← Chapters

အခန်း (၂၂)

Vol. 2 Ch. 22

အခန်း (၂၂)

Vol. 2 Ch. 22

"ရှင်ပြောချင်တာရှိလို့လား?" ကျန်းထျန် ကုလျန်ရွှမ်ကို မေးလိုက်သည်။

ကုလျန်ရွှမ် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်"

ကျန်းထျန် - သူက ဘာဆိုလိုချင်တာလဲ?

"ရှင်မပြောရင် ကျွန်မထွက်သွားတော့မယ်" ဟူသော ကျန်းထျန်အကြည့်အောက် ကုလျန်ရွှမ် ပြောလိုက်သည်။ "ကိုယ့်ခြေထောက်ပြန်ကောင်းသွားပြီ"

ကျန်းထျန် - ...???!!!

သူမ ဝှီးချဲပေါ်က ကုလျန်ရွှမ်ခြေထောက်ကို ငုံ့ကြည့်လိုက်ပြီးနောက် ကုလျန်ရွှမ် မျက်နှာကိုကြည့်လိုက်ရာ ပြုံးပြီးခေါင်းညိတ်နေသည်ကို တွေ့လိုက်သည်။ ကျန်းထျန် သူမအိမ်မက်‌မက်နေသည်လားဟူသော မျက်နှာနှင့် ပင်မအခန်းအပြင်ဘက်သို့ ကြည့်လိုက်သည်။

ကျန်းထျန် သူမစကားလုံးများကို သေချာစီပြီးနောက် သတိထားပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။ "ခုရက်ပိုင်း မိုးရွာတာများသွားလို့ ရှင့်ဦးနှောက် ရေမြုပ်သွားတာများလား?"

ကုလျန်ရွှမ် မျက်နှာက အပြုံးက တောင့်သွားသည်။ ကျန်းထျန်က အပြောမတတ်ဟု သူထင်သည်။

သူ့အမူအရာချက်ချင်း ပြောင်းသွားသည်ကို ကြည့်ရင်း တစ်နေကုန် မျက်နှာတည်နှင့်သာနေသောသူက မျက်နှာအမူအရာပြောင်းလဲနေသဖြင့် သူဘာတွေးနေလဲ သူမ ခန့်မှန်း၍မရဟု ကျန်းထျန်တွေးလိုက်မိသည်။

"ရှင် လက်ထုတ်ကြည့်" ကျန်းထျန်ပြောလိုက်သည်။

ကုလျန်ရွှမ် ဘာလို့မှန်းမသိပေမယ့် ကျန့်းထျန်ကြည့်နေ၍ သူတဖြည်းဖြည်း သူ့လက်ကို မြှောက်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ နောက် ကျန်းထျန်လည်း သူမလက်ကို သူ့လက်နားကပ်လာပြီးနောက် လက်မ လက်ညှိုး လက်ခလယ် ဖြင့် သူ့အသားကို နာနာဆွဲ လိမ်လိုက်ကာ သူ့ကို ရိုးသားသောမျက်နှာနှင့် မေးလာသည်။ "နာလား?"

ကုလျန်ရွှမ် နှုတ်ခမ်းများတွန့်သွားပြီး အမူအရာကလည်း ရှုံံ့မဲ့သွားသည်။ သူ ဆွဲလိိမ်ကြည့်ရင်ရော နာမယ်ထင်လားဟုမေးကြည့်ချင်သည်။

ကျန်းထျန် သူ့လက်ကို ဖွဖွပုတ်ရင်း ပြောလိုက်သည်။ "နာတယ်ဆိုရင် ရပါပြီ။ နာတာကိုသိရင် အိပ်မက်မက်နေတာမဟုတ်ဘူးဘဲ။ ဆရာဝန်က ရှင့်ခြေထောက်တစ်သက်လုံး ဒီလိုပဲ‌ဖြစ်နေတော့မှာဆိုပြီးပြောတယ်လို့ အမေပြောတယ်"

ကုလျန်ရွှမ် ချက်ချင်းသဘောပေါက်သွားသည်။ ကျန်းထျန် သူ့ခြေထောက်ကောင်းသွားသည်ဟု ပြောသည်ကို အထင်လွဲသွား၍ အခုလိုပြုမူခြင်းဖြစ်မည်။

"ညာခြေထောက်မဟုတ်ဘူး။ ဘယ်ခြေထောက်" ကုလျန်ရွှမ် ရှင်းပြလိုက်သည်။

ကျန်းထျန် ရေနွေးကို တစ်ကျိုက်သောက်လိုက်ပြီး မျက်လုံးပုတ်ခက်ပုတ်ခက်လုပ်ကာ ပြောလိုက်သည်။ "မတူလို့လား?"

