← Chapters

သူ ဒီမှာ မရှိဘူး ၊ ဒီမှာ မရှိဘူး ၊ ဒီမှာ မရှိတော့ဘူး

Vol. 27 Ch. 374

သူ ဒီမှာ မရှိဘူး ၊ ဒီမှာ မရှိဘူး ၊ ဒီမှာ မရှိတော့ဘူး

Vol. 27 Ch. 374

အခန်း (၃၇၄) သူ ဒီမှာ မရှိဘူး ၊ ဒီမှာ မရှိဘူး ၊ ဒီမှာ မရှိတော့ဘူး

အကြီးအကဲ’ယွိ’ ၏ စကားကိုကြားတော့ ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲများအားလုံး ခံစားချက်များ ရှုတ်ထွေးစွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမ ၊ အတိတ်တစ်ချိန်က အနက်ရောင်အိပ်မက်ဆိုးတောင်နှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းတို့ အားလုံးက ရန်ကျောက်ကဲကို အရိုးထဲထိ မုန်းတီးကြမည်ဆိုလျှင် ကျောက်စိမ်းပင်လယ်မြို့တော် ၊ အဆုံးမဲ့တောင်တန်းနှင့် လှိုင်းနက်ဂေဟာတို့က ရန်ကျောက်ကဲအပေါ် အတော်လေးရှုတ်ထွေးသည့် ခံစားချက်များ ရှိကြသည်။

ကျောက်စိမ်းပင်လယ်မြို့တော်က နေသူတော်စင်ဂိုဏ်းနှင့် ရန်သူဖြစ်သည်။ ထို့ကြောင့် ဝါဒတောင်နှင့် မဟာမိတ်ပြုခြင်းက သူတို့အတွက် များစွာအကျိုးအမြတ်ရှိ၏။

သို့သော် မည်သူမဆို တိုးတက်မြင့်မားလိုသောဆန္ဒ ရှိကြသည်ပင်။ ရန်သူပဲဖြစ်ဖြစ် ၊ မိတ်ဆွေပဲဖြစ်ဖြစ် အားလုံးက စွမ်းအားကြီးမားချင်ကြသည်။

ထိုသို့သောအခြေအနေအောက်တွင် ဝါဒတောင်၏လှုပ်ရှားမှုတိုင်းသည် ကျောက်စိမ်းပင်လယ်မြို့တော်၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။

လက်ရှိတွင် ရန်ကျောက်ကဲက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ လူငယ်မျိုးဆက်များကြားတွင် ပြိုင်ဘက်ကင်းတစ်ယောက်နီးပါးပင်။

ပိုဆိုးသည်မှာ ရန်ကျောက်ကဲတွင် ထိတ်လန့်တုန်လှုပ်စရာ အရည်အချင်းနှင့်စွမ်းအားများ ပိုင်ဆိုင်ထားသည်သာမက ကျင့်ကြံခြင်းအဆင့်တူခြင်းယှဉ်လျှင် ပိုမိုစွမ်းအားမြင့်မားပြီး အခြားသူများ စိတ်ပင်မကူးဝံ့သော အံ့သြဖွယ်ရာကိစ္စများကိုလည်း အမြဲတမ်းလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

သူ၏စွမ်းအားကို သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့် တိုင်းတာမရနိုင်ပေ။

ယခုပင် သူက ထိုမျှကြောက်မက်ဖွယ်ရာဖြစ်နေလျှင် အနာဂတ်တွင် မည်သို့ရှိမည်နည်း။

ကျောက်စိမ်းပင်လယ်မြို့တော်အတွက် နေသူတော်စင်ဂိုဏ်းမှ ဟွမ်ကွမ်လီ၏ဖိအားက ကြီးမားလွန်းသည်။ ထို့ပြင် ကျောက်စိမ်းပင်လယ်မြို့တော်တွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းလည်း မရှိလေရာ ဝါဒတောင်မှ ယွမ်ကျန်းဖုန်းနှင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံက သူတို့အတွက်ရပ်တည်ပေးရန် လိုအပ်သည်။

ထို့ကြောင့် ဝါဒတောင်တိုက်ပွဲတွင် ယွမ်ကျန်းဖုန်း ကျဆုံးသွားမည်ကို သူတို့အနေဖြင့် လုံးဝ မတွေ့မြင်ချင်ခဲ့ပေ။

