လုရွှေချီကပြောလိုက်တယ် “မကြောက်ပါနဲ့ ရှင်နဲ့အတူ ကျွန်မရှိနေပေးပါမယ်”
Vol. 9 Ch. 90
"တိတိကျကျ ဘာတွေ ဖြစ်နေတာလဲ”
"မင်းတို့ လုပ်ခဲ့တာလား ပြောစမ်း ပြောစမ်း"
လင်ကျင်းယွီသူ၏ ခွန်အား အားလုံးနဲ့ ရုန်းကန်နေသည်။
သူ၏ မျက်လုံးများ ကသွေးကဲ့သို့နီရဲနေကာ မလှမ်းမကမ်းက ဖာရှန်း ကို စူးစိုက်ကြည့်နေသည်၊ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်က သူ၏ အကြည့်တွင်ပေါ်ပေါက်နေ၏။
"လင် ညီလေး စိတ်လျှော့!"
"ဟုတ်တယ် လင် ညီလေး အရင်ဆုံး စိတ်လျှော့ပါ..."
ပတ်ဝန်းကျင်က စီနီယာအစ်ကိုကြီးများ နဲ့ ညီလေးများ က သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားသည်။
"ဟူး..."
ချန်စူန့်က ညင်သာစွာ သက်ပြင်းချလိုက်သည်။
သူက သူ၏ ငယ်ရွယ်သော တပည့်ကို သနားသော အကြည့်နဲ့ ကြည့်လိုက်သည်၊ သူ၏ နှလုံးသားထဲမှာ ဘာပြောရမှန်း မသိပေ။
သူ့ကို ဒေါသပေါက်ကွဲပါစေ။
ချန်စုန့် ညင်သာစွာ ခေါင်းခါလိုက်၏။
"ချန်စုန့်၊ ဘာတွေ ဖြစ်နေတာလဲ?" ကျန့်ပူယီ၏ မျက်နှာ အနည်းငယ် မည်းမှောင်နေသည်။
သူ ဖြစ်နိုင်ခြေ တစ်ခုကို ဝိုးတဝါး ခန့်မှန်းမိသည်။
သို့သော် သူ မသေချာနိုင်ပေ။
ဘာပဲဖြစ်ဖြစ်၊ အဲဒါ ထျန်းယင် ဘုရားကျောင်း
လမ်းမှန် ဂိုဏ်း များ ရဲ့ အဓိက ဂိုဏ်းကြီး သုံးခုထဲက တစ်ခု။
သူတို့ တကယ်ပဲ ဒီလို ဆိုးရွားတဲ့ မကောင်းမှုမျိုးကို လုပ်နိုင်ပါ့မလား?
စူးရူကသူမ ရှေ့က ပုံရိပ် နှစ်ခုကို နှလုံးသား နာကျင်စွာ ကြည့်သည်၊ သူမ ဂျိချန်းဖန်၏ လျစ်လျူရှုမှုကို မြင်ရသည်၊ သူမ ကျန်းရှောင်ဖန် ၏ အံ့အားသင့်မှုကို မြင်ရသည်...
ချန်စုန့် ခေါင်းခါပြီး ပြောလိုက်သည်- "နောက်မှ ပြောကြစို့။"
အတွင်းရေး အချက်အလက် အားလုံးကို သူ သိသည်သို့သော် ဒီအချိန်မှာ ပတ်ဝန်းကျင်မှာ လူ အရမ်းများသည်။
သူ စကားပြောဖို့ စိတ်မပါပေ။
ဘာပဲဖြစ်ဖြစ်...
သူကပဲ အဲဒီတုန်းက ပူကျီ ကို ဒဏ်ရာရစေခဲ့တာပါထိုအတွေးနှင့်
ချန်စုန့် တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်သည်။
'နောက်ထပ် ခဏလေးပဲ သည်းခံလိုက်ပါ။ ဒီကာလပြီးရင် ငါ လွတ်လပ်ပြီး ငါ့ရဲ့ အပြစ်တွေကို ပြေပျောက်စေနိုင်ပြီ!'
'ဝမ် အစ်ကို ၊ ကျွန်တော် ခင်ဗျားဆီ လာခဲ့တော့မယ်!'
