ပေါင်းစပ်ခြင်း၊ နောက်ဆုံးသော ဂိမ်းမြေအောက်စခန်း
Vol. 34 Ch. 474
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်သို့ ရောက်ရှိကာ အမြင့်ဆုံး အကန့်အသတ်သို့ ရောက်သွားသောကြောင့် အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ နောက်ဆုံးလုပ်ဆောင်ချက်: ပေါင်းစပ်ခြင်း ကို တရားဝင်ဖွင့်လှစ်နိုင်ပါပြီ။”
“ဖွင့်လှစ်နေပါတယ်...”
“ပြီးစီးမှု: 0.0001%...”
အသိပေးချက် တစ်ခု ပေါ်လာသည်။
“ပေါင်းစပ်ခြင်း လုပ်ဆောင်ချက်ဆိုပါလား။”
ချီမင်က အသက်ပြင်းပြင်း ရှူကာ တည်ငြိမ်အောင်လုပ်လိုက်ပါ၏။ သူ၏ အခြေအနေကို အာရုံခံလိုက်ပါသည်။ သူသည် မဟာတာအိုပြီးပြည့်စုံခြင်းအဆင့် နှင့် ကောင်းကင်နှင့်မြေကြီး မဟာတာအိုကြားရှိ အရေးကြီးသော အမှတ်နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
ချီမင် ဆန္ဒရှိနေသရွေ့ သူသည် ကောင်းကင်နှင့်မြေကြီး မဟာတာအို နယ်ပယ်သို့ ချက်ချင်း ဝင်ရောက်နိုင်ပေသည်။
တင်း။
“ပေါင်းစပ်ခြင်း လုပ်ဆောင်ချက် ဖွင့်လှစ်နေသည့်အတွက်ကြောင့် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို အဆင့်မြှင့်တင်နေရပါသည်။ ထို့ကြောင့် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ လုပ်ဆောင်ချက်များကို ခေတ္တ အသုံးပြုနိုင်မည် မဟုတ်ပါ။ ကျေးဇူးပြု၍ စိတ်ရှည်စွာ စောင့်ဆိုင်းပေးပါ။”
“ကြာချိန်: နှစ်တစ်သန်း။”
နောက်ထပ် အသိပေးချက် တစ်ခု ပေါ်လာသည်။
“နှစ်တစ်သန်းလား” ချီမင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “တကယ် ကြာတာပဲ၊ ဒါပေမဲ့ အခုတော့ စိတ်ရှည်ရှည်နဲ့ စောင့်ရုံပဲ ရှိတော့တယ်။”
ချီမင်က တင်ပျဉ်ခွေ ချိတ်ထိုင်လိုက်သည်။ ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ မူလအစစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ကို ဝန်းရံလာပြီး အဆုံးမဲ့သော မူလအစ စစ်မှန် အဆောင်များ ပေါ်ထွက်လာသည်။ ထို့နောက် သူသည် နက်ရှိုင်းသော တံခါးပိတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွား တော့သည်။
“ချီမင်က ကျင့်ကြံနေတုန်းပဲ။”
“သူက တစ်ချက်တည်းနဲ့ ကောင်းကင်နဲ့မြေကြီး မဟာတာအို နယ်ပယ်ကို ရောက်ချင်နေတာလား”
“အဲဒီလို ဖြစ်လောက်တယ်”
ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်း နေရာလွတ်ထဲသို့ ဝင်ရောက်၍ မရသောကြောင့် အထက်ကမ္ဘာအရှင်ကိုးပါး သည် သီးသန့်ခန်းမထဲရှိ ချီမင်၏ အခြေအနေကို အာရုံခံနိုင်ကြသည်။
“သူ တံခါးပိတ် ကျင့်ကြံနေတုန်းပဲ။” အထွတ်အထိပ်အင်မော်တယ်က မျက်မှောင်ကြုတ်လိုက်သည်။
“အထွတ်အထိပ်အင်မော်တယ်” ချန်ချန်းရှန်က ပြောသည်။ “မင်း ကြောက်နေတာလား။ ချီမင် ကောင်းကင်နဲ့မြေကြီး မဟာတာအို နယ်ပယ်ကို ရောက်သွားရင် မင်း သူ့ပြိုင်ဘက် မဟုတ်တော့မှာစိုးလို့ အခု တိုက်ခိုက်ဖို့ လောနေတာလား။”
