← Chapters

တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း။ လုံးဝပြောင်းလဲခြင်း။ အထွတ်အထိပ်အင်မော်တယ်နှင့် တိုက်ခိုက်ခြင်း။

Vol. 34 Ch. 475

တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း။ လုံးဝပြောင်းလဲခြင်း။ အထွတ်အထိပ်အင်မော်တယ်နှင့် တိုက်ခိုက်ခြင်း။

Vol. 34 Ch. 475

တင်း။

“ ပထမ လေဟာနယ်သားရဲ အချိန်မိန်းမပျို၊ ဒုတိယ လေဟာနယ်သားရဲ အသင်္ချေပုံရိပ်ယောင်မြူခိုး၊ တတိယ လေဟာနယ်သားရဲ သားရဲအရှင်၊ စတုတ္ထ လေဟာနယ်သားရဲ ပျက်စီးခြင်းမဟာရော့ခ်၊ ပဉ္စမ လေဟာနယ်သားရဲ သံသရာသားတော်၊ ဆဌမ လေဟာနယ်သားရဲ ဆန္ဒအရှင်၊ သတ္တမ လေဟာနယ်သားရဲ မကောင်းဆိုးဝါး မူလအစ၊ အဋ္ဌမ လေဟာနယ်သားရဲ အစီအစဉ် အဆုံးသတ် နှင့် နဝမ လေဟာနယ်သားရဲ၊ ထာဝရမျက်လုံးအရှင်တို့ကို ပေါင်းစပ်ပါမည်လော။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

“ပေါင်းစပ်မယ်။”

အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ မျက်နှာပြင်တွင် ပေါ်လာသော မီးပြင်းဖိုကြီးသည် လျင်မြန်စွာဖြင့် နှစ်ခုကွဲထွက်သွားပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပါဝင်သည့် တောက်ပသော အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။

“မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခုကို ပေါင်းစပ်မယ်” ချီမင်က ဆက်လက် လုပ်ဆောင်သည်။

တင်း။

“ကမ္ဘာဦးမူလအစဓားကြာပန်း၊ ကမ္ဘာဦးမူလအစဓား နှင့် ကမ္ဘာဦးမူလအစတောင်တို့ကို ပေါင်းစပ်မည်လား...”

အသိပေးချက် ပေါ်လာသည်။

“ ပေါင်းစပ်မယ်” ချီမင်က ခေါင်းညိတ်လိုက်ပြန်သည်။

မီးပြင်းဖိုကြီးက တတိယအကြိမ် ကွဲထွက်လာသည်။

“အင်မော်တယ် သားရဲတွေ၊ တာအိုသားရဲ တွေ၊ မူလအစသားရဲ တွေ၊ ပြီးတော့ အစေခံစနစ်ထဲက အင်မော်တယ်နယ်ပယ် အစေခံတွေနဲ့ ထာဝရအထွတ်အထိပ်အရှင် နယ်ပယ် အစေခံတွေ အားလုံးကို ပေါင်းစပ်မယ်။” ချီမင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

မီးပြင်းဖိုကြီးက စတုတ္ထအကြိမ် ကွဲထွက်လာသည်။

ထိုအချိန်တွင် ချီမင်၏ အင်မော်တယ် သားရဲများ၊ တာအိုသားရဲများ၊ မူလအစသားရဲများ၊ အင်မော်တယ်နယ်ပယ် အစေခံများနှင့် ထာဝရအထွတ်အထိပ်အရှင် နယ်ပယ် အစေခံများ အားလုံးကို ပေါင်းစပ်ခြင်း မီးပြင်းဖိုကြီးထဲသို့ ပစ်ထည့်လိုက်သည်။

ပေါင်းစပ်ခြင်းက စတင်လာသည်။

တစ်ပြိုင်နက်တည်းမှာပင်...

“အခုပဲ”

ချီမင်သည် သူ့ကိုယ်သူ ဖိနှိပ်ထားမှုကို လွှတ်ချပေးလိုက်ပြီး ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ မူလအစစွမ်းအားများကို စတင် စုပ်ယူလိုက်သည်။

သူသည် ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ အဆုံးစွန်လျှို့ဝှက်ချက်များနှင့် အခြေခံအကျဆုံး နက်နဲမှုများကို နားလည်သဘောပေါက်လိုက်သည်။

