အခန်း (၁၄)
Vol. 2 Ch. 14
နေ့လည်စာ စားအလုပ်နားချိန်မှာ အလွန်တိုတောင်းသည်။ ၆ခုမြောက်အဖွဲ့မှ ၈ခုမြောက်အဖွဲ့သို့ သွားရာတွင် အလုပ်ချိန်မီစေရန် အနောက်ကတောင်ကို ဖြတ်၍သွားရသည်။ ကုလျန်ရုန် စားစရာများချပြီးသည်နှင့် ဗိုက်ပြည့်ရန် တစ်လုတ်ပြီး တစ်လုတ် မြန်မြန်စားလိုက်ပြီး ပန်ကိတ်၂ခုစားကာ ငါး၅ကောင်၊ ဘဲဥ၆လုံးပါသော ခြင်းကိုယူ၍ ထွက်သွားလိုက်သည်။
ရွှီကျင်းဖန် တံခါးဝထိလိုက်ပို့ပြီး မှာလိုက်သည်။ "ရှောင်းမင်က မင်းကို ငါးအချဥ်စိမ်လုပ်နည်းပြောပြထားတယ်မလား။ မင်းဝမ်းကွဲကို ပြောပြီး မင်းဦးလေးအတွက် လုပ်ပေးခိုင်းဖို့ ပြောလိုက်ဦး"
ငါး အချဥ်စိမ်ကို အိုးကြီးထဲတွင် ချဥ်ချဥ်စပ်စပ် အရသာရှိရှိလုပ်ထားပြီး မိသားစုဝင်များသောအိမ်စားရန် သင့်တော်သည်။
"လမ်းသွားရင် သတိထားသွား။ လမ်းပိတ်ရပ်နေတဲ့လူတွေကိုလည်း အဖတ်မလုပ်နဲ့။ အမေ သားဖို့ ဟင်းတွေချန်ထားပေးတယ်။ ဦးလေးအိမ်မှာ စားမနေနဲ့ဦးနော်"
အခုချိန်တွင် မိသားစုတိုင်း စားစရာရှားပါးသည်။ ပြီးတော့ ကုလျန်ရုန်စားနိုင်သည့် ပမာဏကိုလည်းသိ၍ ရွှီကျင်းဖန် သူမအကိုအိမ်တွင် ကုလျန်ရုန်ကို မစားခိုင်းရဲပါ။
"ကျွန်တော် နားလည်ပါတယ် အမေ။ အမေ ကျွန်တော့်အတွက် ဘဲဥလည်း ချန်ထားပေးဦးနော်" ကုလျန်ရုန် ပန်ကိတ်ကို တစ်ကိုက်် ကိုက်လိုက်ပြီး ဝါးကာ သူလက်ကို ဝေ့ရမ်းနှုတ်ဆက်ပြီး အနောက်ဘက်သို့ ဦးတည်သွားလိုက်သည်။
"အမေမှတ်မိတယ်၊ သားဖို့ ချန်ထားပေးမယ်" ရွှီကျင်းဖန် ကုလျန်ရုန် ထွက်သွားသည့်ကျောကိုကြည့်ရင်း သူ့ကို မမြင်ရတော့မှ တံခါးပိတ်၍ နေ့လည်စာစားရန် ပင်မအခန်းသို့ သွားလိုက်သည်။
ရွှီကျင်းဖန်ထိုင်လိုက်၍ တူကိုကိုင်လိုက်ပြီးနောက် ကျန်းထျန်ကို ပြောလိုက်သည်။ "ထျန်ထျန်၊ အမေ နောက်ရက်အနည်းငယ်လောက် အလုပ်လုပ်စရာရှိသေးတယ်။ အမေ ပြီးရင်တော့ ခဏအားတယ်။ အမေနဲ့ အဖွဲ့သားတွေ နားရက် ယူမှာ။ မြို့က သမီးမိဘတွေဆီ ငါးနဲ့ ဥတွေ ယူပြီး သွားလည်ကြမယ်"
"သမီးနဲ့ လျန်ရွှမ်က လက်ထပ်ထားတာကြာပြီ။ သမီး အိမ်ပြန်ရတာ အကြိမ်ဘယ်လောက်မှမရှိသေးဘူး။ အမေတို့အိမ်မှာ ပစ္စည်းများများစားစားတော့မရှိပါဘူး။ လယ်ကွက်ထဲက ပြောင်းဖူးရင့်ရင် ခြင်းတစ်လုံးအပြည့်ခူးပြီး သမီးမိဘတွေဆီ ပို့ကြမယ်"
