← Chapters

အခန်း (၆၅၇-၆၅၈)

Vol. 42 Ch. 657-658

အခန်း (၆၅၇-၆၅၈)

Vol. 42 Ch. 657-658

အပိုင်း (၆၅၇)

သာမန်ပြည်သူများသည် ထွက်ပြေးရာတွင် ကျွမ်းကျင်ကြ၏။ ရွှဲ့ပြည်နယ်ဘုရင် နင်ယွမ်ရှန်းနှင့် ကျင်းမင်းသားတို့ ဆွေးနွေးမှု ပျက်ပြားသွားခဲ့ပြီးနောက် ထျန်းနန်စီရင်စုတစ်ခုလုံးက ဒုက္ခသည်များဖြင့် ပြည့်နှက်သွား၏။ စစ်ဘေးရှောင်ရန် မရေမတွက်နိုင်သည့် လူများက မြောက်ဘက်သို့ ထွက်ပြေးကြ၏။

ထျန်းနန်စီရင်စုတွင် လူဦးရေ ၆ သန်းရှိ၏။ ပြေလည်သူများက မြို့တော်နှင့် ထျန်းနန်စီရင်စု အတွင်းပိုင်းသို့ ပြေး၏။ နွမ်းပါးသူများက ကျေးလက်ဒေသများသို့ ပြေး၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်စုက တကယ်ပင် ရိုင်းစိုင်း ကြမ်းတမ်းပြီး မကောင်းမှု အမျိုးမျိုးကို လုပ်ဆောင်သည့်အပြင် လူသားပင်စားကြောင်း သူတို့က ကြားဖူးကြသည်။

ရှမ့်လန်နှင့် နင်ကျန်းတို့က မြို့စောင့်တပ်တစ်သောင်းကို ဦးဆောင်၍ တောင်ဘက်ပိုင်းသို့ ချီတက်သွား၏။ သူတို့က စစ်ဘေးရှောင် ဒုက္ခသည်များကို အများအပြား တွေ့ကြ၏။ အဆုံးမှာတော့ လမ်းပင် ပိတ်လုနီးပါးပင်။ မရေမတွက်နိုင်သည့်လူများက သူတို့၏ မိသားစုများကို ဆွဲခေါ်လာခဲ့၏။ လူကြီးများက မျှော်လင့်ချက် မဲ့နေကြပြီး ကလေးများက ငိုကြွေးနေကြ၏။ ကမ္ဘာပျက်မည့်အလားပင်။

“သခင်လေး.. ကျွန်မတို့ သူတို့ကို ကူညီသင့်လား” ရှမ့်နုက မေးမြန်းလိုက်၏။

သူမ၏ ကိုယ်အလေးချိန်က ၁၃၀ ကီလိုဂရမ်လောက်သာ ကျန်တော့၏။ အလွန်လည်း လှပလာ၏။ ထို့အပြင် သူမနှင့် အရူးလန်တို့ လက်ထပ်ခဲ့သည်က နှစ်ဝက်ကျော် ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း သူမက ဝူလဲ့နှင့်အတူ ရှမ့်လန်၏ ကိုယ်ရံတော်အဖြစ် ဆက်ရှိနေဆဲပင်။

အရူးလန်ကတော့ တကယ်ပင် စိတ်ပူရှာပေလိမ့်မည်။ ရှမ့်နုက ရှမ့်လန်ကို သဘောကျနေကြောင်း၊ သို့သော်ငြား ဖောက်ပြန်မှာ မဟုတ်ကြောင်း တစ်နေ့လျှင် ဆယ်ကြိမ်ခန့် ပြောဆိုရ၏။ သို့သော်ငြား ရှမ့်လန့်အပေါ် ထားရှိသည့် ရှမ့်နု၏ အကြည့်က ပရိသတ်တစ်ဦးက မိမိ၏ Idol ကို ကြည့်ရှုသည့် လေးစားအားကျမှုများနှင့် ပြည့်နှက် နေသလိုပင်။ ထို့အပြင် အိမ်ထောင်ကျပြီး ပျော်ရွှင်မှုကို ပိုင်ဆိုင်ပြီးနောက် သူမ၏ စိတ်နှလုံးက ပိုမိုကာ နူးညံ့လာခဲ့၏။ ဒုက္ခသည်များ၏ သနားစဖွယ် အမူအရာကို မြင်ရသည့် အချိန်မှာတော့ သူမက မခံစားနိုင်သလိုပင်။

ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်၏။ “ကူညီလို့ မဖြစ်ဘူး။”

မရေမတွက်နိုင်သည့် ဒုက္ခသည်များက မြောက်ဘက်ပိုင်းသို့ ဦးတည်သွား၏။ ရှမ့်လန်နှင့် နင်ကျန်းတို့က စစ်သည် တစ်သောင်းကို ဦးဆောင်ပြီး တောင်ဘက်သို့ ချီတက်၏။ နှစ်ဖက်လူအုပ်ကြီးက တစ်ဖက်နှင့်တစ်ဖက် ဖြတ်ကျော်သွားကြသည်။

ရုတ်တရက် အဘိုးအိုတစ်ဦးက ရှမ့်လန်၏ လမ်းကို ပိတ်ရပ်၏။ “မင်းက ရှမ့်လန်လား။”

ဤလူက အသက် ၇၀ ကျော်သည့် အဘိုးအိုတစ်ဦးဖြစ်၏။ ဆံပင်နှင့် မုတ်ဆိတ်မွေးများက ဖြူဖွေးနေပြီး ကောင်းမွန်စွာ ဝတ်ဆင်ထားခဲ့၏။ စာပေသင်ကြားခြင်းဖြင့် အသက်မွေးသည့် ပညာရှင်တစ်ယောက် ဖြစ်ပုံရ၏။

ထိုအချိန်မှာတော့ ရှမ့်လန်က သက်ကြီးရွယ်အိုများကို လေးစားမှုပြုပြီး ငယ်ရွယ်သူကို ဂရုစိုက်သင့်၏။ သို့သော်ငြား သူ မလုပ်ခဲ့ချေ။ သူ မြင်းပေါ်မှာ ဆက်ထိုင်နေပြီး ခပ်တည်တည်ဖြင့် ဖြေဆိုသည်။ “ဟုတ်တယ်။”

အဘိုးအိုက ပြော၏။ “သခင်လေးရှမ့်... ကျုပ်ရဲ့ အသက်က ၇၂ နှစ် ရှိပြီ။ ကျုပ်မှာ မြေး၊ မြစ်တွေနဲ့ မိသားစုဝင် ၁၅ ယောက် ရှိတယ်။ အရင်က ကျုပ်တို့ အေးအေးချမ်းချမ်း နေထိုင်နေကြတယ် ဆိုပေမဲ့ မင်းကြောင့် ကျုပ်တို့ အခု ထွက်ပြေးနေရပြီ။ ကျုပ်မိန်းမဆိုရင် တမြန်နေ့က လမ်းမှာ သေဆုံးခဲ့တယ်။ ဘယ်ကို အခု ကျုပ်တို့ သွားရမှာလဲ။ အသက်ရှင်နိုင်မလား ဆိုတာလည်း မသိတော့ဘူး။ ကျုပ်တို့ကြားမှာ ဘာရန်ငြိုးရှိလို့ မင်းက ကျုပ်ရဲ့ မိသားစုကို ဖျက်ဆီးချင်ရတာလဲ။”

ရှမ့်နုက ထိုစကားကို ကြားချိန်မှာတော့ ချက်ချင်းပဲ ဝင်ကာ ပြောဆိုလိုက်၏။ “အဘိုး… ကျွန်မတို့က ကျင်းမင်းသားကို ခုခံဖို့ သွားနေတာ။ ကျွန်မတို့နေတဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ သွားနေတာ။”

“ဘယ်သူက မင်းတို့ကို တိုင်းပြည် ကာကွယ်ခိုင်းလို့လဲ”

