← Chapters

နတ်ဘုရားစိတ်အာရုံအား အပြည့်အဝ ထုတ်ဖော်ခြင်း

Vol. 17 Ch. 161

နတ်ဘုရားစိတ်အာရုံအား အပြည့်အဝ ထုတ်ဖော်ခြင်း

Vol. 17 Ch. 161

ရှေးဟောင်းနတ်ဘုရားမျိုးဆက်မှာ တစ်ခဏမျှ ဆွံ့အသွားပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားတော့သည်။

ရုတ်တရက် သူ၏လက်ထဲတွင် ပေါ့ပါးသွားသဖြင့် ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိရာ..ကျောက်စိမ်းမှာ မရှိတော့ပေ။

သူ အလျင်အမြန် လှည့်ကြည့်လိုက်သည်။

ဝတ်စုံဖြူဝတ် ပုံရိပ်သည် သူ၏လက်ထဲမှ "ကောင်းကင်ဘုံအားဖြည့်ကျောက်စိမ်း" ကို အသာအယာ ပွတ်သပ်ကြည့်ရှုနေလေသည်။

"မင်း... မင်းက..."

ဒီလူက ဘယ်သူလဲ။ ငါ့လက်ထဲက ကျောက်စိမ်းကို သူ ဘယ်လိုများ လုယူသွားရတာလဲ ငါ ဘာမှတောင် မခံစားလိုက်ရပါလား။

ထို့ပြင် အခြေအနေမှာ ပို၍ဆိုးရွားနေကြောင်း သူအား ခံစားလိုက်ရစေသည်မှာ... အနန္တအမှောင်ထုနယ်ပယ်မှ ဝတ်ရုံနက်ပညာရှင်သည် ယခုအခါ ရှေ့ကလူငယ်ကို ကြောက်ရွံ့ရိုသေမှုအပြည့်ဖြင့် ဒူးထောက်နေခြင်းပင် ဖြစ်သည်။

အမှောင်ဧကရာဇ်

အမှောင်ဧကရာဇ် ဟုတ်လား။ဘယ်လိုမျိုး ဘွဲ့နာမလည်း။

မြူခိုးသမုဒ္ဒရာကမ္ဘာနှင့် ရှေးဟောင်းနတ်ဘုရား ချောက်နက်နယ်မြေတို့တွင် "ဧကရာဇ်" ဟူသော ခေါ်ဝေါ်မှုမှာ အထွတ်အထိပ်ရောက်သူကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ဓားနတ်ဘုရားဧကရာဇ်သည် အနှိုင်းမဲ့တည်ရှိမှုတစ်ခု ဖြစ်သည်။

ယခုမူ ဤမြူခိုးသမုဒ္ဒရာကမ္ဘာတွင်လည်း ဧကရာဇ်တစ်ပါး ပေါ်ထွက်လာပြီလော။

ဤလူငယ်၏အရှိန်အဝါမှာ အလွန်ပင် မှောင်မိုက်ကာလေးလံလွန်းလှသဖြင့် သူ မလှုပ်ရဲတော့ပေ။

သူ့ကို အကြောက်ဆုံးဖြစ်စေသည့်အရာမှာ ထိုဝတ်စုံဖြူဝတ်လူငယ်၏ လက်ထဲရှိ "ကောင်းကင်ဘုံအားဖြည့်ကျောက်စိမ်း" သည် ပြင်းထန်စွာ တုန်ခါနေခြင်းပင်။

၎င်းမှာ ကမ္ဘာမြေ၏အဆီအနှစ်များမှ ဖြစ်ပေါ်လာသည့် ကောင်းကင်ဘုံရတနာတစ်ခုဖြစ်ပြီး သန့်စင်သောဟင်းလင်းပြင်ရူန်းများ ပါဝင်ကာ အသိဉာဏ်ရှိသော အရာတစ်ခု ဖြစ်သည်။

ယခု ထိုကျောက်စိမ်းက လူငယ်၏လက်ထဲတွင် ပြင်းပြင်းထန်ထန် တုံ့ပြန်နေသည်မှာ...

