← Chapters

အဆက်မပြတ် အဆင့်တက်ခြင်းများ၊ မူလအစကမ္ဘာရတနာ၏ ကိုယ်ပွားများ

Vol. 34 Ch. 472

အဆက်မပြတ် အဆင့်တက်ခြင်းများ၊ မူလအစကမ္ဘာရတနာ၏ ကိုယ်ပွားများ

Vol. 34 Ch. 472

မည်သို့ပင်ဖြစ်စေ အစမှအဆုံးထိတိုင် ချီမင်သည် အကြိမ်ပေါင်းများစွာ ဆက်တိုက် အဆင့်တက်ခဲ့ပြီး ခမ်းနားကြီးကျယ်သော ထူးခြားဖြစ်စဉ်များကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအရာက လေဟာနယ်စကြဝဠာပင်လယ် တစ်ခုလုံးကို အမှန်တကယ် လှုပ်ခတ်သွားစေပြီး ကမ္ဘာအသီးသီးသို့ သက်ရောက်လာခဲ့၏။

ထို့ကြောင့်ပင် လူတိုင်းသည် တဖြည်းဖြည်း မအံ့သြကြတော့ပေ။

အမှန်တကယ်တော့...

သူတို့က အသားကျသွားခြင်းဖြစ်သည်။

ယခုတစ်ကြိမ် အဆင့်တက်ပြီးနောက် ချီမင်၏ ကျင့်ကြံခြင်းအဆင့်မှာ သဘာဝကျစွာပင် တိုးတက်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ မူလအစအပေါ် နားလည်သဘောပေါက်မှုက ပိုမို နက်ရှိုင်းလာပြီး သူသည် ထာဝရအထွတ်အထိပ်အရှင် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားသည်။

တစ်နှစ်ကြာပြီးနောက်။

ချီမင်သည် အဆင့်တက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းကို ခိုင်မာအောင် ပြုလုပ်လိုက်သည်။

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားပါပြီ။ ပဉ္စမအဆင့် ဂိမ်းမြေအောက်စခန်း:ဒုတိယ လေဟာနယ်စစ်မြေပြင်ကို ရှင်းလင်းရာမှ ရရှိမည့် ဆုလာဘ်များ သိသိသာသာ လျော့နည်းသွားပါပြီ။ သင် ထိပ်တန်းအဆင့် တာအိုမူလအစ (၁၀၀) ကွာဒရီလီယန် ဖြည့်သွင်းပြီး ဂိမ်းမြေအောက်စခန်း အသစ်ကို ဖွင့်လှစ်နိုင်ပါတယ်။”

အသိပေးချက် တစ်ခု ပေါ်လာသည်။

ချီမင်က ခေါင်းအသာ ညိတ်လိုက်ပြီး ပြောလိုက်၏။ “ထိပ်တန်းအဆင့် တာအိုမူလအစ (၁၀၀) ကွာဒရီလီယန် ဖြည့်သွင်းပြီး ဂိမ်းမြေအောက်စခန်း အသစ်ကို ဖွင့်မယ်”

တင်း။

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“ဂိမ်းမြေအောက်စခန်း အသစ်ကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ။”

“သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဂိမ်းမြေအောက်စခန်း: တတိယ လေဟာနယ်စစ်မြေပြင် သို့ ဝင်ရောက်နိုင်ပါပြီ။”

အသိပေးချက် တစ်ခု ပေါ်လာသည်။

“ဝင်မယ်။”

တတိယ လေဟာနယ်စစ်မြေပြင်၏ ဂိမ်းမြေအောက်စခန်း မြင်ကွင်းများ ပေါ်လာသည်။ ယင်းက ပထမနှစ်ကြိမ်နှင့် ကွာခြားမှု မရှိပေ။ သို့သော် အထက်ကမ္ဘာအရှင်ကိုးပါး၏ ကိုယ်ပွားများအပြင် ချီမင်သည် တတိယ လေဟာနယ်စစ်မြေပြင်၌ ဧကရာဇ်ဟောက်ထျန်းကိုလည်း တွေ့မြင်လိုက်ရသည်။

“သူက ဧကရာဇ်ဟောက်ထျန်းပဲ”

ချီမင် ခဏမျှ အတွေးနက်သွားသည်။ “တကယ့်ကို ထူးခြားတာပဲ”

“ကံမကောင်းတာက ကိုယ်ပွား ဖြစ်နေရတယ်လို့။”