သို့သော် ရန်ကျောက်ကဲနှင့် သူ့ဖခင် ရန်တိတို့အပေါ်တွင်တော့ ကျောက်စိမ်းပင်လယ်မြို့တော်၏ အတွေးများက ရှုတ်ထွေးလှသည်။

ရန်တိက ကျင့်ကြံခြင်းအဆင့် မြင့်မားလေရာ ပေါ့ပေါ့ဆဆဖြင့် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် ရန်ကျောက်ကဲကတော့ ယခုမှ တက်သစ်စလူငယ်မျိုးဆက်တစ်ယောက် ဖြစ်၏။

ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် ရန်ကျောက်ကဲနှင့်ပတ်သက်ပြီး မည်သည့်ခံစားချက်မှ မရှိသော်လည်း သူသာ  ယနေ့ကျဆုံးသွားခဲ့လျှင် ဝါဒတောင်သို့ ဝမ်းနည်းသဝဏ်လွှာပေးပို့ရင်း စိတ်ထဲကြိတ်ပြီး ပျော်နေသူများ ရှိနေမည်လားဆိုသည်ကတော့ ပြောရခက်သည်။

လူတစ်ယောက် အလွန်တရာ ထူးချွန်ထက်မြက်သည်ကို ထုတ်ဖော်ပြသလိုက်ပါက ရန်သူများသာမက မဟာမိတ်များပါ စိတ်မသက်မသာ ခံစားကြရသည်။

အထူးသဖြင့် ဝါဒတောင်တိုက်ပွဲအပြီးတွင် ဝါဒတောင်အင်၏အင်အားက တဟုန်ထိုး မြင့်တက်လာသည်။ ဝါဒတောင်က ကျောက်စိမ်းပင်လယ်မြို့တော်ထက် တဖြည်းဖြည်းသာလွန်သွားလေရာ လူအများ၏စိတ်ထဲတွင်လည်း သိမ်မွေ့သည့်အပြောင်းအလဲများ ဖြစ်ပေါ်လာကြသည်။

မီးတောက်မိစ္ဆာများနှင့် တိုက်ပွဲမဖြစ်ခင်ကတည်းက ကျောက်စိမ်းပင်လယ်မြို့တော်တွင် ရန်ကျောက်ကဲအပေါ် ရှုတ်ထွေးသောခံစားချက်ရှိသူများ ဒုနှင်းဒေး ဖြစ်သည်။

သို့သော် ယခု ရန်ကျောက်ကဲက မီးတောက်မိစ္ဆာဘုရင်ကို အမှန်တကယ်မျှားခေါ်သွားကြောင်း တွေ့ရသည့်အခါ ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲများအားလုံး တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြသည်။

အကြီးအကဲ’ယွိ’ က စိတ်ထဲမှကြိတ်ပြီး သက်ပြင်းချလိုက်၏။

ရန်ကျောက်ကဲ အန္တရယ်ကိုရှောင်လွှဲကာ ထွက်ပြေးသွားလျှင်လည်း ဝါဒတောင်ကို ကျေးဇူးဆပ်ရာရောက်သည်ဟု သူက ယူဆခဲ့သည်။ အကြောင်းမှာ ဝါဒတောင်က ကျောက်စိမ်းပင်လယ်မြို့တော်မှလိုအပ်သော တစ္ဆေကျောက်တုံးကို ပေးအပ်ခဲ့သောကြောင့်ပင်။ ထိုပစ္စည်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ရန်ဖြစ်ကြောင်း လူတိုင်းသိရှိကြသည်။

ရန်ကျောက်ကဲက အသလွတ်အာချောင်သည်မဟုတ်ဘဲ သူပြောသည့်အတိုင်း မီးတောက်မိစ္ဆာဘုရင်ကို မျှားခေါ်သွားပြီး ကျောက်စိမ်းပင်လယ်မြို့တော်ကို အချိန်ဆွဲထားပေးမည်ဟု မည်သူထင်ပါမည်နည်း။

ကျောက်စိမ်းပင်လယ်မြို့တော်သာ ယနေ့တိုက်ပွဲတွင် အနိုင်ရခဲ့ပါက အားလုံးက ရန်ကျောက်ကဲကို ကျေးဇူးတင်ရပေမည်။

တစ္ဆေကျောက်တုံးပေးထားသည့်ကျေးဇူးကြွေးကို မဆပ်နိုင်ရုံသာမက ကျေးဇူးပင်ပိုကြီးလာမည် ဖြစ်သည်။

ထို့ကြောင့် အကြီးအကဲ’ယွိ’ နှင့် အခြားအကြီးအကဲများအားလုံး ပို၍ပင် စိတ်ရှုတ်ထွေးလာကြသည်။

