← Chapters

စီနီယာအစ်ကိုကြီး အထွတ်အထိပ်အင်မော်တယ်၏ တိုက်ခိုက်ရန် ဖိတ်ခေါ်ချက်၊ အသင်္ချေပုံရိပ်ယောင်မြူခိုးနှင့် ထပ်မံ အဆင့်တက်ခြင်း။

Vol. 34 Ch. 471

စီနီယာအစ်ကိုကြီး အထွတ်အထိပ်အင်မော်တယ်၏ တိုက်ခိုက်ရန် ဖိတ်ခေါ်ချက်၊ အသင်္ချေပုံရိပ်ယောင်မြူခိုးနှင့် ထပ်မံ အဆင့်တက်ခြင်း။

Vol. 34 Ch. 471

ဟောက်ထျန်းဧကရာဇ်သည် တတိယ လေဟာနယ်ခေတ်ကာလတွင် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းခဲ့သည်။ သူသည် အထွတ်အထိပ်တာအိုသစ်သီး မရှိသော်လည်း မဟာတာအိုသစ်သီး ကို ပိုင်ဆိုင်ထားပြီး အဆင့်မြှင့်တင်နိုင်၏။

အကန့်အသတ်အထိ အဆင့်မြှင့်တင်ပြီးနောက် သူသည် မူလအစကမ္ဘာတံခါး ၏ စွမ်းအားကို ဆင့်ခေါ်နိုင်ပြီး ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ အပြည့်အဝ ထောက်ပံ့မှုကို ရရှိခဲ့သည်။ ထိုခေတ်အခါက သူသည် လုံးဝ ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။

အရေးကြီးဆုံး အချက်မှာ။

တတိယ လေဟာနယ်ခေတ်ကာလတွင် ထာဝရအကန့်အသတ်မဲ့ဘေးဒုက္ခ နှစ်ကြိမ်သာ ကြုံတွေ့ဖူးသေးသဖြင့် လေဟာနယ်စကြဝဠာပင်လယ်ပြင် တစ်ခုလုံးတွင် မူလအစကမ္ဘာရတနာနှစ်ခုသာ ရှိခဲ့သည်။ ထို့ပြင် ၎င်းတို့သည် လေဟာနယ်စကြဝဠာပင်လယ်၏ ထောင့်တစ်နေရာတွင် ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။

တတိယ လေဟာနယ်ခေတ်ကာလ ကုန်ဆုံးခါနီး ကပ်ဘေးဒုက္ခ ရောက်ရှိလာတော့မည့် အချိန်ရောက်မှသာ မူလအစကမ္ဘာရတနာ နှစ်ခု ထွက်ပေါ်လာပြီး အင်မော်တယ်ကမ္ဘာအရှင်နှင့် ထာဝရကမ္ဘာအရှင်တို့၏ လက်ထဲသို့ အသီးသီး ရောက်ရှိသွားခဲ့သည်။

အင်မော်တယ်ကမ္ဘာအရှင် ရရှိခဲ့သော ရတနာမှာ အသင်္ချေကမ္ဘာပုံရိပ်လွှာဖြစ်ပြီး ထာဝရကမ္ဘာအရှင် ရရှိခဲ့သည်မှာ ထာဝရမူလအစ‌မျှော်စင် ဖြစ်သည်။ မူလအစကမ္ဘာရတနာ တိုင်းသည် အလွန်အမင်း စွမ်းအားကြီးမားကြသည်။

ထိုအချိန်၌ပင်...

တတိယမြောက် ထာဝရအကန့်အသတ်မဲ့ဘေးဒုက္ခ ကျရောက်လာသည်နှင့်အတူ တတိယမြောက် မူလအစကမ္ဘာရတနာသည် မူလအစကမ္ဘာတံခါးမှ ထွက်ပေါ်လာပြီး ဟောက်ထျန်းဧကရာဇ် လက်ထဲသို့ ရောက်ရှိသွားသည်။

ထို တတိယမြောက် ရတနာမှာ ဟောက်ထျန်းဧကရာဇ် ခေါင်းတလား ဖြစ်သည်။

ကျန်ရှိနေသော မူလအစကမ္ဘာရတနာ ခြောက်ခုမှာမူ နောက်ပိုင်းမှသာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဟောက်ထျန်းဧကရာဇ်သည် ခေါင်းတလားကို ထိန်းချုပ်ပြီး အကန့်အသတ်အထိ စွမ်းအားမြှင့်တင်ကာ ပြိုင်ဘက်ကင်း ဖြစ်နေဆဲပင်။