တိုက်ပွဲ စတင်ဖြစ်ပွားလာသည်။

ချီမင် အသွင်ပြောင်းထားသော ဂိမ်းဇာတ်ကောင်၊ မူလအစကမ္ဘာတမန်သည် စစ်မြေပြင်သို့ ဝင်ရောက်ပြီး တတိယ လေဟာနယ်သားရဲကို သတ်ဖြတ်ရန် ဧကရာဇ်ဟောက်ထျန်းနှင့် ပူးပေါင်းလိုက်သည်။

ယခုတစ်ကြိမ် တတိယ လေဟာနယ်သားရဲက အတော်လေး ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာတစ်ကောင်ဖြစ်သည်။ ၎င်း၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် မြူခိုးနက်များဖြင့် ဖုံးလွှမ်းနေကာ သားရဲအမျိုးမျိုး၏ ဝိသေသလက္ခဏာများ ပေါင်းစပ်ထားသည့် ပုံမှန်မဟုတ်သည့် သတ္တဝါ တစ်ကောင်နှယ်။

၎င်းသည် ဖရိုဖရဲများဖြင့် ပြည့်နှက်နေသည်။

ထိုအခိုက် တိုက်ပွဲမှာ အလွန် ပြင်းထန်လာခဲ့သည်။

သို့‌သော် ချီမင်တို့ဘက်မှ အသာစီး ရနေသည်။

သူက အတွေးတစ်ချက်ဖြင့် ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်သည်။

နောက်ထပ် အသိပေးချက် သုံးခု ပေါ်လာသည်။

ချီမင်၏ မူလအစကိုယ်ပိုင်တာအိုရတနာသုံးခုမှာ အောင်မြင်စွာ သန့်စင်ပြီးသွားတော့သည်။

ကမ္ဘာဦးမူလအစဓားကြာပန်း၊ ကမ္ဘာဦးမူလအစဓား နှင့် ကမ္ဘာဦးမူလအစတောင်တို့သည် အဆင့်လေးမှ အဆင့်ငါး မူလအစကိုယ်ပိုင်တာအိုရတနာ အဖြစ်သို့ မြင့်တက်သွားကြသည်။

၎င်းတို့၏ စွမ်းအားမှာလည်း သဘာဝအတိုင်း များစွာ တိုးတက်သွားတော့သည်။

“အလိုအလျောက် ဆက်ကျင့်ကြံမယ်။ “ ချီမင်က ခဏမျှ စဉ်းစားလိုက်သည်။

နှစ်တစ်ရာ ကြာပြီးနောက်။

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ဆဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း: တတိယ လေဟာနယ်စစ်မြေပြင် တွင် နှစ်တစ်ရာကြာ အလိုအလျောက်ကျင့်ကြံခဲ့ပါတယ်။ သင် ဂိမ်းမြေအောက်စခန်း ကို တစ်ကြိမ် ရှင်းလင်းခဲ့ပါတယ် ။ သင် တတိယ လေဟာနယ်သားရဲ သားရဲအရှင် နှင့် ထိပ်တန်းအဆင့် တာအိုမူလအစ (၁၀) ကွာဒရီလီယန် ရရှိခဲ့ပါတယ်။”

အသိပေးချက် ပေါ်လာသည်။

“ထွက်ခဲ့စမ်း။”

အတွေးတစ်ခုဖြင့် ချီမင်သည် သားရဲအရှင်ကို ဆင့်ခေါ်လိုက်၏။ ၎င်းသည် အရွယ်အစားကို စိတ်တိုင်းကျ ပြောင်းလဲနိုင်သည့်အတွက် နှစ်မီတာအမြင့်ရှိသော ပုံစံဖြင့် ချီမင်ရှေ့တွင် ပေါ်လာသည်။

သားရဲအရှင်သည် သူ၏ မူလအစ တစ်စိတ်တစ်ပိုင်းကို ပေးအပ်လိုက်သည်။ ချီမင်သည် ထို မူလအစကို ဆုပ်ကိုင်ပြီး ကမ္ဘာဦးမဟာတာအိုထဲသို့ ပေါင်းစပ်လိုက်ရာ သားရဲအရှင်ကို လုံးဝ ထိန်းချုပ်နိုင်သွား‌ တော့သည်။

“မဆိုးဘူး။”

ချီမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သားရဲအရှင်၏ အခြေခံ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။

တာအိုသားရဲ: တတိယလေဟာနယ်သားရဲ၊ သားရဲအရှင်။

အမည်ရင်း: သားရဲစိတ်ဝိညာဉ်။

အဆင့်: ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်။

မူလအစ: ဖရိုဖရဲ မဟာတာအို။

ဖော်ပြချက်: ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဆဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း မှ ရရှိသော တာအိုသားရဲ ဖြစ်သည်။ ၎င်းက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ထိ မြင့်တင့်နိုင်၏။ မဟာတာအိုဖြင့်ယှဉ်နိုင်စွမ်းရှိသော ဖရိုဖရဲမဟာတာအိုကို ပိုင်ဆိုင်ထား၏။

