အဆင့်ချိုးဖျက်ခြင်း။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်။
Vol. 34 Ch. 473
ပဉ္စမ လေဟာနယ်စစ်မြေပြင်တွင် ပေါ်လာသည့် ပဉ္စမ မြောက် လေဟာနယ်သားရဲမှာ နောက်ကျောဘက်တွင် တောင်ပံ တစ်ဆယ့်ရှစ်စုံ ပါရှိသည့် ရွှေရောင်ဆံပင်နှင့် ချောမောခန့်ညားသည့် လူငယ်တစ်ဦး ဖြစ်၏။
သူသည် သံသရာမဟာတာအိုကို ကျင့်ကြံသည်။
ဂိမ်းမြေအောက်စခန်းထဲတွင် တိုက်ပွဲသည် ပိုမို ပြင်းထန်လာသည်။
အချိန်များ ကုန်ဆုံးသွားတော့သည်။
နှစ်တစ်ရာ ကြာပြီးနောက်။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း: ပဉ္စမ လေဟာနယ်စစ်မြေပြင်ကို နှစ်တစ်ရာ ကြာအောင် ရှင်းလင်းခဲ့ပြီးပါပြီ။ သင် ဂိမ်းမြေအောက်စခန်း ကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ သင် ပဉ္စမ လေဟာနယ်သားရဲ သံသရာသားတော် နှင့် ထိပ်တန်းအဆင့် တာအိုမူလအစ (၁၀၀)ကွင်တီလီယံ ရရှိပါတယ်။”
အသိပေးချက် တစ်ခု ပေါ်လာသည်။
ချီမင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူသည် သံသရာသားတော်ကို ဆင့်ခေါ်လိုက်၏။ ၎င်းက သူ၏အတောင်ပံကို ဆန့်တန်းလိုက်သည့်အတွက် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သံသရာမဟာတာအိုသည် သူ့ရှေ့တွင် ပေါ်လာ၏။
“သခင့်ကို ဂါရဝပြုပါတယ်။”
သံသရာသားတော်သည် ဒူးတစ်ဖက်ထောက်ပြီး သစ္စာရှိမှုကို ပြသလိုက်၏။ သူသည် ခန္ဓာကိုယ်ထဲမှ မူလအစ တစ်စိတ်တစ်ပိုင်းကို လျင်မြန်စွာ ခွဲထုတ်ပြီး ချီမင်အား လေးစားစွာ ဆက်သလိုက်သည်။
ချီမင်သည် ထို မူလအစကို လက်ခံလိုက်ပြီး ကမ္ဘာဦးမဟာတာအိုထဲသို့ ပေါင်းစပ်လိုက်၏။ သို့ဖြစ်ပါ၍ သူသည် ၎င်းကို လုံးဝ ထိန်းချုပ်လိုက်နိုင်ပြီး သံသရာသားတော်သည် ချီမင်၏ လက်အောက်ခံ တာအိုသားရဲ ဖြစ်လာတော့သည်။
တာအိုသားရဲ: ပဉ္စမမြောက်တာအိုသားရဲ သံသရာသားတော်
အမည်ရင်း: ကျင်းယွီလင်း
အဆင့်: ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်
မူလအစ: သံသရာ မဟာတာအို
ဖော်ပြချက်: ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း: ပဉ္စမ လေဟာနယ်စစ်မြေပြင် မှ ရရှိသော တာအိုသားရဲ ဖြစ်သည်။ ၎င်းသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်၌ ပုံသေဖြစ်၏။ သံသရာမဟာတာအိုကို ပိုင်ဆိုင်ထားပြီး မဟာတာအို ပြီးပြည့်စုံခြင်းအဆင့်နှင့် ယှဉ်နိုင်စွမ်းရှိသည်။
ချီမင်သည် သံသရာသားတော်၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
နှစ်ပေါင်း တစ်သောင်း ကြာပြီးနောက်။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း: ပဉ္စမ လေဟာနယ်စစ်မြေပြင်ကို နှစ်တစ်ရာကြာ အလိုအလျောက်ရှင်းလင်းခဲ့ပါတယ်။ သင် ဂိမ်းမြေအောက်စခန်း ကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပါတယ်။ သင် ပဉ္စမမြောက် မူလအစကမ္ဘာရတနာ: ကံတရား မူလအစခန္ဓာ၊ ထိပ်တန်းအဆင့် တာအိုမူလအစ ၁ ဆက်တီလီယံရရှိပါတယ်။”
