← Chapters

ဖူလုံ မီးဖို

Vol. 9 Ch. 87

ဖူလုံ မီးဖို

Vol. 9 Ch. 87

"မူးး- "

‌‌ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသော အော်ဟစ်သံတစ်ခု လီပေါ် တောင် တစ်ခွင် ပဲ့တင်ထပ်သွားသည်။

ထို့နောက်ချက်ချင်းဆိုသလို ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲသွားကာ တိမ်နက်များက စုဝေးလာကာ လေပြင်းများ ကအရှေ့ပင်လယ် ကို ဖြတ်၍ တိုက်ခတ်သွာသည်၊ လျှပ်စီးများ လက်ပြီး မိုးချုန်းသံများ ပေါ်လာကာ ပင်လယ်ရေမျက်နှာပြင်မှ လှိုင်းလုံးကြီးများ ထလာ၏။

မိုးတိမ်နက်များက လီပေါ် တောင် ပတ်ဝန်းကျင်ကို လုံးဝ မှောင်မိုက်သွားစေကာ အေးစက်သော အလင်းနဲ့ လျှပ်စီးကြောင်းများသာ လက်နေသည်။

"ဒုန်းဒုန်း"

တစ်ချိန်တည်းမှာပင် တောင်တန်းကြီး တုန်ခါသွားကာ

လီပေါ် တောင် တစ်ခုလုံးဟာ နဂါး တစ်ကောင် က လှုပ်ခတ်လိုက်သကဲ့သို့ ဖြစ်နေသည်။

ပတ်ဝန်းကျင်က တပည့်များ အားလုံး ချက်ချင်း ထိတ်လန့်သွားသည်၊ သူတို့၏ မှော်ပစ္စည်းများ ကို ထုတ်ကာပြင်ဆင်လိုက်ကြသည်။

"ဘာတွေ ဖြစ်နေတာလဲ?"

"ငလျင်များလား “

"ဒါဟာ နတ်ဆိုး ဂိုဏ်းက လူတွေ လုပ်တာလည်းဖြစ်နိုင်တယ် “

လူတိုင်း ဆွေးနွေးလိုက်ကြသည်။

ထိုအချိန်တွင်။

ဓားအလင်းတန်းများစွာ လျှပ်တပြက် လင်းသွားသည်။

ဂျိချန်းဖန်၊တခြားသူများ သူတို့၏ ချက်ချင်း ကောင်းကင်ယံကို ပျံတက်သွားကြသည်။

သူတို့၏ အမူအရာများ လေးနက်နေကာ သူတို့၏ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။

"ဘာတွေ ဖြစ်နေတာလဲ? ခုနက လှုပ်ရှားမှုက ဘာလဲ?!"

ချန်စုန့်၏ လေသံ အနည်းငယ် ဝေခွဲမရဖြစ်နေသည်။

ကျန့်ပူယီနှင့် သူ၏ ဇနီး ကလည်း အချင်းချင်း ကြည့်လိုက်ကြသည်။

ဂျိချန်းဖန်၏ အကြည့်က တောင်တန်းရဲ့ အတွင်းပိုင်းဆီ ဖြည်းဖြည်းချင်း လှည့်သွားကာ ပြောလိုက်သည်- "အရှေ့ပင်လယ် ရဲ့ လီပေါ် တောင် မှာ မြင့်မြတ်သော သားရဲ ကွေ့နျူ အိပ်စက်နေတယ်လို့ ဒဏ္ဍာရီတွေက ပြောထားပါတယ်။"

"ဒုန်းဒုန်း!"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်

တောင်တန်းကြီး တစ်ဖန် တုန်ခါသွားကာ

ကြည့်လိုက်သောအခါ လီပေါ် တောင် ရဲ့ အတွင်းပိုင်းက တောင်ငယ်လေးတစ်ခု ရုတ်တရက် ကောင်းကင်ယံကို တက်သွားသည်ကို မြင်လိုက်ရသည်။

