ရွှေဖြင့်စတင်သည့် အားပြိုင်မှု
Vol. 17 Ch. 244
မဟာအလင်းတောက်ပခြင်း လေလံခန်းမအတွင်း ရှားပါးသော အမွှေးအကြိုင်များ၏ အနံ့သည် ဝန်းကျင်တစ်လျှောက် ပြန့်နှံ့နေပြီး ဝိညာဉ်ချီ၏ နူးညံ့သော တုန်ခါသံသည် လေထုထဲ၌ လွင့်ပျံလျက်ရှိသည်။
အပေါ်ဘက်ရှိ ရွှေရောင် မီးဆိုင်း ဒါဇင်ပေါင်းများစွာသည် တောက်ပနေပြီး ၎င်းတို့၏ အလင်းရောင်သည် ကျောက်စိမ်းအခင်းပေါတွင် အလင်းရိပ်လှိုင်းများအဖြစ် ထွန်းလင်းနေသည်။
ခန်းမသည် အလွန်ကျယ်ဝန်းပြီး တော်ဝင်နန်းတော်ကဲ့သို့ အဆင့်ဆင့် စီစဉ်ထားကာ ရှေ့ဆုံးရှိ အမြင့်ဆုံး အတန်းသည် အလွန်အမင်း မြင့်မြတ်သော ဧည့်သည်များအတွက်သာ သီးသန့်ထားရှိထားသည်။
ထိုနေရာ အများစုသည်လည်း ယခုအချိန်တွင် ပြည့်နှက်နေပြီးသားဖြစ်သည်။
ဘယ်ဘက်မှာတော့ လီမျိုးနွယ်သည် တိတ်ဆိတ်သော်လည်း ဖိအားအပြည့်ဖြင့် လွှမ်းမိုးထားသည်။
လီကျန်းဟုန်သည် ထိပ်ဆုံးနေရာတွင် ထိုင်လျက် မျက်လုံးများကို အနည်းငယ် ပိတ်ထားသော်လည်း အချိန်အခါတစ်ချို့တွင် သူ၏ မျက်ဝန်းထဲမှ စူးရှသော ရည်ရွယ်ချက်အလင်းရောင် ထွက်ပေါ်လာတတ်သည်။
သူ့ဘေးမှာတော့ လီမိန်ယင်သည် ထိုင်ခုံပေါ်တွင် အနည်းငယ် လှုပ်ရှားသွားကာ လက်တင်သည့်နေရာအား ဆုပ်ကိုင်ထားသော လက်ချောင်းများ တင်းကျပ်သွားသည်။
သူမ၏ မျက်လုံးများသည် ယခုဝင်ရောက်လာသော ပုံရိပ်ထံ ကျရောက်သွားသော ခဏအတွင်း မျက်နှာပေါ်ရှိ မငြိမ်မသက်ဖြစ်မှု တောက်ပလာကာ သူမသည် ချက်ချင်းပင် ထိုစိတ်ခံစားချက်ကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
သူတို့၏ တစ်ဖက်တွင် ကျောက်မျိုးနွယ်သည် ဂုဏ်သိက္ခာပြည့်ဝသော တိတ်ဆိတ်မှုဖြင့် ထိုင်နေကြပြီး ကျောက်ဝူထျန်းသည် မတ်မတ်ထိုင်လျက် လက်များကို နဂါးပုံ ထွင်းထားသော လက်ကိုင်တုတ်၏ အပေါ်တွင် တင်ထားသည်။
သူ၏ မျက်နှာပေါ်တွင် အပြုံးရှိနေသော်လည်း မျက်ဝန်းများသည် ပိုင်ကျီဟန်၏ ခြေလှမ်းတိုင်းကို လိုက်လံစောင့်ကြည့်လျက် တိုင်းတာ၊ ခန့်မှန်းနေသည်။
