← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

နေ့လည်စာစားပြီးနောက် တရေးအိပ်သည်က ထုံးစံဖြစ်သည်။

နေ့လည်ခင်းတွင် အသားလုံးရှိမည်ကို သတိရ၍ ကုလျန်ရွှမ် လှည့်လှည့်ချင်း ကျန်းထျန် မျက်လုံးပွင့်လာသည်။

ကုလျန်ရွှမ် ဖိနပ်စီးပြီးနောက် ရုတ်တရက် သူ့ခေါင်းကို လှည့်လိုက်ရာ သူ့ကို မလှုပ်မယှက် စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို မြင်လိုက်သည်။

ကုလျန်ရွှမ် - "..." အမေ၊ ကျွန်တော် မှားသွားပါတယ်။ မနေ့ညက အမေ တကယ်လန့်သွားမှာ။ အခု နေခင်း‌ လင်းနေသည်တောင် သူ့ကို ချွေးပြန်စေသည်။

"ထပ်အိပ်လိုက်ဦး။ ‌စောသေးတယ် " ကုလျန်ရွှမ် ခေါင်းစောင်းကာ တိတ်တိတ်လေး အသက်ရှူထုတ်လိုက်သည်။

ကျန်းထျန် ခေါင်းခါကာ ခါးဆန့်ပြီး ဖြည်းဖြည်းချင်းထသည်။ "မဟုတ်ဘူး။ ကျွန်မ မအိပ်ချင်တော့ဘူး"

ကျန်းထျန် ပြောပြီးနောက် သူမ ဆက်တိုက် သုံးကြိမ်သန်းဝေသည်ကို ကုလျန်ရွှမ်မြင်လိုက်သည်။

ကုလျန်ရွှမ် -

‌နောက်အခန်းတွင် ဝစီသံ စထွက်‌သောအခါ ရွှီကျင်းဖန် နိုးလာသည်။ အမွှာအကြီးလေးတွေရော အငယ်လေးတွေရော အိပ်ပျော်နေတုန်းဖြစ်သည်။ ကုလျန်ရုန် နံရံကို မှီထောင်ထားသော လယ်စိုက်ကိရိယာများကို ယူကာ လယ်ထဲ သွားသည်။

ကုလျန်မင် အနောက်ခြံသွားပြီး မျက်နှာသစ်လိုက်သည်။ နောက် ကလေးတွေကို ကြည့်ရန် အခန်းထဲသွားလိုက်သည်။

အနောက်ခြံတွင် ကျိုင်းကောင်ပင်ကြီးတစ်ပင်ရှိပြီး နေ့ဘက်တွင် နေမထိုး၍ အပင်မရှိသော အရှေ့ခြံထက်စာလျှင် ပိုအေးသည်။

ထိုအချိန်တွင် ကုမိသားစု အနောက်ခြံသို့ ကိရိယာများယူလာပြီး အရိပ်အောက်တွင် အလုပ်လုပ်ကြသည်။

မနေ့က ဝက်သားပေါင် ၆၀ ရကာ နှစ်ပေါင်ကို ကြော်ပြီး မနက်က ၁၀ ပေါင်ကို နုတ်နုတ်စင်းသည်။ ကျန်သည့် ဝက်ဗိုက်သားကို ဆား အရသာမှုန့်များနှင့် ဝက်ပေါင်ခြောက်လုပ်ရန် နှပ်ထားသည်။

သို့သော် အခုက နွေရာသီဖြစ်၍ ရာသီဥတုက ပူပြီး အပူချိန်မြင့်သဖြင့် ဆားကို အေး‌သောမိုးရာသီ ဆောင်းရာသီထက် ပိုထည့်ရသည်။ နောက် ကြွေပန်းကန်လုံးကြီးထဲ ထည့်ပြီး မီးဖိုချောင်ဘေး အခန်းထောင့်တွင် ထားသည်။

‌

တစ်နေ့တစ်ကြိမ်လှန်ပေးပြီး ၆ရက် ၇ရက်လောက်စောင့် လေကောင်းလေသန့်ရသော နေရာထုတ်လှမ်းကာ အကြိမ်များစွာ အခိုးတိုက်ပြီးနောက် ဝက်ပေါင်ခြောက်ရပြီဟု ‌ပြောနိုင်သည်။

