အခန်း (၄၁)
Vol. 4 Ch. 41
နောက်တစ်နေ့ ညနေ အလုပ်ဆင်းပြီးနောက် ရွှီကျင်းဖန် အနည်းငယ်စားပြီး ကုလျန်မင်ကို ခေါ်ကာ မီးဖိုချောင်တွင် ပေါက်စီ ပန်ကိတ်လုပ်သည်။
မြို့ကြီးသွားမည့် လူသုံးယောက်ရှိပြီး နှစ်ယောက်က ပေါက်စီတစ်ဒါဇင်ခန့်ကိို တစ်ခါတည်းစားနိုင်သောသူများဖြစ်သည်။
ဒီတစ်ကြိမ် အမြန်သွားရမည်ဖြစ်၍ နေ့လည်စာစားချိန်မရှိလောက်ပေ။ ထို့ကြောင့် နောက်တစ်နေ့ နေ့လည်စာနှင့် ညနေစာကို ညလယ်စာပြောင်းရမည်။
ရွှီကျင်းဖန် အင်္ကျီလက်ကို တင်ကာ ကုလျန်မင်ကို ပြောလိုက်သည်။ "ရှောင်းမင်၊ ကြောင်အိမ်ထဲ ကြက်ဥဘယ်လောက်ရှိသေးလဲ သွားကြည့်" ရထားပေါ်တွင် တစ်ညနေပြီးနောက် နောက်တစ်နေ့မနက် ပေါက်စီမစားနိုင်သဖြင့် အစာပြေ ကြက်ဥစားသည်က ပိုကောင်းသည်။
"ဆယ်လုံးကျော်ရှိတယ်" ကုလျန်မင် ကြက်ဥများကို ထုတ်လာသည်။ "အားလုံးပြုတ်မလား ဒါမှမဟုတ် မနက်ဖြန်မနက်မှ ချက်မလား?" ခုရက်များတွင် အိမ်က နေ့တိုင်းနီးပါး ကြက်ဥစားကြသဖြင့် များများမကျန်တော့။
" ဒါဆို မနက်ဖြန်မနက်မှ ချက်"
ပေါက်စီနှင့် ပန်ကိတ်များ လုပ်ပြီးနောက် ရွှီကျင်းဖန် တစ်ခါတည်းမထုပ်ဘဲ အိုးထဲ အပူရှိန်နှင့် နောက်တစ်နေ့မနက်ထိ ထားလိုက်သည်။
ကျန်းထျန် အစက ကူညီချင်ပေမယ့် ရွှီကျင်းဖန်က မနက်ဖြန်မနက် စောစောထရမည်ဆိုပြီး မီးဖိုချောင်မှ နှင်ထုတ်လိုက်သည်။
အခန်းထဲပြန်ပြီး ကုတင်ပေါ်လှဲရာ မနက်ဖြန်မြို့ကြီးသွားရမည်ကို တွေးပြီး ကျန်းထျန် အလွန်စိတ်လှုပ်ရှား၍ အိပ်မပျော်တော့ပေ။
"ကုလျန်ရွှမ်။ ရှင် မြို့ကြီးကို ရောက်ဖူးလား? ချွီကျင်းခရိုင်နဲ့ ဘာကွာလဲ?" ကျန်းထျန် လှည့်လိုက်ပြီး ကုလျန်ရွှမ်လည်း နိုးနေသည်ကို မြင်၍ သူမ သူ့ကိုမေးလိုက်သည်။
ဖြစ်နိုင်သည်က "လမ်းပေါ်မှာ လူပိုများပြီး စက်ဘီးတွေများတယ်" မြို့ကြီးက စက်ရုံများက ပိုကြီးပြီး အလုပ်သမား များများခန့်ထားသည်။ အလုပ်တက် အလုပ်ဆင်းချိန် ရောက်သောအခါ စက်ရုံကြီးများအများအပြားရှိ၍ လူအုပ်က အလွန်အံ့သြဖွယ်ဖြစ်သည်။
ချီကျွင်းခရိုင်ကဲ့သို့ ခရိုင်သေးက အရာအားလုံး နောက်ကောက်ကျနေသည်ဟုသာ ပြောနိုင်သည်။ ခရိုင်က ကိုယ်ပိုင်အိမ်အားလုံး တရုတ်ပြည်သူ့သမ္မတနိုင်ငံ မတည်ထောင်ခင်က ကျန်ခဲ့သည်များဖြစ်သည်။
လှည့်ပတ်ကြည့်လျှင် အားလုံး အရင်က အဆောက်အဦးများဖြစ်ပြီး တစ်ခုတည်းသော သုံးထပ်အဆောက်အဦးသေးက နောက်ဆုံးနှစ်မတိုင်မီ အသစ်ဆောက်ထားသော ချွီကျင်း နံပါတ်တစ်အလယ်တန်းကျောင်းဖြစ်သည်။
