← Chapters

ရတနာဆယ့်တစ်ခု မုန်တိုင်းတစ်ခု

Vol. 17 Ch. 242

ရတနာဆယ့်တစ်ခု မုန်တိုင်းတစ်ခု

Vol. 17 Ch. 242

လေလံခန်းမ၏ ရွှေရောင်တံခါးကြီးများအပြင်ဘက်သို့ ပိုင်ကျီဟန်ကွယ်ပျောက်သွားသောအခိုက်အတန့်တွင် မန်နေဂျာ၏ မျက်နှာပေါ်ရှိ လေးစားမှုအပြုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားကာ အလွန်အရေးကြီးသည့် အမူအရာတစ်ရပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

အသက်ရှူတစ်ချက်တောင် မဖြုန်းတီးပဲ ချက်ချင်းလှည့်ကာ အတွင်းခန်းများသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားသည်။

သူ၏ တောက်ပြောင်သော ဖိနပ်များသည် ကျောက်စိမ်းကြမ်းပြင်ပေါ်တွင် တစ်ချက် တစ်ချက် ပြင်းပြင်းထန်ထန် အသံထွက်နေပြီး အံ့အားသင့်နေသော အလုပ်သမားများနှင့် အစောင့်များကို ကျော်လွန်ကာ လျှောက်သွားသည်။

ထို့နောက် သူသည် ဝိညာဉ်လှေကားမှ တက်ရောက်သွားကာ မဟာအလင်းတောက်ပခြင်း လေလံခန်းမ၏ ကန့်သတ်ထားသော အဖွဲ့ဝင်များသာ လျှောက်လှမ်းခွင့် ရှိသော အမြင့်ဆုံးအထပ်သို့ ရောက်ရှိခဲ့သည်။

အလှဆင်ထားသော စန္ဒကူးသား တံခါးများကို တွန်းဖွင့်လိုက်ပြီး ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသော အခန်းတစ်ခုထဲသို့ ဝင်ရောက်သွားသည်။

ဖီးနစ်ငှက် ပုံရိပ်များ ထွင်းထုထားသော စားပွဲကြီး၏ နောက်ဘက်တွင် နီညိုရောင် ပိုးသားအဝတ်အစားကို ဝတ်ဆင်ထားသည့် မိန်းမတစ်ဦး ထိုင်နေကာ သူမ၏ အလှအပသည် အာဏာအထွတ်အထိပ်တွင် ကြာရှည်စွာ ရပ်တည်ခဲ့သူတစ်ဦး၏ စွမ်းအားနှင့်ပြည့်နေ၏

သူမသည် မဟာအလင်းတောက်ပခြင်း လေလံခန်းမ၏ အမှန်တကယ် ပိုင်ရှင်ဖြစ်သည်။

မန်နေဂျာသည် ခေါင်းကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

“မဒမ်… ပိုင်မိသားစုရဲ့ သခင်လေးက အဖိုးတန်ပစ္စည်း ဆယ့်တစ်ခုကို လေလံတင်ဖို့ ပေးအပ်လိုက်ပါတယ်။”

သူမသည် လှပသော မျက်ခုံးကို အနည်းငယ် မြှောက်လိုက်သည်။

“ဆယ့်တစ်ခုလား?”

သူမအနေဖြင့် ထိုအဆင့်အတန်းရှိသည့် အဖိုးတန်ပစ္စည်း ဆယ့်တစ်ခုကို တစ်ယောက်တည်း လေလံတင်နိုင်တာကြောင့် အံ့အားသင့်ခဲ့သော်လည်း ပိုင်မိသားစုဖြစ်သည်ကို စဉ်းစားမိသည့်အခါ အလွန်အမင်း မတွေးတော့ပေ

နောက်ဆုံးတော့ သူတို့တွင် အထူးအဆင့်ပစ္စည်း အများအပြား ရှိနေပြီး မလိုအပ်သော ပစ္စည်းများကို လေလံတင်ခြင်းသာ ဖြစ်နိုင်သည်။

“ဟုတ်ပါတယ်..မြေကမ္ဘာအဆင့် ပစ္စည်းငါးခု၊ မြေကမ္ဘာအဆင့် ကျင့်စဉ် နည်းလမ်း ငါးခု၊ နောက်ပြီး… ကောင်းကင်အဆင့် လက်နက်တစ်ခုဖြစ်တဲ့ ကျောက်မိသားစုရဲ့ ယပ်တောင် ၊ ဒါပေမဲ့ ပိုင်ကျီဟန် ပစ္စည်းပါပဲ။”

