← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

တကယ်လည်း ပို့ဆောင်ရေးအဖွဲ့က အလုပ်က သကြားစက်ရုံမှာထက် ပိုကောင်းသည်။

ကျန်းထျန် ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းငုံ့လိုက်ပြီး သူမလှုပ်ရာ ခေါင်းလိုက်လှုပ်နေသော အမွှာအငယ်လေးများကို ကြည့်လိုက်သည်။ အလယ်‌တွင် မထင်မှတ်တာတစ်ခုခုဖြစ်ပြီး အမျိုးသားဇာတ်လိုက် ပို့‌ဆောင်ရေးအဖွဲ့ကို မသွားဖြစ်ဘဲ သကြားစက်ရုံသို့ သွားဖြစ်လောက်မည်လည်း ဖြစ်နိုင်သည်။ နောက်ဆုံးအချိန်ထိ ဘာဖြစ်မည်ကို ဘယ်သူမှမသိနိုင်ပါဟု ကျန်းထျန် သူမဘာသာတွေးရင်း ဖြေသိမ့်လိုက်သည်။

သို့‌သော် စာအုပ်ဇာတ်ကြောင်းအရဆိုလျှင် မူလပိုင်ရှင်ရွေးချယ်မှုကြောင့် အမျိုးသားဇာတ်လိုက်အလုပ်ပြောင်းသွားသည်လားဟု သံသယဝင်မိသည်။ စနစ်ဟုသူ့ကိုယ်သူပြောသော အသံက သူမ မူလပိုင်ရှင်နေရာတွင် ကောင်းကောင်းနေရမည်ဆိုသည်မှာ မူလပိုင်ရှင်အစီအစဥ်အတိုင်း ဟောင်ကောင်မြို့သို့သွားရမည်ကို ပြောချင်သည်လား? သို့သော် သူမ ကုအိမ်ပြန်ရန် ရွေးချယ်စဥ်က ဘာလို့ ထိုအသံက သူမကို မတားရသည်နည်း?

သူမ စဥ်းစားနေစဥ် ရုတ်တရက် နို့သကြားလုံး၂ခုပါသော လက်ဖဝါးကြီးကြီးတစ်ခုက သူမရှေ့ ရောက်လာသည်။ ထုပ်ပိုးမှုပုံစံအရ သူမ မနေ့က ဝယ်လာခဲ့သော အမျိုးအစားမျိုးဖြစ်သည်။

ကျန်းထျန် မော့ကြည့်လိုက်ပြီး "ဘာလုပ်ရမလဲ?"

"သကြားလုံးစားဖို့" ကုလျန်ရွှမ် ဖြေလိုက်ပြီး သကြားလုံးကို ကျန်းထျန်း‌ရှေ့ ထပ်တွန်းပေးလိုက်သည်။

ကျန်းထျန် ကုလျန်ရွှမ်ကို ကြည့်လိုက်ပြီးနောက် လက်ထဲက သကြားလုံးကို ပြန်ကြည့်ကာ တစ်လုံးကို ကောက်ကိုင်လိုက်ပြီး ထုပ်ထားသည်ကိုခွာကာ ရှောင်းလျိုပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ရှောင်းလျို မျက်လုံးများတောက်ပလာသည်ကို မြင်၍ မေးလိုက်သည်။ "ချိုလား?"

"ချိုတယ်!" ရှောင်းလျို မော့ကြည့်လိုက်ပြီး ချိုသာစွာပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ မရီး!"