"ဘယ်ဘက်ခြေထောက်က ခေါက်သွားတာ" ကုလျန်ရွှမ် ဝှီးချဲကို သူဘယ်ခြေဖဝါးဖြင့် တွန်းလိုက်ပြီးနောက် ကျန်းထျန်မြင်အောင်် မြှောက်ပြလိုက်သည်။ "ညာဘက်ခြေထောက်က ဒဏ်ရာရတာ"

ကျန်းထျန် သူမနဖူးကို ရိုက်လိုက်သည်။ သူမ ဤအကြောင်းကို မေ့သွားသည်။ "ရှင့်ဘယ်ဘက်ခြေထောက်က ရှင် အနောက်ခြံမှာ အသီးအရွက်သွားခူးတုန်းက လဲထားတာမလား?" ကျန်းထျန်မေးလိုက်သည်။

ကုလျန်ရွှမ် - "ဟုတ်တယ်" သူ ‌ခုနက ပျော်ရွှင်နေသည်ကို ဝေမျှနေချင်ပေမယ့် အခု ပျော်တာ လုံးဝမရှိတော့ပေ။

သူပြောပြီးနောက် မျက်လွှာချလိုက်ကာ တံခါးသို့ ခြေတစ်ချောင်းဖြင့် ခုန်သွားလိုက်ပြီး တံခါးနောက်မှ ဂျိုင်းထောက်၂ခုကို‌ယူကာ အရှေ့အခန်းသို့ တရွတ်တိုက်သွားလိုက်သည်။ သူ့နောက်ကျောပြင်က အားမလိုအားမရဖြစ်ကာ အလွန်စိတ်ဓါတ်ကျနေသည့်ပုံပေါ်သည်။

ကျန်းထျန် တကယ်ရောထွေးသွားသည်။ သူ့ဘယ်ခြေထောက်က သက်သာသွားပြီး ညာခြေထောက်ကတော့ မသက်သာသေးပါ။ သူငါးဟင်းအနည်းငယ်စားပြီး ဒီလို သွားနိုင်သည်ကို တွေးမိသွားပြီး သူမ ထိတ်လန့်စွာ တံခါးအပြင်သို့ ပြေးထွက်မိတော့မလိုဖြစ်သွားသည်။

မူလသက်ရှင်ဆေးရည်က အလွန်အစွမ်းထက်သည်။ သို့သော် မြစ်ရေထဲ ရောလိုက်ပြီး ငါးတွေလည်းသောက်မိပြီးမှ ဟင်းချက်စား၍ လူခန္ဓာကိုယ်ထဲရောက်သည်ဖြစ်ကာ အကျိုးရလာဒ်က အလွန်သေးငယ်သည်။

ပြီးတော့ ကုလျန်ရွှမ်က ငါးသိပ်ကြိုက်သည့်ပုံမပေါ်ချေ။ ငါးအသားလွှာသာ သေချာစား၍ ငါးစွပ်ပြုတ်ကိုတော့ အနည်းငယ်မျှသာ သောက်သည်။

သို့သော် သူ့ဘယ်ခြေပြန်ကောင်းမည်ဟု မထင်ထားပေ။ ပျောက်ကင်းသည့်ပုံစံအရ ငါးများကို မကြာခဏ စားပြီး အချိန်တော်တော်ကြာ ဆေးရည်ကို ဖြည်းဖြည်းချင်းစားသုံးလျှင် ညာခြေလည်း ပြန်ကောင်းနိုင်သည်။ သူ နောက်ဆက်တွဲ ပြန်ဖြစ်တာမျိုးမရှိဘဲ သေချာမတ်တပ်ပြန်ရပ်နိုင်လောက်သည်။