သူသည် ပိုင်ကျီဟန်ကို မည်မျှအထိ မုန်းတီးနေသည်ကို ပြောရန်ပင် မလိုအပ်ချေ၊ တစ်နှစ်အကြာက သူတို့ မျိုးနွယ်၏ မျက်နှာအား ပျက်စီးသွားစေခဲ့သူ ဖြစ်၏
ထို့အပြင် သူတို့၏ ကောင်းကင်အဆင့် လက်နက်ကိုပါ ယူသွားခဲ့သည်။
သူတို့နှစ်ဖက်အကြားမှာတော့ နန်းတော်ဘက်မှ ကိုယ်စားလှယ်များ ဖြစ်သည့် အကျင့်သိက္ခာပြည့်ဝသော ပထမမင်းသားယူကျီတီ ၊ လမင်းကဲ့သို့ ငြိမ်းချမ်းသန့်ရှင်းသော စတုတ္ထမင်းသမီးတို့ ထိုင်နေသည်။ ထို့အပြင် တစ်ဦးချင်းစီသည် ကိုယ်ပိုင် အာဏာအရိပ်ကို ဖြန့်ကျက်လျက် တတိယနှင့် ခုနစ်မြောက် မင်းသားတို့လည်း ထိုင်နေ၏
စတုတ္ထမင်းသမီးသည် ပိုင်ကျီဟန်ကို မြင်လိုက်သောအခါ စိတ်အနှောက်အယှက် အနည်းငယ် ဖြစ်ပေါ်လာသည်။ တစ်နှစ်က သူမသည် သူ့အား လက်ထပ်ခွင့်တောင်းခဲ့ပြီး ယနေ့တိုင် ပိုင်ကျီဟန် ဘာမှမတုံ့ပြန်သည်က သူမကို ငြင်းပယ်ရန်ပင် ဂရုမစိုက်သကဲ့သို့သာ။
ထိုစဉ်က သူ၏ငြင်းပယ်မှုသည် နောက်ဆုံးအဖြေတစ်ခုဖြစ်ပြီး နောက်ထပ်ရှင်းပြရန် မလိုအပ်ပေ
"ဟွန်း”
တစ်နေ့တွင် ပိုင်ကျီဟန်သည် ဤဆုံးဖြတ်ချက်ကို အမှန်တကယ်နောင်တရလိမ့်မည်ဟု သူမယုံကြည်သည်။
ပိုင်ကျီဟန် ရွှေတံခါးများကို ဖြတ်ကျော် ဝင်ရောက်လာသည့်အချိန်၌ စကားဝိုင်းများသည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
ထို့နောက် တီးတိုးပြောဆိုသံများ ပျံ့နှံ့သွားခဲ့သည်။
ပိုင်ကျီဟန်သည် သူ့ပတ်ဝန်းကျင်ရှိ အကြီးအကဲများ၏ ပြုမူပုံကြောင့်ပင် နောက်မျိုးဆက်ခေါင်းဆောင်ဖြစ်ကြောင်း လူတိုင်းသေချာသွားကြသည်။
အသုံးမကျသူအဖြစ် ပြောခံရပြီး အစားထိုးခံရမည်ဟုပင် ထင်မြင်ယူဆခံရသူသည် ယခုအခါ ရိုသေလေးစားခံရသော်လည်း အဓိကအားဖြင့် နဂါးနှင့် ဖီးနစ်ပြိုင်ပွဲတွင် ပါဝင်ရန် ငြင်းဆိုခဲ့သောကြောင့် သဘောမတူသူများ ရှိနေသေးသည်။
မျှော်လင့်ထားသည့်အတိုင်း သူသည် ဧကရာဇ်မိသားစု သို့မဟုတ် မျိုးနွယ်စုခေါင်းဆောင်များကို ဦးညွှတ်ခြင်း သို့မဟုတ် နှုတ်ဆက်ခြင်းမပြုဘဲ တည့်တည့်လျှောက်သွားသည်။
သူသည် ဧကရာဇ်မိသားစုကို ခေါင်းညိတ်ပြခြင်းမရှိဘဲ လျှောက်လှမ်းသွားကာ လီနှင့် ကျောက်မျိုးနွယ်စုများအား နောက်ခံအလှဆင်မှုတစ်ခုကဲ့သို့ ဖြတ်ကျော်ရင်း သူ၏ VVIP အခန်းဆီသို့ ဦးတည်သွားခဲ့သည်။