ကျန်းထျန်လည်း သူမဖို့ တစ်လုံးခွာလိုက်သည်။ ချိုသာသော နို့နံ့နှင့် အရသာက သူမပါးစပ်ထဲပြည့်နှက်သွားပြီး သူမစိုးရိမ်နေသည်များ ပျောက်သွားသလိုဖြစ်သွားသည်။ ထို့‌ကြောင့် အရင်ဘဝတုန်းက တစ်ချို့လူများ သူတို့ဖိအားများလျှင် သကြားလုံးစားတတ်ကြသည်ဖြစ်မည်။

ရှောင်းလျို သူ့ပါးစပ်ထဲ သကြားလုံးကို ငုံထားပြီး အိပ်ပျော်တော့မည့် ရှောင်းဝူကို ကြည့်ကာ ကျန်းထျန်နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။ "မရီး၊ ရှောင်းဝူက သူအိပ်ရင် အရမ်းရုပ်ဆိုးတာပဲ!"

ကျန်းထျန်လည်း ကြည့်လိုက်ပြီးနောက် ရှောင်းလျိုက သူမြင်သည်ကို လွန်ဆန်၍ ကောင်းသည်ဟု ညာမပြောတတ်သောလူဖြစ်ရမည်ဟု တွေးလိုက်သည်။ ရှောင်းဝူခန္ဓာကိုယ် အနေအထားက အလွန်ကွေးကောက်နေပြီး လက်တစ်ဖက်က စောင်ပေါ်တင်ထားပြီး နောက်တစ်ဖက်က ‌အပေါ်ဘက် မြောက်ထားသည်။ ထိုပုံစံက ခေတ်ပြိုင် သရုပ်ဖော်ပုံများတွင် ထူးဆန်းသောအိပ်သည့်ကိုယ်နေဟန်ထားအဖြစ်‌ ရွေးချယ်ခံရနိုင်သည်။

ကုလျန်မင် မီးဖိုချောင်မှ ပုဝါစို ယူ၍ပြန်လာပြီးနောက် ရှောင်းလျိုကို ပြောလိုက်သည်။ "သွား ရှောင်းဝူမျက်နှာပေါ် ဒါတင်လိုက်!"

ကျန်းထျန် ဒါကို‌ကြားလိုက်ရ၍ လန့်သွားသည်။ အဆင်ပြေပါ့မလား?

ရှောင်းလျို ပုဝါကို ယူလိုက်ပြီးနောက် အံ့သြစွာပြောလိုက်သည်။ "အေးတယ်!"

ကုလျန်မင် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ် အေးတယ်။ ရှောင်းဝူ တစ်နေ့ခင်းလုံး လန်းဆန်းနေမယ်လို့ အစ်မ အာမခံတယ်!" သူမပြောလိုက်ပြီးနောက် ကုတင်ပေါ်တက်ကာ အမွှာ‌အငယ်လေးများကို အထဲဘက်ရွှေ့လိုက်ပြီးနောက် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။

"ပင်းပင်းနဲ့ အန်းအန်း အီးပါလိုက်လို့ အခန်းနံတယ်လို့ အစ်ကိုတို့ မ‌ထင်ဘူးလား? အစ်ကိုတို့ ပြတင်းပေါက်ဖွင့်ရကောင်းမှန်းတောင် မသိဘူး!"

ကျန်းထျန် အနံ့ခံကြည့်လိုက်ရာ အနံ့က တကယ်ပင် ပြင်းသည်။

ရှောင်းလျို ပုဝါ အေးသည်ကို သေချာသိပြီးနောက် ရှောင်းဝူဆီ စိတ်လှုပ်ရှားစွာ ‌အပြေးသွားလိုက်သည်။ နောက် သူ့ပါးစပ်ကို အုပ်ပြီး ရယ်ကာ သူ့လက်ထဲက ပုဝါကို ရှောင်းဝူမျက်နှာပေါ် အတိအကျ အားပြင်းပြင်းနှင့် တင်လိုက်သည်။

ကျန်းထျန် ကုလျန်ရွှမ်ကို တိုးတိုးမေးလိုက်သည်။ "အဆင်ပြေပါ့မလား?"