ချန်ဆုန် သူ၏ နှလုံးသားထဲမှာ တွေးသည်။
အကြောင်းတစ်ခုခုကြောင့် သူ၏ ကျင့်ကြံမှုကို ဖျက်ဆီးတော့မယ်ဆိုပေမယ့် သူ လုံးဝ မကျေမနပ် မရှိပေ...
"ဖာရှန်း အစ်ကိုကြီး"
ကျန်းရှောင်ဖန် ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်၊ သူ၏ နှလုံးသားထဲမှာ ဖြစ်နိုင်ခြေ တစ်ခုကို ဝိုးတဝါး ခန့်မှန်းမိသည်၊ အနည်းငယ် အသံအက်ကွဲစွာ ပြောလိုက်သည်-
"ပြောပါ..."
"အမှန်တရားက ဒီလို မဟုတ်ဘူး၊ အမှန်တရားက ဒီလို မဟုတ်ဘူး၊ ဟုတ်တယ်မလား?"
သူ၏ မျက်လုံးများ အနည်းငယ်နီရဲနေသည်။ သူက ဖာရှန်းကို စူးစိုက်ကြည့်နေကာ သူ၏ လက်ထဲက ဝိဉာဏ်ဝါးမြိုတောင်ဝှေးကအလင်းဖြင့်တောက်ပလာ၏။
"ဗုဒ္ဓဘုရား"
ဖားရှန်း အနည်းငယ် တုန်ယင်သွားသည်၊ ကျန်းရှောင်ဖန်၏ 'အစ်ကိုကြီး' လို့ ခေါ်လိုက်ခြင်းက သူ့ကို တကယ်ပဲ မခံမရပ်နိုင် ဖြစ်စေသည်။
ဘာကြောင့်လဲဆိုတော့...
သူက တကယ်ပဲ ကျန်းရှောင်ဖန်ရဲ့ အစ်ကိုကြီး ဖြစ်သည်
ဖာရှန်း တိတ်ဆိတ်စွာ ခေါင်းငုံ့ကာစကားတစ်ခွန်းမှ မပြောပေ။
တစ်ခါတစ်ရံ တိတ်ဆိတ်ခြင်းက အဖြေဖြစ်သည်။
ဒီအချိန်မှာ ပတ်ဝန်းကျင်က လူများ၏ အမူအရာများ ကွဲပြားသွားသည်။အရင်က ကျန်းရှောင်ဖန်ကို စွပ်စွဲခဲ့ကြသော ဗုဒ္ဓဘာသာ တပည့်များပင်လျှင် သူတို့၏ ပါးစပ်များကို ပိတ်ထားကြသည်။
ရှင်းရှင်းလင်းလင်း...
ဒီကိစ္စက မရိုးရှင်းပေ။
"ပြော! ငါ့ကို အမှန်တရား ပြောပြ!"
ကျန်းရှောင်ဖန် အော်ဟစ်လိုက်ကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ် တစ်ခုက သူ့ဆီကနေ အဆက်မပြတ် ထွက်ပေါ်လာသည်။
"ဖောက်—"
ထိုအချိန်တွင်
ဂျိချန်းဖန် ဖြည်းဖြည်းချင်း သူ၏ လက်ကို မြှောက်ကာ ကျန်းရှောင်ဖန်၏ နဖူးကို ညင်သာစွာ ထိလိုက်သည်။
ရေခဲ နှလုံးသားဆုဒြာ ၏ မှော်စွမ်းအားက ကျန်းရှောင်ဖန်၏ ခန္ဓာကိုယ်အတွင်းက မကျေနပ်မှုကို သန့်စင် စေကာ သူ၏ မငြိမ်မသက်သော နှလုံးသားကို ချက်ချင်း ငြိမ်သက်သွားစေသည်။
"ရှောင်ဖန်၊ အရင် အိပ်လိုက်ပါ။"
ဂျိချန်းဖန် ညင်သာစွာ ပြောလိုက်၏။
ထို့နောက် သူ လက်ညှိုးထိုးပြီး ကျန်းရှောင်ဖန်ကို သတိလစ်သွားစေသည်ထို့နောက် သူ၏ ခန္ဓာကိုယ်ကို ဆွဲကိုင်ပြီး စုန့်ဒါရန် ဆီ ပေးလိုက်သည်။
စုန့်ဒါရန်က သတိလစ်နေသော ကျန်းရှောင်ဖန်ကို အမြန် ဖမ်းလိုက်သည်။
"ဂျိ အစ်ကိုကြီး..."
