← Chapters

တုန်လှုပ်ခြောက်ခြားသွားသော ရှေးဟောင်းနတ်ဘုရားမျိုးဆက်များ

Vol. 17 Ch. 162

တုန်လှုပ်ခြောက်ခြားသွားသော ရှေးဟောင်းနတ်ဘုရားမျိုးဆက်များ

Vol. 17 Ch. 162

ထိုပုံရိပ်ယောင်ကြီး မြူခိုးသမုဒ္ဒရာကမ္ဘာပေါ်သို့ ဆင်းသက်လာချိန်တွင်...

တစ်ခဏချင်းမှာပင် ဓားနတ်ဘုရားဧကရာဇ်ကိုယ်တိုင် ဆင်းသက်လာသကဲ့သို့ လူတိုင်းအပေါ် ဧရာမ ဖိအားကြီး သက်ရောက်လာတော့သည်။

မိမိတို့၏အသိစိတ်ဝိညာဉ်ထဲမှပင် အလိုအလျောက် ဒူးထောက်အညံ့ခံလိုစိတ်များ ဖြစ်ပေါ်လာရ၏။

"ဒါ... ဒါက ဘာလဲ..."

ချင်းရွှမ် နှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

"သူက တကယ့်ကို ရှေးဟောင်းနတ်ဘုရားတစ်ပါးနဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှုပဲ။ သူ့ရဲ့နတ်ဘုရားစိတ်အာရုံ ထွက်ပေါ်လာပုံက ရှေးဟောင်းနတ်ဘုရားဧကရာဇ်နဲ့ ဘာမှမခြားဘူး"

ချင်းရွှမ်သည် ရင်ထဲမှနေ၍ သက်ပြင်းချမိသည်။

ဤသည်မှာ အမှတ်သားတစ်ခုပါ နတ်ဘုရားစိတ်အာရုံ၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းပင် ဖြစ်ပေလိမ့်မည်။ သို့သော် ၎င်းသည် မြူခိုးသမုဒ္ဒရာကမ္ဘာ၏စိတ်အင်အားကို ပြန်လည်စုစည်းရန် အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း သူ နားလည်လိုက်သည်။

"တခြားသူတွေကို ချက်ချင်းအကြောင်းကြားလိုက် အမှောင်ဧကရာဇ်အတွက် အရှိန်အဝါတစ်ခု ဖန်တီးပေးရမယ်"

ချင်းရွှမ်သည် ဒဏ်ရာပြင်းထန်နေသော်လည်း အားယူကာ ကြွေးကြော်လိုက်သည်။

"ဒါဟာ မြူသမုဒ္ဒရာရဲ့ အမှောင်ဧကရာဇ်၊ ပြိုင်စံရှား နတ်ဓားအင်မော်တယ်ရဲ့ နတ်ဘုရားစိတ်အာရုံပဲ ရှေးဟောင်းနတ်ဘုရားချောက်နက်ထဲမှာ နတ်ဘုရားစိတ်အာရုံတွေ ရှိတယ်ဆိုပေမဲ့ အဲဒါတွေက ရှေးခေတ်က ကျန်ရစ်ခဲ့တဲ့ အရာတွေပဲ။ ဒီနေ့ခေတ် မြူသမုဒ္ဒရာကမ္ဘာမှာတော့ အဲ့ဒီလိုပုဂ္ဂိုလ်မျိုး အမှန်တကယ် ပေါ်ထွက်လာပြီ"

ပတ်ဝန်းကျင်ရှိ လူများမှာ ထိုအရှိန်အဝါကြောင့် တုန်လှုပ်နေကြစဉ် ချင်းရွှမ်၏စကားများကို ကြားလိုက်ရသောအခါ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။

သူတို့၏ရင်ထဲတွင် အရှင်သခင်အဖြစ် လက်ခံလိုစိတ်များ ပြင်းပြစွာ ဖြစ်ပေါ်လာတော့သည်။

"အမှောင်ဧကရာဇ်က ငါတို့ရဲ့ ဘုရင်ပဲ"

"သူ ငါတို့ကို ကယ်တင်ဖို့ ရောက်လာပြီ"

