အခန်း (၂၃)
Vol. 3 Ch. 23
ကလေးသုံးယောက်၏ မျက်လုံးများကြား ကျန်းထျန် ဝက်ခြေထောက်က မည်မျှကောင်းကြောင်း ပြောခြင်းကို ရပ်လိုက်သည်။ သို့သော် သူမ ပြောတာရပ်လိုက်သော်လည်း တွေးနေသည်ကတော့ မရပ်ပေ။
ကျန်းထျန် သူမစိတ်ထဲ ဝက်ခြေထောက်နှင့် ထမင်းအရသာကို ပြန်တွေးကြည့်ပြီး သူမ သရေယိုကာ လမ်းဘေးက ဆီးသီးသေးသေးလေးများကို သူမ ပါးစပ်ထဲ ထည့်လိုက်သည်။
ထည့်ပြီး စားလိုက်ပြီးနောက် ချဥ်ပြီး ခါးသည့်အတွက် သူမသွားများကျဥ်တက်သွားသည်။ ကျန်းထျန် မျက်နှာတစ်ခုလုံးရှုံ့မဲ့သွားသည်။
"အဲ့ဒီမျိုးက အရမ်းချဥ်တာ၊ အစ်မ အရောင်နီတာကို ခူးရမှာ" ကျန်းထျန်ပုံစံကို ကြည့်ပြီး ကုလျန်မင် အော်ရယ်မိတော့မလို ဖြစ်သွားသည်။
ဆီးသီး၏ ချဥ်ပြီး ခါးသည့်အရသာက ကျန်းထျန်လျှာတွင်စွဲနေပြီး အချိန်အကြာကြီး မပျောက်တော့ပေ။
ရှောင်းဝူ ခရမ်းရောင်ကန်ဇွန်းနွယ်ပန်းကို ကိုင်ပြီး ပြောလာသည်။ "မရီး၊ ဒီပန်းဝတ်ရည်က အရမ်း ချိုတော့ ဆီးသီးရဲ့ချဥ်တဲ့အရသာကို ဖျောက်နိုင်မှာ "
ကျန်းထျန် ပန်းကို ယူလိုက်ပြီး ပြောင်းပြန်ထောင်ကာ ဝတ်ရည်ကို စုပ်လိုက်သည်။ ဝတ်ရည်၏ အချိုအရသာက သူမလျှာပေါ်ကခါးပြီးချဥ်နေသည်ကိုပျောက်သွားစေသည်
"ဒါ ဘယ်လိုပန်းမျိုးလဲ?" ကျန်းထျန် ပန်းကို ကြည့်ရင်း မေးလိုက်သည်။
ကုလျန်မင် ထင်းကောက်ရင်း ပြန်ဖြေလိုက်သည်။ "ဘယ်လိုပန်းက ဘယ်သူသိမလဲ? ညီမတို့ အားလုံး ပန်းအရောင်ကို လိုက်ပြီး ခေါ်လိုက်တာ"
ကျန်းထျန် သူမလက်က ပန်းကို ခါလိုက်ပြီးနောက် လွှတ်ပစ်လိုက်သည်။
သူတို့ ခဏထပ်လျှောက်ပြီးနောက် ဝါးတောသို့ ရောက်သည်။ အထဲတွင် မတ်တပ်ရပ်ပြီး ကျန်းထျန် ပတ်ကြည့်လိုက်သည်။ အခု သူမ မေးခွန်းတစ်ခုထွက်လာသည်။ သူတို့ ဘာသုံးပြီး တူးကြသည်လဲ?