အဘိုးအိုက ဒေါသတကြီးနှင့် ပြောဆိုသည်။ “ကျုပ်တို့ အိမ်က ထျန်းဖေးခရိုင်မှာရှိတယ်။ ပေးအပ်ရမယ့် ခရိုင်ငါးခုရဲ့ နယ်နိမိတ်ထဲမှာ မပါဘူး။ မူလက ဘုရင်မင်းမြတ်နဲ့ ကျင်းမင်းသားတို့က ခရိုင်ငါးခုပေးဖို့ လက်မှတ်ထိုးကြတော့မှာ။ ရှမ့်လန်… မင်းက ဘာလို့ တားဆီးခဲ့တာလဲ။ စစ်ပွဲမဖြစ်ဘဲ နေထိုင်လို့ရသားနဲ့ အခု မင်းကြောင့် ငါတို့အားလုံး အိုးမဲ့အိမ်မဲ့ဖြစ်ပြီ။ မိသားစုကိုလည်း ဆုံးရှုံးရပြီ။”

ရှမ့်လန်က တစ်ဖက်လူကို တိတ်တဆိတ် ကြည့်ရှုနေ၏။ နန်းမြို့တော်ရှိလူများက သူ့ကို အပြစ်မတင်ကြချေ။ စစ်မီးလျှံများ သူတို့ခေါင်းပေါ် မကျရောက်လာသောကြောင့် ရှုပ်ထွေးသည့် ခံစားချက်များနှင့် ကြည့်ရုံသာ ကြည့်ခဲ့၏။

သို့ပေမည့် ထျန်းနန်စီရင်စုမှလူများ၊ အထူးသဖြင့် ခရိုင်ငါးခု၏အပြင်ဘက်မှ လူများက ရှမ့်လန်ကို အရိုးထဲထိ မုန်းတီးကြ၏။ ခရိုင်ငါးခု ပေးလိုက်ရရုံနှင့် ဘာဖြစ်သွားမည်နည်း။ သူတို့၏အိမ်ကို ပေးလိုက်ရခြင်း မဟုတ်ပေ။ ယခုတော့ ရှမ့်လန်က အားလုံးကို ဘေးဒုက္ခ ခံစားစေချင်နေသည်။

“ဝါး.. ဝါး”

ထိုစဉ်မှာပဲ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်က အော်ဟစ် ငိုကြွေးလိုက်၏။ အဘိုးအို၏ မြေးဖြစ်ပုံပေါ်၏။ အဘိုးအိုက ဝမ်းနည်းပက်လက်ဖြင့် ရှမ့်လန်ကို လက်ညှိုးထိုးကာပြော၏။ “သွား… ကျင်းမင်းသားကို သွားပြီး အရှုံးပေးလိုက်။ သွားပြီး လက်နက်ချလိုက်။ စစ်မတိုက်နဲ့တော့။ ခရိုင်ငါးခု ပေးပါမယ်လို့ ကတိပေးလိုက်။ ကျုပ် တောင်းပန်တယ်။ မင်းရဲ့ကိုယ်ကျိုးစီးပွား ဆန္ဒတစ်ခုတည်းအတွက် သန်းပေါင်းများစွာသော လူတွေရဲ့ အသက်ကို မစတေးပစ်နဲ့။ ကျုပ် တောင်းပန်ပါတယ်။ ကျုပ်တို့ မိသားစုကို ကယ်တင်ပေးပါ။”

အဘိုးအိုက မြေကြီးပေါ်တွင် ဒူးထောက်ပြီး ရှမ့်လန်ကို ဦးခိုက်ကာ ငိုယို တောင်းပန်သည်။

ပတ်ဝန်းကျင်ရှိ ဒုက္ခသည်များကလည်း ထိုစကားကို ကြားသည့်အချိန်မှာတော့ ဒူးလာထောက်ကြ၏။

“ရှမ့်လန်... သနားပါအုံး။ ကျင်းမင်းသားကို ခရိုင်ငါးခု ပေးဖို့ ကတိပြုလိုက်ပါ။ ကျုပ်တို့ကို ကယ်တင်ပေးပါ။ ကျုပ်တို့ အိမ်ပြန်ချင်ပါတယ် ရှမ့်လန်... အရှုံးပေးလိုက်ပါ။”

ထိုမြင်ကွင်းကိုမြင်ရချိန်မှာတော့ ရှမ့်နုနှင့် ဝူလဲ့တို့က မျက်လုံးများပင် နီရဲလာခဲ့ကြ၏။ လောကကြီးက အဘယ်ကြောင့် အမှားနှင့် အမှန်ကို မခွဲခြားနိုင်ရသနည်း။ လက်နက်ချ အရှုံးမပေးလို၍ တိုင်းပြည် ကာကွယ်ရန် အသက်ကို စွန့်လွှတ်သည်က မှားနေသလား။

ရှမ့်လန်က စစ်ဘေးရှောင်ဒုက္ခသည်အုပ်စုကို ကြည့်၏။ သူ တစ်ဖက်လူများကို အပြစ်တင်သင့်သည်လား။ အဓိပ္ပာယ်မရှိချေ။ ထို့အပြင် လက်နက်မချသဖြင့် ရှမ့်လန်ကို စွပ်စွဲနေသည်က လူတချို့သာဖြစ်၏။ ဘေးတစ်ဖက်တွင် မလှုပ်မယှက်ဖြင့် ရပ်နေသည့် လူတစ်စုက ရှိနေ၏။ သူတို့က ရှမ့်လန်၏ တပ်တော်ကို ပြင်းပြသည့် စိတ်ဆန္ဒဖြင့် ကြည့်နေ၏။ သူတို့က ရှမ့်လန်နောက်သို့ လိုက်ပါပြီး စစ်တိုက်ရန်ပင် စိတ်အား ထက်သန်နေ၏။ လောကကြီးက အမြဲတမ်း ဤအတိုင်းပင်ဖြစ်၏။ တချို့က စိတ်ဓာတ်ခွန်အား နည်းပါးကြပြီး တချို့ကတော့ စိတ်ဓာတ်ခွန်အား အားကောင်း၏။

“ရှမ့်လန်... ကျုပ်တို့ကို ကယ်ပါလို့ တောင်းပန်ပါတယ်။ ကျင်းမင်းသားကို အရှုံးပေးပြီး ခရိုင်ငါးခုကို ပေးလိုက်ပါတော့။” အဘိုးအိုက ရှမ့်လန်၏ မြင်းခြေထောက်ကို ဖက်တွယ်ထားသည်။

“ဖယ်စမ်း။ မဖယ်ရင် ခင်ဗျား မိသားစု တစ်စုလုံးကို သတ်ပစ်မယ်။” ရှမ့်လန်က အော်ဟစ်လိုက်၏။ ပြီးနောက် သူက လက်ကို မြှောက်၏။

ခဏချင်းမှာပင် အနောက်ဘက်ရှိ ဒါဇင်နှင့်ချီသည့် စစ်သည်တော်များက မြားများဖြင့် အဘိုးအို၏မိသားစုကို ချိန်ရွယ်လိုက်သည်။

“မင်းမှာ စွမ်းရည်ရှိတယ်ဆိုရင် ကျုပ်အလောင်းကို ကျော်သွားလိုက်။ ဘာပဲဖြစ်ဖြစ် ဒီအဘိုးကြီးရဲ့ မိသားစုက မင်းကြောင့် ပျက်စီးနေပြီပဲ။ ကျုပ်ရဲ့ အလောင်းကိုသာ ကျော်သွားလိုက်တော့။”

ပြီးနောက် ရှမ့်လန်၏မြင်းက အဘိုးအိုကို အမှန်တကယ်ပင် ကျော်သွားခဲ့၏။ စစ်သည်တစ်ဦးက ရှေ့သို့ တိုးလာခဲ့ပြီး အဘိုးအို၏ လည်ပင်းကို ဆုပ်ကိုင်ကာ လမ်းဘေးသို့ လှမ်းပစ်၏။

“ဓားတွေကို ထုတ်ထားကြ။ လက်နက်တွေကို အသင့်ပြင်ထားကြ။” ရှမ့်လန်၏ အမိန့်ပေးသံအဆုံးမှာတော့ မြို့စောင့်တပ်သား တစ်သောင်းတို့က ဓားနှင့် လက်နက်များကို ထုတ်၏။ သတ်ဖြတ်လိုသော အငွေ့အသက်များက တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။

“စစ်သည်တွေရဲ့ ဆယ်ပေ အကွာအဝေးအတွင်း ဘယ်သူမှ မလာနဲ့။ လာရဲတဲ့လူ ဘယ်သူမဆို သတ်ပစ်မယ်” ရှမ့်လန်၏ အမိန့်အရ မြို့စောင့်တပ်သား တစ်သောင်းတို့က ချီတက်ရင်း ဓားများကို ဝှေ့ယမ်းကြ၏။ မျက်စိတမှိတ် အတွင်း သူတို့၏ ပတ်ဝန်းကျင်ရှိ ဒုက္ခသည်များက နောက်ဆုတ်သွားခဲ့၏။ ထိုအချိန်မှာတော့ မြို့စောင့်တပ်သား တစ်သောင်းတို့က အတားအဆီးမရှိ ဆက်လက် ချီတက်နိုင်ပေတော့မည်။

သို့သော်ငြား ဒုက္ခသည်များ၏ စိတ်နှလုံးထဲတွင် ရှမ့်လန်၏ ဂုဏ်သိက္ခာက လုံးဝ ပျက်စီးသွားပြီဖြစ်၏။ မကြာမီ အတောအတွင်း ဤလူများက သူ့ကို ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်သည့် ရာဇဝတ်ကောင်ကြီးကဲ့သို့ပင် ကောလဟလများ ဖြန့်ကြပေတော့မည်။

……………..

