← Chapters

ဒသမမြောက် လေဟာနယ်သားရဲ၊ အထွတ်အထိပ်အင်မော်တယ် နှင့် ဧကရာဇ်ဟောက်ထျန်း။ တံခါးစောင့်။ သတ်မှတ်ထားလေပြီးသော ကံကြမ္မ

Vol. 34 Ch. 477

ဒသမမြောက် လေဟာနယ်သားရဲ၊ အထွတ်အထိပ်အင်မော်တယ် နှင့် ဧကရာဇ်ဟောက်ထျန်း။ တံခါးစောင့်။ သတ်မှတ်ထားလေပြီးသော ကံကြမ္မ

Vol. 34 Ch. 477

ချီမင်သည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို နားလည်သွားတော့၏။ သူက အရာအားလုံးကို လုံးဝ နားလည်သွားသလို အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ ဇာစ်မြစ်ကိုလည်း သိရှိသွားပြီ ဖြစ်သည်။

၎င်းသည် မူလအစကမ္ဘာတံခါးဖြင့် ဆက်နွယ်နေခဲ့သည်။

ရှင်းရှင်းလင်းလင်း ပြောရလျှင် အလိုအလျောက်ကျင့်ကြံခြင်းစနစ် သည် တကယ်တော့ မူလအစကမ္ဘာတံခါး ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ပျောက်ဆုံးသွားသော ထောင့်တစ်နေရာမှ ဆင့်ကဲပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း အလိုအလျောက်ကျင့်ကြံခြင်းစနစ် တွင် မယုံနိုင်စရာ ကောင်းသော လုပ်ဆောင်ချက်များ ရှိနေခြင်း ဖြစ်သည်။

၎င်းသည် ဂိမ်းမြေအောက်စခန်းများကို တစ်ခုပြီးတစ်ခု တည်ဆောက်နိုင်သည်။

တကယ်တော့...

၎င်းက အလိုအလျောက်ကျင့်ကြံခြင်း ကိုပင် ပြုလုပ်နိုင်ခဲ့သည်။

နောက်ဆုံးတွင် အလိုအလျောက်ကျင့်ကြံခြင်းစနစ် ၏ ပင်မကိုယ်ထည်ထဲတွင် လေဟာနယ်စကြဝဠာပင်လယ် တစ်ခုကိုပင် ဆင့်ကဲပြောင်းလဲ ဖန်တီးနိုင်ခဲ့ပြီး၊ လေဟာနယ်သားရဲ များနှင့် အထက်ကမ္ဘာအရှင်ကိုးပါး၏ ပုံတူကိုယ်ပွားများကိုပါ ဖန်တီးနိုင်ခဲ့သည်။

ချီမင်က စိတ်ကို တဖြည်းဖြည်း လျှော့ချလိုက်သည်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ပင်မကိုယ်ထည်သည် မူလအစကမ္ဘာတံခါးနှင့် ပဲ့တင်ထပ်နေသည်မှာ ၎င်းက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ခွာကာ ထိုတံခါးနှင့် ပြန်လည် ပေါင်းစပ်လိုသည့်အလားပင်။

ရုတ်တရက်... ဤအချိန်တွင် မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပေါ်လာသည်။

ချီမင်တို့သည် မူလအစကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာ မှ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရ၏။ ၎င်းအသံသည် အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားပြီး နေရာလွတ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။

စကြဝဠာ၏ အဆုံးတွင်တောင် တုန်ခါမှုက ဖြစ်ပေါ်နေသည်။

“အဲဒါက...”

“ပေါ်လာတော့မယ်ထင်တယ်”

“ဒသမမြောက် လေဟာနယ်သားရဲ”

“ထင်တဲ့အတိုင်းပဲ”

“မူလအစကမ္ဘာရဲ့ ကပ်ဘေးဒုက္ခချီက မွေးထုတ်ပေးလိုက်တဲ့ ဒသမမြောက် လေဟာနယ်သားရဲပဲ”

“ဒသမမြောက် ထာဝရအကန့်အသတ်မဲ့ဘေးဒုက္ခက စတင်တော့မယ်”

“တိုက်ပွဲအတွက် ပြင်ဆင်ထားကြ”

“မူလအစကမ္ဘာတံခါးကို ဖွင့်ချင်ရင် ဒီ လေဟာနယ်သားရဲ ကို အရင် ရှင်းပစ်ရမယ်”

“တိုက်ပွဲအတွက် ပြင်ဆင်ကြ”