မြို့ကြီးများ မြို့တော်များတွင် သက်သာသည့်အဆောက်အဦးများရှိပေမယ့် ချွီကျင်းခရိုင်ကဲ့သို့ ခရိုင်သေးကတော့ မရှိပေ။ မြေရှိပေမယ့် အဆောက်အအုံဆောက်ရန် ပစ္စည်းများမရှိ အထက်မှ ခွင့်ပြုသည့်စာလည်းမရှိချေ။
ထို့ကြောင့် အဖွဲ့မှ အလုပ်ထွက်လုပ်သည့်သူများ ချွီကျင်းခရိုင်တွင် လုပ်သည့်လူမရှိ။ သွားစရာနေရာမရှိ အိမ်ထောင်စုစာရင်း လိုအပ်ချက် အဆက်အသွယ်မရှိမှသာ ချွီကျင်းခရိုင်တွင်သာ လုပ်သည်။ ချွီကျင်းခရိုင်တွင် ဆန့်ကျင်ဘက်အနေနှင့် တထုံဆိုင်ဟု သိကြသော ဝန်ထမ်းအိမ်ရာရှိသည်။ အလွန်ညစ်ပတ်ကာ ဝက်များထားသည့်အတိုင်းပင် ရှုပ်လွန်းသည်။
ထို့ကြောင့် ကုလျန်ရုန်ကို ပို့ဆောင်ရေးအဖွဲ့တွင် နေရာချထားပေးသည့် သတင်းကြားသောအခါ အလွန်ပျော်ရသည်ဖြစ်သည်။ ပို့ဆောင်ရေးအဖွဲ့က လတိုင်း အပတ်တိုင်း ပို့ဆောင်ရေးအလုပ်လုပ်ရကာ အမြဲလိုလို ပစ္စည်းများ ပို့လိုက် သယ်လိုက်လုပ်ရသည်။ အလုပ်ပြီးနောက် အဖွဲ့က ကားမောင်းသမားကို ပိတ်ရက်ပေးကာ ကားမောင်းသမား အားလပ်ရက်တွင် အိမ်ပြန်နိုင်သည်။ ထို့ကြောင့် အနည်းဆုံး ကုလျန်ရုန်အလုပ်က ပြသာနာတော့မရှိ။
ကုလျန်ရွှမ် ပြောပြီးနောက် ကျန်းထျန်၏ မြို့ကြီးအကြောင်း သိချင်စိတ်က ချက်ချင်း ငြိမ်သွားသည်။ သူမ လူတွေကို မြင်ချင်ပါတော့မလား?
သူမ မြင်ချင်သည်က ချွီကျင်းခရိုင်တွင် မရှိသော အစိုးရပိုင်စားသောက်ဆိုင်များ စတိုးများဖြစ်သည်။
" ချွီကျင်းခရိုင်မှာ ဘာမှမရှိဘူး..." ကုလျန်ရွှမ် စဥ်းစားကြည့်လိုက်သည်။
ကျန်းထျန်လည်း အမြန်ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် ဟုတ်တယ်။ မြို့ကြီးက အရမ်းထူးခြားတယ်"
" မြို့ကြီးက ဆေးရုံမျက်နှာချင်းဆိုင်မှာ အစိုးရပိုင်စားသောက်ဆိုင်တစ်ခုရှိတယ် ဒုတိယထပ်က အဆောက်အအုံသေး။ ခြင်္သေ့ခေါင်းက ဆိုင်ရဲ့နာမည်ကြီး ဟင်း" ကျန်းထျန်မေး၍ ကုလျန်ရွှမ် သူသိသည်ကို ပြန်ဖြေလိုက်သည်။
"စတိုးဆိုင်က သုံးထပ်အဆောက်အဦး မြို့က စတိုးဆိုင်တွေက ချွီကျင်းခရိုင်က စျေးထက် ပိုကြီးတယ်။ အထဲကပစ္စည်းတွေကလည်း စျေးကြီးတယ်"
"ဥပမာဆိုရင်?" ကျန်းထျန် မေးလိုက်သည်။
ဥပမာ အမွှာငယ်လေးတွေ သောက်သော နို့မှုန့် ချောကလက်သကြားလုံး ရေဒီယို စားပွဲတင်မီးအိမ် တခြားလျှပ်စစ်ပစ္စည်းများ နေ့စဥ်သုံးပစ္စည်းများက ချွီကျင်းခရိုင်ကထက် စျေးပိုကြီးပြီး ပိုကောင်းလား?
