← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

အသားမပါဘဲ အရိုးများနှင့် အပိုင်းများက အပိုများဖြစ်ပြီး ကုချန်ရွှင်း ကုလျန်ရုန်ဆီ ပစ်ပေးလိုက်သည်။ ရွှီကျင်းဖန် ကုလျန်မင်ကို ခေါ်လာသောအခါ သူတို့ အသားများကို ခြင်းထဲတစ်ခါတည်း ထည့်ပြီး တတိယအဒေါ်ကို နှုတ်ဆက်ကာ ပြန်သွားကြသည်။

ထိုအချိန်တွင် အဖွဲ့ကလူများ အဖွဲ့ရုံးချုပ်တွင် တန်းစီနေ၍ သူတို့သုံးယောက် ‌ကျောတွင်ပစ္စည်းများနှင့် ‌လမ်းလျှောက်ပြန်ရာ လမ်းတွင် တစ်ယောက်မှ မမြင်ပေ။

ကုလျန်မင် မေးလိုက်သည်။ "အမေ၊ တတိယအစ်ကို အူယူလာတော့ သမီးတို့ ဝက်အူချောင်းလုပ်ကြမလား?"

"လုပ်မယ်။ စပ်စပ်လေးလုပ်ကြမယ်" ကျန်းထျန် ဒီိလိုစားရသည်အား ကြိုက်သည်ကို ရွှီကျင်းဖန်တွေးကာ "ဝက်ဗိုက်သားကိုလည်း နှပ်ထားမယ်"

ဒါကို ပြောပြီးနောက် ရွှီကျင်းဖန် မြို့တွင်စားစရာဝယ်ရမည်ကို သတိရကာ ကုလျန်ရုန်ကို ပြောလိုက်သည်။ "တတိယကလေး။ သား ဒီနေ့ည တတိယအဒေါ်အိမ်က စက်ဘီးသွားငှားပြီး ခရိုင်က စားစရာသွားယူလိုက်"

သူ့အမေ ဘာတွေးသည်ကို ကုလျန်ရုန်သိသည်။ မရီးကို ဂရုစိုက်ရမည်ဖြစ်၍ အိမ်တွင် စားစရာအားလုံးရှိရမည်။

"မှောင်ရင် ကျွန်တော်မြို့သွားလိုက်မယ်။ အရင်အချိန်အတိုင်းပဲ။ အမေ တံခါးသော့မခတ်ထားနဲ့ဦး" ကုလျန်ရုန် နောက်စကားကို သေချာပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ အရင်က မြို့တွင်စားစရာဝယ်လာပြီး အပြင်တွင် သော့ပိတ်ထားခံရသည့် အတွေ့အကြုံရှိပြီး၍ ဖြစ်သည်။ သူ့အမေ အိပ်မောကျနေပြီး သူမသားအကြောင်း လုံးဝမေ့သွား၍ဖြစ်သည်။

ရွှီကျင်းဖန် တံတွေးသီးကာ "...အမေ သတိရပါတယ်။ ပြီးတော့ ရှောင်းမင်လည်းရှိတယ်!" သူမ အသက်ကြီးလာ၍ မှတ်ဉာဏ်မကောင်းတော့ပေမယ့် ရှောင်းမင်ကတော့ လူငယ်ဖြစ်၍ မမေ့လောက်ပေ။

ကုလျန်မင် နှုတ်ခမ်းတွန့်ကာ ခေါင်းငုံ့ပြီး ငြိမ်ငြိမ်နေသည်။ သူမ မှတ်မိပါမည်ဟု အာမမခံရဲချေ။