"ဘာမှမဖြစ်ဘူး"ကုလျန်ရွှမ်ပြောပြီးနောက် သူ့ဘေးစားပွဲကအံဆွဲကို ဖွင့်ကာ အထဲမှ သကြားလုံးတစ်လုံးထုတ်လိုက်သည်။ "ဒါသုံးပြီး သူ့ကို ချော့ရင်ရပြီ"

ကျန်းထျန် - "...." သူမ ဒီလိုဆို‌လိုချင်သည်မဟုတ်ပါ။ မျက်နှာပေါ် ပုဝါအေးအေးတင်လိုက်သည်က ခန္ဓာကိုယ်အတွက် မကောင်းဖြစ်မည် စိုးရိမ်သည်ဖြစ်ပြီး အရင်းအချာ အကြီးဆုံးအစ်ကိုဖြစ်သော သူကတော့ ညီငယ်ကျန်းမာရေးကို ဂရုမစိုက်ဘဲ စိတ်အခြေ‌အနေကိုသာစိုးရိမ်သည်။

တစ်ခုခုလွဲမှားနေသည်ဟု ထင်ရသော်လည်း အရေးမကြီးဟု ကျန်းထျန်တွေးလိုက်သည်။ သူမ ဤမိသားစုက မောင်နှမတွေ၏ ဆက်ဆံရေးကို လေ့လာရန်လိုသည်ဟု ခံစားမိသည်။

ရှောင်းဝူမျက်နှာကို ပုဝါအေးအေးနှင့် အအုပ်ခံလိုက်ရပြီးနောက် သူ့ခြေလက်များအရင်လှုပ်ရှားလာသည်ကို ကျန််းထျန်တွေ့လိုက်သည်။ သူမ ခန့်မှန်းကြည့်ရသလောက် အကြောဆွဲသည့်ပုံစံမျိုးနှင့်တူသည်။

ရှောင်းလျို ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။ "စတုတ္ထမြောက်အစ်မ၊ ရှောင်းဝူနိုးလာပြီ!"

ကုလျန်မင် ‌စောင်ကိုမှီ၍ ဒူးပေါ်တွင် စာအုပ်ကိုကိုင်ထားသည်။ ပြောသည်ကိုကြားသော်လည်း လှည့်မကြည့်။ စတုတ္ထ အစ်မတစ်ယောက်၏ သြဇာအာဏာအပြည့်နှင့်ဖြစ်သည်။ "နိုးလာရင် အပြင်ထွက်ပြီးတော့ ကိုယ်လက်သန့်စင်ပြီးရင် အိမ်စာပြန်လုပ်ကြ‌တော့!"

ရှောင်းဝူ မျက်နှာပေါ်က ပုဝါပြုတ်ကျသွားပြီး မျက်လုံးများကလည်း ကြည်တောက်နေသည်။ သူ သူ့အစ်မစကားများကိုကြား၍ အကြိမ်အနည်းငယ် ရှိုက်ပြီးနောက် မျက်ရည်များ ကျ‌လာတော့မလိုဖြစ်နေသည်။ သူထိုင်လိုက်ကာ ကိုယ်ကို သေချာမမတ်ရခင် ပစ္စည်းတစ်ခု သူ့ဘက်ပျံလာသည်ကို တွေ့လိုက်သည်။ ရှောင်းဝူ လက်ထုတ်ပြီး ဖမ်းလိုက်‌ပေမယ့် မမိဘဲ သူ့နှာခေါင်းကိုသာ ထိသွားသည်။

"အကြီးဆုံးအစ်ကို !" ရှောင်းဝူ သူ့နှာခေါင်းကို အုပ်ကိုင်ရင်း ပြောလိုက်သည်။

"သကြားလုံး" ကုလျန်ရွှမ် ကုလျန်မင်ထက် ပိုအေးစက်သောအသံဖြင့် ပြောလိုက်သည်။

ရှောင်းဝူ သူ့နှာခေါင်းကို အုပ်ကိုင်ထားသည့်လက်ကို ဖယ်လိုက်ပြီး ရှောင်းလျို လာမယူခင် သကြားလုံးကို အမြန်ယူလိုက်ပြီး အခွံခွာလိုက်ကာ ပါးစပ်ထဲထည့်လိုက်သည်။