ကုလျန်ရွှမ် ထိုနေရာကို သိပ်မရောက်ဖူးပေမယ့် ကုလျန်ရုန် ဆေးနှင့် ပြန်လာပြီး ပြောသည်ကို ကြားဖူးသည်။ "ဒင်းဆမ်းအမျိုး အများကြီးရှိတယ်။ တစ်ခါတစ်လေ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ကိတ်လေးတွေပါရှိတယ်
" ဒုတိယထပ်မှာ ချုပ်ပြီးသားအဝတ်ရောင်းတဲ့ ကောင်တာ၊ တတိယထပ်မှာ TV စက်ဘီး ချုပ်စက် ရေဒီယို ပရိဘောဂတွေရှိတယ်"
အသစ်ပစ္စည်းများ ရှိပုံမရ။ နေရာလွတ်တွင် သူမသုံးနိုင်သည့်အရာအားလုံးရှိသည်။ ပြီးတော့ အဆင့်မြင့်ထားသည်ဖြစ်သည်။ ဥပမာအားဖြင့် သူမ နေရာလွတ်တွင် စက်ဘီးမရှိပေမယ့် သူမတွင် လျှပ်စစ်ကားရှိသည်။ သို့သော် သူမ မထုတ်နိုင်ပေ။
သူမတွင် နေ့စဥ် စားစရာသောက်စရာမလိုပေ။ သူမ ကမ္ဘာပျက်ခေတ်တွင် အကြာကြီး နေခဲ့ပြီး၍ သူမ ရှေးကျသော ခေတ်ရောက်လျှင်တောင် သူမ နေရာလွတ်က ပစ္စည်းများ သူမစွမ်းရည်များဖြင့် ကောင်းကောင်းနေနိုင်သည်။
ဒီလိုဆိုလျှင် မြို့ကြီးတွင် ပစ္စည်းကောင်းမရှိသည့်ပုံပင်။ ဒါကို တွေးမိ၍ ကျန်းထျန် မတက်ကြွတော့ကာ အိပ်ချင်သွားပြီး သန်းလာသည်။ နောက်ခေါင်းစောင်းပြီး အိပ်မောကျသွားသည်။
ကျန်းထျန် မေးခွန်းကို စောင့်နေသော ကုလျန်ရွှမ် သူမအသံကို အချိန်အကြာကြီးမကြားရ၍ ခေါင်းလှည့်ကြည့်ရာ သူမ အိပ်မောကျနေသည်ကို တွေ့လိုက်သည်။
ကုလျန်ရွှမ် သူ ဒါကို အစောကြီးတည်းက ကျင့်သားရသင့်နေပြီဖြစ်သည်။ ကျန်းထျန် အိပ်မောကျသွားပေမယ့် ကုလျန်ရွှမ် ညများစွာ အိပ်မပျော်သည်ကို ခံစားရသည်။
ဒီရက် ကျန်းထျန်ကို နေ့ရောညရော စောင့်ကြည့်ပြီး သူမ စတ်ပြောင်းသွားသည်လား တစ်ခြားလူတစ်ယောက်ပြောင်းသွားသည်လားကို သူ ဆုံးဖြတ်နိုင်သည်။
ကျန်းထျန်က အခုချိန်မွေးပြီး ကြီးပြင်းကာ နှစ်နှစ်ဆယ်လောက်နေလျှင် ပုံမှန်အသိတွင် အမှားမရှိလောက်ပေ။ သို့သော် ဒီကျန်းထျန်က သူ့အမေ ကားလက်မှတ်ဝယ်ရန် ထောက်ခံစာလိုသည်ဟု ပြောသည့်အခါ၊ ကျောင်းတွင် စားစရာဝယ်ရန် စားစရာလက်မှတ်လိုသည်ဟု ရှောင်းမင် ပြောသောအခါ သူမမျက်နှာတွင် ပထမကြောင်သွားကာ နောက် သံသယဝင်ကာ နောက်မှ သတိဝင်သည်။
