ငါတော့ ကံကောင်းပြီ
Vol. 17 Ch. 170
ဖန်ဆင်းခြင်းအဆင့် ကျွမ်းကျင်သူ ငါးဦး တိုက်ခိုက်လာရင်း သူတို့၏မျက်နှာတွင် လှောင်ပြုံးများဖြင့် ပြည့်နှက်နေသည်။
ဤဝတ်စုံဖြူနှင့် လူငယ်မှာ ရိုးးသားသောဟန်ပန် ရှိသော်လည်း သူတို့၏အရှေ့တွင်ပင် သူတို့ပစ္စည်းကို လုယူရဲသည်မှာ သူတို့ကို လုံးဝ အလေးမထားခြင်းပင် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဤလူငယ်ကို အနက်ရောင်ခေါင်းတလားမှ ယင်ချီ များကို ဖိနှိပ်နိုင်အောင် အသုံးချရန် သူတို့ ဆုံးဖြတ်လိုက်ကြသည်။
ဒါက အိမ်ပေါက်ဝအထိ လာပို့တဲ့ လက်ဆောင်ပဲ မဟုတ်လား။
ထိုခဏ၌သူတို့၏ အမူအရာများမှာ ရက်စက်ကြမ်းကြုတ်နေသည်။
ကြည့်စမ်း... အဲဒီကောင်လေးက ငါတို့ကို ကြည့်ပြီး ကြောက်လန့်တုန်ရီနေပြီ။
အောက်လောကရဲ့ အမှိုက်အကောင်...
သူတို့အတွက်နိမ့်ကျသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။
သူတို့၏အရှိန်အဝါများ တုန်ခါလာပြီး အနက်ရောင်မြူခိုးများ လိပ်တက်လာသည်။
သူတို့တစ်ဦးချင်းစီတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရှိနေကြပြီး သူတို့၏ ဦးခေါင်းပေါ်တွင် ဖန်ဆင်းခြင်းအဆင့်၏ ဝေဝါးသော ယင်-ယန် ချီစွမ်းအင်များ ထွက်ပေါ်နေသည်။
"မြန်မြန်ပြေး..."
"နင် ကြောက်ပြီး ကြောင်နေတာလား"
"နိုးထစမ်း သတိဝင်စမ်းပါ" ခေါင်းတလားထဲက အမျိုးသမီးမှာ ရှန်းချန်ကော တစ်စုံတစ်ဦး၏ ပြုစားခြင်း ခံနေရသည်ဟု ထင်မှတ်ကာ သူ့ကို နှိုးရန် အော်ဟစ်လိုက်သည်။
"ငြိမ်ငြိမ်နေစမ်းပါ" မမျှော်လင့်ဘဲ ရှန်းချန်ကောက စိတ်မရှည်စွာ ပြောလိုက်သည်။
နောက်တစ်ခဏတွင်
ဓားအလင်းတန်းမှာ ရုတ်တရက် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ခမ်းနားလှသော ဓားအရှိန်အဝါမှာ တောက်ပလှသော အလင်းတန်းများနှင့်အတူ ပေါက်ကွဲထွက်လာသည်။
ကျယ်ပြန့်လှသော အင်မော်တယ်အရှိန်အဝါများ ပျံ့နှံ့သွားပြီး လူပေါင်းများစွာကို တုန်လှုပ်စေခဲ့သည်။