ကျန်ရှိသော အထက်ကမ္ဘာအရှင် ရှစ်ပါးကလည်း လှမ်းကြည့်လိုက်ကြသည်။
“ရယ်စရာကောင်းလိုက်တာ။” အထွတ်အထိပ်အင်မော်တယ်က လျစ်လျူရှုထားသော လေသံဖြင့် ပြောသည်။ “အင်မော်တယ်ကမ္ဘာအရှင်၊ ဒီလိုစကားတွေနဲ့ ကျွန်တော့်ကို ရန်စစရာ မလိုပါဘူး။ အထက်ကမ္ဘာအရှင်ကိုးပါးက တားဆီးနေရင် ကျွန်တော် ချီမင်ကို ထိလို့မှ မရတာ။”
“အဲဒါကြောင့် အဲဒီလို အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေစရာ မလိုပါဘူး”
“ကျွန်တော် ဒီမှာ စောင့်နေပါမယ်...”
အထွတ်အထိပ်အင်မော်တယ်က ဆက်ပြောသည်။ “ချီမင် ကောင်းကင်နဲ့မြေကြီး မဟာတာအို နယ်ပယ်ကို ရောက်မယ့် အချိန်အထိပေါ့”
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်”
“ကောင်းပြီ”
“ဒါဆို ကောင်းတာပေါ့”
အထက်ကမ္ဘာအရှင်ကိုးပါးတို့က ပြောလိုက်ကြသည်။
ထို့နောက် တိတ်ဆိတ်သွားတော့သည်။
အထက်ကမ္ဘာအရှင်ကိုးပါး၏ နယ်ပယ်သို့ ရောက်ရှိပြီးနောက် မည်သည့်အရာကမျှ သူတို့၏ နည်းလမ်းများ၊ နတ်ဘုရား စွမ်းအားများနှင့် အင်အားများကို ဖော်ပြနိုင်ခြင်း မရှိတော့ပေ။
အထက်ကမ္ဘာအရှင်ကိုးပါးသည် အရာအားလုံးကို ထိန်းချုပ်နိုင်သည်။
နောက်ထပ် နှစ်တစ်သန်း ကုန်ဆုံးသွားပြန်သည်။
“နှစ်တစ်သန်း ကုန်ဆုံးသွားပြီ” နတ်ဆိုးကမ္ဘာအရှင် က ပြောသည်။ “ချီမင် မအောင်မြင် သေးဘူးလား”
“ဒါက...”
“ချီမင် အရင်တုန်းက အဆင့်တက်တာ အရမ်းမြန်ခဲ့ပေမဲ့၊ အခုကျတော့...”
“တကယ်တော့ ငါတို့က စိတ်လောနေကြတာပါ။ ငါတို့တုန်းကတောင် ကောင်းကင်နဲ့မြေကြီး မဟာတာအို နယ်ပယ်ကို ရောက်ဖို့ အချိန်တွေ အရင်းအမြစ်တွေ အများကြီး သုံးခဲ့ရတာပဲ”
“ဆက်စောင့်လိုက်ကြတာပေါ့”
အထက်ကမ္ဘာအရှင်များက တစ်ယောက်ပြီးတစ်ယောက် ပြောဆိုကြသည်။
အထွတ်အထိပ်အင်မော်တယ်သည် ကမ္ဘာဦးခန်းမကို နက်ရှိုင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကမ္ဘာဦးခန်းမထဲရှိ သီးသန့်အခန်းထဲတွင်။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ အလိုအလျောက်ကျင့်ကြံခြင်းစနစ် ကို အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ။ ၎င်းသည် နောက်ဆုံပုံစံသို့ ရောက်ရှိသွားပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ ပေါင်းစပ်ခြင်းကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ အလိုအလျောက်ကျင့်ကြံခြင်းစနစ် ကို ပုံမှန်အတိုင်း ပြန်လည် အသုံးပြုနိုင်ပါပြီ။”
ထိုအချိန်တွင် ချီမင်ထံသို့ အသိပေးချက် သုံးခု ဆက်တိုက် ရောက်ရှိလာသည်။
ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ ပြောင်းလဲမှုကို အာရုံခံလိုက်သည်။ ယခုတစ်ကြိမ်တွင် သူသည် ၎င်း၏ တည်ရှိမှုကို အမှန်တကယ် အာရုံခံနိုင်နေပြီ ဖြစ်သည်။
ပိုအရေးကြီးတာက...
ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ ပင်မကိုယ်ထည်ကို အာရုံခံနိုင်ခြင်း ဖြစ်သည်။
သို့သော်၎င်းကို အုံ့မှိုင်းသော မြူခိုးများ ဖုံးလွှမ်းနေဆဲ ဖြစ်သောကြောင့် တြိဂံပုံ သို့မဟုတ် ပိရမစ်ပုံသဏ္ဌာန် ရှိကြောင်း ဝိုးတဝါးသာ မြင်ရ၏။
အတွေးတစ်ခုဖြင့် ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ ပင်မကိုယ်ထည်ကို ထိန်းချုပ်ရန်နှင့် လှုပ်ရှားရန် ကြိုးစားကြည့်သော်လည်း လုံးဝ လှုပ်ရှား၍ မရကြောင်း တွေ့ရှိလိုက်ရသည်။ ချီမင်၏ လက်ရှိအဆင့်ဖြင့် သူသည် ၎င်းကို လှုပ်ရှားနိုင်စွမ်း မရှိသေးပေ။
“ဒါက...”
ချီမင် မျက်မှောင်ကြုတ်ပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။ “ငါ အလိုအလျောက်ကျင့်ကြံခြင်းစနစ် ရဲ့ ပင်မကိုယ်ထည်ကို လှုပ်ရှားနိုင်ဖို့ ကောင်းကင်နဲ့မြေကြီး မဟာတာအို နယ်ပယ်ရဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ကို ရောက်မှ ရမှာလား”
“ဒါပေမဲ့...”
ချီမင် စဉ်းစားလိုက်၏။ “တကယ်တော့ အလိုအလျောက်ကျင့်ကြံခြင်းစနစ် ဆိုတာ ဘာလဲ။ တကယ်ပဲ မူလအစကမ္ဘာရတနာတစ်ခု ဖြစ်နေမလား။ အဲဒီလိုဆိုရင် ကောင်းကင်နှင့်မြေကြီး မဟာတာအို နဝမအဆင့်ကို ရောက်ရင် ငါ သိရမှာပဲ”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် သို့ ရောက်ရှိသွားပြီဖြစ်သောကြောင့် သင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ကို ရရှိပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။သင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် သို့ ရောက်ရှိသွားပြီဖြစ်သောကြောင့် သင့်ထံရှိ တာအိုမူလအစ အားလုံးကို ဖြည့်သွင်းပြီး နောက်ဆုံး ဂိမ်းမြေအောက်စခန်းကို ဖွင့်လှစ်နိုင်ပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်သည် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရရှိထားပြီဖြစ်သောကြောင့် အလိုအလျောက်ကျင့်ကြံခြင်းနှင့် တွက်ချက်ခြင်းများအတွက် မည်သည့် အရင်းအမြစ်မှ သုံးစွဲရန် မလိုအပ်တော့ပါ။ ထို့ပြင် အဆ (၁၀) ထရီလီယံ မြှင့်တင်မှုအောက်တွင် ကျင့်ကြံခြင်းနှင့် တွက်ချက်ခြင်းများ ပြုလုပ်နိုင်ပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်သည် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရရှိထားပြီဖြစ်သောကြောင့် အလိုအလျောက်စိုက်ပျိုးခြင်း နေရာလွတ်ကို ဖွင့်လှစ်ရန် မည်သည့် အရင်းအမြစ်မှ သုံးစွဲရန် မလိုအပ်တော့ပါ။ ထို့ပြင် အချိန်စီးဆင်းမှုနှုန်း အဆ (၁၀) ထရီလီယံ ဖြင့် ကျင့်ကြံနိုင်ပါပြီ။”