သူသည် အထက်ကမ္ဘာအရှင်ကိုးပါး၏ အကူအညီဖြင့် လေဟာနယ်သားရဲ ကို တိုက်ခိုက် သတ်ဖြတ်နိုင်ခဲ့သည်။

သို့သော် ထို တာအိုအသွင်ပြောင်းခြင်းကြောင့်ပင် ဟောက်ထျန်းဧကရာဇ် သေဆုံးခဲ့ရသည်။သူကိုယ်တိုင် ကပ်ဘေးဒုက္ခကို ခံယူသွားခြင်းဟု ဆိုနိုင်သည်။

တာအို အသွင်ပြောင်းခြင်း။

အဘယ်ကြောင့်ဆိုသော် ဟောက်ထျန်းဧကရာဇ်သည် ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ စွမ်းအားနှင့် မူလအစကမ္ဘာတံခါးကို ဆင့်ခေါ်နိုင်သော စွမ်းအားများကို လက်ခံရယူရန် အဆက်မပြတ် အစွမ်းကုန် အဆင့်မြှင့်တင်နေခဲ့ရသောကြောင့် ဖြစ်သည်။

ထိုမှတစ်ဆင့် ဟောက်ထျန်းဧကရာဇ်အား တာအိုအသွင်ပြောင်းသွားစေပြီး ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ အစိတ်အပိုင်းတစ်ခု၊ မူလအစကမ္ဘာတံခါး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားစေခဲ့သည်။ သူ၏ မဟာတာအိုသစ်သီးမှာ ပျက်စီးသွားပြီး ၎င်းတို့ထဲသို့ ပေါင်းစပ်သွားကာ အသိစိတ် ဝိညာဉ် လုံးဝ ပျောက်ဆုံးသွားရသည်။ တစ်နည်းအားဖြင့် သူ သေဆုံးသွားခြင်း ဖြစ်သည်။

နောက်ဆုံးတွင် အထွတ်အထိပ်အင်မော်တယ်၏ အဆင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ထူးခြားဖြစ်စဉ်များ ငြိမ်သက်သွားသည်။ နိမိတ်ပုံရိပ်အားလုံး ပျောက်ကွယ်သွားပြီး လေဟာနယ်စကြဝဠာပင်လယ်နှင့် အသင်္ချေကမ္ဘာတို့သည် တဖြည်းဖြည်း ငြိမ်သက်သွား‌တော့၏။

“ဆရာ။”

အထွတ်အထိပ်အင်မော်တယ်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး အဆုံးမဲ့‌ လေဟာနယ်ကို ဖြတ်ကျော်ကာ နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်သို့ ရောက်ရှိလာသည်။ သူသည် အထက်ကမ္ဘာအရှင်ကိုးပါးနှင့် ချီမင်တို့၏ ရှေ့တွင် ပေါ်လာသည်။

နတ်ဆိုးကမ္ဘာအရှင်က ခေါင်းညိတ်လိုက်ပြီး အထွတ်အထိပ်အင်မော်တယ်ကို အကဲခတ်ကာ ပြောလိုက်သည်။ “မင်း ဒီအဆင့်ထိ ရောက်လာပြီး ဟောက်ထျန်းဧကရာဇ်ရဲ့ ဟောက်ထျန်းမဟာတာအိုကို ပြန်လည် ရရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး”

“မဟာတာအိုသစ်သီး...”

“ဒါက တကယ်တော့ ပြန်လမ်းမရှိတဲ့ လမ်းစဉ်တစ်ခုပဲ”

“ဒါက ကျွန်တော့်ရဲ့ ရွေးချယ်မှုပါ” အထွတ်အထိပ်အင်မော်တယ်က ပြောသည်။

“ထားလိုက်ပါတော့”

နတ်ဆိုးကမ္ဘာအရှင်သခင်က လက်ကာပြလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

အထွတ်အထိပ်မဟာတာအိုသစ်သီးကို ရရှိပြီး ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့်နယ်ပယ်သို့ ရောက်မှသာ မူလအစကမ္ဘာသို့ ဝင်ရောက်ရန် အခွင့်အရေး ရှိမည်ဖြစ်သည်။

ထိုသို့မဟုတ်ပါက...

