← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

နေ့လည်စာက မှိုကြက်ဥခေါက်ဆွဲ ငရုတ်သီးစိမ်းကြော် မုန်လာဥနီကြော်ဖြစ်ပြီး သူတို့ကို အသားလှီးသည့်စားပွဲပေါ်တွင် ချထားသည်။ လေးထောင့်စားပွဲက အနည်းငယ်‌သေး၍ လူများများ မကာပေ။ ထိို့ကြောင့် ကျန်းထျန်နှင့် ကုလျန်ရွှမ်ကလွဲ လူတိုင်း မြေကြီးပေါ် ထိုင်ချပြီးလက်ထဲ ပန်းကန်လုံးနှင့် စားကြသည်။

ကျန်းထျန် မုန်လာဥနီမျှင်ကြော်ကို မြည်းကြည့်လိုက်သည်။ သူမ အရင်က မုန်လာဥနီကို မကြိုက်ပေမယ့် နောက် အဖွဲ့က စားဖိုမှူးလုပ်သော မုန်လာဥနီပုစွန်ကိတ်စားကြည့်ရာ ချိုပြီး အရသာရှိ၍ သူမ ထိုအချိန်က သဘောကျသွားသည်။

ကုမိသားစု အနောက်ခြံက အသီးအရွက်ခင်းတွင် စိုက်ပျိုးထား‌သော အသီးအရွက်များက သဘာဝဖြစ်ပြီး လေထုကလည်း သန့်ရှင်းသည်။ ဥနီများက ရွှံ့များဖြင့်ဖြစ်ပြီး ခုနက အလုပ်ပြီးနောက် အလွန်ဆာလောင်၍ ကုလျန်ရုန်နှင့် ကုလျန်ရွှမ် မုန်လာဥနီကို ယူကာ ဒီအတိုင်းစားကြ၍ ကျန်းထျန်ကို စားချင်စိတ်ပေါ်လာစေသည်။

သို့သော် သူမ ခေါက်ဆွဲကိုစောင့်နေ‌၍ မုန်လာဥနီစားလိုက်လျှင် နေ့လည်စာမစားနိုင်တော့ပေ။ အခု သူမမြည်းကြည့်ရာ အရသာက တကယ်ကောင်းသည်။

"အမေ၊ သမီး ပေါက်စီကို မုန်လာဥနီအစာနဲ့စားလို့ရလား?" ကျန်းထျန် ခေါက်ဆွဲပန်ကန်လုံးမှ ခေါင်းထောင်ကာ ပါးစပ်ထဲတွင် မုန်လာဥနီများကိုက်ရင်း မေးလိုက်သည်။

ရှောင်းဝူနှင့် ရှောင်းလျို နားမလည်ပေ။ ရှောင်းလျို မုန်လာဥနီနှင့် ငရုတ်သီးစိမ်းကို ‌မုန်းသည်။ စားရသည်ကိုမကြိုက်။ ရှောင်းလျို ခေါင်းမော့ကာ "မရီး။ မုန်လာဥနီတွေကို ကြိုက်လား?" မုန်လာဥနီများက အရသာဆိုးရွားသည်။

ကျန်းထျန် ခေါက်ဆွဲစွပ်ပြုတ်ကို တစ်ကျိုက်သောက်လိုက်သည်။ "အဆင်ပြေပါတယ်" ဘယ်သူချက်လည်းအပေါ်မူတည်သည်။ တချို့လူများ၏ မုန်လာဥနီများက အရသာမရှိပေ။

ရှောင်းဝူ သက်ပြင်းချကာ ပန်းကန်လုံးထဲက အနီရောင်အစိမ်းရောင် အသီးအရွက်များကို မျက်မှောင်ကြုတ်ပြီး "မရီး၊ မရီး အရမ်းမသန်မာခင်က မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းစားခဲ့လား?" သူလည်း ပိုသန်မာချင်၍ သူလည်း ဒါတွေကို စားရမည်လား?"

