← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

ကျန်းထျန် ကြီးကြီးလတ်လတ် ငါးကြင်း နှစ်ကောင်ကို ‌ဖမ်းကိုင်လိုက်သည်။ တစ်ကောင်မှာ ၄၀စင်တီမီတာရှည်ပြီး မြစ်အကြီးမှ ကူးဖြတ်၍‌ ရောက်လာခြင်းဖြစ်မည်။

ကုလျန်မင် ငါး ဘယ်လိုသတ်ရမည်ကို မသိပါ။ ထို့ကြောင့် ကုလျန်ရွှမ် ငါးကိုသတ်ပေးလိုက်သည်။

ကျန်းထျန် ငါးခေါင်းနှင့် အရိုးကို ညွှန်ပြလိုက်ပြီး "ဒါတွေကို ခုတ်ထစ်ပြီး ငါးအရိုးနဲ့တူတူ အိုးထဲထည့်၊ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်းထည့်ပြီး ‌နေ့ခင်းချက်ထားလိုက်ကြမယ်။ ညကျ ငါးခေါက်ဆွဲစွပ်ပြုတ်စားကြရင်ရော?"

ကုလျန်မင် လက်သုတ်နေရင်း သိချင်သွားသည်။ " အစ်မ ဘာလို့် အကုန်စားချင်နေရတာလဲ?"‌

ကျန်းထျန် ပြန်မေးလိုက်သ "ညီမလေးရော မစားချင်ဘူးလား?"

"စားမှာပေါ့။ ညီမ လုပ်နိုင်တာပဲကို ဘာလို့မစားရမှာလဲ?"

"ဒါပေါ့!" ကျန်းထျန် ၁၃ နှစ်အရွယ် မိန်းကလေးနှင့် စကားပြိုင်ပြောသည်ကိုနိုင်သွား၍ အလွန်ကျေနပ်သွားသည်။

ကျန်းထျန် မေးလိုက်သည်။ "ညီမ ငါးပါးပါးလှီးတတ်လား? ပိုပါးရင် ပိုနူးညံ့ပြီး ချက်ရလွယ်တယ်"

ကုလျန်မင် မျက်စောင်းထိုးလိုက်သည်။ "မပူပါနဲ့။ ညီမ အစ်မကို ပြာတွေ မစားခိုင်းပါဘူး!"

ကုလျန်မင် ငါးခေါင်းနှင့် အမြီးကို မြန်မြန်ခုတ်ထစ်လိုက်ပြီး ကျန်းထျန်ပြောသည်ကိုကြား၍ ကျန်းထျန်ကို လှည့်ကြည့်လိုက်သည်။ အခု ကျန်းထျန်အကုန်စားနိုင်သည်ကို သူမယုံသွားသည်။

ကျန်းထျန်အဖိုးမှာ စားသောက်ဆိုင်စားဖိုမှုးဖြစ်၍ သူမ သူမအဖိုးဟင်းချက်လက်ရာများကို စား၍ ကြီးပျင်းခဲ့ရသည်။ သို့သော် ကျန်းထျန် သူမအဖိုးဟင်းချက်လက်ရာကတော့ အမွေမရပါ။ အသင့်စားခေါက်ဆွဲလောက်သာ ပြုတ်တတ်သည်။

ကံကောင်းစွာ မူလကျန်းထျန်မှာလည်း ဟင်းချက်မကောင်း၍ ကျန်းထျန် အချိန်ကူးပြောင်းပြီးနောက် သူမ ဖုံးကွယ်ထားစရာ မလိုတော့ပါ။ သူမလည်း ဟင်းချက်မကောင်းပါ။

ကမ္ဘာမပျက်ခင် အသင့်စားခေါက်ဆွဲ ပေါင်မုန့်စား၍နေပြီး ကမ္ဘာပျက်ပြီးနောက် အစားအစာအတွက် ချေးများဖို့ အခြေအနေမပေး။ ကံကောင်းထောက်မစွာ သူတို့အဖွဲ့တွင် ကမ္ဘာမပျက်ခင်ကပင် စားဖိုမှုးဖြစ်ခဲ့သူပါသည်။

အခြေ‌အနေငြိမ်ရင် သူတို့အဖွဲ့ ရှိသည့်ပစ္စည်းများနှင့် အရသာရှိသောစားစရာများ လုပ်စားကြသည်။ ကျန်းထျန်၏ ထူးခြားသော စွမ်းအားကြောင့် အဖွဲ့သားများကလည်း အစားအစာနှင့် ပတ်သက်လျှင် ကျန်းထျန်ကို မတွန့်တိုပါ။ နှစ်တွေအများကြီး စားဖိုမှုးလက်ရာများသာ စားဖြစ်သောကြောင့် သူမ အစားအ‌သောက်ကောင်းမှ နေတတ်သည်လား!!!