နှစ်ပေါင်း တစ်သောင်းအတွင်း ချီမင်သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း: ပဉ္စမ လေဟာနယ်စစ်မြေပြင် ကို အကြိမ်တစ်ရာတိတိ ရှင်းလင်းခဲ့သည်။ ထိုကာလအတွင်း သူသည် ရတနာပစ္စည်းအများအပြားကို ရရှိခဲ့သည်။ အကြိမ်(၁၀၀)မြောက် ရှင်းလင်းမှုတွင် သူသည် ပဉ္စမမြောက် မူလအစကမ္ဘာရတနာ: ကံတရား မူလအစခန္ဓာ၏ ကိုယ်ပွားကို ရရှိခဲ့လေသည်။
နောက်ပိုင်းတွင် ချီမင်သည် အလိုအလျောက်ကျင့်ကြံပြီး ဂိမ်းမြေအောက်စခန်း ကို ရှင်းလင်းခဲ့သည်။
ထို့နောက် နှစ်ပေါင်း ၉ သိန်းကျော် ကုန်ဆုံးသွားသည်။
ယနေ့တွင်။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစဓားကြာပန်း ကို အောင်မြင်စွာ သန့်စင်ပြီးပါပြီ။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး မဟာတာအို ရတနာ အမျိုးမျိုးနှင့် ကမ္ဘာဦးမဟာတာအို၏ မူလစွမ်းအားတို့နှင့် ပေါင်းစပ်သွားပါပြီ။ မူလအစကိုယ်ပိုင်တာအိုရတနာ အဆင့်ခုနစ်မှ အဆင့်ရှစ် သို့ ရောက်ရှိသွားပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစဓား ကို အောင်မြင်စွာ သန့်စင်ပြီးပါပြီ။ ၎င်းက အဆင့်ရှစ်သို့ ရောက်ရှိသွားပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစတောင် ကို အောင်မြင်စွာ ထပ်မံ သန့်စင်ပြီးပါပြီ။ ၎င်းက အဆင့် ရှစ်သို့ ရောက်ရှိသွားပါပြီ။”
အသိပေးချက် သုံးခု ပေါ်လာသည်။
ချီမင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခုစလုံး အောင်မြင်စွာ သန့်စင်ပြီးသွားတော့သည်။ သုံးခုလုံးသည် မူလအစကိုယ်ပိုင်တာအိုရတနာ အဆင့်ရှစ် သို့ ရောက်ရှိသွားကြသည်။ ၎င်းတို့၏ စွမ်းအားမှာလည်း သဘာဝကျစွာပင် သိသိသာသာ တိုးတက်လာသည်။
“အရမ်းကောင်းတယ်”
ချီမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ငါ ဒါတွေကို မူလအစကိုယ်ပိုင်တာအိုရတနာ အဆင့်ရှစ် ရောက်အောင် သန့်စင်ပြီးပြီ။ အခုတော့ အဆင့်ကိုးရောက်အောင် သန့်စင်ရမယ်။”
ပြင်ပကမ္ဘာတွင်။
“အချိန်ကို ကြည့်ရတာ နှစ်တစ်သန်းလောက် ရှိသွားပြီ။”
“ဘာလို့ ချီမင် အဆင့်မတက်သေးတာလဲ။”
“ချီမင်ရဲ့ အဆင့်တက်တဲ့ နှုန်းအရဆိုရင် နှစ်တစ်သန်း ကြာတိုင်း ကျင့်ကြံခြင်းအဆင့်က တစ်ဆင့်တက်လေ့ရှိတယ်။ အခုဆိုရင် သူ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ကို ရောက်သင့်နေပြီ။”
“တကယ့်ကို ဘာလှုပ်ရှားမှုမှ မရှိဘူးပဲ။”
အထက်ကမ္ဘာ ကိုးခုတွင်။
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် အများအပြား၊ သက်ရှိများနှင့် မျိုးနွယ်စု အများအပြားသည် ကျင့်သားမရသလို ခံစားလိုက်ကြရသည်။
နှစ်တစ်သန်း ကြာပြီးနောက် ချီမင် အဆင့်တက်တိုင်း ကျရောက်လာတတ်သော မဟာတာအို ထူးခြားဖြစ်စဉ်များကို သူတို့ မမြင်တွေ့ရသောကြောင့် ဖြစ်ပါ၏။
အမှန်တကယ်တော့။
သူတို့အားလုံးသည် ချီမင် တစ်ခုခု ဖြစ်သွားပြီလားဟု ခန့်မှန်း နေကြ၏။
“ချီမင် ဘာဖြစ်သွားတာလဲ။”
“သူ အဆင့် မတက်ဘူးလား။”
“ဒါက...”
