← Chapters

ခိုးကြောင်ခိုးဝှက်နှင့် ပိယောင်

Vol. 10 Ch. 95

ခိုးကြောင်ခိုးဝှက်နှင့် ပိယောင်

Vol. 10 Ch. 95

“ရွစ်—“

ဂျိချန်းဖန်၏ အတွေးများ လှုပ်ရှားသွားကာ သူ ချက်ချင်း သေးငယ်သော ဝင်းထဲကနေ ပျောက်ကွယ်သွားသည်၊ထို့နောက် တကျူး တောင်ထွတ် ၏ နောက်ဘက်တောင်ရှိ ဝါးတောထဲမှာ ပြန်ပေါ်လာ၏။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ

ဝါးတော ထဲတွင် အစိမ်းရောင် ဝတ်စုံနဲ့ မိန်းကလေးတစ်ဦး ရပ်နေသည်ကို သူ တွေ့လိုက်ရ၏။

သူမ၏ အစိမ်းရောင် ဝတ်စုံသည် ပတ်ဝန်းကျင်နှင့် ပေါင်းစည်းနေသယောင်ရှိပြီး သူမ၏ နူးညံ့သော ကိုယ်ခန္ဓာပေါ်မှ လင်းလက်နေသော မှိန်ဖျော့ဖျော့ လရောင်က သူမကို လျှို့ဝှက်ဆန်းကြယ်သော ပိုးသားအလွှာတစ်ထပ်ကဲ့သို့ ဖြစ်‌ နေပေသည်။

ပိယောင် ရှေ့ကို ကြည့်ရင်း တုံ့ဆိုင်းနေကာ ရှေ့ဆက်သင့်သလား တွေးနေမိသည်။

တစ်ခုတော့ သိထားရပေမည်

တကျူး တောင်ထွတ်က ကျင်းယွမ် ဂိုဏ်း ဂိုဏ်းခွဲခေါင်းဆောင်၏ နယ်မြေ ဖြစ်သည်။

သူမ ဒီကို တစ်ယောက်တည်း ခိုးဝင်လာခြင်းကို သိရှိသွားပါက သူမ ကျင်းယွမ် ဂိုဏ်း ၏ အကြီးအကဲ ဒါမှမဟုတ် ခေါင်းဆောင် တစ်ဦးဦး၏ ဖမ်းဆီးခြင်းကိုခံရမည်ဖြစ်သည်။

ပိယောင် သူမ၏ နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်ကာတွေးလိုက်သည်။

အခု သူမအတွက် အသင့်တော်ဆုံး လုပ်ရပ်က အလျင်အမြန် ထွက်ခွာသွားဖို့ပဲ ဖြစ်သည်။

သို့သော်

မနက်ဖြန် သူမ၏ ဂိုဏ်း က ကျင်းယွမ် ဂိုဏ်း ကို တိုက်ခိုက်ဖို့ အစီအစဉ်ကို စဉ်းစားမိသောအခါ ပိယောင် စိုးရိမ်စိတ်ကို မထိန်းနိုင်တော့ချေ။

ခံစားချက်ကင်းမဲ့ ပင်လယ် မှာ သူမကို ကယ်တင်ခဲ့သည့် အဖြူရောင် ဝတ်စုံနဲ့ ကောင်လေးကို စိုးရိမ်နေခြင်း ဖြစ်သည်။

“မေ့လိုက်ပါ၊ ငါ အရေးမလုပ်တော့ဘူး”

ပိယောင် ဆက်လက်၍ သွားဖို့ ဆုံးဖြတ်လိုက်သည်။

မနက်ဖြန် သရဲဘုရင် ဂိုဏ်း က ကျင်းယွမ် ဂိုဏ်း ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာကို ဂျိချန်းဖန်ကို တိုက်ရိုက် အသိပေးလို့ မရရင်တောင်...

သူမ အနည်းဆုံးတော့ သူ့ကို ကြိုတင် သတိပေးသင့်သည်။

သူ အနည်းဆုံး စိတ်ပိုင်းဆိုင်ရာ အဆင်သင့် ဖြစ်နေမည်ဖြစ်၏။.