မည်မျှပင် စွမ်းအားကြီးမားပါစေ မူလအစကမ္ဘာသို့ ခြေချနိုင်မည် မဟုတ်ပေ။

“ဂျူနီယာညီလေး ချီမင်”

အထွတ်အထိပ်အင်မော်တယ်၏ အကြည့်က ချီမင်အပေါ်သို့ ကျရောက်သွားသည်။

“စီနီယာအစ်ကိုကြီး အဆင့်တက်လာတဲ့အတွက် ဂုဏ်ယူပါတယ်။”

ချီမင်က ဦးညွှတ်လိုက်သည်။

အထွတ်အထိပ်အင်မော်တယ်က တည်ငြိမ်သော အမူအရာဖြင့် အနည်းငယ် ခေါင်းညိတ်ပြသည်။

သူက လျစ်လျူရှုထားသော လေသံဖြင့်ဆို၏။ “မင်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ကို ရောက်မဲ့နေ့ကို ငါစောင့်နေမယ်။ အဲဒီအချိန်ကျရင် ငါနဲ့ တိုက်ခိုက်ရမယ်။”

“ဒါက...”

ချီမင်က ကြောင်အသွားသည်။

အထွတ်အထိပ်အင်မော်တယ်က သူ့ကို တိုက်ခိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“အထွတ်အထိပ်အင်မော်တယ်။” နတ်ဆိုးကမ္ဘာအရှင်က မျက်မှောင်ကြုတ်လိုက်သည်။

ကျန်ရှိသော အထက်ကမ္ဘာအရှင်ရှစ်ပါးကလည်း အထွတ်အထိပ်အင်မော်တယ်ကို ကြည့်လိုက်ကြသည်။

ချီမင်တွင် ဒသမ အထွတ်အထိပ်မဟာတာအိုသစ်သီး ရှိသည်။ မူလအစကမ္ဘာတံခါးကို ဖွင့်လိုပါက ချီမင်ကို မရှိမဖြစ် လိုအပ်သည်။ ထို့ကြောင့် အထက်ကမ္ဘာအရှင်ကိုးပါး၏ မျက်လုံးထဲတွင် ချီမင်သည် ရတနာတစ်ပါး ဖြစ်သည်။ သူ့ကို ဘာမှ အဖြစ်ခံ၍ မရပေ။

သို့မဟုတ်ပါက...

သူတို့၏ ကြိုးပမ်းအားထုတ်မှု အားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။

“ဟောက်ထျန်းဧကရာဇ်ရဲ့ နောက်ဆုံး အမွေအနှစ်က ဘာကြောင့် ငါ့ကို မရွေးချယ်ဘဲ မင်းကို ရွေးချယ်ခဲ့သလဲ ဆိုတာကို ငါ သိချင်ရုံ သက်သက်ပါ။ ဟောက်ထျန်းမဟာတာအို လမ်းစဉ်ကို မင်း ဆက်မလျှောက်ဘဲ ငါက လျှောက်လှမ်းခဲ့တယ်လေ။”

အထွတ်အထိပ်အင်မော်တယ်က အကြောင်းပြချက်ကို ပြောလိုက်သည်။ “ဒါကြောင့် ဒီတိုက်ပွဲက ရှောင်လွှဲလို့ မရဘူး။”

ချီမင် ခေါင်းညိတ်လိုက်သည်။ အထွတ်အထိပ်အင်မော်တယ်၏ စကားများမှတစ်ဆင့် သူ အခြေခံအားဖြင့် နားလည်လိုက်သည်။

တိုတိုပြောရရင် အထွတ်အထိပ်အင်မော်တယ်က မကျေနပ်ခြင်း ဖြစ်သည်။

အထွတ်အထိပ်အင်မော်တယ်က ဟောက်ထျန်းမဟာတာအိုကို ပြန်လည် အသက်သွင်းခဲ့ပြီး၊ ချီမင်က ကမ္ဘာဦးမဟာတာအိုကို တည်ထောင်ခဲ့သည်။ သို့သော် ဟောက်ထျန်းဧကရာဇ်၏ နောက်ဆုံး အမွေအနှစ်က အထွတ်အထိပ်အင်မော်တယ်ကို မရွေးချယ်ဘဲ ချီမင်ကိုသာ ရွေးချယ်ခဲ့သည်။

ဒါက အထွတ်အထိပ်အင်မော်တယ် စိတ်ထဲ တစ်မျိုးဖြစ်ရသည့် အကြောင်းရင်းပင်။

ထို့ကြောင့်...

