← Chapters

ငါ့ ကံကြမ္မာက ငါ့လက်ထဲမှာ ၊ ကောင်းကင်ရဲ့ လက်ထဲမှာမဟုတ်ဘူး

Vol. 10 Ch. 94

ငါ့ ကံကြမ္မာက ငါ့လက်ထဲမှာ ၊ ကောင်းကင်ရဲ့ လက်ထဲမှာမဟုတ်ဘူး

Vol. 10 Ch. 94

“မင်းတို့ ရောက်ပြီလား ထိုင်ကြ။”

တောက်ရွှမ်း ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကာ သူ့ရှေ့က တရားထိုင်ခုံကို လက်ညှိုးထိုးပြသည်၊ ဂျိချန်းဖန် နဲ့ ကျန်းရှောင်ဖန်ကို

ကြင်နာစွာပြုံးပြလိုက်၏။

သူ ခုလေးတင် ကောင်းကင်ကျမ်းစာ ပထမအတွဲ ကို ဉာဏ်အလင်းပွင့်နေခဲ့တာပါ။ ထိုခဏသေးသာ သူကျင့်ကြံရသေးသည် သူ၏ကျင့်ကြံမှုအဆင့်ထစ်ဆို့နေခဲ့သည်မှတိုးတက်ရန်လက္ခဏာများပြလာခဲ့သည်။ထို့ကြောင့် ဂျိချန်းဖန်၏ အစီအစဉ်ကို တောက်ရွှမ်း ပိုပြီး ယုံကြည်သွားစေခဲ့သည်။ထို့ကြောင့်သူစိတ်ပူနေသည်က

သူ့ရဲ့ ကျင့်ကြံမှု အဆင့်မဟုတ်ဘဲ ဂျိချန်းဖန် ပြောခဲ့တဲ့ ထိုက်ချိ ရွှမ်ရှင်းတာအို ကို ‘တိုးတက်ကောင်းမွန်အောင် လုပ်ခြင်း’ ပင် ဖြစ်သည်။ ကောင်းကင်ကျမ်းစာတွင် မှာ အလွန် နက်နဲသည့် ကောင်းကင်နဲ့ မြေကြီး သဘောတရားတွေ ပါဝင်ပြီး ဂျိချန်းဖန်၏ နားလည်နိုင်စွမ်း နဲ့ဆိုလျှင်သူသာ ကောင်းကင်ကျမ်းစာ ငါးတွဲလုံးကို တကယ်ပဲ စုဆောင်းနိုင်ခဲ့လျှင် သူက ထိုက်ချိ ရွှမ်ရှင်းတာအို၏ ကျင့်စဉ်အသစ်ကို တိုးတက်အောင် လုပ်နိုင်ပြီး တိုင်ကျင်းအဆင့်၏အထက်အဆင်ကို ရှာဖွေနိုင်လိမ့်မည်ပင်။

ဒီအတွေးနဲ့ တောက်ရွှမ်း စိတ်လှုပ်ရှား ခြင်းကိုမထိန်းချုပ်နိုင်ကဲ့သို့ပင် ဖြစ်လာ၏။

“ဂိုဏ်းခေါင်းဆောင် ကို အရိုအသေပေးပါတယ် “

ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်က ဦးညွှတ်ကာ သူတို့ရှေ့က တရားထိုင်ခုံများပေါ် ထိုင်လိုက်ကြသည်။

“ကျန်းရှောင်ဖန် ငါက မင်းကို ဒီကို ဘာလို့ ခေါ်လိုက်တာလဲ မင်းသိလား?” တောက်ရွှမ်း ကြင်နာစွာ မေးလိုက်သည်။

ဒါကို ကြားလိုက်ရတော့ ကျန်းရှောင်ဖန် တိတ်ဆိတ်စွာ ခေါင်းညိတ် လိုက်သည်၊ ထို့နောက် ပြောလိုက်၏- “ဂိုဏ်းခေါင်းဆောင် ကို ပြန်ဖြေပါတယ်၊ သတ္တမ အစ်ကို ကျွန်တော့်ကို အရင်က ပြောပြခဲ့ပါတယ်၊ ကျွန်တော်...”

“နတ်ဆိုး ဂိုဏ်း ထဲသူလျှိုသွားလုပ်ဖို့ဆန္ဒရှိပါတယ်!”