ပြီးနောက် နောက်လှည့်လိုက်ပြီး ခါးပေါ်လက်တင်ကာ ပါးစပ်ထဲက ချိုချဥ်ကို ဝါးလိုက်ပြီး အလွန်ဂုဏ်ယူနေသာအမူအရာ အသံနှင့် မပီမသပြောလိုက်သည်။ "ငါ့မှာရှိတယ်။ မင်းမှာ မရှိဘူး!"

ရှောင်းလျို - "...."ဒီအရူး

ကုလျန်မင် အခုမှ အမွှာလေးတွေကို ကြည့်လိုက်သည်။ "နင်တို့နှစ်ယောက်လုံး သကြားလုံးတစ်လုံးစီ စားပြီးပြီ။ ဒီနေ့အတွက် ထပ်စားလို့မရတော့ဘူး"

ဒါကိုကြားလိုက်ရ၍ ရှောင်းဝူနှင့် ရှောင်းလျို တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ရှောင်းဝူ မယုံနိုင်စွာ မေးလိုက်သည််။ "မင်း ဘယ်တုန်းက စားလိုက်တာလဲ?!"

ရှောင်းလျို ကုတင်ကို မှီလိုက်ရင်း သူဒီနေ့ သကြားလုံးထပ်မစားရတော့သဖြင့် ဝမ်းနည်းနေသည်။

ကျန်းထျန် ဤမောင်နှမတွေကိုကြည့်ရင်း သဘောကျစွာ ပြုံးလိုက်သည်။

လူစုံနေသည်ကို မြင်၍ ကုလျန်ရွှမ် ပြောလိုက်သည်။ "ရာသီဥတုက ပိုပိုပူလာပြီဆိုတော့ အေးအောင် ဖျာ ထုတ်အိပ်ရမယ့်အချိန်ပဲ။ ခဏနေ ဖျာကို ဆေးကြောပြီး နေပူထဲအခြောက်ခံရမယ်။ ညကျ လေသလပ်ခံလိုက်ရင် မနက်ဖြန်မွန်းတည့်အိပ်တဲ့အခါ ဖြန့်အိပ်လို့ရပြီ"

"ဖျာကို ဆေးရမယ်?!" ရှောင်းဝူနှင့် ရှောင်းလျို ချက်ချင်း ပြန်တက်ကြွလာကာ တောက်ပနေ‌သော မျက်လုံးများနှင့် ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။

ကုလျန်မင် အပြင်ဘက်က ရာသီဥတုကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အဲ့လိုလုပ်မရမှာ ညီမစိုးရိမ်တယ်။ ညီမ ခုနကမီးဖိုချောင်သွားတုန်းက ရာသီဥတုပြောင်းသွားတာ တွေ့လိုက်တယ်။ မိုးရွာတော့မယ့်ပုံပဲ"

နွေရာသီ၌ ရာသီဥတုက အမြဲပြောင်းလဲသည်။ ခုနကပင် နေသာနေပေမယ့် အခုတိမ်မည်းများနှင့် ဖုံးနေသည်။

ရှောင်းဝူနှင့် ရှောင်းလျို မယုံနိုင်၍ ကုတင်ပေါ်မှခုန်ဆင်းလိုက်ပြီး တံခါးအပြင်သို့ ပြေးကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

မွန်းတည့်တုန်းက နေထိုးနေသည့်နှင့် မတူစွာ အခု ကောင်းကင်ကြီးက မှောင်မည်းနေသည်။ လေတိုက်စဥ် မအေးပေမယ့် ရေငွေ့များသယ်ဆောင်ထားသကဲ့သို့ ပူကာစိုစွတ်ထိုင်းမှုန်နေသည်။

ကျန််းထျန််လည်း အပြင်ဘက်သို့ လိုက်ကြည့်လိုက်ရာ ‌မိုးပေါက်များက သူမလက်ပေါ်ကျလာသဖြင့် သူမ ခြံထဲရပ်နေသော အမွှာနှစ်ယောက်ကို အမြန်ခေါ်ကာ အိမ်ထဲက လူများကို လှမ်းပြောလိုက်သည်။ "မိုးရွာလာပြီ!"

