အခန်း (၁၉)
Vol. 2 Ch. 19
ကုလျန်ရွှမ် ကုတင်သို့ သွားလိုက်ကာ အမွှာလေးတစ်ယောက်ကိုချီလိုက်ပြီး လှုပ်၍ ချော့လိုက်သည်။ "မငိုနဲ့တော့။ တိတ် တိတ်"
သို့သော် ကလေးနှစ်ယောက်မှာ ပို၍ အော်ငိုလာခဲ့သည်။
ကုလျန်ရွှမ် - .....
ရှောင်းလျို ကုတင်ပေါ်တွင် နှစ်ခါလောက်လိမ့်၍ ဆော့နေကာ အကြီးဆုံးအစ်ကို အမွှာအငယ်လေး နှစ်ယောက်ကိုချော့မှ ပိုငိုသွားသည်ကို ကြားလိုက်ရ၍ မယုံနိုင်စွာ သူ့အကြီးဆုံးအစ်ကိုကို ကြည့်လိုက်သည်။
"အကြီးဆုံးအစ်ကို၊ ကျွန်တော်ပဲ မုန်ညှင်းစေ့ သွားဆေးလိုက်မယ်လေ။ စတုတ္ထမြောက်အစ်မကို ဒီပြန်လွှတ်လိုက်ရင်ရော"
"မဟုတ်ဘူး။ ကလေးနှစ်ယောက်က ဗိုက်ဆာလို့နေမယ်။ အစ်ကို သူတို့ဖို့ နို့မှုန့်ဖျော်ပေးလိုက်ဦးမယ်" ကုလျန်ရွှမ် ရုန်းကန်နေသော ကလေးနှစ်ယောက်ကို ကုတင်ပေါ် တင်လိုက်ပြီး ခေါင်းအုံးများနှင့် ကာလိုက်သည်။
ရှောင်းလျို ကုတင်ပေါ်မှ ထလာပြီး သူ့အမူအရာက မယုံနိုင်ဖြစ်နေသည်။ "အကြီးဆုံးအစ်ကို၊ ဒီအချိန်် နို့မှုန့် ဖျော်တာ တစ်ခါမှမရှိဘူး" သူမှန်ကြောင်း သက်သေပြရန် ဆက်ပြောလိုက်သည်။ " အမေသွားတုန်းကလည်း ကျွန်တော့်ကို မပြောခဲ့ဘူး"
သူပြောချင်သည်မှာ အမွှာအငယ်လေးနှစ်ယောက် ဗိုက်ဆာ၍ ငိုနေသည် မဟုတ်ကြောင်းဖြစ်သည်။ ပင်းပင်းနှင့် အန်းအန််းကို အိမ်တွင် နေ့လည်စာစားပြီးမှ နို့မှုန့်တိုက်သည်ဖြစ်ပြီး အခုတိုက်ပြီးသည်မှာ နှစ်နာရီတောင်မရှိသေးပါ။ ရှောင်းလျို နှုတ်ခမ်းဆူလိုက်ပြီး အကြီးဆုံးအစ်ကိုက တကယ်ပင် အားမကိုးရဟုတွေးလိုက်မိသည်။
ကုလျန်ရွှမ် စဥ်းစားကြည့်လိုက်ပြီးနောက် အမွှာအငယ်လေးတွေအသံ ပိုကျယ်လာသည်ကို မြင်၍ ခန့်မှန်းပြောလိုက်သည်။ "ဒါဆို ရှူးပေါက်ချထားလို့နေမယ်"
ရှောင်းလျို ပင်းပင်း၏ လက်သီးဆုပ်ထဲ လက်ညှိုးထည့်လိုက်ကာ အပေါ်အောက်ရွှေ့ကာ စနေသည်။ "ခုနကမှ ကလေးတွေကို အဝတ်လဲပေးထားတာ။ ဘယ်လိုဖြစ်နိုင်မှာလဲ?"