နေ့လည်က ခေါက်ဆွဲစားပြီးနောက် စားပွဲ ခုံများက ခြံထဲထားပြီး မီးဖိုချောင်ထဲ ပြန်မရွှေ့ရသေးပေ။ အိပ်ရာမှနိုးသောအခါ ‌ပန်းပွင့်ဖြူဖြူများ ကျနေသည်။

ကျန်းထျန် ကုလျန်ရွှမ်ကို အိမ်အပြင်သို့ တွန်းလိုက်ပြီး လေတစ်ချက် တိုက်သောအခါ အပင်ကြီးက လှုပ်ပြီး ပွင့်ဖက်များ တစ်ခုပြီးတစ်ခု ကြွေကျသည်။

ကျန်းထျန် အသက်ပြင်းပြင်းရှူလိုက်ပြီး တရုတ်‌ ပေါက်ပန်းပင်တွင် ပွင့်နေသော အဖြူရောင်ပန်းပွင့်အဆုပ်ကြီးများကို ကြည့်လိုက်ကာ ကုလျန်ရွှမ်ကို မေးလိုက်သည်။ "တရုတ်ပေါက်ပန်းပင် ရင့်ရင် ပေါက်ပန်းပွင့်ပန်ကိတ် ကိတ်လုပ်လို့ရတယ်လို့ ‌ရှင်မပြောခဲ့ဘူးလား?"

"ဆော့စ်နဲ့ တရုတ်ပေါက်ပန်း?"

"ဟုတ်တယ်။ တရုတ်ပေါက်ပန်းခြောက်ကို ရေထဲစိမ်ပြီး ပျားရည်တစ်ဇွန်းထည့်စားရင် ချိုတယ်လို့လည်း ရှင်ပြောခဲ့သေးတယ်"

ကုလျန်ရွှမ်‌ မော့ကြည့်လိုက်ရာ တကယ်ရင့်နေပြီကို မြင်၍ "တတိယညီ အလုပ်ကပြန်လာရင် ညကျ သူ့ကို အပင်တက်ခိုင်းပြီး ခူးခိုင်းလိုက်မယ်"

ရွှီကျင်းဖန် မီးဖိုချောင်သွားပြီး မုန့်နှစ်ကို ကြည့်လိုက်သည်။ သူမထွက်လာသောအခါ သူတို့နှစ်ယောက်ကို မြင်၍ ပြုံးကာ "ထျန်ထျန် သမီးဘာလို့ ထပ်မအိပ်တာလဲ? အမေတို့ အစာတွေကို နုတ်နုတ်မစင်းရသေးဘူး။ ဒါကြောင့် အမေတို့ အသားလုံး စားလို့မရသေးဘူး"

ကျန်းထျန် မျက်လုံးမှေးကာ ပြုံးလိုက်သည်။ " အမေ၊ သမီး အမေ့ကို ကူဖို့ထွက်လာတာ"

ရွှီကျင်းဖန် စားပွဲပေါ်က ပန်းပွင့်များကို ဖယ်ပြီး ထိုစကားများကို ကြား၍ ပြောလိုက်သည်။ "ဟုတ်ပြီ။ ဒါဆို လျန်ရွှမ်ကို အမေ့အစား ‌အနောက်ခြံထိတွန်းပေး။ ဒီနေ့အနောက်ခြံမှာ အသားလုံး‌ကြော်ကြမယ်"

"မီးဖိုအသစ်?" ကျန်းထျန် အဓိပ္ပါယ်ကို ခန့်မှန်းမိ၍ "အနောက်ခြံမှာ မီးဖိုအသစ်လုပ်မလို့လား? အမေ"

ရွှီကျင်းဖန် ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။ "အသားလုံးတွေက ဆီကြော်နံ့ထွက်လို့ ပဲတွေကို ပျက်စီးစေမှာစိုးလို့ အမေ အနောက်ခြံမှာ မီးဖိုအသစ်လုပ်ဖို့တွေးထားတယ်"

"အမေ စားပွဲကို ရွှေ့လိုက်မယ်။ သမီး အစာစားချင်ရင် အနောက်ခြံက အသီးအရွက်ခင်းထဲသွားခူးပြီး လျန်ရွှမ်ကို သမီးအတွက် နုတ်နုတ်စင်းခိုင်းလိုက်"

ကုလျန်မင် ဝင်ပြောလိုက်သည်။ "အမေ၊ သမီး မှိုလုံးစားချင်တယ်"

