← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

လီအတွင်းရေးမှူး ကုအိမ်တံခါးကို ညွှန်ပြရင်း "ဒါ ခုန မိန်းကလေးအိမ်လား?"

ကုပေါင်ကော ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ ကျန်းထျန်က ကုမိသားစုအကြီးဆုံး ချွေးမဖြစ်ပါတယ်။ ခုနအမျိုးသမီးကတော့ ရဲဘော်ရဲဘက် ကျန်းထျန်ရဲ့ ယောက္ခမ ရွှီကျင်းဖန် ဖြစ်ပါတယ်"

"ရဲဘော်ရဲဘက် ရွှီကျင်းဖန်၏ ခင်ပွန်း ကုချန်ချင်းက အာဇာနည်တစ်ယောက်ဖြစ်ပြီး သူမအကြီးစားသား ကုလျန်ရွှမ်၊ ရဲဘော်ရဲဘက်ကျန်းထျန်ရဲ့ ခင်ပွန်းကလည်း စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီး ဒဏ်ရာကြောင့် နောက် အနားယူလိုက်တာပါ"

"ရဲဘော်ရဲဘက်ရွှီကျင်းဖန်ရဲ့ ဒုတိယသမီး ရဲဘော်ရဲဘက် ကုလျန်ရှန်၏ ခင်ပွန်း တုကျီကျွင်းလည်း အာဇာနည်တစ်ဦးဖြစ်ပါတယ်။ ရဲဘော်ရဲဘက် ကုလျန်ရှန် မနှစ်က ကွယ်လွန်ပြီး အမွှာလေးနှစ်ယောက်ကို ချန်ထားခဲ့ပါတယ်"

လီအတွင်းရေးမှူး မျက်မှောင်ကြုတ်ကာ "ကုမိသားစုအခြေ‌အနေက ဘယ်လိုလဲ? ကျွန်တော့်ကို သေချာပြောပါ။ အခက်အခဲ တစ်စုံတစ်ရာရှိရင် အဖွဲ့အစည်းက သေချာပေါက် ကူညီဖြေရှင်းပေးမှာပါ"

ကုပေါင်ကာ ခေါင်းညိတ်လိုက်ကာ သူ့နောက်က ကုလျန်ရုန်ကို လက်နှင့်ပြလိုက်ပြီး ကုလျန်ရုန်ကို လီအတွင်းရေးမှူးဆီ တွန်းပို့လိုက်သည်။ "ဒါက ကုအိမ်တတိယသားပါ။ ကျွန်တော်တို့ သူ့ကို ကုအိမ်ထဲ တစ်ချက် လိုက်ပြခိုင်းရင်ရော"

"မင်္ဂလာပါ၊ လီအတွင်းရေးမှူး!" ကုလျန်ရုန် မတ်မတ်ရပ်ပြီး အလေးပြုလိုက်သည်။

လီအတွင်းရေးမှူး ကုလျန်ရုန်ကို အပေါ်အောက်သေချာကြည့်ပြီး ရုတ်တရက်ပြုံးကာ ပြောလိုက်သည်။ "ဒီရဲဘော်ရဲဘက်လေးက ‌ထက်မြက်မယ့်ပုံပဲ။ ဦးလေးတို့ကို မင်းအိမ်ခေါ်သွားပေးပါလား?" လီအတွင်းရေးမှူး မေးဖြင့် ကုအိမ်တံခါးကို ညွှန်ပြရင်း မေးလိုက်သည်။

ကုလျန်ရုန် ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်တို့အိမ်က ရိုးရှင်းပါတယ်။ လီအတွင်းရေးမှူး၊ ကျောင်းအတွင်းရေးမှူးနဲ့ အဖွဲ့ခေါင်းဆောင်တို့ စိတ်မရှိကြပါနဲ့"

လီအတွင်းရေးမှူး ကုပေါင်ကော ကုလျန်ရုန်နှင့် စကားပြောနေသည်ကို ကျောင်းအတွင်း‌ရေးမှူးမြင်ပြီး သူဝင်ပြောဖို့ အခွင့်အရေးတစ်ခါမှ မရပေ။ ထို့ကြောင့် သူ အလွန်စိတ်မအေးဖြစ်လာသည်။