"ရှောင်းဝူ ရှောင်းလျို၊ အနောက်ခြံသွားပြီး ခြင်းတွေယူခဲ့။ အစ်မတို့ တောင်ပေါ်တက်ပြီး မျှစ်စို့တူးမယ်၊ မှိုကောက်ကြမယ်!" ကျန်းထျန် စားပွဲကို ရိုက်လိုက်ကာ သူမ ဆေးကို တစ်နည််းနည်းဖြင့် အိမ်သို့ယူလာပြီးလျှင် ကုလျန်ရွှမ် ခြေထောက်‌ဒဏ်ရာ သိပ်မကြာမီ ပြန်ကောင်းလိမ့်မည်။ ဒါဆို သူမလည်း ဘာမှစိတ်ပူစရာမလိုဘဲ စားလိုက်အိပ်လိုက်နေလို့ရပြီ။

သူမ ခေါ်လိုက်ပြီး မကြာခင် အရှေ့ခန်းမှ ‌ကလေးနှစ်ယောက် ကျန်းထျန်ဆီပြေးလာသည်။ သူတို့ မြေကြီးကိုနင်းတိုင်း ဖိနပ်များက တဒေါက်ဒေါက် မြည်နေသည်။

ကျန်းထျန် အမွှာလေးတွေ၏ ခြေကို ကြည့်လိုက်ရင်းမေးလိုက်သည်။ "မောင်လေးတို့ ခြေဖဝါးမှာ ဘာစီးထားတာလဲ?"

"သစ်သားဖိနပ်!" ရှောင်းဝူ လက်သီးဆုပ်ကာ သူ့ခြေဖဝါးကို မြှောက်ရင်း ဖိနပ်ကို နင်းလိုက်ပြီး အသံထွက်လာအောင် လုပ်လိုက်သည်။

ကျန်းထျန် မျက်လုံးများ အံ့သြစွာပြူးကျယ်သွားသည်။ ဒါက ဒီဘက်ခေတ်က ခြေညှပ်ဖိနပ်ဖြစ်ရမည်။ အောက်ခြေက သစ်သားပြားဖြစ်ပြီး ကောက်ရိုးမျှင်ကြိုးများဖြင့် သီတန်းထားသည်။

ရှောင်းလျို ရှင်းပြလိုက်သည်။ "အဝတ်ဖိနပ်က ညစ်ပတ်လွယ်တယ်။ တောင်ပေါ်က သစ်ကိုင်းတွေ၊ ကျောက်တုံးတွေနဲ့လည်း ခြစ်မိနိုင်တယ်ဆိုတော့ ကျွန်တော်တို့အားလုံး ကောက်ရိုးခြေညှပ်ဖိနပ်ပဲ စီးဖြစ်ကြတာ"

"အိမ်မှာ အများကြီးရှိလား?" ကျန်းထျန်လည်း စီးကြည့်ချင်သည်။ သူမ တောင်အတွင်းထဲ မတက်ဖူးသဖြင့် အထဲတွင် ဘာရှိလဲ သေချာမသိပေ။ သေချာသည်ကတော့ မိုးရွာထား၍ ရွှံ့ထူနေမည်ဖြစ်၍ အဝတ်ဖိနပ်စီး၍တော့ လုံးဝမရချေ။ အိမ်ပြန်ရောက်တာနှင့် သေချာလျှော်ရဦးမည်။

သစ်သားဖိနပ်က အလွန်အဆင်ပြေသည်ဟု သူမထင်သည်။ ညစ်ပတ်သွားရင်တောင် ရေတစ်မှုတ်လောက် လောင်းလိုက်ရုံဖြင့် သန့်ရှင်းသွားနိုင်သည်။

ရှောင်းလျို ခေါင်းညိတ်ပြီး "ရှိတယ်၊ မရီးအတွက် ကျွန်တော်သွားယူလိုက်မယ်!" ပြောပြီးနောက် အရှေ့အခန်းသို့ သွားလိုက်သည်။

"စတုတ္ထအစ်မ၊ အစ်မမှာ ဒုတိယအစ်မရဲ့ သစ်သားဖိနပ်ရှိသေးလား? မရီးက စီးချင်လို့တဲ့!" ရှောင်းလျို တံခါးဖွင့်ပြီးနောက် အမွှာအငယ်လေးတွေ အိပ်နေသေးသည်ကို မြင်၍ ကုလျန်မင်ကို တိုးတိုးမေးလိုက်သည်။