သူမ၏ လက်ထဲရှိ ဆေးတံသည် လေထဲ၌ ရပ်တန့်သွားပြီး သူမ၏ မျက်လုံးများအတွင်း တောက်ပသည့် အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

“မြေကမ္ဘာအဆင့် ပစ္စည်းတွေနဲ့ ကောင်းကင်အဆင့် ပစ္စည်းတစ်ခု”

အထူးအဆင့် ပစ္စည်းများဟု ထင်ခဲ့ပြီး ထူးခြားမှုမရှိဟု တွေးမိ၏

သို့တိုင် မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့်လား?

၎င်းသည် အခြားအဆင့် တစ်ခုဖြစ်နေ၏ ။ ထိုပစ္စည်းများနှင့်ဆို မနက်ဖြန်လေလံပွံ၌ တင်ပြမည့် အခြားပစ္စည်းတွေထက် ကျော်လွန်နိုင်၏

အထူးသဖြင့် လေလံတင်ပစ္စည်း အများစုသည် ဈေးနှုန်း မသေချာပေ—အချို့သည် လေလံဆွဲသည့်အပေါ်မူတည်ပြီး မြေကမ္ဘာအဆင့်ထက် ပိုတန်ဖိုးရှိတတ်သလို ထိုထက်လည်း ပိုလျော့နည်းတတ်၏

သို့တိုင် ကောင်းကင်အဆင့် အမွှေးယပ်တောင်သည် အတော်လေးတန်ဖိုးရှိပြီး ကျောက်မျိုးနွယ်မှ ထိုပစ္စည်းအတွက် အများဆုံး ရင်းနှီးမြှုပ်နှံမှာ သေချာ၏

အခြားဂိုဏ်းများသည်လည်း ကောင်းကင် အဆင့် လက်နက်တစ်ခုကို ရယူနိုင်ဖို့ အခွင့်အလမ်းကို လက်လွှတ်မည်လား?

(သို့တိုင် သူတို့က ဘယ်လိုရောင်းချင်ပါ့မလဲ?)

ကောင်းကင်အဆင့် ပစ္စည်းတစ်ခုသည် မျိုးနွယ်တစ်ခုသို့မဟုတ် ဂိုဏ်းတစ်ခု၏ အသက်ဖြစ်နိုင်ပြီး သူတို့ နောက်ဆုံး ဝှက်ဖဲအဖြစ် ယူဆနိုင်၏

ပိုင်ကျီဟန်၏ ကောင်းကင်အဆင့် လက်နက်အကြောင်း များစွာကြားသိရသည့်တိုင် ထိုပစ္စည်းတစ်ခုကို လေလံခန်းမ၌ ရောင်းချခြင်းသည် ကောင်းမွန်သော အရာ မဟုတ်ပေ

ထို့အပြင် ကျောက်နှင့် လီမျိုးနွယ်သည် ထိုပစ္စည်းများအား ဝယ်ယူပြီး သူတို့ စွမ်းအားကို ပိုမိုမြှင့်တင်နိုင်မည့် အခွင့်အလမ်းဖြစ်သည်။

မြေကမ္ဘာအဆင့် ပစ္စည်းများသည်လည်း ထိုနည်းအတိုင်းပင် ။ ပိုင်မျိုးနွယ်မှ အများအပြား ရောင်းချတော့မည်လား?

ထို့အပြင် သူတို့ ခေါင်းဆောင်ဖြစ်သည့်တိုင် ထိုလူငယ်တစ်ယောက်ကို လုံးဝ ယုံစားမည်လော

ထိုယပ်တောင်သည် ပိုင်ကျီဟန်၏ ကိုယ်ပိုင်ပစ္စည်းတစ်ခုဟု ဆိုကြ၏။

၎င်းသည် ပိုင်မျိုးနွယ်ပစ္စည်းလား၊ ပိုင်ကျီဟန်ပစ္စည်းလား။

ပထမတစ်ခုကို နားလည်လို့ရသည့်တိုင် ဒုတိယတစ်ခုတော့ မဖြစ်နိုင်ပေ ။ ပိုင်ကျီဟန်လို အသက် ၂ဝ နှစ်မပြည့်သေးသူသည် ထိုကဲ့သို့ရတနာ ပစ္စည်းတစ်ချို့ကို ပိုင်ဆိုင်မည်လော

သူမ၏ လက်နှင့် ခုံကိုခေါက်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းနေ၏