ဤလီအတွင်းရေးမှူးက အခုမှရာထူးရလာသော ခရိုင်ပါတီအတွင်းရေးမှူးဖြစ်သည်။ သူက အရင်က စစ်သားတစ်ယောက်ဖြစ်ကာ အလွန်ဖြောင့်မှန်သည်ဟု ကြားသည်။ ဒီအ‌ချိန် သူက ချွီကျန်းခရိုင်တွင် တာဝန်ထမ်းဆောင်နေပေမယ့် သူ၏အရည်အချင်းအရ နယ်သို့မဟုတ် မြို့တွင် တာဝန်ထမ်းဆောင်ရန် လုံလောက်သည်ထပ်ပိုသည်။ သူ့ဘာသာ ခရိုင်တွင် တာဝန်ထမ်းဆောင်သည်ကြားသည်။

ကျောင်းအတွင်းရေးမှူးမှာ ဟုန်ချီခရိုင်၏ စုပေါင်းအဖွဲ့အတွင်းရေးမှူးဖြစ်သည်။ အရင်ရက်များက သည်းထန်သောမိုးကြောင့် အဖွဲ့တော်တော်များများ သဘာဝဘေးခံစားလိုက်ရသည်။ ခေါင်းဆောင်တစ်ယောက်‌အနေနှင့် သူ‌အကြောက်ဆုံးအရာမှာ အထက်မှ သူ့ကိုအပြစ်တင်ခြင်းဖြစ်သည်။

အခု သူ့အထက်‌ခေါင်းဆောင်က ဒီရောက်နေပြီး သူ့ကို လျစ်လျူရှုကာ သူ့လက်အောက်က အဖွဲ့ခေါင်းဆောင်နှင့်သာ စကားပြောနေပြီး သူ့အပေါ် ဘယ်လိုအတွေးရှိသည်ကို ပြောရခက်သည်။ ရုတ်တရက် ကုလျန်ရုန် သူ့ကို စကားဝိုင်းထဲ ထည့်ပြောသဖြင့် သူချက်ချင်းကျေးဇူးတင်မိသည်။

ကုလျန်ရုန် တံခါးဖွင့်ရန် သွားပြီး သူ့ခေါင်းကို လှည့်ကာ နောက်မှ ခေါင်းဆောင်များကို ပြောလိုက်သည်။ "အိမ်မှာ ကလေးတွေရှိတော့ ဆူရင်ဆူနိုင်ပါတယ်"

ကုလျန်ရုန် သူ့လက်ကို တံခါးတွင်ထားကာ ဖြည်းဖြည်းတွန်းဖွင့်လိုက်သည်။ သူ ခေါင်းဆောင်များကို အထဲဝင်ဖို့ ဖိတ်ခေါ်ရန်ပြင်စဥ် ဤလူများ၏ မျက်နှာတွင် တအံ့တသြဖြစ်ကာ မျက်လုံးများက တစ်နေရာထဲကိုသာ ကြည့်နေကြပြီး အမူအရာက ကြောင်နေသည်။

တစ်ခုခုမှားနေသည်ဟု ကုလျန်ရုန် မသိစိတ်က ထင်လိုက်သည်။ ခြံထဲက မြင်ကွင်းကို မြင်လိုက်ရာ သူ့မျက်နှာကို အုပ်ပြီး ကျွင်းတစ်ခုတူးကာ ဒီမောင်နှမများကို မြုပ်နှံလိုက်ချင်သည်။

ခြံထဲတွင် ဘာဖြစ်နေသလဲဆို တံခါးမှ နှစ်မီတာထပ်လျော့သော အကွာ‌အဝေးတွင် အကြီးဆုံးအကိုက မြေတွင်ထိုင်ကာ သူ့ကို အသက်မရှိသောမျက်လုံးများနှင့် ကြောင်ကာ ကြည့်နေသည်။

ရှောင်းမင် ရှောင်းဝူနှင့်ရှောင်းလျိုတို့ကတော့ လက်ထောက်ခါးကုန်းပြီး နံရံပေါ် နားကပ်ကာ ခိုးကြောင်ခိုးဝှက်အမူအရာဖြင့် တစ်ယောက် တံခါးကို တွန်းဖွင့်လာသည်ကိုမြင်မှ သူတို့ကို တွေ့မည်စိုးကာ ချက်ချင်း နံရံကို ကပ်လိုက်သည်။

ကုလျန်ရုန် - အိမ်မှာ ပုံမှန်လူတစ်ယောက်မှမရှိဘူးလား?