“အချိန်အရဆိုရင် ချီမင် အဆင့်တက်သင့်နေပြီ။”
ချက်ချင်းပင် အထက်ကမ္ဘာအရှင်ကိုးပါးက တွေ့ဆုံပြီး ဆွေးနွေးကြသည်။
“စိတ်မပူကြနဲ့။ ဘာပဲပြောပြော ဒါက နောက်ဆုံးအဆင့်လေ။ ဒီအဆင့်ကို လှမ်းဖို့ ခက်ခဲတာက ပုံမှန်ပါပဲ။ မရေမတွက်နိုင်တဲ့ အချိန်ကာလတွေကြာပြီးတာတောင် ငါတို့နယ်ပယ်ကို ရောက်နိုင်တဲ့သူက လက်ချိုးရေလို့ရတယ်။ အဲဒါကြောင့် ချီမင်က ဒီနောက်ဆုံးအဆင့်ကို တက်ချင်ရင် အချိန်ပိုလိုတာ သဘာဝကျပါတယ်ကွာ။ ငါတို့တောင် လေဟာနယ်ခေတ်ကာလ ဆယ်ခုလောက် စောင့်ခဲ့ပြီးပြီပဲ။ နောက်ထပ် ခဏလောက် ထပ်စောင့်ရမှာကို ကြောက်နေလို့လား။”
“ဟုတ်တယ်။”
“စောင့်လိုက်ကြတာပေါ့။”
“ဒါက အချိန်ခဏပိုကြာသွားရုံပါပဲ။”
အထက်ကမ္ဘာအရှင်များက တဖြည်းဖြည်း တည်ငြိမ်သွားကြသည်။
သူတို့က အဆုံးမဲ့ နေရာနှင့် အချိန်ကို ဖြတ်ကျော်ပြီး နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်ဘုံရှိ ကမ္ဘာဦးခန်းမဆီသို့ လှမ်းကြည့်လိုက်ကြသော်လည်း ထူးခြားမှု တစ်စုံတစ်ရာကို အာရုံမခံမိပေ။
ထိုအချိန်၌ ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ထဲသို့ ဝင်ရောက်ပြီး သူ့၏ မူလအစကိုယ်ပိုင်တာအိုရတနာ များကို သန့်စင်နေပါ၏။ ထို့ကြောင့် အထက်ကမ္ဘာအရှင်ကိုးပါးသည် ချီမင် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ သူ့အရှိန်အဝါကို ထောက်လှမ်း၍ မရတော့ချေ။
တကယ်တမ်းတွင် ချီမင် ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ သူ့ကိုယ်သူ ဖုံးကွယ်ထားခြင်းသာ ဖြစ်သည်။ အထက်ကမ္ဘာအရှင်ကိုးပါးက သူ့ကို အာရုံမခံနိုင်ကြခြင်းသာဖြစ်၏။
နောက်ထပ် နှစ်တစ်သန်း ကြာလွန်သွားပြန်သည်။
ယနေ့တွင်။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစဓားကြာပန်း ကို အောင်မြင်စွာ သန့်စင်ပြီးပါပြီ။ မူလအစကိုယ်ပိုင်တာအိုရတနာ အဆင့်ရှစ်မှ အဆင့်က်ိုး သို့ ရောက်ရှိသွားပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစဓား ကို အောင်မြင်စွာ သန့်စင်ပြီးပါပြီ။ အဆင့်ကိုးသို့ ရောက်ရှိသွားပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ: ကမ္ဘာဦးမူလအစတောင် ကို အောင်မြင်စွာ သန့်စင်ပြီးပါပြီ။ အဆင့်ကိုး သို့ ရောက်ရှိသွားပါပြီ။”
အသိပေးချက် တစ်ခု ပေါ်လာသည်။
ချီမင် မျက်လုံးဖွင့်လိုက်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခုသည် လေထုကို ထိုးခွဲပြီး သူ့ရှေ့တွင် ပျံဝဲနေကာ အရောင်အဝါဖျော့ဖျော့လေး ထုတ်လွှတ်လာသည်။