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်သည် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရရှိထားပြီဖြစ်သောကြောင့် ပေါင်းစပ်ခြင်း လုပ်ဆောင်ချက်ကို အသုံးပြုရန် မည်သည့် အရင်းအမြစ်မှ သုံးစွဲရန် မလိုအပ်တော့ပါ။”
“လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝဆိုတာ ဘာလဲ။”
ချီမင်က ခဏမျှ စဉ်းစားလိုက်သည်။ “နောက်ဆုံး ဂိမ်းမြေအောက်စခန်း လည်း ရှိသေးတာပဲ”
သူ သိပ်ကြာကြာ တုံ့ဆိုင်းမနေတော့ပေ။ “အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့် နဲ့ ထိပ်တန်းအဆင့် အပါအဝင် ရှိသမျှ တာအိုမူလအစ အားလုံး ဖြည့်သွင်းမယ်”
“အားလုံး ဖြည့်သွင်းလိုက်။”
“နောက်ဆုံး ဂိမ်းမြေအောက်စခန်း ကို ဖွင့်မယ်။”
ထိုအချိန်တွင် ချီမင်၏ ရှေ့၌ အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ ပုံရိပ်ယောင်မျက်နှာပြင််တစ်ခုပေါ်လာသည်။ ၎င်းတို့မှာ အခြေခံအချက်အလက်၊ ပစ္စည်းစာရင်း၊ တာအိုသားရဲ နေရာ စသည်တို့ ဖြစ်သည်။
အားလုံးက ပွင့်လာကြသည်။
ထို့နောက် အလယ်ဗဟိုတွင် အနက်ရောင် ဝဲဂယက်ကြီး တစ်ခု ပေါ်လာသည်။
မရေမတွက်နိုင်သော တာအိုမူလအစ များသည် ထို အနက်ရောက်ဝဲဂယက် ထဲသို့ တိုးဝင်သွားကြပြီး အားလုံး ဝါးမျိုခံလိုက်ရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အားလုံး ဖြည့်သွင်းပြီးသွားသည်။
တင်း။
“ဖြည့်သွင်းခြင်း အောင်မြင်ပါသည်။”
“နောက်ဆုံး ဂိမ်းမြေအောက်စခန်း ဖွင့်လှစ်မှု အောင်မြင်ပါသည်။”
“သင်သည် နောက်ဆုံး ဂိမ်းမြေအောက်စခန်း: အဆုံးစွန် စစ်မြေပြင် သို့ ဝင်ရောက်နိုင်ပါပြီ။”
အသိပေးချက် တစ်ခု ပေါ်လာသည်။
“ဝင်မယ်”
နောက်တစ်ခဏတွင် အလိုအလျောက်ကျင့်ကြံခြင်းစနစ်မှ ဖြစ်ပေါ်လာသော ဝဲဂယက်သည် ချီမင်ကို တဖြည်းဖြည်း လွှမ်းမိုးလာပြီး သူ့ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဆွဲသွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် နောက်ဆုံး ဂိမ်းမြေအောက်စခန်း: အဆုံးစွန် စစ်မြေပြင် နှင့် ပတ်သက်သော အချက်အလက်များသည် ချီမင်၏ စိတ်ထဲသို့ လျင်မြန်စွာ စီးဝင်လာသည်။
“ငါ နားလည်ပြီ...”