ကျန်းထျန် ခေါင်းသာညိတ်ပြလိုက်သည်။ မူလပိုင်ရှင်နှင့် သူမမိဘများ ဆက်ဆံရေးမှာ မကောင်းပါ။ ဆိုးရွားလှသည်ဟု မဆိုနိုင်သော်လည်း သာမန်မျှသာဖြစ်သည်။ မုန်းတီးခြင်း အငြိုးအတေးများတော့ မရှိပေမယ့် မရင်းနှီးပါ။ သာမန်ဆွေမျိုးများကဲ့သို့သာဖြစ်ပြီး မိဘနှင့် သားသမီးဆက်ဆံရေးမျိုးတော့ မဟုတ်ပါ။
အဓိက အကြောင်းပြချက်မှာ ကျန်းထျန်က ကလေးဘဝတည်းက အဘိုးအဘွားများနှင့် နေခဲ့ရပြီး အဖေအမေနှင့် မနေရပေ။ နောက်ပိုင်း သူမမိဘများက ကလေးများထပ်မွေးသဖြင့် ထိုကလေးများကိုသာ ဂရုစိုက်ပြီး အလုပ်ရှုပ်နေသည်။
မူလပိုင်ရှင်က အဘိုးအဘွားဆီတွင်သာ ကောင်းကောင်းစားသောက်နိုင်သည်ဟုတွေးပြီး သူမမိဘများ သူမကို မစိုးရိမ်ချေ။
ခုခေတ်တွင် မိသားစုတိုင်း ကလေးများကို ထိုသို့ပျိုးထောင်သည်။ အမျိုးတစ်ယောက်ယောက်ကို အကူအညီတောင်းလေ့ရှိကြသည်။
မူလပိုင်ရှင်၏ အဘိုးအဘွားများ အသက်ရှိစဥ် သူမနှင့် မိဘများ ညီအကိုမောင်နှမများဆက်ဆံရေးက အဆင်ပြေသည်။ သို့သော် သူမအဘိုးအဘွားများဆုံးပါးပြီးနောက် အိမ်ကို အဖွဲ့အစည်းက ပြန်သိမ်းသွားပြီး သူမနှင့် ပိုရင်းနှီးရန် သူမမိဘများက အိမ်သို့ ပြန်ခေါ်သွားသည်။
မူလကျန််းထျန်မှာ မိသားစုတွင် တတိယမြောက်ဖြစ်သည်။ အထက်တွင် အစ်ကို၂ယောက်ရှိပြီး အောက်တွင် စတုတ္ထမြောက်မောင် ပဥ္စမမြောက်ညီမ ဆဌမမြောက်မောင်ရှိကာ ကုမိသားစုကဲ့သို့ မောင်နှမ ၆ယောက်ဖြစ်သည်။
ကျန်းမိသားစုအိမ်မှာ ကိုယ်တိုင်ဆောက်ထားခြင်းဖြစ်ကာ မြို့က လူနေထူထပ်၍ နေရာက ကျဥ်းသည်။ ထို့ကြောင့် သူတို့အိမ်မှာ ကျေးရွာက ကုအိမ်လောက် မကောင်းပါ။
မိဘများက ပင်မအခန်းတွင် နေပြီး အလယ်မှာ စားရန်နှင့် ဧည့်သည်များ ဧည့်ခံရန်နေရာဖြစ်သည်။ ပင်မအခန်းက ကျန်သော အခန်းတွင် ကျန်းထျန် အစ်ကိုအကြီးဆုံးနေသည်။
အရှေ့အခန််းတစ်ခန်းကို ဒုတိယမြောက်အကိုကို ပေးထားပြီး နောက်တစ်ခန်းကို စတုတ္ထမြောက်မောင်နှင့် ဆဌမမြောက်မောင်ကို ပေးထားသည်။ အနောက်အခန်းတစ်ခန်းကို ပဥ္စမမြောက်ညီမကို ပေးထားပြီး ကျန်အနောက်အခန်းကို မီးဖိုချောင်နှင့် သိုလှောင်ခန်းအဖြစ်သုံးသည်။
