← Chapters

အခန်း (၃၆)

Vol. 4 Ch. 36

အခန်း (၃၆)

Vol. 4 Ch. 36

" အရမ်းချဥ်တယ်" ပါးစပ်ထဲ သကြားရှိ၍ ကျန်းထျန်သေချာမပြောနိုင်ပေ။ အဓိက‌အကြောင်းပြချက်ကတော့ သူမလျှာ ထုံနေ၍ ဖြစ်သည်။ "အမ ခုနက ပိုမထည့်လိုက်ရမှာ"မချဥ်လောက်မှာစိုး၍ ခရမ်းချဥ်သီး ပိုထည့်လိုက်သည်ဖြစ်ပြီး အခုတော့ တကယ်အရမ်းချဥ်နေသည်။

" ညီမ သကြားခဲ၂ခဲ ထည့်လိုက်တော့ ဒီတစ်ခါပိုကောင်းမှာပါ "ကုလျန်မင် သူမပါးစပ်ကို ဆေးကာ သကြားခဲအရည်ပျော်သည်ကို စောင့်ပြီး တူဖြင့် မြည်းကြည့်လိုက်သည်။

ချဥ်နေသေးပေမယ့်လည်း အရင်ကထက်တော့ ပိုကောင်းသည်။ ချိုချိုချဥ်ချဥ် အရသာကို ရနိုင်သည်။

"အရသာက ဒီတစ်ခါ တူတယ်" ကုလျန်မင် ခေါင်းညိတ်ကာ ဆော့စ်ကို ပန်းကန်လုံးထဲ ထည့်လိုက်သည်။

ကျန်းထျန် ဒီတစ်ခါ မမြည်းရဲတော့ပေ။ နောက်သို့ဆုတ်၍ အသားလုံးနှင့်မှ စားရန် တွေးထားသည်။

အနောက်ခြံက မြေမီးဖိုကို ဆောက်ပြီးကာ အသားလုံးနှင့် ပေါက်စီကို ရောထားသည်။ ရွှီကျင်းဖန် မီးဖိုချောင်တွင် ဆီနှင့် ခေါက်ဆွဲယူရန်လာစဥ် မီးဖိုပေါ်က ဆော့စ်အနီရောင်ကို မြင်၍ မေးလိုက်သည်။ "ဒါက ဘာလဲ? ဆော့စ်လား ဘာလို့ ချဥ်တဲ့အနံ့ထွက်နေတာလဲ?"

ကျန်းထျန် တံတွေးမျိုချပြီး ပါးစောင်ကို လျှာထိုးကာ "အမေ၊ ဒါက ခရမ်းချဥ်သီးဆော့စ်။ ခဏနေ အသားလုံးကို နှစ်လို့ရတယ်"

"ဆော့စ်အသားလုံး?" ရွှီကျင်းဖန် ဘေးကတူကို ယူပြီး မြည်းကြည့်လိုက်သည်။ " ဒီအချဥ်အရသာက အရသာရှိတယ်"

သူမနှုတ်ခမ်းစေ့ကာ မျက်မှောင်ကြုတ်ပြီး "အရမ်းချဥ်တယ် ဘာလို့သကြားများများ မထည့်တာလဲ?" ဒီတစ်ခါ မြို့သွားရာ သကြားညို သကြားဖြူ သကြားခဲများ ပါလာသည်။

"အသားလုံး လုပ်ရမယ့် အချိန်ပဲ။ မီးဖိုချောင်က မီးဖိုကို ထားခဲ့။ အသားလုံးပူပူနဲ့ ဆော့စ် စားကြမယ် "ရွှီကျင်းဖန် ဆက်ပြောလိုက်သည်။ "ထျန်ထျန်၊ အသားလုံးတွေက ရတော့မယ်"

"ရှောင်းမင်၊ မုန်ညင်းဆီနှစ်ပန်းကန်လုံးခပ်ခဲ့"

"အမေ အရင်သွားပြီး သမီးတို့ကို စောင့်နေမယ်"

ကျန်းထျန် အနောက်ခြံသို့ တစ်ခုနှင့် ရောက်လာသည်။ ကုလျန်ရွှမ်က ပေါက်စီသွားယူပြီး စင်နှီတုံးပေါ်တင်ကာ ပိုင်းလိုက်ပြီး အသားလုံးထည့်ကာ ရွှီကျင်းဖန်ဆီကမ်းလိုက်သည်။