ထို့နောက် ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ နက်နဲမှု အားလုံးကို လုံးဝ နားလည်သဘောပေါက်သွားတော့သည်။ သူ၏ရှေ့တွင် လေဟာနယ်စကြဝဠာပင်လယ် တစ်ခုလုံး၊ အသင်္ချေကမ္ဘာတို့နှင့် အခြားသော ကမ္ဘာများ အားလုံးသည် မည်သည့် လျှို့ဝှက်ချက်မျှ မရှိတော့ပေ။

ချီမင်သည် အရာအားလုံးကို လုံးဝ နားလည်သွားသည်။

သူ၏ စွမ်းအားသည် အဆင့်မြှင့်လာသည်။ သူသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို စတင် ခံစားလိုက်ရသည်။ ထိုအချိန်တွင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် ၏ ခမ်းနားကြီးကျယ်သော တာအိုစွမ်းအားများသည် မူလအစစွမ်းအားများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

ထိုအခိုက် ကမ္ဘာဦးမဟာတာအိုက ပေါ်ထွက်လာသည်။

ဖရိုဖရဲမြူခိုးများ ဖုံးလွှမ်းနေသော လမ်းကြောင်းတစ်ခုသည် ချီမင်ကို မူလအစ အဖြစ် ဗဟိုပြုကာ ဖြစ်ပေါ်လာပြီး လေဟာနယ်စကြဝဠာပင်လယ်၏ အနက်ရှိုင်းဆုံး နေရာသို့ ထိုးဖောက်ဝင်ရောက်သွားလျက် ကျယ်ပြန့်သည့် မဟာတာအို လမ်းမကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် လေဟာနယ်စကြဝဠာပင်လယ် တစ်ခုလုံးသည် ကမ္ဘာဦးမဟာတာအို ၏ အဆုံးတွင် နှလုံးခုန်သကဲ့သို့ တုန်ခါနေသည်။

တဖြည်းဖြည်းနှင့် စကားဖြင့် ဖော်ပြ၍ မရနိုင်သော တံခါးကြီးတစ်ခု ပေါ်ပေါက်လာသည်။ ဤတံခါးကြီး၏ ခမ်းနားကြီးကျယ်မှုကို မည်သည့်စကားလုံးဖြင့်မျှ ဖော်ပြ၍ မရနိုင်ပေ။

“ဒါက...”

“မူလအစကမ္ဘာတံခါးပဲ”

“ပေါ်လာပြီဟ”

“မူလအစကမ္ဘာတံခါး”

“ချီမင် အောင်မြင်သွားပြီ။ သူ အောင်မြင်သွားပြီ။”

“ဟားဟားဟား...”

“အရမ်းကောင်းတယ်”

အထက်ကမ္ဘာအရှင်ကိုးပါး၏ မျက်နှာပေါ်တွင် နှိုင်းယှဉ်၍မရသော စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ သူတို့၏ အကြည့်များသည် တောက်လောင်နေပါသည်။ သူတို့၏ စိတ်အခြေအနေနှင့် ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ယခုအချိန်တွင် တည်ငြိမ်မှုကို ထိန်းထားနိုင်စွမ်း မရှိတော့ပေ။

သူတို့ရှေ့ရှိ မူလအစကမ္ဘာတံခါးသည် သူတို့၏ ဘဝတစ်လျှောက်လုံး လိုက်စားခဲ့သော အန္တိမပန်းတိုင် ဖြစ်ပေ၏။

“ဒါက မူလအစကမ္ဘာတံခါး ဆိုတာပဲ”

အထွတ်အထိပ်အင်မော်တယ်သည် ကမ္ဘာဦးမဟာတာအို၏အဆုံးကို ကြည့်လိုက်သည်။ လေဟာနယ်စကြဝဠာပင်လယ် ၏ အနက်ရှိုင်းဆုံး နေရာတွင် ရှိနေသော မိုးထိအောင် မြင့်မားသည့် တံခါးကြီးကြောင့် သူလည်း ထိတ်လန့်သွားရသည်။

မူလအစကမ္ဘာတံခါးသည် သူ၏အမြင်အာရုံကို များစွာ လွှမ်းမိုးနေသည်။

အထွတ်အထိပ်အင်မော်တယ်က ခေါင်းပြန်ငုံ့လိုက်ပြီး ကမ္ဘာဦးခန်းမကို ကြည့်လိုက်သည်။

ထို့နောက် အချိန်များ ကုန်ဆုံးသွားသည်။

နှစ်ပေါင်း တစ်သိန်း ကြာပြီးနောက်။

ဘုန်း။

ကမ္ဘာဦးခန်းမထဲတွင် အထွတ်အထိပ် အရှိန်အဝါတစ်ခု တဖြည်းဖြည်း ပျံ့နှံ့လာသည်။ ချီမင်၏ ကမ္ဘာဦးမဟာတာအို သည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။ ၎င်းသည် လေဟာနယ်စကြဝဠာပင်လယ် တွင် နေရာယူထားပြီး အသင်္ချေကမ္ဘာကို လွှမ်းမိုးကာ မရေမတွက်နိုင်သော သက်ရှိများနှင့် မျိုးနွယ်စုများကို လေးစားယုံကြည်လာစေသည်။