သူမနေရာလွတ်တွင် ပေါက်စီ အသားနှပ် ဆားငံဘဲဥ အစရှိသော၊ ပြီးတော့ ထိုစားဖိုမှုးထည့်ထားသော ထူးခြားသည့် နို့လက်ဖက်ရည် ရှိသည်။ ထို့ကြောင့် သူမ အခုခေတ် ပစ္စည်းရှားသည့်ခေတ်တွင် သူမ နေဖို့ စိုးရိမ်စရာမလိုပါ။ သူမ ဆိုင်အသေးလေးတောင် ဖွင့်၍ ရသည်။

ကုလျန်မင် ဓါးကိုင်ပုံက သူမပြောသလို လက်ရာမြောက်သည်။ သူမ ဓါးကို ငါးခေါင်းမှစ၍ ဒေါင်လိုက်ခွဲလာရာ အမြီးရောက်သောအခါ ငါးမှာ သေသေသပ်သပ်လေး တစ်ခြမ်းပိုင်းသွားသည်။

ကျန်းထျန် ချီးကျူးလိုက်သည်။ "မိုက်လိုက်တာ!"ကုလျန်မင် ၁၃ နှစ်ကတည်းက ဒီလိုဟင်းချက်လက်ရာကောင်းသည်။ သူမနှင့် မူလပိုင်ရှင်ဆိုလျှင် ၁၃နှစ်မှာ အသင့်စား၍ ရသည်များကိုစားပြီး အခုထိလည်း ဟင်းချက်လေ့မရှိပါ။

ကုလျန်မင် သူမမေးကို မော့လိုက်ပြီး နှုတ်ခမ်းများ မြောက်တက်သွားသည်။ "သာမန်ပါပဲ!" သူမ ဟင်းချက် လေ့လာရသည်ကို သဘောကျသည် ချက်နေရင်း ဆားပမာဏကို ထိန်းပြီး၊ဘယ်လောက်ကြာကြာ အချိန်ယူရသလဲ၊ ဘယ်အချိန်မှာ စားလို့ရသလဲကို စိတ်ဝင်စားသည်။

နောက်ဆုံး သူမ သဘောတွေ့သည့် အစားအစာ အိုးမှ ထွက်လာသည်။ လူတစ်ကိုယ်လုံး ပျော်ရွှင်သွားကာ ပြဿနာများကိုလည်း မေ့သွားသည်။ ပြီးတော့ ချက်သည့်လူက အရင် မြည်းစမ်းရသည်။ အရသာနှင့် ပတ်သက်လျှင် ဟင်းချက်သည့်သူများသာ သဘောပေါက်သည့်အရာ ရှိသည်။

ထိုသည်မှာ အရသာမြည်းခြင်းဆိုပြီး အစားအစာများကိုအရင် စားရခြင်းဖြစ်သည် အသားချက်လျှင် အသားကိုအရင်စားရသည်။ တခြားသူတွေထက် အသားပိုစားရသည်။ ကုလျန်မင် ထိုသို့တွေးပြီး ဟင်းချက်ရသည်ကအလွန် ပျော်စရာကောင်းသည်ဟု ထင်သည်။

သူမကို အရင်က အနိုင်ကျင့်ဖူးသော ယောင်းမရှေ့တွင် ကုလျန်မင် သူမ၏ ဓါးကိုင်ကျွမ်းကျင်ပုံများကို ၃၆၀ဒီဂရီလှည့်၍ ပြလိုက်ပြီး ငါးကို အစိမ်းပင်စား၍ရသောအထိ ပါးပါးလေးဖြစ်အောင် လှီးပြလိုက်သည်။

ခြံထဲတွင် ဝါးခြင်းရက်နေသော ကုလျန်ရွှမ် မီးဖိုချောင်မှ ခုတ်ထစ်သံများကိုကြား၍ ကုလျန်မင် စိတ်ပျော်နေမှန်းသဘောပေါက်လိုက်ပြီး ဝှီးချဲကိုတွန်း၍ သွားကြည့်လိုက်သည်။