ကုလျန်မင် ဖိနပ်အမြန်ပြေးစီးလိုက်သည်။ " ညီမ အဝတ်သွားရုတ်လိုက်ဦးမယ်။ အစ်ကိုကြီး ပင်းပင်းနဲ့ အန်းအန်းကို ကြည့်ထားပေးဦး!"

ကျန်းထျန် အမွှာလေးတွေကို အိမ်ထဲပြန်ဆွဲခေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းပင် အပြင်ဘက်တွင် မိုးသည်းထန်စွာရွာလာသည်။ ကိုယ်တစ်ခုက သူမဘေးက ရုတ်တရက် ဖြတ်သွားပြီး တံခါးဆီပြေးသွားသဖြင့် ကျန််းထျန် ထိုသူကို ‌‌ဖမ်းကိုင်လိုက်ပြီး ပြောလိုက်သည်။ "ပြန်လာ။ အပြင်မှာ မိုးတွေရွာနေတာ!" နေမကောင်းဖြစ်လျှင် သူမ နေရာလွတ််မှ ဆေးထုတ်ရန် နည်းလမ်းစဥ်းစားရဦးမည်။

ခဏလေးအတွင်းပင် ခြံက မြေကြီးမှာ စိုစွတ်သွားသည်။

ကုလျန်မင် ကျန်းထျန်လက်ကို ခါကာပြောလိုက်သည်။ "အနောက်ခြံမှာ အဝတ်တွေလှမ်းထားတယ်!"

ကျန်းထျန် - အစ်မ ထီးယူပေးမယ်!

ကုလျန်ရွှမ် - ဂုံအိတ်ဝတ်သွား!

နှစ်ယောက် ပြိုင်တူထွက်သွားသဖြင့် ကုလျန်ရွှမ် ကျန်းထျန်ကို အံ့သြစွာကြည့်လိုက်သည်။

ကျန်ထျန် ကုလျန်မင်ကို အိမ်ထဲ ပြန်တွန်းပြီး ပြောလိုက်သည်။ "အစ်မမှာ ထီးရှိတယ်။ အစ်မလည်း ညီမနဲ့ အနောက်ခြံလိုက်ခဲ့ပေးမယ်" ပြောပြီးနောက် လက်ဖဝါးနှင့် သူမနဖူးကိုအုပ်ကာ မိုးထဲအမြန်ပြေး၍ အိမ်ထဲ ထီးယူရန်သွားလိုက်သည်။

ကုလျန်မင် မိုးထဲက ကျန်းထျန်နောက်ကျောကို ကြည့်ရင်း စိတ်ရှုပ်ထွေးကာ ကြောင်သွားသည်။

တံခါးကပွင့်နေ၍ လေတိုက်နေသဖြင့် အေးနေသည်။ မြေပေါ်လည်း မိုးစက်များကျနေသဖြင့် ကုလျန်မင် ရှောင်းဝူနှင့် ရှောင်းလျိုကို အခန်းထဲ ပြန်ရန်ပြောလိုက်ပြီး သူတို့ကို လေအေးတိုက်မည်စိုး၍ တံခါးကို သူမဘာသာ ပိတ်လိုက်သည်။