အခန်းများပိုင်ဆိုင်မှုကို သေချာခွဲခြားထားသည်။ နောက် ကျန်းထျန် အစ်ကိုအကြီးဆုံးနှင့် ဒုတိယမြောက်အကို အိမ်ထောင်ကျ၍ ကလေးများရပြီးနောက် သေချာပေါက် အိမ်ကျဥ်းကျဥ်းလေးတွင်နေရသည်မှာ အဆင်မပြေပါ။
ကျန်းထျန် ကျန်းအိမ်ပြန်ရောက်သောအခါ အဆင်မပြေပါ။ သို့သော် သူမတွင်တစ်ခြားသွားစရာနေရာမရှိပါ။ သူမအမေက သူမကို ပဥ္စမမြောက်ညီမနှင့် အခန်းမျှသုံးစေသည်။
ယောင်းမ၂ယောက်မှာ အိမ်ပြန်ရောက်လာသော ကျန်းထျန်ကို ကြည့်မရကြ။
မူလပိုင်ရှင်၏ အဘိုးအဘွား၂ဦးစလုံးမှာ အလုပ်သမားများဖြစ်သည်။ အဘိုးမှာ အစိုးရပိုင်စားသောက်ဆိုင်မှ စားဖိုမှုးဖြစ်ပြီး အဘွားမှာ အထည်အလိပ်စက်ရုံမှ အလုပ်သမားဖြစ်သည်။ နောက် အဘွားအလုပ်ကို ကျန်းထျန်အကိုအကြီးဆုံး လက်လွှဲယူပြီး အဘိုးအလုပ်ကို ဒုတိယ အစ်ကိုကို ပေးသည်။
အဘွားက ကျန်းထျန် ကုအိမ်ရောက်ပြီး ဒုက္ခရောက်မည်စိုး၍ သူမ စုဆောင်းထားသည်အားလုံးကို ကျန်းထျန်ကို ပေးခဲ့သည်။
ထိုအကြောင်းကြောင့် အဘိုးအဘွားဆီက ငွေများနှင့် အိမ်တစ်လုံးဝယ်ချင်သော ကျန်းထျန်မိဘများမှာ ကျန်းထျန်ကို အာဃာတထားသည်။
သူမနှင့် အခန်းတူတူသုံးရသော ပဥ္စမမြောက်ညီမမှာ ကျန်းထျန် မလာခင်က အိမ်တွင် တစ်ဦးတည်းသော မိန်းကလေးဖြစ်၍ ငယ်စဥ်ကတည်းက မိသားစု၏ အလိုလိုက်ခြင်းခံရသဖြင့် ကျန်းထျန်ရောက်လာသောအခါ သူမနေရာကို ကျန်းထျန်ကလုမည်ဟုတွေးသည်။ ထို့အပြင် ယောင်းမ၂ယောက် မြောက်ပေးမှုကြောင့် ကျန်းထျန်ဆီမှ ငွေတောင်းကာ ကျန်းထျန်းက ငြင်းလိုက်သဖြင့် ကျန်းထျန်ကို ပိုကြည့်မရပေ။ ကျန်းထျန််ကို အမြဲအပြစ်မြင်သည်။
ကျန်းထျန် ကျန်းအိမ်တွင် နှစ်ဝက်ကျော်နေခဲ့စဥ် သူမအပြင်လူတစ်ယောက်ကဲ့သို့သာ ခံစားရပြီး သူမ၏ နဂိုနူးညံ့သော အကျင့်စရိုက်က တဖြည်းဖြည်း အေးစက်မာကျောသွားသည်။
နောက် ကျန်းထျန်နှင့် ကုလျန်ရွှမ် ထိမ်းမြားရန်ဆွေးနွေးသောအခါ ကျန်းအဖေနှင့်ကျန်းအမေ ကျန်းထျန်ကို အကြောင်းပြချက်မရှိဘဲ ယွမ်၂၀ထုတ်ပေးသည်။