အိမ်တွင် အသားရွှေ့ပြီးနောက် ရွှီကျင်းဖန် ခါးထောက်ကာ ပြောလိုက်သည်။ " တတိယကလေး ရှောင်းမင်၊ မင်တို့နှစ်ယောက် ‌အနောက်ခြံမှာ အသားကို သွားဆေးချည်။ တစ်ပိုင်းလှီးပြီး အမေ့ကို လာပေး။ ကျန်တဲ့အသားကို ဆား ဟင်းခတ်မှုန့်တွေနဲ့ နှပ်ထား။ အမေ မီးလုပ်လိုက်မယ်။ စားလို့ရရင် မင်းတို့ကို ခေါ်လိုက်မယ်"

ရွှီကျင်းဖန် မီးဖိုချောင်ထဲ သွားရာ ထမင်းက မီးဖိုပေါ်တွင်အသင့်ဖြစ်ကာ နပ်တော့မည်။ သူမ နေ့လည်က ‌ပေါက်စီများကိုလည်း ပြန်အပူပေးပြီး ကန်စွန်းဥအချို့လည်း ထည့်လိုက်သည်။

ရစ်ငှက်ကင်ရန် အချိန်ရောက်သည့်အခါ ရွှီကျင်းဖန် ထိုင်ပြီး မီးတစ်စကို ထုတ်ကာ မီးသေအောင်စောင့်ပြီးနောက် အဝေးပစ်လိုက်သည်။

ငါးစွပ်ပြုတ်က ပွက်ပွက်ဆူနေသည်။ အပြင်မထွက်ခင် ရွှီကျင်းဖန် မျှစ်စို့နှင့် မှိုများ ခြံထဲတွင်မြင်၍ သူမ ထိုအရာများကို ဆေးကာ အပိုင်းများပိုင်းပြီး ထည့်လိုက်သည်။ ကျက်လျှင် သောက်ဖို့အသင့်ဖြစ်ပြီဖြစ်သည်။

အိမ်တွင် မီးဖိုလေးခုရှိပြီး အိုးကြီးနှစ်ခု အိုးသေးနှစ်ခုရှိသည်။အိိုးကြီးက အသီးအရွက် စွပ်ပြုတ် ပေါက်စီလုပ်ရန်ဖြစ်ပြီး အိုးသေးက အသီးအရွက်ကြော်ရာတွင်သုံးသည်။

လက်ဆေးပြီးနောက် ရွှီကျင်းဖန် တတိယအဒေါ် ရှန်းလီနှင့် ပို့လိုက်‌သော ဝက်ပေါက်ခြောက် ၂ပေါင်ကို ထုတ်လိုက်သည်။ ခြင်းထဲတွင် ဆီး‌သီးပေါင်ဝက်နှင့် နှမ်းများလည်း ပါသည်။ ရွှီကျင်းဖန် ကုရှန်းလီကို ငါးခြောက်နှစ်ကောင် အတင်းပြန်ထည့်ပေးလိုက်သည်။

ဝက်ပေါင်ခြောက်ကို နှစ်ပိုင်းပိုင်းကာ သူ မုန်လာချဥ်နှင့်ကြော်ရန် တွေးထားသည်။ နောက် သူမ ဝက်ဗိုက်သားနှင့် ကြက်သွန်ဖြူကြော်ချင်ပြီး ကြက်ဥ ၇လုံး ၈လုံးကို ခရမ်းချဥ်သီးနှင့် ‌ကြော်ချင်သည်။

သို့သော် ရစ်ငှက်ကင်ပါပြီး ဟင်းလေးမျိုး စွပ်ပြုတ်တစ်ပွဲသာရှိသေး၍ အိမ်က လူတွေအတွက် မလုံလောက်ပေ။ ထို့ကြောင့် အချဥ်စိမ်စပ်စပ်ကြော်ရန်တွေးလိုက်ပြီး သခွားသီးအချဥ်စိမ်နှင့် မျှစ်အချဥ်စိမ် ယူလိုက်သည်။