“ မြင်ရတာထက် ပိုရှုပ်ထွေးတယ်… ဒါပေမယ့် ကိစ္စပါဘူး။”

သူမ၏အကြည့် စူးရှလာချေသည်။

“ငါတို့မှာ ဒီလိုရတနာတွေရှိရင် မဟာအလင်းတောက်ပခြင်း လေလံခန်းမရဲ့ သမိုင်းထဲမှာ အကြီးမားဆုံးပစ္စည်းတွေ ဖြစ်လာလိမ့်မယ်”

(ဒီနှစ်လေလံက အနည်းငယ်အဆင်မပြေတာရှိနေပေမဲ့ ကံကောင်းလို့ ပိုင်မျိုးနွယ် သခင်လေးက ငါ့တို့ကို အတော်ထူးခြားတဲ့ ပစ္စည်းတွေကို ယူလာပေးတယ်။)

သူမသည် စုတ်တံကို ချပြီး ထရပ်လိုက်သည်။

"အဓိကဂိုဏ်း၊ မျိုးနွယ်စုနဲ့ လှည့်လည်သွားလာနေတဲ့ အင်အားကြီးသူတိုင်းထံ သတင်းပို့ပါ။ ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းအပါအဝင် မယုံနိုင်လောက်အောင် တန်ဖိုးရှိတဲ့ ရတနာတွေကို လေလံတင်ရောင်းချမယ်လို့ ကြေငြာပါ။"

မန်နေဂျာသည် ခေါင်းငုံပြီး စိတ်လှုပ်ရှားမှုအနည်းငယ်ဖြင့် ပြောလေ၏

"ဟုတ်ကဲ့ မဒမ်။ ကြေငြာချက်ကို လုပ်လိုက်ပါ့မယ်...ပုံမှန်ထက် ပိုကြီးအောင်လုပ်ပါ့မယ်။"

သူတို့ တစ်စက္ကန့်မှ အချိန်မဖြုန်းတီးခဲ့ကြပေ

ခဏအတွင်းမှာပဲ မဟာအလင်းတောက်ပခြင်းလေလံပွဲ၏ မြှင့်တင်ရေးစက်ယန္တရားသည် လှုပ်ရှားလာသည်။

ပေါက်ကွဲသံပါသော ကြေငြာချက်ကို သယ်ယူရင်း သတင်းလွှင့်သူများအား မြို့တော်၏ ထောင့်တိုင်းနှင့် အပြင်ဘက်သို့ စေလွှတ်ခဲ့ကြ၏

"ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းကို လေလံတင် ရောင်းချမှာပါ။ ဒီအခွင့်အရေးကို လက်လွတ် ဆုံးရှုံးသူတွေက သူတို့ရဲ့ဘဝမှာ ဒီလိုအခွင့်အရေးကို ဘယ်တော့မှ ပြန်မရတော့ပါဘူး။"

သတင်းသည် တောမီးလို ပျံ့နှံ့သွားခဲ့ချေ၏

ဆိုင်းဘုတ်များနှင့် ကြေငြာချက်စာရွက်များ သည် ညအထိ ထွက်ပေါ်နေပြီး မြို့တော်၏ စည်ကားသော လမ်းများ တစ်လျှောက် လွှင့်မျောနေ၏

လက်ဖက်ရည်ဆိုင်များမှသည် ကုန်သည်ခန်းမများအထိ ၊ တိတ်ဆိတ်ငြိမ်သက်သော လေ့ကျင့်ဝင်းများမှ ဆူညံသော လေ့ကျင့်ရေးကွင်းများအထိ ထိုစကားဝိုင်းသည် လွှမ်းမိုးနေ၏

အဓိကမျိုးနွယ်စုများနှင့် ဂိုဏ်းများသည် ဦးစွာတုံ့ပြန်ခဲ့ကြသည်။

အချို့သည် ၎င်းတို့၏ အမြန်ဆုံးတပည့်များကို အကြီးအကဲများထံ သတင်းပေးပို့ရန် စေလွှတ်ခဲ့ပြီး ရန်ပုံငွေများကို နှောင့်နှေးခြင်းမရှိဘဲ ပြင်ဆင်ရန် တိုက်တွန်းခဲ့ကြသည်။

အချို့သည် ရှားပါးပစ္စည်းများကို ရောင်းချပြီး တတ်နိုင်သမျှ ကြွယ်ဝချမ်းသာမှုရရှိရန် အရင်းအမြစ်များအား စုဆောင်းခဲ့ကြသည်။