"ဟုတ်ပြီ။ အမေ သမီးအတွက် လုပ်ပေးမယ်" ရွှီကျင်းဖန် စားပွဲကို သုတ်ပြီးနောက် လေးထောင့်စားပွဲကို မကာ အနောက်ခြံသို့သွားသည်။

ကျန်းထျန် ကူညီရန်သွားချင်ပေမယ့် သူမအခုတူကိုင်နိုင်ရုံသာဖြစ်ပြီး ရွှီကျင်းဖန်ကို ကူဖို့ အဝေးကြီးလိုသေးသည်ကို သတိရသွားသည်။

ကျန်းထျန် မနေ့က တိုဖူးစားချင်သည်ဟု ပြောသည်ကို ကုလျန်ရွှမ်သတိရ၍ ကုလျန်မင်ကို အော်လိုက်သည်။ " လျန်မင်၊ မီးဖိုချောင်က ပဲပိစပ်ကို ဇွန်းအပြည့်ခပ်ပြီး အဒေါ်ရှို့ယင်အိမ်‌က တိုဖူးတစ်တုံးနဲ့ သွားလဲခဲ့"

ကုလျန်မင် ရှောင်းလျိုကို ကလေးကြည့်ခိုင်းလိုက်ပြီး ဖိနပ်စီးကာ "ညီမ တစ်ပေါင်လဲသင့်လား?"

ကုလျန်ရွှမ် ကျန်းထျန်ကို ကြည့်လိုက်ရာ မျက်နှာတွင် စားချင်သည်ကို မြင်ရ၍ သူ ခဏတွေးပြီးနောက်ပြောလိုက်သည်။ " နှစ်ပေါင်လဲလို့ရလား?" တစ်ပေါင်ကို အသားနှင့်ရောကာ တိုဖူးလုံးလုပ်ပြီး တစ်ပေါင်ကို ငါးစွပ်ပြုတ် အရွက်နှင့် နှပ်လို့ရသည်။

သူ ကုလျန်မင်ကို ‌ပြောလိုက်သည်။ " ပိုခပ်သွားပြီး ပဲနို့လည်း ယူခဲ့ဦး"

တိုဖူးနှစ်ပေါင်နှင့် ပဲနို့များက များသည့်ပုံပေါ်၍ ကျန်းထျန် ကုလျန်မင်ကို မေးလိုက်သည်။ " အစ်မ ညီမနဲ့ ပစ္စည်းတွေ ကူသယ်ဖို့လိုက်ခဲ့မယ်"

ကုလျန်မင် မျက်တောင်ခတ်ကာ ခေါင်းငုံ့ပြီး ရှက်စွာ ခေါင်းခါလိုက်ပြီး တိုးတိုးပြောလိုက်သည်။ "ယောင်းမကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ညီမ ရှောင်းဝူကို အကူအညီတောင်းလိုက်ပါမယ်"

ကျန်းထျန် - ?

ကုလျန်မင် ပဲသွားခပ်‌သောအခါ ကျန်းထျန် သူမကျောကိုကြည့်ပြီး ကုလျန်ရွှမ်ပုခုံးကို ပုတ်ကာ မေးလိုက်သည်။ "ကုလျန်ရွှမ်။ ဒီနှစ်ရက် ရှောင်းမင် တစ်ခုခုဖြစ်နေတာ ရှင်သတိထားမိလား?"

ကုလျန်ရွှမ် ခေါင်းခါလိုက်သည်။ " ပုံမှန်ပါပဲ" ပြီးတော့ မင်းမနေ့က ဒီမေးခွန်းမေးပြီးသွားပြီ။

ကျန်းထျန် နားလည်စွာ ခေါင််းညိတ်လိုက်သည်။ အကြီးဆုံးအကို ကုလျန်ရွှမ်တောင် ဘာမှမဖြစ်ဟု ခံစားမိ၍ ဘာပြသာနာမှမရှိလောက်။

ကုလျန်မင် ပန်းကန်လုံးကြီးကြီးနှစ်လုံးကို ထုတ်ကာ ပဲပိစပ်ထည့်ပြီး ‌ပြတင်းပေါက် ဘောင်ပေါ်တင်ကာ အခန်းထဲသွားပြီး ရှောင်းဝူကို နှိုး၍ သူတို့နှစ်ယောက် အဒေါ်ရှို့ယင် အိမ်သွားကြသည်။