"တူးရွင်းနဲ့ ပေါက်ပြားက ရွာသားတွေအိမ်တိုင်း ရှိတယ်ထင်လို့လား?" ကျန််းထျန်၏ ကြောင်တောင်တောင် မေးခွန်းကို ကြား၍ ကုလျန်မင် မျက်စောင်းထိုးလိုက်သည်။ "ကျောက်တုံးတွေ တုတ်တွေနဲ့ တူးရမှာ"
ကျန်းထျန် သူမ သေချာမသိကြောင်း ဝန်ခံသည်။ ဒီလိုအရာက ကျောင်းစာအုပ်တွင် မဖော်ပြထားသဖြင့် သူမ နားမလည်သည်က မထူးဆန်းပါ။
ကျန်းထျန် ဝါးခြင်းကို ချလိုက်ပြီး မြေကြီးပေါ်က သစ်သားတစ်စကို ယူကာ မြေကို နှစ်ခါလောက် တူးဆွလိုက်သည်။ သုံးရမလွယ်သော်လည်း မြေကြီးကို တကယ်တူး၍ ရသည်။
ကျန်းထျန် တူးနေသည်ကို ကုလျန်မင် မြင်ပြီး အံ့သြသွားသည်။ ကျန်းထျန်က တုတ်ချောင်းကို တူးရွင်းပြားကဲ့သို့ သုံးသည်လား?! ကုလျန်မင် သူမလက်က သစ်သားစကို ကြည့်ရင်း လူတွေက တကယ် နှိုင်းယှဥ်၍ မရဟုတွေးလိုက်သည်။
ကျန်းထျန်တူးပြီးနောက် အပြင်တွင် မျှစ်စို့ကြီးကြီး ထွက်လာပြီကို မြင်၍ သူမ တုတ်နှင့် ဆက်မတူးတော့ဘဲ သူမ ခြေကို မြှောက်ကာ ရွယ်လိုက်သည်။ ကျန်းထျန် နှစ်လှမ်းလောက်နောက်ဆုတ်ပြီး ပြေးကန်ရန် တွေးထားသည်။
မထင်မှတ်စွာ တစ်ယောက်က သူမလက်ကို ဖမ်းကိုင်လိုက်သည်။ ကျန်းထျန် လှည့်ကြည့်လိုက်ရာ ကုလျန်မင် မျက်စောင်းထိုးနေသည်ကို တွေ့လိုက်သည်။ "အစ်မ ရူးနေတာလား? အစ်မ အဲ့မျှစ်ကြီးကို ခြေနဲ့ကန်ချင်နေတာလား?" ကုလျန်မင် ကျန်းထျန်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။
နားမလည်လျှင် မေးရသည့်သဘောအတိုင်း ကျန်းထျန် ခဏမျှ တုံ့ဆိုင်းပြီးနောက် ရုပ်တည်နှင့် မေးလိုက်သည်။ "...မတူးရဘူးလား?"
ကုလျန်မင် - "..." ဒီမနက် ရှောင်းဝူနှင့် ရှောင်းလျိုကို တောင်ပေါ်တွင် မျှစ်စို့တူးရန် ခေါ်သည်မှာ မည်သူနည်း?!!
ကုလျန်မင် အမူအရာကိုကြည့်ရင်း ကျန်းထျန်မေးလိုက်သည်။ "ဒါဆို ဒါက တူးလို့မရဘူးပေါ့?"
"ညီမ အစ်မကို ဥပမာတစ်ခုပေးမယ် "ကျန်းထျန်ကို ရှင်းပြမှရမည်ဟု ကုလျန်မင် တွေးလိုက်သည်။ "ဖားနဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်းလိုမျိုး၊ လိပ်ပြာနဲ့ ပိုးတုံးလုံးလိုမျိုး။ အစ်မ နားလည်နိုင်လား? ပြီးတော့ ယင်ကောင်နဲ့..."