သူတို့အတွက် ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းကို လက်လွတ်ဆုံးရှုံးရခြင်းသည် မတွေးဝံ့စရာပင် - အထူးသဖြင့် ၎င်းသည် ပြိုင်ဘက်တစ်ဦး၏လက်ထဲသို့ ကျရောက်သွားပါက။

သာမန်လူများအဖို့တော့ မည်သည့်အခါမှ လေလံဆွဲဖို့ မမျှော်လင့်နိုင်သည့်တိုင် စိတ်လှုပ်ရှားနေကြ၏

မည်သူက ရှေးဟောင်းပစ္စည်းကို ရောင်းချသည်လဲ၊ မည်သူက လာမည့် လေလံပွဲ၌ အနိုင်ရနိုင်သည်လဲကို ခန့်မှန်းနေကြ၏

"ကြားလား။ မဟာ အလင်းတောက်ပခြင်း လေလံခန်းမက ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းတစ်ခုကို ကြေငြာလိုက်ပြီ”

"ဘာမဆို ဖြစ်နိုင်တယ် - သံချပ်ကာ၊ လက်နက်၊ ပျံသန်းနိုင်တဲ့ ရတနာတောင် ဖြစ်နိုင်တယ်။"

"တိမ်နဂါးဂိုဏ်းက လေလံဆွဲဖို့အတွက် ဝိညာဉ် ဆေးဖက်ဝင်အပင်တွေနဲ့ သားရဲအူတိုင်တွေကို ရောင်းချနေတယ်လို့ ကြားတယ်”

"ဟား..သံဓားခန်းမက သူတို့ရဲ့ပြိုင်ဘက်တွေအဲ့တာကို မရခင် သူတို့ရဲ့ ဘဏ္ဍာတိုက်ကို ရှင်းပစ်မယ်လို့ ပြောတယ်”

"ရန်သူတွေကို တိုးတက်ခွင့်ပေးတာထက် ဒေဝါလီခံတာက ပိုကောင်းတယ် မလား။ ဒါပေမဲ့ အဓိက ဂိုဏ်း ဒါမှမဟုတ် မျိုးနွယ်က လုယူသွားလိမ့်မယ်။ တခြားသူတွေကတော့ အခွင့်အရေးမရှိဘူး။"

"ကျွန်တော်လည်း သွားကြည့်သင့်လား။"

"ဟား.. စိတ်ပူမနေနနဲ့။ မင်း ဝယ်လို့မရဘူး”

တကယ်တော့ လေလံလက်မှတ်များသည်

မဟာ အလင်းတောက်ပခြင်း လေလံခန်းမ၏ ထိုင်ခုံများသည် ယခင်ကပင် ဈေးကြီးခဲ့ပြီ ယခုဆို အတော်လေး စျေးမြင့်သွားချေပြီ။

ပုံမှန်ထိုင်ခုံတစ်လုံးသည် ပျမ်းမျှမိသားစုတစ်စုကို တစ်နှစ်ပတ်လုံးကျွေးမွေးနိုင်လောက်အောင် ဈေးကြီးပြီး ယခုအခါ မူလဈေးနှုန်း၏ လေးဆဖြင့် ရောင်းချနေကာ ဝယ်သူများသည် ၎င်းတို့အတွက် ရုန်းကန်နေရဆဲဖြစ်သည်။

VIP ထိုင်ခုံများသည် ပို၍ပင် စျေးများပြားလှသည်။ တစ်ခုချင်းစီသည် အဝါရောင်အဆင့် ရှေးဟောင်းပစ္စည်း တစ်ခု၏ဈေးနှုန်းနှင့် ညီမျှသော်လည်း နာရီပိုင်းအတွင်း ပျောက်ကွယ်သွားခဲ့သည်။

VVIP အခန်းများအတွက်မူ အဓိကဂိုဏ်းများနှင့် မျိုးနွယ်စုများအတွက်သာ သီးသန့်ထားရှိခဲ့ပြီး ငွေဖြင့် ဝယ်ယူ၍မရသောအရာဖြစ်သည်။

မြို့တော်၏လေထုသည် ပူပြင်းလာပြီး လမ်းတိုင်း၌ မျှော်လင့်ချက်များဖြင့် စည်ကားနေသည်။

မဟာ အလင်းတောက်ပခြင်း လေလံခန်းမသည် မစတင်သေးသော်လည်း ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာကို တုန်လှုပ်စေခဲ့သည်။

All Chapters