ကျန်းထျန် ကုလျန်ရွှမ်ကို အသားလုံးလုပ်ဖို့ကူရန် အနောက်ခြံ တွန်းပေးလိုက်သည်။

ရွှီကျင်းဖန် မီးဖိုချောင်နှစ်ခါသွားပြီး စင်နှီတုံး ဓါး အိုးများ ယောင်းမများအားလုံးကို အနောက်ခြံယူသွားသည် သူမ အိမ်အနောက်သွား၍ မြေများတူးကာ ပြန်လာပြီး ရေတွင်းက ရေလောင်းထည့်ကာ မီးဖိုစပြင်သည်။

ကုလျန်ရွှမ် သူ၏ကိုယ်ပိုင်ခုံ ဝှီးချဲတွင်ထိုင်ကာ မျှစ်စို့နှင့် မှိုကို ဓါးဖြင့်နုတ်နုတ်စင်းကာ ကျန်းထျန် ဟင်းပွဲများပို့ရန်စောင့်သည်။

ကျန်းထျန် အသီးအရွက်ခင်းကို ပတ်လျှောက်ပြီး မုန်လာဥနီ၂ဥ ခရမ်းချဥ်သီးများလည်းခူးပြီး ကြက်သွန်ဖြူ လက်တစ်ဆုပ်ခူး၍ ဖရုံသီးတစ်လုံးကိုဖက်ကာ လက်နှစ်ဖက်လုံး အပြည့်နှင့် အသီးအရွက်ခင်းက ထွက်လာပြီး ရေတွင်းတွင် သွားဆေးလိုက်သည်။

"အမေ၊ ဖရုံသီးပန်ကိတ်လည်းကြော်ရအောင်။ နူးညံ့ပြီး အရသာအရမ်းရှိမှာ"

ရွှီကျင်းဖန်် သဘောတူလိုက်သည်။ သူမလက်ကို မြှောက်ပြီး မျက်နှာမှ ချွေးသုတ်ကာ "ခေါက်ဆွဲလုပ်နေတာနဲ့ အတော်ပဲ။ ရှောင်းမင် ပြန်လာရင် သမီးအတွက်လုပ်ခိုင်းလိုက်"

ကျန်းထျန် ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ဖရုံသီးပန်ကိတ်နဲ့ဆို အမေ ကန်စွန်းဥနဲ့ပန်ကိတ်ထပ်လုပ်ရင်ရော"

"ကောင်းပြီ။ ဒါပေမယ့် အများကြီး မကြော်နဲ့" ရွှီကျင်းဖန် ပြောလိုက်သည်။ "အခုက ပူနေတာ။ နောက်နှစ်ရက်လောက်ဆို မ‌ကောင်းလောက်တော့ဘူး"

အသီးအရွက်တွေကို ဆေးပြီး ကျန်းထျန် ကုလျန်ရွှမ်ကို သွား‌ပေးလိုက်သည်။ ကုလျန်ရွှမ် မှို မျှစ်စို့ အသား အစာသုံးမျိုးရောထားသည်။

ကုလျန်မင်နှင့် ရှောင်းဝူ တိုဖူးနှင့် ပဲနို့နှင့် ပြန်လာသည် "အမေ၊ အဒေါ်ရှို့ယင်အိမ်က တိုဟူးလုပ်ထားလို့ ယောင်းမစားကြည့်ရအောင် သမီးတို့ကို နည်းနည်း‌ပေးလိုက်တယ်"

ရွှီကျင်းဖန် မော့မကြည့်ဘဲ မြေမီးဖိုအတွင်းနှင့် အပြင်ကို အချောသတ်နေသည်။

"သမီးကို ‌ပေးတာနဲ့ ယူလာရလား။ သမီးတို့တတိယအဒေါ် နေ့လည်က ပြောင်းဖူးတစ်ခြင်း ပေးသွားတယ်မလား? ရှောင်းဝူကို ပြောင်းဖူးနှစ်ဖူး ထပ်ပေးခိုင်းလိုက်"

အဖွဲ့ကလူတိုင်း ပဲပိစပ်နှင့် တိုဖူးလဲနေကျဖြစ်သည်။ ထျန်ထျန်က မနေ့က ကလေးများကို ကယ်လိုက်ပေမယ့် သူတို့ ဒါကို အခွင့်ကောင််းယူ၍မဖြစ်ပေ။