ကျန်းထျန်နှင့် ကုလျန်မင် တစ်ခုခုအကြောင်းပြောနေပြီး ကျန်းထျန်က ပြုံးနေကာ ရှောင်းမင်၏ မျက်လုံးများမှာ အရောင်တောက်နေသည်။ အရင်က ကျန်းထျန် သူတို့မိသားစုကို စေ့စေ့ပင်မကြည့်ပါ။ ထို့ကြောင့် ရှောင်းမင်နှင့်ရင်းနှီးရန်မှာ မဖြစ်နိုင်ချေ။ ကုလျန်ရွှမ် ဒီကျန်းထျန်က တော်တော်ကွဲပြားသည်ဟုတွေးမိသည်။ သူမ ကုမိသားစုကို မုန်းတီးတာမျိုး မရှိဘဲ အရောဝင်နိုင်သဖြင့် တော်သေးသည်။

မူလကျန်းထျန်နှင့် ပတ်သက်နေမည်လား?

ကျန်းထျန်က ပညာတတ်လူငယ် ကျောင်းရွှယ်မင်းနှင့် သစ်တောထဲတွင် ချွီကျန်းခရိုင်ကို ရထားနှင့် ထွက်ခွာဖို့တိုင်ပင်ထားသည်။ ကုအိမ်မှ ထွက်ကာ ယွမ်၂၀၀ကျော်လည်း ယူသွားပြီး သူမတကယ် ဒီနေရာကိုမုန်းပြီး ပြန်လာရန် အစီအစဥ်ရှိမည့်ပုံမပေါ်။

ကံကောင်းစွာ အခုကျန်းထျန်က မူလကျန်းထျန်နှင့် မတူပါ။ ကုတစ်မိသားစုလုံးကလည်း ဤကျန်းထျန်ကို ပိုသဘောကျကြသည်။

ခဏကြည့်ပြီးနောက် ကုလျန်ရွှမ် ဝှီးချဲကို ပြန်တွန်းလိုက်ပြီး ဝါးခြင်းဆက်ရက်နေလိုက်သည်။

မီးဖိုချောင်တွင် ကျန်းထျန်က ကုလျန်မင်ကို ငါးအချဥ်လုပ်နည်း ပြောပြ‌ပြီး သံအိုးကိုထုတ်လိုက်ကာ ရေတစ်ခွက် လောင်းထည့်လိုက်သည်။ "ညီမလေး နားလည်လား? လုပ်နိုင်လား?"

" ဒါပေါ့!" ကုလျန်မင် ခေါင်းညိတ်လိုက်ပြီး သူမကို အထင်သေးတာလားဟူသော မျက်နှာအမူအရာနှင့် ကျန်းထျန်ကို ပြန်ကြည့်လိုက်သည်။ "တစ်ခုပဲ"ကုလျန်မင် တုံ့ဆိုင်းနေပြီး" ဥတစ်လုံးသုံးတာ ဖြုန်းတီးသလို ဖြစ်နေမလား?"

" ဖြုန်းတီးတာ မဟုတ်ပါဘူး!" ကျန်းထျန် ဖြောင့်ဖျလိုက်သည်။ "စဥ်းစားကြည့် ငါးချက်တဲ့ အထဲထည့်လိုက်လည်း ဥက ဥပဲ။ အဆိုးဆုံးဆိုရင်တောင် အရည်သောက်လို့ရတယ်။ ပန်ကိတ်နဲ့ စားလို့လည်းရတယ်"

"ဟုတ်ပါပြီ။ ဒါဆို ညီမ ထပ်သတိထားရမှာ ရှိသေးလား?"ကုလျန်မင် ဒီတစ်ချက်ကို မှတ်ထားလိုက်သည်။ ကျန်းထျန်က ကြက်ဥအကာသာသုံးရမည် အနှစ်ကိုဘဲဥနှင့်ရော၍ ကြော်မည်ဟုပြောသည်။

"အိမ်မှာ ဝိုင်ရှိလား?ဘာဝိုင်ဖြစ်ဖြစ်ရတယ်?" ကျန်းထျန် ထပ်မေးလိုက်သည်။ "ဝိုင်က ငါးညှီနံ့ကို ဖျောက်နိုင်တယ်။ တစ်စက်ချရင်တောင် အ‌ဆင်ပြေတယ်"

