အခန်း (၂၉)
Vol. 3 Ch. 29
ကျန်းထျန် အဆင်ပြေသည် ကြား၍ လီအတွင်းရေးမှူးနှင့် ကျောင်းအတွင်းရေးမှူး ပြန်သွားကြသည်။
ထွက်သွားသောအခါ ကုပေါင်ကောက ကုရှန်လီကို နေခဲ့ပြီး ကူညီရန်မှာလိုက်ကာ ရွှီကျင်းဖန်ကို ၅ရက်နားရက်ပေးလိုက်သည်။
လူငယ်စုံတွဲက ခြေထောက်ဒဏ်ရာရကာ အိပ်ရာပေါ်က မထနိုင်၍ သူတို့ကို ဂရုစိုက်ရန် လူတစ်ယောက် လိုမည်မလား?
ကုမိသားစုအိမ်ရှေ့က တောဝက် ၃ကောင်ထဲက ၂ကောင်ကိုတော့ အဖွဲ့သို့ ယူသွားကာ အလုပ်ပြီးမှ သတ်ပြီး အဖွဲ့သားများကို ဝေမျှပေးရန်တွေးထားသည်။
ကျန်သောတစ်ကောင်ကိုတော့ လီအတွင်းရေးမှူးခေါ်လာသောလူများက အမဲလိုက်ထားသည်ဖြစ်၍ ၇ခုမြောက်အဖွဲ့က သယ်သွားကြသည်။
ကုမိသားစုက ဘာမှလုပ်စရာမရှိ၍ ရွှီကျင်းဖန်က ကုရှန်လီ အလုပ်နှောင့်နှေးမည်စိုး၍ သူ့ကို အရင်ပြန်ရန် ပြောလိုက်သည်။
အပြင်လူ အားလုံးပြန်သွားမှ ရွှီကျင်းဖန် ထိုင်ခုံပေါ်ထိုင်ကာ ရေပန်းကန်လုံးသုံးလုံးကို တစ်ခါတည်းမော့ချပြီးမှ သူမ အသက်ပြန်ရှင်လာသလို ခံစားရသည်။
"အမေ၊ ကျန်းထျန်က ကျန်းမာရေးစင်တာမှာပဲ ရှိသေးတာလား? ကြည့်မယ့်လူရောရှိလား?" ကုလျန်ရွှမ် အမြန်မေးလိုက်သည်။
ရွှီကျင်းဖန် သူ့ကို စိုက်ကြည့်လိုက်ပြီး "ဘာလို့ မင်း အရင်က သူမကို ဂရုစိုက်တာ မမြင်ရတာလဲ?
ကုလျန်ရွှမ် - ...
"အမေ" အခုကျန်းထျန်က အရင်က ကျန်းထျန် မဟုတ်တော့ဘူး။
ရွှီကျင်းဖန် ခေါင်းခါလိုက်ကာ "မင်းတကယ် ဂရုစိုက်ပေးရမယ်" သူမ အရင်က နေ့တိုင်းကြည့်နေ၍ သိသည်။ တစ်ယောက်က အပြင်တွင်နေကာ တစ်ယောက်က အထဲတွင်နေပြီး တစ်ယောက်နှင့် တစ်ယောက်မမြင်မိကြအောင် ဆုတောင်းနေကြ၍ သူတို့ကို ခင်ပွန်းနှင့် ဇနီးဟု ခေါ်နိုင်မည်လား?