အဖွဲ့ကလည်း ဝက်သားနှင့် ပြောင်းဖူး ဝေပြီးပြီဖြစ်၍ တစ်ခြားသူ၏ ပစ္စည်းများကို ယူသည်က အကျိုးအကြောင်းမသင့်ပေ။ ရွာသားများသိပ်‌အလေးမထားပေမယ့်လည်း တချို့က အမြင်စောင်းကြပြီး တိုင်လျှင် ထျန်ထျန် ကလေးတွေကို ကယ်ဖို့ တောဝက်တွေကို ရိုက်သည်က အမှားဖြစ်သွားလိမ့်မည်။

ပြီးတော့ လီအတွင်းရေးမှူးနှင့် ကျောင်းအတွင်းရေးမှူးကလည်း ခေါင်းဆောင်များနှင့် အစည်းအဝေးလုပ်ပြီး ကျန်းထျန်ကို ရဲရင့်သည့် ဂုဏ်ထူးတစ်ခု ချီးမြှင့်မည်ဟု ‌ပြောထားသည်ဖြစ်၍ သူမ အခု အမှားလုပ်ပြီး တစ်ခြားသူတွေကို အခွင့်အရေးယူခိုင်း၍ မဖြစ်ပေ။

ထို့ကြောင့် ရှောင်းဝူ ပြန်ရောက်ရောက်ချင်း ထိုင်မနားရဘဲ ပြောင်းဖူး တစ်ခါ သွားပို့ရပြန်သည်။

ကျန်းထျန် ကုလျန်မင် လဲခဲ့သောတိုဖူးကို သွားကြည့်ရာ လုပ်ပြီးရုံဖြစ်လောက်၍ သေချာအနံ့ခံကြည့်လျှင် ပဲပူပူအနံ့ကို ရနိုင်သည်။

ရွှီကျင်းဖန် လက်ဆေးပြီး တစ်ချက်သွားကြည့်လိုက်သည်။ န်းကန်လုံးအောက်ခြေတွင် ရေတစ်ထပ်ရှိသေးသည်။ သူမ မျက်မှောင်ကြုတ်ကာ ‌ပြောလိုက်သည်။ "ရှို့ယင်တိုဖူးက သူမ အစ်ကိုနဲ့ အစ်မလုပ်တာဖြစ်ရမယ်။ တိုဖူးက ပွနေတယ်" သူမမိသားစုက လဲလိုက်‌သော ပဲပိစပ်နှင့်ယှဥ်လျှင် မလောက်ပေ။

ကုလျန်မင် ‌ပြုံးကာ ပြောလိုက်သည်။ "အမေ၊ တိုဖူးက ဒီနေ့မကောင်းလို့ သမီး ပဲနို့ပန်းကန်လုံး နှစ်လုံး ပိုခပ်ခဲ့တယ်။ အကြီးဆုံးအစ်ကိုနဲ့ တတိယအစ်ကို မနက်ဖြန်မနက်သောက်ရင်တောင်လောက်တယ်" သူမ မရှုံးတော့ပေ။

"ကောင်းတယ်" ရွှီကျင်းဖန် သဘောတကျ ခေါင်းညိတ်လိုက်သည်။ "ရှောင်းမင်၊ လက်ဆေးပြီး ခဏနားပြီးရင် သမီးယောင်းမကို ကူပြီး ဖရုံသီး ကန်စွန်းဥ ပေါင်းလိုက်။ မုန့်နှစ်နဲ့ရောပြီး ပန်ကိတ်လုပ်လိုက် ပြီးရင် ‌အသားလုံးနဲ့ တူတူကြော်မယ်"

"ဖရုံသီးပန်ကိတ်?"ကုလျန််မင် မျက်လုံးများ တောက်ပလာသည်။ "သမီး အခုသွားလုပ်လိုက်မယ်!"