ရွှီကျင်းဖန် မြေမီးဖိုရှေ့ထိုင်ကာ ကုလျန်မင် ယူလာသော မုန်ညင်းဆီကို အိုးထဲထည့်ပြီး သူမလက်ဖဝါးထဲ အသားလုံးအစာ ထည့်ထားသည်ကို လုံးလိုက်ပြီး အိုးဘေးထားလိုက်ကာ ရှူးခနဲနှင့် အနံ့ပါတစ်ခါတည်းထွက်လာသည်။

ကျန်းထျန် အနံ့ကြောင့် တံတွေးအသာမျိုချရသည်။

ကုလျန်ရွှမ် ကျန်းထျန်လက်ထဲက ဆော့စ်ပန်းကန်လုံးကို မြင်၍ မေးလိုက်သည်။ "ဒါက ဆော့စ်လား?"

စားပွဲဘေးမှ တူကို ထုတ်လိုက်ပြီး သူမ ကုလျန်ရွှမ်ကို ပြုံးကြည့်ကာ "မြည်းကြည့်။ ဘယ်လိုအရသာလဲလို့်?" တစ်ချိန်တည်းမှာပင် သူမမျက်လုံးများက ရှင်မြည်းကြည့် မြည်းမကြည့်ရင် နောင်တရလိမ့်မယ်´ ဟု ပြောချင်သည်နှင့်အတူ အားပေးမှုအပြည့်နှင့်‌ဖြစ်သည်။

ကုလျန်ရွှမ် စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းပြီးနောက် တူကို ယူကာ ဆော့စ်အနည်းငယ်ကို ယူလိုက်သည်။ ပါးစပ်ထဲ မထည့်ခင် သူသေချာမေးလိုက်သည်။ "မင်း ဒီဆော့စ်ကိုလုပ်ထားတာလား?"

ကျန်းထျန် အံ့သြသွားပုံပေါ်ကာ "ရှင်ဘာလို့ ဒီလိုထင်တာလဲ?" တောင်းပန်ပါတယ်။ ရှင် ကျွန်မကို အထင်ကြီးနေတာပဲ။ ဆော့စ်လုပ်တဲ့တစ်လျှောက်လုံး သူမ ခရမ်းချဥ်သီးခူးတာနဲ့ ဆေးတာကိုပဲ လုပ်တာ။

ကျန်းထျန် ချက်သည်နှင့် မတူ၍ ကုလျန်ရွှမ် စိတ်အေးသွားသည်။ တကယ်က သူမကိုယ်တိုင်လည်း မချက်တတ်ဟု ပြောဖူးသည်။ ထို့ကြောင့် သူ တူနှင့်ဆော့စ်ကို မြည်းကြည့်ရာ ‌မျက်နှာတစ်ခုလုံးရှုံ့မဲ့သွားပြီး အသာမျိုချရသည်။

တချိန်တည်းမှာပင် ကုလျန်မင် အသားလုံးကြော်နှင့်ရောက်လာ၍ ကုလျန်ရွှမ် လက်တစ်ဆုပ်စာယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ ပူသည်ကိုသည်းခံကာ အချဥ်အရသာ ပြယ်ရန် စားသည်။

ကုလျန်မင် ‌မျက်မှောင်ကြုတ်ကာ "ဆော့စ်က အရမ်းချဥ်တယ်။ ဒီအတိုင်းစားလို့မရဘူး"

ရွှီကျင်းဖန် အသားလုံးများကို ဆယ်ကာ ပြုံး၍ ပြောလိုက်သည်။ "သမီးအကိုကြီးက အချဥ်မစားနိုင်ဘူး။ မေ့သွားတာ"

ကုလျန်ရွှမ် ကျန်းထျန်ကို ကြည့်လိုက်ရာ ရယ်ချင်သည်ကို ထိန်းထားသည်ကို တွေ့လိုက်၍ သူအရူးလုပ်ခံရမှန်းသိလိုက်သည်။

ကျန်းထျန် နောက်တူတစ်စုံယူပြီး အသားလုံးတစ်လုံးကို ယူကာ ဆော့စ်ထဲနှစ်ပြီးနောက် မြည်းကြည့်လိုက်သည်။ အရသာကြောင့် မျက်လုံးများပြူးကျယ်သွားသည်။ ခရမ်းချဥ်သီးဆော့စ်က အအီပြေစေသည်ကို သူမ သိသည်။ သို့သော် အသားလုံးနှင့် တစ်ခါမှမစားဖူးပေ။ အရသာက တကယ်ကောင်းသည်။ "ဆော့စ်နဲ့တွဲစားတာ တကယ်အရသာရှိတယ်!။ လုံးဝမချဥ်တော့ဘူး!"