"အင်မော်တယ်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထိုခဏ၌ အနက်ရောင်ခေါင်းတလားထဲမှ အသံမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
ရှန်းချန်ကော၏ဓားချက်မှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် သူမ အကြီးအကျယ် တုန်လှုပ်သွားခြင်း ဖြစ်သည်။
ဒါ အင်မော်တယ်တစ်ပါးရဲ့ အရှိန်အဝါလား
ဒီလို အရှိန်အဝါမျိုး ဘယ်လိုလုပ် ရှိနေတာလဲ၊ ရှိနေရင်တောင် ဒီလောက်သေးငယ်တဲ့ နေရာလေးမှာ ဘယ်လိုလုပ် ပေါ်လာနိုင်ရတာလဲ။
ဟေးရွှီနယ်မြေနှင့် နှိုင်းယှဉ်လျှင် ဤစွန့်ပစ်နယ်မြေမှာ နှမ်းစေ့တစ်စေ့လောက်သာ ရှိသည်။
ယခုမူ... ရှန်းချန်ကော၏ဓားချက်ကို ရင်ဆိုင်နေရသူများမှာ ပို၍ပင် ထိတ်လန့်နေကြသည်။
အမှန်တော့ ရှန်းချန်ကော အတွက်မှာမူ... သူတို့သာ ယင်နယ်ပယ် ဖန်ဆင်းခြင်းအဆင့် ကျွမ်းကျင်သူများ မဟုတ်သရွေ့ အရေအတွက် မည်မျှပင် များပါစေ သူ့အတွက် ပြဿနာ မဟုတ်ပေ။
ကျယ်ပြန့်လှသော ဓားအလင်းအောက်တွင် ငါးယောက်လာလျှင် ငါးယောက်လုံး နစ်မြုပ်သွားမည်။
ဆယ်ယောက်၊ အယောက်နှစ်ဆယ်လာလျှင်လည်း အားလုံး နစ်မြုပ်သွားမည်သာ။
ဤဓားချက်သည် သူတို့အတွက် အဖြေရှာမရသော ပုစ္ဆာပင်။
အဆုံးမဲ့သော ဓားအလင်းတန်းများဟာ လောကတွင် အတောက်ပဆုံးသော အရောင်အသွေးများဖြင့် ပေါက်ကွဲထွက်လာသည်။
ဟူလာလာ
ထိုသူများ၏ မျက်လုံးထဲတွင် အံ့သြမှု၊ ကြောက်ရွံ့မှု၊ ထိတ်လန့်မှုနှင့်... မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်သွားသည်။
ဤဓားချက်ကို ရင်ဆိုင်ရန် နည်းလမ်း မရှိတော့ပေ။
အနည်းဆုံးတော့ ယခုအချိန်တွင် သူတို့မှာ အဖြေမရှိတော့ပါဘူး။
ဤကဲ့သို့သော တည်ရှိမှုမျိုးက အဘယ်ကြောင့် ဤလိုစွန့်ပစ်နယ်မြေတွက် တည်ရှိနေသနည်း။
နေပါဦး
ခုနတုန်းကလည်း ဤအရှိန်အဝါမျိုးကို သူတို့ ခံစားမိခဲ့ကြသည်။
သို့သော် ထိုအချိန်က ဟင်းလင်းပြင် အတားအဆီးအပြင်ဘက်က လေစီးကြောင်းတွေကြောင့် ဖြစ်ပေါ်တဲ့ တုန်ခါမှုလို့ ထင်ပြီး ဂရုမစိုက်ခဲ့ကြခြင်း ဖြစ်သည်။
ယခုကြည့်ရသည်မှာ...