မနားဘဲ ဖရုံသီး ကန်စွန်းဥလှီးပြီးသားများကို မီးဖိုချောင် ယူသွားသည်။ ကျန်းထျန်နောက်က ကူသယ်ပြီး လိုက်လာသည်။ သူတို့ မီးဖိုလုပ်မည်ဖြစ်၍ ခရမ်းချဥ်သီးဆော့စ်ပါ တူတူလုပ်ရမည်။

ခရမ်းချဥ်သီးဆော့စ်ဖြင့် ဝက်နံရိုး ဝက်သားချိုချိုချဥ်ချဥ်ကြော်နိုင်သည်။

"ရှောင်းမင်။ ဖရုံသီးနဲ့ ကန်စွန်းဥကို အိုးထဲထည့်ပြီးရင် ခရမ်းချဥ်သီး ဆော့စ်လုပ်ရင်ရော?" ကုလျန်မင်၏ အစားကြိုက်သည့်သဘာဝကို ရင်းနှီးနေသော ကျန်းထျန် ခရမ်းချဥ်သီးဆော့စ်၏ အရသာကို ဖော်ပြပြီး ကုလျန်မင်ကို မြူဆွယ်လိုက်သည်။

"ခရမ်းချဥ်သီးဆော့စ်နဲ့ ဝက်နံရိုး ဝက်သားချိုချိုချဥ်ချဥ်လုပ်လို့ရတယ်။ ညီ‌မလေးအကြိုက် မှိုလုံးကို ကြွပ်ကြွပ်ကြော်ပြီး ခရမ်းချဥ်သီးဆော့စ်နဲ့ လုံးလိုက်ရင် အရသာက အရမ်းကောင်းတယ်"

ကုလျန်မင် - (OxO;) အမေ ဒီမှာ လောဘကြီးတဲ့ ကလေးတစ်ယောက်ရှိတယ်!

"ညီမ အစ်မအတွက် လုပ်ပေးပါ့မယ််။ မပြောပါနဲ့တော့!" ကုလျန်မင် မျက်နှာတွင်ကြည့်မရသည့်အမူအရာနှင့် ခေါင်းလှည့်သွားသည်။

ကုလျန်မင်၏ စွပ်စွဲသည့်မျက်လုံးများနှင့် အကြည့်ခံရ၍ ကျန််းထျန် အပြစ်မကင်းသလို ခံစားရသည်။

ဖရုံသီးနှင့် ကန်စွန်းဥကို ပေါင်းရင်း ကုလျန်မင် ခရမ်းချဥ်သီိးကို ကိုင်သည်။ ကျန်းထျန် အပြောအရ ခရမ်းချဥ်သီးကို ရေဆူဆူတွင် ခဏထားကာ ဓါးဖြင့် အပေါ်ကနေ အရာပေးလျှင် အခွံကို ချော့မွေ့စွာခွာနိုင်သည်ဟု သိရသည်။ နောက် ခရမ်းချဥ်သီးကို ဇွန်းဖြင့် ဖိရသည်။

နောက် ဟင်းချက်သည့် အိုးသေးသေးတွင် ထည့်ပြီး ရေ သကြားထည့်ကာ သစ်သားဇွန်းဖြင့် ခဏခဏမွှေပေးလျှင် အပူနှင့်အတူ ချိုချိုချဥ်ချဥ်အရသာက ထွက်လာသည်။

ကုလျန်မင် တံတွေးမျိုချကာ အပူအနေတော်တွင် တူဖြင့် ကျန်းထျန်ဖို့ တစ်ခု သူမဖို့တစ်ခု ယူလိုက်သည်။ မြည်းကြည့်ရာ အလွန်ချဥ်၍ မျက်နှာရှုံံ့မဲ့သွားသည်။

"ယောင်းမ၊ ဒါက ယိုဟုတ်လို့လား? ဘာလို့အရမ်းချဥ်တာလဲ သကြားနှစ်ခဲ ထပ်ထည့်ချင်လား?" ကုလျန်မင် ပါးကို အုပ်ကာ ကျန်းထျန် ပြန်မဖြေခင် သကြားနှစ်ခဲထည့်လိုက်သည်။

ကျန်းထျန် သူမပါးစပ်ကို အုပ်လိုက်သည်။ သရေတောက်လျှောက်ကျကာ မျက်ရည်များလည်း ထွက်၍ မျက်လုံးမဖွင့်နိုင်ပေ။ ပါးစပ်ကို ခဲယဥ်းစွာဖွင့်ပြီး ‌ပြောလိုက်သည်။ "ထည့်... သကြားနှစ်ခဲ"

သူမဘေးက သကြားအပဲ့များကို ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ ဒီခရမ်းချဥ်သီးက တကယ်ချဥ်သည်။ သူမလက်ခြေများ အားနည်းပြီးနောက် လျှာကြွက်သားနှင့် မျက်နှာအောက်ခြေလည်း ထုံကျဥ်ပြီး အားနည်းနေသည်။

All Chapters