တောက်ရွှမ်း အနည်းငယ် ခေါင်းညိတ်၍ ပြောလိုက်သည်- “ဒီလိုဆိုရင် အဲဒီ ကိစ္စကို နောက်မှ ဆွေးနွေးမယ်။ အခု မင်းကို တခြား ကိစ္စတစ်ခု မေးမယ်...”

“ဘာကိစ္စလဲ?” ကျန်းရှောင်ဖန် အံ့သြသော အကြည့်နဲ့ ကြည့်သည်။

“ထျန်းယင် ဘုရားကျောင်း နဲ့ ချောင်းမြောင်ကျေးရွာရယ်နဲ့ ပတ်သက်တာ။” တောက်ရွှမ်း နူးညံ့စွာ ပြောလိုက်သည်။

ကျန်းရှောင်ဖန် တိတ်ဆိတ်သွား၏။

တောက်ရွှမ်းက ဆက်ပြောသည်- “ဖူဟုန် ဘုန်းကြီး က ငါ့ကို အကြောင်းပြန်ပြီးသား။ သူတို့ မနက်ဖြန်လောက် ကျင်းယွမ် ဂိုဏ်း ကို ရောက်လာမှာ သေချာတယ်။ ချောင်းမြောင်ကျေးရွာ နဲ့ ပတ်သက်ပြီး မင်း လျော်ကြေးအနေနဲ့ ဘာလိုချင်လဲ။”

လျော်ကြေးလို့ ပြောတာက နည်းနည်း တော့ရက်စက်နိုင် ပေသည်။

သို့သော် ဒါက အမှန်တရားပင်။ လမ်းမှန် ဂိုဏ်း ရဲ့ အဓိက ဂိုဏ်းကြီး သုံးခုထဲက တစ်ခုအနေနဲ့ ကျင်းယွမ် ဂိုဏ်း က သူတို့နဲ့ လုံးဝ အဆက်အသွယ် ဖြတ်လို့ မရ ပေ။

ကျန်းရှောင်ဖန် တိတ်ဆိတ်နေဆဲပင်။

သူတို့က လျော်ကြေးဆိုတဲ့ စကားလုံး တစ်လုံးနဲ့ သူ့ကို ဖယ်ထုတ်ပစ်ချင်သည်လော။

တောက်ရွှမ် လည်း ထိုအရာကို နားလည်သည် । သူ ဂျိချန်းဖန်ကို ကြည့်ကာ စကားပြောခြင်းကို ရပ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် တချို့အရာများက ဂိုဏ်းခေါင်းဆောင်အနေဖြင့်ပြောရန်မသင့်တော်ပါချေ။

ဂျိချန်းဖန်လည်း နားလည်သည်၊ ထို့ကြောင့် သူ ကျန်းရှောင်ဖန်ကို ပြောလိုက်သည်- “ရှောင်ဖန်၊ မင်း ဒါကို ဘယ်လို ဖြေရှင်းချင်လဲဆိုတာ စဉ်းစားပါ။ ကျင်းယွမ် ဂိုဏ်း နဲ့ တကျူး တောင်ထွတ် နှစ်ခုလုံးက မင်းကို ထောက်ခံလိမ့်မယ်၊ မင်း ထျန်းယင် ဘုရားကျောင်း ကို ဝင်တိုက်ချင်ရင်တောင်...”ခဏရပ်သွားသည်။ထို့နောက်

“ပြဿနာ မရှိဘူး!”

တောက်ရွှမ်း မျက်ခုံး ပင့်လိုက်ကာသူ ဂျိချန်းဖန်ကို ကြည့်လိုက်သည်၊ သို့သော် နောက်ဆုံးတွင် ဘာမှ မပြော တော့ပေ။

အဘယ်ကြောင့်ဆိုသော် ဂျိချန်းဖန်သည်လည်း ချောင်းမြောင်‌ကျေးရွာတွင်မွေးခဲ့ခြင်းဖြစ်၏။

“သတ္တမ အစ်ကို၊ ကျွန်တော် မသိဘူး။” ကျန်းရှောင်ဖန် နူးညံ့စွာ ပြောလိုက်သည်။

“မသိရင် ဖြည်းဖြည်းချင်း စဉ်းစားပါ။ မင်း စဉ်းစားပြီးရင် ငါတို့ကို ပြောပြပါ။” ဂျိချန်းဖန် ကျန်းရှောင်ဖန်ရဲ့ ပခုံးကို ပုတ်လိုက်သည်။

ထို့နောက် တောက်ရွှမ်း က “အခု၊ လျှို့ဝှက်ကိစ္စအကြောင်း ပြောကြစို့၊ ကျန်းရှောင်ဖန်...”