အထက်ကမ္ဘာအရှင်ကိုးပါး၏ အကြည့်များသည် အေးစက်သွားသည်။ သူတို့သည် ညာလက်များကို ဝှေ့ယမ်းလိုက်ပါ၏။ သူတို့၏ မူလအစကမ္ဘာရတနာ များကို ဆင့်ခေါ်ပြီး မူလအစကမ္ဘာတံခါး ကို စောင့်ကြည့်လိုက်ကြသည်။

ဘုန်း။ဘုန်း။

ဒသမမြောက် လေဟာနယ်သားရဲ ပေါ်လာသည်။

ထူထပ်သော မြူခိုးများနှင့်အတူ တုန်ခါနေသော မူလအစကမ္ဘာ ကပ်ဘေးဒုက္ခချီ များလည်း ထွက်ပေါ်လာသည်။

ဖရိုဖရဲ မြူခိုးများကြားတွင် ကြီးမားသော ဘီလူးကြီးတစ်ကောင် ပေါ်လာသည်။ ထွက်လာသည့် လေဟာနယ်သားရဲကြီးတွင် နဂါးနက်ခေါင်း၊ ခြင်္သေ့ခန္ဓာနှင့် မည်းနက်သော ရွှေရောင် အမွေးများ အပြည့်ရှိသည်။ ၎င်း၏ ခြေလက်များသည် မိကျောင်းခြေသည်းများနှင့် တူပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်း အရှိန်အဝါများ ဝန်းရံနေသည်။

၎င်း၏ သွေးရောင် ပါးစပ်ပေါက်ကြီးကတော့ ပွင့်ဟနေသည်မှာ အရာအားလုံးကို ဝါးမျိုနိုင်စွမ်း ရှိသည့်အလား။

ဒသမမြောက် လေဟာနယ်သားရဲ သည် ကောင်းကင်သို့ ဟိန်းဟောက်လိုက်ရာ ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားသည်။ အသံလှိုင်း သက်သက်ဖြင့်ပင် နေရာလွတ်ကို ဆုတ်ဖြဲပစ်ပြီး တာအိုဥပ‌ဒေသများကို ဖျက်ဆီးကာ ပျက်စီးခြင်း လှိုင်းဂယက်များ ဖြစ်ပေါ်လာစေသည်။

ချီမင်သည် လေဟာနယ်သားရဲ ထံမှ ဖိအားအနည်းငယ်ကို ဝေဝေဝါးဝါးခံစားမိလိုက်သည်။

“တိုက်”

ချန်ချန်းရှန်သည် ပထမဆုံး စတင် တိုက်ခိုက်သည်။ သူ၏လက်များကို ဝှေ့ယမ်းလိုက်ရာ အင်မော်တယ်တာအိုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်သည်။ မူလအစကမ္ဘာရတနာ: အသင်္ချေကမ္ဘာ ပုံရိပ်လွှာက ပွင့်လာပြီး မူလအစကမ္ဘာ၏ စွမ်းအားများ ပါဝင်သော မမြင်နိုင်သည့် အသင်္ချေကမ္ဘာ တာအိုအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ၎င်းသည် ဒသမမြောက် လေဟာနယ်သားရဲ ကို ဖိနှိပ် ပိတ်လှောင်ကာ ထွက်ပြေး၍ မရအောင် တားဆီးထားလိုက်သည်။

“ထာဝရမူလအစမျှော်စင်”

ထာဝရကမ္ဘာအရှင်က နောက်က ကပ်လိုက်ပါလာသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ထာဝရမဟာတာအို၏ စွမ်းအားများ ပေါ်ထွက်လာသည်။ ထိုအခိုက် သူ့လက်ဖဝါးမှ မူလအစကမ္ဘာရတနာ: ထာဝရမူလအစမျှော်စင်က ပျံသန်းထွက်လာပါ၏။

စုစုပေါင်း အထပ်ကိုးထပ်ရှိသော အနက်ရောက် မျှော်စင်တစ်ခု ပျံသန်းလာ၏။

၎င်းသည် ကောင်းကင်မှ ကျဆင်းလာပြီး ဒသမမြောက် လေဟာနယ်သားရဲ ကို ဖိနှိပ်လိုက်သည်။

ဝေါင်း။

ဒသမမြောက် လေဟာနယ်သားရဲက သနားစဖွယ် ဟိန်းဟောက်လိုက်သည်။ ထာဝရမူလအစမျှော်စင်၏ရိုက်ချက်ကြောင့် ဒသမမြောက် လေဟာနယ်သားရဲက ဒဏ်ရာရသွားတော့သည်။ သူက မခုခံနိုင်လိုက်သည့်အတွက် ဒဏ်ရာ တော်တော်လေးရသွားသည်။