သို့သော် ရန်ကျောက်ကဲအပေါ် မည်သို့ပင် သဘောထားကြပါစေ အကြီးအကဲ’ယွိ’ နှင့် ကျန်လူများအားလုံးက ရန်ကျောက်ကဲ အန္တရယ်ကင်းစွာ လွတ်မြောက်နိုင်ပါစေဟုသာ မျှော်လင့်ကြသည်။

“ခက်ခဲလွန်းပါတယ်”

ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲတစ်ယောက်က ရေရွတ်သည်။

“သိုင်းသူတော်စင်တစ်ယောက် ပစ်မှတ်ထားခံရရင် ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

အမှန်ပင်ဖြစ်သည်။

ကျားကို တောင်ပေါ်မှဆင်းလာရန် ဖြားယောင်းနိုင်သော်လည်း ထိုကျား၏ပြန်လည်ပစ်မှတ်ထားခြင်းကိုခံရပါက မည်သူက အသက်ရှင်လျှက် လွတ်မြောက်နိုင်ပါမည်နည်း။

***

အားဟူက ရန်ကျောက်ကဲကို မျက်နှာငယ်လေးဖြင့် ကြည့်လိုက်သည်။

“သခင်လေး... သခင်လေးက ကျောက်စိမ်းပင်လယ်မြို့တော်ကိုကယ်တင်ဖို့ တကယ်ပဲ စေတနာပရပွနဲ့ ကိုယ့်ကိုယ်ကိုယ် စတေးခံနေတာလား”

ရန်ကျောက်ကဲ၏လက်ချောင်းထက်မှ အနီရင့်ရောင်လက်စွပ်ကို အားဟူ မှတ်မိလေသည်။ ထိုလက်စွပ်က အရှေ့ထန်နိုင်ငံတွင် ရီကျင်းကို သတ်ဖြတ်ပြီးနောက် ရရှိထားသော လက်စွပ်ဖြစ်သည်။

ထိုလက်စွပ်က ဒဏ္ဍာရီထဲမှ မီးတောက်မိစ္ဆာဧကရာဇ်၏ အမွေအနှစ်ပစ္စည်းဖြစ်သည်။ မီးတောက်မိစ္ဆာဧကရာဇ်ဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်က မီးတောက်မိစ္ဆာများကိုအုပ်စိုးသော အထွတ်ထိပ်ဧကရာဇ်လည်းဖြစ်သလို ဘိုးဘေးလည်း ဖြစ်သည်။

ရန်ကျောက်ကဲက ပန်ပန်၏ ကျောပြင်ထက်မတ်တတ်ရပ်နေရင်း သူ၏ခြေချောင်းလေးများဖြင့် ပန်ပန်ကို ခပ်ဖွဖွ ပုတ်လိုက်၏။

ပန်ပန်က အသံမထွက်ဘဲ ပါးစပ်တစ်ချက်ဖြဲကာ အသံတိတ်ကြုံးဝါးဟန် ပြုလုပ်လိုက်သည်။ ထို့နောက် အနက်ရောင်ရေစီးကြောင်းများက သူ့ခန္ဓာကိုယ်ကိုလှည့်ပတ်လျှက် ပတ်ဝန်းကျင်ပင်လယ်ရေကို လွှမ်းခြုံသွားပြီး ကြီးမားသည့် ရေဝဲကြီးတစ်ခုဖြစ်ပေါ်စေကာ နောက်မှလိုက်လာသည့် မီးတောက်မိစ္ဆာအနည်းငယ်ကို မျက်ခြေဖြတ်လိုက်သည်။

ထို့နောက် သူက ရန်ကျောက်ကဲနှင့် အားဟူကို ခေါ်ဆောင်လျှက် ပင်လယ်ရေအောက်သို့ ဆင်းသက်သွားသည်။

ရန်ကျောက်ကဲက သူ၏ဘယ်ဘက်လက်တွင်ဝတ်ဆင်ထားသော အနီရင့်ရောင်လက်စွပ်ကိုချွတ်လိုက်ပြီး သေသေချာချာ သိမ်းဆည်းလိုက်သည်။

အဖျက်တရား ၊ ကပ်ဘေးရောင်ဝါနှင့် ကမ္ဘာပေါ်ရှိ သက်ရှိမှန်သမျှကို လောင်ကျွမ်းပစ်တော့မည့် ကြောက်မက်ဖွယ်ရာမီးတောက်သဏ္ဌန်များ ချက်ချင်း ပျောက်ကွယ်သွားသည်။