မနက်ဖြန် ထျန်းယင် ဘုရားကျောင်း က လူတွေ ကျင်းယွမ် ဂိုဏ်း ကို ရောက်လာတဲ့အခါ နတ်ဆိုး ဂိုဏ်း က လူတွေလည်း တစ်ချိန်တည်းမှာ ကျင်းယွမ် တောင် ကို တိုက်ခိုက်ကြ ပေလိမ့်မည်။

ထိုအရာအားလုံးက တောက်ရွှမ်း စီစဉ်ထားသောအရာများပင်။

သူနဲ့ ချန်စုန့်က ပူးပေါင်းကြံစည်ကာ နတ်ဆိုး ဂိုဏ်း ကို တစ်ချက်တည်းနဲ့ လုံးဝ ချေမှုန်းပစ်ရန်ပင်ဖြစ်၏။

လုံးဝမချေမှုန်းနိုင်လျှင်တောင် သူတို့ကို အချိန်အကြာကြီး အင်အားချည့်နဲ့အောင်လုပ်နိုင်မည်ဖြစ်သည်။

တောက်ရွှမ်း ၏အစီအစဉ်ကိုကျန်းရှောင်ဖန် သိသွားသောအခါ ထိတ်လန့်သွားသည်။ကျင်းယွမ် ဂိုဏ်း အကုန်လုံးကို စီစဉ်ထားသည်ဟု သူ မမျှော်လင့်ခဲ့ပါချေ။သူ ဂျိချန်းဖန်ကို လှည့်ကြည့်လိုက်သောအခါ ဂျိချန်းဖန်က စကားမပြောဘဲ ပြုံးနေသည်ကိုတွေ့လိုက်ရသည်။

ထိုအခ့မှသူရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့သည် ဂျိချန်းဖန် ပါ ပါဝင်နေခဲ့သည်ပင်။

တောက်ရွှမ်း က “မနက်ဖြန် ထျန်းယင် ဘုရားကျောင်း က လူတွေ ကျင်းယွမ် ဂိုဏ်း ကို ရောက်လာတဲ့အခါ ငါတို့က က မင်းကို နတ်ဆိုး လမ်းစဉ် ထဲ အတင်း ဝင်ခိုင်းတာ လို့ ပြင်ပလူတွေအတွက် အထင်မှားစေမယ့် မြင်ကွင်းအတုတစ်ခု ဖန်တီးပေးမယ်။”

“အဲဒီအခါမှာ မင်း ဘာမှ ပြန်ပြောဖို့ မလိုဘူး။”

“တိတ်ဆိတ်နေရုံပဲ။”

“ကျန်တာကို ငါ့တာဝန် ထားလိုက်ပါ။”

“ဟုတ်ကဲ့ပါ၊ ဂိုဏ်းခေါင်းဆောင်ကြီး” ကျန်းရှောင်ဖန် လေးစားစွာ ဦးညွှတ်လိုက်သည်။

သူသာ နတ်ဆိုးဂုဏ်းသို့ဝင်ရောက်နိုင်၍ အားလုံးကအဆင်ပြေကာ နတ်ဆိုးဂိုဏ်းကို ချေမှုန်းနိုင်ပါက သူ့ဆရာနှင့် ဆရာကတော်ကလည်းသူ့ကို အမြင်သစ်နှင့်ကြည့်ကြမည်ကို သူတွေးမိနေ၏။

“ကောင်းပြီ၊ ဒါဆို မင်း အခု ပြန်လို့ ရပြီ။” တောက်ရွှမ်း ပြုံးပြီး ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ၊ ဂိုဏ်းခေါင်းဆောင် ဦးလေးကြီး။” ကျန်းရှောင်ဖန်လည်း တုန်းထန်း တောင်ထွတ် ကနေ ထွက်ခွာသွားသည်။