ရက်အနည်းငယ် ကြာပြီးနောက် ကျင်းမင်းသား၏ စစ်တပ်များက နန်အိုနိုင်ငံ၏ မြို့တော်ဆီသို့ ပြန်လည် ရောက်ရှိလာ၏။ ဆွေးနွေးမှု ပျက်သွားကြောင်း သတင်းပို့၏။

ကျင်းမင်းသားက အမိန့်ချလိုက်၏။ စစ်သည်များက ရွှဲ့ပြည်နယ်ကို တိုက်ခိုက်ရမည်။ အင်အားတစ်သိန်း ရှိသည့် တပ်မကြီးက ကျားတစ်ကောင်ကဲ့သို့ပင် မြောက်ဘက် ပိုင်းသို့ ဦးတည် ချီတက်လာ၏။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းက လေဆင်နှာမောင်း တိုက်ခတ်သွားသကဲ့သို့ပင် အားလုံး ပျက်စီးကုန်၏။ ထျန်းနန်စီရင်စု တစ်ခုလုံးက ကာကွယ်သူ မဲ့လို့နေသည်။

နန်းကုန်းအိုက အရှေ့ဘက်မှ မြောက်ဘက်သို့ ချီတက်ပြီး စုနန်က အနောက်ဘက်မှ မြောက်ဘက်သို့ ချီတက်၏။ ရွှဲ့ပြည်နယ်ရှိ မြို့အားလုံးတို့က သူတို့ကို မြင်သည်နှင့် လက်နက်ချ အရှုံးပေး၏။ ဝူအန်းခရိုင် ကျရှုံး၏။ နင်ရွှေခရိုင် ကျရှုံး၏။ ရန်ဝူခရိုင် ကျရှုံး၏။

ပထမလ၏ ၁၉ ရက်နေ့၊ စုနန်၏ အင်အား ငါးသောင်းရှိသည့် တပ်မတော်က ထျန်းနန်စီရင်စု၏ မြို့တော်ဖြစ်သည့် ထျန်းနန်မြို့ကို ဝန်းရံလိုက်၏။ ဤသည်က မြို့တော်၏ တတိယအကြီးဆုံး မြို့ဖြစ်ပြီး ပြည်သူ သိန်းပေါင်းများစွာ ရှိသည်။

အတိုင်ပင်ခံ ယန်ဝူကျိက မြို့ကိုကာကွယ်ရန် စစ်သည်နှစ်သောင်းကို စုစည်းထား၏။ နေ့ဝက်ပင် မကြာလိုက်ချေ။ စစ်သည် နှစ်သောင်းလုံးက အလုံးစုံ ချေမှုန်းခြင်းကို ခံလိုက်ရ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် တစ်နာရီခန့်သာ ကြာမြင့်၏။ ထျန်းနန်စီရင်စုက ကျရှုံးသွားခဲ့၏။ စစ်တပ်ကြီးနှစ်ခုက ပြိုင်ဆိုင်သည့် အချိန်တွင် တွန်းလှန် မရနိုင်သည့် အင်အားဖြင့် တိုက်ခိုက်ကြသောကြောင့်ပင်။

ပထမလ၏ ၂၀ ရက်နေ့ နုကျန့်ခရိုင် ကျရှုံးသွား၏။ မှန်ပေ၏။ ရှမ့်လန်မိသားစု နေထိုင်ရာ နုကျန့်ခရိုင်ပင်။

ပထမလ၏ ၂၃ ရက်နေ့တွင် ကျင်းအန်ခရိုင်၊ ပထမလ၏ ၂၅ ရက်နေ့တွင် ပိုင်နန်ခရိုင်ဖြစ်၏။

ဒုတိယလ၏ ၂ ရက်မြောက်နေ့၊ နဂါးဦးခေါင်းထောင်သောနေ့ ထျန်းနန်စီရင်စုတစ်ခုလုံး ကျရှုံးခဲ့ပြီဖြစ်၏။ မြောက်ဘက်ဆုံးရှိ ရန်ကော့ခရိုင်မှလွဲ၍ အကုန်ကျရှုံးသွားခဲ့သည်။

လဝက်နီးပါးကြာသည့်အချိန်တွင် ကျင်းမင်းသား၏ စစ်သည်များက ထျန်းနန်စီရင်စု၏ ခရိုင် ၁၂ ခုကို သိမ်းပိုက်လိုက်၏။ ရွှဲ့ပြည်နယ်၏လေးပုံတစ်ပုံ ဆုံးရှုံးသွား၏။ ကျင်းမင်းသား၏ အင်အားတစ်သိန်းရှိသည့် စစ်သည်များက လမ်းတလျှောက်တွင် မည်သည့် ခုခံမှုကိုမှ မကြုံတွေ့ခဲ့ရချေ။

ထျန်းနန်မြို့မှ စစ်သည်နှစ်သောင်းတို့က ခုခံခဲ့သော်လည်း ထိုအရာက ဟန်ပြလောက်သာ အပြတ်အသတ် သတ်ဖြတ်နိုင်ခဲ့၏။ သန်းပေါင်းများစွာသော ဒုက္ခသည်များက ထျန်းရွှဲ့စီရင်စုဆီသို့ ဦးတည်ပြေး၏။ သို့သော်ငြား ရွှဲ့ပြည်နယ်မှ ဒုက္ခသည်များက သွားစရာ မြေမရှိချေ။

ဒုတိယလ၏ ၂ ရက်မြောက်နေ့၊ နောက်ထပ် စစ်ပွဲတစ်ခု ဖြစ်ပွားလာခဲ့၏။

ချောင်ပြည်နယ်၏ အင်အားသုံးသိန်း ရှိသည့် တပ်မကြီးက အရှေ့ဘက်မှ ချီတက်လာ၏။ ချောင်ပြည်နယ်၏ အိမ်ရှေ့စံမင်းသားက စစ်သေနာပတိချုပ် ဖြစ်ခဲ့၏။ ဤစစ်ပွဲကို လက်တုံ့ပြန်သည့် စစ်ပွဲဟု ရှုမြင်ကြ၏။ အင်အားသုံးသိန်းရှိသည့် တပ်မကြီးက တွန်းလှန်၍ မရနိုင်အောင် စွမ်းအားကြီးမားပေလိမ့်မည်။

တိုတောင်းသည့် သုံးရက်အတွင်းမှာပဲ ရွှဲ့ပြည်နယ်၏ အနောက်ဘက် မိုင်ငါးဆယ်နီးပါးက ဆုံးရှုံးသွားခဲ့၏။ ကျုံးယောင်က သူ့တွင်ရှိသည့် အင်အား တစ်သိန်းနှစ်သောင်းဖြင့် အစွမ်းကုန် ကြိုးစားသော်လည်း မိုင်ရာချီ ရှည်လျားသည့် နယ်စပ်ကို တောင့်ခံထားနိုင်လိမ့်မည် မဟုတ်ချေ။ အနည်းငယ်လောက် ခုခံကာကွယ်ပြီးနောက် ကျုံးယောင်က ရှေ့တန်းခံစပ်အားလုံးကို စွန့်လွှတ်ရန် အမိန့်ပေးခဲ့ရ၏။