သေချာမကြည့်လျှင် ထို မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခုသည် မှေးမှိန်နေပြီး တောက်ပမနေပေ။
သို့သော် တကယ်တမ်းတွင် ထို မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခု၏ စွမ်းအားတစ်မျှင်ကပင် နေ၊ လ၊ ကြယ်တာရာများကို အလွယ်တကူ ပိုင်းဖြတ်နိုင်ပြီး ကမ္ဘာကို ဖျက်ဆီးပစ်ရန် လုံလောက်ပါသည်။
အကယ်၍ စွမ်းအားများ ပေါက်ကွဲထွက်လာပါက လေဟာနယ်စကြဝဠာပင်လယ် တစ်ခုလုံးကို ရိုက်ခတ်သွားစေရန် လုံလောက်ပေသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။”
ချီမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။ “ဒီ မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခုက အကန့်အသတ်နီးပါးအထိ သန့်စင်ပြီးသွားပြီ။ ဒါပေမဲ့ တိုးတက်ဖို့ နေရာကျန်သေးပုံပဲ။”
“ထိပ်တန်းအဆင့် တာအိုမူလအစ တွေ ဖြည့်သွင်းပြီး မူလအစကိုယ်ပိုင်တာအိုရတနာတွေကို ဆက်ပြီး သန့်စင်မယ်။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ သည် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း စစ်ဆေးမိပါတယ်။ ဆက်လက် တိုးမြှင့်ခြင်း သို့မဟုတ် သန့်စင်ခြင်း ပြုလုပ်၍ မရနိုင်တော့ပါ။”
“ကျေးဇူးပြု၍ သင်၏ နယ်ပယ်နှင့် ကျင့်ကြံခြင်းကို ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် သို့ ဦးစွာ မြှင့်တင်ပါ။ သို့မှသာ အလိုအလျောက်ကျင့်ကြံခြင်းစနစ် သည် ပေါင်းစပ်ခြင်းလုပ်ဆောင်ချက်ဖြင့် အဆင့်မြှင့်တင်သွားမည် ဖြစ်ပါသည်။”
ထိုအချိန်တွင် ချီမင်ထံသို့ အသိပေးချက် ရောက်လာသည်။
“ဒါက...”
ချီမင် မျက်မှောင်ကြုတ်လိုက်သည်။ “ငါ တကယ်ပဲ ဆက်ပြီး တိုးတက်အောင် လုပ်လို့မရတော့ဘူးပဲ။ ဒါပေမဲ့ အလိုအလျောက်ကျင့်ကြံခြင်းစနစ် က လုပ်ဆောင်ချက် အသစ်တစ်ခုကို ဖွင့်ပေးနိုင်တယ်။”
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး နက်နဲစွာ တွေးတောလိုက်သည်။
“ဒါဆိုရင် စကြစို့။” ချီမင်က ဆုံးဖြတ်ချက်ချလိုက်သည်။ “ငါ အဆင့်ချိုးဖျက်တော့မယ်။”
“ထိပ်တန်းအဆင့် တာအိုမူလအစ တွေ ဖြည့်သွင်းပြီး ကမ္ဘာဦးမဟာတာအိုကျမ်း ကို ကျင့်ကြံမယ်”
တင်း။
“အဆတစ်ထရီလီယံ မြှင့်တင်မှုအောက်တွင် ကမ္ဘာဦးမဟာတာအိုကျမ်း: မူလအစအခန်း ကို ကျင့်ကြံနေပါပြီ...”