မဟုတ်ပါချေ။ထိုအရာက တောင်ငယ်လေး တစ်ခုမဟုတ်နိုင်ပါ။

ဒါက ရှင်းရှင်းလင်းလင်း ကိုမြင်နေရပါသည် သူ၏ ခေါင်းကမျောက်၊ ကိုယ်လုံးက ရက်ကွန်းခွေး ၊ ခြေလက်များက ကျား၏ခြေလက်များ ၊ သေချာပါသည် နတ်သားရဲတစ်ကောင်ပင်။

"မြင့်မြတ်သော သားရဲ ကွေ့နျူ၊ ပေါ်လာပြီ"

ပတ်ဝန်းကျင်က လမ်းမှန် ဂိုဏ်း တပည့်များ အားလုံး သူတို့၏ ရှေ့က ဧရာမ သားရဲကို ထိတ်လန့်တကြား ကြည့်လိုက်ကြ သည်၊ ဒါဟာ သူတို့ ပထမဆုံးအကြိမ် ဒဏ္ဍာရီလာ မြင့်မြတ်သော သားရဲ ကို မြင်ဖူးခြင်း ဖြစ်သည်။

"ဝှစ် ဝှစ် ဝှစ်"

ထိုအချိန်တွင်။

ပုံရိပ်များ ရုတ်တရက် သစ်တောကနေ ထွက်လာကြသည်။

သူတို့ သည် နတ်ဆိုး ဂိုဏ်း က လူတွေမှလွဲ၍ တခြား ဘယ်သူတွေ ဖြစ်နိုင်ဦးမည်နည်း။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့လမ်းမှန် ဂိုဏ်း က လူများ အကြီးအကျယ် ထိတ်လန့်သွားသည်။

သူတို့ သူတို့၏ မှော်ပစ္စည်းများ ကို ပြင်ဆင်လိုက်ကြကာ ရန်သူကို ရင်ဆိုင်ဖို့ စောင့်နေလိုက်ကြသည်။

ဒါပေမယ့် ဒီ နတ်ဆိုး ဂိုဏ်း တပည့် အဖွဲ့ဟာ သူတို့ကို လုံးဝ လျစ်လျူရှုပြီး ကွေ့နျူ ဆီကို ကိုယ့်ဘာသာ အလျင်စလို သွားကြလိမ့်မယ်လို့ မည်သူကထင်ခဲ့မည်နည်း။

"ဖျော—"

နတ်ဆိုးဂိုဏ်းမှ တပည့်များသည် နိုးထလာသော နတ်သားရဲကိုချက်ချင်းချည်နှောင်ကြသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ

ဗုဒ္ဓဘာသာ ဂိုဏ်းက မဟာဗလ မထေရ်က ပြောလိုက်သည်- "နတ်ဆိုး ဂိုဏ်း ရဲ့ ပစ်မှတ်က မြင့်မြတ်သော သားရဲ ကွေ့နျူ ပဲ အမြန်၊ သူတို့ကို တားဆီးကြ!"

ဒါကို ကြားလိုက်ရတော့

ပတ်ဝန်းကျင်က လမ်းမှန် ဂိုဏ်း တပည့်များ ချက်ချင်း တုံ့ပြန်သည်။

နတ်ဆိုး ဂိုဏ်း က ကွေ့နျူ ကို ဖမ်းယူရခြင်းရဲ့ ရည်ရွယ်ချက် ဘာပဲ ဖြစ်နေပါစေ သူတို့ အနှောင့်အယှက် ပေးရလိမ့်မည်ဖြစ်၏။

"ဝုန်း ရွှီး—"

မှော်ပစ္စည်းများ စွာ ကောင်းကင်ယံကို တက်သွားကာ နတ်ဆိုး ဂိုဏ်း က လူများဆီ အလျင်စလို တိုက်ခိုက်လိုက်ကြသည်။