ဤဝတ်စုံဖြူလူငယ်သည် ကျောက်စိမ်း၏ အသိအမှတ်ပြုမှုကို ရရှိသွားပြီဟု ဆိုလိုခြင်းပင်။

သူသာ အချိန်အနည်းငယ်ပေး၍ ကျင့်ကြံလိုက်ပါက ဟင်းလင်းပြင်စွမ်းရည် နတ်ဘုရားနည်းစနစ် ကို ချက်ချင်းပင် တတ်မြောက်သွားပေလိမ့်မည်။

သူ့ပါရမီက တကယ့်ကို ကြောက်စရာကောင်းလှပေသည်။

ရှန်းချန်ကောသည်လည်း ဤနတ်ဘုရားကျောက်စိမ်းမှာ သူ့အပေါ် အထူးပင် ရင်းနှီးဖော်ရွေနေကြောင်း ခံစားမိသည်။

သူ အနည်းငယ်မျှ အာရုံစိုက်ကြည့်ရုံဖြင့် ၎င်းထံမှ ကောင်းမွန်သော ပညာရပ်များစွာကို သင်ယူနိုင်မည်ဟု သိလိုက်သည်။

သူက ခေါင်းအသာအယာ ညိတ်လိုက်၏။

ပစ္စည်းကောင်းပဲ။

အကယ်၍ သူ၏ဟင်းလင်းပြင်စွမ်းရည် နတ်ဘုရားနည်းစနစ်ကို "အဆုံးမဲ့အရိပ်ပျောက်ကွယ်ခြင်းနယ်ပယ်" နှင့် တွဲဖက်အသုံးပြုနိုင်လျှင် အနာဂတ်တွင် ဖန်ဆင်းခြင်းနယ်ပယ် ပညာရှင်များနှင့် တွေ့လျှင်ပင် သူက မနိုင်နိုင်သော်လည်း တစ်ဖက်လူက သူ့ကို သတ်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။

သို့သော် ဤပညာရပ်ကို လေ့လာရန် ဆိတ်ငြိမ်သောနေရာတစ်ခု လိုအပ်ပေလိမ့်မည်။

သူသည် မိမိ၏နတ်ဘုရားချောက်နက်နယ်မြေသို့သွားပြီး "ကောင်းကင်ဘုံသို့ဒဏ်ပြန်ခြင်း အထွတ်အထိပ်ဓားသိုင်း" ကိုလည်း ဆက်လက်လေ့လာရန် ပြင်ဆင်ထားသည်။

ထိုဓားနည်းစနစ်မှာ အလွန်ပင် ထူးခြားပြီး မသေမျိုးအငွေ့အသက်များ ပေးစွမ်းနေကာ ကျယ်ပြောနက်နဲလှသဖြင့် ၎င်းမှာ အထွတ်အထိပ်ဓားသိုင်းတစ်ခု ဖြစ်ကြောင်း သေချာသည်။

သို့သော် ယခုအချိန်တွင်မူ ရှေ့မှကိစ္စများကို အရင်ဖြေရှင်းရပေမည်။

"အရှင်အမှောင်ဧကရာဇ်... အဲဒီ ဝိညာဉ်အားဖြည့်ကျောက်စိမ်းကို ဟင်းလင်းပြင်အက်ကွဲကြောင်းတွေကို ပြုပြင်ဖို့နဲ့ ပိတ်ဆို့ဖို့ အသုံးပြုလို့ ရပါတယ်ခင်ဗျာ"

ထိုခဏ၌ ဂိုဏ်းပေါင်းစုံမှ ပညာရှင်များသည် မြေပြင်ပေါ်တွင် ဝပ်စင်းလိုက်ကြသည်။

သူတို့သည် အမှောင်ဧကရာဇ်၏အကြောင်းအရာများကို ကြားဖူးနားဝ ရှိကြသဖြင့် ယခုအခါ အလွန်ပင် ရိုသေသမှုဖြင့် နှုတ်ဆက်ကြခြင်းဖြစ်သည်။