“ဧကရာဇ်ဟောက်ထျန်း ခေါင်းတလား”

ထို့နောက် နတ်ဆိုးကမ္ဘာအရှင်က သူ၏ မူလအစကမ္ဘာရတနာ ကို ထုတ်လိုက်သည်။

“ကံတရား မူလအစခန္ဓာ”

ဗုဒ္ဓကမ္ဘာအရှင်သည်လည်း သူ၏လက်နက်ကို ထုတ်လိုက်၏။

“ဖန်ဆင်းခြင်း ကျောက်စိမ်း”

တာအိုဘိုးဘေးသည်လည်း သူ၏ မူလအစကမ္ဘာရတနာ ကို ထုတ်ပြီး ဒသမမြောက် လေဟာနယ်သားရဲ ကို ဖိနှိပ်လိုက်သည်။

“ထာဝရမူလအစကျမ်း”

အမှန်တရားကမ္ဘာအရှင်ကလည်း တိုက်ခိုက်လိုက်သည်။

“ဖရိုဖရဲ မူလအစခေါင်းလောင်း”

“အထွတ်အထိပ် အန္တိမ ချပ်ဝတ်”

“နတ်ဆိုး မူလအစပုလဲ”

အထက်ကမ္ဘာအရှင်ကိုးပါးသည် သူတို့၏ မူလအစကမ္ဘာရတနာ အားလုံးကို ထုတ်သုံးပြီး ဒသမမြောက် လေဟာနယ်သားရဲ ကို သတ်ဖြတ်ရန် ပြိုင်ဘက်ကင်း စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။

သွေးများ ပန်းထွက်လာ၏။

ဒသမမြောက် လေဟာနယ်သားရဲသည် အလွန် အားကောင်းသော်လည်း၊ ၎င်းသည် အထက်ကမ္ဘာအရှင်ကိုးပါး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသည်။ ထို့ပြင် မူလအစကမ္ဘာရတနာ ကိုးခုက တစ်ပြိုင်နက်တည်း ဖိနှိပ်နေသည်။

ဒသမမြောက် လေဟာနယ်သားရဲ သည် သူတို့၏ ပြိုင်ဘက် မဟုတ်တော့ပေ။

ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

“ဒါက...”

အထွတ်အထိပ်အင်မော်တယ်၏ မျက်နှာတွင် ထိတ်လန့်သော အမူအရာ ပေါ်လာသည်။ “ဒါက မူလအစကမ္ဘာရတနာရဲ့ စွမ်းအားလား။ တကယ် အားကောင်းတာပဲ။ ဒသမမြောက် လေဟာနယ်သားရဲ က လုံးဝကို မခံနိုင်တော့ဘူး။ အပြတ်အသတ်ကို ချေမှုန်းခံလိုက်ရပြီပဲ။”

ချီမင်ကလည်း ခေါင်းညိတ်လိုက်သည်။ “မူလအစကမ္ဘာရတနာရဲ့ စွမ်းအားက တကယ်ပဲ အရမ်း အားကောင်းတယ်။ ဒသမမြောက် လေဟာနယ်သားရဲ က မူလအစကမ္ဘာ ဘေးဒုက္ခချီ ကနေ မွေးဖွားလာပေမဲ့ စိတ်မကောင်းစရာက သူမသောင်းကျန်းရသေးခင်မှာပဲ အထက်ကမ္ဘာအရှင်ကိုးပါးရဲ့ ဖိနှိပ်တာကို ခံလိုက်ရတယ်”

အချိန်များ ကုန်ဆုံးသွားသည်။

နောက်ဆုံးတွင် ဒသမမြောက် လေဟာနယ်သားရဲ သည် အထက်ကမ္ဘာအရှင်ကိုးပါး၏ လက်ချက်ဖြင့် သေဆုံးသွားသည်။

ချီမင်နှင့် အထွတ်အထိပ်အင်မော်တယ်တို့က ဝင်ရောက် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ဒသမမြောက် လေဟာနယ်သားရဲသည် ပြာကျသွား‌၏။ ၎င်းသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။ ခြေရာလက်ရာ တစ်ခုမျှပင် မကျန်ခဲ့ပေ။