နှစ်ဖက်စစ်အင်အား ကွာခြားမှုက တကယ့်ကို ကြီးမား၏။ သူတို့က လူအင်အား တစ်သိန်းနှစ်သောင်းသာလျှင် ရှိ၏။ အကယ်၍ သူ၏တပ်များကို ရှေ့တန်းခံတပ်နေရာတွင် ခွဲဖြန့်လိုက်သည် ဆိုပါက တပ်သား ခြောက်သောင်းပင် ပြည့်တော့မည် မဟုတ်ချေ။ မည်သို့ တိုက်ခိုက်ရမည်နည်း။ ထို့အပြင် ချောင်စစ်တပ်က ရူးသွပ်နေသကဲ့သို့ဖြစ်ပြီး စိတ်ဓာတ်ရေးရာက မြင့်တက်နေ၏။ လက်တုံ့ပြန်သည့် စစ်ပွဲ၊ တကယ့်ကို ကြမ်းတမ်း လွန်း၏။

ရှေ့တန်းခံတပ်ကို စွန့်လွှတ်ပြီးနောက် အင်အား တစ်သိန်းနှစ်သောင်းရှိသည့် စစ်သည်များက ထျန်းနန်မြို့တွင် ခံစစ်ပြင်ကြ၏။ ကျုံးမိသားစု၏ ဌာနချုပ်၊ ရွှဲ့ပြည်နယ်၏ စတုတ္ထ အကြီးမားဆုံးမြို့နှင့် ထျန်းနန်စီရင်စု၏ တကယ့်မြို့တော် ထျန်းနန်မြို့။ အကယ်၍ ဤမြို့သာ ကျရှုံးသွားပါက ထျန်းနန်စီရင်စု တစ်ခုလုံး ကျရှုံးသွားသည်ဟု အဓိပ္ပာယ်ပေါ်မည်။

ကျုံးယောင်၏ စစ်သည်များက ထျန်းနန်မြို့ခံစစ်စည်းသို့ ပြန်လည် ဆုတ်ခွာလာခဲ့ကြသည်။

ချောင်ပြည်နယ်၏ တပ်မတော်က ဒါဇင်နှင့်ချီသည့် ခရီးကို စတင်ချီတက်လာခဲ့ကြပြီဖြစ်၏။ ထျန်းနန်မြို့ကြီး တစ်ခုလုံးကို ကျရှုံးသွားခဲ့ရ၏။ မြို့တစ်မြို့ပြီး တစ်မြို့ လက်လွတ်ဆုံးရှုံးရ၏။ ခရိုင် တစ်ခုပြီး တစ်ခုက ရန်သူ၏လက်သို့ ပါသွားခဲ့၏။

ဖေဖော်ဝါရီလ ၉ ရက် - ရွှဲ့ပြည်နယ်၏ အနောက်ဘက်နယ်စပ်ရှိ ခရိုင် ၄ ခုနှင့် မြို့ပေါင်း ၂၃ မြို့က လုံးဝဥသုံ ကျဆုံးသွားခဲ့၏။ ချောင်ပြည်နယ်၏ အင်အား ၃ သိန်းကျော်သည့် စစ်သည်များက ကြီးကျယ်ခမ်းနားမှု များနှင့်အတူ ရန်သူကို အသေသတ်လိုသည့် စိတ်အာသီသများနှင့် အရာအားလုံးကို ဖျက်ဆီး သတ်ဖြတ်ကြသည်။

ထျန်းနန်စီရင်စု

မင်းကြီးပျံ့ရှောင်း၌ ယန်ကျိုးကို ကာကွယ်စောင့်ရှောက်ရန် အင်အား တစ်သိန်းရှိသည့် တပ်မတော်ကြီး ရှိ၏။ သို့သော်ငြား ထျန်းနန်စီရင်စု၏ အုပ်ချုပ်ရေးမှူးနင်ချီ၌မူ စစ်သည်အင်အား ၃ သောင်းသာလျှင် ရှိ၏။ သူက လီပေါင်း ထောင်ကျော်ရှည်လျားသည့် နယ်စပ်မျဉ်းကို ကာကွယ်ရပေလိမ့်မည်။

ထျန်းနန်စီရင်စုနှင့် ထျန်းဖေးစီရင်စု နှစ်ခုလုံးက ရှည်လျားပြီး ကျဉ်းမြောင်းသည့် ပထဝီအနေအထားရှိ၏။ ဝူပြည်နယ်နှင့် ချောင်ပြည်နယ်တို့၏ကြားတွင် နယ်စပ်စည်းက ရှည်လျားလွန်းသောကြောင့် လူတို့ကို စိတ်ပျက် အားငယ်ရစေ၏။ နင်ချီတွင် စစ်သည်အင်အား ၃ သောင်းသာရှိ၏။ ထိုအင်အားကို ငရုတ်ကောင်းမှုန့်ကဲ့သို့ ဖြူးလိုက်လျှင်ပင် လီပေါင်းထောင်ကျော်ရှိသည့် နယ်စပ်မျဉ်းကို လုံလောက်အောင် ဖြန့်ကျက် ကာကွယ် နိုင်လိမ့်မည် မဟုတ်ချေ။

ထိုအချိန်၌ မင်းကြီးပျံ့ရှောင်းက ယန်ကျိုးအုပ်ချုပ်ရေးမှူး ကျန်းချုံးအား စစ်သည်အင်အား သုံးသောင်းကို ဦးစီးပြီး နင်ချီအား စစ်ကူပေးရန်နှင့် ထျန်းနန်စီရင်စုကို ကာကွယ်ရန် အမိန့်ပေးလိုက်၏။ နင်ချီက ဝမ်းသာလွန်းသောကြောင့် ခြေဗလာနှင့်ပင် ပြေးလွှားထွက်ကာ ကြိုမိသည်အထိ ဖြစ်ခဲ့၏။ ပျံ့ရှောင်းနှင့် ကျန်းချုံးတို့၏ လုပ်ရပ်က အမှန်တကယ်ပင် အချိန်ကိုက် ကူညီခြင်းပင်။

သို့သော်ငြား ဝူဘုရင်အနေနှင့် ကတိတည်ပါစေကြောင်း ၊ တပ်တော်ကို ဦးစီး၍ တောင်ဘက်သို့ စစ်ချီ မလာစေရန်နှင့် ရွှဲ့ပြည်နယ်ကိုချေမှုန်းမည့် မဟာမိတ်ဖွဲ့သို့ မဝင်စေရန် သူတို့က ဆုတောင်းရုံမှအပ တခြားမရှိချေ။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက သံတမန်ရေးရာ ကြိုးပမ်းမှုများကို အစွမ်းကုန် ပြုလုပ်လျက်ရှိ၏။ သူက ဝူပြည်နယ်သို့ သံတမန်အဖွဲ့ပေါင်းများကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ စေလွှတ်၏။ သို့သော်ငြား ဝူဘုရင်က တွေ့ဆုံရန် ငြင်းဆိုခဲ့၏။ အခြေအနေများက အဆိုးဆုံးသို့ ဦးတည်နေ၏။

ဝူဘုရင်က သူ၏တပ်တော်ကို စတင်ကာ စုရုံး၏။ ထိုအရာက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စုဖွဲ့သည့် တပ်တော်ကြီး ဖြစ်ပေ၏။ တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း။

ဤကဲ့သို့ တစ်သက်တွင် တစ်ခါရနိုင်သည့် အခွင့်အရေးကို မည်သို့မှ လက်လွတ်ခံလိမ့်မည် မဟုတ်ချေ။ သူက တစ်ခါအရှက်ရခဲ့ဖူးသည်ကို လက်စားချေလို၏။ လွန်ခဲ့သည့် နှစ် ၂၀ က ရှုံးနိမ့်ခဲ့ရသည့် အရှက်တရား၊ လွန်ခဲ့သည့် ၂ နှစ်က ရှုံးနိမ့်ခဲ့ရသည့် အရှက်တရား။ သို့သော်ငြား ယခုအချိန်တွင် သူက ကိုယ်တိုင်ဦးစီး၍ စစ်ချီမည်တော့ မဟုတ်ချေ။

တောင်ဘက်သို့ စစ်ဆင်မည်ဖြစ်ကြောင်း တရားဝင် ကြေညာခြင်း မရှိသေးသော်လည်း ဝူကျိက တောင်ဘက် စစ်ဆင်ရေး၏ စစ်သေနာပတိချုပ် ဖြစ်လာမည်ဟု ကောလာဟလများ ထွက်ပေါ်နေ၏။

တပ်တော်ကိုလည်း လမ်းကြောင်းနှစ်ခု ခွဲ၍ ချီတက်စေမည်ဖြစ်ပြီး တစ်လမ်းက ယန်ကျိုးဖြစ်ကာ အခြားတစ်ဖက်က ထျန်းဖေးစီရင်စု ဖြစ်၏။

..................

