စာအုပ်သစ်
Vol. 4 Ch. 34
ကျန်းဆူရှင်းနှင့် ချန်းချန်းလေးကို စောင့်နေစဉ် လုအန်းကျီသည် ဖုန်းထဲရှိ မက်ဆေ့ချ်အက်ပ်မှတစ်ဆင့် ကူးကူး နှင့် အရင်စကားပြောနေလိုက်သည်။
သူက တိုက်ရိုက်ပင် “လေးစားရတဲ့ အယ်ဒီတာခင်ဗျာ... လုပ်ငန်းလိုင်စင် ရပါပြီ။ စာအုပ်တွေ စပို့လို့ရပါပြီ” ဟု ပို့လိုက်သည်။
စာရင်းမရှိဖြစ်နေသော ကူးကူး ၏ အိုင်ကွန်မှာ ချက်ချင်း လင်းလာပြီး “ကျွန်မကို ‘လေးစားရတဲ့ အယ်ဒီတာ’ လို့ မခေါ်ပါနဲ့ ဆရာဘီ ရယ်၊ ရှင့်ကြည့်ရတာ ကျွန်မကို လှောင်နေသလိုပဲ”
လုအန်းကျီ - “အခု မင်း အကူအညီကိုလိုနေလို့လေ...”
ကူးကူး က စိတ်ဆိုးနေသည့် အီမိုဂျီလေး ပို့လာသည် - “အကူအညီလိုတော့ ‘လေးစားရတဲ့ အယ်ဒီတာ’၊ အကူအညီမလိုတော့ ‘ကူးကူး’ လို့တောင် မခေါ်တော့ဘူးပေါ့”
လုအန်းကျီမှာ စကားပင် ဆွံ့အသွားရသည် - “ခေါ်ပြန်တော့လည်း မှားတယ်၊ မခေါ်ပြန်တော့လည်း မှားတယ်၊ ငါ့ကို ဘာလုပ်စေချင်တာလဲ”
ကူးကူး - “Dragon Raja IV ကို ဘယ်တော့ရေးမှာလဲ”
လုအန်းကျီသည် ဤအယ်ဒီတာမလေး ရူးနေပြီဟု ခံစားလိုက်ရသည်။ သူက “Dragon Raja III တောင် မထွက်သေးဘူး၊ နင်က IV ကို အတင်းတောင်းနေတာပဲ။ ငါ့ကို အသေသတ်မလို့လား” ဟု စာပြန်လိုက်သည်။
ကူးကူး က အားတက်သရောဖြင့် “ဟုတ်တယ်! ရှင့်ကို အသေသတ်မလို့! Dragon Raja IV! ကျွန်မ Dragon Raja IV ကိုပဲ လိုချင်တာ! ကျွန်မနဲ့ မေဘယ်လ်ထရီက လုပ်ဖော်ကိုင်ဖက်တွေ အားလုံး ခန့်မှန်းထားတာက Dragon Raja III ဟာ အရင်နှစ်ပိုင်းထက် ပိုပြီး ပေါက်မှာပဲ။ အဲ့ဒါကို IV နဲ့သာ ဆက်လိုက်ရင် လူကြိုက်များမှုက ပေါက်ကွဲသွားမှာပဲ”
လုအန်းကျီက “...” ဟုသာ ပို့လိုက်သည်။
ကူးကူး - “ပြီးတော့ အရေးကြီးဆုံးက အီရီယီ ! ကျွန်မရဲ့ အီရီယီလေး! အီရီယီလေးကို ပြန်ခေါ်ပေးပါ! ရှင် Dragon Raja IV ထဲမှာ အီရီယီကို အသက်ပြန်သွင်းပေးရမယ်”
လုအန်းကျီက ချက်ချင်းပြန်စာပို့လိုက်သည် - “မရှိတော့ဘူး။ နင်က ငါ့ကို သတ်ချင်နေတာဆိုတော့ Dragon Raja IV ရော၊ အီရီယီရော မရှိတော့ဘူး။ နောက်စာအုပ်က အမျိုးအစားအသစ် ဖြစ်လိမ့်မယ်”
ကူးကူး - “?”
“အမ်?!”
“ဘာကြီးလဲ?!”
“အဟုတ်လား အလိမ်လား?!”
“အစ်ကိုကြီး... နောက်မနေပါနဲ့!”