“လေဟာနယ်သားရဲတွေရဲ့ စွမ်းအားနဲ့ နယ်ပယ်က အတူတူပဲကိုး။” ချီမင်က ခဏမျှ တွေးတောလိုက်သည်။

နောက်ထပ် နှစ်တစ်သန်း ကြာလွန်သွားပြန်သည်။

ထိုနေ့တွင်။

အသင်္ချေကမ္ဘာတို့တွင် မဟာတာအို ထူးခြားဖြစ်စဉ်များ ပေါ်ထွက်လာသည်။ ချီမင်၏ ကျင့်ကြံခြင်းအဆင့်က တက်သွား၏။ နှစ်တစ်သန်းအတွင်း သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် သတ္တမအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွား၏။

“ချီမင် ထပ်ပြီး အဆင့်တက်သွားပြန်ပြီ။”

“မဆိုးဘူး၊ မဆိုးဘူး။”

“ဒီအဆင့်တက်နှုန်းအတိုင်းဆိုရင် သူ နဝမအဆင့်ကို ရောက်ဖို့ နောက်ထပ် နှစ်နှစ်သန်းပဲ လိုတော့တယ်။”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။”

အထက်ကမ္ဘာအရှင်ကိုးပါးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူတို့အားလုံးက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြပါ၏။ ချီမင်က မိုးမြေမဟာတာအိုအဆင့်၌ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ရောက်ရှိသွားသည်။ ထိုအချိန်၌ မူလအစကမ္ဘာတံခါးကို ဖွင့်လှစ်ရမည့်အချိန် ရောက်ပြီဖြစ်၏။

တစ်နှစ်ကြာပြီးနောက်။

ချီမင်သည် သူ၏ ကျင့်ကြံခြင်းကို ခိုင်မာအောင် ပြုလုပ်လိုက်သည်။

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ် ကောင်းကင်အရှင် သတ္တမအဆင့်သို့ ရောက်ရှိသွားပါပြီ။ ဆဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း တတိယ လေဟာနယ်စစ်မြေပြင်ကို ရှင်းလင်းရာမှ ရရှိမည့် ဆုလာဘ်များ များစွာ လျော့နည်းသွားပါမည်။ သင် ထိပ်တန်းအဆင့် တာအိုမူလအစ တစ် ကွင်တီလီယံ ဖြည့်သွင်းပြီး ဂိမ်းမြေအောက်စခန်း အသစ်ကို ဖွင့်လှစ်နိုင်ပါတယ်။”

အသိပေးချက် တစ်ခု ပေါ်လာသည်။

ချီမင်က ခေါင်းအသာ ညိတ်လိုက်သည်။ သူ့မျက်နှာအမူအရာကတော့ ပြောင်းလဲခြင်း မရှိပေ။ သူ မျှော်လင့်ထားသလို ပြောလိုက်သည်။ “ထိပ်တန်းအဆင့် တာအိုမူလအစ တစ် ကွင်တီလီယံ ဖြည့်သွင်းပြီး ဂိမ်းမြေအောက်စခန်း အသစ်ကို ဖွင့်မယ်။”

သူသည် နတ်ဆိုးကမ္ဘာအရှင်၏ လက်ဆောင်ကို ရရှိထားပါ၏။ တာအိုမူလအစ မလုံလောက်မည်ကို ပူပန်စရာ မလိုတော့ပေ။ သူ ကျင့်ကြံခြင်းအတွက် လိုသလောက် သုံးနိုင်ပြီး အသုံးပြုနိုင်သည်။

ဂိမ်းမြေအောက်စခန်း ကို ရှင်းလင်းနေခြင်းမှာထိပ်တန်းအဆင့် တာအိုမူလအစ သို့မဟုတ် ရတနာအမျိုးမျိုးကို ရယူရန် မဟုတ်ပေ။

ထိုအစား လေဟာနယ်သားရဲ တာအိုသားရဲ ကို ရယူရန်သာဖြစ်၏။

ချီမင်၏ တာအိုသားရဲ တိုင်းသည် ကိုယ်ပွားများ သာ ဖြစ်သည်။ ၎င်းတို့က လေဟာနယ်သားရဲအစစ်များထက် များစွာ နိမ့်ကျသော်လည်း ပြီးပြည့်စုံခြင်း မဟာတာအို အဆင့်ရှိသည့် တည်ရှိမှုများ ဖြစ်ကြသည်။

ချီမင်၌ ခံစားချက်တစ်ခု ရှိနေသည်။

အကယ်၍ သူသာ လေဟာနယ်သားရဲ ကိုးကောင်စလုံး၏ ကိုယ်ပွားများကို ရရှိနိုင်ခဲ့လျှင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု‌ပေ။ ချီမင်သည် ထိုခံစားချက်ကြောင့် အလွန် စိတ်လှုပ်ရှားနေသည်။

ထို့အပြင်...