ကျန်းထျန် ငါးအသားလွှာကို တစ်ကိုက်ကိုက်ရင်း ထိုယွမ်၂၀မှာ မူလပိုင်ရှင်အတွက် ခန်းဝင်ငွေဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
စျေးကွက်စျေးနှုန်းအရ ယွမ်၂၀မှာ ကျေးရွာအတွက်ဆိုလျှင် များပြားသည်ဟု ပြော၍ရသော်လည်း မိသားစုတွင် အလုပ်သမား၆ယောက်ရှိပြီး ၂ယောက်က စီနီယာအလုပ်သမားဖြစ်သော ကျန်းမိသားစုအတွက်တော့ ယွမ်၂၀က တကယ့်ကို မပြောပလောက်အောင် နည်းပါးသည်။
နှစ်ဝက်လောက် တူတူနေပြီး၍ မူလပိုင်ရှင် ထိုမိဘများနှင့် မိသားစုဝင်များ အကြောင်း သိပြီးဖြစ်၍ သူမစုထားသည်ထဲမှ ယွမ်၈၀ထုတ်၍ ခန်းဝင်ငွေ ယွမ်၁၀၀ဖြစ်အောင် ပေါင်းလိုက်သည်။
ကံကောင်းထောက်မစွာ ကျန်းမိဘများက ကုမိသားစုခန်းဝင်ငွေကို မထိပေ။ မဟုတ်လျှင် မူလပိုင်ရှင်စိတ်အရ သူမအိတ်ထဲမှထုတ်၍ ပေးပြီး ကုအိမ်သို့ ပြန်ယူသွားမည်ဖြစ်သည်။ ထိုမှ သူမ ကုအိမ်ကို အကြွေးမတင််သလို ခံစားရမည်ဖြစ်သောကြောင့် ဖြစ်သည်။
ယေဘုယျအားဖြင့် မိမိကလေးများကို ချစ်သောသူများမှာ ခန်းဝင်ငွေကို ထိမည်မဟုတ်သော်လည်း ကျန်းအဖေ ကျန်းအမေမှာ သူတို့ကလေးကို ချစ်၍မဟုတ်ဘဲ မျက်နှာလိုချင်၍ဖြစ်သည်။ ကုမိသားစုက ခန်းဝင်ငွေအတိအကျကိုသိသဖြင့် ပျောက်သည်ကိုသိလျှင် သူတို့ ကျေးရွာက လူတွေရှေ့တွင် မျက်နှာပျက်မည်စိုး၍သာဖြစ်သည်။ နောက် မူလပိုင်ရှင် ပို၍ပို၍ ဂရုမစိုက်တတ်တော့။
ကုလျန်ရွှမ်နှင့် အိမ်ထောင်ကျပြီးနောက် သူမ ယောက္ခမရွှီကျင်းဖန်ဆီကသာ အချစ်ခံရသည်။ ထို့ကြောင့် သူမ ရွှီကျန်းခရိုင်မှ ထွက်သွားမည်ဟု ဆုံးဖြတ်သောအခါ သူမ အားအနာဆုံးသူမှာ ရွှီကျင်းဖန်ဖြစ်သည်။ မူလပိုင်ရှင်က မည်သူ့ကိုမျှ အကြွေးမတင်ချင်ပါ။ နောက်ဆုံး သူမ ကုမိသားစုမှ ယွမ်၃၀၀ကို ခရီးစရိတ်အတွက် ယူသွားသည်။
ဇာတ်ကြောင်းအရဆိုလျှင် မူလပိုင်ရှင်က ကွမ်တုံပြည်နယ်သို့ သွားရန် ကြံရွယ်ထားပြီး သူမအဘွားထားခဲ့သော ပိုက်ဆံကို ထုတ်၍ ကုမိသားစု ပိုက်ဆံကို ပြန်ပေးရန် စီစဥ်ထားသည်။ သို့သော် သူမ လူကုန်ကူးသူများ၏ အဖမ်းခံရပြီး ချောက်ကမ်းပါးမှ ပြုတ်ကျသေဆုံးမည်ဟု မည်သူက ထင်မည်နည်း?