သို့သော် အဝေးတစ်နေရာမှ ကြောက်မက်ဖွယ်ရာရောင်ဝါတစ်ခုက သူတို့ထံသို့ လျှင်မြန်စွာချဉ်းကပ်လာကြေင်း ခံစားလိုက်ရသည်။

မီးတောက်မိစ္ဆာဘုရင်...။

ရန်ကျောက်ကဲ လက်စွပ်ကို သိမ်းဆည်းလိုက်သည်ကိုကြည့်ရင်း အားဟူက မနေနိုင်စွာ အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။

“သခင်လေး ၊ လက်စွပ်ကိုသိမ်းလိုက်ရင်တောင် အချိန်မမီတော့ဘူး မဟုတ်လား”

သူက ဆက်ပြောသည်။

“မီးတောက်မိစ္ဆာဘုရင်က သိုင်းသူတော်စင်အဆင့်နဲ့ ညီမျှတယ် ၊ ကျွန်တော်တို့က သူနဲ့ယှဉ်ရင် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလွန်းတော့ ကျွန်တော်တို့ရှိတဲ့နေရာကို သူ သေချာပေါက် အာရုံခံနိုင်မှာပဲ”

လက်စွပ်၏ရောင်ဝါ ပျောက်ကွယ်သွားသော်လည်း မီးတောက်မိစ္ဆာဘုရင်က လူ၏အငွေ့အသက်ကို အာရုံခံနိုင်စွမ်းရှိသည်။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

သူ့ပတ်ပတ်လည်တွင် ပင်လယ်ရေများသာ ရှိနေသည်။ သို့သော် ပင်လယ်ပြင်ကိုဖြတ်ကျော်ကာ သွေးနီရောင်မီးတောက်တစ်ခု သူတို့အနားချဉ်းကပ်လာသည်ကို အာရုံခံမိသည်။ ထိုမီးတောက်က သူ၏စိတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းတော့မည့်အလား ခံစားရစေသည်။

"အင်း... လက်စွပ်ကို သိမ်းလိုက်ရုံနဲ့တော့ မလုံလောက်ဘူး”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်းမှ ရေခဲစူးချွန်ကိုးခုကို ထုတ်ယူလိုက်သည်။

ရန်ကျောက်ကဲက သူ၏ကြယ်တာရာချီစွမ်းအားကို ထုတ်ဖော်ကာ ရေခဲစူးချွန်များကို ထိန်းချုပ်လိုက်သည်။ ထိုအခါ ရေခဲစူးချွန်ကိုးခုက ပင်လယ်ပြင်ထက် ပျံသန်းထွက်ခွာသွားပြီး ရန်ကျောက်ကဲတို့ (၃)ယောက်ကို ဝန်းရံလိုက်သည်။

ရေခဲစူးချွန်များကြားမှ အဖြူရောင်စီးကြောင်းများထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခုချိတ်ဆက်ကာ အဖြူရောင်အလင်းစက်ဝန်းတစ်ခု ဖြစ်တည်လာသည်။

ရန်ကျောက်ကဲ ၊ အားဟူနှင့် ပန်ပန်တို့က အဖြူရောင်စက်ဝန်းထဲတွင် ရှိနေပြီး ပတ်ဝန်းကျင်ပင်လယ်ရေပြင်ထဲတွင် ရေခဲအလွှာပါးတစ်ခုက သူတို့ကို ဖုံးလွှမ်းဝိုင်းပတ်သွားသည်။

အားဟူနှင့် ပန်ပန်က ပတ်ဝန်းကျင်ကို စူးစမ်းအကဲခတ်လိုက်ကြ၏။

အားဟူက...

“သခင်လေး... ဒါက...”

ရန်ကျောက်ကဲက သူ့နှုတ်ခမ်းရှေ့တွင် လက်ညှိုးကိုဖိကပ်ရင်း...