ဒါဆို အမွှာအငယ်လေးနှစ်ယောက်က ဒီအတိုင်း ငိုသည်ဖြစ်မည်ဟု ကုလျန်ရွှမ် နားလည်သွားသည်။
"ပင်းပင်း အငိုတိတ်တော့!" ရှောင်းလျို ကျေနပ်စွာပြောလိုက်သည်။
ကုလျန်ရွှမ် ကြည့်လိုက်ပြီး ရှောင်းလျိုကို အကြံဉာဏ်မေးလိုက်သည်။ "ရှောင်းလျို ဘယ်လို ချော့လိုက်တာလဲ?"
"ကျွန်တော် ဒီလိုလေးပဲ ပင်းပင်းနဲ့ ဆော့လိုက်တာ "ရှောင်းလျို ပင်းပင်း၏ သေးငယ်ပြီး နူးနူးညံ့ညံ့ပြည့်ပြည့်လေးဖြစ်သော လက်သီးဆုပ်လေးကို ဖျစ်လိုက်သည်။
ကုလျန်ရွှမ် ခဏမျှကြည့်လိုက်ပြီး သူလည်း လုပ်ကြည့်ရန် ကြိုးစားကြည့်လိုက်သည်။ သို့သော် သူက အလွန်သန်မာပြီး လက်လည်းကြမ်းသဖြင့် သူ ဖွဖွလေးသာကိုင်ရဲသည်။ သူဖွကိုင်လိုက်သော်လည်း ပုံမှန်အတိုင်းသာဖြစ်ပြီး အန်းအန်းကို ပိုပြီးအော်ငိုစေသည်။ အန်းအန်းငိုသံကြား၍ ပင်းပင်းလည်း လိုက်အော်ငိုလေသည်။
ကျန်းထျန် အသံတွေကြား၍ သိချင်စွာ ရောက်လာသည်။
"အမွှာအငယ်လေးတွေက ဘာလို့ အော်ငိုနေတာလဲ ဘာဖြစ်လို့လဲ?" ကျန်းထျန် တံခါးကို ဟလိုက်ပြီး အထဲသို့ကြည့်ကာ အော်မေးလိုက်သည်။ "ရှင် ကျွန်မအကူအညီလိုလား?" သူမ ကူညီနိုင်မလားကိုတော့ မသေချာပါ။
ကျန်းထျန် အသံကြား၍ ရှောင်းလျိုမျက်လုံးများတောက်ပသွားသည်။ "မရီး!"
ကျန်းထျန်် ဝင်လာလိုက်ရာ ရှောင်းလျို ပုံစံကိုကြည့်ပြီး ကြောင်သွားသည်။ ဘာဖြစ်တာလဲ? ဘာလို့ သူမကို မြင်လိုက်တော့ အရမ်းပျော်သွားရတာလဲ?
"အကြီးဆုံးအစ်ကို၊ မရီးရောက်လာပြီဆိုတော့ ပင်းပင်းနဲ့အန်းအန်း အငိုတိတ်တော့မှာ" ရှောင်လျို ကျိန်းသေသည့်ပုံစံပြောလိုက်သည်။
ဒါကိုကြားလိုက်ရ၍ ကုလျန်ရွှမ် မနာလိုဖြစ်သွားသည်။
ကျန်းထျန် နားမလည်နိုင်စွာ ခေါင်းကုတ်လိုက်သည်။ ဘာလို့ ဒီိလိုပြောတာလဲ? မူလပိုင်ရှင်က ကလေးချော့တဲ့နေရာ တော်လို့များလား? မူလပိုင်ရှင်က အမွှာအငယ်လေးတွေကို အိမ်မှာမမွေးထားချင်ဘူးမလား? သူမပုံစံအရ သူမဘာသာ ဒီအခန်းထဲ လာမည်မဟုတ်ပါ။
"အကြီးဆုံးအစ်ကိုမသိလို့။ မရီးလာရင် ပင်းပင်းနဲ့ အန်းအန်း လိမ္မာမှာ" ရှောင်းလျို ကုတင်ပေါ်မှ ခုန်ဆင်းကာ ကျန်းထျန် လက်ကောက်ဝတ်ကိုကိုင်လိုက်ပြီး ကုတင်ဆီပြန်လာလိုက်သည်။
ကျန်းထျန် အမွှာလေးများနှင့် စကားပြောလေ့မရှိပါ။ အမွှာအကြီးလေးများကို ကုလျန်ရုန်နှင့် ကုလျန်မင် သူမနား မသွားရန် မှာထားသည်ဖြစ်ရမည်။ ထို့ကြောင့် ရှောင်းဝူနှင့် ရှောင်းလျို မူလပိုင်ရှင်၏ အစစ်အမှန်ပုံစံကို မသိပါ။
ကျန်းထျန်ကြောင့် မနေ့ကနှင့် ဒီနေ့ အသားဟင်းစားရသဖြင့် အမွှာအကြီးလေးများ ကျန်းထျန်ကို ရင်းနှီးသွားသည်။
ကုလျန်ရွှမ် ကျန်းထျန်ကိုကြည့်လိုက်ပြီး မေးလိုက်သ "မင်း ရှင်းပြလို့်ရလား?"