အလင်းရောင်များ တောက်ပလာခဲ့ပြီး ဒသမမြောက် ထာဝရအကန့်အသတ်မဲ့ဘေးဒုက္ခသည်လည်း အဆုံးသတ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ဒသမမြောက် လေဟာနယ်သားရဲ သေဆုံးသွားသည့် ခဏ၌ မူလအစကမ္ဘာ၏ စွမ်းအားလှိုင်းများ စုစည်းလာသည်။ ထို့နောက် စကြဝဠာ၏ အနက်ရှိုင်းဆုံး နေရာတွင် ဒသမမြောက် မူလအစကမ္ဘာရတနာ ကို ပြုစုပျိုးထောင်နေသည့်

စွမ်းအားလှိုင်းများ ဖြစ်ပေါ်လာပါ၏။

“ဒသမမြောက် မူလအစကမ္ဘာရတနာ”

ချီမင်၏စကားအဆုံး၌ ဒသမမြောက် မူလအစကမ္ဘာရတနာက ထွက်ပေါ်လာသည်။ ၎င်းသည် ခရမ်းရွှေရောင် ဓားအလင်းတန်း တစ်ခုပမာ စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာမှ လေထုကို ခွဲပြီး ထွက်ပေါ်လာသည်။

၎င်းသည် အဆုံးမဲ့နေရာလွတ်နှင့် အချိန်ကို ဖြတ်ကျော်ပြီး အထွတ်အထိပ်အင်မော်တယ် ထံသို့ တည့်တည့် ပျံသန်းလာသည်။

“ဒါက...”

“ဒသမမြောက် မူလအစကမ္ဘာရတနာက အထွတ်အထိပ်အင်မော်တယ်ကို ရွေးချယ်လိုက်တာလား”

“မယုံနိုင်စရာဘဲ။”

“ချီမင်ကို ရွေးချယ်သင့်တာ မဟုတ်ဘူးလား”

“ဒါက...”

အထက်ကမ္ဘာအရှင်ကိုးပါးက အံ့သြတကြီး ပြောလိုက်ကြသည်။

ဘုန်း။ဘုန်း။

အထွတ်အထိပ်အင်မော်တယ်သည် ဒသမမြောက် မူလအစကမ္ဘာရတနာကို ဆုပ်ကိုင်လိုက်၏။ ခရမ်းရွှေရောင် ဓားအလင်းတန်းက ပျံ့နှံ့သွားပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းသည် နဂါးပုံရိပ်များစွာ ပါဝင်သည့် ခရမ်းရွှေရောင် ဓားတစ်လက် ဖြစ်သည်။

ဒသမမြောက် မူလအစကမ္ဘာရတနာကို အသင်္ချေနဂါးဓားဟု ခေါ်၏။

ချန်ချန်းရှန်က ပြောသည်။”အချိန်ကျပြီ”

“ဟုတ်တယ်”

“ဒသမမြောက် လေဟာနယ်သားရဲ သေသွားပြီဆိုတော့ ငါတို့ မူလအစကမ္ဘာတံခါးကို ဖွင့်တာ ဘယ်အရာကမှ တားဆီးလို့ မရတော့ဘူး”

“မူလအစကမ္ဘာတံခါးကို ဖွင့်ကြစို့”

“လာကြ”

“စကြစို့”

အထက်ကမ္ဘာအရှင်ကိုးပါးက ပြောလိုက်ကြသည်။

ချီမင် ခေါင်းညိတ်လိုက်သည်။ “ဒါဆို မူလအစကမ္ဘာတံခါးကို ဖွင့်ကြတာပေါ့”

“စတင်ကြစို။”

ချီမင်နှင့် အထက်ကမ္ဘာအရှင်ကိုးပါးတို့သည် ကောင်းကင်သို့ ပျံတက်သွားပြီး မူလအစကမ္ဘာတံခါး ဆီသို့ ဦးတည်သွားကြသည်။ သူတို့က ကောင်းကင်သို့ ဟစ်ကြွေးလိုက်ပြီး သက်ဆိုင်ရာ မဟာတာအိုများကို ထုတ်လွှတ်လိုက်ကြသည်။

“အင်မော်တယ်တာအို”

ချန်ချန်းရှန်က လက်သင်္ကေတများ ပြုလုပ်လိုက်ရာ မရေမတွက်နိုင်သော ချိတ်စည်းများ ပေါ်လာသည်။ အင်မော်တယ်တာအို၏ လျှို့ဝှက်ချက်များ စုစည်းလာပြီး ချန်ချန်းရှန်၏ လက်ထဲတွင် အင်မော်တယ်တာအို၏ မဟာတာအိုချိတ်စည်းအဖြစ် စုဖွဲ့လာသည်။

“နတ်ဆိုးတာအို”