သိပ်မကြာခင်မှာပင်

ဂျိချန်းဖန်လည်း ထွက်ခွာသွား၏။

မထွက်ခွာမီ သူ တောက်ရွှမ်း နောက်က လိုက်ပြီး လရောင်ဂူ သို့ သွားကာ ကောင်းကင်ကျမ်းစာ ပဉ္စမအတွဲကို ရယူနိုင်ခဲ့သည်။

တကျူး တောင်ထွတ် ဝင်းထဲ ပြန်ရောက်တော့

ဂျိချန်းဖန် ချက်ချင်း သူ၏ကျင့်စဉ်ကို စတင်လိုက်သည်။ထို့နောက်

သူ၏စိတ်ထဲတွင် ကောင်းကင်ကျမ်းစာ ပဉ္စမအတွဲ ၏ အကြောင်းအရာများကိုတွေးတောကာထိုးထွင်းသိမြင်ဉာဏ်ဉာဏ်များတိုးတင်လာသည်ဟုခံစားမိလိုက်၏။

“ဝှမ်း”

တဖြည်းဖြည်းနဲ့ မမြင်ရသည့် တာအို ကဗျာတစ်ပုဒ်က သူ့စိတ်ထဲတွင် ပျံ့နှံ့သွားသည်။ထို့နောက် နက်ရှိုင်းကာ မြင့်မြတ်သည့် အော်ရာတစ်ခုပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာ၏။

တာအို နားလည်သဘောပေါက်ခြင်းက ရောက်ရှိလာကာ

သူ ဉာဏ်အလင်းပွင့်ခြင်း အခြေအနေထဲ ဝင်ရောက်သွားသည်။

ထို့နောက် သူ၏စိတ်ထဲတွင် အဝေးတစ်နေရာမှလာသည့် အသံတစ်သံကဲ့သို့အသံတစ်ခုက သူ၏စိတ်ထဲတွင်ထွက်ပေါ်လာ၏။

【သင်သည် ကောင်းကင်ကျမ်းစာ ပဉ္စမအတွဲကို လေ့လာခဲ့သည်၊ ထို့‌နောက်ကောင်းကင်နဲ့ မြေကြီးကြားက နက်နဲသော သဘောတရားများနှင့် ကျင့်ကြံမှု လမ်းကြောင်း၏ အခက်အခဲများကို နားလည်သဘောပေါက်ခဲ့သည်။ သင်၏ စိတ်ထဲရှိ ထိုးထွင်းသိမြင်မှုများကို ပေါင်းစပ်ပြီး ကျင့်ကြံမှု နည်းစနစ်အသစ်၏ ပုံစံတူကို ဖန်တီးခဲ့သည်၊ ၎င်း၏ အမည်မှာ—ရွှေရောင်အနှစ်သာရ မဟာတာအို ဖြစ်သည်】

【ရွှေရောင် အနှစ်သာရ မဟာတာအို ၊ ဝိဉာဏ်ဘုရင်၏ ကျင့်စဉ် ၊ ဝိညာဉ် ပြောင်းလဲခြင်း၏ ဘိုးဘေး】

ဂျိချန်းဖန် ဗဟုသုတ သမုဒ္ဒရာထဲ နစ်မြုပ်နေသကဲ့သို့ သူ့ပတ်ဝန်းကျင်မှာ ကောင်းကင်နဲ့ မြေကြီး သဘောတရားတွေ ပြည့်နှက်နေပြီး မူလက ဝိုးတဝါးဖြစ်နေတဲ့ လမ်းကြောင်းက သူ့ခြေထောက်အောက်မှာ တဖြည်းဖြည်း ပေါ်လာသည်။

ထိုမဟာတာအိုကို ရွှေရောင်အနှစ်သာရ ဟုခေါ်၏။

ဆိုရိုးစကားက—

ရွှေရောင်အနှစ်သာရ မဟာတာအိုကိုသာရရှိလျှင် ကံကြမ္မာက ကိုယ့်လက်ထဲ၌ထားရှိနိုင်မည်။ကောင်းကင်တာအိုမှလည်းလွတ်မြောက်နိုင်မည်ဖြစ်၏။

ကောင်းကင်ကျမ်းစာ ပထမအတွဲ နဲ့ ပဉ္စမအတွဲ ရဲ့ အကူအညီဖြင့်

ဂျိချန်းဖန် ရွှေရောင် အနှစ်သာရမဟာတာအို၏ မူကွဲကျင့်စဥ် ကို လုံးဝ ဖန်တီးလိုက်သည်။ ကောင်းကင်စာအုပ် နှစ်တွဲလုံးကို ပေါင်းစပ်ပြီး ကျင်းယွမ် ဂိုဏ်း ရဲ့ ထိုက်ကျိရွှမ်ရှင်းတာအိုကို ပေါင်းထည့်လိုက် သောအခါ သူ ကျင့်ကြံမှု နှစ်ခုအတွက် ကျင့်ကြံမှု နည်းလမ်းများ ကို စုစည်းနိုင်ခဲ့သည်...

