← Chapters

ကျင်းယွမ်၏ သူရဲကောင်း သုံးယောက်

Vol. 10 Ch. 91

ကျင်းယွမ်၏ သူရဲကောင်း သုံးယောက်

Vol. 10 Ch. 91

ကျန့်လင်းအာ သူမ၏ နှုတ်ခမ်းကို တင်းတင်း စေ့လိုက်ကာ

သူမ တွဲထားသော လက်နှစ်ဖက်ကို ကြည့်လျက် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

သို့သော် သူမ မည်သည့်အရာမျှမတတ်နိုင်ချေ။

ဂျိချန်းဖန်နှင့် သူမ၏ဆက်ဆံရေးက အခုထိ ကွဲကွဲပြားပြားမဖြစ်သေးပေ။ လုရွှယ်ချီ ကတော့ မတူပါ။

ကျန့်လင်းအာ သူမ၏ နှလုံးသားထဲက ဝမ်းနည်းမှုကို ဖုံးကွယ်ကာ ဟန်ဆောင်ရင်း သူမ၏ လက်မောင်းကို ဂျိချန်းဖန် ပခုံးပေါ် တင်လိုက်ပြီး နှစ်သိမ့်လိုက်သည်-

"မပူပါနဲ့ ရှင်မတရားခံရရင် ရှင့်ရဲ့ အစ်မကြီး ကို ပြော၊ ရှင့်ရဲ့ အစ်မကြီး က လက်စားချေဖို့ ကူညီပေးပါ့မယ်..."

ထိုစကားကို ကြားလိုက်ရသော် ဂျိချန်းဖန် မပြုံးဘဲ မနေနိုင် တော့ပေ။

လက်စား‌ချေပေးမည် ၊ သူမ၏ မတောက်တခေါက် သိုင်းအဆင့်နှင့်ပေလော။

"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ! အစ်မကြီး က ကျွန်‌တော့်အပေါ် အကောင်းဆုံးပါ..." ဂျိချန်းဖန် ကျန့်လင်းအာကို သဘာဝကျကျ ချီးကျူးကာ သူတို့ ကလေးဘဝတုန်းကကဲ့သို့ သူမကို ချော့လိုက်သည်။

ထို့နောက်

ချောင်းမြောင်ကျေးရွာ(မြက်ခင်းကျေးရွာ) သတ်ဖြတ်ခံရမှု၏ အမှန်တရားကို ပြောပြလိုက်၏။

"ဘာ"

"သူတို့ ဘယ်လိုလုပ် အဲဒီလို လုပ်ရက်ရတာလဲ"

ကျန့်လင်းအာ၏‌ ဒေါသသံက ချောက်ကမ်းပါးတွင် ပဲ့တင်ထပ်သွားကာ

လုရွှယ်ချီ သည်လည်း သူမ၏ ဓားကို ဆွဲထုတ်ချင်စိတ်ကို ထိန်းချုပ်လိုက်ရသည်။ထို့နောက် ဂျိချန်းဖန်၏ ဘေးမှာ တိတ်ဆိတ်စွာ ထိုင်၍ သူ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ဖို့ လက်လှမ်းလိုက်ကာ စိတ်ထဲမှလည်းတွေးလိုက်မိ၏။

*မကြောက်ပါနဲ့၊ ကျွန်မ ရှင်နဲ့အတူ ရှိနေပါတယ်*

...

...

သစ်တောနက်ထဲမှ တစ်နေရာတွင် ပုံရိပ်များစွာ ရပ်နေကြ၏။

ထိုထဲတွင် ပိယောင်လည်းရှိနေကာ သူမက နောက်မှ လူအနည်းငယ်ကို လျစ်လျူရှုထားပြီး သူမ၏ အကြည့်သည် ချောက်ကမ်းပါးပေါ်မှ ပုံရိပ်သုံးခုအပေါ်တွင် စိုက်ကြည့်နေသည်။ ပို၍တိကျစွာပြောရမည်ဆိုလျှင်တော့ သူမ၏မျက်လုံးများက ဂျိချန်းဖန်အပေါ်တွင်ရှိနေခြင်းပင်။

သူမက ထိုနေရာသို့သွား၍ ဂျိချန်းဖန်အား နှစ်သိမ့်‌လို‌ သော်လည်း လုရွှယ်ချီနှင့်ကျန့်လင်းအာ ရှိနေ‌သောကြောင့် သူမ သွားကာမပြောရဲချေ။

များမကြာမီမှာပင်

လုရွှယ်ချီနှင့် သူမ မသိသောကောင်မလေးတို့က ထွက်သွားကြသည် ကို ပိယောင် သတိထားမိကာ သူမ၏ မျက်လုံးများ လင်းလက်သွား၏။ထို့နောက်

"အဖေ သမီး သူ့ကို သွားတွေ့လိုက်ဦးမယ်..."