"ရှိတယ်။ ဦးလေး မိသားစုပေးထားတဲ့ ဝိုင်အဖြူရှိတယ်" ကုလျန်မင် မီးဖိုချောင် အပြင်ဘက်ကိုကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။ "အဲ့ဒါက အမေ့အခန်းထဲမှာ။ အကိုအကြီးဆုံး ဘယ်နေရာထားလဲ သိလောက်တယ်"

အစားအစာက အခုခေတ်တွင် အလွန်စျေးကြီးသည်။ လူတွေက စားဖို့ပင်မလောက်ချေ။ ဝိုင်လုပ်ဖို့ ဘယ်လောက်ကုန်လိုက်မလဲ။ စျေးတွင်လည်း ရရန်မလွယ်ပေ။

ကုလျန်မင် ပန်းကန်လုံးကို ထောင့်မှာ ထားလိုက်ပြီး အချဥ်ဘူးကိုဖွင့်ကာ ဂေါ်ဖီချဥ် အရွက်စိမ်းအချဥ်တို့ကို ထုတ်လိုက်ပြီး "လောက်ပြီလား"ဟု မေးလိုက်သည်။

ကျန်းထျန် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည် "လော‌က်ပြီ လောက်ပြီ။ အများကြီးဆိုရင် ငါးအသားလွှာ ပျောက်သွားလိမ့်မယ်" အချဥ်စိမ်အများကြီးထည့်လိုက်လျှင် စားသောက်ဆိုင်တွေကကဲ့သို့ အပေါ်အလွှာလေးသာ ငါးအသားလွှာဖြစ်ပြီး အောက်ပိုင်း အကုန်လုံးက အချဥ်စိမ်ဖြစ်လိမ့်မည်။

ကျန်းထျန် ပြောသည်ကိုကြားပြီး ကုလျန်မင် ၂ခါ၃ခါ ထပ်ယူလိုက်သည် "ဘယ်မှာ လောက်လို့လဲ? အကိုအကြီးဆုံး တစ်ယောက်တည်း စားဖို့တောင်မလောက်ဘူး။ အချဥ်စိမ်များများထည့်ပြီး ပန်ကိတ်နဲ့စားမှရမယ်"

ကျန်းထျန် ထိုစကားများကိုကြား၍ နားလည်လိုက်သည်။ မနေ့ညက အသားနှပ်အိုးကြီးနှင့် အရွက်ကြော်အများကြီးကိုတောင် ပြောင်သွားသည်အထိ စားကြသည်။ အိုးထဲစွပ်ပြုတ်အရည်တောင် ညီအစ်ကိုနှစ်ယောက် ပန်ကိတ်နှစ်စားလိုက်ကြသည်။ တကယ်ပင် စားနိုင်ကြသည်။

အဓိကအချက်က ညီအစ်ကိုနှစ်ယောက်အပြင် ရွှီကျင်းဖန်နှင့် ကုလျန်မင်လည်း စားနိုင်ခြင်းဖြစ်သည်။ ကုလျန်မင် ညက ပန်ကိတ် ၇ခုစားသည်။ ပန်ကိတ်များမှာ သူမလက်ဖဝါးထက် ၂ဆပိုကြီးသည်။ ကုလျန်ရွှမ်နှင့် ကုလျန်ရုန်ညီအကိုနှစ်ယောက် အိုးထဲက ပန်ကိတ်များကို ထပ်စားကြသည်။ ရွှီကျင်းဖန်သာ ဘေးက ကြည့်မနေဘူးဆိုလျှင် ပန်ကိတ်လုပ်သည့်အိုးပင် ပျက်စီးနိုင်သည်။

"ဒါဆို ဘဲဥ၂လုံး ပိုကြော်လိုက်" ကျန်းထျန် တွက်ကြည့်လိုက်ပြီး သူမ ဒီမိသားစုနှင့်ဆိုလျှင် ဟင်းမစားလိုက်ရမည်ကိုစိုးရိမ်သည်။

ကုလျန်မင် တွေး၍ ရေခပ်ရန်သွားကာ ခဏတုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။ "အမေက မွန်းတည့်ကျရင်တတိယ အစ်ကိုကို ငါး၂ကောင်နဲ့ ဘဲဥ၂လုံး ၈ခုမြောက်အဖွဲ့ကဦးလေးဆီ ပို့ပေးဖို့မှာထားတယ်"