"ရှိတယ်။ အစ်မ ယူပေးမယ်" ကုလျန်မင် ကုတင်ပေါ်မှ ဆင်းပြီးနောက် ဖိနပ်ကို ဘီဒိုအောက်ခြေတွင် ရှာလိုက်သည်။

ဖိနပ်ရှာပေးရင်း ကုလျန်‌မင် ရှောင်းလျိုကို မှာလိုက်သည်။ "စောစောပြန်လာခဲ့ကြ။ တောင်ပေါ်မှာ ဆော့မနေကြနဲ့ဦး"

"နားလည်ပါပြီ။ စတုတ္ထအစ်မ၊ အစ်မရော ကျွန်တော်တို့နဲ့ တကယ် မလိုက်တော့ဘူးလား?" ရှောင်းလျို မေးလိုက်သည်။

ကုလျန်မင် အပြင်သို့ တစ်ချက်ကြည့်ရင်း ခေါင်းသာခါလိုက်သည်။ "အစ်မ မသွားတော့ဘူး" သူမ ‌အမွှာအငယ်လေးတွေကို ကြည့်ရဦးမည်။

"သွား" ကုလျန်မင် ပြောပြီးသည်နှင့် ကုလျန်ရွှမ်အသံထွက်လာပြီး သူ အခန်းထဲသို့ ဂျိုင်းထောက်ထောက်၍ ဝင်လာသည်။ "အစ်ကို ကလေးတွေကို ကြည့်ထားမယ်။ စောစောသာ ပြန်လာခဲ့" အမွှာအငယ်လေးတွေကို မကြည့်ဘဲ ဒီအတိုင်းထား၍တော့မရပေ။ ပြီးတော့ သူတို့ နေ့လည် ထမင်းချက်ရဦးမည်။ လူ‌တစ်ယောက် အနည်းဆုံးလူနှစ်ယောက် အိမ်တွင် ရှိရန်လိုအပ်သည်။

သို့သော် ရှောင်းမင်က အပြင်မထွက်ရသည်မှာ ကြာနေပြီဖြစ်ကာ အခု သူ့ခြေထောက်ပြန်ကောင်းသွား၍ သူ့ဘာသာလှုပ်ရှားနိုင်သဖြင့် ရှောင်းမင် အိမ်တွင် တစ်နေကုန်နေစရာမလိုတော့ပေ။

ကုလျန်မင် အနည်းငယ် တုံ့ဆိုင်းနေသည်။ ရှောင်းလျို ပြန်မလာသေးသည်မှာ ကြာနေ၍ ‌ကျန်းထျန်် ရှောင်းဝူကို ခေါ်၍ ရောက်လာသည်နှင့် သူတို့ပြောသည်ကို ကြားကာ ဝင်ပြောလိုက်သည်။

"လိုက်ခဲ့ပါ။ ပြီးတော့ အစ်မ တောင်နက်ထဲ တစ်ခါမှမရောက်ဖူးတော့ လမ်းပြပေးဖို့ တစ်ယောက်လိုတယ်။ တစ်ခုခုကောင်းတာရှာတွေ့ရင်လည်း ပိုသယ်လို့ရတာပေါ့"

"ဒါဆို ညီမသွားလိုက်မယ်" ကုလျန်မင် ပြောပြီးနောက် ခေါင်းငြိမ့်ကာ သူမဖို့ပါ သစ်သားဖိနပ်ရှာလိုက်သည်။

ကျန်းထျန် သစ်သားဖိနပ်ကို ဝတ်ကြည့်ပြီး လမ်းလျှောက်ကြည့်ရာ စီးရသည်မှာ အလွန်ပေါ့ပါးပြီး သက်တောင့်သက်သာရှိလှသည်။

ကုလျန်မင် ထွက်လာပြီးနောက် သူတို့လေးယောက် အနောက်ခြံသို့သွား၍ ကျောတွင် ဝါးခြင်းကိုယ်စီလွယ်ကာ တောင်သို့ တူတူတက်ကြသည်။