"လက်ရှိ မြူခိုးသမုဒ္ဒရာကမ္ဘာက အပေါက်ပေါင်း တစ်ထောင်လောက် ဖြစ်နေတဲ့ ဆန်ခါတစ်ခုလိုပဲ။ ဟင်းလင်းပြင်တစ်ခုတည်းကို ပိတ်ဆို့နေလို့ အပိုပဲ။ ငါတို့ အမြစ်ကနေစပြီး ဖြေရှင်းမှရမယ်" ရှန်းချန်ကောက ခေါင်းယမ်းလိုက်သည်။

သူက ရှေးဟောင်းနတ်ဘုရားမျိုးဆက်ကို တစ်ချက်ကြည့်ကာ ဓားတစ်ချက်တည်းဖြင့် အသက်ကို နှုတ်ယူလိုက်သည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ နတ်ဆိုးများကို ကြည့်ကာ ကောင်းကင်သို့ ပျံတက်လိုက်ပြီး ကျောပေါ်မှ "သတ်ဖြတ်ခြင်းဓား" ကို ဆွဲထုတ်လိုက်သည်။

တောက်ပသော ဓားအလင်းများ ဖြာထွက်သွားပြီး ဓားချက်ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ နတ်ဆိုးများအားလုံး အမှုန့်ဖြစ်သွားရတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် ရှင်းလင်းသွား၏။

"ဒါ... ဒါက..." ဂိုဏ်းသားများအားလုံး အံ့သြဆွံ့အသွားကုန်ကြ၏။

ဤသည်မှာ မြူခိုးသမုဒ္ဒရာကမ္ဘာ၏ တစ်ဦးတည်းသောဘုရင်၊အစစ်အမှန် အထွတ်အထိပ်ပညာရှင်၏စွမ်းအားလော။

အမှောင်ဧကရာဇ်၏ဓားချက်တစ်ချက်အောက်တွင် ပတ်ဝန်းကျင်ရှိ မဟာနတ်ဆိုးများအားလုံး မြေလှန်ခံလိုက်ရသည်။

ထိုနတ်ဆိုးများ၏အရှိန်အဝါ နတ်ဘုရားစက်ကွင်းများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားကြသည်။

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်အမှောင်ဧကရာဇ်"

"အရှင်အမှောင်ဧကရာဇ်ရဲ့ လက်အောက်ကို ဝင်ရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ"

ပတ်ဝန်းကျင်ရှိ ဂိုဏ်းများနှင့် မျိုးနွယ်စုများစွာမှာ ကောင်းကင်ထက်မှ ပုံရိပ်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်လိုက်ကြသည်။

ထိုစဉ် အဘိုးအိုမှာ ရှန်းချန်ကော၏ ဘေးနားသို့ ရောက်လာသည်။

"အရှင်အမှောင်ဧကရာဇ်ကို ဂါရဝပြုပါတယ်"

"ဒီမှာ ဘာဖြစ်ခဲ့တာလဲ မင်းတို့ ဘာလို့ ဂိုဏ်းတွေကို အဓိကနေရာဆီ အချိန်မီ မခေါ်သွားတာလဲ" ဟု ရှန်းချန်ကောက မေးလိုက်သည်။

အဘိုးအို၏နဖူးတွင် ချွေးစေးများ ထွက်လာပြီး...