လုရွှယ်ချီ ဂျိချန်းဖန်ကို နှလုံးသား နာကျင်စွာ ကြည့်သည်၊ သူမ သူမ၏ နှုတ်ခမ်းကို ညင်သာစွာ စေ့လိုက်သည်၊ သူ၏ လျစ်လျူရှုသော ပုံစံကို မြင်ရသောအခါ သူမ၏ နှလုံးသား တစ်ခုလုံးကို တင်းတင်းကျပ်ကျပ် ညှစ်ထားသကဲ့သို့ ခံစားရသည်။
ဂျိချန်းဖန် သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းသည်။
သူ ဖာရှန်းကို ပြန်လှည့်ကြည့်ပြီး အသံနိမ့်စွာ ပြောလိုက်သည်-
"လူက စီစဉ်တယ်၊ ဘုရားသခင်က စီမံတယ်။"
"တရားမျှတမှုက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။"
ဒါကို ကြားလိုက်ရတော့ ဖားရှန်း၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားသည်။
သူ ဂျိချန်းဖန်ကို အမြန် မော့ကြည့်သောအခါ သူက တစ်နေရာရာဆီ တစ်ယောက်တည်း လျှောက်သွားသည်ကိုသာ တွေ့လိုက်ရ၏။
လုရွှယ်ချီနဲ့ ကျန့်လင်အာ ကအမြန် နောက်က လိုက်သွားသည်။
နတ်ဆိုး ဂိုဏ်း ရဲ့ ရှန်ကျင်း ကျွမ်းကျင်သူများ က ပွဲကြည့်ပြီး၍ ပြန်ရန်ပြင်လိုက်ကြ၏။
ဝမ်ရိန်ဝမ် က မဟာ မြင့်မြတ်သော သံတမန် လေးပါးကို ကြည့်လိုက်သည်။
"ဖျော—"
ထို့ နောက်သူတို့ အချင်းချင်း ကြည့်လိုက်ကြသည်၊ တစ်ချိန်တည်းမှာ ပျံထွက်သွားကြသည်။
ထွက်သွားဖို့ အချိန်တန်ပြီ။
ထိုနေရာတွင် လမ်းမှန် ဂိုဏ်း က လူများသာ ကျန်ခဲ့သည်။
...
...
လီပေါ် တောင် ပေါ်က ချောက်ကမ်းပါးတစ်ခုတွင်
ဂျိချန်းဖန် တစ်ယောက်တည်း ထိုင်နေသည်။
သူ၏ အကြည့် ကျယ်ပြန့်သော အရှေ့ပင်လယ် သို့ကြည့်ကာ လှိုင်းလုံးများ တက်လာက၊ ကျောက်တုံးများကို ရိုက်ခတ်၍ ရေမှုန်မွှားများ ထွက်လာခြင်းကိုကြည့်နေလေ၏။
ရိုးရိုးသားသား ပြောရရင်။
မြက်ခင်းရွာ ဖျက်ဆီးခံရခြင်းနဲ့ ပတ်သက်ပြီး သူ သိပ် စိတ်မကောင်း မဖြစ်ပေ။
ဂျိချန်းဖန် ခေါင်းငုံ့ကာ။သူ ကျန်းရှောင်ဖန်ရဲ့ အနာဂတ်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ စဉ်းစားနေသည်။
သူ ဝင်ရောက် စွက်ဖက်ခဲ့ပြီးနောက် ကျန်းရှောင်ဖန်ဟာ မူရင်းဇာတ်လမ်းကလို အလွန် အဖြစ်မဆိုး တော့ပေ၊ သူ့တွင် တကျူး တောင်ထွတ် နဲ့ ကျင်းယွမ် ဂိုဏ်း ကို အားကိုးစရာ ရှိသည်၊ ဒါပေမယ့်...