မနက်ဖြန် စစ်ဆင်ရေးတွင် ဂိုဏ်း တစ်ခုလုံးနီးပါး ပါဝင်နေသည်၊ အဆိပ်တစ်သောင်း ဂိုဏ်း မှ အဆိပ်ဘုရား ဘိုးဘေးကြီး ပင် ပေါ်လာခဲ့သည်၊ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့လျှင်...

ဂျိချန်းဖန် ဒဏ်ရာရသွားလျှင်သူမ စိတ်ဆင်းရဲနေရမည်။

ပိယောင် သူမ၏ နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ကာသူမ တကျူး တောင်ထွတ် နက်ရှိုင်းရာဆီ ဆက်သွားတော့မည့် အချိန်တွင် ရင်းနှီးသော ရယ်သံတစ်ခု သူမနားထဲ ရုတ်တရက် ပဲ့တင်ထပ်လာသည်—

“မင်း နောက်ထပ် ဆက်သွားရင် အခြားသူတွေက မင်းကို မြင်သွားလိမ့်မယ်။”

ဒါကို ကြားလိုက်ရတော့ ပိယောင်၏ မျက်လုံးများ ရုတ်တရက် လင်းလက်လာ၏။

သူမ ခေါင်းကို အမြန် လှည့်ပြီး ဝါးတော၏ နက်ရှိုင်းရာကို ကြည့်လိုက်သည်၊ ထိုအခါ ကျောက်ပြားပြာ ပေါ်မှာ ထိုင်နေသည့် အဖြူရောင် ဝတ်စုံနဲ့ ကောင်လေးတစ်ယောက်ကိုသာ မြင်လိုက် ရသည်။

ကောင်လေး၏ မျက်လုံးများသည် မီးရှူးတိုင်ကဲ့သို့ တောက်ပနေကာ သူ၏ အဖြူရောင် ဝတ်စုံ လွင့်ပျံနေသည်။ ခပ်ယောင်ယောင် အပြုံးတစ်ခုက သူ၏ ခန့်ညားသော မျက်နှာပေါ်တွင် ရှိနေသည်။

ဓားနှစ်လက်က သူ၏ ခါးတွင်ချိတ်ထား၏။ထိုသူသည် ဂျိချန်းဖန် မဟုတ်လျှင် အခြားဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။

“ဂျိချန်းဖန်!” ပိယောင်၏ မျက်လုံးများ လခြမ်းသဏ္ဍာန် ကွေးသွားကာ

သူမ ခုန်ပေါက်ပြီး ကောင်လေး၏ ဘေးသို့ ရောက်လာ၏။ထို့နောက် ကျောက်ပြားပြာ ပေါ်က ဖုန်များကို ဂရုမစိုက်ဘဲ သူ့ဘေးမှာ ချက်ချင်း ထိုင်လိုက်သည်။

“မင်းက တော်တော် သတ္တိရှိတာပဲနော် တကျူး တောင်ထွတ် ကို တစ်ယောက်တည်း လာရဲတာ မင်းရဲ့ အ‌ဖေက တကယ်ပဲ အေးအေးဆေးဆေး နေနိုင်တာလား”

ဂျိချန်းဖန်ပြောလိုက်၏။ ဂျိချန်းဖန်သာ စောစောရောက်မလာခဲ့လျှင် သူမသည် ကျန့်ပူယီ၏ ဖမ်းဆီးခြင်းခံရတော့မည်ဖြစ်သည်။

“ကျွန်မ အဖေနဲ့ အခြားသူတွေ မသိပါဘူး၊ ကျွန်မ ကိုယ့်ဘာသာ ခိုးထွက်လာတာပါ” ပိယောင် ပြုံးပြီး ပြောလိုက်သည်။

“ခိုးထွက်လာတာ...”

ဂျိချန်းဖန်၏ အတွေးများ လှုပ်ရှားလာ၏။ သူ စူးစမ်းလိုစိတ်ဖြင့် မေးသည်- “မင်း ငါ့ကို ရှာဖို့ လာတာလား?”