တစ်ခဏအတွင်းမှာပင် လူတိုင်း မြေပြင်ပေါ် ဝပ်စင်းလိုက်ကြပြီး "အမှောင်ဧကရာဇ်ကို ဂါရဝပြုပါတယ်" ဟု ဟစ်ကြွေးလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် မြူသမုဒ္ဒရာ၏အခြားတစ်နေရာတွင် မဟာနတ်ဆိုးများမှာ ဖရိုဖရဲ ဖြစ်နေကြသည်။ ဂိုဏ်းပေါင်းစုံမှ တပည့်များသည် ဝတ်ရုံနက်အဖွဲ့၏လမ်းပြမှုဖြင့် အဓိကနေရာဆီသို့ ဦးတည်ပြေးလွှားနေကြ၏။

"တောက်.. နတ်ဆိုးတွေက အရမ်းများလွန်းတယ်။ ငါတို့ တိုက်ခိုက်မှုတွေက သူတို့အပေါ်ဘာမှမသက်ရောက်ဘူး၊ခဏပဲ တားထားလို့ရတာ... ဒီအတိုင်းဆို ငါတို့ လွတ်မှာမဟုတ်တော့ဘူး"

"ငါ ဒီမှာပဲ သေရတော့မှာလား..."

ထိုနေရာတွင် လူပေါင်းတစ်သောင်းခန့်မှာ နတ်ဆိုးများ၏ ဝိုင်းရံခြင်းကို ခံထားရပြီး မျှော်လင့်ချက် ကင်းမဲ့နေကြသည်။

သို့သော် ထိုအချိန်တွင်

ဘုန်း

နတ်ဆိုးများအားလုံး ရုတ်တရက် ရပ်တန့်သွားကြသည်။ သူတို့သည် တစ်စုံတစ်ခုသော အရှိန်အဝါကို ခံစားလိုက်ရသည့်အလား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဟိန်းဟောက်နေကြသည်။

"နတ်ဆိုးတွေ ဆက်မတိုက်တော့ဘူး... ဘာဖြစ်တာလဲ"

"သူတို့ တစ်ခုခုကို ကြောက်နေကြတာလား"

"နေဦး ဒီအရှိန်အဝါက ဘာလဲ အရမ်းကို ကျယ်ပြန့်ပြီး ခန့်ညားလှချည်လား" လူတိုင်း ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။

ဟင်းလင်းပြင်တစ်ခုလုံးတွင် အင်မော်တယ်နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားသော ပုံရိပ်ကြီးတစ်ခုနှင့် တောက်ပသော အလင်းတန်းများကို မြင်လိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံသည် သူတို့အားလုံးကို ဒူးထောက်ချင်စိတ် ပေါက်အောင် ဖိနှိပ်ထားသည်။

"အဲဒီ ပုံရိပ်ကြီးက..."

ထိုစဉ် ကမ္ဘာတစ်ခုလုံးတွင် ဤအသံကြီး ပဲ့တင်ထပ်သွားသည်။

"ငါက အမှောင်ဧကရာဇ် ပဲ"

"အမှောင်ဧကရာဇ်"

"သူက အမှောင်ဧကရာဇ်လား ဘုရားရေ... အင်မော်တယ် နတ်ဘုရားတစ်ပါးလိုပဲ။ သူ့ရဲ့ ပုံရိပ်ကြီးက နတ်ဆိုးအားလုံးကို ဖိနှိပ်ထားပြီး ဘာမှမလုပ်ရဲအောင် လုပ်လိုက်တာပဲ..."

"အရှင်ဧကရာဇ်... ကျွန်တော်မျိုးတို့ကို ကယ်ပါဦး ကျွန်တော်တို့ ဆက်မတောင့်ခံနိုင်တော့ဘူး... ဒီနေရာက တကယ့်ကို ငရဲလိုပါပဲ..."

လူတိုင်း မြေပြင်တွင် ဝပ်စင်းကာ ဆုတောင်းနေကြသည်။

ရှန်းချန်ကောသည် ကောင်းကင်ထက်တွင် ရပ်နေရင်း မျက်လုံးများကို မှိတ်ထားသည်။ သူ၏ စိတ်အာရုံထဲတွင် မှောင်မိုက်နေသော အမှောင်ထုထဲမှ မရေမတွက်နိုင်သော မီးတောက်သေးသေးလေးများကို မြင်နေရသည်။

၎င်းတို့မှာ နတ်ဆိုးများ၏ ခန္ဓာကိုယ်တွင် ကပ်တွယ်နေသည့် ရှေးဟောင်းနတ်ဘုရားမျိုးဆက်များ၏နတ်ဘုရားစိတ်အာရုံများပင် ဖြစ်သည်။