မည်သည့် ပြောင်းလဲမှုမှ မရှိလျှင်တောင် ပြီးပြည့်စုံခြင်းအဆင့် မဟာတာအို နယ်ပယ်နှင့် ထာဝရအထွတ်အထိပ် ကောင်းကင်အရှင် နဝမအဆင့်ရှိသော လက်အောက်ငယ်သား တာအိုသားရဲ ကိုးကောင် ရှိထားခြင်းသည် မကောင်းသည့်ကိစ္စ မဟုတ်ပေ။

ကောင်းသောကိစ္စသာ ဖြစ်နိုင်သည်။

တင်း။

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“ဂိမ်းမြေအောက်စခန်း အသစ်ကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ။”

“သင်ထာဝရအထွတ်အထိပ် ကောင်းကင်အရှင် ဂိမ်းမြေအောက်စခန်း: စတုတ္ထ လေဟာနယ်စစ်မြေပြင် သို့ ဝင်ရောက်နိုင်ပါပြီ။”

အသိပေးချက် တစ်ခု ပေါ်လာသည်။

“ဝင်မယ်”

ယခုတစ်ကြိမ်တွင် ချီမင် အသွင်ပြောင်းထားသော ဂိမ်းဇာတ်ကောင်မှာ မူလအစကမ္ဘာတမန်ပင် ဖြစ်နေဆဲဖြစ်သည်။ သူသည် မူလအစကမ္ဘာတံခါး၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်တိုက်ခိုက်နိုင်ပြီး အလွန်အမင်း စွမ်းအားကြီးမားပါ၏။

စတုတ္ထ လေဟာနယ်စစ်မြေပြင်၌...

နတ်ဆိုးကမ္ဘာအရှင်၊ အင်မော်တယ်ကမ္ဘာအရှင်နှင့် ထာဝရကမ္ဘာအရှင်တို့ အားလုံးတွင် မူလအစကမ္ဘာရတနာ ကိုယ်စီ ရှိကြသည်။ မူလအစကမ္ဘာရတနာ၏ အကူအညီဖြင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းသည် အခြားသူများထက် အနည်းငယ် သာလွန်သည်။

တိုက်ပွဲက စတင်နေပြီဖြစ်၏။

စတုတ္ထ လေဟာနယ်သားရဲ သည် မူလအစကမ္ဘာ၏ ဘေးဒုက္ခချီမှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် ၎င်း၏ ပုံသဏ္ဌာန်မှာ အဆုံးမဲ့ ပျက်စီးခြင်း အရှိန်အဝါများ ထွက်ပေါ်နေသည့် ဦးချိုတစ်ခုပါသော သားရဲတစ်ကောင် ဖြစ်သည်။

သေချာကြည့်လျှင် ရွှေရောင် ဦးချိုတစ်ခု ပါရှိသော ဝေလငါးကြီးတစ်ကောင်နှင့် ပိုတူသည်။

သို့သော် ၎င်းသည် လုံးဝ မီးခိုးပြာရောင် သန်းနေသည်။

ထို့အပြင်ထူထပ်သော အပြာရောင် မြူခိုးများ ပျံ့နှံ့နေပါ၏။

တိုက်ပွဲမှာ အလွန် ပြင်းထန်လာသည်။

ဤတိုက်ပွဲသည် လေဟာနယ်စကြဝဠာပင်လယ်ကို တုန်ခါသွားစေပြီး ကမ္ဘာများကို ဖန်သလင်းများကဲ့သို့ ကွဲကြေပျက်စီးသွားစေသည်။

ချီမင်သည် အနည်းငယ်သာ ကြည့်ရှုပြီး အကြည့်လွှဲလိုက်သည်။ သူ ဆက်လက် အာရုံမစိုက်တော့ဘဲ ဂိမ်းမြေအောက်စခန်း မြင်ကွင်းကို ပိတ်လိုက်သည်။

သို့သော် အမှန်တကယ်တော့ ဂိမ်းမြေအောက်စခန်း သည် ကမ္ဘာအစစ်အမှန် တစ်ခုဖြစ်သည်။

ခြုံငုံကြည့်လျှင် ဂိမ်းမြေအောက်စခန်း လေးခု ပြီးနောက် သူ သတိထားမိသည်မှာ ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထ လေဟာနယ်စစ်မြေပြင်များသည် ကမ္ဘာအစစ်အမှန်များ ဖြစ်ကြသည်။

တစ်နည်းအားဖြင့်...