အပိုင်း (၆၅၈)

လွန်ခဲ့သော တစ်လခန့်က စတင်ခဲ့ခြင်းဖြစ်၏။ ဆိုးဝါးသည့် သတင်းဆိုးများက တစ်ခုပြီးတစ်ခု ဆက်တိုက် ဆိုသလို ရောက်ရှိလာ၏။ နန်းမြို့တော်မှ ပြည်သူများက အစပိုင်းတွင် တုန်လှုပ်ခြောက်ခြားခဲ့ကြသော်လည်း နောက်ပိုင်းမှာတော့ ထုံထိုင်းသွားခဲ့ကြပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နေရာတိုင်းတွင် သတင်းဆိုးများနှင့် ပြည့်နှက်နေသောကြောင့်ပင်။

ခရိုင် တစ်ခုပြီးတစ်ခုက ရန်သူ၏ လက်အောက်သို့ ကျရောက်သွားခဲ့၏။ အစပိုင်းက ထွက်ပြေး တိမ်းရှောင်လိုသူများ ရှိခဲ့၏။ သို့သော်ငြား ထွက်ပြေးစရာ မြေမရှိတော့ကြောင်း သူတို့က သိရှိလိုက်ရ၏။ ရွှဲ့ပြည်နယ်တစ်ခုလုံးက စစ်မြေပြင် ဖြစ်နေ၏။ သွားစရာလမ်းဟူ၍ မရှိတော့ချေ။ နန်းမြို့တော်ကသာလျှင် အလုံခြုံဆုံးဖြစ်၏။

ထိုအချိန်မှာတော့ နန်းမြို့တော်ကြီးက ထူးဆန်းအံ့ဩဖွယ်ရာကောင်းသည့် စည်ကားသိုက်မြိုက်မှုမျိုးသို့ ကျရောက်သွားခဲ့၏။ ဤအခြေအနေက တိုင်းပြည်မပျက်သုဉ်းခင် နောက်ဆုံးအချိန် ပျော်ပါးရမည့် အခြေအနေမျိုးကဲ့သို့ပင်။

ဆောင်ကြာမြိုင်တိုင်းတွင် လူများနှင့် ပြည့်နှက်နေ၏။ တိုင်းပြည်ပျက်မည့် အခြေအနေတွင် အရာအားလုံးက အဓိပ္ပာယ် မရှိတော့ဟု ယူဆကြ၏။ ငွေကြေးများကို သိမ်းဆည်းထားရုံနှင့် ဘာအကျိုးရှိတော့မည်နည်း။ ထို့ကြောင့် ထွက်ပေါက်ရှာရန် ကြိုးစားကြသည်။

ချောင်ပြည်နယ်ကို အားကိုးကြမည်လား၊ ဝူပြည်နယ်ကို အားကိုးမည်လား။ သို့မဟုတ် ကျင်းမင်းသားထံ ခိုလှုံကြမည်လား။

ဘုရင်မင်းမြတ်က ညီလာခံဝင်ရန်ပင် စိတ်မရှိချေ။ အဘယ်ကြောင့်ဆိုသော် နေအိမ်တွင် နေမကောင်းဟု အကြောင်းပြကာဖြင့် ခွင့်ယူထားသည့် အမတ်များက ပိုပိုက များပြားလာသောကြောင့်ပင်။ လက်ရှိအခြေအနေ မှာတော့ ညီလာခံကျင်းပခြင်းက မည်သည့်အဓိပ္ပာယ်မှ မရှိတော့ပေ။ တိုင်းရေးပြည်ရာ ကိစ္စအဝဝကို ဘုရင်မင်းမြတ်၊ အတွင်းဝန်ရုံးနှင့် စစ်ရေးဗျူရိုတို့ကသာ ဆုံးဖြတ်ကြ၏။

အနည်းဆုံး ဤအချိန်တွင် စစ်ရေးဗျူရိုနှင့် အတွင်းဝန်ရုံးတို့က ညီညွတ်နေကြသေး၏။ ကျူးဟုန်ကျူး၊ ကျုံးအီ သို့မဟုတ် နင်ချီ မည်သူပင်ဖြစ်စေ အားလုံးက ဂိုဏ်းဂဏတိုက်ပွဲများကို စွန့်လွှတ်ကာ တိုင်းပြည်ကို ထောက်ပံ့ရန် ကြိုးစားလုပ်ကိုင်နေကြ၏။ အတွင်းဝန်ရုံးနှင့် စစ်ရေးဗျူရိုအဖွဲ့ဝင်တို့က နေ့တိုင်း အိမ်မပြန်နိုင်ကြချေ။ သူတို့က နေ့နေ့ညည အလုပ်လုပ်နေကြပြီး ပင်ပန်းနွမ်းနယ်လွန်းသည့်အချိန်တွင် အိပ်ပျော်ကြသည်။

စိတ်ပျက်အားငယ်မှုများနှင့် ပတ်သက်လျှင် သူတို့က စိတ်အပျက်ဆုံးလူများ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် အတွင်းဝန်ရုံးနှင့် စစ်ရေးဗျူရိုနှစ်ခုလုံးတွင် ရွှဲ့ပြည်နယ်၏မြေပုံရှိနေသောကြောင့်ပင်။ ခရိုင်တစ်ခု ကျဆုံးသွားတိုင်း သူတို့က ထိုနေရာကို အနီရောင်ခြယ်သ၏။ ရွှဲ့ပြည်နယ်နယ်မြေ၏ ၃ ပုံ ၁ ပုံက ဆုံးရှုံးသွားခဲ့၏။

.....................

လက်ရှိအခြေအနေမှာတော့ ပြည်သူများက ရှမ့်လန်ကို ဂရုမစိုက်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ရွှဲ့ပြည်နယ်သားတို့၏ မျက်လုံးထဲတွင် ရှမ့်လန်၏ အင်အားတစ်သောင်းမျှသာရှိသည့် တပ်ဖွဲ့က မပြောပ လောက်အောင် သေးငယ်လွန်းသောကြောင့်ပင်။

လူတိုင်း၏ မျက်လုံးများက အနောက်ဘက်နှင့် မြောက်ဘက်သို့သာ စူးစိုက်ကြည့်နေ၏။ ချောင်ပြည်နယ်၏ အင်အား သုံးသိန်းရှိသည့်တပ်နှင့် ကျုံးယောင်၏ အင်အား ၁ သိန်း ၂ သောင်းရှိသည့် တပ်တို့၏ အဆုံးအဖြတ် တိုက်ပွဲကသာ အဓိက အာရုံစိုက်စရာ ဖြစ်သည်။

ဝူဘုရင်၏ တပ်တော်က မည်သည့်အချိန်တွင် တောင်ဘက်သို့ ချီတက်လာခဲ့ပြီး ရွှဲ့ပြည်နယ်ကို တရားဝင် စစ်ကြေညာမည်နည်း။ ဤအရာကလည်း အဓိကအချက်ဖြစ်၏။

ကျင်းမင်းသား၏ တပ်များ မြို့တော်ကို လာရောက်တိုက်ခိုက်လာတော့မည်လား။ ဤအံ့အားသင့်စရာ အချက်ကြီး ၃ ချက်တွင် မည်သည့်အချက်ပင်ဖြစ်စေ တိုင်းပြည်ပျက်သုဉ်းမည့် အရာပင်။

