← Chapters

ဂိုဏ်းကြီးသုံးခု မူလအစ တစ်ခုတည်လား

Vol. 10 Ch. 92

ဂိုဏ်းကြီးသုံးခု မူလအစ တစ်ခုတည်လား

Vol. 10 Ch. 92

လီပေါ် တောင် မှ ဖြစ်ရပ် ပြီးသွားသည်မှာ လဝက်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လဝက်ကျော်ကြာ ဂယက်ရိုက်ပြီးနောက် အဓိက ဖြစ်ရပ်ကြီးများစွာ နတ်ဘုရား နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်...

နတ်ဆိုး ဂိုဏ်း က မြင့်မြတ်သော သားရဲ ကွေ့နျူ ကို ဖမ်းဆီးသွားခြင်း၊ကျင်းယွမ် ဂိုဏ်း၏ တပည့်တစ်ဦးက မဟာ ဗြဟ္မာ ဉာဏ်ပညာ ကို လျှို့ဝှက် သင်ယူထားခြင်း၊ကျင်းယွမ် ဂိုဏ်း၊ တုန်းထျန်း တောင်ထွတ် မှ တပည့် ရှောင်ယီချိုင် နတ်ဆိုး ဂိုဏ်း လက်ချက်ဖြင့် သေဆုံးခြင်း၊ လေလွင့်ကျင့်ကြံသူ ဖုန်းယွဲ့ ဘိုးဘေး သည် နတ်ဆိုး ဂိုဏ်း နှင့် ပူးပေါင်းကာ သွေးသန့်စင်ခြင်း မဟာအစီအရင် ကို လျှို့ဝှက် ကျင့်ကြံပြီး ဖန်းယွဲ့မြို့တော် ရှိ ကျင့်ကြံသူ အားလုံးကို သန့်စင်ရန် ကြိုးစားခဲ့ခြင်း...

စသောအမျိုးမျိုးသော ဖြစ်ရပ်ကြီးများ ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့၏။

ထိုအချက်များကြောင့် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူ အားလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့ကြသည်။

သို့သော်

သူတို့ကို အအံ့သြစေဆုံး အရာက ထိုအရာများမဟုတ်ပါချေ

သူတို့ကို အအံ့သြစေဆုံး အရာကတော့— ကျင်းယွမ် ၏တကျူး တောင်ထွတ် မှ တပည့် ဂျိချန်းဖန် သည် တိုက်ပွဲတစ်ခုတည်းဖြင့် ကျော်ကြားလာခြင်း ဖြစ်သည်။

ဖန်းယွဲ့ မြို့တော် တွင် သူသည် တစ်မြို့လုံး၏ ဓားများကို ငှားရမ်းကာ ဓားချက်တစ်ချက်တည်းဖြင့် ကမ္ဘာမြေကို တုန်လှုပ်စေသော စွမ်းအားကို ထုတ်ဖော်ပြီး နတ်ဆိုး ဂိုဏ်း နှင့် ပူးပေါင်းခဲ့သော ဖုန်းယွဲ့ ဘိုးဘေးကို သတ်ဖြတ်ကာ မြို့ရိုးပေါ်တွင် ရိုက်နှက်ကပ်ထားခဲ့သည်။

ထိုအချိန်မှစ၍ ‘ဂျိချန်းဖန်’ ဟူသော နာမည်သည် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။

သို့သော် ဒါတွေက အကုန်မဟုတ်သေးချေ။

လေလွင့် ကျင့်ကြံသူ များ၏ ပြောစကားအရ ‘ဂျိချန်းဖန်’ သည် လီပေါ် တောင် တိုက်ပွဲအတွင်း နတ်ဆိုး ဂိုဏ်း ၏ အဆိပ်တစ်သောင်း ဂိုဏ်း မှ ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ သုံးဦးကို တစ်ယောက်တည်း လိုက်လံ သတ်ဖြတ်ခဲ့သည် ဟု ဆိုကြသည်။

နောက်ဆုံးတွင် ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ သုံးဦးအနက် နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်။