တိုက်ဆိုင်စွာပင် အိမ်က တစ်ညလုံးမိုးယို၍ အမွှာအငယ်လေးနှစ်ယောက် အရှေ့အခန်းတွင် အာခေါင်ခြစ်အော်ငိုကာ လူတိုင်းကို သတိထားမိစေသည်။ ကုလျန်ရုန်က သူ့မျက်နှာကို သုတ်ရင်း ရှက်နေသည်။

ကုပေါင်ကောလည်း ရွေးချယ်စရာမရှိ၍ ပြောလိုက်ရသည်။ "လျန်ရုန်၊ ကလေးတွေငိုနေတာ သွားကြည့်ကြည့်ပါဦး"

ကုလျန်မင် ရှေ့ထွက်ကာ "ဦးလေး၊ သမီးသွားလိုက်မယ်!" ပြောပြီးနောက် သူမ လှည့်၍ အရှေ့အခန်းသို့ တစ်ခါတည်းပြေးသွားသည်။

ရှောင်းလျိုလည်း ပါးနပ်စွာနောက်ကလိုက်သွားပြီး သူထွက်သွားသောအခါ ရှောင်းဝူကိုပါ ဆွဲခေါ်သွားသည်။

ကုလျန်ရုန် နှုတ်ခမ်းများကို တွန့်ရင်း ရအောင်ပြုံးလိုက်ပြီး နောက်က လီအတွင်းရေးမှူးနှင့် ကျောင်း‌အတွင်းရေးမှူးကို ရှင်းပြလိုက်သည်။ "မိသားစုမှာ ကလေးတွေများတော့ အဲ့လို ဆူညံတတ်တယ်" အမှန်ပြောရလျှင် သူအခု ခေါင်းကိုက်နေပြီဖြစ်သည်။

ကျောင်းအတွင်းရေးမှူး ဒီလိုမြင်ကွင်းကို တစ်ခါမှမမြင်ဖူးပေမယ့် သူ သည်းခံထားနိုင်သည်။ လီအတွင်းရေးမှူးကတော့ လက်သာဝေ့ရမ်းရင်း "ဦးလေးတို့ နားလည်ပါတယ်။ ဒါက.." သူ မြေကြီးတွင်ထိုင်နေသာ ကုလျန်ရွှမ်ကို ညွှန်ပြရင်း "ဒါက ရဲဘော်ရဲဘက်ကျန်းထျန်ရဲ့ ခင်ပွန်းလား?" အသက်အရွယ်က မကွာလှပေ။

ကုလျန်ရုန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ အကိုကြီးခြေထောက်က ဒဏ်ရာရထားလို့ လမ်းလျှောက်ရင် ဂျိုင်းထောက်လိုပါတယ်"

ကုလျန်ရုန် ခေါင်းလှည့်ပြီး မေးလိုက်သည်။ "အကို၊ အကိုဂျိုင်းထောက်က ဘယ်မှာလဲ?" ပြောပြီးနောက် သူ တစ်ခုမှားနေမှန်း သတိရသွားသည်။ သူ့အကို၏ ဂျိုင်းထောက်ကို မရီးယူပြီး ဝက်ဝံရိုင်းကို ရိုက်ရာတွင် သုံးလိုက်သောကြောင့် ကျိုးသွားပြီပဲ။

"ခေါင်းဆောင်တို့၊ ကျွန်တော့်ကို ခွင့်ပြုပါဦး။ ကျွန်တော် ကျွန်တော့်အကြီးဆုံးအစ်ကိုအတွက် ဝှီးချဲ အရင်ရွှေ့ပေးလိုက်ပါဦးမယ်"ကုလျန်ရုန် လူတွေကို အထဲသို့ဖိတ်လိုက်ပြီး "ဦးလေးကောပေါင် လီအတွင်းရေးမှူးနဲ့ ကျောင်းအတွင်းရေးမှူးကို ဧည့်ခံ‌ပေးထားပါဦးနော်"

"ရတယ်။ မင်းလုပ်ပေးလိုက် " ကုပေါင်ကော ညွှန်ပြရင်း "လီအတွင်းရေးမှူး၊ ကျောင်းအတွင်းရေးမှူး၊ ပင်မအခန်းကို အရင်သွားကြရအောင်"