"ထျန်ထျန်က ကျန်းမာရေးစင်တာမှာ၊ တတိယအဒေါ် စောင့်ပေးနေတယ်။ အမေ ပြန်လာရင် ပြောပြမယ်" ထပြီးမှ ရွှီကျင်းဖန် သတိရကာ ကုလျန်ရွှမ်ကို ပြောလိုက်သည်။ "ထျန်ထျန် အမေ့ကို မင်းဖို့ စကားမှာလိုက်တယ်။ သူမဖို့ ရစ်ငှက်ကင်ပေးဖို့ မမေ့နဲ့တဲ့။ သူမက မြေကြီးတူးပေးထားရတော့ သူမ စားရမယ်ပြောတယ်"
ဒါကိုကြား၍ ကုလျန်ရွှမ် ငိုရမည်လား ရယ်ရမည်လား မသိတော့ပေ။ "...ဒါဆို ကျွန်တော်အခု သွားကင်လိုက်ပါမယ်"
ရွှီကျင်းဖန် ခေါင်းညိတ်လိုက်သည်။ "အခုလုပ်တော့၊ ဒါဆို ထျန်ထျန်ပြန်လာရင် စားလို့ရလောက်ပြီ။ ငှက်ခြေထောက်ချန်ထား၊ ကျန်တာစားလို့ရတယ်။ ငှက်တောင်ပံလည်းချန်ထား!" ထျန်ထျန် လက်ခြေများ အားလျော့နေ၍ဖြစ်သည်။
ကုလျန်ရွှမ် - "...ကျွန်တော် သိမ်းထားလိုက်ပါမယ်"
ရွှီကျင်းဖန် ကုလျန်ရွှမ်ဝှီးချဲကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ "မင်းက ဘာလို့ ဒီပေါ် ထိုင်နေရပြန်တာလဲ? ကံမကောင်းဘူး"
ကုလျန်ရွှမ် - "..." သူပင်ပန်းနေ၍ စကားမပြောချင်တော့ပါ။
သူ စကားပြန်ပြောမလာသည်ကို မြင်၍ ရွှီကျင်းဖန် စိတ်တိုကာ သူမလက်ကို ဝေ့ရမ်းရင်း အရှေ့အခန်းသို့သွားလိုက်သည်။ ခဏကြာပြန်ထွက်လာပြီး အိမ်မှတစ်ခါတည်း ထွက်သွားလိုက်သည်။
ကုလျန်မင် အရှေ့အခန်းမှ ခေါင်းပြူထွက်လာကာ ခဏကြာသောအခါ အောက်မှ ခေါင်းနှစ်လုံးထပ်ထွက်လာသည်။
ကုလျန်ရုန် သူတို့ကိုကြည့်ရင်း "မင်းတို့ ဘာလုပ်နေကြတာလဲ? ချောင်းကြည့်မနေနဲ့တော့။ ခေါင်းဆောင်တွေ ပြန်သွားပြီ"
"ရှောင်းမင် ထွက်လာ၊ ရှောင်းဝူနဲ့ ရှောင်းလျိုက အခန်းထဲနေပြီး အမွှာအငယ်လေးတွေကိို ကြည့်ပေး" ကုလျန်ရုန် ပြောလိုက်သည်။
ကုလျန်မင် ထွက်လာကာ "ညီမ ညစာလုပ်လိုက်မယ်" သူမအကြီးဆုံးအစ်ကို ထပ်ပြီး ခြေခေါက်ပြန်ပြီကို သူမသိသည်။
သူမသာ ဉာဏ်ကောင်းစွာ သူ့ကို အထဲမသွင်းလျှင် အကြီးဆုံးအကို အဖွဲ့သားအားလုံးရှေ့ မျက်နှာပျက်ရမည်။ အခု အရှက်ရသေးသော်လည်း ခေါင်းဆောင်တွေရှေ့သာဖြစ်၍ တော်သေးသည်။