နှစ်ပေါင်း တစ်သိန်း ပြည့်ပြီးနောက် ချီမင်သည် လုံးဝပြောင်းလဲသွားသည်။ သူသည် ကောင်းကင်နှင့်မြေကြီး မဟာတာအို နယ်ပယ်၏ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် သို့ ရောက်ရှိချိန်ကတည်းက စတင် ပြောင်းလဲနေခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင်တော့ ချီမင်၏ စွမ်းအင်အားလုံးသည် ကမ္ဘာဦးမဟာတာအို မူလအစစွမ်းအား အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ချီမင် ပိုင်ဆိုင်ထားသော အံ့ဖွယ် စွမ်းအားအားလုံးသည် မူလအစအခြေခံပေါ်တွင် ပိုမို အဆင့်မြင့်သွားကြသည်။ ၎င်းတို့သည် ပို၍ သန်မာလာပြီး ပို၍ နက်နဲဆန်းကြယ်လာသည်။

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ... မူလအစကမ္ဘာရတနာ ကိုယ်ပွား ကိုးခုကို အောင်မြင်စွာ ပေါင်းစပ်ပြီး ပြောင်းလဲခဲ့ပါတယ်။ ၎င်းသည် စစ်မှန်သော မူလအစကမ္ဘာရတနာ ဖြစ်လာပါပြီ။ သင် မူလအစကမ္ဘာရတနာ၊ နဝမအဆင့် မူလအစမျှော်စင်ကို ရရှိခဲ့ပါတယ်...”

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ... လေဟာနယ်သားရဲ ကိုယ်ပွား ကိုးကောင်ကို အောင်မြင်စွာ ပေါင်းစပ်ပြီးပါပြီ။၎င်းက စစ်မှန်သော လေဟာနယ်သားရဲ ဖြစ်လာပါပြီ။ သင် အဆုံးစွန် မြူခိုးအရိပ်ကို ရရှိခဲ့ပါတယ်...”

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ... မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခုကို အောင်မြင်စွာ ပေါင်းစပ်ပြီးသွားပါပြီ။ ၎င်းတို့သည် ပိုမို တိုးတက်လာပြီး မူလအစကမ္ဘာရတနာ အဆင့်သို့ ရောက်ရှိသွားပါပြီ။ သင် မူလအစကိုယ်ပိုင်ရတနာ ကမ္ဘာဦးမူလအစဓားကို ရရှိခဲ့ပါတယ်”

တင်း။

“ဂုဏ်ပြုပါတယ် လက်ခံသူ... သင်၏ အင်မော်တယ်သားရဲများ၊ တာအိုသားရဲ များ၊ မူလအစသားရဲ များနှင့် အင်မော်တယ်နယ်ပယ် အစေခံများ၊ ထာဝရအထွတ်အထိပ်အရှင် နယ်ပယ် အစေခံများ အားလုံးကို ပေါင်းစပ်ပြီးပါပြီ။ သင် နောက်ဆုံးသော အစေခံသားရဲ: ကောင်းကင်အရိပ်ကို ရရှိခဲ့ပါတယ်...”

အသိပေးချက် အများအပြား ပေါ်လာသည်။

ပေါင်းစပ်မှု လေးခုသည် နှစ်ပေါင်း တစ်သိန်း ကြာမြင့်ခဲ့သည်။

၎င်းတို့သည် တစ်ချိန်တည်း လိုလိုပင် ပြီးစီးခဲ့ကြသည်။

ချီမင်သည် သက်ဆိုင်ရာ အချက်အလက်များကို စတင် စစ်ဆေးလိုက်သည်။

ပစ္စည်း: နဝမအဆင့် မူလအစမျှော်စင်

အဆင့်: မူလအစကမ္ဘာရတနာ

ဖော်ပြချက်: မူလအစကမ္ဘာရတနာ ကိုယ်ပွား ကိုးခုမှ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းတွင် ပါဝင်သော မူလအစကမ္ဘာ၏ စွမ်းအားသည် ပြီးပြည့်စုံသွား၏။