သူ နောက်က ကုရှန်းလီကို ပြောလိုက်သည်။ "မင်းတို့ လျန်ရွှမ်ကို မြေကြီးပေါ်က ကူထူပေးလိုက်ကြ" ကုပေါင်ကော အတွင်းရေးမှူးနှစ်ယောက်ကို ပင်မအခန်းထဲ ခေါ်သွားလိုက်သည်။

ကုလျန်ရုန် ဝှီးချဲကို ထုတ်လာပြီး ကုလျန်ရွှမ်ထိုင်ပြီးသည်ကို စောင့်ကာ ခေါင်းဆောင်တွေဘက် တွန်းပို့ပေးလိုက်သည်။

လီအတွင်းရေးမှူး ကုလျန်ရွှမ်ကို ခဏမျှကြည့်ပြီးနောက်မေးလိုက်သည်။ " ရဲဘော်ရဲဘက်လေးက စစ်တပ်မှာ‌ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဦးလေးကြားတယ်"

ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ ကျွန်တော် ယန်ပြည်နယ်စစ်တပ်မှာ ၇နှစ်တာဝန်‌ထမ်းဆောင်ခဲ့ပါတယ်"

"ယန်ပြည်နယ်? မင်း ဘယ်ရာထူးလဲ?"လီအတွင်းရေးမှူး မေးလိုက်သည်။

ဒီနှစ်မတိုင်ခင်က သူ ခြေထောက်ဒဏ်ရာ ရခဲ့သည်ဟု လီအတွင်းရေးမှူး ကုပေါင်ကောဆီမှ ကြားသည်။ အခု နှစ်ဝက်ကျော် ကြာနေပေမယ့် သူ့ကိုယ်နှင့် အချိုးအစားက စစ်တပ်က စစ်သားများနှင့် ထူးမခြားနားပေ။ ထို့ကြောင့် သူ လေ့ကျင့်ခန်းလုပ်သည်ကို မရပ်သည့်ပုံပင်။ ထိုသို့စည်းကမ်းရှိ‌သောသူက စစ််တပ်က စစ်သားတစ်ယောက်ထပ်တော့ ပိုလောက်မည်။

"အနားမယူခင် ကျွန်တော် XXXစစ်တပ်မှာ တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်" ကုလျန်ရွှမ်အသံက ပေါ့ပါးကာ ဂုဏ်ယူမှုရော နောင်တရော ဘာမှမပါဘဲ အလွန်သာမန်ဖြစ်လှသည်။

လီအတွင်းရေးမှူး တန်ဖိုးထားစွာခေါင်းညိတ်လိုက်သည်။ "ဟုတ်ပြီ"

ကျောင်းအတွင်းရေးမှူးက ကုလျန်ရွှမ် အရင်က တပ်ခွဲမှူးဖြစ်ခဲ့သည်ပြော၍ မအံ့သြဘဲ မနေနိုင်ပေ။ သူက ဒီအသက်အရွယ်နှင့် တပ်ခွဲမှူးဖြစ်ခဲ့လျှင် ခြေထောက်ဒဏ်ရာသာမရပါက သူ၏အနာဂတ်က တောက်ပမည်ဖြစ်ကာ အခုတော့ နှမြောစရာဖြစ်သည်။

"မင်း ဘယ်လိုခြေထောက်ဒဏ်ရာရတာလဲ ဦးလေးကို သေချာပြောပေးလို့ရလား?" လီအတွင်းရေးမှူး ပြောလိုက်သည်။ "စစ်ဆင်ရေးတွေပါရင်တော့ ပြောစရာမလိုပါဘူး"

ကုလျန်ရွှမ်ပြောပြလိုက်သည်။ "ညာခြေကို ကျည်ဆံအပစ်ခံရတာ"

လီအတွင်းရေးမှူး စိုးရိမ်စွာ "ဆရာဝန်က ဘာပြောလဲ? မင်း ပြန်မတ်တပ်ရပ်နိုင်မယ်တဲ့လား?"