ရွှီကျင်းဖန် ဒါကိုကြား၍ ကျန်းထျန်ကို တစ်ချက်ကြည့်လိုက်သည်။ ကျန်းထျန် မြင်၍ သူမသဘော‌ပေါက်ကြောင်း ဖော်ပြလိုက်သည်။ သူမ ကလေးတွေကို လိမ်ရမည်ကို သ‌ဘောပေါက်သည်။

"ဒါပေါ့။ အသားစားရင် ပိုသန်မာပြီးတော့ အသီးအရွက်စားရင် အရပ်ပိုရှည်လာတယ်။ အစာဂျေးမများတဲ့ကလေးတွေပဲ ကြီးထွားမြန်တာ"

ရှောင်းဝူနှင့် ရှောင်းလျို တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး မျက်နှာရှုံ့မဲ့ကာ တစ်ခုပြီးတစ်ခု ယူစား၍ ပန်းကန်လုံးထဲက စားစရာများ ကုန်သွားသည်။

နေ့လည်စာ စားပြီးခါနီးအချိန်တွင် တတိ‌ယအဒေါ် ကုအိမ်ရောက်လာပြီး ‌ပြောင်းဖူးတစ်ခြင်းယူလာသည်။ "ဒါက မနေ့က တောဝက်တွေ ဝင်တိုက်သွားတဲ့ပြောင်းဖူးတွေ"

တတိယအဒေါ် ရေတစ်ခွက်သောက်ကာ ဆက်ပြောလိုက်သည်။ "ရှောင်းမင် ကျောင်းတက်ရတော့မှာမလား? ဘယ်အချိန်လောက် အဆင့်တွေ ထွက်မလဲ?"

ကျန်းထျန် နားစွင့်နေသည်။ ကုလျန်မင်က အထက်တန်းဝင်ခွင့်စာမေးပွဲကို အောင်ပြီး၍ သူမခေါင်းစောင်းပြီး တွက်ကြည့်ရာ အခုက ၁၉၇၆ ဖြစ်၍ ကောလိပ်ဝင်ခွင့်စာမေးပွဲပြန်စမည်က ၁၉၇၇ ဖြစ်ကာ ကုလျန်မင် အထက်‌တန်းကျောင်းအောင်သည်နှင့် ကွက်တိဖြစ်လောက်သည်။

ဒီလိုဆိုလျှင် ကုလျန်မင်က အထက်တန်းအောင်သည့်အခါ အသက်၁၅နှစ်ဖြစ်ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲကို အသက်၁၅နှစ်နှင့် ဖြေလိမ့်မည်ဖြစ်၍ တကယ်ကို ဉာဏ်ကြီးရှင်ဖြစ်သည်။

"အဆင့်တွေက လကုန်လောက်ထွက်မှာ။ အဲ့အချိန်ရောက်ရင် နင့်စက်ဘီငှားပြီး တတိယကလေးကို စုပေါင်းအဖွဲ့ဆီ ရှောင်းမင်‌ကို ခေါ်သွားခိုင်းပြီးတော့ အဆင့် သွားနားထောင်ရမယ်" ရွှီကျင်းဖန် ပြောင်းဖူးကို မြေကြီးပေါ် ချကာ တတိယအဒေါ်ကို ဆက်ပြောလိုက်သည်။ "ခရိုင်နံပါတ်တစ် အလယ်တန်းကျောင်းကို တက်ရမှာ"

" ခရိုင်နံပါတ်တစ်အလယ်တန်းကျောင်း။ ဒါ‌ဆိုအဆောင်မှာနေရမှာပေါ့" တတိယအဒေါ် ပိန်ပိန်သေးသေး ကုလျန်မင်ကို ကြည့်ပြီး အနည်းငယ်စိုးရိမ်စွာပြောလိုက်သည်။ "ရှောင်းမင်က ကျောင်းမှာတစ်ယောက်တည်းဆိုတော့ အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ?"

"ဘာလုပ်ရမလဲ? သူမက စာသင်ဖို့သွားတာ။ လူတွေနဲ့‌ စကား‌ပြောနေဖို့ မဟုတ်ဘူး" ရွှီကျင်းဖန် တတိယအဒေါ်က အများကြီးတွေးနေသည်ဟု ခံစားရသည်။ " ပြီးတော့ သူမမှာ အစ်ကိုနှစ်ယောက်လည်း ရှိတယ်မလား ဘယ်သူက သူမကို အနိုင်ကျင့်ရဲမှာလဲ? "ရှောင်းမင်က ဒေါသကို သည်းခံတတ်သည့်သူ မဟုတ်ပေ။ ရွှီကျင်းဖန် သူမကလေးတွေကို သည်းခံရမည်ဟု တစ်ခါမှ မသင်ဖူးပေ။

ကျန်းထျန် ခေါင်းညိတ်လိုက်သည်။ ဒါက အမျိုးသားဇာတ်ဆောင်၏ ညီမဖြစ်သည်။ ဘယ်သူက အနိုင်ကျင့်ရဲမည်နည်း။