"အရင်ဆုံး ငှက်ကို ကင်လိုက်။ မရီးက စားချင်တယ်ပြောတယ်" ကုလျန်ရုန် ဒါကို စိတ်ရင်းနှင့်ပြောခြင်းဖြစ်သည်။ ဒီနေ့အခြေအနေက တကယ်အရမ်းအန္တရာယ်များကာ ကလေးများလည်း အများကြီးရှိနေ၍ သူ့မရီး ဝင်တားလိုက်ရသည်။ ထိုအချိန် တစ်ခြားသူများသာဆိုလျှင် အပြင်မထွက်ရဲလောက်ပေ။
ဒါက တောဝက်ဖြစ်ကာ စပါးခင်းကို ဖျက်ဆီးရန် ပြေးလာစဥ်က အဖွဲ့ထဲက ထွားထွားကြိုင်းကြိုင်း အလုပ်သမားအားလုံး ရှိနေကြပေမယ့် ဘယ်သူမှ မတားရဲကြပေ။ လူတိုင်း သေခြင်းတရားကို ကြောက်ကြသည်။ တောဝက်များ၏ ရှည်ရှည်ထူထူလက်များဖြင့် အတွန်းခံလိုက်ရလျှင် အူများပင် ထွက်လာလောက်သည်။
သူတို့အဖွဲ့က ကျန်းမာရေးစင်တာက သူတို့ကို မကယ်နိုင်ပါ။ တကယ်လို့သူတို့ကို ခရိုင်ပို့်လျှင်တောင် အချိန်နှောင့်နှေးမည်ဖြစ်သည်။
ကုလျန်မင် သူမအဝတ်ကို ကိုင်ရင်း ခဏမျှအတွေးများပြီးနောက် သူမ မေးလိုက်သည်။ "ယောင်းမ အဆင်ပြေရဲ့လား?"
ကျန်းထျန် တောဝက် နှစ်ကောင်ကို တားလိုက်သော ထိတ်လန့်ဖွယ်မြင်ကွင်းကို သူမ မမြင်လိုက်ရပေမယ့် သူမ သေနတ်သံကြား၍ အပြင်ထွက်လာသောအခါ တောဝက် ၃ကောင်ကိုသာ မြင်လိုက်ရကာ တောဝက်များက မြေပေါ် လဲကျနေပြီး ကျန်းထျန်ကတော့ ဘာမှမဖြစ်သလို မတ်တပ်ရပ်နေသည်။
"အဆင်ပြေတယ်။ မရီးက အားသုံးတာများသွားလို့ ခြေတွေလက်တွေ အားကုန်သွားလို့ အိပ်ရာပေါ် ခဏနေရမယ်လို့ အမေပြောတယ်" ကုလျန်ရုန် ခေါင်းခါလိုက်သည်။
ကုလျန်မင် စိတ်အေးသွားကာ "ကောင်းတယ်" ကျန်းထျန်က ရှောင်းဝူနှင့် ရှောင်းလျိုကို ကယ်တင်လိုက်၍ သူမ ဘာမှဖြစ်၍ မဖြစ်ပါ။
"ကျန်းထျန်က ခရမ်းချဥ်သီးကို သကြားနဲ့ရောထားတာ ကြိုက်တယ်။ ညီမ သူမဖို့ တစ်ခုလုပ်လိုက်ရမလား?" ကုလျန်မင် မေးလိုက်သည်။
ကုလျန်ရုန် လက်ဝေ့ရမ်းကာ "အဆင်ပြေတာလုပ်လို့ရတယ်။ မရီးကြိုက်တဲ့အပေါ် မူတည်တယ်"
သူ ထပြီး ပြောလိုက်သည်။ "အစ်ကို အလုပ်သွားတော့မယ်။ အဖွဲ့သားတွေ ဘာပြောမလဲ သွားကြည့်လိုက်ဦးမယ်" သူ့မရီးက ဒီလိုကြီးမြတ်တဲ့အရာလုပ်ထား၍ သူ လွယ်လွယ်ပြီးလိုက်၍ မဖြစ်ပေ။
သူ့မရီး ကုအိမ်တွင် သုံးလကျော်နေပြီး အပြင်လည်းသိပ်မထွက် အလုပ်လည်းမလုပ်သဖြင့် အဖွဲ့ထဲ တစ်ချို့မကောင်းစကားများ ပြန့်နေကာ နားထောင်ရမပြေပေ။ သူ ဒီအခိုက်အတန့်ကို အသုံးချ၍ အပြင်ထွက် စကားပြောရမည်။ ကုလျန်ရုန် စကားပြောပြီးနောက် တံခါးမှအမြန်ထွက်သွားသည်။