ကုလျန်ရွှမ် ခေါင်းခါလိုက်သည်။ "ကျွန်တော် မတ်တပ်ပြန်မရပ်နိုင်လောက်ဘူး"

လီအတွင်းရေးမှူး ကုပေါင်ကောမှတဆင့် ကုမိသားစုမိသားစုဝင်များအကြောင်း ယေဘုယျနားလည်သည်။ လူကြီးအနေနှင့် လယ်တွင် အလုပ်အမှတ်ရနိုင်သော အလုပ်သမား နှစ်ယောက်သာရှိသည်။ ရက်၁၀၀လောက်သာ ရှိသေးသော ကလေးနှစ်ယောက်။ ၇နှစ် ၈နှစ်အရွယ်ကလေးနှစ်ယောက် ၁၃နှစ်အရွယ် ကလေးတစ်ယောက်။ ဒီလိုအခြေအနေက တကယ်ခက်ခဲသည်။

"အဖွဲ့အစည်းက ဘာကူနိုင်မလဲ?" လီအတွင်းရေးမှူးမေးလိုက်သည်။ ကုမိသားစုက ဒီလိုခက်ခဲနေ၍ ကုလျန်ရွှမ်အထက်လူကြီးများ မကူညီသည်က မဖြစ်နိုင်ပေ။

ကုလျန်ရုန် အကျယ်ကြီးပြောလိုက်သည်။ "လီအတွင်းရေးမှူး။ အဖွဲ့အစည်းက ကျွန်တော့်အကြီးဆုံးအကိုအတွက် အလုပ်တစ်ခုစီစဥ်ပေးထားပါတယ်။ ဒါပေမယ့် အကိုကြီးခြေထောက်က အဆင်မပြေတော့ အကို ကျွ‌န်တော့်ကို အလုပ်လက်လွှဲပေးလိုက်ပါတယ်"

လီအတွင်းရေးမှူး မျက်မှောင်ကြုတ်နေသည်က အခုမှ ဖြေလျော့လာသည်။ "ဟုတ်ပြီ။ အလုပ်ကို ဘယ်နေရာမှာ စီစဥ်ပေးထားလဲ?"

ကုလျန်ရုန် ကုလျန်ရွှမ်ကို ကြည့်လိုက်ရာ ခေါင်းညိတ်ပြသည်ကိုမြင်၍ ဆက်ပြောလိုက်သည်။ "ခရိုင်ပို့ဆောင်ရေးအဖွဲ့က အလုပ်လို့ ကျွန်တော်ကြားတယ်။ အလုပ်လျှောက်စာ ပို့ပြီးပြီမလို့ နောက်လကုန်လောက် အတည်ပြုမယ်လို့ ခန့်မှန်းမိပါတယ်"

လီအတွင်းရေးမှူး ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ "မင်းတို့အဖွဲ့ခေါင်းဆောင်က မင်းက အထက်တန်း ကျောင်းသားလို့ပြောတယ်။ လူငယ်လေး၊ စာတစ်ချိန်လုံးလုပ်ဖို့ မမေ့နဲ့နော်။ ပြီးတော့ အသိအမြင်ကျယ်အောင် အပြင်များများထွက်" ချွီကျင်းခရိုင်က လူငယ်တစ်ယောက်အတွက် အလွန်သေးသည်။

လီအတွင်းရေးမှူး ဒါကို သေချာမှတ်ထားလိုက်သည်။ ရက်အနည်းငယ်အတွင်း သူခရိုင်က စက်ရုံကို သွားကြည့်ရမည်ဖြစ်၍ ဒီရဲဘော်ရဲ‌ဘက်လေး၏ အလုပ်ကို အတတ်နိုင်ဆုံး မြန်မြန်အခြေကျရန် ‌တာဝန်ရှိသူကို အလျင်လိုရမည်။

"ရဲဘော်ရဲဘက် ကျန်းထျန်က ခုနက တောဝက်တွေကို တိုက်ဖို့ မြန်မြန်ထွက်ပြီး ရွာက ကလေးများစွာရဲ့ အသက်ကို ကယ်တင်လိုက်တာ။ ငါတို့အားလုံး ဒါကို မြင်ပြီး လေးစားချီးကျူးမိပါတယ်"

ထိုအချိန်က အခွင့်အရေးက တကယ်အရေးကြီးသည်။ သူတို့တွင် ပြောင်းသေနတ်တစ်ခုသာရှိပြီး တစ်ခါပစ်ပြီးလျှင် ပြောင်း ပြန်အေးအောင် ခဏစောင့်ရသည်။ မဟုတ်လျှင် သေနတ်က ပေါက်ကွဲနိုင်သည်။