"ထျန်ထျန်၊ သမီး ဘာတွေ ခေါင်းညိတ်နေတာလဲ?" တတိယအဒေါ် ကျန်းထျန်အပြုအမူကို မြင်၍ ပြုံး၍ ပြောလိုက်သည်။ " သမီး အခု ရှောင်းမင်ကို အရင်အနိုင်ကျင့်မှ ရမယ်"

ကျန်းထျန် ခေါင်းကုတ်ကာ တတိယအဒေါ်က သူမကို အထင်လွဲနေသည်ဟု တွေးလိုက်သည်။ " သမီးမလုပ်ပါဘူး" ပြီးတော့ ဒီမှာ အမျိုးသားဇာတ်ဆောင်နှင့် ကုလျန်ရွှမ် ရှိသည်မလား?

ကုလျန်မင် မနေ့ညက ကုလျန်ရုန် ဝယ်လာသော ဒင်းဆမ်းတစ်ပန်းကန်ကို အိမ်ထဲမှ ယူလာသည်။ မတ်ပဲကိတ်နှင့် ဆန်မုန့်များသာဖြစ်ပြီး ဧည့်သည်များအတွက် စားပွဲပေါ်ချထားသည်။

"တတိယအဒေါ်၊ ကလေးတွေရောဘယ်လိုနေလဲ မနေ့က တောဝက်ကြောင့် လန့်သွားသေးလား?" ကုလျန်မင် မြေပဲတစ်တောင့်ကို ခွာလိုက်ပြီး ကျန်းထျန်ရှေ့ထားလိုက်သည်။ သူမ ကျန်းထျန်ကို မကြည့်ရဲ။ တတိယအဒေါ်နှင့် စကားပြောရင်း မျက်လုံးထောင့်ကနေသာ ကျန်းထျန် လှုပ်ရှားမှုကို ကြည့်နိုင်သည်။

တတိယအဒေါ် သူမလက်ကို ဝေ့ရမ်းကာ မတ်ပဲကိတ်တစ်ခုကို ယူလိုက်ပြီး စားလိုက်သည်။ "အိမ်က ကလေးက သူ့လက်မှာ တုတ်ချောင်းနှစ်ချောင်းကိုင်ပြီး တောဝက်တွေကို သူသတ်မယ်လို့ သူ့အမေ၊အဖေ၊ အဒေါ်နဲ့ လူအိုကြီးကိုပြောနေတယ်။"

"ဒီနေ့ အဒေါ်လာတာကို ထျန်ထျန်ဆီက လှည့်ကွက်လေးတွေသင်ချင်လို့လို့ မှာတယ်။ ဒါဆိုနောက် တောဝက်တွေနဲ့ သားရိုင်းတွေကို အမဲလိုက်ပြီး အဖွဲ့သားတွေအတွက် အသားဝေလို့ရတယ်လို့ ပြောနေတယ်"

ကျန်းထျန် - "..." နေ့လည် လူတိုင်း ဒီလာကြမည်လားတွေးပြီး သူမ တံခါးကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

တတိယအဒေါ် သူမလက်ကို ကျန်းထျန်ရှေ့ ရမ်းလိုက်ပြီး "သမီး ဘာတွေကြည့်‌နေတာလဲ? မစိုးရိမ်နဲ့။ ‌မနေ့က မတော်တဆဖြစ်ပြီးတော့ အဖွဲ့က ကလေးတွေကို အပြင်လွှတ်ဦးမှာ မဟုတ်ဘူး"

ကျန်းထျန် စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။

"သမီးကတော့ အဲ့ကလေးတွေကို ကြောက်နေတာပဲ။ နောက် လျန်ရွှမ်နဲ့ ကလေးရရင် သမီးဘယ်လိုလုပ်မလဲ?" တတိယအဒေါ် ပြုံး၍ ပြောလိုက်သည်။ အခုကျန်းထျန်က ကြောက်နေ၍ တကယ်ကလေးရှိလာလျှင် ကလေးက နေ့ရောညရော ဆူညံနေ၍ ခေါင်းကိုက်နေလောက်သည်။

ကျန််းထျန် - "..." သူမ လည်ပင်းတွင် မြေပဲက တစ်သွားကာ ချောင်းဆိုးသွားသည်။

ကျန်းထျန်ကို မျက်လုံးထောင့်ကနေ စောင့်ကြည့်‌နေ‌သော ကုလျန်ရွှမ်နှင့် ကုလျန်မင် တစ်ချိန်တည်း လှုပ်ရှားကာ ရေကို ကျန်းထျန်ကို ကမ်းပေးလိုက်သည်။