အထွတ်အထိပ်အင်မော်တယ်က ချီမင်ကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုနည်းတူစွာပင် ချီမင်သည်လည်း ဤတိုက်ပွဲကို ရှောင်လွှဲ၍ မရနိုင်ပေ။ သူ တိုက်ကို တိုက်ရမည်။ ချီမင်က မတိုက်ခိုက်ချင်လျှင်တောင် အထွတ်အထိပ်အင်မော်တယ်က သူ့ကို တိုက်ခိုက်လာဦးမည်သာ။ တိုက်ပွဲက မဖြစ်မနေ ကြုံရမည့်အရာ ဖြစ်သည်။

“ငါ မင်းကို စောင့်နေမယ်”

အထွတ်အထိပ်အင်မော်တယ် ထိုသို့ပြောပြီးနောက် အထက်ကမ္ဘာအရှင်ကိုးပါးကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သူသည် ခြေတစ်လှမ်းလှမ်းလိုက်ပြီး နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်မှ ထွက်ခွာသွားတော့သည်။

သူ့ပုံရိပ်က ပျောက်ကွယ်သွားသည်။

သူ၏ အငွေ့အသက်များလည်း ပျောက်ကွယ်သွားသည်။

အထက်ကမ္ဘာအရှင်ကိုးပါးပင်လျှင် အထွတ်အထိပ်အင်မော်တယ် ဘယ်ရောက်သွားမှန်း တွက်ချက်၍ မရနိုင်တော့ပေ။

ချန်ချန်းရှန်က မျက်မှောင်ကြုတ်လျက် လေသံတိုးတိုးဖြင့် ပြောသည်။ “မင်း စိန်ခေါ်မှုကို လက်မခံခဲ့သင့်ဘူး။ အထွတ်အထိပ်အင်မော်တယ်မှာ မဟာတာအိုသစ်သီးရှိတယ်။ သူက နဝမအဆင့်ကို ရောက်နေပြီဆိုတာ မင်း သိထားရမယ်။ သူက အကန့်အသတ်အထိ အဆင့်မြှင့်တင်နိုင်တော့ သူ့စွမ်းအားတွေက အထွတ်အထိပ်ကို ရောက်‌နေလိမ့်မယ်”

“အချိန်တန်လို့...”

“အထွတ်အထိပ်အင်မော်တယ်ကသာ ဘာကိုမှ ဂရုမစိုက်ဘဲ လုပ်မယ်ဆိုရင် မင်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ကို ရောက်ရင်တောင် သူ့ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ တတိယ လေဟာနယ်ခေတ်ကာလတုန်းက ဟောက်ထျန်းဧကရာဇ်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ငါတို့အားလုံး ကောင်းကောင်း နားလည်ထားပြီးသား။”

“ဟုတ်တယ်။”

နတ်ဆိုးကမ္ဘာအရှင်သခင်က ခေါင်းညိတ်ထောက်ခံသည်။ “ချီမင်၊ အဲဒီအချိန်ကျရင် မင်း အထွတ်အထိပ်အင်မော်တယ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ရှုံးတော့ရော ဘာဖြစ်လဲ။ ငါတို့လည်း အရင်က ဟောက်ထျန်းဧကရာဇ်ကို ရှုံးခဲ့ကြတာပဲ မဟုတ်လား။”

“ချီမင်က နိုင်ချင်တယ် ဆိုရင်တော့... မူလအစကမ္ဘာရတနာ တစ်ခုခု ပိုင်ဆိုင်ထားမှပဲ ရမယ်။ အဲဒီအကူအညီနဲ့ဆိုရင်တော့ အထွတ်အထိပ်အင်မော်တယ်ကို ဖိနှိပ်နိုင်လိမ့်မယ်”

အခြားသော အထက်ကမ္ဘာအရှင်များက ဝင်ပြောကြသည်။

ထို့နောက် အထက်ကမ္ဘာအရှင်ကိုးပါးသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

နတ်ဆိုးကမ္ဘာအရှင်သခင်သည် ချီမင်၏ ပခုံးကိုပုတ်ပြီးတံခါးပိတ်ကျင့်ကြံကာ ထာဝရအထွတ်အထိပ် ကောင်းကင်အရှင် အဆင့်သို့ အမြန်ဆုံး ရောက်အောင် ကြိုးစားရန် မှာသွားသည်။

ရက်အနည်းငယ် ကြာပြီးနောက်။

ချီမင်သည် ကမ္ဘာဦးခန်းမ သို့ ဝင်ရောက်ပြီး တံခါးပိတ်ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်သည်။

နတ်ဆိုးကမ္ဘာအရှင်သခင်ထံမှ ထိပ်တန်းအဆင့် တာအိုမူလအစ များကို လုံလောက်စွာ ရရှိထားပြီးဖြစ်၍ သူ့လက်ထဲတွင် တာအိုမူလအစ မလုံလောက်မည်ကို ပူပန်စရာ မလိုတော့ပေ။

သူ စိတ်ကြိုက် သုံးဖြုန်းနိုင်ပြီ ဖြစ်၏။

“စကြစို့”