ကျုံးယောင်ကာကွယ်သည့် ကျန်းရှစ်မြို့ကျဆုံးခြင်းက အနောက်ဘက်ဒေသနှင့် တိုင်းပြည်တစ်ခုလုံးကို ကျဆုံးခြင်းပင်။ အကယ်၍ ဝူဘုရင်၏ အင်အား ၃ သိန်းရှိသည့် တပ်ကသာ ရွှဲ့ပြည်နယ်ကို တိုက်ခိုက်လာပါက ယန်ကျိုးဒေသက ခံနိုင်ရည်ရှိကောင်း ရှိမည်ဖြစ်သော်လည်း ထျန်းဖေးစီရင်စုမာှတော့ ကာကွယ်ရန် ခက်ခဲသည်။ လီပေါင်း တစ်ထောင်ကျော် ရှည်လျားသည့် နယ်စပ်မျဉ်းဖြစ်လေရာ တိုင်းပြည်ပျက်သုဉ်းခြင်းဆီသို့ လွယ်လွယ်ကူကူဖြင့် ဦးတည်နိုင်၏။

အကယ်၍ ကျင်းမင်းသား၏ အင်အား တစ်သိန်းရှိသော စစ်တပ်ကသာ ရွှဲ့ပြည်နယ်၏ မြို့တော်ကို တိုက်ခိုက် လာပါက သူတို့ ကာကွယ်နိုင်ပါမည်လား။ သူတို့ မကာကွယ်နိုင်ချေ။ ဤအချိန်မှာတော့ နန်းမြို့တော်၌ မြို့စောင့်တပ် တစ်သောင်းနှင့် နန်းတွင်း သက်တော်စောင့်တပ် တစ်သောင်းခွဲသာလျှင် ကျန်၏။ သိန်းချီသည့် ကျင်းမင်းသား၏ စစ်တပ်များကို သူတို့ မည်သို့ ခုခံရမည်နည်း။

ကျင်းမင်းသား၏ တပ်များကလည်း တဖြည်းဖြည်း ထပ်မံကာ အင်အားတိုးပွားလာခဲ့၏။ နေ့စဉ်နှင့်အမျှ အင်အား တိုးပွားနေခြင်းပင်။ လူတိုင်းက ကျင်းမင်းသား နန်းမြို့တော်ကို တိုက်ခိုက်မည့်သတင်းကို စောင့်မျှော်နေ၏။ ထိုအချိန်ရောက်လျှင် တိုင်းပြည်ပျက်သုဉ်းပြီဟု တရားဝင်ကြေညာနိုင်ပေလိမ့်မည်။ ထိုနေ့မရောက်မချင်း လူတိုင်းက အစွမ်းကုန် ပျော်ပါးနေသင့်၏။

ရှမ့်လန်ကို အပြစ်ပေးရမည်လား။ အပြစ်တင်ရမည်လား။ တိုင်းပြည်ဖျက်ဆီးသူ တရားခံအဖြစ် စွပ်စွဲကြမည်လား။ ကနဦးမှာတော့ လူပေါင်းများစွာတို့က သူ့ကို ဆဲဆိုခဲ့၏။ သို့ပေမယ့် တဖြည်းဖြည်းနှင့် မည်သူမှ မဆဲတော့ချေ။ ဒေါသထွက်နေသည့်အချိန်တွင် ဆဲဆိုကြသည်ဆိုသော်လည်း စိတ်ပျက်အားငယ်သွားသည့် အချိန်မှာတော့ ဆဲဆိုရန် စိတ်မပါကြတော့ပေ။

.......................

သို့သော်ငြား ကျင်းမင်းသား၏ စစ်တပ်ကြီးက ရပ်တန့်သွားပုံရ၏။ ထျန်းနန်စီရင်စုတစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် သူ၏တပ်ကြီးနှစ်တပ်က ပြန်လည်စုဖွဲ့မှုများကို ပြုလုပ်လာ၏။ ရန်ကော့မြို့သာ ကျန်ရှိသော်လည်း သူတို့က ထိုနေရာကို မတိုက်ခိုက်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်လအနည်းငယ်က ရှမ့်လန်က ထျန်းနန်စီရင်စုတစ်ခုလုံး ကျဆုံးမည့် အရေးကို ကြိုတင်ခန့်မှန်းခဲ့ပြီး ပြတ်သားစွာပင် ရန်ကော့မြို့ကို အရှုံးရပ်တန့်မည့် မဟာဗျူဟာမြောက်သည့် နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့၏။

ရှမ့်လန်၏ မြို့စောင့်တပ်များ ရန်ကော့မြို့သို့ မဝင်ရောက်ခင်တွင် ကျင်းမင်းသားက ရှမ့်လန်အနေနှင့် ရန်ကော့ခရိုင်ကို ကာကွယ်လိုကြောင်း ကောက်ချက်ချထား၏။ သာမန်လူများအနေနှင့် ရှမ့်လန်က နုကျန့်ခရိုင်တွင် သူ၏နေအိမ်ရှိသောကြောင့် ဤနေရာကို ကာကွယ်လိမ့်မည်ဟု ထင်ကြပေလိမ့်မည်။

သို့သော်ငြား ကျင်းမင်းသားက ဤရန်ကော့မြို့က ထျန်းရွှဲ့၊ ထျန်းနန်၊ ကျန်းရှစ်ပြည်နယ်များကြား အချက်အချာအဖြစ် တည်ရှိနေကြောင်း တစ်ချက်ကြည့်ရုံနှင့် သိ၏။ မည်သည့်ပညာရှိ၊ စစ်သူကြီးကမဆို အရှုံးရပ်တန့်မည့် ဗျူဟာအမှတ်ကို ဤနေရာတွင် စိုက်ထူပေလိမ့်မည်။

ပထမလ ၂၅ ရက်နေ့မှာတော့ နင်ကျန်းနှင့် ရှမ့်လန်တို့က မြို့စောင့်တပ် တစ်သောင်းကို ဦးဆောင်ပြီး ရန်ကော့မြို့ထဲသို့ ဝင်ရောက်ခဲ့၏။ တောင်ပိုင်း စစ်သူကြီးစံအိမ်တော်ကို တရားဝင် တည်ထောင်လိုက်သည်။

...............

အကယ်၍ မြေပုံကို အဆပေါင်းများစွာ ချဲ့ကာ ကြည့်ရှုပါက ထျန်းနန်စီရင်စုတွင် မကျဆုံးသေးသည့် ထောင့်ကျဉ်းနေရာလေးများ ရှိနေကြောင်း တွေ့ရပေလိမ့်မည်။ ရွှမ်ဝူနယ်စားအိမ်တော် ဤအရာက သေးငယ်လွန်း လှသဖြင့် မြေပုံပေါ်တွင် မမြင်ရသလောက်ပင် အစက်ကလေးတစ်စက်ပမာ ရှိ၏။ ရွှမ်ဝူမြို့က ကျရှုံးသွားခဲ့ပြီး ဖြစ်၏။ ရွှမ်ဝူနယ်စားအိမ်တော်နှင့် ပတ်ဝန်းကျင်ရှိ စတုရန်းကီလိုမီတာ ရာဂဏန်းမျှသည့် မြေပိုင်နက်ကတော့ မကျရှုံးသေးဘဲ ကျန်ရစ်ခဲ့၏။

ရှစ်ချင်းချင်း ခဗျာမှာတော့ ကူကယ်ရာမဲ့လျက် ရှိနေ၏။ သူမက ၂ နှစ်တာ ကြိုးစားရုန်းကန်ခဲ့ပြီး နောက်ဆုံး ပြန်လည်ဦးမော့လာနိုင်သည့် အချိန်ကျမှ ဘာမှမကျန်သလောက်နီးပါး ဒုက္ခရောက်ခဲ့၏။ အလုပ်ရုံများ၊ ပိုးစာခင်းများ အားလုံးကို စွန့်လွှတ်ခဲ့၏။ သူမက လူပေါင်းရာချီကို ခေါ်ဆောင်ပြီး ရွှမ်ဝူ နယ်စားအိမ်တော်ဆီသို့ ဆုတ်ခွာခဲ့ရ၏။ ထိုအချိန်မှာတော့ သူမက စကားတစ်ခွန်းကိုသာ ပြောနိုင်သည်။ “သောက်ကျိုးနည်း လောကဓံ...”