ကျန်းထျန် ရေ၂ပန််းကန်လုံးကို ယူလိုက်ပြီး မြေပဲကို မျှောချလိုက်သည်။ သူမလည်ပင်း ပူပြီးနာကျင်နေသည်။

ရွှီကျင်းဖန် ဒါကို မြင်၍ တတိယအဒေါ်လက်ကို ပုတ်လိုက်သည်။ "နင်လုပ်တာကြည့်ဦး။ ငါ့ထျန်ထျန်လန့်သွားပြီ"

တတိယအဒေါ် ဘာမှပြန်မငြင်းရဲ။ သူမအပြစ်ရှိသလို ခံစားရသည်။ တစ်ခုခုမှား၍ သူမ ကျန်းထျန်ကို အသက်ရှူကြပ်အောင် လုပ်မိသွားမလား?

ကျန်းထျန် လက်ရမ်းရင်း သူမရင်ဘတ်ကို ပုတ်ကာ "အမေ၊ ဒါက တတိယအဒေါ်နဲ့မဆိုင်ပါဘူး။ သမီးဘာသာ မြေပဲစားရင်း နင်သွားတာ" အကြောင်းအရာက ကလေးရှိသည့်ဘက် ရောက်သွားမည်ဟု ဘယ်သူက သိမည်နည်း။

ရွှီကျင်းဖန် ကျန်းထျန်ကျောကို ပုတ်ကာ "သမီး မျိုချလိုက်လား? သမီး ရေသောက်ဖို့လိုသေးလား?"

ကျန်းထျန် ခေါင်းခါလိုက်သည်။ "သမီးမျိုချပြီးသွားပြီ ဒါပေမယ့် လည်ချောင်းက နည်းနည်းနာတယ်"

ရွှီကျင်းဖန် တတိယအဒေါ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကုလျန်မင်ကို ပြောလိုက်သည်။ "အနောက်ခြံက ရေတွင်းကိုသွားပြီး ပျားရည်သွားဆွဲတင်လိုက်။ အရမ်းအေးတော့ နာတာကို သက်သာစေလောက်မယ်"

ရွှီကျင်းဖန် ကြည့်သည်ကို မြင်၍ တတိယအဒေါ် သူမမျက်နှာကို လက်ဖဝါးဖြင့် အုပ်ကာ တိုးတိုး‌ပြောလိုက်သည််။ "ရှက်တတ်‌တာပဲ!"

ရွှီကျင်းဖန် - "..."သူမ တတိယအဒေါ်ကို မျက်စောင်းထိုးလိုက်သည်။

တတိယအဒေါ် ခေါင်းခါကာ ဆန်ကိတ်ကို ယူပြီး စားလိုက်သည်။

ကုလျန်မင်လက်ထဲ မြေအိုးတစ်လုံးပိုက်လာကာ ကျန်းထျန်ဖို့ အရင်ဆုံး ထည့်ပေးလိုက်ပြီး စားပွဲ‌ပေါ်က လူတိုင်းကိုလည်း လိုက်ထည့်ပေးလိုက်သည်။ "တတိယအဒေါ် မြည်းကြည့်။ ချိုချိုချဥ်‌ချဥ်လေး။ အေးတော့ အပူသက်သာစေမှာ"

ကျန်းထျန် ပန်းကန်လုံးဝက်သောက်ပြီးမှ လည်ချောင်းက သက်သာသည်။

တတိယအဒေါ်လည်း မြည်းကြည့်ရာ အရသာက တကယ်ကောင်းသည်။ "ငါတို့ ဆောင်းရာသီမှာ လိမ္မော်သီးအရည် ညှစ်ကျတယ်မလား? ဒါက လိမ္မော်ရည်ထက် ပိုကောင်းတယ်လို့ ငါထင်တယ်"