ချီမင်၏ မျက်လုံးများတွင် နားလည်သဘောပေါက်မှုများ ပြည့်နှက်သွားရသည်။
ထာဝရလေဟာနယ်ပင်လယ်ကို အပြည့်အဝ ရှင်းလင်းပြီးနောက်၊ ပထမ လေဟာနယ်စစ်မြေပြင် မှ စ၍ အကြိမ်တိုင်း တည်ဆောက်ခဲ့သော ဂိမ်းမြေအောက်စခန်း များသည် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ အတွင်းပိုင်းတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ထိုတင်မကသေးပေ။ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်၊ ပစ္စည်းစာရင်းနှင့် တာအိုသားရဲနေရာလွတ် စသည်တို့ အားလုံးသည် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ အတွင်းပိုင်းတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ချီမင် ဝိုးတဝါး အာရုံခံမိသည်မှာ အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ ပင်မကိုယ်ထည်သည် အလွန် သေးငယ်ပုံရသည်။ ၎င်းသည် တြိဂံပုံနှင့်တူသော်လည်း ပိရမစ်တစ်ခုနှင့် ပိုတူ၏။
၎င်းတွင် ပါဝင်သော စွမ်းအားမှာ တွေးကြည့်၍ပင် မရနိုင်ပေ။
အလိုအလျောက်ကျင့်ကြံခြင်းစနစ် သည် လေဟာနယ်စကြဝဠာပင်လယ် အသေးစားတစ်ခုကို တည်ဆောက်နိုင်သည်။
ယခုတစ်ကြိမ် နောက်ဆုံး ဂိမ်းမြေအောက်စခန်း ပွင့်လာတော့သည်။
အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ အတွင်းကမ္ဘာသည် လုံးဝ ပြီးပြည့်စုံသွားပြီ ဖြစ်သည်။
ပို၍ ကြောက်စရာကောင်းသည်မှာ...
နောက်ဆုံး ဂိမ်းမြေအောက်စခန်း: အဆုံးစွန် စစ်မြေပြင် သည် လေဟာနယ်စစ်မြေပြင် ကိုးခု ပေါင်းစပ်ထားသော စစ်မြေပြင် ဖြစ်သည်။
ဆိုလိုသည်မှာ အဆုံးစွန် စစ်မြေပြင်သည် ပထမ လေဟာနယ်စစ်မြေပြင်၊ ဒုတိယ လေဟာနယ်စစ်မြေပြင်၊ တတိယ လေဟာနယ်စစ်မြေပြင်... မှ နဝမ လေဟာနယ်စစ်မြေပြင် အထိ အားလုံးကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ထိုအချိန်တွင် လေဟာနယ်သားရဲ ကိုးကောင် ပေါ်လာ ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် အထက်ကမ္ဘာအရှင်များ၏ ကိုယ်ပွား (၈၁) ခုလည်း ရှိနေမည်ဖြစ်သည်။
(စစ်မြေပြင်တစ်ခုစီမှာ အရှင်ကိုးပါးရဲ့ ကိုယ်ပွားကိုးခုရှိတယ်။နေရာကိုးခုဆိုတော့ ၉×၉=၈၁)
စဉ်းစားကြည့်ရုံဖြင့် သိနိုင်သည်။
ဤသည်က မည်သို့သော စစ်မြေပြင်မျိုး ဖြစ်လာမည်နည်းဆိုသည်ကိုပင်။
နောက်ဆုံး ဂိမ်းမြေအောက်စခန်း ဖြစ်သောကြောင့် ချီမင်သည် သူ့ကိုယ်ခန္ဓာအစစ်ဖြင့် ဝင်ရောက်ရမည်ဖြစ်ပြီး ဂိမ်းဇာတ်ကောင် ဖန်တီး၍ မရနိုင်ပေ။ ထို့ပြင် နောက်ဆုံး ဂိမ်းမြေအောက်စခန်း သည် ဖွင့်လှစ်ရန် အခွင့်အရေး တစ်ကြိမ်သာ ရှိသဖြင့် သူ တစ်ကြိမ်သာ ဝင်ရောက်နိုင်သည်။