အသိပေးချက် ပေါ်လာသည်။
ချီမင်က ခေါင်းညိတ်လိုက်သည်။ သူသည် လက်ထဲရှိ မူလအစကမ္ဘာရတနာ ကိုယ်ပွား လေးခုကို ထုတ်လိုက်သည်။ ၎င်းတို့မှာ အသင်္ချေကမ္ဘာပုံရိပ်လွှာ၊ ထာဝရမူလအစ မျှော်စင်၊ ဧကရာဇ်ဟောက်ထျန်း ခေါင်းတလားနှင့် ကံတရား မူလအစခန္ဓာတို့ ဖြစ်ကြသည်။
ဤ မူလအစကမ္ဘာရတနာ ကိုယ်ပွား လေးခု၏ စွမ်းအားသည် အမှန်တကယ်ပင် သာမန်မဟုတ်ပေ။ သေချာကြည့်လျှင် ၎င်းတို့ထဲ၌ နှိုင်းယှဉ်၍မရသော မူလအစကမ္ဘာ၏ စွမ်းအားများ ပါဝင်နေပြီး ချီမင်၏ မူလအစကိုယ်ပိုင်တာအိုရတနာ ထက်ပင် မနည်းလှပေ။
ချီမင်သည် မူလအစကမ္ဘာရတနာ လေးခုကို သန့်စင်ပြီး ၎င်းတို့၏ စွမ်းအားကို နားလည်ဆင်ခြင်ထားလိုက်သည်။
ပြင်ပကမ္ဘာတွင်...
စုစုပေါင်း နှစ်ပေါင်း ၂ သန်းကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ချီမင်က အဆင့်မတက်သေးပေ။
လေဟာနယ်စကြဝဠာပင်လယ်၏ ထောင့်တစ်နေရာတွင် အထွတ်အထိပ်အင်မော်တယ်က မျက်လုံးဖွင့်လိုက်ပြီး နတ်ဆိုးကမ္ဘာ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူက စဉ်းစားလိုက်ပြီး ပြောသည်။ “နှစ်ပေါင်း ၂ သန်းကျော်တောင် ရှိသွားပြီ။ မင်း အဆင့်မတက်သေးဘူး။ ဘာဖြစ်တာလဲ။”
“ဒါမှမဟုတ်...”
“မင်း တစ်ဆို့မှု နဲ့ ကြုံနေရပြီး အဆင့်မတက်နိုင်တာလား”
အထွတ်အထိပ်အင်မော်တယ်က လေသံတိုးတိုးဖြင့် ပြောသည်။ “ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့။ ငါ မင်းနဲ့ တိုက်ရဖို့ မျှော်လင့်နေတာ။ ဒီလောက်ကြာတာတောင် အဆင့်မတက်နိုင်ဘူး ဆိုရင်တော့ မင်းက အရမ်း စိတ်ပျက်စရာ ကောင်းနေလိမ့်မယ်။”
တစ်ချိန်တည်းမှာပင် အထက်ကမ္ဘာအရှင်ကိုးပါးသည်လည်း စိုးရိမ်စိတ် မဖြစ်ဘဲ မနေနိုင်ကြပေ။
ဆိုရလျှင်။
ထိုသည်ကလည်း ယခင်တုန်းက ချီမင် အဆင့်တက်တာ မြန်ဆန်လွန်းခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ကို အချိန်တိုအတွင်း ရောက်နိုင်လိမ့်မည်ဟု ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြသည်။
ချီမင် အဆင့်မတက်နိုင်သည့်အခါ သူတို့ အလွန်အံ့သြပြီး လက်ခံရန် ခက်ခဲနေကြပါ၏။
ထို့ကြောင့် ဤကဲ့သို့ ဖြစ်ကုန်ကြခြင်း ဖြစ်သည်။
ချီမင်ကတော့ ထိုအကြောင်းများကို မသိပေ။ သိလျှင်လည်း အလေးထားမှာ မဟုတ်ပေ။ ဤကိစ္စကို စိတ်ထဲထားစရာ လည်း မလိုအပ်ပေ။
အချိန်များ ကုန်ဆုံးသွားသည်။
နှစ်တစ်သန်း ကြာပြီးနောက်။