ဟင်းပွဲကြီးများစားပြီးနောက် သူတို့ အချဥ်စိမ်နှင့် ပေါက်စီစားနိုင်သည်။ ရွှီကျင်းဖန် မြန်မြန်လှုပ်ရှားကာ ကျန်းထျန် အားပြည့်စေရန်ဟု တွေးပြီး သူမ ဟင်းချက်ရာတွင် ဆီထည့်ရန်လိုလားသည်။ သူမ ပန်းကန်လုံးနှင့် ဆီထည့်သည့် စည်ပိုင်းဆီသွားပြီး အဖုံးကို ဖွင့်ရာ ပဲဆီက အရင်နေ့တွေ‌ကထက် မနည်းသည်ကို တွေ့ရ၍ သူမ သံသယဝင်သွားသည်။

သူမ အသက်ကြီး၍ ဒီလိုမှတ်ဉာဏ်က ဆိုးရွားနေပြီလား? ဆီတွေ သုံးပြီးနောက်် မနည်းဘဲ ပိုများလာသည်လား? ဒီအတွေးပေါ်လာပြီးနောက် သူမ ခေါင်းခါကာ ဆီအများကြီး ရှိတော့လည်း ထျန်ထျန်အတွက် ချက်ပေးလို့ရသည်ဟု တွေးလိုက်သည်။

သို့သော် ဒီဆီက ဘယ်က လာသည်လဲ? တခြားမိသားစုက လာပြီး ဖြည့်လိုက်သည်က မဖြစ်နိုင်ပေ။ အိမ်တွင်လူအများကြီးရှိ၍ အပြင်လူလာလျှင်သိသည်။

အပြင်လူမဟုတ်၍ အတွင်းလူသာဖြစ်နိုင်သည်။ တစ်ယောက်က ကြောင်အိမ်တစ်နေရာက ဆီပုလင်းတွေ့၍ ထပ်ဖြည့်ထားသည်လည်း ဖြစ်နိုင်သည်။

ရွှီကျင်းဖန် ဆီပိုဖြင့် တောက်ပနေ‌သော ဟင်းပွဲအချို့ထပ်ကြော်လိုက်သည်။ သူမ တူဖြင့် ပန်းကန်အောက်ခြေကို နှိုက်ရင်တောင် ဆီကို မြင်နိုင်သည်။ ပေါက်စီနှင့်စားစား ထမင်းနှင့်စားစား အရသာက လူတိုင်းကို ခံတွင်းမြိန်‌စေသည်။

ရွှီကျင်းဖန် ဟင်းပွဲများကို နှစ်ပိုင်းခွဲလိုက်ပြီး မီးဖိုချောင်တံခါးသွားကာ အနောက်ခြံကို လှမ်းခေါ်လိုက်သည်။ "တတိယကလေး ရှောင်းမင်၊ ဟင်းပွဲတွေ လာချတော့"

သူမ အော်ပြီးနောက် မျက်နှာချင်းဆိုင်အခန်းပြတင်းပေါက်တွင် ရပ်နေသော အမွှာအကြီးလေးများကို မြင်၍ လက်ရမ်းကာ" မြန်မြန်လာကြ! ဒီနေ့ အိမ်ထဲ စားကြမယ်"

ဝက်ပေါင်ခြောက် ၁ပေါင်၊ ဝက်ဗိုက်သား ၂ပေါင် ရစ်ငှက်ကင်နှင့် ငါးစွပ်ပြုတ်အိုးကြီးနှင့် ဒီနေ့ည သူတို့ ကောင်းကောင်းစားနိုင်သည်။

ကုလျန်ရုန်နှင့် ကုလျန်မင် အရှေ့ခြံသို့် အမြန်လာရာ ရွှီကျင်းဖန် မီးဖိုချောင်ကြမ်းပြင်က အဝါရောင်အလုံးကြီးကို ညွှန်ပြရင်း ကုလျန်ရုန်ကို ပြောလိုက်သည်။ "တတိယကလေး၊ အဲ့ရွှံ့လုံးကို လွှတ်ပစ်လိုက်"