ကူးကူး ၏ စာတန်းရှည်ကြီးများကို ကြည့်ပြီး လုအန်းကျီသည် စိတ်ပြတ်ပြတ်သားသားဖြင့် ဖုန်းကို သိမ်းလိုက်သည်။
ခဏအကြာတွင် ကျန်းဆူရှင်းနှင့် ချန်းချန်းလေး ရောက်လာသည်။ လုအန်းကျီသည် အောက်ထပ်သို့ ဆင်း၍ အမေနှင့် သမီးကို ကြိုဆိုလိုက်သည်။ ချန်းချန်းလေးမှာ ဆိုင်၏ အသစ်စက်စက် ပတ်ဝန်းကျင်ကို မြင်ပြီး စာအုပ်စင်များကြား ပြေးလွှားကာ “ဒါက ဘာလဲ” ဟု မပြတ်မေးနေတော့သည်။
ကျန်းဆူရှင်းက “ဒါတွေက စာအုပ်စင်တွေလေ၊ စာအုပ်တွေ တင်ထားဖို့” ဟု ဖြေပေးသည်။
“အင်းဟင်း”
ကလေးမလေးက ခေါင်းညိတ်ပြီး လုအန်းကျီကို ကြွားဝါရန် သွားလေသည်။ စာအုပ်စင်ကို လက်ညှိုးထိုးကာ “ဒါက စာအုပ်တွေ တင်ထားဖို့” ဟု ပြောသည်။
လုအန်းကျီကလည်း “ဟုတ်ပါပြီဗျာ၊ စာအုပ်တွေ တင်ထားဖို့ပါပဲ” ဟု လိုက်လျောညီစွာပြောပေးလိုက်သည်။
ထို့နောက် ကလေးမလေးက သူမ၏ အမေကို ပြန်မေးပြန်သည် - “ဒါက ဘာလဲ”
ကျန်းဆူရှင်း - “စာအုပ်စင်လေ”
ချန်းချန်း - “အင်းဟင်း၊ စာအုပ်တွေ တင်ထားဖို့ပေါ့။ ဒါက ဘာလဲ”
ဤသို့ဖြင့် သံသရာလည်နေတော့သည်။ ကျန်းဆူရှင်းက လုအန်းကျီကို ကြည့်ကာ “ဒီကလေးမလေးက သူသိပြီးသားတွေကိုပဲ ပြန်ပြန်မေးနေတာ” ဟု မတတ်သာသလို ပြုံးပြသည်။
လုအန်းကျီက “သူမ ပျော်နေရင် ပြီးတာပါပဲ” ဟု ဆိုသည်။
ကျန်းဆူရှင်းက အိတ်ထဲမှ တစ်ခုခုကို ထုတ်၍ လုအန်းကျီကို ပေးလိုက်သည် - “ရော့... ရှင့်ရဲ့ လုပ်ငန်းလိုင်စင်။ အကုန်စီစဉ်ပေးထားပြီးပြီ”
လုအန်းကျီ လှမ်းယူကြည့်လိုက်ရာ လုပ်ငန်းလိုင်စင်ကို အဆင့်မြင့် သတ္တုဘောင်လေးဖြင့် သေသေချာချာ ထည့်ပေးထားသည်ကို တွေ့ရသည်။ မှန်သားပြင်အောက်တွင် “ဆန်းဝေ့စာအုပ်ဆိုင်” ဟူသော အမည်၊ သူ၏ အမည်နှင့် ရက်စွဲတို့ကို ရှင်းလင်းစွာ မြင်ရသည်။
“ကျေးဇူးပါပဲ၊ ခဗျားက တကယ့်ကို အသေးစိတ် ဂရုစိုက်တတ်တာပဲ။ ဘောင်ပါ သွင်းပေးထားတယ်ဆိုတော့” ဟု လုအန်းကျီက ရိုးသားစွာ ပြောလိုက်သည်။ ဤသည်မှာ ကျန်းဆူရှင်းကိုယ်တိုင် လုပ်ပေးထားခြင်း ဖြစ်ကြောင်း သိသာလှသည်။
ကျန်းဆူရှင်းက “ဘာလို့ အားနာနေတာလဲ၊ တစ်ခါတည်း လုပ်လိုက်တာပါ။ ကျွန်မ စတူဒီယို စာရွက်စာတမ်းတွေ ဘောင်သွင်းရင်းနဲ့ ရှင့်ဟာကိုပါ တစ်ခါတည်း သွင်းပေးလိုက်တာ” ဟု ဆိုသည်။
ထို့ကြောင့် လုအန်းကျီက ဘာမှ ထပ်မပြောတော့ဘဲ လိုင်စင်ကို ဓာတ်ပုံရိုက်ကာ အယ်ဒီတာ ကူးကူး ဆီသို့ ပို့လိုက်သည်။
သူက ကျန်းဆူရှင်းကို “စာအုပ်ဖြန့်ချိရေး လမ်းကြောင်းတွေက ဒီလိုင်စင်ကိုပဲ စောင့်နေတာ။ အခု ပုံပို့လိုက်ပြီဆိုတော့ စာအုပ်တွေ ချက်ချင်း ပို့ပေးပါလိမ့်မယ်။ အခု ဝန်ထမ်းအနည်းငယ် ရဖို့ပဲ ကျန်တော့တယ်” ဟု ပြောပြသည်။