သူမပြောပြီးနောက် ကျန်းထျန် မြန်မြန်လှည့်ကြည့်လိုက်သည်။ ငါးနှင့် ဘဲဥက ကျန်းထျန် ယူလာသည်ဖြစ်သည်။ သူမအမေကတော့ ကျန်းထျန်က ရက်ရောသည်ပြောသည်။ သူမအမေ နေ့လည်အိမ်ပြန်လာမှ ကျန်းထျန်ကို အသိပေးလိုက်မည်ဟု ပြောပေမယ့် သူမ သိသလောက် ကျန်းထျန်က မရက်ရောပါ။ ကုမိသားစုကိုတောင် စေတနာမရှိသူဖြစ်၍ ပေးကမ်းရန်ဆိုသည်မှာ ပိုဆိုးသည်။

"ဒါဆိုလည်း တစ်ဝက်ကို ဦးလေးကို ပေးလိုက်လေ။ ကျန်တာ နေ့လည်စာစားဖို့ ကြော်ကြမယ်" ကျန်းထျန် တစ်ခုခုမှားသည်ဟု မထင်ပါ။ အမျိုးတွေကို မသိသော်လည်း ကုလျန်မင် ပြောသော ဦးလေးမှာ ရွှီကျင်းဖန်၏ အစ်ကိုဖြစ်မည်။ ပေးသည်က ဖြစ်သင့်သည်။ အိမ်မှာလည်း အလုံအလောက်ရှိသည်။ ကုန်သွားလျှင်တောင် သူမမှာ နေရာလွတ်ရှိသည်။

ကုလျန်မင် အံ့သြသွားပြီး ကျန်းထျန်ကို မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် ကြည့်လေသည်။ "အစ်မက သဘောတူတယ်?"ကျန်းထျန်က တကယ် သဘောတူသည်လား? ကုလျန်းမင် အံ့အားသင့်ပြီး ကျန်းထျန်က ဦးလေးအိမ် ပစ္စည်းပို့သည်ကို သဘောတူသည်ကို မယုံနိုင်ချေ? သူမတကယ်ပဲ ကျန်းထျန်ကို အထင်လွဲခဲ့တာလား? ကျန်းထျန်က သူမအမေပြောသလို ရက်ရောသည့်သူလား? သူမဘာလို့ မယုံနိုင်ရတာလဲ?

ကျန်းထျန် မီးဖိုချောင်က လေးထောင့်စားပွဲပေါ်တွင် မေးတင်ထောက်ထားပြီး ကုလျန်မင် ဘာကြောင့် လန့်သွားသည်ကို နားမလည်ပေ။ "ဘာလို့ သဘောမတူရမှာလဲ? အိမ်မှာ ငါးတွေ အများကြီးရှိတာ။ မစားဘူးဆိုရင် အလေအလွင့်ဖြစ်မှာပေါ့။ ၂လုံးတည်းက နည်းပါတယ်။ ပိုပေးလိုက်ပါ။ အချင်းချင်း ဝေမျှရမှာပေါ့"

ကုလျန်မင် - "...ဒါဆို ညီမ အမေကို အမပြောချင်တဲ့အတိုင်းပြောလိုက်ပါ့မယ်" သူမပြောလိုက်ပြီး မီးဖိုချောင်အပြင်ဘက်ကနေကို ကြည့်ကာ ဒီနေ့နေသာပြီး နေကလည်း အရှေ့ဘက်မှထွက်သည်။ ကျန်းထျန်က ခုရုတ်တရက်ကြီး ဒီလို ....သူမ အဆင်ပြေရဲ့လား???

ကုလျန်မင် အချဥ်စိမ်ကိုဆေးနေရင်း သူမ အတွေးများနေသည်။ ကျန်းထျန် သူမ အစ်ကိုအကြီးဆုံးဆီ ဝိုင်သွားယူမည်ဟုပြောသည်ကိုပင် ခေါင်းသာညိတ်ပြလိုက်ပြီးပြန်သတိမဝင်သေးပါ။

ကျန်းထျန် ခြံထဲကြည့်လိုက်သောအခါ ကုလျန်ရွှမ်ကို အရှေ့ခေါင်းမိုးအောက်မှာ တွေ့လိုက်သည်။ သူမသွားလိုက်ပြီး မေးလိုက်သည်။ "ကုလျန်ရွှမ်၊ ရှင် အမေ ဝိုင်ထားတဲ့နေရာသိတယ်လို့ ရှောင်းမင်ကပြောတယ်။ အဲ့ဒါ ကျွန်မ လာမေးကြည့်တာ"