ချီမင်က စိတ်ထဲကနေ အမိန့်ပေးလိုက်သည်။

“ထိပ်တန်းအဆင့် တာအိုမူလအစ သန်း ၄၀ သုံးပြီး ကမ္ဘာဦးမဟာတာအိုကျမ်း: မူလအစအခန်းကို ကျင့်ကြံမယ်။ ပြီးတော့ မူလအစကိုယ်ပိုင်တာအိုရတနာသုံးခုကို သန့်စင်မယ်။”

တင်း။

“အဆတစ်ထရီလီယံ မြှင့်တင်မှုအောက်တွင် ကမ္ဘာဦးမဟာတာအိုကျမ်း: မူလအစအခန်း ကို ကျင့်ကြံနေပါပြီ...”

တင်း။

“အဆတစ်ထရီလီယံ မြှင့်တင်မှုအောက်တွင် ကမ္ဘာဦးမူလအစဓားကြာပန်းကို သန့်စင်နေပါပြီ...”

တင်း။

“အဆတစ်ထရီလီယံ မြှင့်တင်မှုအောက်တွင် ကမ္ဘာဦးမူလအစဓားကို သန့်စင်နေပါပြီ...”

တင်း။

“အဆတစ်ထရီလီယံ မြှင့်တင်မှုအောက်တွင် ကမ္ဘာဦးမူလအစပုကျုံးတောင် ကို သန့်စင်နေပါပြီ...”

အသိပေးချက် လေးခု ပေါ်လာသည်။

“ထိပ်တန်းအဆင့် တာအိုမူလအစ ၁၀ သန်း ထပ်ထည့်မယ်”

ချီမင်က ပြောလိုက်သည်။ “အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းမယ်။”

ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်း‌ နေရာလွတ်ထဲသို့ ပို့ဆောင်ခံရပြီး တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လေသည်။

နောက်ထပ် နှစ်တစ်သန်း ကြာသွားသည်။

ယနေ့တွင်...

ချီမင် ပြောင်းလဲသွားသည်။ သူ၏ အရှိန်အဝါ သည် တရိပ်ရိပ် မြင့်တက်လာပြီး အကန့်အသတ် တစ်ခုကို ဖောက်ထွက်သွားသည်။ ကောင်းကင်နှင့်မြေကြီး မဟာတာအို စွမ်းအားများက ချီမင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြသည်။

သူ၏ ကျင့်ကြံခြင်းအဆင့် ထပ်မံတက်သွားသည်။

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ။... သင် အလိုအလျောက်စိုက်ပျိုးခြင်း‌ နေရာလွတ်တွင် နှစ်တစ်သန်းကျော် နေထိုင်ခဲ့ပါတယ်။ ၎င်းက ခေတ်ကာလ တစ်သန်းကျော်နှင့် ညီမျှပါတယ်။ သင် ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ မူလအစလျှို့ဝှက်ချက်များကို သဘောပေါက် နားလည်ခဲ့ပါတယ်။ သင် ထပ်မံအဆင့်တက်သွားပါတယ်။ ကမ္ဘာဦးမူလအစ အဆင့်လေး မှ ကမ္ဘာဦးမူလအစ အဆင့်ငါး သို့ တိုးတက်သွားပါတယ်။ သင် ထာဝရအထွတ်အထိပ်ကောင်းကင် ပဉ္စမအဆင့်သို့ ရောက်ရှိသွားပါပြီ။”

ချီမင်ထံသို့ အသိပေးချက် ရောက်လာသည်။

ထို့နောက် ထူးခြားဖြစ်စဉ်အမျိုးမျိုး စတင် ပေါ်ပေါက်လာသည်။ ကောင်းကင်နှင့်မြေကြီး မဟာတာအိုက ၎င်းကို အာရုံခံမိပြီး ထူးခြားဖြစ်စဉ်မျိုးစုံထုတ်လွှတ်လာသည်။ ၎င်းတို့သည် အသင်္ချေကမ္ဘာသို့ ပျံ့နှံ့သွားပြီး အထွတ်အထိပ် သက်ရှိများနှင့် မျိုးနွယ်စုများ၏ အာရုံကို ဆွဲယူသွားသည်။

“ဒါက...”