ကျန်းထျန် ကုတင်အစွန်းတွင် ကြောင်၍ ထိုင်နေကာ ကုလျန်ရွှမ်ပြောသည်ကို ကြားလိုက်ရ၍ သူမလည်း သိချင်နေသည်ဟု တွေးလိုက်သည်။ ".....ကျွန်မက ကလေးမှမရှိတာ။ ကျွန်မ ဘယ်လိုသိမှာလဲ?"ကျန်းထျန် ကုလျန်ရွှမ်ကို ပြန်ဖြေလိုက်သည်။
ကုလျန်ရွှမ် - သူတကယ်တော့ ရှောင်းလျို ဆိုလိုသည်ကို သိချင်သည်ဖြစ်သည်ဟု ပြောချင်သည်။
သို့သော် ထိုစကားများ ထွက်မလာခင် ရှောင်းလျိုက ကျယ်လောင်စွာ ကြားဖြတ်ပြောလိုက်သည်။ "အစ်ကို မပြောနဲ့တော့!"
ကုလျန်ရွှမ် သူ့နဖူးကို ပွတ်လိုက်ပြီး ရှောင်းလျိုလည်း ရှောင်းမင်လိုပင် ဖြစ်သည်ဟု တွေးလိုက်သည်။
ရှောင်းလျို ကျန်းထျန်ကို အားကျသည့်အကြည့်အပြည့်နှင့်ကြည့်ရင်း ပြောလိုက်သည်။ " ပင်းပင်းနဲ့ အန်းအန်းက မရီးကို ဒုတိယမြောက်အစ်မလို သဘောထားတာ နေမယ်လို့ အမေပြောဖူးတယ်!"
ကျန်းထျန် - !!? သူမကို နောက်နေတာများလား?
ရှောင်းလျို အခုတင် အငိုတိတ်သွားသော အမွှာအငယ်လေးနှစ်ယောက်ကို ညွှန်ပြရင်းပြောလိုက်သည်။ " ကြည့်။ ပင်းပင်းနဲ့ အန်းအန်း နှစ်ယောက်လုံးရယ်နေပြီ!"
ကျန်းထျန်နှင့် ကုလျန်ရွှမ် ရှောင်းလျို ပြသည့်ဘက်ကြည့်လိုက်ရာ အမှန်ပင်။ ပင်းပင်းက ကျန်းထျန်ဖက် သူမ လက်ကလေးကို ဝေ့ယမ်းရင်း တစ်ဖက်က ကျန်းထျန်အဝတ်အစွန်းကို ကိုင်ကာ ပျော်ရွှင်စွာ ရယ်နေလေသည်။
ကုလျန်ရွှမ် ကျန်းထျန်ကို မနာလိုစွာကြည့်ကာ ကျန်းထျန်ကလည်း ကုလျန်ရွှမ်ကို တုန်လှုပ်စွာ ကြောင်ကြည့်ရင်း နှစ်ယောက်သားတစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြိုင်တူမေးလိုက်သည်။ "ဘာဖြစ်တာလဲ"
အကြောင်းပြချက်က ဘာများလဲ? ၂လသာရှိသေးသော ကလေးက သေချာပင် မမြင်ရသေးသည်ကို သူမ ဒီမှာရောက်မှန်း ဘယ်လိုသိပြီး မငိုတော့ဘဲ ပျော်ရွှင်စွာ ရယ်နေသနည်း?
