်ရွှင်မှုနဲ့ လင်းလက်သွားသည်။
ကျန့်ပူယီ “ ...”
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်
အဖြူရောင် ဝတ်စုံ ဝတ်ထားသော ပုံရိပ်တစ်ခု ဝင်လာကာ
လုရွှယ်ချီ သူ၏ နောက်က လိုက်လာသည်၊ သူတို့ သုံးဦးကိုဂါဝရပြုလိုက်သည်။
"ဂါရဝပြုပါတယ်၊ ဆရာ၊ ဆရာကတော်၊ ဦးလေး ချန်ဆုန်။"
"ဂါရဝပြုပါတယ်၊ အကြီးအကဲ သုံးယောက်။" လုရွှေချီ ညင်သာစွာ ပြောလိုက်သည်။
ထိုသို့ ပြောပြီးသည်နှင့် ဘာမှ ပြောဖို့ မစောင့်ဘဲ ဂျိချန်းဖန် ပထမဆုံး သူ၏ ခါးက ဓား ကို ယူကာ စားပွဲပေါ်မှာ တိတ်ဆိတ်စွာ တင်လိုက်သည်။
"ဒါက..."
ကျန့်ပူယီနှင့် တခြား နှစ်ဦး အနည်းငယ် ထိတ်လန့်သွားသည်။ ဂျိချန်းဖန် ညင်သာစွာ သက်ပြင်းချကာ ပြောလိုက်သည်- "ဒါက ကျွန်တော် ခုလေးတင် နတ်ဆိုး ဂိုဏ်း ဝင်တစ်ယောက်ဆီက ယူခဲ့တာ။"
ဒါကို ကြားလိုက်ရတော့ ထျန်းပုရီနဲ့ တခြား နှစ်ဦး၏ အမူအရာများ မည်းမှောင်သွားသည်။
ချန်စုန့်က လက်လှမ်းပြီး ဓား ကို ကောက်ယူကာ ဓားအိမ်ကနေ ထုတ်လိုက်သည်၊ထိုအခါ ဓားထဲမှ တောက်ပနေသော ကြယ်ခုနစ်လုံး ကထွက် ပေါ်လာသည်။
ဒါကို မြင်လိုက်ရတော့ သုံးဦးစလုံး ချက်ချင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။
"ကြယ်ခုနစ်လုံး ဓား လား"
ကျန့်ပူရီနဲ့ တခြား နှစ်ဦး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ကြယ်ခုနစ်လုံး ဓား တောင်မှ နတ်ဆိုး ဂိုဏ်း မကောင်းဆိုးဝါးများရဲ့ လက်ထဲကို ကျရောက်သွားပြီဆိုတော့...
ရှောင်ယီချိုင် တကယ်ပဲ မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့ပုံရသည်။
ချန်စုန့်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်သို့သော် သူ ချက်ချင်း တစ်ခုခုကို စဉ်းစားမိက ကြယ်ခုနစ်လုံး ဓား ကို ကောက်ယူပြီး ဂျိချန်းဖန်ကို ပေးလိုက်ရင်ေပြာလိုက်သည်-
"ချန်းဖန် တပည့်လေး၊ မင်း ဒီ ကြယ်ခုနစ်လုံး ဓား ကို ခဏ ယူထားလိုက်ပါ။ ငါတို့ ကျင်းယွမ် ဂိုဏ်း ကို ပြန်ရောက်တဲ့အခါ ဂိုဏ်းခေါင်းဆောင် ကို ပေးပြီး ဆုံးဖြတ်ခိုင်းလို့ ရတယ်။"
ဒါကို ကြားလိုက်ရတော့ ကျန့်ပူယီနှင့် သူ၏ ဇနီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်၊ သူတို့ နှစ်ဦးစလုံး မျက်မှောင်ကြုတ်နေကြကာ ခဏတာ တုံ့ဆိုင်းပြီး နောက်ဆုံးတော့ ဘာမှ မပြောကြပေ။
"ဟုတ်ကဲ့။" ဂျိချန်းဖန် ခေါင်းညိတ်ကာ ကြယ်ခုနစ်လုံး ဓား ကို ယူလိုက်သည်။(ခုနစ်ကြယ်စင်ဓားကို ဖတ်ရချောမွေ့စေရန် ကြယ်ခုနစ်လုံးဓားဟု ပြောင်းလဲသုံးစွဲထားပါသည်)
ရိုးရိုးသားသား ပြောရရင်။
သူလည်း ရှောင်ယီချိုင်၏ သေဆုံးမှုကြောင့် အံ့အားသင့်သွားသည်၊ သို့သော် ဒီအရာအားလုံးက ရှောင်လွှဲလို့ မရပါဘူး၊ ဒီလို ဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပါချေ။
ချန်စုန့် ညင်သာစွာ သက်ပြင်းချကာ သူ ပြောလိုက်သည်- "ရှောင် တပည့်လေး အသက်ရှင်နေသေးလားဆိုတာ ကြည့်ဖို့ တပည့်တွေကို ဆက်ပြီး စုံစမ်းခိုင်းထားပါ။"
ကျန့်ပူယီနှင့် သူ၏ ဇနီးတို့က ခေါင်းညိတ်လိုက်သည်။
အခု သူတို့မှာ တခြား ရွေးချယ်စရာ မရှိပါ ချေ၊ သတင်းအချက်အလက် အချို့ကို စုဆောင်းဖို့ အကောင်းဆုံး ကြိုးစားဖို့ပဲ ရှိသည်။
သို့သော် ရိုးရိုးသားသား ပြောရလျှင်
ကြယ်ခုနစ်လုံး ဓား တောင်မှ ပျောက်ဆုံးသွားခဲ့ပြီဖြစ်၏။
ရှောင်ယီချိုင် ရဲ့ ကံကြမ္မာ အဆုံးအဖြတ် ပေးပြီးသား ဖြစ်ပုံရသည်။
"ဒုန်းဒုန်း—"
ရုတ်တရက် ထိုအချိန်တွင်
နားကွဲမတတ် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
ထိုအရာက တောင်တန်းတစ်ခု ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သည်၊ လှိမ့်နေသော ကျောက်တုံးများရဲ့ အသံ ပတ်ပတ်လည်ကနေ ထွက်ပေါ်လာ၏။
"မူးး—"
နောက်တစ်ခဏတွင် ထူးဆန်သော သတ္တဝါတစ်ကောင်၏အသံကထွက်ပေါ်လာခဲ့သည်။
“ဝုန်း ဂျိမ်းဂျိမ်း”
ချက်ချင်းဆိုသလို လေများ တိုက်ခတ်လာပြီး မိုးချုန်းသံများ လှိမ့်လာလေသည်။
နတ်သားရဲ ကွေ့နျူ ပေါ်လာခဲ့ပြီ ဖြစ်၏။
...
...