ဒီကျန်းထျန်က မူလပိုင်ရှင်ကျန်းထျန်၏ မှတ်ဉာဏ်တစ်ချို့ရှိပုံပေါ်ပေမယ့် ထိုမှတ်ဉာဏ်များက သူမကိုယ်ပိုင်မဟုတ်ကာ လိုသည့်အခါမှ ရှာပုံပေါ်ပြီး မူလပိုင်ရှင်ချန်ခဲ့သော မှတ်ဉာဏ်များက ဝေဝါးပုံပေါ်သည်။ ကျန်းထျန်နှစ်ယောက်၏ စိတ်နေစိတ်ထားကလည်း မတူ။ မူလပိုင်ရှင် သူတို့ညီအကိုမောင်နှမများကို မနှစ်သက်သည်က စိတ်ထဲက လာကာ ဖုံးကွယ်ပင်မထား။
သူ့ကိုပင် လက်ထပ်ပြီးသည့်လများတွင် စကားတစ်လုံးမှမပြောပေ။ အိပ်သည့်အခါတွင်သာ တစ်ခန်းထဲနေပြီး အိပ်သည်က သူနှင့် ၈ပေလောက်ကွာသည်။ သူမ သူမမျက်နှာတွင် မကြိုက်ဟူသည့်စကားလုံး မရေးထားရုံတမယ်ပင်။
အခုသူ့ရှေ့က ကျန်းထျန်ကတော့ အိမ်က လူတိုင်းကို ကောင်းကောင်းဆက်ဆံသည်။ ပထမရက်များတွင်သာ ဒီမိသားစုကို အနည်းငယ် မရင်းနှီးပေမယ့် နောက် မူလကျန်းထျန်ကို အမုန်းဆုံး ရှောင်းမင်ပင် သူမကို ယောင်းမအဖြစ်် တကယ်အသိအမှတ်ပြုသည်။ ကျန်းထျန်က ရှောင်းဝူနှင့် ရှောင်းလျိုကို ကယ်ခဲ့၍ကြောင့်သာမဟုတ်ဘဲ အဓိကက ဒီကျန်းထျန်က တကယ်ကောင်း၍ ဖြစ်သည်။
မိုးရွာသောအခါ သူမ ရှောင်းမင်ကို မိုးရှောင်ရန် အိမ်ထဲ ဆွဲခေါ်သည်။ မိုးသဲသည့်အချိန်တွင်တောင် အမေနှင့် တတိယကလေးအတွက် ဂုံနီအိတ်သွားပို့သည်အထိ ရဲရင့်သည်။ ရှောင်းမင်က ရှောင်းဝူနှင့် ရှောင်းလျိုမွေးနေ့ကို ဒီအတိုင်း ပြောမိလိုက်ပေမယ့် သူမ သေချာမှတ်ထားကာ လက်ဆောင်ပြင်ပေးသည်။ သို့သော် သူမ ဘာကိုမှ မတောင်းပေ။
ကျန်းထျန်က ဘာမှမလိုချင်သည်ကို ကုလျန်ရွှမ်သိသည်။ ကုမိသားစုတွင်လည်း သူမ လိုချင်သည်မရှိပေ။ ကုမိသားစုက သူမကို မခေါ်ထားနိုင်။ ကျန်းထျန် တစ်ဖြည်းဖြည်း ထွက်သွားလိမ့်မည်။
တစ်နေ့ ကျန်းထျန် သူမထွက်သွားတော့မည်ဟု သူ့ကို ပြောလျှင် သူ တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်မည်ဟု တွေးထားခဲ့သည်။ မူလကျန်းထျန်နှင့် အတူတူကဲ့သို့ဖြစ်ပေမယ့် တကယ်က မတူပေ။