ဟူ၍ ပိယောင် သူမ၏ နောက်မှ ပုံရိပ်များကို ပြောလိုက်ကာ ချက်ချင်း လေထဲကို ပျံတက်သွားလိုက်၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ

သစ်တောထဲမှ ပုံရိပ်များက တစ်ဦးကိုတစ်ဦးအပြန်အလှန် ကြည့်လိုက်ကြ၏။

အဇူရာ နဂါး က မျက်ခုံးပင့်ကာ ဝမ်ရိန်ဝမ်အား ကြည့်၍ ပြောလိုက်သည်- "ဂိုဏ်းခေါင်းဆောင် ၊ ခင်ဗျား ယောင်အာ ကို မတားဘူးလား"

သူ့ဘေးက ဝမ်ရိန်ဝမ်သည် ခေါင်းကိုညင်သာစွာခါလိုက်သည်။

"သူမကို သွားခွင့်ပေးလိုက်ပါ။"

မည်သည့်အရာပင်ဖြစ်လာပါစေ၊ သူတို့ ကထိုနေရာမှာ ရှိ‌ နေ၍ မည်သူမျှ ပိယောင်ကို ဒုက္ခပေး ၍မရပါချေ။

အဇူရာ နဂါး ခေါင်းညိတ်၍ သူ ယိုဂျီကို ကို ကြည့်ကာ ခပ်ယောင်ယောင် ပြုံးလျှက် ပြောလိုက်သည်- "ညီမလေး ၊ မင်း အဲဒီကောင်လေးနဲ့ ဆက်ဆံရေး ကောင်းပုံရတယ်?"

ထိုစကားများကိုကြားလိုက်ရသောအခါအားလုံးလှည့်ကြည့်လိုက်၍

ယိုကျီ မျက်မှောင်ကြုတ်ကာ စိတ်အနှောင့်အယှက် ဖြစ်စွာ ပြောလိုက်သည်- "ဘယ်သူက သူ့နဲ့ ဆက်ဆံရေး ကောင်းလို့လဲ ကျွန်မ က သူ့ကို ကောင်းကောင်း ရိုက်နှက်ချင်ရုံပဲ"

"ဟုတ်လို့လား"

အဇူရာ နဂါး ရယ်မောကာ ပြောလိုက်သည်- "သူ မင်းနဲ့ တိုက်ခိုက်နေတုန်း မင်းကိုသူ အလျှော့ပေးနေတာမြင်လိုက်ရတယ်။ ဒါကြောင့် ငါ မင်းတို့နှစ်ယောက် ဆက်ဆံရေး ကောင်းတယ်လို့ ထင်ခဲ့တာ..."

ထိုစကားကိုကြားသောအခါ ယိုဂျီ နှုတ်ခမ်းကိုတင်း‌တင်းစေ့ကာ တွေးလိုက်မိ၏။ သူသည် သူမကို သဘောကျမည်မှာဖြစ်နိုင်မည်လော။

...

...

ချောက်ကမ်းပါးပေါ်တွင်

ပိယောင်က မဆိုင်းမတွ ချန်းဖန်၏ ဘေးမှာ ထိုင်လိုက်ကာ သူမ စိုးရိမ်မှုအပြည့်နှင့် ပြောလိုက်သည်-

"ဟေး ဂျိချန်းဖန်၊ ရှင် အဆင်ပြေရဲ့လား?"

