အခန်း (၃၂)
Vol. 3 Ch. 32
ကုလျန်ရွှမ် ထမင်းစားသည့် နှုန်းကြောင့် ကျန်းထျန် တားချိန်မရဘဲ ထမင်းပန်းကန်လုံးဝက် ကုန်သွားသည်။
ကျန်းထျန် - "…..”
သူမကို ပိုအံ့အားသင့်စေသည်က ကုလျန်ရွှမ် တူတစ်စုံလဲရန် သတိရသေးသည်ဖြစ်သည်။
စားပြီး ကုလျန်မင် ပန်းကန်လာသိမ်းသောအခါ ဆေးပြီးသကဲ့သို့ သန့်ရှင်းကာပြောင်နေသော ပန်းကန်းများကို မြင်၍ သူမမျက်လုံးများက သူမ၏အကြီးဆုံးအကိုကုလျန်ရွှမ်ဆီရောက်ကာ "အစ်ကို ယောင်းမ စားပြီးတာတော့ စောင့်တယ်မလား?” မဟုတ်လျှင် ကျန်းထျန် ဗိုက်မဝသေးဘဲ လုစားခံရသည်ဟု သူမ သံသယဝင်သည်။
ကုလျန်ရွှမ် လေချေတက်ပြီးနောက် ပြောလိုက်သည်။ "…မင်းယောင်းမဗိုက်ပြည့်မှ အစ်ကို စားတာပါ”
ကုလျန်မင် မျက်ခုံးများ ဖြေလျော့ကာ ပြုံး၍ ပြောလိုက်သည်။ "ကောင်းတယ် ”သူမ စားပွဲပေါ်က ငါးစွပ်ပြုတ်ပန်းကန်ကို မြင်၍ ပြောလိုက်သည်။ "ငါးစွပ်ပြုတ်က ညဆာမှ စားလို့ရတယ်”
ကျန်းထျန် မျက်လုံးများမှေးကာ ခေါင်းညိတ်လိုက်သည်။ သူမ မစားခင် ငါးစွပ်ပြုတ်သောက်ခဲ့သင့်သည်။ ကုလျန်ရွှမ် ငါးစွပ်ပြုတ်သောက်စဉ်က ထိုအထဲတွင် ကြာဆံသာမက မျှစ်စို့နှင့် မှိုများပါပါသည်။ သူမ တကယ်သောက်ချင်ပေမယ့် ဗိုက်က တကယ်မကာတော့။
ကုလျန်မင် ထွက်သွားပြီးနောက် ကုလျန်ရွှမ် စားပွဲလေးကို ဖယ်ပြီး အိပ်ရာပြန်ပြင်လိုက်သည်။
တံခါးကို အကြိမ်များစွာ ခေါက်ပြီး ရွှီကျင်းဖန် အနည်းငယ်ဟကာ "အမေ ဝင်လာလို့ရလား?”
ကျန်းထျန် ကုတင်ပေါ် ပက်လက်လှဲကာ သူမဗိုက်ကို အစာကြေအောင်ပွတ်နေပြီး အသံကြား၍ ကြည့်လိုက်သည်။ "ဝင်လာလို့ရတယ်”
ရွှီကျင်းဖန် လက်ထဲ လက်မှတ်တစ်ဆုပ်စာ ကိုင်ထားပြီး ကုလျန်ရွှမ်ကို မေးလိုက်သည်။ "လျန်ရွှမ်၊ သားမှာ စားစရာလက်မှတ် ဘယ်လောက်ရှိသေးလဲ?အမေ့ကို မြန်မြန်ပေး”
ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ "ရှိတယ်။ ခုံစောင်းအောက်က သံသေတ္တာထဲမှာ”
ကျန်းထျန် ခုံစောင်းနားသွားလိုက်ပြီး ကူဖွင့်ပေးလိုက်သည်။ သူမ သံသေတ္တာကို ထုတ်လာပြီး ရွှီကျင်းဖန်ကို ကမ်းပေးလိုက်ကာ သိချင်၍ မေးလိုက်သည်။ "အမေ၊ တတိယကလေး မြို့ထဲ စားစရာသွားဝယ်မလို့လား?”