၎င်းတွင် အထွတ်အထိပ် စွမ်းအားများ ပါဝင်ပြီး ပြိုင်ဘက်ကင်းကာကွယ်နိုင်စွမ်း ရှိသည်။ မူလအစကမ္ဘာရတနာ မဟုတ်လျှင် မည်သည့်အရာကမျှ ဖျက်ဆီး၍ မရနိုင်ပေ။

ပစ္စည်း: အဆုံးစွန် မြူခိုးအရိပ်

အဆင့်: လေဟာနယ်သားရဲ

ဖော်ပြချက်: လေဟာနယ်သားရဲ ကိုယ်ပွား ကိုးကောင်မှ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းတွင် ပါဝင်သော မူလအစကမ္ဘာ၏ ဘေးဒုက္ခချီများက ပြီးပြည့်စုံသည်။ ၎င်းသည် အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားပြီး မည်သည့်အရာအဖြစ်မဆို ပြောင်းလဲနိုင်ကာ လေဟာနယ်စကြဝဠာပင်လယ် ကို ဖျက်ဆီးနိုင်သည်။

ပစ္စည်း: ကမ္ဘာဦးမူလအစဓား

အဆင့်: မူလအစကမ္ဘာ့ရတနာ

ဖော်ပြချက်: ချီမင် အကန့်အသတ်အထိ သန့်စင်ထားသော မူလအစကိုယ်ပိုင်တာအိုရတနာ သုံးခုကို ထပ်မံ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် မူလအစကမ္ဘာ၏ စွမ်းအားကို စုပ်ယူပြီး မကြုံစဖူးသော ပြောင်းလဲမှုကို ပြီးမြောက်ခဲ့သည်။ ၎င်းတို့တွင် အထွတ်အထိပ် မူလအစကမ္ဘာ၏ စွမ်းအားများ ပါဝင်ပြီး ပြိုင်ဘက်ကင်းသော တိုက်ခိုက်မှုများကို ပိုင်ဆိုင်သည်။ မူလအစကမ္ဘာရတနာမှလွဲ၍ ကမ္ဘာဦးဓားအလင်းတန်းကို မည်သည့်အရာကမျှ တားဆီး၍ မရနိုင်ပေ။

နောက်ဆုံးသော အစေခံသားရဲ: ကောင်းကင်အရိပ်

အမည်ရင်း: မရှိ။

ကျင့်ကြံခြင်းအဆင့် : ကောင်းကင်နှင့်မြေကြီး မဟာတာအို နယ်ပယ် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်။

မူလအစ: အသင်္ချေကောင်းကင်မဟာတာအို

ဖော်ပြချက်: ၎င်းသည် ချီမင်၏ အင်မော်တယ် သားရဲများ၊ တာအိုသားရဲ များ၊ မူလအစသားရဲများ၊ အင်မော်တယ်နယ်ပယ် အစေခံများနှင့် ထာဝရအထွတ်အထိပ်အရှင် နယ်ပယ် အစေခံများ အားလုံးကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော အထူးတည်ရှိမှု ဖြစ်သည်။ ပေါင်းစပ်နေစဉ်အတွင်း ၎င်းသည် ထပ်မံ ဆင့်ကဲပြောင်းလဲပြီး မဟာတာအိုသစ်သီး:အသင်္ချေမဟာတာအိုသစ်သီးကို ဖွဲ့စည်းနိုင်ခဲ့သည်။ နောက်ဆုံးတွင် ကောင်းကင်နှင့်မြေကြီး မဟာတာအို နယ်ပယ် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့် သို့ ရောက်ရှိခဲ့သည်။

“ဟားဟားဟား...”

ချီမင်က အားရပါးရ ရယ်မောလိုက်သည်။သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာဦးမူလအစဓားသည် သူ့လက်ထဲသို့ ရောက်လာသည်။ သူသည် ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ ဓားအိမ်သည် ရှည်လျားသွယ်လျပြီး ရွှေအိုရောင် ရှိကာ နက်နဲသော ပုံစံ များ ပါရှိသည်။ တစ်ချက်ကြည့်လိုက်လျှင် ၎င်းတွင် ဖော်ပြ၍မရသော စွမ်းအားများ ပါဝင်နေသည့်အလားပင်။

အကယ်၍...