ချွီကျန်းခရိုင် မြောက်ပိုင်းတွင် အသီးတောရှိရာ ဆောင်းရာသီရောက်လျှင် လတ်လတ်ဆတ်ဆတ်ကို ရောင်းပြီး အခြေအနေ သိပ်မ‌ကောင်းသည့် အလုံးများကို အစား‌အသောက်စက်ရုံပို့ကာ လိမ္မော်ရည်ညှစ်ကြသည်။ လိမ္မော်ရည်က လွန်ခဲ့သောနှစ်အချို့က ‌စျေးတွင်ရောင်းခဲ့သည်။ ဖန်ပုလင်း စည်ပိုင်းများနှင့်ထည့်ထားပြီး ရေ‌ထည့်သည့် ပမာဏပေါ်မူတည်၍ စျေးပေါသည်က တစ်စည်ပိုင်း ၂၀ဆင့်ဖြစ်သည်။

ရွှီကျင်းဖန်လည်း သောက်ပြီး "နင်ကြိုက်ရင် အိုးထဲက ကျန်တဲ့တစ်ဝက်ကို ယူသွားလိုက်" အိုးက အတော်ကြီး၍ ကျန်သည်က ပန်းကန်လုံး ၅လုံး ၆လုံးရနိုင်သည်။

"တကယ်လား?" တတိယအဒေါ် ဒီဆီးသီးစိမ်းပျားရည်ကို တကယ်ကြိုက်သည်။ ထိုအရသာက ချဥ်ချဥ်ချိုချိုဖြစ်သည်။

ရွှီကျင်းဖန်် ခေါင်းညိတ်လိုက်သည်။ "တကယ်"

"ဒါဆိုလည်း ငါအားမနာတော့ဘူး "တတိယအဒေါ် အိုးကိုယူလိုက်ပြီး မတ်တပ်ရပ်ကာ ပြန်ရန်ပြင်ပြီးနောက် ပြုံး၍ပြောလိုက်သည်။ "ငါ့အိမ် ဒီည အသားပေါက်စီစားမှာ။ ငါ ရှန်းလီကို နင်တို့အတွက် ပို့ခိုင်းလိုက်မယ်"

" ငါတို့အိမ်လည်း အသားပေါက်စီစားမှာ!" ရွှီကျင်းဖန်ထလိုက်ပြီး ကုလျန်ရွှမ်ကို ပြောလိုက်သည်။ "လျန်ရွှမ်၊ နောက်တစ်အိုး ထျန်ထျန်အတွက် စိမ်ပေးဖို့ မမေ့နဲ့"

ရွှီကျင််းဖန် ဝါးခြင်းကို ယူလိုက်ပြီး မီးဖိုချောင်မှ မျှစ်စို့အသစ်နှင့် မှိုကို ထုတ်လိုက်ပြီး တတိယအဒေါ်ကို ပြောလိုက်သည်။ "နင်တို့ မနေ့ညက အသားတွေဝေနေရတာနဲ့မအားတော့ တောင်မတက်ရဘူး။ ဒါကို ယူပြီး စွပ်ပြုတ်လုပ်စား"

တတိယအဒေါ် သူမကို ‌ပျော်ရွှင်စွာ ဖက်ပြီး အိုးကို ထည့်ကာ" နင်ပြောင်းလဲသွားပြီလို့ ငါထင်တာ။ ချွေးမရှိတာနဲ့ ညီအစ်မကောင်းကို မေ့သွားတာ"

ရွှီကျင်းဖန် - "..." "ပြန်ပြော!" နင်က ငါ့အိမ်လာပြီး ပြန်တော့ စားစရာအများကြီး ယူသွားတယ်။ ဆန်ကိတ်နဲ့ မတ်ပဲကိတ်လည်း စားတယ်။ နင်လက်ထဲက ပျားရည် မျှစ်စို့် မှိုကလည်း‌ လေးနေတယ်မလား?

တတိယအဒေါ် ဝါးခြင်းကို သူမနောက်တွင်ထားကာ ရွှီကျင်းဖန် ဒေါသထွက်တော့မည်ကို မြင်၍ သူမ ရွှီကျင်းဖန်လက်ကို လွှဲလိုက်သည်။ "ငါမှားတာပါ ငါမှားတာ"

"အို!" ရွှီကျင်းဖန် မျက်‌စောင်ထိုးကာ " ငါ ငါ့နာမည်နဲ့ မျိုးရိုးနာမည်ပြောင်းလို့လား ဒါမှမဟုတ် ငါ့ရုပ်ပြောင်းသွားလို့လား?"

တတိယအဒေါ် - "..."