သူ၏အစွမ်းထက်သော စိတ်အာရုံသာ မရှိပါက ထိုမီးတောက်များကို သတိပြုမိမည် မဟုတ်ပေ။

သူက အသက်ကို ဝအောင်ရှူကာ သူ၏ စိတ်အာရုံမှတစ်ဆင့် ကမ္ဘာတစ်ခုလုံးသို့ အသံလွှင့်လိုက်သည်။

"အမှောင်ဧကရာဇ်၏အမည်နာမဖြင့်... ယနေ့တွင် နတ်ဆိုးအပေါင်းကို ငါ နှိမ်နင်းအံ့"

ဝှစ်

နတ်ဘုရားစိတ်အာရုံများ ပွင့်ထွက်သွားပြီး သူ၏ 'ဓားစိတ်အာရုံ'မှာ ကမ္ဘာပေါ်တွင် အထက်မြက်ဆုံး ဓားသွားအလား ထွက်ပေါ်လာခဲ့သည်။

ခြွမ်...

မရေမတွက်နိုင်သော နတ်ဆိုးများ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားကွင်းများမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲကုန်သည်။

သူတို့၏အရှိန်အဝါများ ချက်ချင်း အားနည်းသွားပြီး နာကျင်စွာ အော်ဟစ်ကုန်ကြ၏။ ရှန်းချန်ကော၏ဓားစိတ်အာရုံသည် ထိုနတ်ဆိုးများအပေါ် ကပ်တွယ်နေသည့် အားနည်းသော စိတ်အာရုံများအားလုံးကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

၎င်းမှာ ထိတ်လန့်စရာ မြင်ကွင်းပင်။ နတ်ဘုရားစက်ကွင်းများ ပေါက်ကွဲသွားသည့် အလင်းတန်းများမှာ ကြယ်စင်များ မြေပေါ်သို့ ကြွေကျလာသည့်အလား တစ်လောကလုံး တောက်ပသွားတော့သည်။

မြူပင်သမုဒ္ဒရာတစ်ခုလုံးမှာ မီးထွန်းထားသည့် ညဈေးတန်းကြီးတစ်ခုအလား လင်းထိန်သွား၏။

လူပေါင်းများစွာမှာ ဒူးထောက်လျက် ဆွံ့အနေကြသည်။

"ကျေးဇူးတင်ပါတယ် အရှင်ဧကရာဇ်"

ယနေ့မှစ၍ အမှောင်ဧကရာဇ် ဟူသော အမည်မှာ လူတိုင်း၏ ရင်ထဲတွင် မျိုးစေ့တစ်ခုအလား အမြစ်တွယ်သွားပြီး ယုံကြည်ကိုးကွယ်မှုအဆင့်သို့ ရောက်ရှိသွားတော့သည်။

ရှန်းချန်ကောသည် အလုပ်ပြီးသွားသဖြင့် သူ၏ နတ်ဘုရားစိတ်အာရုံကို ပြန်လည်ရုပ်သိမ်းကာ ကြေးမှုံအလင်းမှန်တောင်သို့ ပြန်လာခဲ့သည်။

"ဘာတွေဖြစ်ကုန်တာလဲ ဘာလို့ ဒီလိုဖြစ်ရတာလဲ"

"ဘာလို့ ရှေးဟောင်းနတ်ဘုရားစိတ်အာရုံတွေက ပြန်ကန်ထွက်လာရတာလဲ? ဝမ်ထျန်းကန်း ဘယ်မှာလဲ၊ သူက ဓားနတ်ဘုရားဧကရာဇ်ရဲ့ဓားစိတ်အာရုံကို ထိန်းချုပ်ထားရမှာ မဟုတ်ဘူးလား"

ထိုခဏ၌ ရှေးဟောင်းနတ်ဘုရား ချောက်နက်ထဲရှိ လွင့်မျောနေသော ကျွန်းပေါ်တွင် ရှေးဟောင်းနတ်ဘုရားမျိုးဆက်များမှာ မယုံနိုင်သောအမူအရယ ဖြစ်နေကြသည်။

သူတို့ အရာအားလုံးကို ပြင်ဆင်ထားခဲ့သော်လည်း မြူသမုဒ္ဒရာကမ္ဘာက သူတို့၏တိုက်ခိုက်မှုကို မည်သို့ခုခံသွားနိုင်သနည်း။

"အခြေအနေ မကောင်းတော့ဘူး" လူတစ်ယောက် အပြေးအလွှား လာသတင်းပို့သည်။

"ဘာဖြစ်တာလဲ"