ချီမင်၏ ပုံရိပ် ပျောက်ကွယ်သွားသည်။ သူသည် ဝဲဂယက်မှ တစ်ဆင့် နောက်ဆုံး ဂိမ်းမြေအောက်စခန်း: အဆုံးစွန် စစ်မြေပြင် ထဲသို့ ဝင်ရောက်သွားသည်။
သူသည် နေရာလွတ်နှင့် အချိန်ကို ဖြတ်ကျော်ပြီး နောက်ဆုံး ဂိမ်းမြေအောက်စခန်း: အဆုံးစွန် စစ်မြေပြင် သို့ ရောက်ရှိသွားကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ဘုန်း။
ရောက်ရောက်ချင်းမှာပင် ချီမင်သည် ကြီးမားကျယ်ပြန့်သော စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ဤစွမ်းအားသည် သဘောတရား အားလုံးနှင့် မိုးမြေ မဟာတာအို၏ မူလအစစွမ်းအားများထက် သာလွန်နေသည်။
၎င်းက မူလအစကမ္ဘာ ၏ စွမ်းအားဖြစ်သည်။
ချီမင်သည် ဂိမ်းဇာတ်ကောင်: မူလအစကမ္ဘာတမန် ၏ စွမ်းအားအားလုံးကို ရရှိလိုက်သည်။
“ဒီစွမ်းအားက။” ချီမင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ထိတ်လန့်သွားသည်။ “အရာအားလုံးထက် သာလွန်တဲ့ စွမ်းအား၊ အရာအားလုံးရဲ့ မူလအစပဲ။ အရမ်း သန်မာလွန်းတယ်။ အရမ်းကို သန်မာလွန်းတယ်”
“တိုက်။”
“တိုက်ခိုက်ကြ။”
“သတ်။”
ရုတ်တရက် ချီမင်သည် အော်ဟစ်သံများနှင့် ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ လှမ်းကြည့်လိုက်ရာ ကျယ်ပြန့်သော စကြဝဠာပင်လယ်သည် အဆုံးအစမဲ့နေသော်လည်း ကွဲပြားသော စစ်မြေပြင် ကိုးခု ရှိနေသည်။
သို့သော် ၎င်းတို့ တဖြည်းဖြည်း စုစည်းလာကြသည်။
တိုက်ပွဲကြီးတစ်ခု စတင်လာသည်။
အထက်ကမ္ဘာအရှင် ကိုယ်ပွား (၈၁) ခုနှင့် လေဟာနယ်သားရဲ ကိုးကောင်တို့သည် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲနေကြသည်။
သူတို့၏ တိုက်ပွဲ ဂယက်ရိုက်ခတ်မှုကြောင့် လေဟာနယ်စကြဝဠာပင်လယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသည်။ ၎င်းသည် အဆက်မပြတ် ကွဲအက်နေသည်။
ချီမင် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားနှင့် ရင်းနှီးအောင် လုပ်လိုက်သည်။ အတွေးတစ်ခုဖြင့် သူသည်လည်း ဖရိုဖရဲ စစ်မြေပြင်ထဲသို့ ဝင်ရောက်လိုက်သည်။ “ကမ္ဘာဦး အသင်္ချေ အသွင်ပြောင်းခြင်း သိုင်းနည်းစနစ်။ “
သူသည် အလွန် သန်မာ၏။ မဟာတာအို ပြီးပြည့်စုံခြင်းအဆင့်၊ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် သို့ ရောက်ရှိနေပြီဖြစ်သည်။ ယခု သူ့ခန္ဓာကိုယ်ထဲတွင် ဂိမ်းဇာတ်ကောင်: မူလအစကမ္ဘာတမန် ၏ စွမ်းအားပါ ရှိနေသည်။
ချီမင်၏ စွမ်းအားသည် ပြိုင်ဘက်ကင်းနေလေပြီ။ ကမ္ဘာဦးအသင်္ချေအသွင်ပြောင်းခြင်းနည်းစနစ် သည် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု အမျိုးမျိုးအဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်သားရဲ ကိုးကောင်ကို ဝိုင်းရံထားလိုက်သည်။
ပြင်ပကမ္ဘာတွင်...