ရွှီကျင်းဖန် ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ မိုးတိတ်သွားလို့ ”သူမ စားစရာလက်မှတ်များကို ရေကာ လက်ထဲ ကိုင်ထားပြီး ကျန်းထျန်ကို ကြည့်ကာပြောလိုက်သည်။
"သမီး အခု ခရိုင်ကို သွားလို့မရသေးဘူး။ အဖွဲ့က အားလပ်ရက် ရောက်တာစောင့်။ အမေ သမီးကို လိုက်ပို့ပေးမယ်”
ကျန်းထျန် နှုတ်ခမ်းကို ကိုက်ကာ ရွှီကျင်းဖန်လက်ထဲက လက်မှတ်များကို ကြည့်ပြီး ရုတ်တရက်ပြောလိုက်သည်။ "အမေ၊ သမီးမှာ လက်မှတ်အများကြီးရှိတယ်။ အမေ တတိယကလေးကို ပေးလိုက်ပါ”
ရွှီကျင်းဖန် စဉ်းစားမနေဘဲ ခေါင်းခါလိုက်သည်။ "ဘယ်လိုဖြစ်မှာလဲ? သမီးပိုက်ဆံကို သမီးဘာသာသိမ်းထား။ သမီးလိုချင်တာ အမေ့ကိုပြော။ အမေ တတိယကလေးကို ဝယ်ခိုင်းလိုက်မယ်။ သမီး ကိတ် မုန့်တွေစားချင်လား ခရမ်းရောင်အာလူးကိတ် သကြားလုံး ဆန်မှုန့် စားချင်လား?”
"သမီး အသားပေါက်စီစားချင်တယ်!”ကျန်းထျန် ခဏမျှတွေးပြီးနောက် သူမ မုန့်တွေထက် ပေါက်စီကို ပိုစားချင်သည်။
"အမေ ယူသွားလိုက်ပါ။ မြို့သွားတဲ့အခါ ပစ္စည်းကောင်းတွေ့လို့ ပိုက်ဆံမလောက်ရင် ဘယ်လိုလုပ်မလဲ?”ပြီးတော့ သူမမှာ ပိုက်ဆံများများမရှိ။ သူမ ပြန်ရောက်ပြီး ကုလျန်ရွှမ်ပိုက်ဆံထဲမှ ယူထား၍ အခု သုံးသင့်သည်။
"မယူဘူး!”ရွှီကျင်းဖန် စိတ်ထားက အလွန်မာသည်။ "မြို့ထဲမှာ ပစ္စည်းကောင်းတွေရှိပေမယ့် လိုချင်တာ ဝယ်ဖို့က ချမ်းသာမှ ရမယ်။ သမီးပိုက်ဆံ သမီးဘာသာသိမ်းထား ”ကျန်းထျန်က ချမ်းသာသည်ကို သူမသိသည်။ သို့သော် ဒါက လူအိုစုံတွဲ၏ တစ်ဘဝလုံး စုထားသည်ဖြစ်သည်။ ထိုငွေကို သူမ ဘယ်လို သုံးရက်မည်နည်း။
“စိတ်မပူပါနဲ့။ အမေသိပါတယ်။ အမေက သမီးဆီက ဘယ်လိုယူနိုင်မှာလဲ?”ရွှီကျင်းဖန် ကျန်းထျန်မျက်နှာကို ဖျစ်ကာပြောလိုက်သည်။ ငှါးသည်က တခုဖြစ်ပြီး ယူသည်က တစ်ခုဖြစ်သည်။ ရွှီကျင်းဖန် ကျန်းထျန်ဆီမှ ပိုက်ဆံမယူပေမယ့် လက်မှတ်အချို့ယူသည်။
လက်မှတ်အားလုံးက အချိန်လွန်ခါနီးဖြစ်၍ အခု မသုံးလျှင် နောက်သုံး၍မရတော့ပေ။ ဆပ်ပြာလက်မှတ်များဖြစ်၍ အိမ်တွင် ကုန်ခါနီးဖြစ်နေသည်နှင့် အတော်ဖြစ်သည်။
ကျန်းထျန် ကုတင်ပေါ်လှဲကာ မျက်နှာတစ်ဝက်ကို ခေါင်းအုံပေါ်ဖိထားပြီး သက်ပြင်းဖွဖွချသည်။
"ပူလို့လား?"ကုလျန်ရွှမ် သူ့ယပ်တောင်ကို ကိုင်ရင်း မေးလိုက်သည်။
ကျန်းထျန် ခေါင်းခါလိုက်သည်။ ခေါင်းခါပြီးမှ သူမအခုပုံစံက ခေါင်းညိတ်သည်နှင့် တူနေ၍ သူမ ပုံစံပြောင်းကာ ခေါင်းခါလိုက်သည်။ "ပူပေမယ့်အခု ယပ်ခတ်စရာမလိုဘူး”
သူမ ကုလျန်ရွှမ် ဘက်လှည့်ကာ မေးလိုက်သည်။ "ကုလျန်ရွှမ်။ မနက်က ပိုက်ဆံရှာတဲ့ နည်းလမ်းတစ်ခုရှင်စဉ်းစားမိတယ်လို့ ပြောတယ်မလား? အဲ့ဒါ ဘာလဲ?”