ခြံအနောက်တွင် တူးထားသောမြေကြီးကို တံခါးတွင်ထားကာ ကုလျန်ရွှမ် ကုလျန်မင်ကို ငှက်ကို ဆီတစ်ထပ်သုတ်ရန် မှာကာ အရွက်ကြီးကြီးနှစ်ရွက်ဖြင့် ထုပ်ပြီး နောက်ဆုံးမြေကြီးဖြင့် အုပ်ကာ ငါးစွပ်ပြုတ်အိုးအောက် မီးထဲ ထည့်လိုက်သည်။
ကျန်းထျန် ဆေးခန်းက တစ်ခုတည်းသောအိပ်ရာပေါ် မှီကာ သူမမျက်နှာက ဖြူဖျော့ပြီး အသက်မဲ့နေ၍ တတိယအဒေါ် ဒါကို မြင်ပြီး စိတ်မကောင်းဖြစ်နေသည်။
"လျိုဆရာဝန်၊ ကျွန်မထျန်ထျန်် တကယ်အဆင်ပြေတယ်လို့ ရှင်ထင်တာလား? သူမက ဘာလို့ အသက်မဲ့နေတဲ့ပုံပေါ်တာလဲ?" တတိယအဒေါ်မျက်နှာက စိုးရိမ်မှုအပြည့်နှင့်ဖြစ်သည်။
လျိုဆရာဝန် စားပွဲပေါ်တွင် ဆေးစာရေးပေးနေသည်။ သူက အသက်ကြီးနေပြီဖြစ်ကာ နှာခေါင်းထိပ်တွင် စာကြည့်မျက်မှန်တပ်ထားသည်။ သူ ခေါင်းကို လှည့်၍ ပြောလိုက်သည်။ "ပြင်းထန်တာဘာမှမရှိဘူး။ ဒီကလေးမက ကြွက်သားတောင့်သွားပြီး ခဏလှုပ်မရမှာပဲရှိမှာ။ နာမယ်ဆိုပေမယ့် ငါလုပ်ပေးနိုင်တာ ဘာမှမရှိဘူး"
ဒါက မဆိုးလှပေ။ ဒီကလေးမက တောဝက် နှစ်ကောင်ကို ဂျိုင်းထောက်ဖြင့် ရိုက်လိုက်၍ တောဝက် တစ်ကောင်၏ နံရိုးကျိုးသွားသည်ဟု သူကြားသည်။ နောက်တစ်ကောင်လည်း မကျိုးဘူးဆိုလျှင်တောင် ကျိုးလောက်သည့် အနေအထားဖြစ်သည်ဟုကြား၍ ဘယ်လောက် အားသုံးလိုက်ရမည်နည်း?
သာမန်လူသာ ဒီလိုအားအရမ်းသုံးလျှင် သူတို့အရိုးများကျိုးမည်ဖြစ်ကာ ဒီကလေးမက သူမအရိုးများ မထိ၍ ကံကောင်းသည်ပြောရမည်။
ကျန်းထျန် အိပ်ရာပေါ် လှဲပြီး အသက်ရှူနေစဥ် သူမ ခန္ဓာကိုယ်တစ်ဝက်က နာကာ နောက်တစ်ဖက်ကလည်းနာသည်။
သူမ တောဝက်များကို ရိုက်ပြီးနောက် ဘာမှသိပ်မခံစားလိုက်ရပေမယ့် အခု ပြန်ကောင်းပြီးမှ သူမ အရိုးထဲမှအရေပြားထိ နာကျင်ထုံထိုင်းမှုကို ခံစားနိုင်သည်။ ယားလည်းယားကာ သူမ မလှုပ်နိုင်ပေ။ လှုပ်လျှင်ပိုနာသည်ဖြစ်သည်။
လျိုဆရာဝန် သက်ပြင်းချကာ ကျန်းထျန်၏ မျက်နှာဖြူဖျော့ဖျော့ကို မကြည့်နိုင်တော့၍ အံဆွဲကို ဖွင့်ကာ အထဲမှ အဖြူရောင်သကြားလုံးများကို ထုတ်ပေးလိုက်သည်။
"ထျန်ထျန်၊ သမီးစားချင်လား?"