“မိစ္ဆာတာအို”

“ဗုဒ္ဓတာအို”

“ဖန်ဆင်းခြင်း မဟာတာအို”

“ထာဝရ မဟာတာအို”

“အထွတ်အထိပ် မဟာတာအို”

“ဖရိုဖရဲမြင့်မြတ်တာအို”

“အမှန်တရား မဟာတာအို”

အထက်ကမ္ဘာအရှင်ကိုးပါးသည် မဟာတာအို မူလအစအမှတ်အသားကိုးခုကို ဖွဲ့စည်းလိုက်သည်။ ၎င်းတို့သည် မူလအစကမ္ဘာတံခါး ရှေ့တွင် ပျံဝဲသွားပြီး တောက်ပသည့် ချိတ်စည်းတစ်ခု ဖြစ်ပေါ်လာ စေသည်။

မဟာတာအို မူလအစအမှတ်အသား ကိုးခု စုစည်းသွားပြီး မူလအစကမ္ဘာတံခါးကို ဖွင့်နိုင်သော သော့ပုံစံတစ်ခု ဝေဝေဝါးဝါးဖြစ်ပေါ်လာသည်။ သို့သော် ဤသော့ ပြည့်စုံရန်အတွက် ထောင့်တစ်နေရာ လိုအပ်နေပါသေး၏။

“မင်းအလှည့်ပဲ ချီမင်”

“မြန်မြန် လုပ်”

“မြန်မြန်”

အထက်ကမ္ဘာအရှင်ကိုးပါးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

မူလအစကမ္ဘာတံခါးက ပြင်းထန်စွာ တုန်ခါသွားသည်။

မူလအစကမ္ဘာတံခါးက ပွင့်လာတော့မည်ဖြစ်၏။

“ကမ္ဘာဦးမဟာတာအို”

ချီမင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး မတုံ့ဆိုင်းတော့ပေ။ သူက ကြုံးဝါးလိုက်ရာ ကမ္ဘာဦးမဟာတာအိုပေါ်ထွက်လာ၏။ သူ၏ထိန်းချုပ်မှုအောက်တွင် ၎င်းသည် ကမ္ဘာဦးမဟာတာအိုမူလအစချိတ်စည်း အဖြစ် ဖွဲ့စည်းသွားသည်။

ကမ္ဘာဦးမဟာတာအို မူလအစချိတ်စည်းသည် လေထဲတွင် ပျံဝဲလာပြီး မဟာတာအို မူလအစချိတ်စည်းကိုးခုနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ မဟာတာအိုမူလအစချိတ်စည်းဆယ်ခုက လုံးဝ ပေါင်းစပ်သွား၏။

ထိုအချိန်တွင် ကြီးမားသော ရောင်စုံချပ်ပြားဝိုင်းကြီး တစ်ခု ပေါ်လာသည်။

“ပွင့်စမ်း”

“မူလအစကမ္ဘာတံခါး။ ပွင့်စမ်း”

မဟာတာအို မူလအစအမှတ်အသား ဆယ်ခု ပေါင်းစပ်ထားသော ကြီးမားသည့် ရောင်စုံချပ်ပြားဝိုင်းကြီးသည် မူလအစကမ္ဘာတံခါး ထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားသည့်အတွက် တံခါးကြီးမှာ ပြင်းထန်စွာ တုန်ခါသွား၏

ချီမင်တို့၏အကြည့်အောက်တွင် ပိတ်နေသော မူလအစကမ္ဘာတံခါးကြီး တဖြည်းဖြည်း ပွင့်ဟလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာ မူလအစကမ္ဘာတံခါးက ပွင့်သွားပြီး အဆုံးမဲ့ ခမ်းနားကြီးကျယ်သော အလင်းလမ်းကြောင်းကြီး ဖြစ်ပေါ်လာသည်။ ၎င်းသည် အဖြူရောင် အလင်းတန်းသာ ဖြစ်ပြီး မူလအစကမ္ဘာတံခါး၏ အနက်ရှိုင်းဆုံးမှ ဖြာထွက်လာခြင်း ဖြစ်၏။

ထိုအဖြူရောင်အလင်းလမ်းကြောင်းကြီးသည် မူလအစကမ္ဘာသို့ ဝင်ရောက်ရန် လမ်းကြောင်းဖြစ်ပါ၏။

“ဟားဟားဟား...”