“ချီမင် ထပ်ပြီး အဆင့်တက်သွားပြန်ပြီ”

“အချိန်ကို ကြည့်ရတာ နှစ်တစ်သန်းလောက် ရှိပြီ။ ချီမင် ထပ်ပြီး အဆင့်တက်သွားတာပဲ။ ဒီတစ်ခါတော့ သူ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပဉ္စမအဆင့်ကို ရောက်သွားပြီ။”

“ဟုတ်တယ်၊ ဟုတ်တယ်”

အထက်ကမ္ဘာအရှင်များက ထွက်ပေါ်လာသော မဟာတာအို ထူးခြားဖြစ်စဉ်များကို ကြည့်နေကြသည်။

တစ်နှစ်ကြာပြီးနောက်။

ချီမင်သည် သူ၏ ကျင့်ကြံခြင်းကို ခိုင်မာအောင် ပြုလုပ်လိုက်သည်။

“မဆိုးဘူး။ မဆိုးဘူး။”

ချီမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ။... သင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစဓားကြာပန်း ကို အောင်မြင်စွာ ထပ်မံ သန့်စင်ပြီးပါပြီ။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး မဟာတာအို ရတနာ အမျိုးမျိုးနှင့် ကမ္ဘာဦးမဟာတာအို၏ မူလစွမ်းအားတို့နှင့် ပေါင်းစပ်သွားပါပြီ။ မူလအစကိုယ်ပိုင်တာအိုရတနာ အဆင့်သုံး မှ အဆင့်‌လေးသို့ တိုးတက်သွားပါပြီ။”

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ... သင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစဓား ကို အောင်မြင်စွာ ထပ်မံ သန့်စင်ပြီးပါပြီ။ အဆင့် လေးသို့ တိုးတက်သွားပါပြီ။”

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ... သင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစတောင် ကို အောင်မြင်စွာ ထပ်မံ သန့်စင်ပြီးပါပြီ... အဆင့်လေးသို့ တိုးတက်သွားပါပြီ။”

ချီမင်၏ ရှေ့တွင် အသိပေးချက် သုံးခု ဆက်တိုက် ပေါ်လာသည်။

“မဆိုးဘူး။ မဆိုးဘူး။”

ချီမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ ငါ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပဉ္စမအဆင့်ကို ရောက်သွားပြီ။ မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခုကလည်း မူလအစတာအိုရတနာ အဆင့်လေးကို ရောက်သွားပြီပဲ”

“ အဆင့်ကိုးနဲ့ သိပ်မဝေးတော့ဘူး။”

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ။သင် ထာဝရအထွတ်အထိပ် ကောင်းကင်အရှင် ပဉ္စမအဆင့်သို့ ရောက်ရှိသွားပါပြီ။ စတုတ္ထအဆင့် ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းသည့် ဆုလာဘ်များ သိသိသာသာ လျော့နည်းသွားပါပြီ။ သင် ထိပ်တန်းအဆင့် တာအိုမူလအစ ၁၀ ကွာဒရီလီယံ ထည့်သွင်းပြီး ဂိမ်းမြေအောက်စခန်း အသစ်ကို ဖွင့်လှစ်နိုင်ပါတယ်။”

သတိပေးချက် တစ်ခု ပေါ်လာသည်။

“ထိပ်တန်းအဆင့် တာအိုမူလအစ ၁၀ ကွာဒရီလီယံ ထည့်သွင်းမယ်။”

ချီမင်က ပြောလိုက်သည်။ “ဂိမ်းမြေအောက်စခန်း အသစ် ဖွင့်မယ်”

တင်း။

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“ဂိမ်းမြေအောက်စခန်း အသစ်ကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ။”

“သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဂိမ်းမြေအောက်စခန်း: ဒုတိယ လေဟာနယ်စစ်မြေပြင် သို့ ဝင်ရောက်နိုင်ပါပြီ။”

“ထင်တဲ့အတိုင်းပဲ။”

ချီမင်က မျက်ခုံးပင့်လိုက်သည်။ “တကယ်ပဲ ဒုတိယ လောနယ်စစ်မြေပြင် ဖြစ်နေတာပဲ”

“ဝင်မယ်”

ဒုတိယ လေဟာနယ်စစ်မြေပြင်၏ ဂိမ်းမြင်ကွင်းများ ပေါ်လာသည်။

ချီမင် အသွင်ပြောင်းထားသော ဂိမ်းဇာတ်ကောင် မူလအစကမ္ဘာတမန် သည် စစ်မြေပြင်သို့ ဆင်းသက်လာသည်။ သူသည် ဒုတိယ လေဟာနယ်သားရဲ နှင့် ရင်ဆိုင်လိုက်ရ၏။ သူသည် ရုပ်ခန္ဓာမရှိသော တည်ရှိမှုတစ်ခုကို မြင်လိုက်ရပါ၏။