သူချဉ်းကပ်လာသည်နှင့်အမျှ အစောင့်များသည် နက်ရှိုင်းစွာ ဦးညွှတ်ရင်း ခန်းမ၏ အလိုချင်ဆုံးနေရာများထဲမှ တစ်ခုဖြစ်သည့် လေလံစင်မြင့်ကို လှမ်းမြင်နိုင်သော သီးသန့် VVIP အခန်းသို့ ဦးတည်သော ရွှေရောင်တံခါးကို ဖွင့်ရန် ဘေးသို့ ခြေလှမ်းလိုက်ကြသည်။
ချူကျီယန်နှင့် ပိုင်ရွှယ်ချင်းတို့သည် သူ့နောက်သို့ လိုက်သွားကြပြီး အောက်ဘက်ရှိ တီးတိုးပြောသံများကြောင့်ပင် ၎င်းတို့၏ မျက်နှာအမူအရာများက အနှောင့်အယှက်မဖြစ်ခဲ့ပေ။
သူတို့ ထိုင်ပြီး မကြာမီတွင် ခမ်းနားသော ခန်းမဆောင်ရှိ မီးများသည် အနည်းငယ် မှိန်ဖျော့သွားသည်။
နူးညံ့သော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာပြီး အားလုံး၏ မျက်လုံးများကို စင်မြင့်ဆီသို့ ဆွဲဆောင်သွားသည်။
ပိုးထည်ပိတ်ကားနောက်မှ ကျက်သရေရှိသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ကြက်သွေးရောင် ဝတ်ရုံရှည်ဝတ်ထားသော အမျိုးသမီးတစ်ဦးသည် သူမ၏ဆံပင်ကို ကျောက်စိမ်း အလှဆင်ပစ္စည်းများဖြင့် မြင့်မားစွာ စည်းထားပြီး ဆွဲဆောင်နိုင်လောက်အောင် နွေးထွေးသော အပြုံးတစ်ခုရှိနေ၏
သူမသည် မီးဆိုင်းများ၏ အပြည့်အဝတောက်ပမှုထဲသို့ ခြေလှမ်းလိုက်သောအခါ ခန်းမဆောင်သည် တီးတိုးပြောသံများနှင့် စကားသံများဖြင့် ဆူညံသွားသည်။
ငယ်ရွယ်သော ကျင့်ကြံသူအချို့သည် ၎င်းတို့၏ထိုင်ခုံများကို ရှေ့သို့ကိုင်းညွှတ်နေကြပြီး အသက်ကြီးသော ကုန်သည်များကပင် ရယ်မောနေကြသည်။
အမှန်စင်စစ် မဟာအလင်းတောက်ပခြင်းလေလံပွဲသည် အလှပဆုံးအမျိုးသမီးတစ်ဦးကို ပွဲအား ဦးဆောင်ရန် ရွေးချယ်ခဲ့ခြင်းကြောင့်လည်း နာမည်ကြီးသည်။ ၎င်းသည် နှလုံးသားများကို ခုန်ပေါက်စေပြီး ပိုက်ဆံအိတ်ကြိုးများကို ဖြေလျှော့ရန် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်။
သူမသည် လှပသိမ်မွေ့စွာ ဦးညွှတ်ရင်း လှုပ်ရှားသွားလာမှုတိုင်းသည် တောင်တန်းမှ စီးဆင်းလာသော ရေစီးကဲ့သို့ သွယ်လျနေသည်။