ဒါပေမယ့် ထိုအချိန်တွင်

ပုံရိပ်များစွာ လျှပ်တပြက်ပေါ်ပေါက်လာသည်။

သရဲဘုရင် ဂိုဏ်း ရဲ့ မဟာ မြင့်မြတ်သော သံတမန် လေးပါး ရုတ်တရက် မလှမ်းမကမ်းမှာ ပေါ်လာသည်။

အဇူရာ နဂါး ကျားဖြူ ၊ ဗာမီလီယံ၊ လိပ်မည်း တို့ပင်ဖြစ်၏။

ဒီတစ်ကြိမ် သရဲဘုရင် ဂိုဏ်း ဟာ စစ်အင်အား အပြည့်နဲ့ နီးပါး ထွက်လာခြင်းဖြစ်၏။

တခြား နည်းလမ်း မရှိပါ၊ အကူအညီ ပေးဖို့ လာခဲ့တဲ့ အဆိပ် တစ်သောင်း ဂိုဏ်း က အကြီးအကဲ များကို ဂျိချန်းဖန် က သတ်ပစ်ခဲ့သည်၊ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူ တုန်းမူ ဘိုးအို က မူလက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။

သရဲဘုရင် ဂိုဏ်း ဟာ စစ်အင်အား အပြည့်နဲ့ ထွက်လာဖို့ ရွေးချယ်စရာ မရှိတော့ပေ။

"မင်းတို့က..."

သူတို့၏ ရှေ့မှာ ရုတ်တရက် ပေါ်လာသော လူလေးယောက်ကို ကြည့်ရင်း ကျန့်ပူယီနှင့် သူ၏ အဖွဲ့သားများ စိတ်မလှုပ်ဘဲ မနေနိုင်ပေ။

သူတို့၏ ရှေ့က ဒီလူလေးယောက်စလုံးဟာ ရှန်ကျင်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်!

ပြီးတော့ ခေါင်းဆောင်၏ အရှိန်အဝါအရဆိုချင် သူက ရှန်ကျင်း အထွတ်ထိပ်အဆင့်ဖြစ်လိမ့်မည်။

မာဟာ ဗလ မထေရ်က ချီကျင်း ကျန်းယွမ်လက်စွပ်ကိုကြည့်ကာ အော်ဟစ်လိုက်သည်။

"မင်းက နတ်ဆိုး ဂိုဏ်း ရဲ့ မဟာ မြင့်မြတ်သော သံတမန် လေးပါး ထဲက အဇူရာ နဂါး လား!?"

ဒါကို ကြားလိုက်ရတော့ ပတ်ဝန်းကျင်ကလူများ ချက်ချင်း ထိတ်လန့်သွားသည်။

နှစ်ပေါင်း သုံးရာ အကြာက လမ်းမှန် ဂိုဏ်း နဲ့ နတ်ဆိုး ဂိုဏ်း စစ်ပွဲအတွင်းမှာ အဇူရာ နဂါး က ကျင်းယွမ် ဂိုဏ်းခေါင်းဆောင်ကျိုးယု ကိုတားဆီးကာ ပြင်းထန်စွာ ဒဏ်ရာရထားသော နတ်ဆိုး ဂိုဏ်း ဂိုဏ်းခေါင်းဆောင် ချီယို ဝမ်ယွီ ကို ကယ်တင်ခဲ့ဖူးသည်။

ဒါကို ကြားလိုက်ရတော့ အဇူရာ နဂါး ပြုံးလိုက်သည်။

သူ၏ အကြည့် က ဂျိချန်းဖန် အပေါ်သို့ ခဏရောက်သွားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်- "ဒီကမ္ဘာမှာ ငါ့ကို မှတ်မိနေတဲ့သူ ဒီလောက်များလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။"

ကျန့်ပူယီနှင့် ချန်စုန့်တို့ မျက်နှာ မည်းမှောင်သွားကြသည်။

ကံကောင်းစွာနဲ့ သူတို့ဘက်မှာ လူ ပိုများသည်။

သူတို့ ရှန်ချင် ထိပ်ဆုံး ကျွမ်းကျင်သူဖြစ်တဲ့ အဇူရာ နဂါး ကို ကောင်းကောင်း ထိန်းထားနိုင်ခဲ့သည်။