အလိုအလျောက်ကျင့်ကြံခြင်းစနစ်သည် များပြားလှသော ထိပ်တန်းအဆင့် တာအိုမူလအစ များကို သုံးပြီး အထွတ်အထိပ် စွမ်းအားနှင့် ဖော်ပြ၍မရသော ခမ်းနားကြီးကျယ်သည့် စွမ်းအားကို အသုံးပြုကာ လေဟာနယ်စကြဝဠာပင်လယ် ကိုယ်ပွားတစ်ခုကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ဂိမ်းမြေအောက်စခန်း လေးခုကို ဖန်တီးခဲ့သည်။

ထိုကဲ့သို့သော စွမ်းအားမျိုးမှာ စဉ်းစား၍ပင် မရနိုင်ပေ။

ထိုသည်က အထွတ်အထိပ် အဆင့်တွင် ရှိနေသည်။

မကြာမီ ချီမင်ထံသို့ နောက်ထပ် အသိပေးချက် သုံးခု ရောက်လာသည်။

၎င်းတို့မှာ ချီမင် ထပ်မံ သန့်စင်ပြီးထားသော မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခု ဖြစ်သည်။ ၎င်းတို့သည် အဆင့်ငါးမှ အဆင့်ခြောက် မူလအစကိုယ်ပိုင်တာအိုရတနာ အဖြစ်သို့ တိုးတက်သွားကြသည်။

နောက်ထပ် နှစ်တစ်ရာ ကြာလွန်သွားပြန်သည်။

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် သတ္တမ ဂိမ်းမြေအောက်စခန်း: စတုတ္ထ လေဟာနယ်စစ်မြေပြင် တွင် နှစ်တစ်ရာကြာ အလိုအလျောက်ကျင့်ကြံခဲ့ပါတယ်။ သင် ဂိမ်းမြေအောက်စခန်း ကို တစ်ကြိမ်ရှင်းလင်းနိုင်ခဲ့ပါတယ်။ သင် စတုတ္ထ လေဟာနယ်သားရဲ၊ ပျက်စီးခြင်းမဟာရော့ခ်နှင့် ထိပ်တန်းအဆင့် တာအိုမူလအစ (၁၀၀) ကွာဒရီလီယံ ရရှိပါတယ်။”

အသိပေးချက် ပေါ်လာသည်။

“ပျက်စီးခြင်းမဟာရော့ခ်”

ချီမင် ခဏမျှ အတွေးနက်သွား၏။

သူသည် ပျက်စီးခြင်းမဟာရော့ခ်ကို ဆင့်ခေါ်လိုက်၏။ အပြာရောင် မြူခိုးများ သူ့ရှေ့တွင် လှုပ်ရှားလာသည်။ ၎င်းသည်လည်း အရွယ်အစားကို စိတ်တိုင်းကျ ပြောင်းလဲနိုင်သည့်အတွက် နှစ်မီတာရှည်သော ပျက်စီးခြင်းမဟာရော့ခ် အငယ်စားလေး အဖြစ် ချီမင်ရှေ့တွင် ပျံဝဲထွက်ပေါ်လာသည်။

ပျက်စီးခြင်းမဟာရော့ခ်သည် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ မူလအစကို လိုလိုလားလား ဆက်သလိုက်သည်။

ချီမင်က ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ထို မူလအစ အမျှင်တန်းလေးသည် သူ့လက်ထဲသို့ ကျရောက်လာသည်။ သူသည် ၎င်းကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်ပြီး ကမ္ဘာဦးမဟာတာအိုထဲသို့ ပေါင်းစပ်လိုက် တော့သည်။ ဤနည်းဖြင့် သူသည် ပျက်စီးခြင်းမဟာရော့ခ်ကို လုံးဝ ထိန်းချုပ်နိုင်သွားပါ၏။

“မဆိုးဘူး” ချီမင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“စတုတ္ထမြောက် လေဟာနယ်သားရဲ ကိုယ်ပွား ရပြီ။ ကိုးကောင် ပြည့်ဖို့ ခြေတစ်လှမ်း ပိုနီးသွားပြီပဲ။”