ကုလျန်မင် ဟင်းပွဲတွေကို စားပွဲ‌ပေါ်ချနေပြီး ရွှီကျင်းဖန်က မီးဖိုချောင်ဘေးက အခန်းသွားကာ အထဲက စားပွဲသေးများထုတ်လာသည်။

စားပွဲနိမ့်ကို ကုတင်ပေါ်ထားပြီး စားစရာများကို ထိုအပေါ်ထားလျှင် ထျန်ထျန် ကုတင်မှ မထဘဲ စားနိုင်သည်။ သူမမိသားစုလည်း ဆောင်းရာသီတွင် ထိုသို့စားရသည်ကို ကြိုက်ကာ မြောက်ပိုင်းက လူများလည်းထိုသို့ကြိုက်ကြသည်ဟု ပြောကြသည်။

ရွှီကျင်းဖန် စားပွဲကို အခန်းထဲရွှေ့ရာ ကုလျန်ရွှမ် ကျန်းထျန်ကို ယပ်ခတ်ပေးနေသည်ကို မြင်၍ သူမ သ‌ဘောတကျပြုံးကာ ဖွဖွလေးလျှောက်လာလိုက်သည်။ "ထမင်းစားလို့ ထျန်ထျန်က မသက်သာရင် မင်း သူမကို ကောင်းကောင်းခွံ့ကျွေးရမယ် ကြားလား?"

ကုလျန်ရွှမ် ခေါင်းညိတ်ကာ တိုးတိုးပြောလိုက်သည်။ " အမေ၊ ကျန်းထျန် အိပ်ပျော်နေတယ်"

ရွှီကျင်းဖန် အံ့သြသွားကာ "အိပ်ပျော်နေတယ်? ပင်ပန်းသွားလို့နေမယ်။ ဒီလိုဆိုရင် ထမင်းကို အဝတ်နဲ့အရင်အုပ်ထားလိုက်။ ထျန်ထျန်နိုးလာရင် မင်းတို့နှစ်ယောက် စားကြ" ရွှီကျင်းဖန် စားပွဲကို ချထားကာ ကုတင်‌ပေါ်တက်ပြီး စောင်ကို ဆွဲကာ ကျန်းထျန်ဗိုက်ကို ဖုံးပေးလိုက်ပြီးမှ ထွက်သွားသည်။

မီးဖိုချောင်တွင် ရွှံ့လုံးကို လွှတ်ပစ်ကာ ရစ်ငှက်ကို အုပ်ထားသော အရွက်များက အဝါရောင်သန်းနေပြီဖြစ်သည်။ ခွာကြည့်ပြီးနောက် အထဲတွင်တရုတ်ပေါက်ပန်းစကို မြင်နိုင်သည်။ ကုလျန်ရုန်ကို တစ်ခုကို ယူလိုက်ပြီး သူ့ပါးစပ်ထဲထည့်ပြီး မြည်းကြည့်ရာ အရသာကောင်းသည်။

ရစ်ငှက်ကို ဘေစင်တွင်ထားပြီး ကုလျန်ရုန် လက်ဆေးကာ ငှက်ကို အပိုင်းပိုင်းခွာလိုက်သည်။

ကုလျန်မင် ဝက်ပေါင်ခြောက်ကြော်၊ ဝက်ဗိုက်သားကြော်နှင့်ဝင်‌လာသောအခါ စားပွဲပေါ်က ငါးစွပ်ပြုတ်ကို မြင်၍ လက်ဖြင့် ထိကြည့်လိုက်သည်။ "အေးနေပြီလား? ညီမလေး သွားပြန်လဲလိုက်မယ်"

ကျန်းထျန် အိပ်မက်မက်နေရာ အိပ်မက်ထဲတွင် သူမ ဖုတ်ကောင်ကြားထဲ မသေဘဲ အဖွဲ့သားများက သူမကို ကယ်လိုက်သည်။ အဖွဲ့က စားဖိုမှူးက အောင်ပွဲခံရမည်ပြောပြီး ရစ်ငှက်ကင်ပေးမည်ပြောသည်။

နောက် သူမ အသားနံ့မွှေးမွှေးကို ရ၍ အနံ့ရှူကြည့်လိုက်သည်။ အိပ်မက်ထဲ ဘယ်လိုအနံ့ခံရမှာလဲ? သူမမျက်လုံးဖွင့်ကာ မေးလိုက်သည်။ " ကုလျန်ရွှမ် စားချိန်ရောက်ပြီလား ?"