“ဂုဏ်သရေရှိသော ဧည့်သည်တော်များ” သူမသည် စကားစတင်လိုက်ပြီး အသံသည် သာယာငြိမ်ညောကာ နားထောင်သူတိုင်းကို ဆွဲဆောင်နိုင်၏ ။ “ကျွန်မကတော့ လန်ယွဲ့ရုံပါ ..ဒီနေ့ညအခမ်းအနားရဲ့ လေလံပွဲကို စီမံခန့်ခွဲမှာပါ”
အဆိုပါ စကားကြောင့် ပရိသတ်အတွင်းမှ အော်ဟစ်ချီးကျူးသံများနှင့် လက်ခုပ်သံများ ထွက်ပေါ်လာသည်။
ရဲရင့်သော အသံအချို့ကတော့ ချီးကျူးစကားများကိုပါ အော်ဟစ်လိုက်ကြပြီး ပတ်ဝန်းကျင်တွင် အနည်းငယ် ရယ်မောသံများ ပေါ်ထွက်လာစေသည်။
လန်ယွဲ့ရုံ မျက်လုံးများသည် လင်းလက်နေပြီး သိမြင်မှုရှိသည့် အပြုံးလေးဖြင့် ကွေးညွတ်သွားသည်။
“ဒီနှစ် အခမ်းအနားကို စတင်ဖွင့်လှစ်ရာမှာအတော် ထူးခြားတဲ့ ပစ္စည်းတစ်ခုနဲ့ စတင်ပါမယ်”
ခန်းမအတွင်း စူးစမ်းလိုစိတ်ဖြင့် လှုပ်ရှားသံလှိုင်းတစ်ခု ပေါ်ထွက်လာသည်။
သူမသည် ဆက်လက်မပြောဆိုဘဲ စိတ်လှုပ်ရှားမှုကို လေထဲတွင် ခဏတာ ဆွဲဆန့်ထားလိုက်သည်။
“ကျွန်မတို့ရဲ့ ပထမဆုံး အဖိုးတန်ပစ္စည်းက ဒီနေရာက ကျင့်ကြံသူတိုင်းရဲ့ စိတ်ကို လောင်ကျွမ်းစေမဲ့ ပစ္စည်းဖြစ်ပါတယ်”
“မြေကမ္ဘာ အလယ်အလတ်အဆင့် ကျင့်ကြံနည်းတစ်ခု ဖြစ်ပါတယ်”
အကျိုးသက်ရောက်မှုသည် ချက်ချင်းပင် ဖြစ်ပေါ်လာသည်။
အံ့အားသင့်သံများ၊ အသက်ရှုသွင်းသံများနှင့် အချို့၏ ဆဲဆိုသံများပင် ပရိသတ်အတွင်းမှ ထွက်ပေါ်လာသည်။
မြေကမ္ဘာ အလယ်အလတ်အဆင့် ကျင့်ကြံနည်းသည် ရိုးရိုး ဝယ်ယူနိုင်သည့် အရာမဟုတ်ပေ
အင်ပါယာတစ်ခုလုံးတွင်ပင် ထိုကဲ့သို့သော လက်စွဲစာအုပ်များကို တင်းကျပ်စွာ ထိန်းသိမ်းထားကြပြီး မိသားစုကြီး သုံးစုနှင့် နန်းတော် မိသားစု၏ အမွေအနှစ်များအဖြစ်သာ ပြောဆိုကြသည်။
အင်ပါယာ မင်းသားများပင် ထိုင်ခုံပေါ်မှ ရှေ့သို့ ကိုင်းလိုက်ကြသည်။
လီကျန်းဟုန်၏ မျက်လုံးများသည် ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်သွားပြီး အမြဲတမ်းတည်ငြိမ်နေသော သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အနည်းငယ် ထင်ရှားလာသည်။