"အနံ့ကြောင့် ဖြစ်နိုင်မလား?"ကျန်းထျန် ခန့်မှန်းလိုက်သည်။ "အစ်မခန္ဓာကိုယ်က အနံ့က ဒုတိယမြောက်အစ်မအနံ့နဲ့ ဆင်လို့များလား?" မဟုတ်လျှင် သူမ အမွှာငယ်လေးများက `ကျန်းထျန်´ကို ဒီလောက် သဘောကျရသည့် အကြောင်းကို တွေး၍မရပါ။
ရှောင်းလျို ကျန်းထျန်ကို ချဥ်းကပ်လိုက်ပြီး အနံ့သေချာရှူကြည့်ကာ ခေါင်းခါလိုက်သည်။ "အဲ့လိုမျိုး မဟုတ်ဘူး။ ဒုတိယမြောက်အစ်မမှာ အနံံ့မရှိပါဘူး ဒါပေမယ့် မရီးမှာ အနံ့တစ်မျိုးရှိတယ်"
ကုလျန်ရွှမ်လည်း ကျန်းထျန်ပုခုံးပေါ်မှီနေသော ရှောင်းလျိုကိုကြည့်ရင်း သူပါ အနံ့ခံကြည့်လိုက်သည်။ ဒါက အကြောင်းပြချက် မဟုတ်ကြောင်း ပြောသော ရှောင်းလျိုကို သူကျေးဇူးတင်မိသည်။
ကျန်းထျန် ခြောက်ကပ်ကပ် ပြောလိုက်သ "....ငါးအချဥ်စိမ်အနံ့ဖြစ်နိုင်မလား"
ရှောင်းလျို ထပ်အနံ့ခံကြည့်ရင်း ကျန်းထျန်ကိုကြည့်၍ ပြောလိုက်သည်။ "မဟုတ်ဘူး။ ဒီတိုင်း အနံ့ကောင်းတာ"
ကျန်းထျန် စရန် ကြံလိုက်သည်။ "ငါးအချဥ်အနံ့က ဆိုးတယ်မလား? ငါးအချဥ်အနံ့ကဆိုးရင် မနေ့ညက စားလိုက်တဲ့ အာလူးနှပ်ကြောင့်များလား"
ရှောင်းလျို ကျန်းထျန်ကို မှီရင်း ခဏမျှတွေးလိုက်ပြီးနောက် မသေချာစွာ ပြောလိုက်သည်။ "အနံ့ကတော့ကောင်းတယ်"
ကျန်းထျန် ရယ်လိုက်သည်။ "ပင်းပင်းနဲ့ အန်းအန်း အစ်မတို့ နှစ်ရက်ဆက်တိုက် အသားစားတာမြင်တော့ သူတို့လည်း စားချင်လို့နေမယ်"
မုန်ညှင်းစေ့များ ဆေးပြီးနောက် ကုလျန်မင်တံခါးဖွင့်၍ ဝင်လာရာ ဤထူးဆန်းသောမြင်ကွင်းကို တွေ့လိုက်ရသည်။
ရှောင်းလျိုက ကျန်းထျန်လည်ပင်းကို ဖက်ထားပြီး ခေါင်းလေးမော့ကာ ကလေးတစ်ယောက်ကဲသို့ ပြုမူနေသည်။ အကြီးဆုံးအစ်ကိုက ကုတင်ပေါ်က အမွှာအငယ်လေးနှစ်ယောက်ကို ကြည့်လိုက် ကျန်းထျန်နှင့် ရှောင်းလျိုကို ကြည့်လိုက်နှင့် သူ့မျက်နှာပေါ်က အမူအရာကလည်း မနာလို အားကျသည့်ပုံပေါ်နေသည်။
ကုလျန်မင် - အကြီးဆုံးအစ်ကို မနာလိုသည်က ရှောင်းလျိုက ကျန်းထျန်အပေါ် ကလေးကဲ့သို့ ပြုမူနေသည်ကိုလား ကျန်းထျန်က ရှောင်းလျိုကို ဖက်ထားသည်ကိုလား?