တစ်ချက်ကြည့်လိုက်ရုံနှင့် အသတ်ခံရ‌တော့မည့်အလား ခံစားရသည်။

တစ်ချိန်တည်းမှာပင် နဝမအဆင့်မူလအစမျှော်စင်သည် ပျံသန်းလာပြီး ချီမင်၏ ခေါင်းပေါ်တွင် ပျံဝဲနေသည်။ အရောင်အမျိုးမျိုးရှိသော အလင်းစက်ဝန်းများ ကျရောက်လာပြီး အရာအားလုံးကို ကာကွယ်ပေးနိုင်သော ကာကွယ်မှုတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထို့အပြင် အရိပ်နက်နှစ်ခုလည်း ရှိနေပါသည်။

ဘယ်ဘက်ရှိ တစ်ခုမှာ လူသားပုံသဏ္ဌာန် ရှိပြီး မျက်နှာအသွင်အပြင် မရှိပေ။ ၎င်းသည် မြေပြင်ပေါ်ရှိ အရိပ်တစ်ခုနှင့် တူသော်လည်း နက်နဲသော မြူခိုးများကို ထုတ်လွှတ်နေသည်။

၎င်းသည် ဝိုးတဝါး မြူခိုးများ ထုတ်လွှတ်နေသည့်အရိပ်နက်တစ်ခုနှင့် တူသည်။

၎င်းမှာ လေဟာနယ်သားရဲ: အဆုံးစွန် မြူခိုးအရိပ် ဖြစ်သည်။

ညာဘက်ရှိ အရိပ်နက်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မြူခိုးများဖြင့် ဖုံးလွှမ်းမနေသော်လည်း အချိန်တိုင်း ကွဲပြားသော ပုံသဏ္ဌာန်များ ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ လူသားကဲ့သို့၊ တစ်ခါတစ်ရံ သားရဲကဲ့သို့၊ တစ်ခါတစ်ရံ အင်မော်တယ် နတ်ဘုရားကဲ့သို့ ဖြစ်သည်။ ထူးဆန်းပြီး နက်နဲလှသည်။

ကွဲပြားသော ပုံသဏ္ဌာန်များ အဆက်မပြတ် ပြောင်းလဲနေသည့် ထို အရိပ်သည် နောက်ဆုံး အစေခံသားရဲ: ကောင်းကင်အရိပ် ဖြစ်သည်။

“အရမ်းကောင်းတယ်”

ချီမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လေဟာနယ်သားရဲ: အဆုံးစွန် မြူခိုးအရိပ် နှင့် နောက်ဆုံးသော အစေခံသားရဲ: ကောင်းကင်အရိပ် တို့ကို အကဲခတ်လိုက်သည်။ “ပုံသဏ္ဌာန် ပြောင်းပြီး ပုန်းနေလိုက်ကြ”

အဆုံးစွန် မြူခိုးအရိပ် နှင့် ကောင်းကင်အရိပ် တို့သည် တစ်ချိန်တည်း ပြောင်းလဲသွားကြသည်။

အဆုံးစွန် မြူခိုးအရိပ် သည် မြူခိုးနက်များ ထုတ်လွှတ်နေသည့် လက်ကောက်တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ချီမင်၏ ညာလက်တွင် နေရာယူလိုက်သည်။

ကောင်းကင်အရိပ် သည် ကြာပန်းပုံစံအဖြစ် ပြောင်းလဲသွားပြီး ချီမင်၏ ဘယ်လက်ဝါးတွင် နေရာယူလိုက်သည်။

“သိမ်းစမ်း”

အတွေးတစ်ခုဖြင့် ခေါင်းပေါ်ရှိ နဝမအဆင့် မူလအစ မျှော်စင်နှင့် လက်ထဲရှိ ကမ္ဘာဦးမူလအစဓား တို့သည် အလင်းတန်းနှစ်ခု အဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။

“တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ရမယ့်အချိန် ရောက်ပြီ” ချီမင်က မတ်တတ်ရပ်လိုက်သည်။ “သူတို့ စောင့်နိုင်တော့မယ် မထင်ဘူး”

နောက်တစ်ခဏတွင် ချီမင်က ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့ပုံရိပ်သည် လေထဲတွင် ပျောက်ကွယ်သွားပြီး ကမ္ဘာဦးခန်းမမှ ထွက်ခွာသွားသည်။ ချီမင်၏ ပုံရိပ်သည် လေဟာနယ်ထဲမှ လမ်းလျှောက်ထွက်လာသကဲ့သို့ နေရာလွတ်က ပြောင်းလဲသွား တော့သည်။

“မင်း တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာပြီပဲ”

“ကောင်းတယ်။ ကောင်းတယ်။ကောင်းတယ်။”

အထက်ကမ္ဘာအရှင်ကိုးပါးနှင့် အထွတ်အထိပ်အင်မော်တယ် တို့၏ အကြည့်များသည် ချီမင်ထံသို့ ကျရောက်လာသည်။ သူ့အရှိန်အဝါကို အာရုံခံမိသောအခါ သူတို့က ပြုံးလိုက်ကြသည်။