ကျောက်ဝူထျန်း၏ လက်သည် သူ၏ လက်ကိုင်တုတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်သွားသည်။
လေလံပွဲကို ထိုကဲ့သို့တန်ဖိုးရှိသော ရတနာနှင့်စတင်လိမ့်မည်ဟု မည်သူက မျှော်လင့်မည်နည်း
"မဖြစ်နိုင်ဘူး... မဟာအလင်းတောက်ပခြင်းလေလံခန်းမက ဘယ်လိုလုပ်ပြီး လက်ထဲကို အဲ့တာ ရောက်လာတာလဲ"
ဂိုဏ်းခေါင်းဆောင်တစ်ဦးသည် သူ့ဘေးကလူအား တိုးတိုးလေးပြောလိုက်၏
တင်းမာမှုများ တိုးလာသည်ကို ကြားတော့ လေလံပွဲစီစဉ်သူ အပြုံးက ပိုကျယ်လာ၏
"ရွှေငါးသိန်းနဲ့ စရမှာပါ”
ပထမဆုံး လေလံဆွဲပြီးတာနှင့် ချက်ချင်းပဲ
"ခြောက်သိန်း”
"ခုနစ်သိန်း”
"တစ်သန်း”
ခန်းမထဲ၌ တိုက်ပွဲတစ်ခု ဖြစ်ပွါးခဲ့သလိုပင်။ ဂိုဏ်းခေါင်းဆောင်များ၊ မျိုးနွယ်စု ခေါင်းဆောင်များ၊ ဧကရာဇ်မင်းသားနှင့်မင်းသမီးတောင်မှ တိုက်ပွဲထဲကို ပါဝင်ကြပြီးတိုက်ခိုက်နေသလို ဈေးနှုန်းကို မြှင့်တင်လိုက်ကြ၏
ပိုင်မျိုးနွယ်စုကသာ ငြိမ်နေခဲ့သည်
အကြောင်းပြချက်က ရိုးရှင်း၏ စင်မြင့်ပေါ်က ကျင့်ကြံမှုလက်စွဲစာအုပ်သည် ပိုင်ကျီဟန်အပိုင်ပင်
သူ့နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ပေါ်လာ၏
သို့တိုင် အကြီးအကဲများသည် ၎င်းကို မသိခဲ့ကြပေ။ တခြားလူလက်ထဲ ရောက်သွားမည်ကို စိုးရိမ်နေကြ၏
"သခင်လေး၊ ကျွန်တော်တို့လည်း ဈေးပြိုင်ပေးသင့်တယ် မဟုတ်ဘူးလား"
အကြီးအကဲတစ်ဦးက မေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ လူတိုင်းနီးပါးသည် သူတို့ ကိုယ်ပိုင် မြေကမ္ဘာအဆင့်နည်းစနစ်ကို ကျင့်ကြံကြတာကြောင့် ပိုင်မျိုးနွယ်စုအတွက် အသုံးမဝင်ရင်တောင် ရန်သူလက်ထဲ ရောက်သွားပါက အန္တရာယ်များမည်သာ
ပိုင်ကျီဟန်သည် သူ့လက်ကို ခါယမ်းပြီး စိတ်မဝင်စားကြောင်းနှင့် ဈေးပြိုင်ပေးဖို့ ရည်ရွယ်ချက်မရှိကြောင်း ပြသလိုက်၏
အကြီးအကဲတချို့သည် ပိုင်ကျီဟန်ကို ဆွဲဆောင်ချင်ခဲ့ကြပေမဲ့ ရွှေနှစ်သန်းဈေးရောက်သွားသည့်အခါ သူတို့စိတ်ပြောင်း သွားကြသည်။
ထိုငွေနှင့် သူတို့ဘယ်တော့မှ မသုံးနိုင်သော ကျင့်စဉ်နည်းစနစ်တစ်ခုကို ဝယ်ဖို့က အဓိပ္ပာယ်မရှိပေ