"ကျုပ်တို့ ဒီကိုရောက်တော့ နေရာအနှံ့က ဂိုဏ်းရုပ်တုတွေက ကျိုးပဲ့နေပါပြီ။ ဒီမှာ ဂိုဏ်းတွေ အများကြီး ရှိသလို ရွှေ့ပြောင်းရမယ့် လူတွေကလည်း သိပ်များလွန်းပါတယ်။ ကျုပ်တို့ ဝတ်ရုံနက် အမှတ်(၄) က လူအင်အားက မလုံလောက်တော့ အခြားနည်းလမ်းကို သုံးခဲ့ရတာပါ။ ဒီမှာတွေ့တဲ့ နတ်ဘုရားကျောက်စိမ်းကို သုံးပြီး ဟင်းလင်းပြင်အက်ကွဲကြောင်းကို အရင်ပြင်ဖို့၊ ပြီးမှ လူတွေကို ရွှေ့ပြောင်းဖို့ စီစဉ်ခဲ့တာပါ။ ကျုပ်တို့ အလုပ်ကို သေချာမလုပ်နိုင်ခဲ့တဲ့အတွက် အပြစ်ပေးပါ အရှင်ဧကရာဇ်"

ထိုစဉ် ဝတ်ရုံနက်ပညာရှင်များစွာ ရောက်ရှိလာကြသည်။

မူလက သူတို့သည် ဤအမှောင်ဧကရာဇ်ဆိုသူအပေါ် သိပ်ပြီး လေးစားမှု မရှိကြသော်လည်း ရှန်းချန်ကော၏ခုနက ဓားချက်ကို မြင်ပြီးနောက်တွင်မူ လုံးဝ အညံ့ခံသွားကြပြီ ဖြစ်သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းမျိုးကို သူတို့သည် ဓားနတ်ဘုရားဧကရာဇ်၏လက်ထဲတွင်သာ မြင်ဖူးခဲ့ကြခြင်း ဖြစ်သည်။

ရှန်းချန်ကေယက လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ၏ဓားကို မြှောက်ကာ ဟင်းလင်းပြင်အက်ကွဲကြောင်းကို ဖြိုချလိုက်ရာ အတွင်းပိုင်းရှိ စွမ်းအင်စီးဆင်းမှုများမှာ လမ်းကြောင်းပိတ်သွားတော့သည်။

အနည်းဆုံးတော့ အချိန်တိုအတွင်း နတ်ဆိုးအသစ်များ ဝင်လာနိုင်တော့မည် မဟုတ်ပေ။

ရှန်းချန်ကော သက်ပြင်းချလိုက်ကာ "မြူခိုးသမုဒ္ဒရာက အတိုင်းအဆမရှိ ကျယ်ပြောလွန်းတယ်။ဒီလိုပဲ ဆက်လုပ်နေရင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ ရှေးဟောင်းနတ်ဘုရားမျိုးဆက်တွေရဲ့ နောက်ထပ် တိုက်ခိုက်မှုက ဘာဖြစ်လာမလဲ ငါမသိဘူး။ ဒီအက်ကွဲကြောင်းတွေက တကယ့်ပြဿနာပဲ"

"ဒါကို တစ်ခါတည်းနဲ့ အပြတ်ရှင်းမယ့် နည်းလမ်းကို ငါရှာရမယ်"

ရှန်းချန်ကောသည် နတ်ဘုရားစက်ကွင်းများ ပေါက်ကွဲနေသည့် မဟာနတ်ဆိုးများကို ကြည့်လိုက်သည်။

ထိုနတ်ဘုရားစက်ကွင်းများသည် ရှေးဟောင်းနတ်ဘုရားမျိုးဆက်များက နတ်ဆိုးများကို ထိန်းချုပ်ရန် အသုံးပြုသည့် နည်းလမ်းဖြစ်ကြောင်း သူ ရိပ်မိလိုက်သည်။

ရှန်းချန်ကော၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဤထိန်းချုပ်မှုမှာ စိတ်ဆန္ဒ ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပုံရသည်။

သို့သော် ထိုစိတ်ဆန္ဒမှာ အလွန်ပင် ရိုးရှင်းလှသဖြင့် အသိဉာဏ်မပြည့်ဝသော နတ်ဆိုးများကိုသာ ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။

'အကယ်လို့ ငါ့ရဲ့နတ်ဘုရားစိတ်အာရုံကို မြူခိုးသမုဒ္ဒရာတစ်ခုလုံးကို ဖြန့်ကြက်လိုက်ရင်... ဒါမှမဟုတ် ဖြန့်စရာတောင် မလိုဘဲ တိုက်ရိုက် ထုတ်လွှတ်လိုက်ရင် သူတို့ရဲ့ ထိန်းချုပ်စက်ကွင်းတွေကို ဖျက်ဆီးပစ်နိုင်မလား...'