ကုလျန်မင် ချောင်းဟန့်လိုက်၍ အခန်းထဲက လူအားလုံး သူမကိုကြည့်လိုက်သည်။ ကုလျန်မင် အခန်းကိုပတ်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ရှောင်းဝူ ဘယ်မှာလဲ?"
ရှောင်းလျို ခေါင်းကုတ်လိုက်ပြီးနောက် မြောက်ဘက်နံရံကိုညွှန်ပြရင်း ပြောလိုက်သည်။ "ရှောင်းဝူ အခန်းထဲမှာ အိပ်နေတုန်း ထင်တယ်!"
ကုလျန်မင် မနေနိုင်စွာ မျက်စောင်းထိုးလိုက်သည်။ "ရှောင်းဝူက နေ့လယ်ဘက် အရမ်းအိပ်နေရင် ညကျ မအိပ်နိုင်ရင် ဘယ်လိုလုပ်မလဲ?" သူမ နောက်ပြန်လှည့်ကာ နောက်အခန်းသို့ သွားလိုက်ပြီး ကုတင်ပေါ်တွင် ဝက်အသေတစ်ကောင်ကဲ့သို့ အိပ်မောကျနေသော ရှောင်းဝူကို နားရွက်မှ ဆွဲခေါ်လာလိုက်သည်။
ရှောင်းဝူ မျက်လုံးများကို ပွတ်ရင်း အခန်းထဲရောက်သောအခါ ကြောင်တောင်တောင်နှင့် နှုတ်ဆက်လိုက်သည်။ "အကြီးဆုံးအစ်ကို မရီး" နောက် ကုတင်ပေါ် တက်ကာ စောင်ကို မှီနေလိုက်သည်။
ရှောင်းဝူခေါင်းက တဖြည်းဖြည်း လျှောဆင်းလာပြီး မျက်လုံးများကလည်း မှေးလာသည်ကို မြင်သဖြင့် ကျန်းထျန် ကုလျန်မင်ကို မေးလိုက်သည်။ "ရှောင်းဝူက ဒီလိုဆို ပြန်အိပ်ပျော်သွားမယ်ထင်တယ်"
ကုလျန်မင် ကုတင်စွန်းကိုသွားလိုက်ပြီး အမွှာအငယ်လေးတွေကို ငုံ့ကြည့်လိုက်သည်။ အမွှာအငယ်လေးတွေမှာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး သွားမပေါက်သေးသော ပါးစပ်လေးများကိုဖွင့်ကာ ရယ်နေကြသည်။
ကျန်းထျန် ပြောသည်ကိုကြား၍ ကုလျန်မင် ခေါင်းမော့လိုက်ပြီး ရှောင်းဝူကို ကြည့်လိုက်ရာ သူ့ကိုယ်က စောင်ကိုမှီထားသည်မှ ပြုတ်ကျတော့မည့်ပုံဖြစ်နေ၍ သူမအင်္ကျီလက်ကိုတင်လိုက်ပြီး ပြောလိုက်သည်။ "ညီမ ပုဝါ ရေသွားစွတ်လိုက်ဦးမယ်"
ထွက်မသွားခင် သူမ ကျန်းထျန်နှင့် ကုလျန်ရွှမ်ကို မေးလိုက်သည်။ "ညီမတို့ ညကျ ဘာစားကြမလဲ? အမေ ဘာမှ မပြောခဲ့ဘူး "
ပုံမှန်အားဖြင့် ရွှီကျင်းဖန် အိမ်တွင်စားရမည်ကို စီစဥ်ပေးပြီး ထည့်ရမည့်ပစ္စည်းများကိုပါ ဆုံးဖြတ်ပေးသည်။ အိမ်တွင် လူအများကြီးရှိ၍ ဖြစ်သည်။ အကြီးဆုံးအစ်ကို ကုလျန်ရွှမ်၊ တတိယ အစ်ကို ကုလျန်ရုန်၊ ယောင်းမ ကျန်းထျန်နှင့် စားဖိုမှူး သူမ ကုလျန်မင်။
"ဘဲဥတွေကို ခရမ်းချဥ်သီးနဲ့ရောကြော်။ ပြီးရင် နောက်တစ်မျိုး ကြော်ဖို့က ....."ကျန်းထျန် ကုလျန်ရွှမ်ကိုကြည့်၍ မေးလိုက်သည်။ " ဘာထပ်ကြော်ရမလဲ?"