ကမ္ဘာဦးမဟာတာအို ပေါ်ထွက်လာသည်နှင့် ချီမင်၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ မရေမတွက်နိုင်သော ကမ္ဘာဦးတာအို စစ်မှန်အမှတ်သားများ ပေါ်လာသည်။ မူလအစစွမ်းအားများသည် ချီမင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီး မဟာတာအိုက ပေါ်ထွက်လာသည်။
ဘုန်း။
ပထမဦးစွာ နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်ဘုံက စတင် တုန်ခါလာသည်။
ချက်ချင်းပင် အထက်ကမ္ဘာကိုးခု၊ ကောင်းကင်ယံရှိ ကမ္ဘာအသီးသီးနှင့် လေဟာနယ်စကြဝဠာပင်လယ် အားလုံး ထိုတုန်ခါမှုကို ခံစားလိုက်ရသည်။ ကောင်းကင်နှင့်မြေကြီး မဟာတာအို နိမိတ်ပုံရိပ် အမျိုးမျိုး ပေါ်ထွက်လာပြီး ကမ္ဘာကိုးခု၏ ကောင်းကင်တာအို နိမိတ်ပုံရိပ်များပါ ထွက်ပေါ်လာသည်။
“ဒါက...”
“ချီမင် အဆင့်တက်သွားပြီ။”
“ကမ္ဘာဦးမဟာတာအိုပဲ။”
“ချီမင် တကယ်ပဲ အဆင့်တက်သွားပြီ”
“သူ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ကို ရောက်သွားပြီ။”
“နောက်ဆုံးတော့ သူ အဆင့်တက်သွားပြီပဲ။”
မရေမတွက်နိုင်သော သက်ရှိများနှင့် မျိုးနွယ်စုများက ဆွေးနွေးနေကြသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်...”
“အရမ်းကောင်းတာပဲ”
“ချီမင်။ မင်း နောက်ဆုံးတော့ အဆင့်တက်သွားပြီပေါ့။”
“ဟားဟားဟား...”
အထက်ကမ္ဘာအရှင်ကိုးပါးက အားရပါးရ ရယ်မောလိုက်ကြသည်။
နောက်တစ်ခဏတွင် အထက်ကမ္ဘာအရှင်ကိုးပါးသည် ကောင်းကင်သို့ ပျံတက်သွားပြီး နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်ဘုံ၌ စုဝေးလိုက်ကြသည်။
“နောက်ဆုံးတော့ ဒီအချိန် ရောက်လာပြီပဲ”
အထွတ်အထိပ်အင်မော်တယ်က ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးများ တောက်ပနေသည်။ “ချီမင်။ မင်း နောက်ဆုံးတော့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ကို ရောက်လာပြီပဲ။ ငါနဲ့ လာတိုက်ခိုက်စမ်း။”
အထွတ်အထိပ်အင်မော်တယ်သည် ခြေတစ်လှမ်း လှမ်းလိုက်သည်။
နောက်တစ်ခဏတွင် အထွတ်အထိပ်အင်မော်တယ်သည် နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်ဘုံတွင် ပေါ်လာသည်။
မကြာမီ အထက်ကမ္ဘာအရှင်ကိုးပါး မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် လေးနက်ပြီး အရုပ်ဆိုးသွားကြ တော့သည်။ သူတို့သည် ပေါ်ထွက်လာသော ကမ္ဘာဦးမဟာတာအို ကို ကြည့်လိုက်ကြပြီးသည့်အခါ သူတို့၏ မျက်နှာထားများမှာ ပို၍ပင် မည်းမှောင်သွားကြသည်။
“မဟုတ်ဘူး။ တစ်ခုခု မှားနေတယ်။”
“ချီမင်က...”
“သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ကို ရောက်ရုံပဲ ရှိသေးတယ်။ မိုးမြေ မဟာတာအို နယ်ပယ် ကို မရောက်သေးဘူး။ အခု သူက နဝမအဆင့်ကို ရောက်ပေမဲ့ မဟာတာအိုပြီးပြည့်စုံခြင်းအဆင့်မှာပဲ ရှိနေသေးတယ်။”
“ဒါက...”
“တကယ်ပဲ”
“ချီမင်က အထွတ်အထိပ် တာအိုသစ်သီး ပိုင်ရှင်လေ။ သူသာ ကောင်းကင်နဲ့မြေကြီး မဟာတာအို နယ်ပယ်ရဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ကို ရောက်သွားရင် ကောင်းကင်နဲ့မြေကြီး မဟာတာအို ပေါင်းစပ်မှုကို ဆွဲဆောင်ပြီး မူလအစကမ္ဘာတံခါးကို ဆင့်ခေါ်လိမ့်မယ်”
“ငါတို့က မရေမတွက်နိုင်တဲ့ မဟာတာအို ထူးခြားဖြစ်စဉ်တွေနဲ့ ကမ္ဘာဦးမဟာတာအို ကိုပဲ မြင်ရတယ်။ ပြီးတော့ ကောင်းကင်နဲ့မြေကြီး မဟာတာအို ပေါင်းစပ်သွားတာကိုလည်း မြင်လိုက်ရတယ်။ ဒါပေမဲ့ မူလအစကမ္ဘာတံခါး ကိုတော့ မတွေ့ရဘူး”
“ဒါကြောင့် ချီမင်က ကောင်းကင်နဲ့မြေကြီး မဟာတာအို နယ်ပယ်ရဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ကို မရောက်သေးဘူး။ သူ နည်းနည်း လိုနေသေးတယ်။”
“ဒုက္ခပါပဲ”
“သူ ဒါလေးတောင် မကျော်ဖြတ်နိုင်ဘူးလား”
“ငါတို့ ဆက်စောင့်ရဦးမယ့်ပုံပဲ”
အထက်ကမ္ဘာအရှင်များက ပြောလိုက်ကြသည်။
အထွတ်အထိပ်အင်မော်တယ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကမ္ဘာဦးခန်းမကို ငုံ့ကြည့်လိုက်သည်။ “မင်း ကောင်းကင်နဲ့မြေကြီး မဟာတာအို နယ်ပယ်ကို ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ ကိစ္စမရှိဘူး။ မင်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ကို ရောက်ပြီဆိုတော့ ငါနဲ့ တိုက်ခိုက်ရမယ်”
“အထွတ်အထိပ်အင်မော်တယ်ဓား။”
အထွတ်အထိပ်အင်မော်တယ်က ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ငွေရောင်ဓားတစ်လက်က သူ့လက်ထဲတွင် ချက်ချင်း ပေါ်လာသည်။ ၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသော မဟာတာအို စွမ်းအားများ ပါဝင်နေပြီး ကမ္ဘာဦးခန်းမကို ခုတ်ပိုင်းချလိုက်သည်။
“ရပ်လိုက်စမ်း။” နတ်ဆိုးကမ္ဘာအရှင်၏ လက်ဖဝါးက ကျရောက်လာပြီး အထွတ်အထိပ်အင်မော်တယ်၏ ဓားကို ရိုက်ထုတ်လိုက်သည်။ သူက လေသံနိမ့်နိမ့်ဖြင့် ပြောသည် “အထွတ်အထိပ်အင်မော်တယ်၊ မင်း ဘာလုပ်ချင်နေတာလဲ”
“ပြန်လာခဲ့” အထွတ်အထိပ်အင်မော်တယ်က ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အထွတ်အထိပ်အင်မော်တယ်ဓားသည် သူ့လက်ထဲသို့ ပြန်ရောက်လာသည်။ သူက နတ်ဆိုးကမ္ဘာအရှင်ကို ကြည့်လိုက်ပြီး ပြော၏။”ဆရာ ချီမင် တံခါးပိတ်မကျင့်ကြံခင်ကတည်းက ကျွန်တော်တို့ တိုက်ခိုက်ဖို့ ဆိုထားပြီးသားပါ။”