"ဝါးတောက တောင်အရှေ့တည့်တည်သွားရတာ။ အဲ့ကို သွားကြမယ်" ကုလျန်မင် တောင်ပေါ်တက်သည်နှင့် သူမတွေ့သမျှ မှိုများကို ခူးကာ နောက်က ဝါးခြင်းထဲ ပစ်ထည့်လိုက်သည်။

"နေ့ဘက်ဆို ဝါးတောထဲ လူနည်းနည်းပဲရှိတယ်။ ဒါပေမယ့် နေစောင်းရင်တော့ လူပိုပြီးများများလာတယ်" သူမ လမ်းလျှောက်ရင်း ‌ဆက်‌ပြောလိုက်သည်။ "ပြန်လို့ ဝါးခြင်းတွေက မပြည့်ဘူးဆိုရင် ထင်းတွေကောက်ပြီး ပြန်သယ်သွားလို့ရတယ်"

ကျန်းထျန် - "...ခုကအပြင်ထွက်ပြီး ပေါ့ပေါ့ပါးပါးနေတဲ့သဘောပဲကို။ အရမ်းတင်းကြပ်စရာမလိုပါဘူး" ကုလျန်မင် နောက်ဆုံးစကားပြောပြီးနောက် ကလေးနှစ်ယောက် ပြုံး‌တာရပ်သွားကြောင်း ကျန်းထျန်မြင်လိုက်သည်။

ကုလျန်မင် ကျန်းထျန်ကို တစ်ချက်ကြည့်လိုက်ရင်း နှုတ်ခမ်းဆူကာ ပြောလိုက်သည်။ "ညီမက အပြင်ထွက်တာလည်း သိပ်မများဘူး။ ပြီးတော့ ဒီလိုမျိုးက လုပ်နေကျ" ရှောင်းဝူနှင့် ရှောင်းလျို အပြင်ထွက်ဆော့တိုင်း သူမ ဤကဲ့သို့မှာနေကျဖြစ်သည်။

သို့မှသာသူတို့ပြန်လာလျှင် ခြင်းထဲတွင် ထင်းပါမည်ဖြစ်သည်။ ပြီးတော့ အိမ်တိုင်းလည်း ထိုသို့ပင်။ လူကြီးများက အလုပ်လုပ်ရသကဲ့သို့ ကလေးများကလည်း အပြင်ထွက်ကစားလျှင် သူတို့ကိုယ်ပိုင်လုပ်ရမည်ရှိသည်။

"ရပါတယ်။ နောက်ကြာလာရင် ညီမလေး ကျင့်သားရသွားလိမ့်မယ်" ကျန်းထျန် သူမပြောချင်သည့်သဘောကို ပြောင်းပြောသဖြင့် ကုလျန်မင် ဘာပြန်ပြောရမည်မသိတော့။

ဝါးတောက အထဲရောက်သဖြင့် ကလေးတွေလည်း လူကြီးမပါရင် မလာရဲကြပေ။ ထို့ကြောင့် လမ်းက အလွန်တိတ်ဆိတ်သည်။

မိုးသည်းထန်စွာ ရွာပြီးနောက် မှိုများက အစုလိုက်ပေါများစွာပေါက်ရောက်နေသည်။ ကျန်းထျန် မှိုကောက်ရာတွင် အ‌တွေ့အကြုံမရှိသော်လည်း ကုလျန်မင်ကတော့ ပိုအတွေ့အကြုံရှိသည်။ ကျန်းထျန် သူတို့ကောက်သလို မှိုလိုက်ကောက်သည်။

မှိုကနေရာတိုင်း ပေါက်နေသဖြင့် ကျန်းထျန် ပွားယူသည့်စွမ်းအား သုံးစရာပင် မလိုဘဲ သူတိို့လေးယောက်၏ ဝါးခြင်းများအောက်ခြေတွင် မှိုများဖြင့် ပြည့်သွားသည်။

"ပြန်လာမှ ဆက်ကောက်ကြမယ်" ကုလျန်မင် လက်ခုပ်တီး၍ ပြောလိုက်ပြီးနောက်် ကျန်းထျန် အပင်တစ်ပင်ရှေ့တွင်မလှုပ်မယှက် မတ်တပ်ရပ်နေသည်ကို မြင်၍ သွားကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ?"