ကျန်းရှောင်ဖန်ဟာ အခုတကယ်ပဲ ကျင်းယွမ် ဂိုဏ်း မှာ နေဖို့ တကယ်ပဲ မသင့်တော်တော့ပါချေ။
ကျန်းရှောင်ဖန် မဟာ ဗြဟ္မာ ဉာဏ်ပညာ ကို ကျင့်ကြံဖို့ စတင်ကတည်းက သူ၏ လမ်းကြောင်းက 'ဗုဒ္ဓ၊ တာအို၊ နတ်ဆိုး' သုံးခုကို တစ်ပြိုင်နက် ကျင့်ကြံခြင်းဖြစ်သည်၊ အဲဒါက သူ၏ လမ်းစဉ်မဟာတိုလည်းဖြစ်သည် ။
သူ ကျင်းယွမ် ဂိုဏ်း မှာ ဆက်နေမယ်ဆိုလျင် ကျန်းရှောင်ဖန်ဟာ နတ်ဆိုး ဂိုဏ်း ရဲ့ ကျင့်စဉ်များ ကို သေချာပေါက် ရယူနိုင်မှာ မဟုတ်ဘူး၊ သူ နတ်ဆိုး ဂိုဏ်း ထဲ ဝင်ဖို့ နည်းလမ်း ရှာရမယ်...
သူ ဗုဒ္ဓ၊ တာအို၊ နတ်ဆိုး ကျင့်ကြံမှု လမ်းကြောင်းကို မလျှောက်ရင် ကျန်းရှောင်ဖန်ရဲ့ အနာဂတ် အောင်မြင်မှုတွေ ကန့်သတ်ချက် ရှိလိမ့်မည်၊ မူရင်းဇာတ်လမ်းကလောက် သေချာပေါက် အားမကောင်းနိုင်တော့ပါချေ။
တကယ်တော့ ပိုပြီး အရေးကြီးတဲ့ အချက်တစ်ခု ရှိသေးတယ်- ကျန်းရှောင်ဖန် နတ်ဆိုး ဂိုဏ်း ကို မဝင်ရင် ကောင်းကင်ကျမ်းစာ ရဲ့ ဒုတိယအတွဲ ကို ဘယ်လို ရနိုင်မည်နည်း။
သရဲဘုရင် မြေခွေးအိုကြီးက သူ့ရဲ့ သားမက် မဖြစ်မချင်း၊ ဘယ်သူ့ကိုမှသူ ယုံမှာ မဟုတ်ဘူး...
"ဒုတ်—"
နောက်ကနေ မတူညီသော ခြေသံ နှစ်ခု ထွက်ပေါ်လာကာ
ချက်ချင်းဆိုသလို မတူညီသော၊ အထူးခြားဆုံး ရနံ့ နှစ်ခု ဂျိချန်းဖန်ရဲ့ နှာခေါင်းဆီ လွင့်မျောလာသည်။
"ဂျိ အစ်ကိုကြီး..." လုရွှေချီ၏ နူးညံ့သော အသံ ထွက်ပေါ်လာ၏။
ဂျိချန်းဖန်ကြည့်လိုက်သောအခါထိုအမျိုးသမီးငယ်က သူ၏ ဘယ်ဘက်မှာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပဲ အနီရောင်ဝတ်ရုံဝတ်ထားသောကျန့်လင်အာ က သူ၏ ညာဘက်မှာ ထိုင်နေသည်။
"ဂျိချန်းဖန်၊ ရှင် အဆင်ပြေရဲ့လား?"
ကျန့်လင်အာ မေးလိုက်သည်။
ဂျိချန်းဖန် ညင်သာစွာ ပြုံးကာ ပြောလိုက်သည်။
-“ ကျွန်တော် ဘာဖြစ်နိုင်မှာလဲ?"
တစ်ယောက်တည်း ထွက်သွားခြင်းက။သူ အနာဂတ်ကို စဉ်းစားဖို့ နေရာ ရှာချင်ရုံ သက်သက်ပါ။
ရုတ်တရက် သွယ်လျသော ကျောက်စိမ်းလက်တစ်ဖက်က သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်သည်။ ပြန်လှည့်ကြည့်လိုက်တော့...လုရွှယ်ချီက လေးနက်သော အမူအရာနဲ့
ပြောလိုက်သည်” မကြောက်ပါနဲ့ ကျွန်မ ရှင်နဲ့အတူရှိနေပေးပါမယ်”