“ပွင့်ပြီ။ မူလအစကမ္ဘာတံခါး ပွင့်ပြီ”

“မူလအစကမ္ဘာ။ ငါ လာပြီ”

“ဝင်ကြမယ်”

“မူလအစကမ္ဘာ”

“သွား”

အထက်ကမ္ဘာအရှင်ကိုးပါးသည် စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် မူလအစကမ္ဘာတံခါး ပွင့်ရန်အတွက် လေဟာနယ်ခေတ်ကာလ ဆယ်ခုနီးပါး စောင့်ဆိုင်းခဲ့ကြရသည်။

ယခုအချိန်တွင် သူတို့သည် ရူးသွပ်မတတ် ဖြစ်နေကြသည်။

သူတို့ လုံးဝ မတုံ့ဆိုင်းကြတော့ပေ။

သူတို့သည် မူလအစကမ္ဘာတံခါး ဆီသို့ ပြေးဝင်သွားကြတော့သည်။

“ဝင်မယ်”

ချန်ချန်းရှန် သည် မူလအစကမ္ဘာတံခါး ဆီသို့ ပထမဆုံး ပြေးဝင်သွားသည်။ သူသည် အဖြူရောင်အလင်းလမ်းကြောင်းပေါ်သို့ ခြေချလိုက်သည့်အခါ ဖော်ပြ၍ပင်မရနိုင်သော အရှိန်အဝါကြီးကို ခံစားလိုက်ရကာ မူလအစကမ္ဘာတံခါး ၏ အနက်ရှိုင်းဆုံးသို့ တိုးဝင်သွားသည်။

“မူလအစကမ္ဘာ”

“ဖယ်ကြ”

“ငါ့လမ်းကို မပိတ်ကြနဲ့”

ချက်ချင်းပင် နတ်ဆိုးကမ္ဘာအရှင်၊ ဗုဒ္ဓကမ္ဘာအရှင်၊ မိစ္ဆာကမ္ဘာအရှင်၊ တာအိုကမ္ဘာအရှင်၊ သူတို့လည်း လိုက်ပါလာကြပြီး မူလအစကမ္ဘာတံခါး ဆီသို့ ပြေးဝင်သွားကြကာ အဖြူရောင်အလင်းလမ်းကြောင်းပေါ်သို့ ခြေချလိုက်၏။

ရုတ်တရက် ထိုအချိန်တွင် မူလအစကမ္ဘာတံခါး၏ အနက်ရှိုင်းဆုံးနေရာမှ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ဓားချီတစ်ခုက မည်သည့် သတိပေးချက်မျှ မရှိဘဲ ထွက်ပေါ်လာပြီး ခုတ်ပိုင်းချလိုက်သည်။ ၎င်းတွင် ပျက်စီးခြင်း စွမ်းအားများပင် ပါဝင်နေသည်။

“အာ...”

ချန်ချန်းရှန်က အံ့သြတကြီး အော်ဟစ်လိုက်သည်။ မူလအစကမ္ဘာရတနာ: အသင်္ချေကမ္ဘာ ပုံရိပ်လွှာက သူ့ရှေ့တွင် ကာကွယ်လိုက်သော်လည်း ချန်ချန်းရှန်သည် ထို ဓားချီ ကြောင့် လွင့်ထွက်သွားပြီး အဖြူရောင်အလင်းလမ်းကြောင်းပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

“ဘယ်သူလဲ”

“ဘယ်သူလဲ”

“ငါတို့လမ်းကို ပိတ်ရဲတာ ဘယ်သူလဲ”

ချန်ချန်းရှန်က သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။

အခြားသော အထက်ကမ္ဘာအရှင်များက ခေါင်းမော့ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များမှာ အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ သူတို့က ကျယ်လောင်စွာ အော်ဟစ်ပြီး ရှေ့ကို ကြည့်လိုက်ကြသည်။

“ဧကရာဇ်ဟောက်ထျန်း”

“အထွတ်အထိပ်အင်မော်တယ်”

“ဒါက...”

ထိုအချိန်တွင် ချီမင်လည်း လှမ်းကြည့်လိုက်သည်။

မူလအစကမ္ဘာ ဝင်ပေါက် အဖြူရောင်အလင်းလမ်းကြောင်း၏ အဆုံးတွင် အရပ်ရှည်ရှည် ပိန်ပါးပါး ပုံရိပ်တစ်ခု ရပ်နေပြီး ချီမင်တို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည်။

သေချာ ကြည့်လိုက်သောအခါ ထိုအရပ်ရှည်ရှည် ပိန်ပါးပါး ပုံရိပ်မှာ အထွတ်အထိပ်အင်မော်တယ် ဖြစ်နေသည်။