ကုလျန်ရွှမ် ခေါင်းလှည့်ပြီး ကုလျန်မင်ကို စကားပြောနေရာ ရုတ်တရက် ကျန်းထျန်အသံကြား၍ သူ နားကြားမှားသည်ထင်ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ကျန်းထျန်၏ မေးခွန်းထုတ်နေသည့် မျက်လုံးများနှင့် ဆုံသွားသည်။

ကုလျန်ရွှမ် - "...." သူမ အသားနံ့ရပြီး နိုးလာသည်လား?

ကုလျန်မင် နောက်မှ ခေါင်းထွက်လာပြီး "ယောင်းမ၊ နိုးပြီပဲ။ စားဖို့အချိ‌န်ရောက်ပြီ။ အမေ ဝက်ပေါက်ခြောက်၊ ဝက်ဗိုက်သားကြော်၊ ကြက်ဥနဲ့ခရမ်းချဥ်သီးမွှေကြော်၊ ရစ်ငှက်ကင် ဟင်းပွဲအများကြီး ချက်ထားတယ်"

ကျန်းထျန် ဟင်းပွဲနာမည်ကို သေချာနားထောင်ကာ မျက်လုံး ချက်ချင်းပွင့်လာပြီး ကုတင်မှ ချက်ချင်းထထိုင်လိုက်သည်။ သို့သော် သူမ သူမအခုလက်ရှိ‌အခြေ‌အနေကို မေ့နေပီး သူမ ထနေစဥ်ပင် ‌လဲတော့မလို ဖြစ်သွားသည်။ ကံကောင်းစွာ ကုလျန်ရွှမ်က သူမကို ကိုင်ထားပေးလိုက်သည်။

ကုလျန်ရုန် ရစ်ငှက်အသားတစ်ပန်းကန်နှင့် ရောက်လာပြီး "အမေက မရီးအတွက် ငှက်ခြေထောက်နဲ့ တောင်ပံသေချာပြင်ထားတာ။ အစ်ကို လုမစားနဲ့နော်"

ကုလျန်ရွှမ် - "..." သူ လုမစားပါ။ ပြီးတော့ သူ့ခေါင်းကို လှည့်ပြီး ကျန်းထျန်၏ ရွှေရောင်မျက်လုံးများကို ကြည့်လိုက်ပြီး သူ မလုနိုင်ဟု စိတ်ထဲက တွေးလိုက်သည်။

ကျန်းထျန် တံတွေးသုတ်ကာ သူတို့ကို မေးလိုက်သည်။ " အခုစားလို့ရပြီလား?"

ကုလျန်မင် ငါးစွပ်ပြုတ်ပန်းကန်လုံးကို ယူလိုက်ပြီး ဒါကို ကြား၍ ခေါင်းညိတ်လိုက်သည်။ "ညီမ ထမင်းသွားယူလိုက်မယ်။ စားလို့ရပြီ"

ကျန်းထျန် စားပွဲလေးဆိီသွားပြီး ထိုင်ကာ မျက်လုံးများက တောက်‌ပနေသည်။ အသက်ပြင်းပြင်းရှူကာ သူမ ဒီနေ့ ဆင်းရဲသည်ကနေ ချမ်းသာသည့်အဆင့်သို့ ရောက်သွားပြီဖြစ်သည်။