မူလပိုင်ရှင် မိသားစုအကြောင်းတွေးမိရင်း ကျန်းထျန် ရုတ်တရက် စားချင်စိတ်မရှိတော့ချေ။ သူမ ငါးအသားလွှာနှစ်လုတ် သုံးလုတ်စားပြီးနောက် တူထပ်မကိုင်ဖြစ်တော့။ သူမလက်ထဲက ပန်ကိတ်ကိုပင် တစ်ဝက်မျှသာ စားသည်။
"အမေ၊ သမီးအခု မဆာတော့ဘူး။ ဒီပန်ကိတ်ကို ညစာအတွက် သမီးသိမ်းထားလို့ရလား?" ကျန်းထျန် ကမ္ဘာပျက်ခေတ်တွင်နေခဲ့သည်။ သူမတွင် ပစ္စည်းများလောက်ငှစေရန် ပွားယူနိုင်သည့် အစွမ်းရှိသော်လည်း သူမ ဘယ်တုန်းကမှ ဖြုန်းတီးသည့်လူမဟုတ်ပါ။ အလေ့အကျင့်က စိတ်တွင်စွဲထင်နေပြီးဖြစ်သည်။
ရွှီကျင်းဖန် စားနေသည်ကို ရပ်လိုက်ပြီး ကျန်းထျန်၏ ဖျော့တော့နေသော မျက်နှာကိုကြည့်ကာ သူမလက်ဖြင့် ကျန်းထျန်နဖူးကို စမ်းလိုက်ပြီး စိတ်ပူစွာ မေးလိုက်သည်။ "သမီး ဘာဖြစ်လို့လဲ? ရာသီဥတုပူပြီး စားချင်စိတ်မရှိတာလား? သမီး နောက်လည်းထပ်စားလို့ရတယ်။ အခုဆက်စားချင်ရင်လည်း စားလို့ရတယ်။ နည်းနည်းပဲစားထားရင် ညကျ ဆာမှာပေါ့"
ကျန်းထျန် ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး အမေ။ သမီးဆာရင် စားဖို့ မုန့်တွေရှိသေးတယ်။ သမီး အခန်းပြန်ပြီး အနားယူချင်လို့"
"သမီးနားချင် သွားနားလေ။ သမီး ဗိုက်ဆာရင် ရှောင်းမင်ကို သမီးအတွက် ကြက်ဥတစ်လုံးကြော်ပေးဖို့ ပြောလိုက်" ရွှီကျင်းဖန် စိတ်ပူသွားပြီး ကျန်းထျန် အရှေ့အခန်းကို ဝင်သည်ကို ကြည့်လိုက်သည်။ နောက် စိတ်ထပ်ပူနေသေးသဖြင့် သွားကြည့်လိုက်ပြီး ကျန်းထျန် ကုတင်ပေါ်တွင် လှဲနေသည်ကိုမြင်မှ ပြန်လာခဲ့သည်။
ကုလျန်မင် ခေါင်းမော့လာပြီး အရှေ့အခန်းကိုကြည့်၍ မေးလိုက်သည်။"အမေ ကျန်းထျန် ဘာဖြစ်လို့လဲ?" သူမ မီးဖိုချောင်ကို ကူနေစဥ်က ပျော်ရွှင်နေတာပါ။ အခုဘယ်လိုဖြစ်ပြီး အားမရှိသလိုဖြစ်သွားရတာလဲ?
ရွှီကျင်းဖန် သူမကို မျက်စောင်းထိုးကြည့်လိုက်ပြီးပြောလိုက်သည်။ "သူမက နင့်ယောင်းမလေ။ ယောင်းမကို နာမည်တပ်ခေါ်စရာလား?"
ကုလျန်မင် ပန်ကိတ်စားလက်စကို မျိုချပြီးနောက်် နာမည်ပြောင်းပြောလိုက်သည်။ " ဒါဆိုလည်း ကျန်းအမျိုးသမီး"
ကုလျန်ရွှမ် - ဘာဖြစ်နေကြတာလဲ?