တစ်ယောက်တည်း သုံးယောက်ကို ရင်ဆိုင်ခြင်းပင် ထို့နောက် သူက နှစ်ယောက်ကို သတ်ခဲ့၏။

ထိုကဲ့သို့သော တိုက်ပွဲ သည် ကမ္ဘာသူ ကမ္ဘာသားများကို လုံးဝ တုန်လှုပ်သွားစေခဲ့သည်။

အစပိုင်းတွင် လူအများအပြားက သံသယ ဖြစ်ခဲ့ကြသော်လည်း ကျင်းယွမ် ဂိုဏ်း မှ ပုဂ္ဂိုလ်အချို့ ထွက်ပြီး အတည်ပြုပေးလိုက်သောအခါ ထိုသံသယများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

လမ်းမှန်ဂိုဏ်း ၏အဓိက ဂိုဏ်းကြီး သုံးခုအနက် တစ်ခုအနေဖြင့်

ကျင်းယွမ် ဂိုဏ်း သည် ထိုကဲ့သို့ လှည့်စားသော ကိစ္စများကို လုပ်ဆောင်ရန် မလိုအပ်ပေ။

ကျင်းယွမ် ဂိုဏ်း၊ တုန်းထန်း တောင်ထွတ်မှ ဘိုးဘေးခန်းမ အတွင်းတွင် လူ လေးဦး ထိုင်နေကြသည်။

ဝမ်ကျန့်ယီ သည် ဂျိချန်းဖန် ကျင်းယွမ် ဂိုဏ်း မှ ထွက်ခွာပြီးနောက် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံအချို့ကို နားထောင်ပြီး ပြုံးကာ ခေါင်းခါလိုက်သည်-

“ကောင်းလိုက်တာ! တကယ့်ကို ကောင်းလိုက်တာ!”

“ငါ့ကိုတောင် တောင်ပေါ်ကဆင်းပြီး လျှောက်သွားချင်စိတ် ပေါက်သွားစေတယ်!”

“ဆရာ တောင်ပေါ်က ဆင်းချင်ရင် ဒီအခွင့်အရေးကို ယူပြီး အပြင်ထွက် လမ်းလျှောက်ပါလား” ဂျိချန်းဖန် ပြုံးပြီး ပြောလိုက်သည်။

အကယ်၍ ဝမ်ကျန်းယီသာ ဤအချိန်မှာ တောင်ပေါ်က ဆင်းသွားရင်

ကမ္ဘာတစ်ဝှမ်းလုံးမှာ ခေါင်းစဉ်တစ်ခုတည်းကိုသာ ကြားရလိမ့်မည်ပင်

“ဘုရားရေ ဂျိချန်းဖန်က တကယ်ပဲ အံ့မခန်းပါလား”

အခု ကမ္ဘာတစ်ခုလုံးက ဂျိချန်းဖန် အကြောင်း ပြောနေကြသည်၊ သူ့ရဲ့ မကြာသေးမီက လုပ်ရပ်တွေက အရမ်းကို အံ့သြစရာ ကောင်းလွန်းသည်။

ဒီကာလအတွင်း ဂျိချန်းဖန်၏ လက်ချက်နှင့် သေဆုံးသွားသူများက သွေးသန့်စင်ခြင်း ခန်းမ က အဘိုးကြီးနျန် ပဲ ဖြစ်ဖြစ်၊ ဖန်းယွဲ့ မြို့တော် က ဖုန်းယွဲ့ ဘိုးဘေးပဲ ဖြစ်ဖြစ်၊ အဆိပ်တစ်သောင်း ဂိုဏ်း က ပိုင်ကျူးဇီ နှင့် သွေးနတ်ဆိုး ပဲ ဖြစ်ဖြစ်၊ သူတို့အားလုံး အချိန်အကြာကြီး ကျော်ကြားခဲ့သူတွေများပင်။

သို့သော် ထိုပုဂ္ဂိုလ်များ အားလုံး ဂျိချန်းဖန်ရဲ့ ဓားအောက်မှာ သေဆုံးခဲ့ကြရသည်။ထိုအရာက ထိတ်လန့်စရာ ကောင်းလွန်း ပေသည်။

ဝမ်ကျန့်ယီ ဂျိချန်းဖန်ကို ကြည့်လိုက်ကာ ဂျိချန်းဖန်ရဲ့ အတွေးကို ချက်ချင်း နားလည်သွားပြီး ရယ်မောလိုက်ကာ-

“မင်းရဲ့ ဆရာက လူသေတစ်ယောက် ဖြစ်နေပါပြီ။”