လယ်ထဲ သွားပြီးအလုပ်အမှတ်မရှာနိုင်သော၊ တောဝက်လာလျှင်တောင် သူမကို မကာကွယ်နိုင်သော သူ့လိုလူက သူမကို ဒီမှာ ဘယ်လိုတစ်ကိုယ်ဆန်ပြီး သူနှင့် ခေါ်ထားနိုင်မည်နည်း။ သူ့အမေကလည်း သဘောတူမည်မဟုတ်ပေ။
ဘယ်မနက်ဖြန်မှာ ကျန်းထျန် ရုတ်တရက်ရောက်လာပြီး သူမမှာ သွားစရာပိုကောင်းတဲ့နေရာရှိသည်၊ ကုမိသားစုမှ ထွက်သွားမည်၊ ၆ ခုမြောက် ထုတ်လုပ်ရေးအဖွဲ့မှ ထွက်သွားမည်၊ ချွီကျင်းခရိုင်မှ ထွက်သွားမည်ဟု ပြောမည်ကို သူ မသိပါ။ ဒီနေရာတွင် ကျန်းထျန်၏ မိသားစုမရှိ။ ဘယ်သူကမှ ကျန်းထျန်ကို မတားနိုင်ပါ။
ဘယ်အချိန်ကစပြီး သူ ဒီအကြောင်းစပြီးစိတ်ပူသည်ကို သူမသိ။ သို့သော် ဒါကို တွေးပြီး ကျန်းထျန် ဘယ်နေရာသွားနိုင်မလည်း သူတွေးတောမိသည်။
တခြားနေရာများသွားလျှင် ထောက်ခံစာလိုသည်။ ကျန်းထျန်က ဒီနေရာနှင့် မရင်းနှီး။ ပထမဆုံးနေ့က ကုမိသားစုကို ပြန်လာဖို့ ဆုံးဖြတ်သည်ကို ကြည့်ခြင်းဖြင့် သူမ ထွက်သွားဖို့ အစီအစဥ်မရှိသည်ကို သိနိုင်သည်။
သို့သော် ဒီတစ်ကြိမ် သူမ မြို့ကြီးကို သွားရန် ဆုံးဖြတ်သဖြင့် ကုလျန်ရွှမ်စိုးရိမ်သည်များ ပြန်ပေါ်လာသည်။ ကျန်းထျန် ဒီတစ်ခါ မြို့ကြီးသို့သွားသည်ကို အသုံးချကာ စုံစမ်းပြီး ပြန်လာလျှင် သူ့ကို ကွာရှင်းဖို့ ပြောမည်လား? ဒီဖြစ်နိုင်ချေရှိသည်ကို တွေးမိတိုင်း ကုလျန်ရွှမ်၏ နှလုံးသားတင်းကြပ်လာသည်။
ကျန်းထျန်လက်ထဲ ပိုက်ဆံရှိသည်ကို သူသိသည်။ ကျန်းထျန် ပိုက်ဆံသုံးပြီး မြို့ကြီးတွင် အိမ်တစ်လုံးဝယ်နိုင်သည်။ သူနှင့် ကွာရှင်းပြီးလျှင် အိမ်ထောင်စုစာရင်း ပြောင်းနိုင်ကာ ထိုအချိန်် ကျန်းထျန် ကုမိသားစုနှင့်ရော သူနှင့်ရော ဘာမှမပတ်သတ်တော့။
သို့သော် ကျန်းထျန်က အလွန်ကြည့်ကောင်း၍ သူမ တစ်ယောက်တည်းဖြစ်သည်ကို မြင်၍ အခွင့်ကောင်းယူချင်သည့် လူများရှိမည်မလားဟု တွေးပြီး သူစိုးရိမ်သည်။
မြို့ကြီးက အဖွဲ့ထက် ပိုအန္တရာယ်များကာ လူဆိုးများက သူမရုပ်ရည်ကို အခွင့်ကောင်းယူချင်ရုံသာမက သူမလက်ထဲက ပိုက်ဆံကိုပါ လုချင်ရင်ရော? တစ်ခုခုမတော်တဆများရှိရင်ရော?