ထိုသို့ဆိုလျှင် နတ်ဆိုးများမှာ ထိန်းချုပ်မှု လွတ်ကင်းသွားပေလိမ့်မည်။

ထိုအခါ မြူခိုးသမုဒ္ဒရာ အဖွဲ့အစည်းနှစ်ခုလုံးအတွက် ၎င်းတို့ကို ကိုင်တွယ်ရန် ပိုမိုလွယ်ကူသွားမည် ဖြစ်သည်။

နတ်ဘုရားစက်ကွင်းများ မရှိတော့လျှင် သာမန်တိုက်ခိုက်မှုများဖြင့်လည်း ထိုနတ်ဆိုးများကို သတ်ဖြတ်နိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။

ရှန်းချန်ကောသည် တွေးတောရင်း သူ၏ခန္ဓာကိုယ်ကို ကောင်းကင်ယံသို့ ဖြည်းညင်းစွာ ပျံတက်လိုက်သည်။

"အရှင်အမှောင်ဧကရာဇ် ဘာလုပ်မလို့လဲ"

"ငါလည်း မသိဘူး၊ ဒါပေမဲ့ သိပ်ကို ခန့်ညားထည်ဝါတဲ့ ခံစားချက်ကြီးကို ရနေတယ်။ အရှေ့ဘက်က နေမင်းကြီး ထွက်ပေါ်လာသလိုပဲ..."

ဝတ်ရုံနက်ပညာရှင်များ အံ့သြတုန်လှုပ်နေကြစဉ်...

ရှန်းချန်ကောသည် ကောင်းကင်အမြင့်ဆုံးနေရာတွင် ရပ်တန့်လိုက်သည်။

သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ ကောင်းကင်တစ်ခုလုံး ပိုမို ကြည်လင်သွားသယောင် ရှိသည်။

ချက်ချင်းဆိုသလိုပင် သူ့ကို ဗဟိုပြု၍ ကျယ်ပြောလှသော အရှိန်အဝါတစ်ခု ပျံ့နှံ့သွားတော့သည်။

ဤသည်မှာ သူ၏အမှတ်အသားတစ်ခု နတ်ဘုရားစိတ်အာရုံကို ပထမဆုံးအကြိမ် အပြည့်အဝ ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ဘုန်း

သူ၏နောက်ကွယ်တွင် ဧရာမ ပုံရိပ်ကြီးတစ်ခု စုစည်းလာသည်။

ထိုပုံရိပ်မှာ လက်ကို နောက်ပစ်ကာ မတ်မတ်ရပ်နေပြီး မသေမျိုးနတ်ဘုရားတစ်ပါး၏ပန်းချီကားတစ်ချပ်အလား ခန့်ညားလှသည်။

ထိုပုံရိပ်၏မျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း မြင်သူတိုင်းကို ရင်သပ်ရှုမောစေကာ မသေမျိုးတစ်ဦး၏အေးချမ်းမှုနှင့် ဆွဲဆောင်မှုကို ခံစားရစေသည်။

လူတိုင်းမှာ အနှိုင်းမဲ့ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။

ရှန်းချန်ကောသည် အသက်ကို ဝအောင် ရှူသွင်းလိုက်ပြီး...

ဘုန်း

သူ၏နတ်ဘုရားစိတ်အာရုံကို အပြည့်အဝ ထုတ်လွှတ်လိုက်လေတော့သည်။

All Chapters