ကျန်းထျန် မလောက်မည်စိုး၍ ရွှီကျင်းဖန် သူမဖို့ ထမင်းပန်းကန်လုံးနှစ်လုံး ကုလျန်ရွှမ်ဖို့ ထမင်းပန်းကန်လုံးတစ်လုံး သုံးလုံး စားပွဲပေါ် တင်ထားကာ ပေါက်စီတစ်ခြင်းလည်း ထားထားသည်။

ငါးစွပ်ပြုတ်ကို အိုးလေးထဲထည့်ထားကာ အပေါ်က အုပ်ထားသည်။ ညစာအသင့်ဖြစ်ကာ အခန်းနှစ်ခန်းက စားပွဲနှစ်ပွဲကို ဖွင့်ကြသည်။ ကျန်းထျန် တူကို သူမဘယ်လက်နှင့် တုန်ယင်စွာကိုင်ပြီး ထမင်းကို လိမ်ပြီးထူးဆန်းသည့်ကိုယ်ဟန်နှင့် စားသည်။

ကျန်းထျန် နောက်တစ်ကိုက် ထပ်ကိုက်စားချင်ပေမယ့် သူမရှေ့က ထမင်းကို လက်တစ်ခုက ချက်ချင်းလုယူသွားသည်။ သူမ လည်ဆန့်ပြီး စိုးရိမ်စွာ ပြောလိုက်သည်။ " ရှင့်အတွက် တစ်ပန်းကန်ရှိတယ်မလား? ဘာလို့ ကျွန်မဟာ လုနေသေးတာလဲ?"

ကုလျန်ရွှမ် ကျန်းထျန် ဘယ်ဘက်လက်က တူကို ယူလိုက်ပြီး စားပွဲပေါ်က ဟင်းပွဲတွေပေါ် ထားလိုက်သည်။ "ကိုယ် မင်းဟာကို မစားချင်ပါဘူး။ မင််းလက်တွေက အဆင်မပြေဘူးလို့ အမေပြောလို့ပါ"

ကျန်းထျန်် မုန်လာချဥ်နှင့် ဝက်ပေါင်ခြောက်ကြော်ကို ညွှန်ပြရင်း "ကျွန်မ ဒါစားချင်တယ်" ညွှန်ပြပြီးနောက် သူမ မေးလိုက်သည်။ " ရှင် ခုနက ကျွန်မကို အဆင်မပြေဘူးလို့မြင်လို့လား?"

ကျန်းထျန်ခုနက ဘယ်ဘက်လက်နှင့် တူကိုင်သည့်ပုံစံကို ကုလျန်ရွှမ် ပြ‌န်တွေးလိုက်သည်။ တူများက `X´ပုံစံဖြစ်ကာ သူမ ထမင်းပန်းကန်ထဲနှိုက်ရာ ထမင်းနှစ်စေ့သာ ပါလာသည်။

"အတော်မပြေတာ" သူမ ပုံစံက သူ အသက် ၄ ၅နှစ် တူကိုင်စကျင့်သည့်အချိန်ကနှင့် အတူတူဖြစ်သည်။

ကျန်းထျန် - "..." သူမ ငှက်သား ဝက်ဗိုက်သား ကြက်ဥကြော်နှင့် ဝက်ပေါင်ခြောက်တို့ကို ညွှန်ပြရင်း လေသံက အလွန်မောက်မာသည်။ "ကျွန်မ ဒါအားလုံးစားချင်တယ်"

ကုလျန်ရွှမ် အမှန်အတိုင်း နေသည့်ပုံစံအတိုင်း မျက်နှာသေနှင့်ပင်။ "မဖြစ်နိုင်ဘူး"

ကျန်းထျန် - "ဒါဆို ကျွန်မကို တူပြန်ပေး"

ကုလျန်ရွှမ်၏ မျက်တောင်မွှေးများ တုန်ကာ ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး"

ကျန်းထျန် - "ဒါဆို ကျွန်မ အမေ့ကို ခေါ်လိုက်မယ်"

ကုလျန်ရွှမ် - "...မင်းအရင်ဆုံး ငှက်သားစားပါလား?"