တာအိုသားရဲ :ပျက်စီးခြင်းမဟာရော့ခ်

အမည်ရင်း: ရော့ခ်စိတ်ဝိညာဉ်

အဆင့်: ထာဝရအထွတ်အထိပ် ကောင်းကင်အရှင်နဝမအဆင့်

မူလအစ:ဖျက်စီးခြင်း မဟာတာအို

ဖော်ပြချက်: ထာဝရအထွတ်အထိပ် ကောင်းကင်အရှင် သတ္တမအဆင့် ဂိမ်းမြေအောက်စခန်း မှ ရရှိသော တာအိုသားရဲ ဖြစ်သည်။ ၎င်းသည် ထာဝရအထွတ်အထိပ် ကောင်းကင်အရှင်နဝမအဆင့်ထိသာ တိုးတက်နိုင်၏။ ဖျက်ဆီးခြင်းမဟာတာအိုကို ပိုင်ဆိုင်ထား၏။

လေဟာနယ်သားရဲ လေးကောင်စလုံး၏ နယ်ပယ်နှင့် စွမ်းအားမှာ တူညီကြသည်။

သို့သော် သူတို့ ပိုင်ဆိုင်ထားသော မူလအစ များမှာ ကွဲပြားကြသည်။

နောက်ထပ် နှစ်တစ်သန်း ကြာလွန်သွားပြန်သည်။

ယနေ့နေ့တွင်...

ချီမင်၏ အရှိန်အဝါများက ပြောင်းလဲသွားပြီး အဆက်မပြတ် မြင့်တက်လာသည်။ ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ မူလအစစွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး အကန့်အသတ်ကို ဖောက်ထွက်ကာ နောက်တစ်ဆင့်သို့ ရောက်ရှိသွားသည်။

ထိုအချိန်၌ပင် ကောင်းကင်နှင့်မြေကြီး မဟာတာအိုက အာရုံခံမိပြီး အဆုံးမဲ့ ထူးခြားဖြစ်စဉ်များ ထပ်မံ ကျရောက်လာစေသည်။

ချီမင်သည် သူ့ခန္ဓာကိုယ် အတွင်းရှိ ပြောင်းလဲမှုများကို အာရုံခံလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက ပြောလိုက်သည်။”နှစ်တစ်သန်းအတွင်းမှာ ငါ ထပ်ပြီး အဆင့်တက်သွားပြီ။ ထာဝရအထွတ်အထိပ် ကောင်းကင်အရှင်အဋ္ဌမအဆင့် ကို ရောက်သွားပြီ။”

ချက်ချင်းပင် ချီမင်ထံသို့ အလိုအလျောက်ကျင့်ကြံခြင်းစနစ် မှ အသိပေးချက် ရောက်ရှိလာသည်။

မဟာတာအို ထူးခြားဖြစ်စဉ်များ ပေါ်လာသောအခါ ကမ္ဘာအသီးသီးမှ သက်ရှိများနှင့် မျိုးနွယ်စုများက သဘာဝကျစွာပင် သိလိုက်ကြသည်။ သို့သော် သူတို့ မအံ့သြကြတော့ဘဲ သက်ပြင်းသာ ထပ်ခါတလဲလဲ ချနေကြသည်။

သူတို့ တကယ်ပဲ အသားကျသွားပါ၏။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်...”

“ထာဝရအထွတ်အထိပ် ကောင်းကင်အရှင် အဋ္ဌမအဆင့်”

“မလိုတော့ဘူး၊ သိပ်မလိုတော့ဘူး။”

အထက်ကမ္ဘာအရှင်ကိုးပါးက အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။

သူတို့ စောင့်ဆိုင်းနေခဲ့သည်မှာ ကြာနေပေပြီ။

အခြားတစ်ဖက်

လေဟာနယ်စကြဝဠာပင်လယ်၏ ထောင့်တစ်နေရာတွင်...

“သူ ထာဝရအထွတ်အထိပ် ကောင်းကင်အရှင် အဋ္ဌမအဆင့်ကို ရောက်သွားပြီလား။”

အထွတ်အထိပ်အင်မော်တယ်က ခေါင်းမော့လိုက်သည်။ သူ့အကြည့်သည် အဆုံးမဲ့ နေရာလွတ်နှင့် အချိန်ကို ဖြတ်ကျော်ပြီး နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူသည် ချီမင်၏ အရှိန်အဝါ ပြောင်းလဲမှုကို အာရုံခံမိလိုက်သည်။ “တကယ် မြန်ဆန်တဲ့ အဆင့်တက်နှုန်းပဲ။ နှစ်တစ်သန်း ကြာတိုင်း သူ့ကျင့်ကြံခြင်းက တစ်ဆင့် တက်နေတယ်။ ဒီတိုးတက်မှုနှုန်းက တကယ့်ကို မယုံနိုင်စရာပဲ။”

အထွတ်အထိပ်အင်မော်တယ်၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။ “ချီမင်။ ငါ မင်းနဲ့ တိုက်ရဖို့ ပိုပြီး မျှော်လင့်လာပြီ။”