ဤမျှတင်မကသေးပေ။ အထွတ်အထိပ်အင်မော်တယ်၏ ခန္ဓာကိုယ်ပေါ်တွင် ပုံရိပ်ယောင် တစ်ခု ရှိနေသည်။

ထိုပုံရိပ်ယောင်မှာ ဧကရာဇ်ဟောက်ထျန်း ဖြစ်ပါ၏။

“ဘယ်လိုလုပ် မင်း ဖြစ်နေရတာလဲ”

“အထွတ်အထိပ်အင်မော်တယ်၊ မင်း ဘာလုပ်နေတာလဲ”

“မင်းက အထွတ်အထိပ်အင်မော်တယ်လား၊ ဧကရာဇ်ဟောက်ထျန်းလား”

“မင်း သေချင်နေတာလား”

“ဖယ်စမ်း”

အထက်ကမ္ဘာအရှင်ကိုးပါးက အော်ဟစ်လိုက်ကြသည်။

“လက်လျော့လိုက်ကြပါ”

အထွတ်အထိပ်အင်မော်တယ်၏ အကြည့်က အေးစက်နေသည်။ သူ၏အသံသည် ဧကရာဇ်ဟောက်ထျန်း ၏ အသံနှင့် ထပ်နေသည်။ “အထက်ကမ္ဘာအရှင်ကိုးပါး၊ ခင်ဗျားတို့ မူလအစကမ္ဘာထဲကို ဝင်လို့ မရဘူး”

“ကျွန်တော်က တံခါးစောင့်ပဲ”

“ခင်ဗျားတို့ မူလအစကမ္ဘာတံခါးထဲ ဝင်ချင်ရင် ကျွန်တော့်အလောင်းကို ကျော်သွားမှ ရမယ်”

ထိုအချိန်တွင် အထွတ်အထိပ်အင်မော်တယ်သည် လျှို့ဝှက်ချက် တစ်ခုကို ထုတ်ဖော်လိုက်သည်။

ထိုစဉ်က ဧကရာဇ်ဟောက်ထျန်း သည် အစွမ်းကုန် အဆင့်မြှင့်တင်ခဲ့ပြီး တတိယ လေဟာနယ်သားရဲ ကို သတ်ဖြတ်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် သူလည်း သေဆုံးခဲ့ရပြီး ကောင်းကင်နှင့်မြေကြီး မဟာတာအို၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဧကရာဇ်ဟောက်ထျန်းက အသွင်ပြောင်းသွားပြီးနောက် သူသည် မူလအစကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာခဲ့သည်။

အရေးကြီးသည်မှာ...

မူလအစကမ္ဘာတံခါး တွင် ထောင့်တစ်နေရာ ပျောက်ဆုံးနေ၏။

တာအိုအသွင်ပြောင်းပြီးနောက် ဧကရာဇ်ဟောက်ထျန်းသည် မူလအစကမ္ဘာတံခါး ၏ ပျောက်ဆုံးနေသော ထောင့်တစ်နေရာကို ဖြည့်ဆည်းရန် အသုံးပြုခံခဲ့ရသည်။

ယခု ချီမင်သည် အထက်ကမ္ဘာအရှင်ကိုးပါးနှင့် ပူးပေါင်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းကာ ဖွင့်လှစ်နိုင်ခဲ့သည်။ သူတို့က မူလအစကမ္ဘာတံခါးကို ဖွင့်နိုင်ခဲ့သော်လည်း အထွတ်အထိပ်အင်မော်တယ်သည် ဧကရာဇ်ဟောက်ထျန်း၏ လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းခဲ့သည်။

ထို့ကြောင့် အထွတ်အထိပ်အင်မော်တယ်သည် ဒသမမြောက် မူလအစကမ္ဘာရတနာကို ရရှိခဲ့ပြီး ဧကရာဇ်ဟောက်ထျန်း နှင့် ပေါင်းစပ်ကာ မူလအစကမ္ဘာတံခါး၏ တံခါးစောင့် ဖြစ်လာခဲ့သည်။

သူတို့နှစ်ဦးသည် တစ်သားတည်း ဖြစ်သွားခဲ့ကြသည်။

အထွတ်အထိပ်အင်မော်တယ်တွင် ဒသမမြောက် မူလအစကမ္ဘာရတနာ၊ အသင်္ချေနဂါးဓား ရှိ၏။

ထို့ပြင် သူသည် မူလအစကမ္ဘာတံခါး၏ တံခါးစောင့် ဖြစ်နေသည့်အတွက် တံခါး၏ စွမ်းအားကို ငှားရမ်းအသုံးပြုနိုင်သည်။