ချန်ချန်းရှန် က တဲ့တိုးပင် ပြောလိုက်သည်။ “မူလအစကမ္ဘာတံခါးဆီကိုသွားကြစို့။ ငါတို့နဲ့အတူ ပေါင်းစပ်ပြီးဖွင့်ရမယ်။”

“မဆိုးဘူး၊ မဆိုးဘူး။”

“မူလအစကမ္ဘာတံခါး ပေါ်လာပြီပဲ”

အခြားသော အထက်ကမ္ဘာအရှင်များကလည်း ပြောလိုက်ကြသည်။

ချီမင်ကခေါင်းအသာညိတ်လိုက်သည်။ “ကောင်းပါပြီ။ “

“နေဦး”

ထိုအခိုက် အထွတ်အထိပ်အင်မော်တယ် ရောက်လာသည်။ သူသည် ချီမင်ရှေ့တွင် ရပ်လိုက်သည်။ သူ၏အကြည့်က တည်ငြိမ်နေပုံရသော်လည်း မျက်လုံးများတွင် နက်ရှိုင်းသည့် တိုက်ခိုက်လိုစိတ်များ ကိန်းအောင်းနေသည်။

“မင်းနဲ့ ငါ့ရဲ့ တိုက်ပွဲက မပြီးသေးဘူး။”

အထွတ်အထိပ်အင်မော်တယ်က လေသံတိုးတိုးဖြင့် ပြောသည်။ “ မင်း ထွက်ပြေးချင်နေတာလား။”

“အထွတ်အထိပ်အင်မော်တယ်။”

“ရိုင်းစိုင်းလိုက်တာ။”

အထက်ကမ္ဘာအရှင်ကိုးပါးက ကြိမ်းမောင်းလိုက်ကြသည်။

ထိုအချိန်တွင် နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်ဘုံက ပြင်းထန်စွာ တုန်ခါသွားသည်။ အရှိန်အဝါ ရိုက်ခတ်မှု သက်သက်ဖြင့်ပင် ထာဝရအထွတ်အထိပ်ကောင်းကင်ဘုံက ကွဲအက်သွားရသည်။

နေရာလွတ်က ပြိုကျသွားသည်။

“အထွတ်အထိပ်အင်မော်တယ်” ချီမင်က တစ်ဖက်လူကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ “မင်း တကယ်ပဲ ငါနဲ့ တိုက်ချင်တာလား။”

“ဟုတ်တယ်၊ မင်း ဒီတိုက်ပွဲကို ရှောင်လွှဲလို့ မရဘူး”

အထွတ်အထိပ်အင်မော်တယ်က လေးနက်စွာ ပြောသည်။

ချီမင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး လေသံနိမ့်ဖြင့် ပြောလိုက်သည်။ “ဒါဆိုလည်း မင်း ဆန္ဒအတိုင်း ဖြစ်စေရမယ်”

“လာတိုက်ခိုက်စမ်း။”

ရုတ်တရက် အထွတ်အထိပ်အင်မော်တယ်နှင့် ချီမင်တို့က နေရာမှ ပျောက်ကွယ်သွားကြသည်။ နောက်တစ်ခဏတွင် သူတို့ ထိပ်တိုက် တွေ့ဆုံလိုက်ကြသည်။ ဟောက်ထျန်းမဟာတာအို နှင့် ကမ္ဘာဦးမဟာတာအိုတို့က ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။

နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်ဘုံက ကွဲကြေနေပြီဖြစ်သည်။

သူတို့က ကောင်းကင်သို့ ပျံတက်သွားသော အလင်းတန်း နှစ်ခုကဲ့သို့ပင်။ တစ်ခုမှာ ကမ္ဘာဦးဖရိုဖရဲအရောင် ဖြစ်ပြီး၊ အခြားတစ်ခုမှာ ခရမ်းရွှေရောင် ဖြစ်သည်။ သူတို့သည် နေရာလွတ် ကို ဖြတ်ကျော်ပြီး နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်ဘုံမှ ထွက်ခွာသွားကြသည်။

ကလန်။ကလန်။

ဓားမြည်သံများ ထွက်ပေါ်လာသည်။

“အထွတ်အထိပ်အင်မော်တယ်ဓား။”