"ဝှမ်း—"

သူတို့ ပတ်ပတ်လည်မှာ နတ်ဆိုး ဂိုဏ်း ကျင့်ကြံသူများစွာက တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။ တချို့က သရဲဘုရင် ဂိုဏ်း တပည့်များ ဖြစ်ကြသည်၊ တချို့က တခြားဂိုဏ်းများမှ ဖြစ်ကြသည်။

ဒီတစ်ကြိမ် သူတို့ လီပေါ် တောင် ကို တစ်ခုခု ရဖို့ မျှော်လင့်ချက်နဲ့ လာခဲ့ကြသည်၊ ဒါပေမယ့် သူတို့ကို သရဲဘုရင် ဂိုဏ်း က အမြောက်စာ အဖြစ် အသုံးချသွားလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။

သစ်‌ တောတစ်နေရာတွင် သရဲဘုရင် ဝမ်ရိန်ဝမ်၏ လက်ထဲမှာ လေးချောင်းထောက် နဲ့ လက်ကိုင်နှစ်ဖက် ပါသော မီးဖိုအသေးစားတစ်ခု ပျံဝဲနေသည်၊ ၎င်း ၏ အပြင်ဘက်မှာ မြင့်မြတ်သော သားရဲ အမျိုးမျိုး ထွင်းထုထားကာ ၎င်းက မီးခိုးရောင်-အပြာရောင် ရှိသည်၊ ရှေးဟောင်းပြီး ထူးခြားသော ဩရတ် ကို ထုတ်လွှတ်သည်။

“ ဖူလုံ မီးဖို “

"မိုး—"

မြင့်မြတ်သော သားရဲ ကွေ့နျူ ဟာ ဒေါသတကြီး အော်ဟစ်သံကို ထုတ်လွှတ်လိုက်သည်။

သူက ခုမှ နိုးလာတာ၍ ရုတ်တရက် အစီအရင် ထဲမှာ ချက်ချင်း ပိတ်မိသွားသည် ထို့ကြောင့်အလွန်မကျေမနပ်ဖြစ်နေသည်။

ဖူလုံ မီးဖို ဟာ မှိန်ဖျော့သော သွေးရောင် ချီ ကို ထုတ်လွှတ်လိုက်၏။

ဝမ်ရိန်ဝမ် သူ၏ ရှေ့က မြင့်မြတ်သော သားရဲ ကို စွဲလမ်းသော မျက်လုံးများနဲ့ ကြည့်သည်၊ သူ၏ ကြီးမားသော အစီအစဉ်ဟာ လေးပုံတစ်ပုံ အောင်မြင်တော့မည်။

ထိုအခါ ကျန့်ပူယီ ၊ ချန်စုန့် ၊ မဟာဗလမထေရ် နှင့်တခြားသူများ လည်း အဇူရာနဂါး၊ကျားဖူ၊လိပ်နက် တို့ကိုတိုက်ခိုက်လိုက်ကြသည်။ဂျိချန်းဖန်ကမူ ဗာမီလီယံငှက်နှင့်သာ တိုက်ခိုက်လိုက်၏။

တိုက်ခိုက်နေရင်းပင် ဂျိချန်းဖန်က

“မိန်းကလေး ဗာမီလီယံငှက်က ဒီစွမ်းအားလောက်ပဲရှိတာလား “

ထိုစကားကိုကြားလိုက်ရတော့ ယိုဂျီစိတ်အနှောက်အယှက် ဖြစ်သွားသည်။သို့သော် သူမ မည်သို့မျှမပြောနိုင်ပေ။ ဂျိချန်းဖန်သာ အလျှော့မပေးလျှင် သူမ သူ၏ဓား တစ်ချက်ပင်ခံနိုင်မည်မဟုတ်ချေ။

All Chapters