"ရပြီ၊ ရပြီ!" ကျန်းထျန် သူမလက်ဖဝါးဖြင့် ကုလျန်မင်မျက်လုံးများကို ကာလိုက်ကာ ကုလျန်မင် ဆက်ပြောမည်ကို တားလိုက်သည်။ "အစ်မ သဘောပေါက်ပြီ! ဒီလိုက စားလို့မရဘူး! မျှစ်စို့သေးသေးလေးတွေကိုပဲ တူးဖို့လိုတာ!" ကျန်းထျန်် မြန်မြန်ပြောလိုက်သည်။
ကုလျန်မင်ပြုံးကာ လက်ခုပ်တီးပြီးနောက် ပြောလိုက်သည်။ "ရှောင်းဝူနဲ့ ရှောင်းလျို တူးတာကြည့်ကြည့်၊ ပေါက်နေတာမဟုတ်ဘဲ ထွက်နေရုံ မျှစ်စို့တွေကိုဘဲ တူးရမှာ။ ဒီလိုမျှစ်စို့က နူးညံ့တယ်။ ပြီးတော့ ကြီးလည်းကြီးတယ်"
ကုလျန်မင် ကျန်းထျန််ကို မျှစ်စို့တူးသည့်အကြောင်း သေချာပြောပြ၍ ကျန်းထျန် သေချာလိုက်မှတ်လိုက်သည်။ နှစ်ခုလောက် တူးကြည့်ပြီးနောက် သူမ တူးတာမြန်လာပြီး မကြာခင် မျှစ်စို့တူးသည့်နေရာတွင် ကျွမ်းးကျင်ပညာရှင်ဖြစ်သွားသည်။
ကုလျန်မင် အနည်းငယ် တူးပြီးနောက် လက်ညောင်းလာ၍ ခဏရပ်ကာ ကျန်းထျန်ကို ပြောလိုက်သည်။ "အိမ်က မျှစ်စို့အချဥ်က ကုန်တော့မယ်။ ဒီတစ်ခါ များများပိုတူးပြီး အိမ်မှာ အချဥ်စိမ်ရမယ်"
ကျန်းထျန်က မျှစ်စို့ကို တူးပြီး ကုလျန်မင်က မျှစ်စို့ကို အပြင်ခွံခွာနေသည်။ ရှောင်းဝူနှင့် ရှောင်းလျိုက ဝါးတောအပြင်တွင် မှိုနှင့် ထင်းများ ကောက်နေသည်။ မကြာမီ ဝါးခြင်းလေးခြင်းလုံး ပြည့်သွားသည်။
နေလည်း တက်လာပြီဖြစ်၍ ကုလျန်မင် ချွေးသုတ်ကာ ပြောလိုက်သည်။ "အိမ်ပြန်ရမယ့် အချိန် ရောက်ပြီ။ အဖွဲ့လည်း အလုပ်ဆင်းကြတော့မယ်"
ကျန်းထျန် ဝါးရုံပင်ကို မှီရင်း မျက်လုံးနှင့်လျှောက်ပတ်ကြည့်ကာ မေးလိုက်သည်။ "ဒီတောင်ထဲမှာ ရစ်ငှက် ယုန် အဲ့လိုမျိုးတွေ မရှိဘူးလား?"
"ရှိတယ်။ ပြီးတော့ မြွေ အင်းဆက် ကြွက် တောရိုင်းဝက်ဝံ ဝံပုလွေတွေလည်းရှိတယ်!" ကုလျန်မင် သူမကျောတွင် ဝါးခြင်းကို လွယ်လိုက်ပြီးနောက် ကိုယ်ပေါ်က ဖုန်များခါလိုက်သည်။ သူမ မလိမ်ပါ။ တကယ်ပင် တောထဲတွင် အကုန်ရှိသည်။
"ဒါဆို အစ်မ ဘာလို့မမြင်တာလဲ?" ကျန်းထျန်မေးလိုက်သည်။
ကုလျန်မင် ကျန်းထျန်ကို ကြည့်ရင်းဖြေလိုက်သည်။ " ညီမတို့က တောင်ထဲ ဝင်တာနဲ့ အကုန်တွေ့နိုင်ပါ့မလား?"