ပထမလ ၂၆ ရက်နေ့ - ရွှမ်ဝူနယ်စားအိမ်တော်၌ ဆိုင်းဘုတ်တစ်ခု ပေါ်လာခဲ့၏။

“ထျန်းနန်အုပ်ချုပ်ရေးမှူး အိမ်တော်”

နယ်စားကြီးကျင်းကျိုးက ထျန်းနန်စီရင်စု၏ အုပ်ချုပ်ရေးမှူးအဖြစ် တရားဝင် ဖြစ်လာခဲ့၏။ ဤအရာက သူ့အတွက် မတရားမှုပင်။ ကျင်းကျိုးက ဂုဏ်သရေရှိ နယ်စားကြီးတစ်ပါး ဖြစ်၏။ အကယ်၍ သူသာ နန်းတော်သို့ ဝင်ရောက်ပါက အတွင်းဝန်ရုံး သို့မဟုတ် စစ်ရေးဗျူရိုတွင် နေရာတစ်ခု ရရှိပေလိမ့်မည်။

..............

မကြာခင်မှာပဲ ကျင်းမင်းသား၏ စစ်ဆင်ရေး ဦးတည်ချက်က ရှင်းလင်းသွားခဲ့၏။ စုနန်နှင့် နန်းကုန်းအိုတို့က တပ်တော်နှစ်ခုကို ပြန်လည်စုဖွဲ့မှု စတင်၏။ စုနန်၏ အင်အား ၆ သောင်းပါသော တပ်တော်က ရန်ကော့မြို့ကို တိုက်ခိုက်၏။ နန်းကုန်းအို၏ အင်အား ၅ သောင်းပါသော တပ်တော်က ရွှမ်ဝူနယ်စားအိမ်တော်ကို တိုက်ခိုက်၏။

“ကောင်းကင်ဘုံ...”

ရွှမ်ဝူနယ်စားအိမ်တော်ကို တိုက်ခိုက်ရန် စစ်သည်အင်အား ၅ သောင်းကို အသုံးပြုသည်လား။ ထိုမျှများပြားသည့် စစ်သည်များကို နေရာချရန် နေရာပင်လောက်လိမ့်မည် မဟုတ်ချေ။ ရွှမ်ဝူနယ်စား အိမ်တော်က ဧကတစ်ထောင် ရှိသောကြောင့် အလွန် ကြီးမားသည်ဟု ထင်ရ၏။ သို့သော်ငြား အင်အား ငါးသောင်းကျော်ကို မည်သည့်နေရာ အသုံးပြုမည်နည်း။

ရွှမ်ဝူနယ်စားအိမ်တော်တွင် စစ်သည်အင်အား မည်မျှရှိသနည်း။ လောကရှိလူတိုင်းက အင်အား ၅ ထောင်ခန့် သို့မဟုတ် ထို့ထက်နည်းမည်ဟု ထင်မှတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကျင်းမိသားစုတွင် ကိုယ်ပိုင်တပ်သား ၆ ထောင်သာလျှင် ရှိပြီး ထိုအနက် ၃ ထောင်ကို နုရှောင့်မြို့ကို ကာကွယ်ရန် စေလွှတ်ထား၏။

အမှန်စင်စစ်အားဖြင့် ရွှမ်ဝူနယ်စားအိမ်တော်တွင် တပ်သား ၇ ထောင်ရှိ၏။ ကျင်းမိသားစု၏ ကိုယ်ပိုင်တပ်သား ၃ ထောင်ကျော်အပြင် ၃၈၀၀ သော ဒုတိယနိဗ္ဗာနတပ်တော် တည်ရှိနေပြီး ကျင်းမူလန်က ဤတပ်တော်၏ အဆင့်အမြင့်ဆုံးသော အုပ်ချုပ်သူပင်။

“ဝူး”

စစ်ပွဲ၏ ဦးချိုခရာသံမှုတ်လိုက်သည်နှင့်တပြိုင်နက် နန်းကုန်းအို၏ လက်အောက်ရှိ အင်အား ၅ သောင်း ပါသောတပ်ကြီးက ရွှမ်ဝူနယ်စားအိမ်တော်ဆီသို့ ခမ်းနားထည်ဝါစွာဖြင့် ချီတက်လာခဲ့၏။ တောတောင်များကြားမှတဆင့် ရဲတိုက်ကြီးကို ကြည့်ရင်း နန်းကုန်းအိုက ရင်ထဲတွင် ခံစားချက်များ ဖြစ်တည်လာခဲ့၏။

တစ်နေ့တွင် ဤရဲတိုက်ကြီးကို တိုက်ခိုက်ရန် သူက တပ်များကို ဦးဆောင်လာရလိမ့်မည်ဟု တွေးထင်ခဲ့ဖူး၏။ ထိုစဉ်က ရွှဲ့ပြည်နယ်တော်၏အလံအောက်တွင် ကျင်းမိသားစုကို နှိမ်နင်းရန် မူဝါဒအသစ်အတွက် လာရောက်ရမည်ဟု တွေးတောခဲ့ခြင်းပင်။ သို့သော်ငြား ယခု တာ့နန်နိုင်ငံ၏ လက်အောက်ရှိ စစ်သူကြီး တစ်ယောက်အနေနှင့် ကျင်းမိသားစုကို ဖျက်ဆီးရန် လာခဲ့ရ၏။ ကံတရားက တကယ်ပင် အားသင့်စရာ ကောင်းလှပေစွ။

‘နယ်စားကြီး ကျင်းကျိုး... ကျုပ် ခင်ဗျားကို တောင်းပန်ပါတယ်။ ခင်ဗျား ဘာကြောင့် နုရှောင့်မြို့ကို မဆုတ်ခွာရတာလဲ။ ဘာကြောင့် ရွှမ်ဝူနယ်စားအိမ်တော်ကို လက်လွတ်မခံရတာလဲ။ အခုတော့ ခင်ဗျားရဲ့ ဦးခေါင်းကို ယူဖို့ ကျုပ်ကို ဖိအားပေးသလို ဖြစ်နေပြီ။’

...............

စုနန်၏ အင်အား ၆ သောင်းပါသည့် တပ်တော်က မြောက်ဘက်ပိုင်းသို့ ချီတက်လာခဲ့ပြီး ရန်ကော့မြို့ကို ဝိုင်းရံပိတ်ဆို့ထား၏။ ရန်ကော့မြို့က နု့ကျန့်မြို့နှင့် အရွယ်အစား တူညီ၏။ မြို့ထဲတွင် လူဦးရေ ၇ သောင်းရှိပြီး နန်းမြို့ရိုးတစ်ခုလုံး၏ ပတ်ပတ်လည်က ၁၅ မိုင်ထက် မပိုချေ။ မြို့ရိုး၏ အမြင့်မှာ ၅ မီတာခန့်ရှိ၏။ မြို့ကြီးတစ်မြို့ဟု သတ်မှတ်၍ မရနိုင်ချေ။ ထို့ပြင် မြေပြင်အနေအထားက ညီညာပြန့်ပြူး၏။ ဤမြို့က နန်အိုမြို့တော်လောက် ခိုင်ခံ့ခိုင်မာခြင်း မရှိချေ။

ကျင်းမင်းသား၏ သဲကန္တာရ လူရိုင်းတပ်ဖွဲ့များက နန်အိုမြို့တော်ကို ပထမရက်မှာပင် ထိုးဖောက် ဝင်ရောက်လုနီးပါး တိုက်ခိုက်ခဲ့ဖူး၏။ ထိုအချိန်က နန်အိုမြို့တော်က ရွှဲ့ပြည်နယ်၏ အဓိကတပ်တော်နှင့် နန်အို၏ လက်အောက်ခံတပ်များ စုပေါင်းပြီး စစ်သည်အင်အား တစ်သိန်းကျော်တို့ဖြင့် မြို့တော်ကို ကာကွယ်ခဲ့ကြ၏။ ထိုစစ်သည်တစ်သိန်းက ရွှဲ့ပြည်နယ် နယ်ခြားစောင့်တပ်၏ အဓိက အင်အားစုများ ဖြစ်ပြီး ပထမတန်းစား လက်ရွေးစင်စစ်တပ်များ ဖြစ်၏။