ကုလျန်ရွှမ် ခေါင်းငုံံ့ကာ ဝါးခြင်းများကို ရက်နေသည်။ ဝါးခြင်းများမှာ စျေးသိပ်မရှိလှ။ ဝါးခြင်းတစ်ပုံကိုမှ ဆင့်အနည်းငယ် ရသည်။ အခု သူက ခြေထောက်အဆင်မပြေသဖြင့် သူနည်းနည်းလောက်ဖြစ်ဖြစ် အိမ်ကို ပြန်ကြည့်ရှုချင်၍သာ။

ကျန်းထျန်ပြောသည်ကိုကြားပြီး ကုလျန်ရွှမ် ခေါင်းမော့ကာ မေးလိုက်သည်။ "ဝိုင်?"

"အဲ့ဒါက... ငါးညှီနံ့ပျောက်အောင် နှစ်စက်လောက်ချချင်လို့" ကျန်းထျန် အလျင်အမြန် ရှင်းပြလိုက်သည်။ တကယ်က သူမ နေရာလွတ်တွင် ဝိုင်ဖြူရော ဝိုင်နီရော ရှိသည်။ သူမ အခုထုတ်ရန် အဆင်မပြေသေးသောကြောင့်သာ။

ကုလျန်ရွှမ် နားလည်စွာ ခေါင်းညိတ်လိုက်သည်။ "ပင်မအခန်းက ဘီဒိုရဲ့ ပထမအဆင့်မှာ။ ကိုယ်တို့အခန်းစားပွဲ ဘယ်ဘက်အံဆွဲထဲက စာအိတ်မှာ သော့ရှိတယ်"

ကျန်းထျန် - "...."သော့ကို စာအိတ်ထဲမှာ သိမ်းသည်။ ယခုခေတ်လူများသာ ဤအကြံရသည်ဖြစ်မည်။

"ဒါဆို ကျွန်မ သွားယူလိုက်ရမလား?" ကျန်းထျန် အရှေ့ ပထမဆုံးအခန်းကို ညွှန်ပြရင်း မေးလိုက်သည်။

ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ သွားယူလိုက်လေ" သူ ကျန်းထျန် မည်သည်ကို စိုးရိမ်သည်ကို သိသည်။ ‌မနေ့က သူမက သေတ္တာထဲက ငွေကို ယူသွားသည်။ သူ ညက အခန်းပြန်ပြီး သေတ္တာကို ကြည့်သောအခါ ငွေများ ပြန်ရောက်နေသည်ကို တွေ့လိုက်သည်။ သူမ ဘယ်အချိန် ပြန်ထားလိုက်မှန်း မသိပါ။

ကျန်းထျန် မနေ့ညက ငါးများဖမ်းမိပြီး မိသားစု အနောက်ခြံ၌ စုဝေးနေချိန် သူမ ရေချိုးရန်ဆိုသည့် အ‌ကြောင်းပြချက်နှင့် အရှေ့ခြံသွားပြီး တိတ်တိတ်လေးပြန်ထားခဲ့ခြင်းဖြစ်သည်။

ဝယ်ခဲ့သည့် ပစ္စည်းများအတွက် ကုန်ကျငွေအနေနှင့် သူမ လက်မှတ်အနည်းငယ်နှင့် ငွေလက်မှတ်ယူထားလိုက်သည်။

ကျန်းထျန် အံဆွဲထဲတွင် သော့ကို ရှာတွေ့ပြီးနောက် ပင်မအခန်းက ဘီဒိုကို သွား၍ ဝိုင်အဖြူကို ထုတ်လိုက်သည်။ ဝိုင်အဖြူကို ဘူးသီးခြောက်ထဲတွင် ထည့်ထားသည်။ အရည်အသွေးကောင်းပြီး သူမ နေရာလွတ်ထဲက ယွမ်ထောင်ချီသောင်းချီ‌ပေးရသော နာမည်ကြီးဝိုင်တွေထက်ပင် ပိုမွှေးသည်။ တကယ့်ကို ဆန်ကောင်းနှင့် ချက်ထားသည်ဖြစ်မည်။

‌

အငွေ့ပျံမည်စိုး၍ ကျန်းထျန် အဖုံးမြန်မြန် ပြန်ဖုံးပြီး မီးဖိုချောင်သို့ သယ်သွားလိုက်သည်။

All Chapters