တောဝက် ဦးတည်သွားရာဘက်တွင် ‌ပြန်ခုခံရန်မစွမ်းသော ‌ကလေးတစ်အုပ်စုရှိပြီး သူတို့သာ တောဝက် အတိုက်ခံရလျှင် အခြေအနေ တော်တော်ဆိုးမည်ဖြစ်သည်။

ကံကောင်းစွာ ရဲဘော်ရဲဘက်ကျန်းထျန်က အရေးကြီးအချိန်တွင် ထွက်လာပြီး သူမအတတ်နိုင်ဆုံး တောဝက်ကို တားကာ အချိန်မှီဘေးကို ကာကွယ်လိုက်သည်။

"ရဲဘော်ရဲဘက်ကျန်းထျန်က ရဲရင့်စွာ ပြုမူပြီး အန္တရာယ်ကို မကြောက်လန့်။ နောက် ဦးလေး ရဲဘော်ရဲဘက်ကျန်းထျန်ကို `တရားမျှတမှုအတွက် ရဲရင့်သောလုပ်ဆောင်မှု´ ဂုဏ်ပုဒ် ချီးမြင့်ဖို့ ခရိုင်ကို တင်ပြလိုက်ပါမယ်" ထောက်ပံ့ရေးဆုလာဒ်များလည်း မပါမဖြစ် ဖြစ်သည်။

ဒါကို ကြား၍ ကျောင်းအတွင်းရေးမှူး အမြန်နောက်ကလိုက်ပြောလိုက်သည်။ "ဦးလေးလည်း ရဲဘော်ရဲဘက်ကျန်းထျန်ကို အဖွဲ့အစည်းနာမည်နဲ့ ဆုလာဒ်တွေပေးဖို့ ‌လျှောက်လိုက်မယ်" အနည်းဆုံးဆယ်ယွမ်နှင့် ဆန်၁၂ပေါင်၊ ပုဝါ၊ ကြွေထည်များ သေချာပေါက် ပေးရမည်။

သူ အခု စိတ်ငြိမ်သွား၍ ခုနက ‌သေရေးရှင်ရေးအခြေအနေကို ပြန်တွေးမိပြီး မထိတ်လန့်ဘဲ မနေနိုင်ခဲ့ပေ။ ဒီနေ့ ခေါင်းဆောင်များ ရောက်နေသည်ဖြစ်ပြီး တောဝက်သာ တကယ်တိုက်လျှင် ကလေးများ သေသည်ကသေ ဒဏ်ရာရသည်က ရနှင့် အဖွဲ့ဝင်များက သူတို့ကို အရှင်စားသည်ကို ထိုင်ကြည့်နေရမည်လား?

ပြီးတော့ ချွီကျင်းခရိုင်အနေနှင့် ဒီလိုကြီးမားသောအဖြစ်အပျက်အတွက် ရှိသောခေါင်းဆောင်က တာဝန်ယူရမည်ဖြစ်ကာ သူ့လို စုပေါင်းအဖွဲ့ အတွင်းရေးမှူးအဆင့်လောက်နှင့် ကလေးအများကြီးအသက်အတွက် တာဝန်ယူသည်က ဘယ်‌လုံလောက်မည်နည်း?

ထိုအချိန်ရောက်ပါက သူ့အသက်ဆုံးရှူံးသည်က အရေးမကြီးတော့ပေမယ့် သူ့မိသားစုကိုပါ ထိခိုက်မည်ကို စိုးရိမ်သည်။ ထို့ကြောင့် အခု ကျောင်းအတွင်းရေးမှူး သေချာပင် မမြင်ဖူးလိုက်သော ရဲဘော်ရဲဘက် ကျန်းထျန်ကို အလွန်ကျေးဇူးတင်မိသည်။

နောက် လီအတွင်းရေးမှူး မေးခွန်းများဆက်မေးရာ ကုလျန်ရွှမ်၏ ဘယ်ခြေအကြောင်း ရောက်သွားသည်။ "မင်းဘယ်ခြေက ဘာဖြစ်တာလဲ?"

ကုလျန်ရွှမ် - " ခြေကျင်းဝတ်ခေါက်သွားတာပါ"

"အကို ခြေကျင်းဝတ် ထပ်ခေါက်ပြန်ပြီလား? ဒီနေ့ပဲ မြေကြီးပေါ် လမ်းလျှောက်လို့ရတာမလား?" ကုလျန်ရုန် အံ့သြသွားသည်။

လီအတွင်းရေးမှူးနှင့် ကျောင်းအတွင်းရေးမှူး - `ထပ်ဖြစ်တယ်´ဆိုတာ ဘာလဲ?