ကျန်းထျန် ချိနဲ့စွာ ခေါင်းညိတ်လိုက်သည်။
တတိယအဒေါ် သကြားလုံးထုပ်ကို ယူကာ တစ်လုံးကို ကျန်းထျန် ပါးစပ်ထဲထည့်လိုက်သည်။ ကျန်းထျန် မြည်းကြည့်ရာ ချို၍ သူမမျက်လုံးများတောက်ပကာ မြန်မြန်ဝါးစားလိုက်သည်။
တတိယအဒေါ် အမြန်ပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့။ စားလို့ကုန်ရင် ကျွန်မတို့ ပြန်ဝယ်ပေးပါ့မယ်"
"..ငါ့မှာထပ်မရှိတော့ဘူး" လျိုဆရာဝန်ပြောလိုက်သည်။ ဒီလိုသကြားလုံးက အထက်မှ ဖြန့်ဝေသည်ဖြစ်ကာ ပစ္စည်းမလောက်ငပေ။
တတိယအဒေါ် မကြားချင်ယောင်ဆောင်ကာ ဒီလူအိုကြီး ဖွက်မထားမည်ကို သူမ မယုံပါ။
သကြားလုံးတစ်ထုပ်ကို နှစ်လုံးသာကျန်အောင်စားပြီးမှ ရွှီကျင်းဖန် ပိုက်ဆံနှင့် ပြန်လာသည်။ သူမ မရှိစဥ် ကျန်းထျန် တစ်ခုခုဖြစ်မည်စိုး၍ သူမ အမြန်မေးလိုက်သည်။ "လျိုဆရာဝန်၊ ကျွန်မရဲ့ထျန်ထျန် အဆင်ပြေလား?"
လျိုဆရာဝန် နောက်ဆုံးဆေးညွှန်း ရေးပြီးသောအခါ သူ သူ့ခေါင်းကို မော့ကာ ရုပ်တည်နှင့် "အဆင်ပြေပါတယ်" သူမ ဒီမေးခွန်းကို မေးသည်မှာ ၈ခါမြောက်ရှိပြီ။
ရွှီကျင်းဖန် အမြန်ပြေးလာပြီး သူမချွေးများကို သုတ်ကာ ပိုက်ဆံကို ကမ်းပေးလိုက်သည်။ "လျိုဆရာဝန်၊ မြန်မြန် ဆေး ပိုညွှန်းပေးပါ"
လျိုဆရာဝန် ပိုက်ဆံရေရင်း သူ့မျက်ခုံးများကို ပင့်ကာ အော်ပြောလိုက်သည်။ "ဆေးက မင်းကြိုက်သလို ယူလို့ရတယ်။ မင်းချွေးမဒဏ်ရာကို မင်းတို့ကောင်းကောင်းဂရုစိုက်ရမယ်၊ ဆေးရော ဖြည့်စွက်စာရော!"