"ရှောင်းမင်ကတော့၊ မြန်မြန် စားစရာရှိတာသာစားတော့။ " ရွှီကျင်းဖန် ခေါင်းသာခါလိုက်သည်။ "အမေ နင့်ယောင်းမ မိသားစုအကြောင်း ခုနကပြောမိလို့နေမယ်"
ကုလျန်မင် နားစွင့်လိုက်ပြီး"ယောင်းမအိမ်က ဘာဖြစ်လို့လဲ?"
ကုလျန်ရွှမ်လည်း မော့ကြည့်လိုက်ပြီး သူလည်းဘာကြောင့်ဆိုတာသိချင်သည်။
ကုလျန်မင် ခဏလောက်စဥ်းစားပြီးနောက် ခန့်မှန်းပြောလိုက်သည်။ "ယောင်းမက အိမ်လွမ်းလို့လား?" မဟုတ်သေးပါ။ ကျန်းထျန်သာ အိမ်လွမ်းလျှင် သူမ မြို့သို့တိုက်ရိုက်သွား၍ရသည်။ သူမက တစ်နေ့တစ်နေ့ လုပ်စရာမရှိပါ။ ဒီတစ်ခါ ဘာလိုပြန်လို့လဲ?
"မဟုတ်ဘူး" ရွှီကျင်းဖန် သက်ပြင်းချလိုက်ကာ အချိန်အကြာကြီးစဥ်းစားပြီးနောက် ပြောလိုက်သည်။ "သမီးယောင်းမက သူမမိသားစုနဲ့ ဆက်ဆံရေးမကောင်းဘူး "
အရင်မျိုးဆက် မိတ်ဆွေဆက်ဆံရေးကြောင့် ရွှီကျင်းဖန်နှင့် ကုချန််းချင် ကျန်းမိသားစုနှင့် အမြဲအဆက်အသွယ်ရှိသည်။ သို့သော် ကျန်းထျန်အဘွားနှင့်သာဖြစ်သည်။
ထို့ကြောင့် ရွှီကျင်းဖန် ကျန်းမိသားစု အခြေအနေကို အနည်းငယ်သဘောပေါက်သည်။
ကျန်းထျန်အဘွားမှာ သူမအဖေ၏ မိခင်အရင်းမဟုတ်ပါ။ ကျန်းအဘိုး စစ်တပ်မှအနားယူပြီးနောက် အဖွဲ့အစည််းကမိတ်ဆက်ပေး၍ နောက် လက်ထပ်ဖြစ်သွားခြင်းဖြစ်သည်။
ကျန်းထျန်အဘွားမှာ သူမ ကျန်းအိမ်ရောက်သည်နှင့် ကလေး၂ယောက်၏ မိထွေးဖြစ်သွားသည်။ ကလေးတစ်ယောက်မှာ ကျန််းထျန်၏ဖခင်ဖြစ်ပြီး နောက်တစ်ယောက်မှာ ကျန်းထျန်၏ဒေါ်လေးဖြစ်သည်။
မိထွေးဖြစ်ရသည်မှာ ဘယ်လွယ်ကူမည်နည်း?