“ချီမင် ဘယ်ရောက်သွားတာလဲ”
“ဘာဖြစ်တာလဲ”
“ချီမင်ရဲ့ အရှိန်အဝါက ထပ်ပျောက်သွားပြန်ပြီ။”
“ချီမင် ဘယ်ရောက်နေလဲဆိုတာ ငါ တွက်ချက်လို့ မရတော့ပြန်ဘူး။”
“သူ ကျင့်ကြံဖို့ အထူးနေရာလွတ်တစ်ခုခုထဲ ဝင်သွားပြန်တာလား။”
“ဒါက ချီမင်ရဲ့ လျှို့ဝှက်ချက် ဖြစ်လောက်တယ်”
အထက်ကမ္ဘာအရှင်ကိုးပါးသည် ခန်းမအပြင်ဘက်တွင် စောင့်ဆိုင်းနေသည်မှာ နှစ်တစ်သန်းကျော်ပြီ ဖြစ်သည်။ ချီမင် နောက်ဆုံး ဂိမ်းမြေအောက်စခန်း: အဆုံးစွန် စစ်မြေပြင် သို့ ဝင်ရောက်သွားချိန်တွင် သူ၏အရှိန်အဝါက ပျောက်ကွယ်သွားသည်ကို အာရုံခံလိုက်မိသည်။
ချီမင် ဘယ်ရောက်နေလဲ ဆိုတာကို သူတို့ တွက်ချက်၍ မရ တော့ပေ။
သို့သော် သူတို့က အနည်းငယ်သာ တွက်ချက်ကြည့်ပြီး အမှန်တရားကို အတင်းအကျပ် လိုက်မရှာကြပါပေ။
သို့မဟုတ်ပါက သူတို့သာ နည်းလမ်းအမျိုးမျိုးသုံးပြီး အတင်းအကျပ် တွက်ချက်ပါက ချီမင်ကို သေချာပေါက် လှုပ်နှိုးမိသလို ဖြစ်သွားလိမ့်မည်။
ထိုသို့သာဖြစ်သွားလျှင် မကောင်းပေ။
အချိန်များ ကုန်ဆုံးသွားသည်။
နောက်ဆုံး ဂိမ်းမြေအောက်စခန်း: အဆုံးစွန် စစ်မြေပြင် တွင် ချီမင်သည် ပျော်ရွှင်စွာ တိုက်ခိုက်နေသည်။ သူသည် နတ်ဘုရား စွမ်းအားများနှင့် နည်းစနစ်အမျိုးမျိုးကို ထုတ်သုံးပြီး လေဟာနယ်သားရဲ များကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချီမင်သည် အထက်ကမ္ဘာအရှင် ကိုယ်ပွား (၈၁) ခုကိုလည်း ဖျက်ဆီးပစ်လိုက်သည်။
ဤတိုက်ပွဲသည် အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့သည်။
ဤတိုက်ပွဲမှတစ်ဆင့် ချီမင်သည် သူ့စွမ်းအားနှင့် လုံးဝ ရင်းနှီးကျွမ်းဝင်သွားသည်။
သူက စိတ်လက်ပေါ့ပါးသွားသည်။
ဤ နောက်ဆုံး ဂိမ်းမြေအောက်စခန်း: အဆုံးစွန် စစ်မြေပြင် ၏ ကမ္ဘာကြီးသည် စတင် ကွဲအက်လာသည်။ ချီမင်၏ တိုက်ပွဲကြောင့် အပေါက်အပြဲများ ဖြစ်နေပြီး ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။
၎င်းသည် တဖြည်းဖြည်း ပြိုကျလာသည်။
ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း အမှောင်ကျလာသည်။
တင်း။
“ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် နောက်ဆုံး ဂိမ်းမြေအောက်စခန်း: အဆုံးစွန် စစ်မြေပြင် တွင် နှစ်တစ်ရာကြာ တိုက်ခိုက်ခဲ့ပါတယ်။ သင် လေဟာနယ်သားရဲ ကိုးကောင်စလုံးကို အပြီးတိုင် သတ်ဖြတ်နိုင်ခဲ့ပြီး အထက်ကမ္ဘာအရှင် ကိုယ်ပွား (၈၁) ခုကိုလည်း သတ်ဖြတ်နိုင်ခဲ့ပါတယ်။ သင် နောက်ဆုံး ဂိမ်းမြေအောက်စခန်း ကို ပြီးပြည့်စုံစွာ ရှင်းလင်းနိုင်ခဲ့ပါတယ်။”
“နောက်ဆုံး ဂိမ်းမြေအောက်စခန်း: အဆုံးစွန် စစ်မြေပြင် ကို ပိတ်သိမ်းလိုက်ပါပြီ။”
“သင် ဆဌမ လေဟာနယ်သားရဲ ဆန္ဒအရှင် ၊ သတ္တမ လေဟာနယ်သားရဲ မကောင်းဆိုးဝါး မူလအစ၊ အဋ္ဌမ လေဟာနယ်သားရဲ အစီအစဉ် အဆုံးသတ်တို့ကို ရရှိပါတယ်။”
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင်က မျက်လုံးဖွင့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ အမှောင်ထုက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူသည် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ထဲမှ ပြန်ထွက်လာပြီ ဖြစ်ကြောင်း အာရုံခံမိလိုက်သည်။
“သူ ပြန်ရောက်လာပြီ။”
အထွတ်အထိပ်အင်မော်တယ်၏ အာရုံက ချီမင်ထံသို့ ကျရောက်လာသည်။
ချီမင်သည် အထွတ်အထိပ်အင်မော်တယ်နှင့် အခြားသူများ ရှိနေကြောင်း အာရုံခံမိပြီးသား ဖြစ်သည်။
ချီမင် ပြန်ထွက်လာပြီးနောက် ချက်ချင်းပင် ပြောလိုက်သည်။ “ပေါင်းစပ်ခြင်း ကို ဖွင့်မယ်”
နောက်တစ်ခဏတွင် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ မျက်နှာပြင်က ပြန်လည် ပေါ်လာသည်။
ကြီးမားသော မီးပြင်းဖိုကြီး တစ်ခု ပေါ်လာသည်။ ၎င်းသည် ပိရမစ် ပုံသဏ္ဌာန် ရှိပြီး မရေမတွက်နိုင်သော ပုံစံများဝန်းရံထားသည်။
“မူလအစကမ္ဘာရတနာ ကိုယ်ပွား ကိုးခုကို ပေါင်းစပ်မယ်”
တင်း။
“ အသင်္ချေကမ္ဘာပုံရိပ်လွှာ၊ ထာဝရမူလအစ မျှော်စင်၊ ဧကရာဇ်ဟောက်ထျန်း ခေါင်းတလား၊ ကမ္မ မူလအစခန္ဓာ၊ ဖန်ဆင်းခြင်း ကျောက်စိမ်းပြား၊ ထာဝရမူလအစကျမ်း၊ ဖရိုဖရဲ မူလအစခေါင်းလောင်း၊ အထွတ်အထိပ် အဆုံးစွန် မီးဖို၊ နတ်ဆိုး မူလအစပုလဲတို့ကို ပေါင်းစပ်မည်လား။”
အသိပေးချက် ပေါ်လာသည်။
“လုပ်မယ်”
ချက်ချင်းပင် ကြီးမားသော ပိရမစ်ပုံ မီးပြင်းဖိုကြီးက စတင် လည်ပတ်လာသည်။ မူလအစကမ္ဘာရတနာ ကိုယ်ပွား ကိုးခုသည် တစ်ခုပြီးတစ်ခု မီးပြင်းဖိုကြီးထဲသို့ ဝင်ရောက် ပေါင်းစပ်သွားကြသည်။
“ဆက်လုပ်မယ်” ချီမင်က လေသံတိုးတိုးဖြင့် ပြောသည်။ “လေဟာနယ်သားရဲ ကိုယ်ပွား ကိုးကောင်ကို ပေါင်းစပ်မယ်...”