၎င်းသည် တလိမ့်လိမ့် တက်နေသော မည်းနက်သည့် မီးခိုးလုံးကြီး တစ်ခုနှင့် တူသည်။ တစ်ခါတစ်ရံ တွင်းနက်အဖြစ် ပြောင်းလဲနိုင်ပြီး၊ တစ်ခါတစ်ရံ ကြယ်တာရာ ကောင်းကင်ယံ အဖြစ် ပြောင်းလဲနိုင်ကာ တစ်ခါတစ်ရံ နတ်ဘုရား သားရဲ အဖြစ်၊ တစ်ခါတစ်ရံ မျိုးနွယ်စု အမျိုးမျိုး အဖြစ် ပြောင်းလဲနိုင်သည်။

ဒုတိယလေဟာနယ်သားရဲသည် လောကထဲက အရာအားလုံးအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည်။ ထို့ပြင် တူညီသော စွမ်းအားနှင့် အရှိန်အဝါကိုပါ ပြောင်းလဲနိုင်သည့်အတွက် နက်နဲဆန်းကြယ်ကာ ဖော်ပြ၍ မရနိုင်ပေ။

အထက်ကမ္ဘာအရှင်ကိုးပါးက ဤ ဒုတိယဟင်းလင်းပြင်သားရဲကို အသင်္ချေပုံရိပ်ယောင်မြူခိုး ဟူ၍ အမည်ပေးထားသည်။

ဘုန်း။ ဘုန်း။

တိုက်ပွဲက စတင်ဖြစ်ပွားလာသည်။

ချီမင်၏ ဂိမ်းဇာတ်ကောင်သည် မူလအစကမ္ဘာတံခါး၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်ပြီး အသင်္ချေပုံရိပ်ယောင်မြူခိုး ကို ဖိနှိပ်လိုက်သည်။ အထက်ကမ္ဘာအရှင်ကိုးပါး ရောက်ရှိလာပြီး အသင်္ချေပုံရိပ်ယောင်မြူခိုး ကို သတ်ဖြတ်ရန် ချီမင်ကို ကူညီပေးကြသည်။

ထို့နောက် ချီမင်သည် ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်ပြီး ဆက်လက် အာရုံမစိုက်တော့ပေ။ ထိုအစား သူသည် တံခါးပိတ်ကျင့်ကြံခြင်းနှင့် သူ၏ မူလအစကိုယ်ပိုင်တာအိုရတနာ များကို သန့်စင်ခြင်းအပေါ်တွင်သာ အာရုံစိုက်လိုက်သည်။

နှစ်တစ်ရာ ကြာပြီးနောက်။

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ပဉ္စမအဆင့် ဂိမ်းမြေအောက်စခန်း: ဒုတိယလေဟာနယ်စစ်မြေပြင် တွင် နှစ်တစ်ရာကြာ အလိုအ‌လျောက်ကျင့်ကြံခဲ့ပါတယ်။ သင် ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းခဲ့ပါတယ်။ သင် ဒုတိယဟင်းလင်းပြင်သားရဲ အသင်္ချေပုံရိပ်ယောင်မြူခိုးနှင့် ထိပ်တန်းအဆင့် တာအိုမူလအစ တစ် ကွင်တီလီယန် ရရှိခဲ့ပါတယ်။”

အသိပေးချက် ပေါ်လာသည်။

“ငါ အောင်မြင်သွားပြီ”

ချီမင်သည် ပျော်ရွှင်စွာ ပြောလိုက်သည်။ “ပြီးတော့ ဒုတိယဟင်းလင်းပြင်သားရဲ အသင်္ချေပုံရိပ်ယောင်မြူခိုး ကိုပါ ရလိုက်သေးတယ်။ ဒီတော အချိန်မိန်းမပျိုရှီလင်းနဲ့ ပေါင်းလိုက်ရင် ငါ့မှာ လေဟာနယ်သားရဲ နှစ်ကောင် ရှိသွားပြီ”

“ကိုယ်ပွား ပဲ ဖြစ်နေရင်တောင် ဒါက စွမ်းအားကြီးမားနေတုန်းပဲဟ။”

“မဆိုးဘူး၊ မဆိုးဘူး။”

“ထွက်ခဲ့စမ်း။”

အတွေးတစ်ချက်ဖြင့် ချီမင်သည် အသင်္ချေပုံရိပ်ယောင်မြူခိုး ကို ဆင့်ခေါ်လိုက်သည်။ ထူထပ်သော မြူခိုးများ ထွက်ပေါ်လာပြီး ပုံသဏ္ဌာန် အမျိုးမျိုး အဆက်မပြတ် ပြောင်းလဲလာသည်။ “အသင်္ချေပုံရိပ်ယောင်မြူခိုး... ပုံရိပ်ယောင်”