ထိုအရာဟာ ရှေ့က လူငယ်ကြောင့်ဖြစ်မည်။
သူ၏စွမ်းအားက မည်သို့ဖြင့် ယခုလိုကြောက်မက်ဖွယ်ကောင်းနေသနည်း။
ဒါက ဘာဓားသိုင်းလဲ
ဗြုန်း
သူတို့အားလုံး ဓားအလင်းထဲတွင် နစ်မြုပ်သွားကြသည်။
ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
သူ ခရီး အလျင်လိုနေခဲ့ခြင်းဖြစ်သည်။ ဘာကြောင့် ယခုလို မျက်စိလုံးကန်းနေသည့် လူများက သူ့ဆီ အမြဲရောက်လာနေကြသနည်း။
သို့သော်လည်း တကယ့်တရားခံမှာ သူ့ကျောပေါ်က ခေါင်းတလားသာဖြစ်မည်။
ခေါင်းတလားထဲမှာ ဘာရှိနေတာလဲ။
၎င်းက အတွင်းက တည်ရှိမှုကို ချုပ်နှောင်ထားသည့် စွမ်းရည် ရှိပုံရသည်။
"ဆင်းတော့" ရှန်းချန်ကောက ပြောလိုက်သည်။
"နင် ငါ့ကို ပိုပြီး ရိုရိုသေသေ ဆက်ဆံဖို့ အကြံပေးချင်တယ်။နင် လိုချင်တဲ့ အရာအားလုံး ငါ ပေးနိုင်တယ်။ ငါက ဟေးရွှီနယ်မြေများကလာတာ၊ အဆင့်အတန်းလည်း မြင့်တယ်။ ငါသာ အလိုရှိရင် နင့်ကို ချက်ချင်း ထိပ်ဆုံးကို ပို့ပေးနိုင်တယ်၊ အနက်ရောင်အိပ်မက်ဆိုးကမ္ဘာ ကို ရောက်ပြီး မြင့်မားတဲ့အဆင့်အတန်းကို ရစေရမယ်။ ငါ သိပါတယ်၊နင် ငါ့ကို စွန့်ပစ်မှာ မဟုတ်ဘူးဆိုတာ။ နင့်ရဲ့ ခွန်အားကို ငါ သဘောကျတယ်၊ နင့်ကို ငါ လေ့ကျင့်ပေးမယ်။ ကြည့်စမ်း... ငါ အခု နင့်ကို တွယ်ကပ်ထားတဲ့ စွမ်းအားတွေကို လျှော့လိုက်ပြီ" ခေါင်းတလားထဲက အမျိုးသမီးက ရှန်းချန်ကော သူမကို ဘယ်တော့မှ ပစ်မထားဘူးဟု ယုံကြည်ချက်ရှိရှိဖြင့် ပြောနေသည်။
ရှန်းချန်ကောသည် သူ့ကျောပေါ်မှ ခေါင်းတလား၏ဆွဲကပ်ထားသော အားများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
"ငါ နင့်ကို အဆုံးမဲ့တဲ့ ဂုဏ်သိက္ခာတွေ ပေးမယ်..."
ဒါပေမဲ့ သူမ စကားမဆုံးသေးခင်မှာပဲ...
ဝတ်စုံဖြူနှင့် ပုံရိပ်မှာ အဝေးသို့ ပြေးထွက်သွားခဲ့ပြီဖြစ်၏။
အရိပ်ခွဲထွက်ခြင်းနည်းစနစ် ကို တတ်မြောက်ထားသော ရှန်းချန်ကော၏အရှိန်မှာ အမြဲတမ်း ကြောက်စရာကောင်းလှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် အဝေးသို့ ရောက်ရှိကာ ပျောက်ကွယ်သွားသည်။
အနက်ရောင်ခေါင်းတလားမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။
သူမသည် အလွန်အစွမ်းထက်သော တည်ရှိမှု ဖြစ်သော်လည်း... ယခုအခါတွင်မူ သူမ၏ဦးနှောက်ကပင် ဤအခြေအနေကို လိုက်မမီနိုင်တော့ပေ။
ဒီလူက ဘယ်လိုလူမျိုးလဲ
သို့သော် ခုနက ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကို သူမ မှတ်မိနေသည်။ အနက်ရောင်ခေါင်းတလားသည် လေထဲတွင် ဝဲပျံကာ ရှန်းချန်ကောနောက်သို့ အသည်းအသန် လိုက်လေတော့သည်။