ကုလျန်မင် ပြောမပြီးခင် ရှောင်းဝူ ခုန်ကာ တစ်နေရာကို ညွှန်ပြရင်း အော်ပြောလိုက်သည်။ "ရစ်ငှက်!" သူပြော၍ မဆုံးခင် ရစ်ငှက်ရှိရာဘက် အရာတစ်ခု အလွန်လျှင်မြန်စွာပျံသွားသည်ကို တွေ့လိုက်သည်။
ရစ်ငှက် အော်သံထွက်ပြီးနောက် မြေပေါ် ပြုတ်ကျသွားသည်။ လက်သည်းများ နှစ်ကြိမ်လောက် ကွေးဆန့်ပြီးနောက် ထပ်မလှုပ်တော့။
ကုလျန်မင်၊ ရှောင်းဝူ၊ ရှောင်းလျို - ...???!!! သူတို့သုံးယောက် ကျန်းထျန်ကို မယုံနိုင်သည့်မျက်လုံးများ အံ့သြမှု လေးစားမှု ရောနေသည့်အမူအရာနှင့် ပြိုင်တူကြည့်လိုက်ကြသည်။
ကျန်းထျန် လျှောက်သွားလိုက်ပြီး ရစ်ငှက်ကို လက်တစ်ဖက်နှင့် ကောက်ကိုင်လိုက်ကာ အနောက်က ဝါးခြင်းထဲပစ်ထည့်လိုက်သည်။ လက်တစ်ဖက်ကလည်း သစ်ရွက်အကြီးတစ်ရွက်ခူးကာ ဝါးခြင်းကို အုပ်လိုက်ပြီး နောက်လှည့်လိုက်ကာ ကြောင်သွားသော သုံးယောက်ကို လက်ဝေ့ရမ်းရင်း ပြောလိုက်သည်။ "တောင်အောက်ဆင်းကြမယ်!"
ကုလျန်မင် နေရာတွင် အချိန်အကြာကြီး ရပ်နေပြီးနောက် ကျန်းထျန်ကို မမြင်ရတော့မှ လှုပ်ကာ ရှောင်းဝူကို တွန်းလိုက်သည်။ ရှောင်းဝူလည်း ရှောင်းလျိုကို တွန်းလိုက်ပြီးနောက် သူတို့သုံးယောက် ကျန်းထျန်နောက် အမြန်လိုက်သွားကြသည်။ အပြန်လမ်းတွင် ရှောင်းဝူနှင့် ရှောင်းလျိုမျက်လုံးများ အရောင်တောက်နေသည်။
ရှောင်းဝူ ကုလျန်မင်ကို ကြည့်၍ မေးလိုက်သည်။ "စတုတ္ထအစ်မ၊ မရီး ခုနက ရစ်ငှက်ကို အသေသတ်လိုက်တာမလား?"
"ကျောက်ခဲကို သုံးပြီးတော့မလား?" ရှောင်းလျို ခုန်ပေါက်ရင်း ဝင်ပြောလိုက်သည်။
ကုလျန်မင် တိတ်တိတ်လေး သူမလက်ဖဝါးကို လက်သည်းနှင့်ဆိတ်ကြည့်ပြီး သူမ အိပ်မက်မက်မနေကြောင်း အတည်ပြုလိုက်သည်။ ခုနက ကျန်းထျန် ကျောက်ခဲပစ်လိုက်ပြီး ရစ်ငှက်ကို သတ်လိုက်တာမလား?
ကုလျန်မင် ရုတ်တရက် ကြောက်လန့်သွားသည်။ ကျန်းထျန် သူမအကြီးဆုံးအစ်ကိုနှင့် အိမ်ထောင်ကျပြီး ကုအိမ်တွင် လာနေစဥ်ကတည်းက သူမ ကျန်းထျန်အပေါ် လုပ်မိသည်များကို ဖြည်းဖြည်းချင်း စဥ်းစားရေတွက်ကြည့်လိုက်သည်။
သူမ ကျန်းထျန်ကို အလွန်စိတ်တို၍ မျက်စောင်းလည်း ခဏခဏထိုးကာ လှောင်လည်း လှောင်ခဲ့သည်။ ပြီးတော့ ထမင်းစားပွဲတွင်လည်း ကျန်းထျန်နှင့် အပြိုင်လုစားဖူးသည်
အများကြီးရှိ၍ မရေတွက်နိုင်အောင် များသည်။ သွားပြီ။ ကျန်းထျန်က သူမကို ကြည့်မရ၍ ကျောက်ခဲနှင့်ပစ်လျှင် ကျန်းထျန်အားနှင့်သာဆို သူမ သူမ သူမ... လွတ်နိုင်ပါ့မလား အသက်ရောရှိပါတော့မလား?