"မနေ့က ငါ နင့်ကိုပေးလိုက်တဲ့ နှမ်းစေ့တွေမြင်လား? ငါ ငါ့အမေအိမ်က ဝယ်လာတာ။ နင်နှမ်းဆားကြိုက်တယ်မလား? လျန်ရွှမ်ကို နင့်အတွက် ကြော်ခိုင်းလိုက်။ ငါ နင့်ကို မမေ့ပါဘူး"

ရွှီကျင်းဖန် သူမအင်္ကျီလက်ကို ခေါက်လိုက်ကာ မေးလိုက်သည်။ "နင်ကြော်ပြီးရင် ငါ့ကို ပို့ပေးမှာလား? နင်ဆားဘယ်လောက်လိုလဲ?"

တတိယအဒေါ် - "..." သူမ နောက်ပြန်မကြည့်တော့ဘဲ လှည့်ထွက်သွားသည်။ ဒီလိုမျက်နှာပြောင်သည့်လူကို သူမပြန်မ‌ပြောနိုင်ပေ။ တတိယကလေးမျက်နှာပြောင်သည်က ရွှီကျင်းဖန်ဆီမှ အမွေရသည်နှင့်တူသည်။

ရွှီကျင်းဖန် တတိယအဒေါ် ကျောကို လက်ဝေ့ရမ်းပြီး "ဖြည်းဖြည်းသွား!"

ကျန်းထျန် ဒီညီအစ်မနှစ်ယောက် ဆက်ဆံသည့်ပုံကို ထူးဆန်းစွာကြည့်နေသည်။ သူတို့လူကြီးနှစ်ယောက် ဒီလိုရင်းနှီးမည်ဟု သူမ မထင်ထား။

သို့‌သော် ဒါက သူမအဓိက စိတ်ဝင်စားသည်မဟုတ်။ သူမ အဓိက စိတ်ဝင်စားသည်က "အမေ၊ တတိယအဒေါ်အိမ်က အသား‌ပေါက်စီက ဘယ်လိုအစာမျိုးလဲ?" သူမ ခုနက မေးချိန်မရလိုက်။

"ကြက်သွန်ဖြူနဲ့ မုန်လာဥနီခြောက်အစာ" ရွှီကျင်းဖန် ခြံထဲပြန်သွားလိုက်ပြီး ခုံတစ်လုံးရွှေ့ကာ တံစက်မြိတ်အောက်ထိုင်ပြီး ပြောင်းဖူးခွာရန် တွေးထားသည်။ "အမေတို့အိမ်က ကြက်သွန်မြိတ်နဲ့ မျှစ်စို့အစာလုပ်မှာ"

" သမီးဦးလေးပေါင်ကော လုပ်တဲ့ အသားပေါက်စီစားပြီး သမီးတတိယအဒေါ်က လက်ထပ်ချင်သွားတာ။ သမီးတို့ဦးလေးပေါင်ကောက စားစရာလုပ်တာအဓိက လေ့လာတဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့တာ။ အမေလည်း မုန့်လုပ်တာ‌သင်ပေမယ့် နောက် အမေ့မိသားစုက အရမ်းဆင်းရဲလို့ ဆက်မသင်ဘဲ အဖွဲ့ပြန်ပြီး လယ်စိုက်တာ"

"နောက် အဖွဲ့ခေါင်းဆောင်ဘယ်လိုဖြစ်တာ?" ကျန်းထျန် မေးလိုက်သည်။

ရွှီကျင်းဖန် ပြောင်းဖူးခွာရင်း ရပ်သွားသည်။ သူမခေါင်းကို ခါကာ "သမီးတို့ဦးလေးပေါင်ကောက လယ်သမားကောင်းတစ်ယောက်။ သူ့အဖေကလည်း စပါးစိုက်တာတော်တယ်။ တစ်သက်လုံးအတွေ့အကြုံကို သူ့ကို လက်ဆင့်ကမ်းတာ။ ပြီးတော့ သမီးတို့ဦးလေးပေါင်ကောက အပြင်လောက ရောက်ဖူးပြီး အမြင်ကျယ်တော့ ရွာသားတွေက သူ့ကို အဖွဲ့ခေါင်းဆောင်ရွေးလိုက်တာ" အတွေ့အကြုံက အရေးကြီးပေမယ့်လည်း အားကိုးရနိုင်ဖို့က ပိုအရေးကြီးသည်။

ကျန်းထျန် နားလည်သလိုနှင့် နားမလည်ချေ။ ပေါက်စီလုပ်သည်ကို လေ့ကျင့်ပြီးနောက် အဖွဲ့ခေါင်းဆောင်ဖြစ်လာသည်က အတော်ထူးဆန်းသည်။

All Chapters