"ကောင်းပြီ။ ကျွန်မသိပါတယ်။ ဆေးရော ဖြည့်စွက်စာရော" ရွှီကျင်းဖန် ခေါင်းညိတ်လိုက်သည်။ လျိုဆရာဝန်အတွေးက သူမအတွေးနှင့် တိုက်ဆိုင်သွားသည်။
လျိုဆရာဝန် - "..." သူမ သိတယ်လား? ဘာပြောလိုက်တာရော သူမ သိလို့လား? ထားလိုက်ပါတော့။ လျိုဆရာဝန်ခေါင်းခါလိုက်ကာ ရေးထားသော ဆေးညွှန်းကို ကိုင်လိုက်ပြီး မှုတ်ကာ မှင်ခြောက်မှ ကမ်းပေးလိုက်သည်။
"ဒီမှာ ဆေးညွှန်း။ ငါ့မှာ ဆေးများများစားစားမရှိဘူး။ ၅ရက်စာပဲ၊ တစ်နေ့ တစ်ကြိမ်၊ တကယ်လို့ ဆေးကုန်လို့ အခြေအနေမကောင်းရင် ဆေးညွှန်းနဲ့ ခရိုင်ဆေးဆိုင်မှာ ဆေးသွားဝယ်နိုင်တယ်"
လျိုဆရာဝန် ဆေးကို ထုပ်ပြီးပြီဖြစ်ကာ ကောက်ကိုင်လိုက်ကာ ရွှီကျင်းဖန်ကို ပေးလိုက်သည်။ "ကောင်းပြီ။ မင်းတို့သွားကြတော့။ တံခါးက စက်ဘီးကို မင်းတို့ကို ငှားလိုက်မယ်။ ပြီးသွားရင်တော့ ပြန်ပေးဖို့ သတိရကြ"
ရွှီကျင်းဖန် ဆေးထုပ်ကို ယူကာ လျိုဆရာဝန်ကို ထပ်ခါထပ်ခါ ကျေးဇူးတင်ပြီးနောက် ကျန်းထျန်ကို သွားကြည့်လိုက်သည်။ "ထျန်ထျန်၊ အိမ်အရင်ပြန်ကြမယ်။ သမီးဖို့ အရသာရှိတာ လုပ်ထားတယ်"
တတိယအဒေါ်က ရွှီကျင်းဖန်လက်ထဲက ဆေးထုပ်ကို ယူကာ အပြင်ထွက်ပြီး "ငါ စက်ဘီးတွန်းလိုက်မယ်။ ကျင်းဖန်၊ နင် ထျန်ထျန်ထွက်လာတာ ကူပေးလိုက်"
ကျန်းထျန် လှုပ်စဥ် မသက်မသာဖြစ်၍ သူမကိုယ်တစ်ဝက်ကို ရွှီကျင်းဖန်ကို မှီထားကာ ပြန်ကောင်းစလူမမာကဲ့သို့ ခြေလှမ်းဖြည်းဖြည်းချင်း လျှောက်နေသည်။
ဆေးခန်းမှ ထွက်လာပြီးနောက် ကျန်းထျန်ကို စက်ဘီးနောက်ခုံပေါ် ကူတင်ပေးကာ တတိယအဒေါ်က ရှေ့ကတွန်းပြီး ရွှီကျင်းဖန်က သူမကို ကိုင်ပေးထားကာ အိမ်သို့ လိမ်ဖယ်လိမ်ဖယ်နှင့် သွားကြသည်။
တတိယအဒေါ် စက်ဘီးတွန်းရင်း "ထျန်ထျန် ဝက်ပေါင်ခြောက် စားရတာကြိုက်လား? အဒေါ်အိမ်မှာ ၂ပေါင်ရှိတယ်။ ညနေကျ သမီးဖို့ လျန်ရွှမ်ကို ကြော်ခိုင်းလိုက်မယ်"
ရွှီကျင််းဖန် ပြောလိုက်သည်။ "နင်သာ သိမ်းထားလိုက်စမ်းပါ။ အဖွဲ့ခေါင်းဆောင်က ဒီညတောဝက်တွေကို သတ်ပြီး ဝေပေးရင် ငါတို့အိမ်စားစရာ အများကြီးရတော့မှာ"
တတိယအဒေါ် မပျော်ပါ။ "ဘာဖြစ်လဲ ဝက်ပေါင်ခြောက်က အသားလတ်လတ်ဆတ်ဆတ်နဲ့ တူမလား? ပြီးတော့ ငါက ထျန်ထျန်ကို ပြောနေတာ။ နင်က ဘာဝင်ပြောတာလဲ?"