တစ်နှစ်ကြာပြီးနောက်။

ချီမင်သည် သူ၏ ကျင့်ကြံခြင်းကို ခိုင်မာအောင် ပြုလုပ်လိုက်သည်။

မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခုသည်လည်း မူလအစတာအိုရတနာ အဆင့်ခုနစ်ထိ သန့်စင်ပြီးသွားသည့်အတွက် စွမ်းအားမှာလည်း များစွာ တိုးတက်လာ၏

သို့သော် မလုံလောက်သေးပေ။

“ငါ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဋ္ဌမအဆင့်ကို ရောက်နေပြီ။”

ချီမင်က ခဏမျှ အတွေးဝင်သွားသည်။ “နဝမအဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ အဲဒါကြောင့် ကျင့်ကြံခြင်းကို ဆက်တိုးတက်အောင် အခုချက်ချင်း လုပ်ဖို့ မလိုသေးဘူး။”

“အရင်ဆုံး ငါ့ရဲ့ မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခုစလုံးကိုအကန့်အသတ်အထိ ရောက်အောင် သန့်စင်ရမယ်။”

“ဒါမှသာ အထွတ်အထိပ်အင်မော်တယ်ကို ငါ အနိုင်ယူနိုင်မှာ”

ချီမင်သည် အထွတ်အထိပ်အင်မော်တယ်နှင့် ချိန်းဆိုထားသော တိုက်ပွဲကို မမေ့ပေ။ ဤတိုက်ပွဲသည် ရှောင်လွှဲ၍ မရနိုင်။ ထို့ပြင် အထွတ်အထိပ်အင်မော်တယ်သည် ဧကရာဇ်ဟောက်ထျန်း၏ လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းထားသူ ဖြစ်သည်။ သူ့စွမ်းအားမှာ သာမန်မဟုတ်ပေ။

ထို့ကြောင့် ချီမင်သည် အစွမ်းကုန် ကြိုးစားရပေမည်။ လုံးဝ ပေါ့ဆ၍ မရပေ။

မူလအစကမ္ဘာတံခါး မပွင့်မီတွင် အထက်ကမ္ဘာအရှင်ကိုးပါးသည် သူ့အပေါ် ရန်လိုလိမ့်မည် မဟုတ်ပေ။ သို့သော် တံခါးပွင့်သွားသောအခါ ဘာမှ သေချာမည် မဟုတ်တော့။

အရေးကြီးဆုံး အချက်မှာ...

မူလအစကမ္ဘာတံခါး ပွင့်သွားသောအခါ ဘာဆက်ဖြစ်မည်ကို ဘယ်သူမှ မသိကြပေ။

အကယ်၍ မူလအစကမ္ဘာတံခါး ပွင့်သွားသော်လည်း လူတစ်ယောက်သာ ဝင်ခွင့်ရမည် ဆိုပါက တွေးကြည့်၍ပင် မရနိုင်သော တိုက်ပွဲကြီး ဖြစ်ပွားလာလောက်သည်။

ဘာပဲဖြစ်ဖြစ် ချီမင်သည် သူ့စွမ်းအားကို တတ်နိုင်သမျှ တိုးမြှင့်ထားရမည်။

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ် ကောင်းကင်အရှင် အဋ္ဌမအဆင့်သို့ ရောက်ရှိသွားပါပြီ။ သတ္တမအဆင့် ဂိမ်းမြေအောက်စခန်း စတုတ္ထ လေဟာနယ်စစ်မြေပြင်ကို ရှင်းလင်းရာမှာ ရရှိမည့် ဆုလာဘ်များ လျော့နည်းသွားပါပြီ။ သင်သည် ထိပ်တန်းအဆင့် တာအိုမူလအစ (၁၀) ကွင်တီလီယံဖြည့်သွင်းပြီး ဂိမ်းမြေအောက်စခန်း အသစ်ကို ဖွင့်လှစ်နိုင်ပါတယ်။”

အသိပေးချက် တစ်ခု ပေါ်လာသည်။

ချီမင်၏ မျက်နှာအမူအရာသည် ပြောင်းလဲခြင်း မရှိပေ။ သူ ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “ဖြည့်သွင်းမယ်”

တင်း။

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“ဂိမ်းမြေအောက်စခန်း အသစ်ကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ။”

“သင်သည် အဋ္ဌမအဆင့် ထာဝရအထွတ်အထိပ်အရှင် ဂိမ်းမြေအောက်စခန်း: ပဉ္စမ လေဟာနယ်စစ်မြေပြင်သို့ ဝင်ရောက်နိုင်ပါပြီ။”

အသိပေးချက် တစ်ခု ပေါ်လာသည်။

“ဝင်မယ်”