“မဟုတ်ရင်ရော” ပိယောင် သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော လည်ပင်းကို စောင်းလိုက်ကာပြောလိုက်သည်။

ဂျိချန်းဖန် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

ပိယောင် ဘာကြောင့် သူ့ကို ရှာရန် စွန့်စားလာခဲ့သည်ကို သူ ခန့်မှန်းမိ၏။

သူ့ရှေ့က ဒီ ချစ်ခင်ကြင်နာတတ်သည့် မိန်းကလေးသည် မနက်ဖြန် နတ်ဆိုး လမ်းစဉ် ၏ ကျင်းယွမ် ဂိုဏ်း ကို တိုက်ခိုက်မည့် အစီအစဉ်ကို ကြားပြီး သူ့ကို သတိပေးရန် တကျူး တောင်ထွတ် သို့ ပြေးလာခြင်း ဖြစ်မည်ပင်။

“ဟေး ဂျိချန်းဖန်။” ဝမ်းနည်းမှု အရိပ်အယောင်လေးတစ်ခု ပိယောင်၏ လှပသော မျက်နှာပေါ် ရုတ်တရက် ပေါ်လာကာ သူမ ကောင်းကင်မှာ ချိတ်ဆွဲထားသည့် လမင်းကို ကြည့်ပြီး ပြောလိုက်သည်-

“ကျွန်မတို့ သူငယ်ချင်းတွေလား?”

“ဟုတ်တယ်။” ဂျိချန်းဖန် ခေါင်းညိတ်လိုက်၏။

သူငယ်ချင်းများ သက်သက်ဆိုလျှင်၊ ဤအချိန်တွင် ဟုတ်သည်။

“ဒါဆိုရင်...” ပိယောင် ဂျိချန်းဖန်ကို လှည့်ကြည့်လိုက်ကာ သူမ၏ မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်လေး ပေါ်လာ၏။ထို့နောက် သူမ ပြောလိုက်သည်- “အထက်လမ်းစဉ်(လမ်းမှန်ဂိုဏ်းများ) နဲ့ နတ်ဆိုး လမ်းစဉ်ဖြစ်တဲ့ စစ်မြေပြင်မှာ တစ်နေ့ကျရင် ကျွန်မတို့ တွေ့ဆုံခဲ့ရင်၊ရှင် ကျွန်မကို သတ်မှာလား”

ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် မဖြေဘဲ မေးခွန်းတစ်ခု ပြန်မေးသည်- “မင်းကရော ငါ့ကို သတ်မှာလား?”

“မသတ်ဘူး!” ပိယောင် ချက်ချင်း ခေါင်းခါလိုက်သည်။

ဂျိချန်းဖန် ခေါင်းညိတ်ပြီး ပြောလိုက်သည်- “ဒါဆိုရင် ငါလည်း မင်းကို မသတ်ဘူး၊ ဒါပေမယ့်...”

သူ၏ လေသံ ပြောင်းလဲသွားကာသူကဆက်ပြောသည်-

“မင်းက ငါ့ကို မသတ်ဘူး၊ ဒါပေမယ့် တခြားသူတွေက မသတ်ဘူးလို့ မဆိုလိုဘူး။ ဥပမာအနေနဲ့ အဆိပ်တစ်သောင်း ဂိုဏ်း ကို ကြည့်၊ ငါ သူတို့ရဲ့ အကြီးအကဲ နှစ်ယောက်ကို သတ်ခဲ့ပြီး တုန်းမူ အဘိုးအို ရဲ့ လက်တစ်ဖက်ကို ဖြတ်ခဲ့တယ်။ သူတို့က ငါ့ကို ဘယ်လိုလုပ် အလွတ်ပေးနိုင်မှာလဲ?”

ပိယောင် သူမ၏ နှုတ်ခမ်းကိုကိုက်ကာ သူမ ခိုင်မာစွာ ပြောလိုက်သည်- “ဒါပေမယ့် ကျွန်မရဲ့ သရဲဘုရင် ဂိုဏ်း က ရှင့်ကို ထိခိုက်အောင် မလုပ်ဘူး‌လေ ”

“ဟုတ်တယ်။” ဂျိချန်းဖန် ခေါင်းညိတ်ကာ ထိုပြောဆိုချက်ကို ထောက်ခံလိုက်သည်-

“ဖြစ်ကောင်း ဖြစ်နိုင်တာက မင်းရဲ့ မျက်နှာကို ထောက်ပြီး မင်း အဖေက ငါ့ကို လွှတ်ပေးလိမ့်မယ်၊ ဒါပေမယ့် သူ ငါ့ အစ်ကိုကြီး၊ အစ်မကြီး၊ ဆရာ၊ နဲ့ ဆရာ့ကတော် တို့ကို လွှတ်ပေးနိုင်ပါ့မလား?”