ဂျိချန်းဖန် သူ့ဘေးမှ အစိမ်းရောင် ဝတ်ထားသော မိန်းကလေးကို ကြည့်ကာ ညင်သာစွာ ခေါင်းခါပြီး ပြောလိုက်သည်- "ငါ အဆင်ပြေပါတယ်။"

သူက ပိယောင် ရောက်နေခြင်းကို အာရုံခံမိသည်မှာကြာပြီဖြစ်သောကြောင့် လုရွှယ်ချီ နှင့် ကျန့်လင်းအာ ကို သူ အချိန်တစ်ခုခန့် တစ်ယောက်တည်း နေချင်သည်ဟု ပြောခဲ့၍ သူတို့ထွက်သွားခဲ့ကြခြင်းပင်။

"အတိအကျက ဘာ‌တွေဖြစ်ခဲ့တာလဲ?" ပိယောင် နူးညံ့စွာ မေးမေးလိုက်၏။

ထိုစကားကို ကြားလိုက်ရသော် ဂျိချန်းဖန် သူမကို ဘာမှ ဖုံးကွယ်မထားဘဲ ချောင်းမြောင်ရွာ၏ အမှန်တရားကို သူမအား ပေါ့ပေါ့ပါးပါး ပြောပြလိုက်သည်။

ရိုးရိုးသားသား ပြောရလျှင်

ဂျိချန်းဖန် ပိယောင်၏ ခံစားချက်များကို ဘယ်လို ရင်ဆိုင်ရမလဲဆိုသည်ကို မစဉ်းစားရသေးပေ။

သို့‌ သော် ဂျိချန်းဖန် အများကြီး စဉ်းစားရန် ပျင်းလွန်း၏။

နောက်ထပ် ဆယ်နှစ်ခန့်ကြာ၍ သူကို မည်သူမျှ မယှဉ်နိုင်သည့်အဆင့် ကိုရောက်သွားလျှင် ပြဿနာ အားလုံး ပြေလည်သွားလိမ့်မည်ပင်။

"ဘာ ရှင် ပြောတာက..."

ပိယောင် အမှန်တရားကို ကြားလိုက်ရသောအခါ သူမ ချက်ချင်း မျက်လုံး ပြူးသွားကာ မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာသည်။

ဒါပေမယ့် သိပ်မကြာခင်မှာ သူမ အံကြိတ်ပြီး ပြောလိုက်သည်- "တကယ်ပဲ၊ လမ်းမှန် ဂိုဏ်းက လူတွေ အားလုံးက..."

ထို့နောက် ပိယောင် စကားကို ရပ်တန့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဂျိချန်းဖန်က လမ်းမှန်ဂိုဏ်းမှဖြစ်၍ပင်။

ဂျိချန်းဖန် ပိယောင်ကို ကြည့်ပြီး ရှင်းပြလိုက်သည်- "လမ်းမှန် ဂိုဏ်း မှာ လူကောင်းတွေနဲ့ လူဆိုး ဆိုပြီးနှစ်မျိုးရှိတယ်။ မင်း အကုန်လုံးကိုတော့မပြောစမ်းပါနဲ့..."

ပိယောင်၏အမေ ရှောင်ချီက လည်း ထျန်းယင် ဘုရားကျောင်း က ဖူခုန်းလက်ချက်နဲ့ သေဆုံးခဲ့ရခဲ့ရခြင်းဖြစ်၏။

ပိယောင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

သူမ ဂျိချန်းဖန်၏ စကားများကို မငြင်းဆန်ပေ။သူမကိုယ်တိုင်ကို ဥပမာကြည့်၍ရ၏။

ပိယောင်ရဲ့ အမြင်ထဲတွင် ဂျိချန်းဖန်က လမ်းမှန် ဂိုဏ်း မှ တခြား အဖွဲ့ဝင်များနှင့် မတူပေ။

ဂျိချန်းဖန် ပိယောင်၏ပခုံးကိုပုတ်၍စကား‌ ပြောကာ သစ်‌တောထဲမှ လူများကိုကြည့်လိုက်၏- "ကောင်းပြီ၊ မင်းလည်း ပြန်သင့်ပြီ၊ ငါ သွားဖို့ လိုပြီ..."

"ကောင်းပါပြီ။" ပိယောင် ခေါင်းညိတ်ကာ ဂျိချန်းဖန် ထွက်ခွာသွားသော ပုံရိပ်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ထို့နောက် သူမလည်း လှည့်ပြီး သစ်တောဘက်သို့ လျှောက်သွား၏။

...