အထွတ်အထိပ်အင်မော်တယ်သည် ယခုအခါ ပြိုင်ဘက်ကင်း ဖြစ်နေပေပြီ။

“သောက်ကျိုးနည်း”

ချန်ချန်းရှန်၏ မျက်နှာထားက မည်းမှောင်သွားပြီး အော်ဟစ်လိုက်သည်။ “အထွတ်အထိပ်အင်မော်တယ်၊ မင်းက ငါတို့လမ်းကို ပိတ်ရဲတယ်ပေါ့”

“ဖယ်စမ်း”

“ဘာ တံခါးစောင့် လဲကွ”

“ထွက်သွားစမ်း”

“အထွတ်အထိပ်အင်မော်တယ်၊ မင်း မူလအစကမ္ဘာထဲ မဝင်ချင်ဘူးလား”

အထက်ကမ္ဘာအရှင်များက အော်ဟစ်လိုက်ကြသည်။

“မူလအစကမ္ဘာ...”

အထွတ်အထိပ်အင်မော်တယ် နောက်လှည့်ပြီး မူလအစကမ္ဘာ၏ အနက်ရှိုင်းဆုံးကို မကြည့်ဘဲ မနေနိုင်တော့ပေ။ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။ “ခင်ဗျားတို့ ဘာမှ မသိပါဘူး”

အထွတ်အထိပ်အင်မော်တယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ “တကယ်တော့ ကျွန်တော် ကောင်းကင်နဲ့မြေကြီး မဟာတာအို နဝမအဆင့် ကို ရောက်ကတည်းက ကျွန်တော့်ကံကြမ္မာကို သိခဲ့ပြီးသားပဲ။”

“အဲဒီတုန်းက ဧကရာဇ်ဟောက်ထျန်း လည်း အတူတူပါပဲ”

“ကျွန်တော်တို့ရဲ့ ကံကြမ္မာက မူလအစကမ္ဘာရဲ့ တံခါးစောင့် ဖြစ်လာဖို့နဲ့ မူလအစကမ္ဘာတံခါးကို ဖြတ်ပြီး ဝင်ချင်တဲ့ တည်ရှိမှုမှန်သမျှကို တားဆီးဖို့ပဲ”

“အခု ကျွန်တော် ဒီမှာ ရှိနေပြီ”

“ခင်ဗျားတို့ မူလအစကမ္ဘာထဲ ဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”

“ ခွေးမသား”

“ဘာမှ ပြောနေစရာ မလိုတော့ဘူး”

“အထွတ်အထိပ်အင်မော်တယ်၊ မင်း ငါတို့ကို တားချင်မှတော့၊ တန်ကြေးတစ်ခု‌တော့ပေးဆပ်ရလိမ့်မယ်”

“တိုက်”

“ဝိုင်းပြီး သတ်ပစ်ကြ”

မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ အထက်ကမ္ဘာအရှင်ကိုးပါး ပူးပေါင်းလိုက်ကြသည်။ သူတို့က အော်ဟစ်ကြုံးဝါးပြီး တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် မူလအစကမ္ဘာရတနာ ကိုးခုကို ထုတ်ပြီး အထွတ်အထိပ်အင်မော်တယ်ကို အရပ်မျက်နှာ အသီးသီးမှ ဝိုင်းရံလိုက်ကြသည်။

“မူလအစကမ္ဘာတံခါး”

အထွတ်အထိပ်အင်မော်တယ်၏ အကြည့်က မည်သည့် ပြောင်းလဲမှုမျှ မရှိဘဲ တည်ငြိမ်နေသည်။

သူ၏အသံထွက်လာသည်နှင့် မူလအစကမ္ဘာတံခါး၏ ပုံရိပ်ယောင်က သူ့နောက်တွင် ပေါ်လာပြီး ၎င်း၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

၎င်းသည် အရာအားလုံးကို ဖိနှိပ်ပစ်လိုက်သည်။

အထွတ်အထိပ်အင်မော်တယ်က ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ သူ၏လက်ထဲရှိ အသင်္ချေနဂါးဓား သည် လေထုကို ခွဲပြီး အရပ်မျက်နှာ အသီးသီးသို့ ရိုက်ခတ်သွားသည်။ ၎င်းသည် အထက်ကမ္ဘာအရှင်ကိုးပါး သန့်စင်ထားသော မူလအစကမ္ဘာရတနာ ကိုးခုကိုပင် လွင့်ထွက်သွားစေသည်။

All Chapters