ချက်ချင်းပင် အသင်္ချေပုံရိပ်ယောင်မြူခိုး သည် ဆံပင်အနက်ရောင်နှင့် ပြီးပြည့်စုံသော မျက်နှာထားရှိသည့် အရပ်ရှည်ရှည် မိန်းကလေးတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားသည်။ သူမ၏ ပတ်လည်တွင် ထူထပ်သော မြူခိုးများ ဝန်းရံနေသည်။

“ပုံရိပ်ယောင် က သခင်ကို ဂါရဝပြုပါတယ်”

အသင်္ချေပုံရိပ်ယောင်မြူခိုး က ဒူးတစ်ဖက်ထောက်ကာ သူမ၏ မူလအစစိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ဆက်သလိုက်သည်။ ချီမင်သည် ထို မူလအစစိတ်ဝိညာဉ်ကို ကမ္ဘာဦးမဟာတာအိုနှင့် ပေါင်းစပ်လိုက်ရာ အသင်္ချေပုံရိပ်ယောင်မြူခိုး သည် သူ့ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိသွားသည်။

တာအိုသားရဲ: အသင်္ချေပုံရိပ်ယောင်မြူခိုး။

အမည်ရင်း: ပုံရိပ်ယောင်။

အဆင့်: ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်။

မူလအစ: အသင်္ချေပုံရိပ်ယောင် မဟာတာအို။

ဖော်ပြချက်: ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပဉ္စမအဆင့် ဂိမ်းမြေအောက်စခန်း မှ ရရှိသော တာအိုသားရဲ ဖြစ်သည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပဉ္စမအဆင့်၌ ဖြစ်သည်။ အသင်္ချေပုံရိပ်ယောင်မဟာတာအို ကို ပိုင်ဆိုင်ထားပြီး ပြီးပြည့်စုံခြင်းအဆင့် မဟာတာအို အဆင့်နှင့် ယှဉ်နိုင်စွမ်းရှိသည်။

ချီမင်သည် ပုံရိပ်ယောင်၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။ အခြေခံအားဖြင့် ရှီလင်း နှင့် ဆင်တူသည်။ သူတို့နှစ်ဦးစလုံးသည် မဟာတာအို ပြီးပြည့်စုံခြင်း အဆင့်ရှိသော ထာဝရအထွတ်အထိပ်‌ ကောင်းကင်အရှင် နဝမအဆင့်များ ဖြစ်ကြသည်။

ရှီလင်းက အချိန် မဟာတာအိုဖြစ်ပြီး ပုံရိပ်ယောင် က အသင်္ချေမဟာတာအို ဖြစ်သည်။

အချိန်မဟာတာအိုပဲ ဖြစ်ဖြစ်၊ အသင်္ချေပုံရိပ်ယောင်မဟာတာအို ပဲ ဖြစ်ဖြစ်၊ တကယ်တော့ ကောင်းကင်နှင့်မြေကြီး မဟာတာအိုကို အခြေခံပြီး နားလည်သဘောပေါက်ထားသည့် မဟာတာအိုများသာ ဖြစ်သည်။

ချီမင် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပုံရိပ်ယောင် ကို ရှီလင်းကဲ့သို့ပင် တာအိုသားရဲ နေရာလွတ်ထဲသို့ ဝင်ခိုင်းလိုက်သည်။ “ အလိုအလျောက်ကျင့်ကြံခြင်းစနစ်နဲ့ ကျင့်ကြံခြင်းကြ။ အချိန်တိုအတွင်းမှာ ထာဝရအထွတ်အထိပ် ကောင်းကင်အရှင်နဝမအဆင့်ကို ရောက်အောင် ကြိုးစားကြ။”

သူသည် ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားသည်။

နောက်ထပ် နှစ်တစ်သန်း ကြာလွန်သွားပြန်သည်။

ချီမင်၏ ကျင့်ကြံခြင်းအဆင့်သည် ထပ်မံ၍ ချိုးဖျက် အောင်မြင်သွားပြီး မဟာတာအို

ကို ဆွဲဆောင်လိုက်ပြန်သည်။ အထက်ကမ္ဘာအရှင်ကိုးပါး၊ များပြားလှစွာသော ထာဝရအထွတ်အထိပ်အရှင်သခင်များနှင့် ကမ္ဘာအသီးသီးမှ မရေမတွက်နိုင်သော သက်ရှိများ၊ မျိုးနွယ်စုများ၏ အာရုံကိုပင် ဖမ်းစားနိုင်ခဲ့သည်။

သို့သော် သူတို့သည် အရင်ကလောက်တော့ မအံ့သြကြတော့ပေ...

All Chapters