ကုလျန်မင် ကျန်းထျန်နောက် တုန်ယင်စွာ လိုက်လာရင်း တံတွေးအသာမျိုချပြီးနောက် တိုးတိုးမေးလိုက်သည်။ "ယောင်းမ ညကျ မှိုကြက်ဥခေါက်ဆွဲ စားချင်သေးလား?"
ကုလျန်မင်အသံမှ လေးစားမှုရော ကြောက်လန့်နေမှုကိုရော ခံစားရ၍ ကျန်းထျန််ကြောင်သွားပြီး တွေးကြည့်ရာ အကြောင်းရင်းကို သဘောပေါက်သွားသည်။
ဘယ်လိုဖြစ်ဖြစ် သူမက ယောင်းမဖြစ်၍ လေးစားခြင်းမျိိုးမဟုတ်။ ကုလျန်မင် သူမကို လေးစားသည်ကို အရင်က တစ်ခါမှ မမြင်ဖူး။
"အစ်မ ညီမကိုရိိုက်မှာကို ကြောက်နေတာလား? " ကျန်းထျန် ကုလျန်မင်ကို ကြည့်လိုက်ရာ သူမ တံတွေးမျိိုချနေပြီး အမှတ်တမဲ့ ခေါင်းညိတ်မိတော့မလို ဖြစ်သွားပြီးမှ ခေါင်းခါလိုက်သည်ကို တွေ့လိုက်သည်။
"မဟုတ်ပါဘူး။ ပြီးတော့ အစ်မက ညီမရဲ့ယောင်းမပဲ။ ညီမကို ဘာလို့ရိုက်ရမှာလဲ?" တကယ်တော့ သူမကို သေချာပေါက် ရိုက်မှာဖြစ်သည်။ ကျန်းထျန်က အညှိုးအတေးထားတတ်ပြီး သူမကို ပြန်တောင်မပြောခိုင်း။
ကျန််းထျန် - "...."အနည်းဆုံးတော့ ကုလျန်မင် လိမ်ချင်လျှင်လည်း သူမပြောတာကို ယုံကြည်နိုင်အောင် မျက်တောင်ခတ်သည့် နှုန်းကိုတော့ လျှော့သင့်သည်။
ရှောင်းဝူနှင့် ရှောင်းလျို နောက်မှ ဖြည်းဖြည်းချင်းလိုက်လာရာ သူတို့ ပြောသည်ကို ကြား၍ ထိတ်လန့်သွားကာ သူတို့မရီးနှင့် စတုတ္ထအစ်မကျောကို တစ်လှည့်စီကြည့်နေကြသည်။ ဘာလို့ မရီးက စတုတ္ထအစ်မကို ရိုက်မှာလဲ?
"ညီမက အစ်မကို တောင်းပန်ရမယ့်ကိစ္စ ဘာမှ မလုပ်ထားပါဘူး၊ အစ်မတော့ မသိဘူး။ ညီမက လုပ်ထားလို့လား?" ကျန်းထျန် သူမအရင်ဘဝက ကျောင်းဆင်းပြီးနောက် လူဆိုးကောင်လေးများ သူမကို ပိုက်ဆံတောင်းကာမှ သူမ ထိုလိုအရာကို လုပ်သည်။
သူမ တိုက်ကွမ်ဒို အခြေခံကို သိကာ သူမကျောင်းလွယ်အိတ်တွင်လည်း အုတ်ခဲဆောင်ထားလေ့ရှိသည်။ သူမ နေ့တိုင်း တစ်ယောက်တည်း ကျောင်းသွား ကျောင်းပြန်လုပ်နေသည်ကို မြင်၍ ထိုလမ်းသရဲလူငယ်များက သူမကို အနိုင်ကျင့်ရလွယ်သည်ဟု ထင်သွားပုံရသည်။ သို့သော် သူတို့ ပိုက်ဆံမရမီ သူတို့သာ ဆေးကုသစရိတ်ထုတ်ပေးလိုက်ရသည်။ သူမ ထိုဆေးကုသစရိတ်များကို တိုက်ကွမ်ဒိုသင်တန်းတက်ရာတွင်သုံးလိုက်သည်။
ကုလျန်မင် သူမ ခေါင်းကို ဖြည်းဖြည်းချင်း မော့ကာ ကျန်းထျန်နှင့် အကြည့်ဆုံသွား၍ သူမ မသေချာသောအသံနှင့် တိုးတိုးလေးမေးခဲ့သည်။ "ညီမ တကယ် မလုပ်မိဘူးလား?"