ပြီးတော့ကျန်းထျန်က ဟင်းမချက်တတ်သဖြင့် နေ့တိုင်း အစိုးရပိုင်စားသောက်ဆိုင်တွင် ပိုက်ဆံဘယ်လောက်ကြာကြာသုံးနိုင်မည်နည်း။
သူအများကြီး တွေးမိနေသည်ဟု သူခံစားရသည်။ ကျန်းထျန်က အလွန်ဉာဏ်ကောင်းကာ အကုန်သိသည့်ပုံပေါ်ပြီး သန်မာကာ စွမ််းရည်လည်းရှိ၍ သူမကိုယ်သူမ ဒုက္ခရောက်အောင် လုပ်မည်မဟုတ်ပေ။ ဒါကို တွေးမိပြန်ပြီး ကုလျန်ရွှမ် စိတ်အေးသွားပေမယ့် တုန်လှုပ်နေတုန်းဖြစ်သည်။
ကုလျန်ရွှမ် လှည့်လိုက်ရာ သူ့မျက်လုံးထောင့်တွင် မည်းမည်းကိုယ်ရိပ်တစ်ခုကို တွေ့လိုက်၍ သူလန့်သွားပြီးမှ ကျန်းထျန် အိပ်ပုံမမှန်မှန်းကို သဘောပေါက်သွားသည်။
ဒီတစ်ကြိမ်သူလှည့်သောအခါ သူဒဏ်ရာရနေသောညာခြေထောက်က အောက်ရောက်နေ၍ သူ အားမသုံးနိုင်။ ကျန်းထျန်ကို အချိန်မှီမတားလျှင် သူမ နံရံကို အားနှင့် ကန်လောက်၍ မနက်ဖြန် သူမခြေထောက် ထော့နဲ့နေလောက်ကာ သူတို့ မြို့ကြီး မသွားနိုင်လောက်။
ကုလျန်ရွှမ် အလွန်စိတ်လှုပ်ရှားသွား၍ သူ့စိတ် ခဏတာဗလာဖြစ်သွားကာ ဘာမှမတွေးဘဲ သူ အမြန်ထပြီး ကျန်းထျန်ကို တားလိုက်သည်။ ကံကောင်းစွာ ရလာဒ်က စိတ်မပျက်ရပေ။
ကုလျန်ရွှမ် စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ သို့သော် သူ့ညာခြေကို ဆန့်လိုက်မိ၍ သူ့ဒူးခေါင်း ကုတင်ကို ပြင်းထန်စွာရိုက်မိလိုက်သည်။ ထိုအခါမှ သူ ကုတင်မှ သူ့ညာခြေဖြင့်ထပြီး သူ့ညာခြေက သူ့ကို ထောက်ပံ့ပေးထားသည်ကို သဘောပေါက်သွားသည်။
ကုလျန်ရွှမ် - ....??!!
သူ့ခြေထောက်များက အလုပ်လုပ်နိုင်ပြီလား?
"ကုလျန်ရွှမ်၊ ခုနအသံက ဘာလဲ?" ကျန်းထျန် အိပ်မက်မက်နေကာ ရုတ်တရက် ဆူညံသံက သူမကို နိုးသွားစေသည်။ သူမနှလုံးခုန်သံ နှစ်ဆလောက်မြန်လာကာ သူမမျက်လုံးများကို ပွတ်ပြီး အမှောင်ထဲ ကုလျန်ရွှမ်ကိုယ်ကို ရှာလိုက်သည်။
ကုလျန်ရွှမ် လှဲသင့်နေသောနေရာက လွတ်နေသည်။ လှဲနေရမည့် ကုလျန်ရွှမ်က သူမခြေဖဝါးတွင် ရောက်နေကာ သူမခြေကျင်းဝတ်ကို လက်တစ်ဖက်နှင့် ကိုင်ထားပြီး သူမကိုယ်ဆီ ဒူးတစ်ချောင်းထောက်နေသည်။ ဝင်လာသောလရောင်ကြားမှ တစ်ခုခုလုပ်နေပြီး ရှာတွေ့သွား၍ အပြစ်မကင်းခံစားနေရသော သူ၏လန့်နေသောမျက်နှာကို မြင်နိုင်သည်။
ကျန်းထျန် - ...???!!!
"ကုလျန်ရွှမ် လူယုတ်မာ!" ကျန်းထျန် သူမခြေကို ဆန့်ကာ ဘာမှမတွေးတော့ဘဲ ကုလျန်ရွှမ်ကို ကန်လိုက်သည်။ "ကျွန်မကို လွှတ်။ မလွှတ်ရင် အမေ့ကို အော်ခေါ်လိုက်မယ်!"
ကုလျန်ရွှမ် - ?!
ကျန်းထျန် ရုတ်တရက် ဒီလိုပြုမူမည်ဟု ကုလျန်ရွှမ် မထင်မှတ်ထား။ သူမ သူ့ရင်ဘတ်ကို ၁၀ရာခိုင်နှုန်းအားဖြင့် ကန်လိုက်၍ သူ နံရံကို ဘုန်းခနဲနှင့် ရောက်သွားသည်။ သူ ကျန်းထျန်စကားကို ကြား၍ သူမ အထင်လွဲသွားမှန်း သူသိ၍ သူ့လက်ကို ဝေ့ရမ်းကာ အမြန်ရှင်းပြလိုက်သည််။ "မင်းထင်သလို မဟုတ်ဘူး။ ကိုယ်ရှင်းပြတာ နားထောင်ပါဦး!!