“ရှင်းရှင်းလင်းလင်း ပြောရရင် မဖြစ်နိုင်ဘူး။”

အထက်လမ်းစဉ် နဲ့ နတ်ဆိုး လမ်းစဉ် ကြားက ရန်ငြိုးက နှစ်ပေါင်း တစ်ရာကျော်ကြာ‌ နေပြီ။

နှစ်ဖက်စလုံးဟာ အဆုံးမရှိသော ပဋိပက္ခ အခြေအနေမှာ ရှိနေကြပြီး အဆုံးမသတ်နိုင်တော့ချေ။

ဝမ်ရိန်ဝမ်သည် ဤမျိုးဆက်၏ သရဲဘုရင် အနေနဲ့ နတ်ဆိုး လမ်းစဉ် မှာ အင်အားကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။

ဒီလိုလူမျိုးက ပိယောင်ကြောင့် မေတ္တာထားပြီး ဤသို့ ကြင်နာမှုမျိုးကို ဘယ်လိုလုပ် ပြနိုင်မှာမည်နည်း။

လုံးဝ မပြနိုင်ပါချေ။

ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ ဖခင်တစ်ဦးအနေနဲ့ သူ သမီးအတွက် အလျှော့အတင်းအချို့ လုပ်ပေးချင်ပေမယ့် ဤအရာအားလုံးသည် သူ၏ ကြီးမားသော ရည်မှန်းချက်ကို မထိခိုက်ဖို့ဆိုသည့် အခြေခံပေါ်မှာသာ ရှိနေသည်။

ဒါကို ကြားလိုက်ရတော့ ပိယောင် တိတ်ဆိတ်သွားသည်။

ဂျိချန်းဖန် ပြောသည်မှာ မှန်ကန်သည်ကို သူမ သိ၏။

သူတို့၏ ရာထူးနေရာများ ကွဲပြားပြီး နှစ်ဖက်စလုံးမှာ ကိုယ်ပိုင် အကြံများ ရှိသည်၊ သူတို့ အချင်းချင်း အတူရှိနေဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။

ဘယ်သူကများ ဒီလို ရွေးချယ်မှုမျိုး လုပ်နိုင်မည်နည်း။

အခြားသူများ မပါဝင်ခဲ့လျှင် အဆင်ပြေမည်၊ ပိယောင် သူမ ချစ်ရသူအတွက် အရာအားလုံးကို ပေးဆပလုပ်နိုင်မည်နည်းဖြစ်သည် သို့သော် သူမ၏ ရင်းနှီးသောသူများ ပါဝင်လာလျှင်မည်သူမဆို တွန့်ဆုတ်သွားမည်ပင်။

ကြာမြင့်စွာ တိတ်ဆိတ်ပြီးနောက်၊

ပိယောင် ဖြည်းဖြည်းချင်း မျက်လုံးမြှင့်ကြည့်လိုက်၏။သူမ၏ စိုစွတ်သော မျက်လုံးများ ဝမ်းနည်းမှုနှင့် ပြည့်နေသည်၊ သူမ ပြောလိုက်သည်- “ဒါဆိုရင် တစ်နေ့ကျရင် ချီ တောင်က နတ်ဆိုး ဂိုဏ်း ဌာနချုပ်ကို ရှင် လာခဲ့ရင်၊ ရှင်...”

“ကျွန်မရဲ့ အဖေနဲ့ အဒေါ်ယို တို့ရဲ့ အသက်ကို ချမ်းသာပေးနိုင်မလား?”

“မင်း အဖေရဲ့ အသက်ကို ချမ်းသာပေးတာလား?” ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် တည်ငြိမ်စွာ ခေါင်းခါပြီး ပြောလိုက်သည်- “မပေးနိုင်ဘူး။”

ဝမ်ရိန်ဝမ်သည် အင်အားကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ပြိုင်ဘက်ကို အသက်ရှင်ခွင့် ပေးထားခြင်းက မလိုအပ်သည့် ဖုံးကွယ်ထားသော အန္တရာယ်မျိုးစုံကိုသာ ထပ်တိုးစေမည်။

သူ့ကို တိုက်ရိုက် သတ်ပစ်လိုက်ခြင်းက ပိုကောင်းသည်။

“ရွစ်—“

ပိယောင်၏ မျက်နှာ ရုတ်တရက် ဖြူဖျော့သွားကာသူမ ဂျိချန်းဖန်ကို စိတ်မကောင်းစွာ ကြည့်လိုက်သည်။၊ သူမ၏ နူးညံ့သော ပန်းရောင် နှုတ်ခမ်းကို သွေးအနည်းငယ် ထွက်လာသည်အထိ ကိုက်ထားသည်။

“ဟုတ်ပါတယ်...”