ရွှီကျင်းဖန် ခေါင်းငုံ့ကာ ကျန်းထျန်ကို မေးလိုက်သည်။ "ထျန်ထျန်၊ သမီးစားချင်လား? သမီးစားချင်ရင် အမေ သမီးတတိယအဒေါ်အိမ်က ဝက်ပေါင်ခြောက်အားလုံး ယူလိုက်မယ်။ သူမ နှမြောမလားကြည့်ရမယ်"
"ငါက ထျန်ထျန် စားစေချင်လို့ပါ" တတိယအဒေါ်က သူတို့နှစ်ယောက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
ရွှီကျင်းဖန် မျက်လုံးစောင်းကာ "ဟုတ်ပါပြီ။ ယူမယ်။ ငါ့အိမ်မှာလည်း ငါးခြောက်ရှိတာနဲ့ အတော်ပဲ။ လတ်လတ်ဆတ်ဆတ်ငါးခြောက်။ ဝက်ပေါင်ခြောက်နဲ့ နင်လဲလို့ရတယ်"
"စောစောစီးစီး ခေါင်းညိတ်လိုက်ပေါ့ " တတိယအဒေါ် ပြုံးလိုက်သည်။
သူတို့နှစ်ယောက်က ဆယ်စုနှစ်များစွာ သူငယ်ချင်းအရင်းများဖြစ်ကာ ကုပေါင်ကောနှင့် ကုချန်ချင်းကလည်း သွေးသောက်ညီအကိုများဖြစ်၍ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးရင်းနှီးမှုက ပြောစရာမလိုတော့။
"ဒါဆို သမီး ဝက်ပေါင်ခြောက်ကြော်နဲ့ မုန်လာဥချဥ်စားချင်တယ်" ကျန်းထျန် အသံသေးသေးနှင့် ပြောလိုက်သည်။ သူမ အစားကောင်းစားရဖို့က ခက်၍ သူမ စားခွင့်ရတုန်း စားထားရမည်။
"ကောင်းပြီ။ အမေ သမီးအတွက် ချက်ပေးမယ်" ရွှီကျင်းဖန် သဘာဝကျစွာ မငြင်းပါ။ "အဖွဲ့ခေါင်းဆောင်က အမေ့ကို ၅ရက် နားရက်ပေးတယ်။ သမီးစားချင်တာရှိရင် အမေ့ကို ပြော။ သမီးအတွက် အမေချက်ပေးမယ်"
"၅ရက်ပဲလား?" တတိယအဒေါ် မကျေနပ်ပါ။ "ငါ အိမ်ပြန်ရင် ပေါင်ကောကို လျိုဆရာဝန်က ထျန်ထျန်ဒဏ်ရာဂရုစိုက်ဖို့လိုလို့ ၅ရက်နဲ့မလောက်ဘူးလို့ ပြောလိုက်မယ်"
ရွှီကျင်းဖန် သဘောမတူစွာ ခေါင်းခါလိုက်ပြီး တတိယအဒေါ်ကို အမြန်တားလိုက်သည်။ "မပြောနဲ့။ အလုပ်အမှတ်က အဲ့၅ရက်အတွက်လည်း မှတ်ပေးတာ။ တကယ်လို့ ငါပိုယူရင် ငါ့ကို လူတွေပြောကြမှာပေါ့"
"ဒါဆိုလည်း ဒီရက်ပိုင်း နင်တို့မိသားစုကို ကူဖို့ ရှန်လီကို ငါလွှတ်လိုက်မယ်" တတိယအဒေါ် ပြောလိုက်သည်။
ရွှီကျင်းဖန် ခေါင်းညိတ်လိုက်သည်။ "နင်လာချင်ရင်လာ။ ဘာမှတော့ ယူမလာနဲ့။
တတိယအဒေါ် ခဏမျှ နှုတ်ဆိတ်သွားသည်။ "ငါမယူပါဘူး" ဘယ်လိုဖြစ်ဖြစ် သူမသွားလျှင် ယူသွားပါက ရွှီကျင်းဖန် သူမပြန်မှ ပြန်ထည့်ပေး၍ မရပါ။