သူမသည် ရှန်းချန်ကော၏ဘေးသို့ ပြန်ရောက်လာသည့်အခါ သူမ၏ စွမ်းအားအားလုံးကို အကုန်သုံးလိုက်ရသလောက် ဖြစ်သွားသည်။
ကံကောင်းထောက်မစွာဖြင့် ရှန်းချန်ကော ဓားအလင်းကို ထုတ်လွှတ်စဉ်က သူမ စွမ်းအင်အချို့ကို ခိုးယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုတော့ ငွေရောင်အလင်းတန်းများ ထွက်ပေါ်နေသော ခေါင်းတလားမှာ ရှန်းချန်ကော၏ ကျောဘက်တွင် ပြန်လည် ကပ်ပါလာပြန်သည်။
ရှန်းချန်ကောမှာ တောက်တစ်ချက် ခေါက်လိုက်သည်။
"မကျွတ်မလွတ်တဲ့ သောက်သရဲလိုပဲ"
"နင် ငါ့ကို ဖယ်ထုတ်လို့ မရဘူး၊ ငါ့ကို အပြင်လွတ်ပေး၊ မဟုတ်ရင် နင့်နောက်ကို ငါ အမြဲလိုက်နေမှာ"
ခေါင်းတလားထဲက အမျိုးသမီးက ရှန်းချန်ကောသည် သူမကို အလွန်သတိထားနေသည်ကို သိသွားပုံရပြီး လျှော့ပေးလိုက်သည်။
"ငါ နင့်ကို ဘာအန္တရာယ်မှ မပေးဘူးလို့ ကတိပေးတယ်။ငါ့ကို အရင်က ဒုက္ခပေးခဲ့တဲ့သူတွေကိုပဲ ငါ ကစားမှာပါ"
"အေး... အဲဒါဆိုလည်း နေလိုက်တော့" ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
"ဒါဆိုရင်လည်း ငါ့ကျောပေါ်မှာပဲ နေတော့"
အနက်ရောင်ခေါင်းတလားမှာ စကားမပြောနိုင်တော့ပေ။
"ငါက နန်းတော်မှာ ဘယ်လောက် အဆင့်အတန်း မြင့်တယ်ဆိုတာ နင် စိတ်တောင် ကူးနိုင်မှာ မဟုတ်ဘူး။"
"တိုက်ဆိုင်လိုက်တာ။ တစ်ယောက်ယောက်ကလည်း ငါ့ကို အဲဒီလိုပဲ ပြောဖူးတယ်။ သူက အရိုးစုလေးတစ်ကောင်လေ။ ဘာလဲ... မင်းတို့က ဂိုဏ်းတူတွေလား၊ ခုနတင်ပဲ သူ့ညီက ငါ့ကိုလာသတ်လို့ အစအနတောင် မကျန်တော့ဘူး" ရှန်းချန်ကောက ထိုဘက်ကို ညွှန်ပြလိုက်သည်။
ထိုအခိုက်အတန့်တွင်... ဝတ်စုံဖြူနှင့် လူငယ်တစ်ဦးသည် ကျောပေါ်တွင် အနက်ရောင်ခေါင်းတလားကြီးကို ထမ်းပြီး ခရီးနှင်နေသည်။
သူ့ပုံစံမှာ အနည်းငယ် ထူးဆန်းနေသော်လည်း ရှန်းချန်ကောမှာ အခြားရွေးချယ်စရာ မရှိပေ။
သူက ခေါင်းတလားကို ဖယ်ထုတ်မရသလို၊ သူမကို အပြင်လွှတ်ပေးရန်မှာလည်း မဖြစ်နိုင်ပေ။
သူမသိသော ကျွမ်းကျင်သူတစ်ယောက်ကို လွှတ်ပေးလိုက်၍ သူ့ကိုပြန်သတ်လျှင် မည်သို့လုပ်မည်နည်း။
ရှန်းချန်ကောက လူအ မဟုတ်ပေ။
စည်းစိမ်ဥစ္စာနဲ့ ဂုဏ်သိက္ခာလား စိတ်မဝင်စားဘူး၊ ငါ့မှာ စနစ် ရှိတယ်။
သူသည် ကြေးမှုံအလင်းတောင်ဆီသို့ အပြင်းနှင်နေသည်။
"နင် တကယ်ပဲ ငါ့ကို အပြင်မလွှတ်ပေးဘူးလား"
"ငါ့ကိုသာ လွှတ်ပေးရင်..."
ခေါင်းတလားထဲက အသံမှာ အဆက်မပြတ် မြည်တွင် ပြောဆိုနေသည်။
အေးစက်လှသော လေသံမှာလည်း အဆက်မပြတ် ပြောလွန်းသဖြင့် အနည်းငယ် အကျည်းတန်လာသည်။
ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
ကြေးမှုံအလင်းတောင် ပေါ်တွင်...