ကုလျန်ရွှမ် ခါးမတ်လိုက်ပြီးနောက် ပြောလိုက်သည်။ "အိမ်မှာ ဝက်ပေါင်ခြောက် နည်းနည်းရှိတယ်။ ကြက်သွန်မြိတ်နဲ့ ကြော် ...." ကုလျန်ရွှမ် ကျန်းထျန်ကို လှည့်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ဆန်ပြုတ်ချက်ပြီး ဦးလေးအိမ်ကနေ တတိယမြောက်ညီ ယူလာတဲ့ဆီးသီးခြောက်ကိုထည့်လိုက် ပြီးရင် ဂျင်းကို သေးသေးလှီးထည့်လိုက်"
ကြက်သွန်မြိတ်နှင့် ဝက်ပေါင်ခြောက်ကြော် ဆီးသီးခြောက်ထည့်ထားသော ဂျင်းဆန်ပြုတ် ကျန်းထျန် ထိုနှစ်ခုကိုကြားပြီး သူမမျက်လုံးများ အရောင်တောက်သွားသည်။
ကုလျန်မင် မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။ "အစ်ကို ဆန်ပြုတ် တကယ်ချက်ရမှာလား?"
အမေက ကုတင်အောက်တွင် ဖွက်ထားသော ပိုက်ဆံကို စားစရာဝယ်ရန် ထုတ်သုံးရသဖြင့် အိမ်တွင် ငွေကြပ်နေလောက်၍ဖြစ်သည်။ သူတို့ ဒီလို အစားအသောက်တွင် အများကြီးသုံးနေလျှင် မိသားစု ကြာကြာမခံနိုင်မည်ကို သူမစိုးရိမ်သည်။
"ဟုတ်တယ်။ ဆန်ပြုတ်ချက်လိုက်" ကုလျန်ရွှမ် အမွှာအငယ်လေးတွေကို ကြည့်လိုက်ရင်း ဆက်ပြောလိုက်သည်။ "နောက်လကုန်ကျရင် မင်းတို့ တတိယ အစ်ကိုအလုပ် အခြေကျပြီ "
"နောက်လကုန်"
ကျန်းထျန် သူမအမှတ်မှားသည်လားဟု တွေးမိသွားသည်။
ဝတ္ထုထဲတွင် နောက်လအစ၌ အမျိုးသားဇာတ်ဆောင် ကုလျန်ရုန် သကြားစက်ရုံက စာရင်းပိုင်းဌာနတွင်တာဝန်ကျမည်ဖြစ်ပြီး လုပ်ရိုးလုပ်ထုံးများ ပြည့်စုံပြီးနောက် နောက်ရက်အနည်းငယ်တွင် တာဝန်ထမ်းဆောင်ရသည်။
အမျိုးသမီးဇာတ်လိုက်က သကြားစက်ရုံက ဝန်ထမ်းရေးရာဌာနပိုင်းတွင် အလုပ်လုပ်သည်ဖြစ်ပြီး အမျိုးသားဇာတ်လိုက် အလုပ်လုပ်ရန် လာရောက်တင်ပြသည့်အခါ အမျိုးသမီးဇာတ်လိုက်နှင့် ဒုတိယအကြိမ်မြောက်တွေ့မည်ဖြစ်သည်။