"ကိုယ်ခြေထပ်ချော်ပြန်လို့ အခု ပိုက်ဆံရှာလို့မရသေးဘူး ”ကုလျန်ရွှမ် အလွန်စိတ်ဓါတ်ကျနေသည်။ သူ ဂျိုင်းထောက်နှင့် ပြသာနာရှိရမည်ဟု သံသယဝင် မိသည်။ သူ ဝှီးချဲပေါ်မနေသည်မှာ တစ်ရက်မကျော်သေးဘဲ အခုပြန်သုံးရပြန်သည်။
"ရှင် ပိုက်ဆံရှာတာ ခြေထောက်သုံးရလို့လား? ”ကျန်းထျန် ကုလျန်ရွှမ်ခြေထောက်ကို ကြည့်လိုက်သည်။ လမ်းလျှောက်ခြင်းအပြင် ခြေထောက်က ဘာလုပ်နိုင်သေးလို့လဲ?
ကုလျန်ရွှမ် စောင်ကို ယူကာ ကျန်းထျန်အကြည့်ကိုကွယ်ရန် ဖုံးလိုက်သည်။ တည်ငြိမ် ချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။ "ကိုယ် မုန့်တွေလုပ်ဖို့ တွေးထားတာ။ တတိယညီကို ခရိုင်က သူငယ်ချင်းတွေဆီ ယူသွားခိုင်းပြီး သဘောတူထားတဲ့ စျေးအတိုင်းရောင်းဖို့”
"ဘာစားစရာလဲ?” ကျန်းထျန်မျက်လုံးများ တောက်ပလာကာ "ရှင် ဘယ်လို မုန့်လုပ်ချင်တာလဲ? ”သူမ အကြံပြုနိုင်လောက်သည်။ ဥပမာ ကြက်ဥမုန့် ကန်စွန်းဥလုံး ကြက်ဥကိတ် စသဖြင့် သူမ အရင်ဘဝက ကြိုက်သည့်မုန့်များကို ပြောနိုင်သည်။
"မတ်ပဲကိတ် ပဲပိစပ်ကိတ် ”ကျန်းထျန်က စားရာတွင် ကျွမ်းကျင်၍ သူ့အကြံကို ကုလျန်ရွှမ် တည့်တိုးပြောလိုက်သည်။
ကျန်းထျန် - ……..
တခြားသူများတော့မသိ။ သူမကတော့ ဒါတွေကို မဝယ်ချင်။ စျေးမှာ ထိုမုန့်များရှိသည်မလား? ဘယ်သူက မှောင်ခိုစျေးမှာ ဒါတွေအတွက် ငွေသုံးမှာလဲ?