...

တခြားတစ်ဖက်တွင်

"ဒါဆို ချောင်းမြောင်ရွာက ရာချီတဲ့ အသက်တွေ အားလုံး ထျန်းယင် ဘုရားကျောင်း ကြောင့် ဖြစ်ရတာပေါ့?!"

ကျန့်ပူယီ၏ အသံ ဒေါသနှင့် ပြည့်နေကာပြောလိုက်သည်။

သူ၏ မျက်နှာက အလွန်မည်းမှောင်နေကာသူ၏ဘေးမှ စူးရူ ၏ လှပသောမျက်နှာပေါ်တွင်ပင်လျှင်သတ်ဖြတ်လိုစိတ်များပေါ် ပေါက်နေ၏။ ပုံမှန်အားဖြင့် သိက္ခာရှိပြီး ကျက်သရေရှိသော သူမပင်ထိုအချိန်တွင် တစ်ကိုယ်လုံး ဒေါသဖြင့်တုန်ယင်နေ၏။

ချောင်းမြောင်ရွာ က အသက်ပေါင်းများစွာ အသတ်ခံရသည်က အားလုံး ထျန်းယင် ဘုရားကျောင်းမှ ရဟန်းတော် ပူကျီ ကြောင့် ဖြစ်ရသည်လော။

လမ်းမှန် ဂိုဏ်း ရဲ့ အဓိက ဂိုဏ်းကြီး သုံးခုထဲက တစ်ခုက ဤကဲ့သို့ကြီးမားသော ပြစ်မှုမျိုးကို ကျူးလွန်သည်လော။

“ဟူး”

တာအိုသခင်ချန်စုန့်က သက်ပြင်းချကာ ပြောလိုက်သည်- "အဲဒါက ကိစ္စရဲ့ အမှန်တရားပဲ။ ဂိုဏ်းခေါင်းဆောင် နဲ့ တခြားသူတွေ တိကျတဲ့ အသေးစိတ် အချက်အလက်တွေကိုရှာ‌ ဖွေနေကြပြီ၊ ဒါကြောင့် ငါတို့ အရမ်း စိတ်ပူစရာ မလိုပါဘူး။"

ချန်စုန့်၏ က ဂိုဏ်းခေါင်းဆောင်နှင့်အခြားသူများဆိုသည်မှာ တစ်ယောက်တည်းကို ရည်ညွှန်းတာ မဟုတ်ပါချေ။ သူက တောက်ရွှမ်း၊ ဝမ်ကျန့်ယီ နှင့် ဂျိချန်းဖန်တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။

ထို သုံးယောက်က ချန်းစုန့်၏ ကျင်းယွမ်ဂိုဏ်းမှ သူရဲကောင်းသုံးဖော်ပင်ဖြစ်သည်။

ဂျိချန်းဖန်သည်ငယ်ရွယ်သော်လည်း သူ၏ ခွန်အားသည် အင်မတန်မြင့်မားသည်။ သို့မဟုတ်လျှင် သူ့ကို အဘယ်ကြောင့် ကျင်းယွမ် ရဲ့ နံပါတ်တစ် ဂျိမျိုးရိုး ဟူ၍ခေါ်ကြမည်နည်း။

“ဟင်းး” ကျန့်ပူယီက ညင်သာစွာ သက်ပြင်းချလိုက်သည်။

ချောင်းမြောင်ရွာ၏ အမှန်တရားက ထိုမျှလောက် ရက်စက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ‌ချေ။

"အဲဒါကို အရမ်း မစဉ်းစားပါနဲ့၊ ဂိုဏ်းခေါင်းဆောင် နဲ့ တခြားသူတွေ ကိုင်တွယ်ကြလိမ့်မယ်..."

ချန်စုန့်က ပခုံး အနည်းငယ် တွန့်ကာ စဉ်းစားလိုက်သည်။သူက ချန်းဖန်နှင့် တခြားသူများကို ခြွင်းချက်မရှိ ယုံကြည်သည်ပင်။

သူတို့မည်ကဲ့သို့ ထိုကိစ္စကို ကိုင်တွယ်မည်ဆိုည်ကို သူသိချင်နေပေသည်။

...

...

All Chapters