ကျန်းထျန်အဖေနှင့် ဒေါ်လေးမှာ ထိုအချိန်တွင် မငယ်တော့ဘဲ ဘေးစကားများကို နားယောင်သော အရွယ်ဖြစ်သည်။ အိမ်နီးချင်းအဒေါ် ဦးလေးများ၏ အတင်းအဖျင်းစကားများကို နားယောင်ပြီး ကျန်းထျန်အဘွားကို မျက်နှာသာမပေးပါ။
ထိုကိစ္စမှာ ပြောပြရန် ရှုပ်ထွေးလွန်းလှသဖြင့် ရွှီကျင်းဖန် စိတ်ထဲတွင်သာ တွေးပြီး အပေါ်ယံသာ ပြောပြလိုက်သည်။ "သမီးယောင်းမက သူမကလေးကတည်းက ကျန်းအဘိုး ကျောင်းအဘွားနဲ့နေတာ ပြီးတော့ သူမ သူမမိဘတွေနှင့် မရင်းနှီးဘူး" ကျန်းအဘွားမျိုးရိုးနာမည်မှာ ကျောင်းဖြစ်သည်။
ရွှီကျင်းဖန် ကုလျန်မင်ကိုခေါ်ပြီး သွားလည်ဖူးသည်။ ထိုအချိန်က ကျန်းထျန် သူငယ်ချင်းတစ်ယောက်ကို သွားရှာနေ၍ အပြင်ရောက်နေသဖြင့် ကုလျန်မင်နှင့် မဆုံလိုက်ရချေ။
ကုလျန်မင်မှာ ကျန်းအဘိုး ကျောင်းအဘွားနှင့် အလွန်ရင်းနှီးသည်။ ရွှီကျင်းဖန် ကျန်းအိမ်သွားလည်တိုင်း လက်ဆောင်အမြဲပါလာသည်။
ကျန်းထျန်က ဘာကြောင့် သူမမိဘတွေနှင့် မရင်းနှီးသည်ကို ကုလျန်မင် နားမလည်နိုင်။ သူတို့ အတူတူမနေလို့များလား?
သူမလည်း ကလေးဘဝတည်းက မိဘများနှင့် မနေရလျှင် မရင်းနှီးလောက်ဘူးလားဟု ကုလျန်မင် စဥ်းစားကြည့်မိသည်။ သူမ ကိုယ်တိုင်လည်း မသေချာပါ။
"သမီးယောင်းမက စိတ်မကောင်းဖြစ်နေတာ။ သမီး သူမကို သွားရန်မရှာနဲ့နော်" ရွှီကျင်းဖန် ကုလျန်မင်ကို ကြိုပြောထားရသည်။ ရှောင်းမင် ဘုမသိဘမသိနှင့် တည့်တိုး လျှောက်ပြောရင်း ကျန်းထျန်နှင့် စကားများကြမည်ကို ရွှီကျင်းဖန်စိုးရိမ်သည်။ ထိုသို့ဖြစ်လျှင် သူမ ဘယ်လိုဖြေရှင်းရမည်နည်း!?
"ပြီးတော့ မင်း၊ ရွှင်ရွှင်ပြပြနေ၊ ကျန်းထျန်ပြောသလိုလုပ်။ ဘယ်သူက မင်းမျက်နှာ အေးစက်စက်ကို ကြည့်နိုင်မှာလဲ?" ရွှီကျင်းဖန် သူမခေါင်းကို လှည့်လိုက်ပြီး ပြောသည်များနားထောင်ပြီး၍ ခေါင်းပြန်ငုံ့ကာစားနေသော ကုလျန်ရွှမ်ကို မာန်လိုက်သည်။
"မင်းအဖေရော ငါရော အဲ့လိုမဟုတ်ပါဘူး။ ကလေး၆ယောက်ထဲ မင်းတစ်ယောက်ပဲ ကျန်၅ယောက်နဲ့ မတူတာ။ မသိတဲ့လူဆို မင်းငယ်ငယ်က ငါတံမြက်စည်းနဲ့ လိုက်ရိုက်လို့ ဒီလိုမှိုင်းတိုင်းတိုင်းဖြစ်သွားတာလို့ ထင်နေကြဦးမယ်"
"မင်း တတိယညီကိုကြည့်ပါလား? မင်းညီဆို စကားပြော ဘယ်လောက် အဆင်ပြေလဲ သူသာနောက်အိမ်ထောင်ကျရင် မင်းလိုမဟုတ်ဘဲ သူ သူ့ဇနီးနဲ့အဆင်ပြေမှာ"
"ထျန်ထျန်က မိန်းမကောင်းလေး။ မင်း ထျန်ထျန်ကို စိတ်ညစ်အောင်လုပ်ရင် အမေ မင်းကို ဒီအတိုင်း လွှတ်မထားဘူး!"
ကုလျန်ရွှမ် - "...." ကြောင်သွားကာ ဘာပြန်ပြောရမည် မသိတော့ပေ။ အမေက ကျွန်တော့်အမေ မဟုတ်ဘူးလား!!!!?