"အဲ့ဒါ မှိုအကြီးမလား?" ကျန်းထျန် ညွှန်ပြရင်းမေးလိုက်သည်။

ကုလျန်မင်အရပ်က ကျန်းထျန်ရင်ဘတ်ထိသာ ရှိသေးသဖြင့် သူမ ခြေဖဝါးထောက်၍ သေချာမြင်အောင်ကြည့်လိုက်သည်။ "ဟုတ်မယ်ထင်တယ်"

ကျန်းထျန် မျက်လုံးများအရောင်တောက်သွားကာ အသက်ပြင်းပြင်းရှုပြီးနောက် ပြောလိုက်‌သည်။ "အစ်မခူးသွားပြီး ညကျ မှိုကြက်ဥ လုပ်စားလို့ရလား?"

ကုလျန်မင် - "...အစ်မခူးလေ" ကျန်းထျန်က အစားသရဲမှန်း သူမအရင်က မသိခဲ့ပေ!!

ကျန်းထျန် လက်ကိုပွတ်သပ်လိုက်ပြီး လက်မြှောက်ကာ မှိုအကြီးကို ဖြည်းဖြည်းချင်း ခူးလိုက်သည်။ ဘေးက သစ်ရွက်တစ်ရွက်ခူးပြီး ထုပ်ကာ ခြင်းထဲ သတိထားထည့်လိုက်သည်။

ကုလျန်မင် - "ညီမ ပြောဖို့မေ့သွားလို့။ အကြီးဆုံးအစ်ကိုရဲ့ ခြေထောက်က သက်သာသွားတော့ သူ ခုကစပြီး အိမ်မှာ ဟင်းချက်မှာ"

ကျန်းထျန် အံ့သြသွား၍ ချက်ချင်းခေါင်းမော့ကြည့်လိုက်သည်။ "ဟမ်?!" ကုလျန်ရွှမ်က ချက်တတ်သည်လား? မဟုတ်ဘူး ကုလျန်ရွှမ် ချက်ရင် သူမ စားလို့ရောရပါ့မလား?

ကျန်းထျန် အကြီးဆုံးအစ်ကိုချက်‌သောထမင်းကို စား၍ရမရ မေးခွန်းထုတ်လိမ့်မည်ဟု ကုလျန်မင် မထင်ထားပေ။ သူမ ဆက်ပြောလိုက်သည်။ "အဲ့ဒါကြောင့် အစ်မ စားချင်တာရှိရင် အကြီးဆုံးအစ်ကိုကို ပြောရမှာ" ပြောပြီးနောက် ကုလျန်မင် တောင်ပေါ်ဆက်တက်လိုက်သည်။

ကျန်းထျန် ဝါးခြင်းကို သူမကျောပေါ်လွယ်ကာ ကုလျန်မင်နောက် မြန်မြန်လိုက်၍ မေးလိုက်သည်။ "ညီ‌မလေးရဲ့အကြီးဆုံးအစ်ကို ဟင်းချက်တာက ဘယ်လိုနေလဲ?" သူမ ယေဘုယျသဘောမျိုးသာ မေးနိုင်သည်။ စားရခက်လားဟုတော့ တိုက်ရိုက် ထုတ်မပြောရဲချေ။

ကုလျန်မင် ရပ်လိုက်ပြီးနောက် ကျန်းထျန်ကို `အစ်မက ဘာမှမသိဘူးဘဲ´ အကြည့်မျိုးနှင့် ကြည့်လိုက်သည်။

ကျန််းထျန် - ...အရင်ရက်တွေက ငါးအသားလွှာလုပ်နည်း သူမကို ဘယ်သူများမေးတာလဲ?!!