“အသံမထွက်နဲ့ ၊ ဘာစွမ်းအားမှမထုတ်နဲ့ ၊ မင်းရဲ့ ကြယ်တာရာချီစွမ်းအားကိုလည်း မလှုံ့ဆော်နဲ့ ၊ ဒီရေခဲစက်ဝန်းကို ပံ့ပိုးပေးထားတဲ့ ငါ့ရဲ့ကြယ်တာရာချီစွမ်းအားကလွဲလို့ တခြားစွမ်းအားအတက်အကျတွေ မဖြစ်စေနဲ့”

အားဟူ ခဏမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ပန်ပန်က သူ၏ခြေနှစ်‌ချောင်းကို ရှေ့သို့ဆန့်ထုတ်ကာ ပါးစပ်ကိုတင်းတင်းစေ့ပိတ်ထားပြီး ရန်ကျောက်ကဲစကားကို နားလည်ဟန် ခေါင်းညိတ်ပြသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ မပြုံးဘဲ မနေနိုင်ပေ။

ထို့နောက် ရန်ကျောက်ကဲက အပေါ်သို့ ခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက တည်ငြိမ်စွာ စူးစိုက်လျှက် ရှိသည်။

ရေခဲစက်ဝန်းသည် ပင်လယ်ရေအောက် လျှို့ဝှက်ရေစီးကြောင်းများနှင့်အတူ မျောပါသွားပြီး တဖြည်းဖြည်း ရွေ့လျားသွားသည်။

ထိုအချိန် ပင်လယ်ပြင်အထက် ကောင်းကင်ယံတစ်ခွင်လုံး မီးတောက်များဖုံးလွှမ်းသွားပြီး သွေးနီရောင်ပြောင်းလဲသွားသည်။

အဆုံးမရှိတောမီးတောက်များက ပင်လယ်ပြင်အထက် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ပင်လယ်ရေများ ပူနွေးလာပြီး ရေပြင်တစ်ခုလုံး ပွက်ပွက်ဆူလာကာ အငွေ့များပျံလာပြီး ရေအပူချိန်က အဆက်မပြတ် မြင့်တက်လာသည်။

ပင်လယ်ပြင်အထက် ကောင်းကင်ယံတွင် လူသားဦးခေါင်းနှင့် မြွေတစ်ကောင်ခန္ဓကိုယ်ရှိပြီး တစ်ကိုယ်လုံးမီးလျှံများ ဖုံးလွှမ်းနေသည့် မီးတောက်မိစ္ဆာတစ်ယောက်ပေါ်လာသည်။ သူ၏စွမ်းအားက ပင်လယ်ကို အရည်ကျိုပစ်တော့မည့်အလား ထင်မှတ်ရ၏။

ထိုသူမှာ ကျောက်စိမ်းပင်လယ်မြို့တော်မှ ထွက်ခွာလာသော “မီးတောက်မိစ္ဆာဘုရင်” ဖြစ်သည်။

သူ၏ ဒေါသပြည့်လျှမ်းနေသည့် အေးစက်သောမျက်ဝန်းများက ပင်လယ်အောက်ခြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

“ဧကရာဇ်ရဲ့ရောင်ဝါ ပျောက်ကွယ်သွားပြီ ၊  ဒါပေမဲ့ ကိစ္စမရှိဘူး ၊ မင်းကို ဖမ်းမိမှာပါ”

သူ့ထံမှ အေးစက်သောအငွေ့အသက်များထွက်ပေါ်လာပြီး ပြင်းထန်သောအာရုံခံစွမ်းအားများဖြင့် ပင်လယ်ပြင်နှင့် ပင်လယ်ရေအောက်နေရာများကို အဆက်မပြတ် အာရုံခံကာ ရှာဖွေနေသည်။

ပင်လယ်ရေက မီးတောက်မိစ္ဆာများ၏အာရုံခံနိုင်စွမ်းကို တားဆီးနိုင်စွမ်းရှိသည့်တိုင် မီးတောက်မိစ္ဆာဘုရင်တစ်ယောက်အနေဖြင့် ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တစ်ယောက်ကိုရှာဖွေရန် ခက်ခဲမည် မဟုတ်ပေ။

သို့သော် အချိန်အတန်ကြာပြီးနောက် မီးတောက်မိစ္ဆာဘုရင်၏ မျက်ဝန်းများမှ ဒေါသရိပ်များပျောက်ကွယ်သွားပြီး မယုံကြည်နိုင်ခြင်းများ ထင်ဟပ်လာသည်။

“ဘာလို့ မတွေ့တော့တာလဲ ၊ ငါ ဒီကို အမြန်ရောက်လာတာပဲ ၊ သူ ဝေးဝေးမပြေးနိုင်လောက်သေးဘူး”

“သူ ဒီမှာ မရှိဘူး ၊ ဒီမှာ မရှိဘူး ၊ ဒီမှာ မရှိတော့ဘူး... ဒါပေမဲ့ ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

All Chapters