ဂျိချန်းဖန်၏ လေသံ ပြောင်းသွားကာ ပိယောင်၏ သနားစဖွယ် အသွင်ကို မကြည့်ရက်ဘဲ သူ့ကိုယ်သူ ဆက်ပြောသည်-

“အကယ်၍ အနာဂတ်မှာ ကောင်းကင်အောက်မှာ ငါ ပြိုင်ဘက်ကင်းဖြစ်လာခဲ့ရင် မင်းရဲ့ မျက်နှာကို ထောက်ပြီး သူ့အသက်ကို ချမ်းသာပေးတာ မဖြစ်နိုင်တာ မဟုတ်ဘူး။”

တခြားအရာအားလုံးကို ဘေးဖယ်ထားပြီး၊

ဒီနေ့ သူ့ကို သတိပေးဖို့ တကျူး တောင်ထွတ် ကို စွန့်စားပြီး လာခဲ့တဲ့ ပိယောင်အတွက်ပဲ ဆိုလျှင်တောင် ဤကျေးဇူးတရားက အလေးအနက် ထည့်သွင်း စဉ်းစားဖို့ လုံလောက်သည်။

သူ ပိယောင်၏ သတိပေးချက်ကို မလိုအပ်ခဲ့လျှင်တောင်မှပေါ့။

ဒါကို ကြားလိုက်ရတော့ ပိယောင် ရုတ်တရက် သက်ပြင်းချလိုက်သည်။

သူမ ဂျိချန်းဖန်ကို တွေဝေစွာ စိုက်ကြည့်နေကာ သူမ၏ နှလုံးသားထဲမှ တုန်ခါနေသည်၊ တစ်စုံတစ်ရာကြောင့် ဖြစ်ပေါ်လာသလိုမျိုးပင်။

ဤအရာက အချစ်ဖြစ်မည်လော။

အတွေးတစ်ခု သူမ၏ စိတ်ထဲမှာ ရုတ်တရက် ပေါ်လာ၏။

ဂျိချန်းဖန်—

“ အမြန်ဆုံး ကောင်းကင်အောက်မှာ ဘယ်သူမှ မယှဉ်နိုင်တဲ့ ပြိုင်ဘက်ကင်းဖြစ်လာပါစေ။”

“ကျေးဇူးတင်ပါတယ်။” ပိယောင် သူမ၏ရင်ထဲမှ ပြောလိုက်သည်။

“ရပါတယ်”

ဂျိချန်းဖန် တည်ငြိမ်စွာ လက်ဝှေ့ယမ်းပြလိုက်သည်။

အကယ်၍ အနာဂတ်မှာ သူ တကယ်ပဲ ကောင်းကင်အောက်မှာ ဘယ်သူမှ မယှဉ်နိုင်သော ပြိုင်ဘက်ကင်း ဖြစ်လာခဲ့လျှင်၊ အချို့သော အရာများက အရေးမကြီးတော့ပါချေ။

ဝမ်ရိန်ဝမ်ကမူ သူ့ကို ကျင့်ကြံခြင်းဖျက်ဆီးပြီး ပြီး အသက်ရှင်ခွင့် ပေးလိုက်မည်။

“ဒါနဲ့၊ မင်း ငါ့ကို ကူညီပေးနိုင်မလားလို့ သိချင်တဲ့ ကိစ္စတစ်ခု ရှိတယ်...”

ဂျိချန်းဖန် အနည်းငယ် စဉ်းစားကာပြောလိုက်သည်။

“ဘာလဲ?” ပိယောင်၏ မျက်လုံးများ တောက်ပလာ၏။

သူမ ဂျိချန်းဖန်ကို ကူညီနိုင်မယ်ဆိုရင် သူမ သဘာဝအတိုင်း အရမ်း ဆန္ဒရှိ ပေလိမ့်မည်။

…

…

All Chapters