ကျန်းထျန် - "..."
"ညီမ အစ်မကို မှိုကြက်ဥ ခေါက်ဆွဲ လုပ်ပေးမယ်လေ။ ညီမတို့အတိတ်က အကြောင်းကို ချေဖျတ်လိုက်ကြရင်ရော?" ကုလျန်မင် ကျန်းထျန်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ကုလျန်မင် အလွန်စိုးရိမ်နေသည့်ပုံပေါ်၍ ကျန်းထျန် သူမစိတ်အေးစေရန် ခေါင်းသာညိတ်လိုက်သည်။
ကျန်းထျန် သဘောတူသည်ကို ကုလျန်မင် မြင်မှ သူမပုခုံးများ လျော့ကျကာ သက်ပြင်းချနိုင်သွားသည်။ သူမ ကျောက်ခဲပစ်သည်ကို မခံနိုင်ပါ။ သာမန်လူတွေက ကျန်းထျန်လို အားရှိလို့လား? ကုလျန်မင် ကျန်းထျန်လက်ကို သေချာစိုက်ကြည့်လိုက်သည်။
ကျန်းထျန် လက်တိကျသည်ကလည်း မဆိုးလှဟု သူမထင်သည်။ သေချာလေ့ကျင့်ထားသော သူမအကြီးဆုံးအစ်ကိုပင် ကျန်းထျန်ကို မယှဥ်နိုင်လောက်ပေ။ အဲ့ဒါက ပါရမီများလား?
အိမ်အပြန်လမ်းမှ ကုအိမ်ရှေ့ရောက်သည်အထိ ကျန်းထျန် ကုလျန်မင် သူမကို ဘယ်လိုမြင်သည်ကို စိုးရိမ်၍ မေးကြည့်လိုက်သည်။ "အစ်မက လူကောင်းနဲ့ မတူဘူးလား?"
ကုလျန်မင် မတုံ့ဆိုင်းဘဲ ခေါင်းညိတ်လိုက်ချင်ပေမယ့် ကျန်းထျန်က တိကျပြီး သန်မာသည်ကို မြင်ပြီးသည့်နောက် သူမ ခေါင်းသာခါလိုက်သည်။
ကျန်းထျန် သက်ပြင်းချလိုက်ပြီး တံခါးကို ဖွင့်ကာ ခြံထဲ ဝင်လိုက်သည်။
ကုလျန်မင်ကတော့ တောင့်တောင့်ကြီး ရပ်ကျန်ခဲ့ပြီး အတွေးများနေသည်။ ကျန်းထျန်သက်ပြင်းချတာက ဘာအဓိပ္ပါယ်လဲ? ကျေနပ်သည်လား မကျေနပ်ဘူးလား ??
"ကုလျန်ရွှမ်၊ ရှောင်းမင်က ရှင်နေ့လည်စာ ချက်မယ်ပြောတယ်?" ကျန်းထျန် ဝါးခြင်းကို တံစက်မြိတ်အောက် ချထားလိုက်ပြီးနောက် တံခါးဖွင့်ကာ အရှေ့ခန်းထဲဝင်လိုက်သည်။ ကုတင်အစွန်းကို ကြည့်လိုက်ပေမယ့် ဘယ်သူကိုမှမတွေ့။
"ဟုတ်တယ်။ ကိုယ်နေ့လည်စာချက်မယ်။ မင်း ဘာစားချင်လဲ?" ရုတ်တရက်် ကုလျန်ရွှမ်အသံထွက်လာသဖြင့် ကျန်းထျန် လန့်သွားသည်။ သူမ အသံလာရာ ကြည့်လိုက်ရာ အမွှာအငယ်လေးတွေ အဝေး ထောင့်တစ်နေရာတွင် ကပ်နေသော သနားစရာ ခန္ဓာကိုယ်တစ်ခုကို တွေ့လိုက်သည်။
ကျန်းထျန် - ?