ပထမဆုံးအကြိမ်တွေ့ဆုံမှုက စက်ရုံအပြင်၌ဖြစ်သည်။ ထိုအချိန်က အမျိုးသားဇာတ်လိုက်က အလှလေးဖြစ်သော အမျိုးသမီးဇာတ်လိုက်ကို ကယ်တင်ခဲ့သည်။
ကျန်းထျန်မေးသည်ကို မြင်၍ ကုလျန်ရွှမ် လူတိုင်းကို အသေးစိတ် ရှင်းပြလိုက်သည်။ "အဖွဲ့အစည်းက အစ်ကို့ကိုယ်စား ခရိုင်ပြည်သူ့လုံခြုံရေးဌာနမှာ အလုပ်ပြောင်းပေးတာ။ ဒါပေမယ့် လျန်ရုန်က ဒီနယ်ပယ်မှာ အတွေ့အကြုံမရှိတော့ အဖွဲ့အစည်းက ပို့ဆောင်ရေးအဖွဲ့မှာ အလုပ်စီစဥ်ပေးလိုက်တယ်"
"အရင်တစ်ခါ အစ်ကိုတို့အိမ်လာတဲ့ ဟယ်ဦးလေးပြောတာတော့ တတိယ ညီကို ကားမောင်းသမားအဖြစ်နေရာပေးထားပြီးတော့ သူအလုပ်စဝင်တာနဲ့ ပုံမှန်အလုပ်သမားဖြစ်ဖို့သေချာသလောက်ရှိတယ်တဲ့ "
"တကယ်လား?" ကုလျန်မင် ရွာက ဂျူနီယာအထက်တန်းကျောင်းတွင် ကျောင်းတက်နေသည်ဖြစ်ပြီး သူမအတန်းဖော်တစ်ယောက်၏ အမျိုးမှာ ခရိုင်ပို့ဆောင်ရေးအဖွဲ့တွင် ကားမောင်းသမားအဖြစ် အလုပ်လုပ်ပြီး လစာမှာ သာမန်စက်ရုံအလုပ်သမားထက် ၁၀ယွမ်ပိုများသည်ဟု ကြားသည်။
"အတိအကျဆိုရင်တော့ ကားမောင်းသမားမဟုတ်ရင်တောင် ပို့ဆောင်ရေးအဖွဲ့ရဲ့ စာရင်းကိုင်ဖြစ်မှာ" ကုလျန်ရွှမ် ထပ်ပြောလိုက်သည်။
ကုလျန်မင်က လွယ်လွယ် ကျေနပ်လွယ်သည်။ သူမပြုံးကာ ပြောလိုက်သည်။ "စာရင်းကိုင်လည်း ကောင်းပါတယ်! အကြီးဆုံးအစ်ကို၊ သမီးကြားတာတော့ ခရိုင်ပို့ဆောင်ရေးအဖွဲ့ အချိန်ပြည့်ဝန်ထမ်းတွေက ပထမနှစ်မှာတွင် လခ ၃၀နီးပါးရတာဆို! ပြီးတော့ တရုတ်နှစ်သစ်ကူးမှာရတဲ့ အကျိုးခံစားခွင့်တွေကလည်း တစ်ခြားစက်ရုံတွေထက် ပိုကောင်းတယ်တဲ့"
ပို့ဆောင်ရေးအဖွဲ့က ဝန်ထမ်းများက အဖွဲ့မှလခသာမက ကိုယ်ပိုင်ဝင်ငွေလည်းရနိုင်သဖြင့် ရှားပါးသည့်အလုပ်ကောင်းတစ်ခုဖြစ်သည်။
မောင်နှမနှစ်ယောက် ပြောရွှင်စွာပြောနေကြသည်ကို ကျန်းထျန် နားထောင်နေပေမယ့် သူမ လုံးဝမပျော်နိုင်ပေ။