မူလပိုင်ရှင်တွင် ထီးတစ်ချောင်းရှိသည်။ ထီးတစ်ချောင်းစျေးမှာ မနည်းသဖြင့် ကျေးရွာမှသူများ မိုးကာရန် ဂုံအိတ်သာသုံးကြသည်။ မူလပိုင်ရှင်၏ ထီးမှာ လက်ကိုင်ကရှည်ပြီး ခေါက်စရာမလိုသော ထီးဖြစ်ကာ လေးလံပြီး ကြီးသည်။ ကျန်းထျန် မဖွင့်ခင် အရင်လေ့လာကြည့်လိုက််သည်။

သူမ ထီးကို ယူပြီး အမွှာငယ်လေးတွေ အခန်းသွားလိုက်သည်။ တံခါးပိတ်ထားသည်ကို မြင်၍ သူမ ခေါက်၍ ပြောလိုက်သည်။ "ရှောင်းမင်၊ မြန်မြန် မိုးက ပိုသည်းလာပြီ!"

မိုးက ရုတ်တရက်ရွာကာ ပိုပြီးလည်းသည်းလာသည်။ အလုပ်လုပ်နေကြ‌သော ရွှီကျင်းဖန်နှင့် ကုလျန်ရုန် ဘယ်လိုပြန်လာမည်နည်းဟု သူမတွေးနေမိသည်။

ကုလျန််မင် တံခါးအဟကြားမှ တိုးထွက်လာပြီး ထီးအောက် ‌ခြေ၂လှမ်း‌အရောက် ခုန်လိုက်သည်။ ထီးအောက်နေရာကြောင့် သူမ ကျန်းထျန်ဘေး ကပ်နေရ၍ သူမနှာခေါင်းထဲ ကျန်းထျန် အနံ့ဖြင့် ပြည့်နေသည်။ သူမ မသိလိုက်ဘဲ အနံ့ခံမိသွားရာ မွှေးကြောင်းသိလိုက်သည်။ ကျန်းထျန်လိမ်းထား‌သော ခရင်မ်ကြောင့်လားဟု သူမတွေးလိုက်သည်။

အနောက်ခြံသွားလိုက်ပြီးနောက် ကုလျန်မင် အဝတ်တွေကို အလျင်တလိုမရုတ်ဘဲ ကြက်ခြံကို ပေါင်းပင်များဖြင့် အရင်အုပ်လိုက်သည်။ ပြီးနောက် သူမ အသီးအရွက်ခြံထဲမှ အသီးအရွက်အနည်းငယ်နှင့် သခွားသီး ခရမ်းချဥ်သီးများ ခူးပြီး ဘေးထောင့်က ဝါးခြင်းထဲ ထည့်လိုက်သည်။ အကုန်ပြီးမှ သူမ အဝတ်လှမ်းကြိုးပေါ်က အဝတ်များကို ရုတ်လိုက်သည်။

ကုလျန်မင် အဝတ်များ တန်းလန်းကျနေသော ခြင်းကို လက်တစ်ဖက်နှင့်ကိုင်ထားရင်း ကျန်းထျန်ကို ပြောလိုက်သည်။ "ညီမကို မီးဖိုချောင် ခေါ်သွားပေး။ အသီးအရွက်တွေ ထားချင်လို့"

"အမေ ပြန်မရောက်သေးတော့ ညီမ မီးဖိုချောင်သွားရင် ဂျင်းပြုတ်ရည်များများ တည်ထားပေးလိုက်ဦး" ကျန်းထျန် ထီးကို ကုလျန်မင်အရပ်နှင့် ပြေအောင် ပြီးတော့ မိုးမပက်စေရန် နိမ့်ပြီး ‌ကိုင်ထားပေးလိုက်သည်။

ကုလျန်မင် နှုတ်ခမ်းစူလိုက်ပြီး ကျန်းထျန်ကိုကြည့်ကာပြောလိုက်သည်။ "ညီမ သိပါတယ်"

"အိမ်မှာ မိုးကာဖို့ ဂုံအိတ်တွေရှိတယ်မလား? အစ်မကို ကူရှာပေးပါဦး" ကျန်းထျန်ကို ပြောလိုက်သည်။

ကုလျန်မင် မော့ကြည့်လိုက်ပြီး ‌ပြောလိုက်သည်။ "အစ်မ အမေနဲ့ တတိယ အစ်ကိုကို သွားခေါ်မလို့လား?"