အထွတ်အထိပ်အင်မော်တယ်သည် ညာလက်ဖြင့် ဓားရိုးကို ဆုပ်ကိုင်ပြီး ကြုံးဝါးဟစ် အော်လိုက်သည်။ သူသည် ဓားအလင်းတန်းတစ်ခုကို ခုတ်ပိုင်းလိုက်သည်။ သာမန် ဓားအလင်းတန်း တစ်ခုနှင့် တူသော်လည်း ၎င်းတွင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား စွမ်းအားများ ပါဝင်နေသည်။

“အသင်္ချေကောင်းကင်ဓား”

ချီမင်သည် သူ့၏ မူလအစကိုယ်ပိုင်ရတနာကို မသုံးခဲ့ပေ။ ထိုအစား အတွေးတစ်ခုဖြင့် ကောင်းကင်အရိပ် နှင့် ဆက်သွယ်လိုက်သည်။ သူ့လက်ဝါးတွင် ကြာပန်းနက်အမှတ်အသား ပေါ်လာပြီး အနက်ရောင်ဓားတစ်လက် ထွက်ပေါ်လာသည်။

“ခုတ်ပိုင်းစမ်း။”

အနက်ရောင် ဓားအလင်းတန်းက ခုတ်ပိုင်းကျလာ၏။

ဓားအလင်းတန်းများက တိုက်ခိုက်ကြပြီး နှစ်ဖက်က ဘက်မျှနေသည်။

ပတ်ဝန်းကျင်မှာတော့ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းနေသည်။

အဘယ်ကြောင့်ဆိုသော် ချီမင်နှင့် အထွတ်အထိပ်အင်မော်တယ် တို့သည် နတ်ဆိုးကမ္ဘာထဲသို့ ဝင်ရောက်တိုက်ခိုက်နေကြသောကြောင့်ပင်။

နတ်ဆိုးကမ္ဘာ တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါနေသည်။

ဤမျှတင်မကသေးပေ။ နတ်ဆိုးကမ္ဘာ၏ ကောင်းကင်တာအိုသည်လည်း မြည်ကြွေးသံများ ထုတ်လွှတ်နေသည်။

၎င်းက ခံနိုင်ရည် မရှိတော့ပေ။

အချိန်များ ကုန်ဆုံးသွားသည်။

တိုက်ပွဲသည် ပိုမို ပြင်းထန်လာသည်။

ချီမင်နှင့် အထွတ်အထိပ်အင်မော်တယ် တို့သည် ဆက်တိုက် တိုက်ခိုက်နေကြသည်။ သူတို့သည် အဆက်မပြတ် တိုက်ခိုက်ပြီး အံ့ဖွယ်စွမ်းအားများကို တစ်ခုပြီးတစ်ခု ထုတ်သုံးကာ ကမ္ဘာဦးမဟာတာအို နှင့် ဟောက်ထျန်းမဟာတာအို တို့၏ စွမ်းအားများကို ကွက်ကွက်ကွင်းကွင်း ပြသနေကြသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး နှစ်ခု ထွက်ပေါ်လာသည်။

သူတို့သည် နတ်ဆိုးကမ္ဘာမှ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြပြီး လေဟာနယ်စကြဝဠာပင်လယ် သို့ ဝင်ရောက်ရန် အတားအဆီး ကို ချိုးဖျက်လိုက်ကြသည်။

လေဟာနယ်စကြဝဠာပင်လယ် တွင် ချီမင်နှင့် အထွတ်အထိပ်အင်မော်တယ်တို့သည် သူတို့၏ စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်နိုင်သွားကြသည်။

ချီမင်က လေထဲတွင် ရပ်နေသည်။

သူ၏ပတ်ပတ်လည်တွင် အဆုံးမဲ့ ကမ္ဘာဦးမဟာတာအို စစ်မှန်အ‌ဆောင်များ ဝန်းရံနေသည်။ သူ့ခေါင်းပေါ်တွင် ကမ္ဘာဦးမဟာတာအို သည် လေဟာနယ်စကြဝဠာပင်လယ် တစ်ခုလုံးကို ထိုးဖောက်သွားသည့်ပမာ တည်ရှိနေသည်။

အထွတ်အထိပ်အင်မော်တယ် သည်လည်း ချီမင်၏ ရှေ့တွင် ရပ်နေသည်။

အထွတ်အထိပ်အင်မော်တယ်၏ ပတ်ပတ်လည်တွင်လည်း ဟောက်ထျန်းမဟာတာအို စစ်မှန်တာအို အဆောင်များဝန်းရံထားသည်။ သူ၏ခေါင်းပေါ်တွင်လည်း ဟောက်ထျန်းမဟာတာအို သည် ဆန့်ထွက်နေပြီး ကမ္ဘာပေါင်းများစွာကို ဖိနှိပ်ထားသည့်အလားပင်။