ချီမင် အသွင်ပြောင်းထားသော ဂိမ်းဇာတ်ကောင်၊ မူလအစကမ္ဘာတမန် သည် ပဉ္စမ လေဟာနယ်စစ်မြေပြင် သို့ ဝင်ရောက်သွားသည်။ ဤစစ်မြေပြင်တွင် ထာဝရအထွတ်အထိပ်အရှင် အများအပြား ပါဝင်တိုက်ခိုက်ကြသော်လည်း ခေါင်းဆောင်များမှာ အထက်ကမ္ဘာအရှင်ကိုးပါးပင် ဖြစ်သည်။

ပထမအချက်မှာ လေဟာနယ်သားရဲများက အလွန်အမင်း စွမ်းအားကြီးမားလွန်းသောကြောင့် ထာဝရအထွတ်အထိပ်အရှင် အဆင့်ရှိသော တည်ရှိမှုများသာ ၎င်းတို့ကို ထိခိုက်အောင် လုပ်နိုင်သောကြောင့် ဖြစ်သည်။

ထာဝရအထွတ်အထိပ်အရှင် အဆင့်အောက်များ အနေဖြင့်မူ လေဟာနယ်သားရဲကို လုံးဝ ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ပေ။ ၎င်း၏ ကာကွယ်မှုကိုပင် ဖောက်ဖျက်နိုင်မည် မဟုတ်ပေ။ တိုက်ပွဲတွင် ပါဝင်လျှင်လည်း သေလမ်းသာ ရှိပေလိမ့်မည်။

ဤစစ်မြေပြင်တွင်...

အင်မော်တယ်ကမ္ဘာအရှင်၊ ထာဝရကမ္ဘာအရှင်နှင့် နတ်ဆိုးကမ္ဘာအရှင်တို့က မူလအစကမ္ဘာရတနာ ပိုင်ဆိုင်ထားကြသည့်အပြင် ဗုဒ္ဓကမ္ဘာအရှင်သည်လည်း စတုတ္ထမြောက် ထာဝရအကန့်အသတ်မဲ့ဘေးဒုက္ခ တွင် မူလအစကမ္ဘာရတနာ:ကမ္မ မူလအစခန္ဓာကို ရရှိထားသည်။

ဤတိုက်ပွဲသည် ယခင်အကြိမ်များထက် ပို၍ပင် လွယ်ကူနေသည်။

ချီမင်သည် ဂိမ်းမြေအောက်စခန်း ၏ မြင်ကွင်းကို ပိတ်လိုက်သည်။ အတွေးတစ်ခုဖြင့် သူသည် ထိပ်တန်းအဆင့် တာအိုမူလအစ များကို စတင် ဖြည့်သွင်းပြီး မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခုကို သန့်စင်လိုက်သည်။

သူသည် ကမ္ဘာဦးမဟာတာအိုကျမ်း ကို ဆက်လက် မကျင့်ကြံသေးပေ။ သူသည် ကိုးဆင့်မြောက် ထာဝရအထွတ်အထိပ်အရှင် အဆင့်သို့ အလျင်အမြန် မရောက်ချင်သေးသောကြောင့် ဖြစ်သည်။ ထိုအဆင့်မရောက်မီ သူ၏ စွမ်းအားကို တတ်နိုင်သမျှ တိုးမြှင့်ထားရန် လိုအပ်သည်။

ထို့အပြင် တာအိုသားရဲ များအပြင် ချီမင်သည် ပထမ လေဟာနယ်စစ်မြေပြင်တွင် မူလအစကမ္ဘာရတနာ ကိုယ်ပွား: အသင်္ချေကမ္ဘာ ပုံရိပ်လွှာကို ရရှိခဲ့သည်။ ဒုတိယ လေဟာနယ်စစ်မြေပြင်တွင် မူလအစကမ္ဘာရတနာ ကိုယ်ပွား:ထာဝရမူလအစ မျှော်စင်ကို ရရှိခဲ့သည်။

တတိယ လေဟာနယ်စစ်မြေပြင်တွင် မူလအစကမ္ဘာရတနာ ကိုယ်ပွား:ဧကရာဇ်ဟောက်ထျန်း ခေါင်းတလားကို ရရှိခဲ့သည်။

၎င်းတို့သည် ကိုယ်ပွားများသာ ဖြစ်သောကြောင့် ဤ မူလအစကမ္ဘာရတနာ သုံးခု၏ စွမ်းအားသည် မူလအစကမ္ဘာရတနာအစစ်များနှင့် ယှဉ်လျှင် များစွာ နိမ့်ကျသော်လည်း ၎င်းတို့သည်လည်း အလွန်အမင်း စွမ်းအားကြီးမားကြပေသည်။

All Chapters