"ဟုတ်တယ်" မိုးက အလွန်သည်းသည်းမဲမဲ ရွာနေသဖြင့် ကျန်းထျန် အရှေ့ကလမ်းကိုပင် သေချာမမြင်ရချေ။

"မီးဖိုချောင်မှာ" ကုလျန်မင် သူမခေါင်းကို လှည့်လိုက်ရာ မိုးစိုနေသော ကျန်းထျန်ပုခုံးကို တွေ့လိုက်ရ၍ သူမ ခဏကြောင်သွားပြီးနောက် မသိမသာ ကျန်းထျန်ဘေးကပ်လိုက်သည်။

မီးဖိုချောင်တွင် ကုလျန်မင် ဂုံအိတ်အကြီးနှစ်လုံးရှာတွေ့သဖြင့် ကျန်းထျန် ဂုံအိတ်များကို ယူလိုက်ပြီး ရွှံ့ထူနေပြီဖြစ်သော ခြံထဲ ခြေတစ်ဖက်က နက်နက် နောက်တစ်ဖက်က ဖွနင်း၍ ကုလျန်ရွှမ်ဆီ အရင်သွားလိုက်သည်။

ပြတင်းပေါက်မှ ကျန်းထျန် အထဲသို့ အော်လိုက်သည်။ "ကုလျန်ရွှမ်၊ ကျွန်မ အမေနဲ့ တတိယ မောင်လေးကို သွားခေါ်လိုက်ဦးမယ်။ ခဏနေပြန်လာခဲ့မယ်နော်!" အထဲက ကြားသည်လားကိုတော့ မသိ။ ကျန်းထျန် ၂စက္ကန့်လောက် စောင့်လိုက်ပြီး ဘာမှမကြားသဖြင့် သွားခေါ်ရန်သာ မြန်မြန်သွားလိုက်သည်။

ကုမိသားစုခြံက တောင်‌ခြေနှင့်မဝေးသဖြင့် အနောက်ဘက်၊ တောင်ဘက် သွားသည့်လမ်းတလျှောက်က တစ်ရွာလုံးတွင် ရွှံ့အထူဆုံးဖြစ်သည်။ လမ်းတလျှောက် အနောက်ဘက်သွားလိုက်ရာ အဆုံးတွင် အဖွဲ့၏လယ်ဖြစ်သည်။

အဝေးက ကြည့်လိုက်ရာ သူမ လူအုပ်ကြီး ပြန်ပြေးလာကြသည်ကို မြင်၍ သူတို့နှင့်ဆုံရန် သူမ မြန်မြန်သွားလိုက်သည်။

ရွှီကျင်းဖန်က မျက်စိလျင်သဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ထီးကိုင်‌ထားသော ကျန်းထျန်ကို မြင်၍ မြန်မြန်သွားကာ ပြောလိုက်သည်။ "ထျန်ထျန်၊ သမီး ဘာလို့ဒီရောက်နေတာလဲ? မိုးက အရမ်းသည်းနေတာ!"

"အမေ! "ကျန်းထျန် အသံလာရာကြည့်၍ ပြောလိုက်သည်။ "အမေ၊ သမီး အမေ့ကို ဂုံအိတ်ယူလာပေးတာ"

ရွှီကျင်းဖန် ဂုံအိတ်ကိုယူလိုက်ပြီး သူမကိုယ်ပေါ် မြန်မြန်ခြုံလိုက်ကာ ထီးအောက် ဝင်လိုက်သည်။ ကျန်းထျန်ကျောနှင့် ပုခုံးတစ်ခြမ်းစိုနေသည်ကို မြင်၍ မာန်လိုက်သည်။ "သမီးက အ လိုက်တာ။ အပြင်မထွက်ခင် ကိုယ့်ကိုကိုယ် ဂုံအိတ်အရင်ခြုံရမှာ မသိဘူးလား!"