ကျန်းဆူရှင်းက လုအန်းကျီ၏ ဖုန်းကို ကြည့်ကာ “ဒီဖုန်းက တကယ် သုံးလို့ကောင်းတာပဲ။ အရင်ကဆိုရင် ကွန်ပျူတာဖွင့်ပြီး အီးမေးလ် ပို့နေရမှာ။ အခုတော့ ဓာတ်ပုံရိုက်ပြီး ပို့လိုက်ရုံပဲ” ဟု မှတ်ချက်ပြုလိုက်သည်။
လုအန်းကျီ ဖုန်းပို့ပြီးနောက် ကူးကူး ထံမှ စာပြန်လာ၏။ ကျန်းဆူရှင်းက တမင်ကြည့်လိုက်သည်မဟုတ်ဘဲ အမှတ်မထင် မြင်လိုက်ရခြင်းဖြစ်သည်။
စာထဲတွင် “ရပါပြီ! ရှင့်ရဲ့ စာအုပ်သစ်က ဘာလဲ ဆရာဘီ? Dragon Raja IV ကို တကယ်မရေးတော့ဘူးလား?!” ဟု ပါရှိသည်။
ကျန်းဆူရှင်းက အံ့သြသွားပြီး “ရှင် Dragon Raja IV ကို မရေးတော့ဘူးလား? စာအုပ်သစ်တောင် ရေးပြီးပြီလား” ဟု မေးလိုက်သည်။
လုအန်းကျီက ခေါင်းညိတ်ပြရာ သူမက “ရှင်က တကယ်မြန်တာပဲ!” ဟု မယုံနိုင်သလို ပြောသည်။
ချန်းချန်းလေးကလည်း ကြားသွားပြီး “ ဖေဖေက တော်လိုက်တာ!” ဟု ဝင်ပြောလေသည်။
လုအန်းကျီက “ချန်းချန်းလေးလည်း တော်ပါတယ်” ဟု ပြန်ပြောရာ ကလေးမလေးက “ချန်းချန်းက တော်တယ်!” ဟု ခေါင်းကို တဆတ်ဆတ် ညိတ်ပြနေတော့သည်။
ကျန်းဆူရှင်းက “ရှင်တို့ သားအဖနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် မြှောက်ပင့်နေကြတာပဲ” ဟု ရယ်ပြီးပြောသည်။ ထို့နောက် သူမက “ရှင့်စာအုပ်သစ်က ဘာအကြောင်းလဲ” ဟု မေးသည်။
လုအန်းကျီက “မင်းသားလေးအကြောင်း ပါ၊ ပုံပြင်စာအုပ်လေးပေါ့” ဟု ဖြေသည်။
ကျန်းဆူရှင်းက အနည်းငယ် အံ့သြသွားသည် - “ပုံပြင်လား?! ရှင်က ပုံပြင်တွေရော ရေးတတ်တာလား?!” ခဏအကြာတွင် သူမက “ချန်းချန်းလေးအတွက်ကြောင့်လား” ဟု ထပ်မေးသည်။
လုအန်းကျီက “ဟုတ်တယ်။ အဲ့ဒီနေ့က စားသောက်ဆိုင်မှာ မင်းနဲ့ ချန်းချန်းလေးကို မြင်လိုက်ရပြီး စိတ်ကူးတွေ ရလာတာ။ ညကျတော့ ဟိုတယ်ပြန်ပြီး ပုံပြင်ကို စရေးလိုက်တာပဲ။ တခြား ပုံပြင်တိုလေးတွေလည်း ရှိသေးတယ်၊ ဒါပေမဲ့ မြို့ပြဝတ္ထုတစ်ပုဒ် ထပ်ရေးဖို့ရှိလို့ ခဏ ရပ်ထားတာ”
“နောက်ထပ် ဝတ္ထုတစ်ပုဒ်?!”
ကျန်းဆူရှင်းမှာ ပို၍ပင် အံ့သြသွားရသည်။ လုအန်းကျီ၏ ဦးနှောက်မှာ ဘယ်လိုဖွဲ့စည်းထားသနည်းဟု သူမ တွေးနေမိသည်။ ဝတ္ထုတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ရေးနိုင်ရုံသာမက ကောင်းမွန်လှသော သီချင်းတစ်ပုဒ်ကိုပါ ဖန်တီးနိုင်သေးသည်။
လုအန်းကျီက “ဟုတ်တယ်၊ အွန်လိုင်းကနေ ချစ်ကြတဲ့အကြောင်း ပေါ့” ဟု ဆိုသည်။
ကျန်းဆူရှင်းက ထိုအကြောင်းကို စိတ်မဝင်စားသေးဘဲ ပုံပြင်စာအုပ်ကိုသာ အာရုံရောက်နေသည် - “ရှင်ရေးထားတဲ့ ပုံပြင်လေးကို ကျွန်မ ဖတ်ကြည့်လို့ ရမလား”
အရင်က Dragon Raja III ကို ပြတုန်းက သူမ မဖတ်ဘဲ အောင့်အီးနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ အလွန်ပင် သိချင်စိတ် ပြင်းပြနေမိသည်။
လုအန်းကျီက သမီးလေးအတွက် ဘယ်လိုစာအုပ်မျိုး ရေးထားသနည်း ဆိုသည်ကို သူမ သိချင်နေမိတော့သည်။