စစ်မြေပြင် အပြင်ဘက်တွင် အထက်ကမ္ဘာအရှင်ကိုးပါးသည် တိုက်ပွဲကို ကြည့်ရှုနေကြသည်။

တစ်ချိန်တည်းမှာပင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် များလည်း ထိတ်လန့်သွားကြသည်။ သူတို့သည် အထက်ကမ္ဘာကိုးခုမှ ပြေးထွက်လာကြပြီး လေဟာနယ်စကြဝဠာပင်လယ် သို့ ဝင်ရောက်လာပြီး အဝေးမှနေ၍ တိုက်ပွဲကို ကြည့်ရှုနေကြသည်။

“ဒါက...”

“ချီမင်။ သူက ချီမင်ပဲ။”

“အထွတ်အထိပ်အင်မော်တယ်။ တစ်ဖက်ကအထွတ်အထိပ်အင်မော်တယ်ပဲ။”

“ဒါ... ဒါ...”

“သူတို့နှစ်ယောက်ကြားမှာ တိုက်ပွဲကြီး ဖြစ်နေတာပဲ”

“ဆိုလိုတာက ချီမင် ကောင်းကင်နှင့်မြေကြီး မဟာတာအို နဝမအဆင့် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဖြစ်သွားပြီပေါ့။”

“ဟာ...”

“ကြောက်စရာကောင်းလိုက်တဲ့ တိုက်ပွဲပဲ...”

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် များသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြ၏။ သူတို့၏ ခန္ဓာကိုယ်များက တုန်ခါနေသည်။

“ငါတို့ ရှိနေတာကို ချီမင်က စိန်ခေါ်မှုကို လက်ခံစရာ လုံးဝ မလိုဘူးလေ” ချန်ချန်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“အခုကြည့်ရတာ ချီမင်နဲ့ အထွတ်အထိပ်အင်မော်တယ်က အခြေအနေ တူညီနေပေမဲ့၊ အထွတ်အထိပ်အင်မော်တယ်မှာ မဟာတာအိုသစ်သီးရှိတယ်။ သူ အစွမ်းကုန် အဆင့်မြှင့်တင်လိုက်ရင် သူ့စွမ်းအားတွေ အများကြီး တိုးလာလိမ့်မယ်”

“မှန်တယ်။”

“ချီမင်က အထွတ်အထိပ်အင်မော်တယ်ရဲ့ ပြိုင်ဘက် ဖြစ်လောက်မှာ မဟုတ်ဘူး”

“အရေးကြီးတဲ့ အချိန်ကျရင် ငါတို့ ဝင်ပါမှ ရမယ်”

အထက်ကမ္ဘာအရှင်ကိုးပါးက ဆွေးနွေးနေကြသည်။

ထိုအချိန်တွင် ချီမင်နှင့် အထွတ်အထိပ်အင်မော်တယ်တို့က ထပ်မံ တိုက်ခိုက်ကြပြန်သည်။ အဆုံးမဲ့ တောက်ပသည့် အလင်းရောင်များက သူတို့၏ မြင်ကွင်းကို ဖုံးလွှမ်းသွားပြီး အခြေအနေကို လုံးဝ မမြင်ရတော့ပေ။

ဓားအလင်းတန်းများက သောင်းကျန်းနေပြီး လေဟာနယ်စကြဝဠာပင်လယ် ကို ဖြတ်တောက်ကာ ကမ္ဘာများစွားကို ပူဖောင်းများကဲ့သို့ တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်နေသည်။

အချိန်ကြာမြင့်သွားသည်။ ချီမင်နှင့် အထွတ်အထိပ်အင်မော်တယ် တို့သည် သူတို့၏ စွမ်းအား အကုန်ထုတ်ကာ လေဟာနယ်စကြဝဠာပင်လယ် တွင် ဆယ်နှစ်ကြာ တိုက်ခိုက်ခဲ့ကြသော်လည်း အနိုင်အရှုံး ဆုံးဖြတ်ရန် ခက်ခဲနေဆဲပင်။

နောက်ဆုံးတွင် အထွတ်အထိပ်အင်မော်တယ်၏ အကြည့်က ပြတ်သားသွားပြီး ရူးသွပ်မှု အရိပ်အယောင် အနည်းငယ် ပေါ်လာကာ အော်ဟစ်လိုက်သည်။ “အစွမ်းကုန် အဆင့်မြှင့်တင်ခြင်း။”

All Chapters