“ဘာလို့ တောင်ပေါ်က ဆင်းရမှာလဲ”

သူ့လေသံက နောက်ပြောင်သလို ဖြစ်နေပေမယ့် မိမိကိုယ်ကို သရော်ခြင်းများနှင့် ပြည့်နှက်နေ၏။

ချန်စုန့်က တိတ်ဆိတ်နေကာ သူ့ဘေးမှ တောက်ရွှမ်း ကမူ အချိန်အကြာကြီး တိတ်ဆိတ်နေ ပေသည်။

တောက်ရွှမ်း တိတ်ဆိတ်နေရခြင်းမှာ ဝမ်ကျန့်ယီရဲ့ စကားကြောင့် မဟုတ်ဘဲ ရှောင်ယီချိုင်၏ သေဆုံးခြင်းကြောင့်ပင် ဖြစ်သည်...

လွန်ခဲ့တဲ့ အချိန်အနည်းငယ်က ရှောင်ယီချိုင် သေဆုံး သည့်သတင်းကို ကြားလိုက်ရတုန်းက သူ့မျက်လုံးများ ပြာဝေသွားသကဲ့သို့ ခံစားလိုက်ရပြီး သွေးတစ်လုပ် အန်ထွက်လုနီးပါး ဖြစ်ခဲ့ရသည်။

မည်သို့ပင်ဖြစ်စေကာမူရှောင်ယီချိုင်က သူ အဂုဏ်ယူရဆုံး တပည့်ပင်။

“ဟူးး” တောက်ရွှမ် ညင်သာစွာ သက်ပြင်းချလိုက်သည်၊ အပြုံးတစ်ခုကို အတင်းလုပ်ယူရင်း ဂျိချန်းဖန်ကို ကြည့်ကာ ပြောလိုက်သည်-

“ ဂျိချန်းဖန်၊ မင်းရဲ့ အစ်ကိုကြီး ယီချို ကိစ္စနဲ့ ပတ်သက်ပြီး...”

သူ့ နှလုံးသားထဲမှာ မျှော်လင့်ချက် အနည်းငယ် ရှိနေသေးကာ မေးလိုက်သည်။ အကယ်၍၊ အကယ်၍များ ရှောင်ရီချိုင် မသေသေးလျှင် ဟူ၍တွေးမိလိုက်၏။

ဂျိချန်းဖန် တောက်ရွှမ်းကို ညင်သာစွာ ပြောလိုက်သည်- “ဂိုဏ်းခေါင်းဆောင်ကြီး အစ်ကိုကြီး ရီချိုင်က တကယ်ပဲ အသတ်ခံလိုက်ရတာ ဖြစ်နိုင်တယ်...”

မည်သို့ပင်ဖြစ်စေကာမူ ကြယ်ခုနစ်ပွင့် ဓားပင် အယူခံလိုက်ရပြီပင်။ထို့ကြောင့် ရှောင်ယီချိုင်က သေဆုံးသွားသည်မှာ ဖြစ်နိုင် ပေသည်။ ထိုအရာကို ကြားလိုက်ရသော် တောက်ရွှမ်းက တိတ်ဆိတ်သွား၏။

သို့သော်ထိုအချိန်မှာပင် ဂျိချန်းဖန်က စာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်ယူလိုက်သည်။

ထိုအပေါ်တွင် သူ ချရေးထားသော ကောင်းကင်ကျမ်းစာ ပထမအတွဲ ရှိနေသည်။

“ဂိုဏ်းခေါင်းဆောင် ဦးလေးကြီး၊ ကျေးဇူးပြုပြီး ဒါကို ကြည့်ပါဦး။” ဂျိချန်းဖန် စာအုပ်ကို တောက်ရွှမ်း လက်ထဲ ထည့်ပေးလိုက်သည်။

ထိုအရာကိုမြင်သောအခါ တောက်ရွှမ်း မျက်ခုံး အနည်းငယ် ပင့်လိုက်ကာ သူစာအုပ်ငယ်ကို တိတ်ဆိတ်စွာ ယူလိုက်၏။ထို့နောက် ဖွင့်ကြည့်ပြီး ဂရုတစိုက် ဖတ်ရှုလိုက်သည်။