ယခုအခါ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ချင်းရွှမ် တစ်ကိုယ်လုံး သွေးများဖြင့် ရဲရဲနီနေသည်။
ကြေးမှုံအလင်းတောင်မှ ကျွမ်းကျင်သူများ အားလုံး မျှော်လင့်ချက် ကင်းမဲ့နေကြသည်။
"ဒီနေ့ ငါ ဖန်ဆင်းခြင်းအဆင့်ကို တက်လှမ်းနိုင်ရမယ်"
"မအောင်မြင်ရင် သေပြီ"
ထိုခဏ၌
ချင်းရွှမ်၏မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်နေပြီး အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် အခုလေးတင် အရိုက်ခံထားရသဖြင့် အလွန်ဒေါသထွက်နေခြင်း ဖြစ်သည်။
ဒီနတ်ဆိုးက လွန်လွန်းတယ်
မင်းက ဖန်ဆင်းခြင်းအဆင့်ဆိုတာနဲ့ပဲ ဒီလောက် လုပ်ရလား
ဟေးရွှီနယ်မြေက လူတွေက ငါ့ကို အနိုင်ကျင့်တယ်၊အခု ဒီသားရဲကပါ ငါ့ကို အနိုင်ကျင့်ချင်နေတာလား၊ငါ့ကို ရွှံ့ရုပ်လို့ ထင်နေတာလား။
ချင်းရွှမ် ဒေါသအလွန်ထွက်သွားသည်။ သူ၏ အရှိန်အဝါမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လျှင်မြန်စွာ မြင့်တက်လာသည်။
သူသည် အဆင့်တက်ချင်သည်၊ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ချင်သည်၊ ယင်နှင့်ယန်ကို သိမ်းပိုက်ပြီး ကံကြမ္မာနယ်ပယ်သို့ တက်လှမ်းချင်သည်။
ဘုန်း
သူ၏ အတွေးများ ကြည်လင်သွားသည်။သူ အောင်မြင်စွာ အဆင့်တက်သွားခဲ့ပြီ။
ချင်းရွှမ်မှာ မျက်ရည်များ ဝဲလျက်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူ အရမ်း စိတ်လှုပ်ရှားနေသည်။ ဤအဆင့်တွင် သူ ပိတ်မိနေတာ ကြာလှပြီ၊ယနေ့တော့ သူ နောက်ဆုံးမှာ အောင်မြင်ခဲ့လေပြီဖြစ်၏။
"ငွေရောင်သင်္ကေတ တမန်တော် အနှိုင်းမဲ့ပဲ"
"ဟားဟားဟား ငွေရောင်သင်္ကေတ တမန်တော် ဖန်ဆင်းခြင်းအဆင့်ကို ရောက်သွားပြီ၊ဒါ ငါတို့ မြူခိုးသမုဒ္ဒရာအတွက် ကောင်းချီးပဲ"
ချင်းရွှမ်၏ဂုဏ်သရေမှာ ချက်ချင်း မြင့်တက်လာသည်။
"ငါတော့ ကံကောင်းပြီ ဟားဟားဟား"
ဘုန်း
ဧရာမ ခြေထောက်ကြီးတစ်ခု ကျဆင်းလာပြီး ဖန်ဆင်းခြင်းအဆင့်သို့ အခုလေးတင် ရောက်ရှိသွားသော ချင်းရွှမ်မှာ မြေကြီးထဲသို့ နစ်ဝင်သွားအောင် နင်းခြေခံလိုက်ရသည်။
နတ်ဆိုးကြီးသည် သူ၏မျက်လုံးများကို မှေးကြည့်လိုက်သည်။ ဤပုရွက်ဆိတ်လေးက ဘာတွေ ဒီလောက် စိတ်လှုပ်ရှားနေတာလဲဟု သူ တွေးနေပုံရသည်။
ချင်းရွှမ် တစ်ယောက် အခြေအနေ မဟန်တော့ပေ။
စာစဉ်၁၇ပြီး#