လူအများ၏ အကြည့်များကြား ကုလျန်ရွှမ် သူ့ဘယ်ခြေကို ကျုံ့လိုက်သည်။ ကုလျန်ရွှမ် ဒီလိုအပြင်လူအများရှေ့တွင် ခုနက အရှက်ရဖွယ်မတော်တဆအကြောင်းကို မပြောချင်ပါ။ သူမျက်နှာတောင့်ကာ နှုတ်ခမ်း‌တင်းတင်းစေ့ပြီး မပြောချင်‌ပြောချင်နှင့် ပြောလိုက်သည်။ "မင်းမရီး ခုနက ဂျိုင်းထောက်ကို ယူသွားတော့ အစ်ကို သူမနောက်လိုက်ရင်း ကျောက်တုံးကို တိုက်မိတာ"

ကုပေါင်ကောလည်း ကုလျန်ရွှမ်၏ ဘယ်ခြေအကြောင်း သတိထားမိ၍ သူ့စိတ်ထဲ သနားစွာ သက်ပြင်းချလိုက်သည်။ "အတွင်းရေးမှူး နှစ်ယောက်က ရဲဘော်ရဲဘက် ကျန်းထျန်ရဲ့ လုပ်ဆောင်မှုရော၊ အဖွဲ့က စပါးတွေ ပျက်စီးတာရောကို ကြည့်ပြီး တောဝက်နှစ်ကောင်ကို ‌၆ခုမြောက်ထုတ်လုပ်ရေးအဖွဲ့ကိုပေးဖို့ ဆုံးဖြတ်လိုက်တယ်"

"မင်းရော ရဲဘော်ရဲဘက် ကျန်းထျန်ရော ခြေ‌ဒဏ်ရာရထားတော့ ဝက်ဝံခြေထောက်ကို မင်းတို့မိသားစုအတွက် ထားလိုက်မယ်"

ကျောင်းအတွင်းရေးမှူး ခေါင်းညိတ်ကာ "စားစရာရှိတာကိုစား။ ဦးလေး ပြောတာနားထောင်။ ခြေကျင်းဝတ်ခေါက်တတ်တဲ့သူတွေ ကျိုးတတ်တဲ့သူတွေက သူတို့ခန္ဓာကိုယ်က တစ်ချို့နေရာတွေမှာ အားနည်းချက်တွေ ရှိလာတတ်တယ်"

ကုလျန်ရွှမ် - "..."

ကုလျန်ရွှမ် ခြံတံခါးကို ခဏခဏကြည့်ကာ "တတိယညီ။ ကျန်းမာရေးစင်တာသွားပြီး အမေနဲ့ကျန်းထျန်ဘာလုပ်နေလဲ သွားကြည့်ပါလား?"

လီအတွင်းရေးမှူး ပြောလိုက်သည်။ "သွားကြည့်သင့်တယ်။ ရဲဘော်ရဲဘက် ကျန်းထျန် ဘယ်လောက်ဒဏ်ရာရသွားလဲ ဦးလေးတို့မသိဘူး"

သူပြောနေစဥ် တံခါးပွင့်လာကာ ရွှီကျင်းဖန် အမြန်ဝင်လာပြီး ပင်မအခန်းထဲ လူအများကြီးမြင်၍ ခဏကြောင်ပြီးမှ အမြန်‌လာလိုက်သည်။ "မင်္ဂလာပါ၊ အတွင်းရေးမှူးနှစ်ယောက်နဲ့ အဖွဲ့ခေါင်းဆောင်"

"အမေ၊ ကျန်းထျန် ဘယ်လိုလဲ?" ကုလျန်ရွှမ် အမြန်မေးလိုက်သည်။

ရွှီကျင်းဖန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး "ဆိုးရွားတာမရှိပါဘူး"

ဒါဆို တစ်ခုခုမှားတာ ရှိသေးလို့လား?

"ဆရာဝန်က ထျန်ထျန် လက်နဲ့ခြေထောက်ကို ဆန့်တာလွန်သွားလို့ ဒီရက်တွေတော့ သူမ အားသုံးလို့မရဘူး။ ကောင်းကောင်း ဂရုစိုက်ပေးရမယ် ပြောတယ်"

All Chapters