နောက်တစ်ခဏအတွင်း သူ့ရဲ့ အမူအရာ ရုတ်တရက် လေးနက်သွားသည်။

“တူလေး ဂျိချန်းဖန်၊ မင်း ဒါကို ဘယ်က ရတာလဲ?” တောက်ရွှမ်း ၏လေသံက အနည်းငယ် လေးလံနေ၏။

စာအုပ်ငယ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ နက်နဲသော သဘောတရားများကို ကြည့်ရင်း သူ့နှလုံးသားထဲမှာ ထိတ်လန့်မှု တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်၊

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နဲ့ မြေကြီးရဲ့ နက်နဲသော သဘောတရားတွေက ထိုက်ချိ ရွှမ်ချင်းတာအိုနှင့် ကိုက်ညီနေတာကို တွေ့လိုက်ရ၍ပင်။

“နတ်ဆိုး ဂိုဏ်း၊ သွေးသန့်စင်ခြင်း ခန်းမ ဌာနချုပ်ကပါ။” ဂျိချန်းဖန် ကောင်းကင်စာအုပ် ပထမအတွဲ ရဲ့ မူလအစကို ဖြည်းဖြည်းချင်း ဖော်ထုတ်လိုက်သည်။

ဒီစကားတွေ ထွက်လာသည်နှင့် တစ်ပြိုင်နက်

တောက်ရွှမ်း ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာပြောလိုက်သည်

“မဖြစ်နိုင်ဘူး”

နတ်ဆိုး ဂိုဏ်း က အရာတစ်ခုက သူ့ ကျင်းယွမ် ဂိုဏ်း ရဲ့ အဓိက ကျင့်ကြံမှု ကျမ်းစာ နဲ့ အဘယ်ကြောင့်သည်မျှဆင်တူနေရသနည်း။

တောက်ရွှမ်း၏ဘေးမှ ဝမ်ကျန့်ယီနဲ့ ချန်စုန့် တို့ အချင်းချင်း ကြည့်လိုက်ကြသည်၊ ဂျိချန်းဖန်နဲ့ တောက်ရွှမ်း မည်သည့်အကြောင်းကို ပြောနေကြလဲဆိုတာ နားမလည်ကြပေ။

ထိုအချိန်တွင် ဂျိချန်းဖန်က မေးလိုက်သည်

“ဂိုဏ်းခေါင်းဆောင်ကြီး၊ ကျွန်တော်တို့ ဘိုးဘေး ချင်းယီ အင်မော်တယ် က ထိုက်ချိ ရွှမ်ချင်းတာအို ကို အမည်မရှိ ရှေးဟောင်း စာလိပ်တစ်ခုကနေ နားလည်သဘောပေါက်ခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်?”

“အဲဒါ မှန်တယ်။” တောက်ရွှမ် ခေါင်းညိတ်လိုက်သည်။

ဂျိချန်းဖန် ဆက်ပြောသည်- “ထျန်းယင် ဘုရားကျောင်း ရဲ့ အဓိက ကျင့်ကြံမှု ကျမ်းစာ ဖြစ်တဲ့ မဟာဗြဟ္မာဉာဏ်ပညာ ကို သူတို့ရဲ့ ဘိုးဘေး က စာလုံးမဲ့ ကျောက်စိမ်း ကျောက်စာတိုင် တစ်ခုကနေ နားလည်သဘောပေါက်ခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်?”

“...မင်း ဘာကို ဆိုလိုတာလဲ?” တောက်ရွှမ် ရဲ့ လေသံ အနည်းငယ်တုန်ယင်ကာမေးလိုက်သည်။

ဂျိချန်းဖန် တိုက်ရိုက် မပြောဘဲ သွယ်ဝိုက်ကာပြောလိုက်သည်။

“ဂိုဏ်းခေါင်းဆောင် ကြီး၊ ရှောင်ဖန် ကဒီ ကောင်းကင်ကျမ်းစာ ကို ဖတ်ပြီးတဲ့နောက် သူ့ခန္ဓာကိုယ်ထဲက ‘မဟာ ဗြဟ္မာ ဉာဏ်ပညာ’ နဲ့ ‘ထိုက်ချိ ရွှမ်ရှင်းတာအို ' နှစ်ခုကပေါင်းစဉ်းသွားတာကို ကျွန်တော်မြင်လိုက်တယ်...”

ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် တောက်ရွှမ်း တိတ်ဆိတ်သွားရုံသာမက ချန်စုန့်နှင့် ဝမ်ကျန့်ယီ တို့ပါ မျက်လုံးပြူးသွားကြသည်။

ကျန်းရှောင်ဖန်က နတ်ဆိုး ဂိုဏ်း ရဲ့ အမွေအနှစ်ကို ကြည့်လိုက်သည်။

ရလဒ်အနေနဲ့ သူ့ခန္ဓာကိုယ်ထဲက တာအို နဲ့ ဗုဒ္ဓ ကျင့်စဉ်များကပေါင်းစည်းသွားသည်။

တောက်ရွှမ် ရဲ့ လေသံ အနည်းငယ် အက်ကွဲနေကာ မေးလိုက်သည် - “မင်း ဆိုလိုတာက၊ ဗုဒ္ဓ၊ တာအို နဲ့ နတ်ဆိုး လမ်းစဉ် အားလုံးက မူလအစ တစ်ခုတည်းက လာတာလား?”

“အဲဒါ မှန်ပါတယ်။” ဂျိချန်းဖန် ခေါင်းညိတ်လိုက်သည်။

“ဂိုဏ်းခေါင်းဆောင် ကြီး၊ မယုံရင် ကျွန်တော်တို့ ကျင်းယွမ် ဂိုဏ်း ရဲ့ ရှေးဟောင်း စာလိပ်ကို ထုတ်ပြီး ကောင်းကင်ကျမ်းစာပထမအတွဲ နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်၊ ဖြစ်နိုင်ရင် အမှန်တရားကို အတည်ပြုနိုင်လိမ့်ပါမယ်...”

တခြားသူ တစ်ယောက်ယောက်သာ ဒီစကားကို ပြောခဲ့လျှင်

တောက်ရွှမ်း အေးစက်တဲ့ မျက်နှာထားဖြင့် သူတို့ကို ဆဲဆိုပြီးလောက်ပါပြီ။

သို့သော် အခု ဂျိချန်းဖန် ဒီစကားကို ပြောလိုက်တော့ သူ အလေးအနက်ထားရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါချေ။

“ဟင်း...” တောက်ရွှမ် အနည်းငယ် သက်ပြင်းချလိုက်သည်၊ သူ့လေသံမှာ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေသည်- “ငါတို့ ကျင်းယွမ် ဂိုဏ်း ရဲ့ ရှေးဟောင်း စာလိပ်က ကျူးရှန် ဓား ထဲမှာ ဝှက်ထားတာ၊ အထူးနည်းလမ်း မရှိရင် အဲဒါကို ဆွဲထုတ်လို့ မရဘူး။”

ကျူးရှန် ဓား ဟာ မကောင်းဆိုးဝါး ချီ များနဲ့ ပြည့်နှက်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်က စိတ်ဝိဉာဏ်အာရုံနှင့် စမ်းသပ်ကြည့်မည်ဆိုလျင် တိုင်ကျင်းနယ်ပယ် အဆင့်ဖြင့်ပင် နတ်ဆိုးလမ်းစဉ်ထဲကို ကျရောက်သွားလိမ့်မည်ဖြစ်၏။

ဂျိချန်းဖန်လည်း ထိုအရာကို သိသည်။ကျူးရှန် ဓား ထဲက ကောင်းကင်ကျမ်းစာ ပဉ္စမအတွဲ ကို ပထမ အတွဲလေးတွဲ ကျင့်ကြံပြီးမှသာ ဆွဲထုတ်နိုင်မည်။

သို့မဟုတ်လျင်

မကောင်းဆိုးဝါး ချီ ၏ တိုက်စားမှုကို ရှောင်ရှားနိုင်မည့် နည်းလမ်းမရှိရင် အတွင်းထဲက ကောင်းကင်ကျမ်းစာ ပဉ္စမအတွဲ ကို ရယူနိုင်မှာ မဟုတ်ပါချေ။

သို့သော် တိုက်ဆိုင်စွာင်

ဂျိချန်းဖန်ဆီမှာ မကောင်းဆိုးဝါး ချီ ကို ရှောင်ရှားနိုင်မည့် နည်းလမ်းက ရှိနေသည်။

…

…

All Chapters