ကျန်းထျန် ပြုံးသာပြုံးလိုက်သည်။ သူမအလျင်လိုနေသောကြောင့်သာဖြစ်သည်။

"ဒါက တတိယ ကလေးအတွက်လား?" ရွှီကျင်းဖန် ထီးကို ကျန်းထျန်ဘက် တွန်းလိုက်ပြီး ကျန်းထျန််လက်က ဂုံအိတ်နောက်တစ်လုံးကို မြင်၍ မေးလိုက်ရခြင်းဖြစ်သည်။

ကျန်းထျန်ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ အမေ။ တတိယ မောင်က ဘယ်မှာလဲ? သူက အမေနဲ့ မတူဘူးလား?"

ရွှီကျင်းဖန်နှင့် ကျန်းထျန်မှာ လမ်းဘေးတွင် ထီးကိုင်ထားပြီး ရပ်နေသဖြင့် နေရာတကာပြေး၍ မိုးခိုရန်နေရာ‌ရှာနေရသော လူအုပ်ကြီးနှင့်ဆိုလျှင် တသီးတသန့် ကွဲပြားနေသည်။

ဖြတ်သွားသောသူများ မနေနိုင်ဘဲ ကြည့်မိရာ ရွှီကျင်းဖန်ကို မှတ်မိသွား၍ ဘေးတွင်ရပ်နေသော ကျန်းထျန်ကို ကြည့်လိုက်ရာ ကျန်းထျန် မည်သူဆိုသည်ကို ချက်ချင်းနားလည်သွားသည်။ ဒါက လက်ထပ်ပြီးသည်မှာ သုံးလလောက်ပဲရှိသေးသည့် ကုအိမ်ရဲ့ မြို့ကချွေးမပဲ! ထီးတစ်ချောင်းရှိသည်က မထူးဆန်းတော့ပေ။

ကုလျန်ရုန် ခေါင်းငုံ့ပြီး သုတ်သုတ်သုတ်သုတ်သွားနေရကာ ထင်းနေသော အနက်ရောင်ကို မြင်လိုက်၍ ကြည့်လိုက်မိပြီး မျက်မှန်းတန်းမိသလိုရှိသဖြင့် အော်ခေါ်ကြည့်လိုက်သည်။ "အမေ?"

"တတိယ ကလေး! ဒီကိုမြန်မြန်လာ!" ကုလျန်ရုန်အော်ခေါ်လိုက်သည်နှင့် ရွှီကျင်းဖန် ချက်ချင်းမှတ်မိသွားပြီး လက်ဝေ့ရမ်း‌ကာ ပြောလိုက်သည်။ "ဒီကိုလာပြီး ဂုံအိတ်ခြုံ!"

ကုလျန်ရုန် ‌ပြေးသွားလိုက်ပြီး ဂုံအိတ်ကိုယူကာခြုံလိုက်ပြီးနောက် ခေါင်းပြန်မော့၍ ပြောလိုက်သည်။ ‌"ကျေးဇူးတင်ပါတယ်၊ မရီး"

" ဟုတ်ပြီ ဟုတ်ပြီ အချိန်ဖြုန်းမနေနဲ့။ အိမ်အရင်ပြန်ကြမယ်!" ရွှီကျင်းဖန် ပြောလိုက်သည်။

သူတို့သုံးယောက် အိမ်မြန်မြန်ပြန်လိုက်ကာ တံခါးပိတ်ပြီးနောက် မီးဖိုချောင်ဆီ အရင်သွားလိုက်သည်။

All Chapters