ဇာတ်လိုက်များက သကြားစက်ရုံတွင် အလုပ်လုပ်ရမည်ဖြစ်ပြီး အခုအမျိုးသာဇာတ်လိုက်က ပို့ဆောင်ရေးအဖွဲ့သို့ပြောင်းသွားသည်!!? ဘယ်လိုပြောင်းသွားတာလဲ? ဝတ္ထုတွင် ဤအကြောင်းကို မဖော်ပြထားပါ။
"သကြားစက်ရုံကို သွားလို့ရောရနိုင်လား?" ကျန်းထျန် သည်းခံပြီး ငြိမ်နေဖို့ စဥ်းစားပေမယ့် နောက်ဆုံးမနေနိုင်သည့်အဆုံးထုတ်မေးလိုက်သည်။
ဇာတ်ကြောင်းပြောင်းသွားလျှင် ဘာဖြစ်မည်ကို သူမ မသိပါ။ ကုလျန်ရုန် ပို့ဆောင်ရေးအဖွဲ့ကိုသွားလျှင် အမျိုးသမီးဇာတ်လိုက်ကို တွေ့ဦးမည်လား ? သူတို့နောက် အတူတူရောဖြစ်မှာလား?
ကုလျန်ရွှမ် သူ့မျက်လုံးထောင့်မှ ကျန်းထျန်ကို စောင့်ကြည့်နေရာ သူမ မျက်မှောင်ကြုတ်ပြီး အနည်းငယ် မပျော်ရွှင်ပုံပေါ်ကြောင်း မြင်လိုက်သည်။ သူ့အလုပ်ကို လျန်ရုန်ကို လွှဲပြောင်းပေးလိုက်တာကို မကြိုက်သည်များလား?
တကယ်တော့ သူနှင့် သူ့အမေ အလုပ်ကို ကျန်းထျန်အား လွှဲပြောင်းပေးသင့်လားဟု တိုင်ပင်ဖြစ်ကြသည်။ သို့သော် အတန်ကြာ စဥ်းစားပြီးသည့်နောက် ကျန်းထျန်က သူ့ကို လက်ထပ်ပြီးနောက် ဒုက္ခရောက်သလိုဖြစ်သွားသဖြင့် သူမ အလုပ်ကို လက်လွှဲယူပြီး မိသားစုကို ထောက်ပံ့ပေးရဦးမည်ဆိုလျှင် မတရားရာရောက်မည်စိုး၍ လျန်ရုန်ကိုသာ အလုပ်လက်လွှဲပေးလိုက်ခြင်းဖြစ်သည်။
ကျန်းထျန်က တတိယ ညီကို သကြားစက်ရုံသွားနိုင်လားဟု မေးမှ ကုလျန်ရွှမ် သူထင်ထားသည်နှင့်မတူ၍ အံ့သြသွားသည်။ ကျန်းထျန် ခုနက မျက်မှောင်ကြုတ်ပြီး မပျော်ရွှင်ပုံပေါ်သည်မှာ သူ တတိယ ညီကို အလုပ်ပေး၍ မဟုတ်နိုင်ချေ။
ကုလျန်မင် မျက်လုံးပြူးကျယ်ကာ ပြောလိုက်သည်။ "အစ်မက နုံ တာပဲ။ ပို့ဆောင်ရေးအဖွဲ့ က သကြားစက်ရုံထက် လခရော အကျိုးခံစားခွင့်ရော ပိုကောင်းတယ်။ ပြီးတော့ ကားမောင်းလည်း သင်လို့ရတယ်! ဘာလို့ သကြားစက်ရုံကို သွားချင်ရမှာလဲ?"
ကုလျန်ရွှမ်လည်း ခေါင်းခါလိုက်သည်။ "အဲ့လိုက မဖြစ်နိုင်ဘူး"