ကျန်းထျန် အမူအရာကြည့်ပြီး သူမတွေးနေသည်ကို ကုလျန်ရွှမ်ပြောနိုင်သည်။ သူ ရှင်းပြလိုက်သည်။ "စျေးမှာရောင်းတဲ့ မတ်ပဲကိတ်က ဆယ်ရက်တိုင်းလဲတယ်။ ဒီနွေမှာ ဆယ်ရက်တစ်ကြိမ်လဲရင် ကြေတာကကြေ။ မကြေရင် မှိုတက်တာက တက်နဲ့ မကောင်းတော့ဘူး။”
"ပြီးတော့ ကိုယ်လုပ်မယ့် မတ်ပဲကိတ်က သကြားညိုနဲ့ နှမ်းအစာပါတယ် ”ထို့ကြောင့် စျေးကတော့ ကြီးသည်။
ကျန်းထျန် ခေါင်းညိတ်လိုက်သည်။ တခြားထက် ကွဲ၍ ဒါက အကြံကောင်းဖြစ်သည်။ မဟုတ်လျှင် ဘယ်သူမှ မဝယ်လောက်ပေ။
"ဒီနှစ်ခုအပြင်ရော? ”နှစ်မျိုးတည်းရောင်း၍မရပါ။ ၂ခါ ၃ခါ ဝယ်စားပြီးလျှင် ငြီးငွေ့သည်။
ကုလျန်ရွှမ် ပြန်မေးလိုက်သည်။ "ဒီနှစ်မျိုးနဲ့ မလုံလောက်ဘူးလား? ”
“ဘယ်လောက်မလဲ?” ကျန်းထျန် အသံမြင့်ပြောလိုက်သည်။ "ရှင်က နှစ်မျိုးပဲ ရောင်းပြီး နှစ်ခုလုံးကလည်း ပဲကိတ်တွေ။ ဝယ်သူတွေကို ရွေးချယ်ခွင့်တောင်မပေးဘူး”
ကုလျန်ရွှမ် အမှန်အတိုင်းပြောရလျှင် စျေးတွင်ရောင်းသော မတ်ပဲကိတ်က သကြား ဂျုံ မတ်ပဲသာပါပြီး နှစ်အများကြီး ငြီးငွေ့သည့်အသံမကြားဖူးပေ။ သူရောင်းမည့်် မတ်ပဲကိတ်နှင့် ပဲပိစပ်ကိတ်က ခြောက်ကပ်နေသော မတ်ပဲကိတ်နှင့်စာလျှင် အရသာပိုရှိသည်။ ဘယ်သူက ငြီးငွေ့ပါ့မလဲ? သို့သော် အခု သူ့အရှေ့က တစ်ယောက်ဆိုလျှင်တော့ ဖြစ်နိုင်သည်။
"ဒါဆို ကိုယ့်ကိုပြော။ ကိုယ် ဘာထပ်ထည့်ရမလဲ? ”ကုလျန်ရွှမ် ကုန်းကာ လက်ဆန့်ပြီး ခုံစောင်းမှ ဘောပင်နှင့် စာရွက်ထုတ်လိုက်ကာ ကျန်းထျန်ပြောသမျှ ချရေးရန် အစီအစဉ်ရှိသည်။
ကုလျန်ရွှမ်က အရမ်းလေးနက်ပြီး သူမအကြံကို တန်ဖိုးထားသည်ကို မြင်၍ သူမ အလွယ်တကူ မပြောသင့်ဟု ကျန်းထျန်ခံစားရ၍ သူမ အခုခေတ်အခြေအနေကို နားမလည်ပေမယ့်လည်း လက်တွေ့ကျသည့်အမြင်ကနေ အကြံများ စဉ်းစားရမည်။
"မတ်ပဲနဲ့ ပဲပိစပ်က ကျွန်မတို့အိမ်မှာ ရှိလား?” ဒါက အလွန်အရေးကြီးသည်။ မရှိလျှင် အပြင်တွင် ဝယ်ရန် နည်းလမ်း စဉ်းစားရမည်ဖြစ်၍ ထွက်ငွေတစ်ခုအဖြစ် ထည့်တွက်ရမည်။ အခုချိန်တွင် လယ်အားလုံးက စပါးစိုက်ပြီး စပါးခင်းမှလွဲ တခြားအခင်းများ သိပ်မများ။
"ရှိတယ်။ ကိုယ်ပိုင်ခြံမှာ စိုက်ထားတဲ့ မတ်ပဲ ၁၀ပေါင်။ ပဲပိစပ်က အဖွဲ့က ဝေထားတာ။ ပေါင်၁၀၀လောက်ရှိတယ်။ တိုဖူးလဲတာကလွဲလို့ အသုံးမဝင်ဘူး ”ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။