ယခုအချိန်မှာတော့ နင်ကျန်းနှင့် ရှမ့်လန်တို့၏ လက်ထဲတွင် မြို့စောင့်တပ်က ၁ သောင်းသာ ရှိ၏။ ဒုတိယတန်းစား တပ်ဖွဲ့ပင်။ ရင်သဘမမဖြင့် ဆုံးဖြတ်ရန် ခက်သော တိုက်ပွဲမြို့မဟုတ်ဘဲ ရလဒ်သေချာနေသည့် တိုက်ပွဲတစ်ခု ဖြစ်၏။ မျှော်လင့်ချက်ကင်းမဲ့သည့် တိုက်ပွဲတစ်ခုပင်။

မြို့စောင့်တပ်သား တစ်သောင်းလုံးက ထိုကဲ့သို့ပင် တွေးတောကြ၏။ စိတ်ပျက်အားငယ်မှုများနှင့် သေခြင်းတရား၏ အရိပ်ငွေ့တို့က မြို့စောင့်တပ်သား တစ်သောင်း၏ ဦးခေါင်းထက်တွင် လွှမ်းခြုံနေသည်။

ရန်ကော့မြို့က ဟာလာဟင်းလင်း ဖြစ်လို့နေပြီး ပြည်သူများအားလုံးက ထွက်ပြေးသွား၏။ မြို့စောင့်တပ်သား ၁ သောင်းသာလျှင် ကျန်ရှိတော့၏။ သူတို့ သေကြပေတော့မည်။ သူတို့ ရှုံးနိမ့်ကြပေတော့မည်။ လူတိုင်း၏ အတွေးတွင် ဤအရာသာလျှင် ရှိ၏။

နာကျည်းမှု၏ လေ့ကျင့်ပေးမှုအပြီးမှာတော့ သူတို့၏ တိုက်ရည်ခိုက်ရည် စွမ်းရည်များက အလွန် တိုးတက်လာကြသည် မှန်သော်လည်း သူတို့က နိဗ္ဗာနတပ်သားများ မဟုတ်ကြချေ။ သူတို့က ကျူးလင်း၏ တပ်သားများလောက်ပင် စွမ်းဆောင်နိုင်ခြင်း မရှိကြပေ။ ကျူးလင်း၏ အင်အား တစ်သိန်းကျော်သည့် တပ်တော်ကပင်လျှင် သဲကန္တာရ လူရိုင်း ၃ သောင်း၊ ၄ သောင်းခန့်ကို မယှဉ်နိုင်ခဲ့ပေ။ သူတို့၏ မြို့စောင့်တပ် တစ်သောင်းက သဲကန္တာရလူရိုင်း ၆ သောင်းကျော်ကို တိုက်ခိုက်ရမည်တဲ့လား။

နာကျည်းမှုက ပြောလိုက်သည်။ “သခင်လေးရှမ့်... သခင်လေးရှမ့်ဆီမှာ မှော်ပစ္စည်းတွေ ရှိနေတယ် ဆိုရင်လည်း အမြန်ဆုံး ထုတ်ပေးပါတော့။ မဟုတ်ရင် ကျုပ်တို့ ဒီတိုက်ပွဲကို ရှုံးနိမ့်တော့မယ်။ မြို့စောင့်တပ်သား တစ်သောင်းရဲ့ စိတ်ဓာတ်က အောက်ဆုံးထိ ထိုးကျနေပြီ။ အကုန်လုံးက ပြိုလဲလုနီးပါး ဖြစ်နေပြီ။”

ရှမ့်လန်က ခေါင်းညိတ်၏။ ပြီးနောက် သူက ရုတ်တရက် သေတ္တာတစ်လုံးကို ထုတ်ယူကာ ဖွင့်၏။ “ဒါက ပင်လယ်ရပ်ခြား ရှေးဟောင်းအပျက်အစီးဆီက ရခဲ့တဲ့ ရွှေနဂါးသွေးတွေပဲ။ ဒါကို သောက်သုံးပြီးပြီဆိုရင် သွေးကြောတွေ ပြောင်းလဲသွားလိမ့်မယ်။ ပိုပြီးရဲရင့်လာလိမ့်မယ်။ အရာရာကို အနိုင်ယူနိုင်စွမ်း ရှိလာလိမ့်မယ်။ ဒီနေ့က ဒုတိယလ ၂ ရက်နေ့ ဖြစ်တယ်။ မြို့စောင့်တပ်သား ၁ သောင်းက ခေါင်းမော့ရင်ကော့နိုင်ကြတော့မယ်။ နဂါးခေါင်းက ကောင်းကင်ပေါ်ကို မော့နေပြီ။”

ရှမ့်လန်က ထိုအရာများကို အားဆေးအဖြစ် အသုံးပြုရန် စီစဉ်ခဲ့၏။ ဟုတ်ပေ၏။ မူလက ထိုအရာ ပြွန်ချောင်း နှစ်ထောင်သာ ရှိသော်လည်း ရှစ်ရာ ရောင်းချပြီးနောက် တစ်ထောင်ကျော် ကျန်ရှိနေ၏။ ပြီးနောက် ရှမ့်လန်က ထိုအရာများကို ရောစပ်ပြီး ပြွန်ချောင်း တစ်သောင်းဖြစ်အောင် ပြုလုပ်ခဲ့၏။ မြို့စောင့်တပ်သား တစ်သောင်းကို တစ်ယောက်လျှင် တစ်ချောင်းစီ ညီမျှစွာ ခွဲဝေပေးလိုက်၏။

နာကျည်းမှုက ကြောင်အမ်းအမ်း ဖြစ်သွား၏။ “သခင်လေး ဒီအရာက တကယ်ရော အသုံးဝင်ပါ့မလား”

........

ဤရွှေနဂါးသွေးက အစွမ်းထက်သည်လား။ သေချာပေါက် အစွမ်းထက်၏။ ထိုဆေးက ခေတ်သစ်လောကရှိ အထူးစိတ်ကြွဆေးများထက်ပင် အဆပေါင်းများစွာ ပိုမိုကာ အစွမ်းထက်သေး၏။ မဟုတ်ပါက ရှမ့်လန် အနေနှင့် ရွှေဒင်္ဂါး ငါးသန်းကို လိမ်ညာ လှည့်စားနိုင်လိမ့်မည် မဟုတ်ချေ။

အပျော်အပါးမက်သည့် လူငယ်များက ရှမ့်လန်၏ ရွှေနဂါးသွေးကို သောက်သုံးခဲ့ပြီးနောက် သူတို့၏ ခွန်အား၊ အရှိန်အဟုန်နှင့် စွမ်းအင်များအား သိသိသာသာ တိုးတက်လာခဲ့လေ၏။ လက်မောင်းအား ၁၀၀ ကတ်တီပင် မရှိသည့် အားနည်းလွန်းသည့် ကြက်ပေါက်ကဲ့သို့သော လူငယ်များက ကတ်တီ ၃၀၀ ကျော်အထိ ခွန်အား တိုးတက်သွားခဲ့သည်။

တကယ်တမ်းမှာတော့ ရှမ့်လန်က ဆေးကို အလွန်အကျွံ ရေရောထားသေး၏။ သို့သော်ငြား ကျန်ရှိနေသည့် ဖန်ပြွန်ပေါင်း တစ်ထောင်ကို ဖန်ပြွန်ပေါင်း တစ်သောင်းထိ ရေရောထားသောကြောင့် ပျမ်းမျှအားဖြင့် လူတစ်ဦးလျှင် တစ်ပြွန်၏ ခုနစ်ပုံတစ်ပုံပင် ပြည့်တော့မည် မဟုတ်ချေ။

“သူ့ကို ခေါ်ခဲ့တော့”

ရှမ့်လန်၏ အမိန့်ကို ကြားပြီးနောက် အမျိုးသမီး စစ်သည်တော် နှစ်ဦးတို့က မြို့စောင့် တပ်သားတစ်ဦးကို ဖမ်းချုပ်ကာ ခေါ်ဆောင်လာခဲ့လေ၏။ ထိုသူက ရုပ်ရည်ခန့်ညားသော်လည်း မျက်နှာက ဖြူဖျော့လျက်ရှိ၏။ တစ်ကိုယ်လုံးကလည်း တဆတ်ဆတ်နှင့် တုန်ယင်နေလေသည်။

မြေပေါ်တွင် ဒူးထောက်ကာဖြင့် ဦးညွတ်ကာ တောင်းပန်၏။ “သခင်လေးရှမ့်... အသက်ကို ချမ်းသာပေးပါ။ အသက်ကို ချမ်းသာပေးပါ။”

All Chapters