ချီသန့်စင်ခြင်းအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်။

ထို ကျင့်ကြံမှု နည်းလမ်းများ က အစောပိုင်း အဆင့်မှာပဲ ရှိသေးသည်။

ကျင့်ကြံမှု အတွက် မသင့်တော်ပါသေးချေ။

သူတို့ လုံးဝ ပြီးပြည့်စုံသွားမှသာလျှင်ကျင့်ကြံမှု အတွက် သင့်တော်လာမှာ ဖြစ်သည်။

“ဖျော--“

တစ်ချိန်တည်းမှာပင်

သိပ်သည်းသော ကောင်းကင်နဲ့ မြေကြီး ဝိညာဉ် ချီများက ရုတ်တရက် သူ့ပတ်ဝန်းကျင်မှာ စုဝေးလာကာ ကောင်းကင်နဲ့ မြေကြီး ဝိညာဉ် ချီ ဟာ ဂျိချန်းဖန်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာသည်။

“ဗွမ်း--“

နောက်တစ်ခဏတွင်

အားကောင်းသောအရှိန်အဝါ တစ်ခု ဂျိချန်းဖန်ရဲ့ ခန္ဓာကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူ ကျောက်စိမ်းသန့်စင်ခြင်း

အဆင့်သို့‌ ရောက်ရှိလာခဲ့သည်။ လဝက်ခန့်က ဂျိချန်းဖန် ကောင်းကင်စာအုပ် ပထမအတွဲ ကို အဆက်မပြတ် နားလည်သဘောပေါက်ခဲ့သည်၊ သူ့ ကျင့်ကြံမှု ဟာ အဆင့်မြင့် ကျောက်စိမ်းသန့်စင်ခြင်းအဆင့်ထဲ ရောက်နေပြီး အခု သူ ကောင်းကင်ကျမ်းစာ ပဉ္စမအတွဲ ကို နားလည်သဘောပေါက်သွား၏။

ထို့နောက် သူ့ ကျင့်ကြံမှု ဟာ နောက်ထပ် အဆင့်တစ်ခု တိုးတက်လာကာ ကျောက်စိမ်းသန့်စင်ခြင်းအဆင့် တတိယအလွှာ ကို ချက်ချင်း အောင်မြင်သွားသည်။

“ဟူး--“ ဂျိချန်းဖန် ဖြည်းဖြည်းချင်း အသက်ရှူထုတ်ကာ

သူ ညင်သာစွာ မျက်လုံးဖွင့်လိုက်သည်။ ထို့နောက်သူအပြင်ကို ကြည့်လိုက်သောအခါ မှောင်နေသည်ကိုတွေ့လိုက်ရ၏။

“ညနေစောင်းနေပြီလား”

ဂျိချန်းဖန် စဉ်းစားသည်။

သူ ရွှယ်ချီနှင့် တွေ့ရန် ရှောင်ကျူး တောင်ထွတ် ကို ခိုးသွားသင့်သလားလို့ စဉ်းစားနေတုန်းမှာပင်

“အယ်”

ဂျိချန်းဖန် ရုတ်တရက် တစ်ခုခု မှားယွင်းနေတာကို သတိထားမိလိုက်၏။

သူ့အကြည့် တကျူး တောင်ထွတ် ပေါ်က တစ်နေရာရာကို လှည့်သွားသည်။ တစ်ယောက်ယောက် တာကျူး တောင်ထွတ် ထဲ တကယ်ပဲ ခိုးဝင်လာတာလား

ဘယ်သူလဲ!

ဒီလောက် ရဲရဲတင်းတင်း လုပ်ရဲသည်က ဘယ်သူလဲ!

…

…

All Chapters