"တိုဖူး? ”ကျန်းထျန် သူမပါးစပ်ကို အုပ်လိုက်သည်။ "ကျွန်မ ဘယ်မှာ လဲလို့ရလဲ?” သူမ တိုဖူးကြော် တိုဖူးနှပ် တိုဖူးအစာသွပ် တိုဖူးငါးစွပ်ပြုတ် တိုဖူးအစပ် စားချင်သည်။ တိုဖူးနှင့် တိုဖူးလုံး အသားလုံး မုန်လာဥလုံးစသဖြင့် လုပ်၍ရသည်။ ကျန်းထျန် ခေါင်းခါကာ ဒါကို ထပ်မစဉ်းစားတော့။ သူမ ထပ်တွေးလျှင် အလွန်ဆာလောင်၍ ညအိပ်မရလောက်ပေ။
"မင်းစားချင်လား?" ကုလျန်ရွှမ်အခု ကျန်းထျန်၏ အမူအရာကို လေ့လာပြီးပြီဖြစ်သည်။ "ဒါဆို ရှောင်းမင်ကို မနက်ဖြန် အဒေါ်ရှို့ယင်းအိမ်မှာ မင်းဖို့ တစ်တုံးသွားလဲခိုင်းလိုက်မယ် " ပဲပိစပ်၁ပေါင်နှင့် တိုဖူး၁ပေါင် ပဲနို့တစ်အိုးလဲနိုင်သည်။
ကျန်းထျန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ကျွန်မ တိုဖူးလုံး မုန်လာဥလုံး အသားလုံးစားချင်တယ်”
ကုလျန်ရွှမ် - "…" ဘယ်လိုဖြစ်ပြီး မနက်ဖြန်စားဖို့အကြောင်း ရောက်သွားသည်နည်း? "အမေ မင်းအတွက်လုပ်ပေးလိမ့်မယ်"
ကျန်းထျန်က ကောင်းကင်က ကြယ်များလိုချင်သည်ဟု ပြောလျှင်တောင် သူ့အမေ ရေဘေစင်တစ်လုံး ခြံထဲယူလာပြီး အရိပ်ကိုညွှန်ပြကာ ထျန်ထျန်၊ ဒါ အမေ သမီးကိုပေးတဲ့ကြယ်ဟု ပြောလိမ့်မည်။ ကျန်းထျန်က သူ့အမေ၏ သမီးအရင်းဟု သူ သံသယဝင်မိသည်။
ပြောနေသည့်အကြောင်းကို ပြန်သွားပြီး ကုလျန်ရွှမ် မေးလိုက်သည်။ "ပဲကိတ်နှစ်မျိုးအပြင် မင်း ဘာရောင်းဖို့သင့်တော်တယ်တွေးလဲ?”
ကျန်းထျန် တကယ်အတွေးတစ်ခုရှိသည်။ "ရှင် ခရမ်းချဉ်သီးကနေ လုပ်တဲ့ ဆော့စ်ရောင်းလို့ရတယ်” တောင်ပိုင်းက ဆော့စ် အထူးသဖြင့် ငန်သည့်ဆော့စ် မစားသည့်ပုံပင်။ ခေါက်ဆွဲဆော့စ် မီဆိုဆော့စ် စသဖြင့် ဆော့စ်များက ပတ်ဝန်းကျင်တစ်ခုလိုကာ တောင်ပိုင်းရာသီဥတုက ပြောင်းလဲပြီး မိုးရွာ၍ မသင့်တော်ပေ။
ချိုသည့်အရာများအတွက် တောင်ပိုင်းက သူ့ရာသီနှင့်သူသာစားနိုင်သော မြောက်ပိုင်းနှင့်မတူဘဲ တစ်နှစ်ပတ်လုံး အသီးအနှံများရှိ၍ ယိုလုပ်ဖို့ အသီးများရှိသည်။ သို့သော် ဆော့စ်ကိုတော့ သိပ်မတွေ့ရပေ။
"ဆော့စ်” ကုလျန်ရွှမ် ဒါကို ချရေးလိုက်သည်။
ဆော့စ်အကြောင်းဆိုလျှင် ကျန်းထျန်တက်ကြွသည်။ "ဆော့စ်ကို ချိုချိုချဉ်ချဉ် ဝက်နံရိုး ဝက်မိုးခိုသား ကြက်သား ကြက်ဥခရမ်းချဉ်သီးမွှေကြော် တရုတ်နှစ် သစ်ကူးမှာလည်း ဆန်ကိတ် လုပ်လို့ရတယ်။ ပြီးတော့ ဟော့ပေါ့အနှစ်လည်း လုပ်လို့ရတယ်”
ဒါကို ကြား၍ တစ်ခုခုမှားနေသည်ဟု ကုလျန်ရွှမ် ခံစားရသည်။ သူ ဘာလို့ ကျန်းထျန်ကို ညဘက် စားသည့်အကြောင်းမေးရသည်နည်း? ဒါက ပြသာနာရှာသည်နှင့် တူသည်မလား?