"နတ်ဆိုးတွေကို စိတ်အာရုံနဲ့ ထိန်းချုပ်နေတဲ့ အရှင်သခင်တွေ တစ်ခုခု ဖြစ်ကုန်ပါပြီ"

အားလုံး ချက်ချင်း ပြေးသွားကြည့်ကြရာ... ထိုပညာရှင်များမှာ ဒွာရခုနစ်ပေါက်မှ သွေးများ စီးကျနေပြီး သတိလစ်နေသည်ကို မြင်လိုက်ရသည်။

"ဘာတွေဖြစ်ခဲ့တာလဲ"

ပညာရှင်တစ်ဦးမှာ သတိတစ်ချက်ပြန်ဝင်လာသဖြင့် သူ့ကို အားအင်များကူညီကာ မေးလိုက်ကြသည်။

"မြူသမုဒ္ဒရာ... မြူသမုဒ္ဒရာကမ္ဘာထဲမှာ... နတ်ဘုရားစိတ်အာရုံ သုံးနိုင်တဲ့ ပညာရှင် ရှိနေတယ်... သူ... ငါတို့ရဲ့ စိတ်အာရုံတွေဆီကို အရမ်းတောက်ပတဲ့ ဓားတစ်ချက် ဦးတည်လာတာကို ငါမြင်လိုက်ရတယ်... တစ်ချက်တည်းနဲ့ ငါတို့ရဲ့ စိတ်အာရုံတွေ အမှုန့်ဖြစ်သွားပြီး ပြန်ကန်ထွက်လာတာပဲ... နတ်ဆိုးတွေလည်း ထိန်းချုပ်မှုကနေ လွတ်ကုန်ပြီ..."

"ဘာ"

ရှိနေသူအားလုံး မိုးကြိုးအပစ်ခံလိုက်ရသလို ဖြစ်သွားကြသည်။ မြူသမုဒ္ဒရာထဲမှာ ဤမျှအစွမ်းထက်သည့် ပညာရှင် ဘယ်လိုပေါ်လာရသနည်း။

"တောက် ငါတို့ သူတို့ကို ဒီအတိုင်း ဆက်ပြီး ကြီးထွားခွင့် ပေးလို့မဖြစ်ဘူး။ မြူသမုဒ္ဒရာကမ္ဘာကို အပြတ်ရှင်းရမယ်။ မဟုတ်ရင် ငါတို့ ဟေးရွှီနယ်မြေကို ဘယ်တော့မှ ပြန်သွားနိုင်မှာ မဟုတ်ဘူး"(Tn.ဟေးရွှီနယ်မြေ/ဟေးရှနယ်မြေ/မဟာအပျက်စီးနယ်မြေ၊အဲ့တာတွေက အကုန်အတူတူပါပဲဗျ၊ အခုကစပြီး ဟေးရွှီနယ်မြေလို့ပဲအတည်ထားပါတော့မယ်။)

ထိုစဉ် ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စု၏မျိုးနွယ်စုခေါင်းဆောင် ထွက်ပေါ်ထွက်လာသည်။

"ငါတို့ရဲ့သွေးမျိုးဆက်က ဟေးရွှီနယ်မြေဆီကို ပြန်ရမယ်။ ဒီကမ္ဘာထဲမှာ ငါတို့မျိုးနွယ်ရဲ့အစွမ်းတွေက တဖြည်းဖြည်း အားနည်းလာနေပြီ။ ဒီအတိုင်း ဆက်သွားရင် ငါတို့ မျိုးတုံးသွားလိမ့်မယ်..."

"ရှေးဟောင်းနတ်ဘုရားစိတ်ဆန္ဒကို ထိန်းချုပ်မယ့် အစီအစဉ်က တိုးတက်နေပြီ။ ၇၀ ရာခိုင်နှုန်းအထိ ကိုက်ညီတဲ့ ပါရမီရှင်တစ်ယောက်ကို ငါတို့ တွေ့ထားတယ်။ သူသာ အောင်မြင်ရင် ဓားနတ်ဘုရားဧကရာဇ်တစ်ပါးကို ငါတို့ အသက်ပြန်သွင်းနိုင်လိမ့်မယ်"

"မြူသမုဒ္ဒရာကို ချက်ချင်း အမြစ်ဖြတ်ပစ်ရမယ်"

မျိုးနွယ်စုခေါင်းဆောင်၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။

All Chapters