“ဘာလို့ ကျွန်တော့်ကို တားဆီးရတာလဲ”
“အထွတ်အထိပ်အင်မော်တယ်၊ မင်း တိုက်ခိုက်လို့ မရသေးဘူး။”
ချန်ချန်းရှန် က လက်နှစ်ဖက်ကို နောက်ပစ်ကာ အထွတ်အထိပ်အင်မော်တယ်ကို ကြည့်ပြီး ငြင်းဆန်၍မရသော လေသံဖြင့် ပြောသည်။
“အနည်းဆုံးတော့ ချီမင် တံခါးပိတ်ကျင့်ကြံရာကနေ မထွက်လာခင်အထိ မင်း တိုက်ခိုက်လို့ မရဘူး”
“မှန်တယ်” ဗုဒ္ဓကမ္ဘာအရှင် ထွက်လာပြီး ပြောသည်။”မင်း တကယ်ပဲ တိုက်ခိုက်လို့ မရသေးဘူး”
“ငါတို့က ချီမင်နဲ့ မင်းရဲ့ တိုက်ပွဲကို တားဆီးမှာ မဟုတ်ပါဘူး”
နတ်ဆိုးကမ္ဘာအရှင်က ပြောသည် “ဒါပေမဲ့ ချီမင်က အခု တံခါးပိတ် ကျင့်ကြံနေတုန်းပဲ။ သူ အခုမှ အဆင့်တက်တာ၊ ဒါကြောင့် သူ တံခါးပိတ်ကျင့်ကြံရာကနေ မထွက်လာမချင်း မင်း တိုက်ခိုက်လို့ မရဘူး”
အခြားသော အထက်ကမ္ဘာအရှင်များကလည်း ဝင်ပြောကြသည်။
အထွတ်အထိပ်အင်မော်တယ် အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ “ဒါဆိုရင်လည်း ကျွန်တော် စောင့်ပါမယ်”
ကမ္ဘာဦးခန်းမထဲတွင်။
ချီမင်သည် သူ၏ ကျင့်ကြံခြင်းကို ခိုင်မာအောင် ပြုလုပ်လိုက်ပြီး မဟာတာအိုပြီးပြည့်စုံခြင်းအဆင့် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် သို့ တက်လိုက်သည်။ တကယ်တမ်းတွင် သူသည် ကောင်းကင်နှင့်မြေကြီး မဟာတာအို နယ်ပယ်ရှိ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် သို့ တိုက်ရိုက် တက်နိုင်သည်။
သို့ပေမဲ့ ချီမင်က ထိုသို့ မလုပ်ခဲ့ပေ။
သူသည် ကောင်းကင်နှင့်မြေကြီး မဟာတာအို နယ်ပယ်သို့ မရောက်အောင် သူ့ကျင့်ကြံခြင်းအဆင့်ကို တမင်သက်သက် ဖိနှိပ်ထားခြင်း ဖြစ်သည်။
ရည်ရွယ်ချက်က ရိုးရှင်းသည်။
သူ့စွမ်းအားကို တိုးမြှင့်ဖို့ အချိန်ပိုရရန်အတွက် ဖြစ်သည်။
အကယ်၍ ချီမင်သာ ကောင်းကင်နှင့်မြေကြီး မဟာတာအို နယ်ပယ်ရဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ကို ချိုးဖျက်ဝင်ရောက်သွားပါက သူ တံခါးပိတ် ကျင့်ကြံဖို့ အချိန် ရှိနိုင်တော့မည် မဟုတ်ပေ။
အထက်ကမ္ဘာအရှင်ကိုးပါးသည် ချီမင်ကို သူတို့နှင့်အတူ မူလအစကမ္ဘာတံခါး ဆီသို့ ချက်ချင်း ခေါ်သွားပြီး တံခါးဖွင့်ဖို့ ကြိုးစားခိုင်းကြ ပေလိမ့်မည်။
သူကတော့ စွမ်းအားကို ဆက်လက် တိုးမြှင့်ပြီး လုံလောက်သော စွမ်းအား ရရှိပြီးမှသာ မူလအစကမ္ဘာတံခါး ဆီသို့ သွားနိုင် ပေသည်။