ကျန်းထျန် တံတွေးမျိုချကာ သူမ အာလူးကြော်ကို ဆော့စ်နှင့် စားချင်သည်။ "ဆော့စ်လုပ်ဖို့ ရှင် သကြားထည့်ဖို့လိုတယ်။ နည်းရင် ချဉ်ပြီး များရင် အရမ်းချိုသွားလိမ့်မယ် ” ဒီလိုမျိုးကလည်း အရသာရှိသည်။ အခုချိန် လုပ်ရန် သင့်တော်သည်။ သကြားအများကြီးဆိုလျှင် စျေးကြီးပြီး အရမ်းချိုကာ အရသာက ဆွဲဆောင်မှုမရှိတော့။
ကုလျန်ရွှမ် စာရွက်ထဲသေချာရေးကာ ထပ်မေးလိုက်သည်။ "တခြားရော?”
"တခြား ”ကျန်းထျန်ခေါင်းစောင်းကာ "ရှင် ကြက်သားကိတ်နဲ့ ဆီးသီးကိတ်လုပ်လို့ရတယ်။ ဒီနှစ်မျိုးက စျေးကြီးထုတ်ကုန်လို့ သတ်မှတ်နိုင်တယ်။ သုံးတဲ့ပစ္စည်းတွေကလည်း များတော့ စျေးလည်း များလိမ့်မယ်”
ကျန်းထျန်ပြောသည်က မှန်၍ ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ သူ ဘာလို့ ဒီနှစ်ခုကို မစဉ်းစားမိသည်နည်း။ "ဒါပေမယ့် ဆီးသီးက ရှားပြီး ကြက်ဥတွေကလည်း သိပ်မကျန်တော့ဘူး။ ပြီးတော့ ဂျုံလည်း မလောက်လောက်ဘူး ”ကုလျန်ရွှမ် အလေးအနက်စဉ်းစားသည်။
ကျန်းထျန် လက်ဝေ့ရမ်းကာ အားမာန်အပြည့်နှင့်ပြောလိုက်သည်။ "ဒါက ပြသာနာမဟုတ်ဘူး။ ကျွန်မ ခြေလက်တွေ သက်သာရင် ခရိုင်သွားပြီး ရှင့်ဖို့ ဆီးသီးရော ပဲနီရော ယူပေးမယ်။ ပဲနီစေ့တွေနဲ့ ရှင် ဒင်းဆမ်းလုပ်လို့ရတယ် ”
ကုလျန်ရွှမ် ခေါင်းညိတ်ကာ ဒါကို ချရေးသည်။
ကျန်းထျန် လှည့်ပြီး ကုလျန်ရွှမ်ကို ကြည့်ကာ ဒင်းဆမ်းနာမည်များကို ရွတ်လိုက်သည်။ "ပဲနီကိတ် ကောက်ညှင်းပဲနီမုန့် မုန့်ပေါင်း ….”
ချရေးနေသည့် ကုလျန်ရွှမ်လက် ရပ်သွားသည်။ သူမှားတယ် တကယ်မှားတာ။ သူ အခု ဆက်မပြောလျှင် ဒီညကောင်းကောင်း အိပ်နိုင်သေးသည်မလား။
ကျန်းထျန် ပဲနီမစားနိုင်သေး၍ သူမ အာသီသပြေရန် မတ်ပဲသာ သုံးနိုင်သည်။ "ကုလျန်ရွှမ် မနက်ဖြန် မတ်ပဲစွပ်ပြုတ်ချက်ဦး !” ဒါကို ပြောပြီး ဒီနေ့နေ့လည် သူမ အအေးသောက်စရာ လုပ်ရမည့်ပုံပင်။ "ဆီးသီးစိမ်းပျားရည်သောက်ဖို့ ကျန်သေးတဲ့ပုံပဲ။ ဒါဆို ဒါကို မေ့လိုက်တော့”
ကုလျန်ရွှမ် - "…”မဟုတ်ဘူး မင်းမေ့မှာ မဟုတ်ဘူး