ကျန်းထျန် ရွှေညိုရောင်ငှက်သားကို ၃စက္ကန့်လောက်ကြည့်ပြီးနောက် ‌ခေါင်းမညိတ်ချင် ညိတ်ချင် ညိတ်လိုက်သည်။ "ကြီးတာရွေးပေး"

ဒါက ကုလျန်ရွှမ် တစ်ယောက်ယောက်ကို ပထမဆုံး ခွံ့ကျွေးဖူးသည်ဖြစ်သည်။ သူ ငှက်ပေါင်သားတစ်စကို သေချာယူလိုက်ပြီး ထမင်းနှင့် တူတူတွဲလိုက်ကာ ကျန်းထျန်ပါးစပ်ထဲ တုန်ယင်စွာ ထည့်ပေးလိုက်သည်။

သူမ တစ်ကိုက်စားသည်ကို မြင်မှ စိတ်အေးသွားသည်။ သူ သူ့လက်ထဲက တူကို ပြန်ယူရာ လက်ဖဝါးတွင် ချွေးထွက်နေသည်ကို သတိထားမိသည်။

ကျန်းထျန် ငှက်သားနှင့် ထမင်းကို တစ်ကိုက်တည်းကိုက်ပြီး မျိုချရာ အသားက နူးညံ့နေသည်။

ငှက်သားကို တစ်နေ့ခင်းလုံး အရသာမှုန့်များနှင့် နှပ်ထားပြီး မြေနှင့်ထုပ်ကာ ကင်ထား၍ အလွန်အရသာရှိကာ ပန်းအနံ့မွှေးမွှေးလေးလည်းရသည်။

သူမ ဆက်တိုက်ခေါင်းညိတ်ကာ ပြောနေသည်။ "အရသာရှိတယ်။ ဝက်ဗိုက်သား!" ကျန်းထျန် နောက်ဟင်းကို မြည်းချင်သည်။ စားပြီးနောက် သေချာအရသာခံသည်။

ဝက်ဗိုက်သားက အဆီဖြစ်ပေမယ့် မအီပေ။ ဒါက သူမ ကြက်သွန်ဖြူနှင့် ပထမဆုံး တွဲစားဖူးခြင်းဖြစ်သည်။ သူမအကြိုက်နှင့် ကိုက်မည်ဟု မထင်မှတ်ထားချေ။ ဝက်ပေါင်ခြောက်ကလည်း အရသာရှိသည်။ ထမင်းနှင့်တွဲစားလျှင် အလွန်အရသာရှိသည်။

ကျန်းထျန် ပျော်ရွှင်စွာ စားပြီး ထမင်းပန်းကန်လုံးတစ်လုံးနှင့် တစ်ဝက်စားပြီးနောက် ထပ်မစားနိုင်တော့ပေ။ သူမ ကုလျန်ရွှမ် ကမ်းလာ‌သောတူကို ပြန်တွန်းကာ "ကျွန်မ ဝနေပြီ။ ထမင်းကို နောက်တစ်နပ်အတွက်ထားတာပေါ့"

ကုလျန်ရွှမ် ၂စက္ကန့်လောက် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ "တကယ်က ကိုယ်ကုန်အောင် စားနိုင်တယ်"

ကျန်းထျန် - သူက ငါ့စားစရာကို လုချင်တာလား?

ကျန်းထျန် မ‌ပြောသည်ကို မြင်၍ ကုလျန်ရွှမ် သူမသဘောတူသည်ဟု မှတ်ယူလိုက်ပြီး ပန်းကန်ထဲမှ အကျန်များကို အမြန် ပန်းကန်လုံးထဲထည့်ကာ မုန်တိုင်းတစ်ခုကဲ့သို့ စတင်စားသည်။

ကျန်းထျန် - ဟေး ကျွန်မ သဘောမတူဘူး!

All Chapters