"ပြောရရင်..."ကုလျန်မင် သူမအကြီးဆုံးအစ်ကိုဟင်းချက်လက်ရာကို ဘယ်လိုဖော်ပြလျှင်ကောင်းမည်နည်းဟုတွေးကာ ပြောရင်းရပ်တန့်သွားသည်။

ကျန်းထျန် နားစွင့်ကာ တစ်ခုခု မကြားလိုက်မည်စိုး၍ကုလျန်မင်ပြောသည်ကို အာရုံစူးစိုက်စွာ နားထောင်‌လိုက်သည်။ ကုလျန်ရွှမ် ဟင်းချက်လက်ရာသာ မကောင်းလျှင် သူမဘာသာ ဟင်းချက်လိုက်မည်ဟု တွေးလိုက်သည်။ အနည်းဆုံးတော့ ကြက်ဥတစ်လုံးကြော်၊ အသင့်စားခေါက်ဆွဲတော့ သူမချက်နိုင်သည်။

ကုလျန်မင် ကျယ်လောင်စွာပြောလိုက်သည်။ "ထားလိုက်ပါတော့။ ညီမ ချက်ထားတာထက်တော့ ပိုကောင်းတယ်" ဟင်းချက်ရာတွင် သူမကိုယ်သူမ ယုံကြည်ချက်ရှိသော ကုလျန်မင်ပင် သက်ပြင်းချရသည်။ သူမ အကြီးဆုံးအစ်ကို၏ ဟင်းချက်လက်ရာက သဘာဝအလျောက် ပါရမီပါလာသည်ဖြစ်ပြီး ဒီလမ်းကြောင်းတွင်တော့ သူမ၏ရှေ့ဆောင်လမ်းပြဖြစ်သည်။

ကျန်းထျန် သူမ နားကြားမှားသည်ဟု သံသယဝင်ပြီး ခေါင်းကိုခါလိုက်သည်။ နောက် သူမ မယုံနိုင်လှစွာ မေးလိုက်သည်။ "အရသာရှိတာလား?!" သူမ ဝတ္ထုဖတ်တုန်းက သူမ တစ်ခုခုများ ကျော်ဖတ်မိသွားလား? ကုလျန်ရွှမ်က ကုလျန်မင်ထက် ဟင်းချက်ပိုကောင်းသည်လား?

ကုလျန်မင် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်၊ ဒုတိယအစ်မကနေ ရှောင်းလျိုထိ အကြီးဆုံးအစ်ကိုချက်တာစားပြီးကြီးလာကြတာ"

ကုလျန်မင် အမူအရာက ညာနေသည့်ပုံမပေါ်၍ ကျန်းထျန် သံသယဝင်သွားသည်။

ကျန်းထျန် အမူအရာကိုမြင်၍ ကုလျန်မင်မေးလိုက်သည်။ "အစ်မ ညီမပြောတာမယုံရင် နေ့လည်စာစားပြီးရင် အစ်မသိလိမ့်မယ်?"

ကုလျန်မင်‌ ပြောတာကြား၍ ကျန်းထျန် ကုလျန်ရွှမ်ချက်ထားသည်ကို သူမစားကြည့်ရန် မျှော်လင့်နေပြီဖြစ်သည်။

"ညစာ မှိုကြက်ဥခေါက်ဆွဲရယ် ဝက်ခြေထောက်နှပ်ရယ်ဆိုရင် ညီမလေး ဘယ်လိုသဘောရလဲ?" ကျန်းထျန် ပြောရင်း သူမကိုယ်သူမ အနည်းငယ်စိတ်တိုသွားသည်။

"အစ်မ အပြင်ထွက်မလာခင် ဘာလို့ ဝက်ခြေထောက်မှာဖို့ မစဥ်းစားမိတာပါလိမ့်! ဝက်ခြေထောက်က အချိန်အကြာကြီးနှပ်ထားရမှာ ဒါမှ စားလိုက်ရင် နူးညံံ့ပြီး ပါးစပ်ထဲ ပျော်ဝင်သွားမှာ။ ငန်ငန် မွှေးမွှေးစွပ်ပြုတ်နဲ့ ထမင်းကလည်း စားလို့မြိန်မှာအသေအချာပဲ!"

ကျန်းထျန် ခေါင်းငုံ့လိုက်ပြီး အရှေ့ဆက်လျှောက်သွားလိုက်သည်။ လမ်းနည်းနည်းလျှောက်ပြီး သူမဘေး ဘယ်သူမှ မမြင်သဖြင့် နောက်လှည့်ကြည့်လိုက်ရာ ကုလျန်မင်၊ ရှောင်းဝူနှင့် ရှောင်းလျိုတို့ ပါးစပ်များကိုအုပ်ကာ သရေကျနေသည်ကို တွေ့လိုက်ရသည်။

All Chapters