"တကယ်လား?" ကုလျန်မင် စားကြည့်ချင်နေ၍ အသားလုံးတစ်လုံးယူကာ ဆော့စ်ထဲနှစ်လိုက်ပြီး စားကြည့်လိုက်သည်။ "တကယ်။ မချဥ်ဘူး!"

ကျန်းထျန် ရွှီကျင်းဖန်ဖို့ တစ်လုံးလုပ်ပေးကာ ကျွေးလိုက်သည်။ ရွှီကျင်းဖန် ခေါင်းညိတ်သည်ကို မရပ်နိုင် "အရသာရှိတယ်" တစ်လုံးစားပြီးနောက် ကျန်းထျန်က နောက်တလုံးထပ်ခွံ့‌၍ ရွှီကျင်းဖန် အမြန်ပြောလိုက်သည်။

"အမေတော်ပြီ။ ခုပဲမြည်းကြည့်ပြီးသွားပြီ။ ရှောင််းမင် ပန်းကန်လုံးနဲ့ထည့်ပြီး ရှောင်းဝူနဲ့ ရှောင်းလျိုကို ပေးလိုက်"

ကုလျန်မင် အသားလုံးကို ဝါးရင်း ပလုတ်ပလောင်းပြောလိုက်သည်။ "ဟုတ်ကဲ့။ အမေ"

"အများကြီး မစားနဲ့ဦး။ နောက် အသားပေါက်စီစားရဦးမယ်" ရွှီကျင်းဖန်ပြောလိုက်သည်။

ကုလျန်ရွှမ် အသားလုံး စားနေပေမယ့် သူ ဆော့စ်ထဲ မနှစ်ရဲပေ။ ဒါကို မြင်၍ ကျန်းထျန် သူ့ကို ဖြောင့်ဖြလိုက်သည်။ "စားကြည့်။ ကျွန်မ ရှင့်ကို မနောက်ဘူး။ အရသာတကယ်ရှိတာ"

"မချဥ်ဘူး!"

ကုလျန်ရွှမ် - မယုံဘူး

ကျန်းထျန် - "အမေ၊ အရသာရှိတယ်လို့ထင်လား?"

ရွှီကျင်းဖန်ကတော့ အရသာရှိသည်ဟု ‌ပြောမှာ သေချာသည်။ ကုလျန်မင်လည်း ပြောသည်။ "အစ်ကို၊ အရသာရှိတယ်။ ညီမ အကို့ကို မလိမ်ဘူး။ မချဥ်ဘူး"

ကုလျန်ရွှမ် သံသယဝင်နေသေးပေမယ့် မျက်မှောင်ကြုတ်ကာ မြည်းကြည့်လိုက်သည်။ ချဥ်‌သေးပေမယ့် စား၍ရကာ အရသာက တကယ်ကောင်းသည်။

အသားလုံးများ ကြော်ပြီးကာ ဖရုံသီးနှင့် ကန်စွန်းဥပေါင်းထားသည်က ရ၍ ‌အနောက်ခြံသို့ ယူလာပြီး ကုလျန်ရွှမ်ကို ဇွန်းဖြင့် ချေခိုင်းကာ ဂျုံ ကောက်ညှင်းမှုန့်ထည့်ပြီး မုန့်နှစ်နယ်လိုက်ကာ အပိုင်းလေးများပိုင်းပြီး အဝိုင်းပုံကိတ်လေးတွေလုပ်ကာ အိုးထဲထည့်ကြော်လိုက်သည်။

ဖရုံသီးပန်ကိတ်နှင့် ကန်စွန်းဥပန်ကိတ်ကာ ကြွပ်ရွပြီး ချိုသည်။ ကျန်းထျန် ပိုမစားဘဲ မနေနိုင်ပေ။ "ဒီတစ်ခုလည်း အရသာရှိတယ်။ အမေ။ သမီးတို့ အခုတရုတ်နှစ်သစ်ကူးရောက်နေတယ်လို့ ခံစားရတယ်" ကျန်းထျန် သက်ပြင်းချလိုက်သည်။

သူမအရင်ဘဝက တရုတ်နှစ်သစ်ကူးတွင် ‌ကောင်းကောင်းမစားရ။ တရုတ်နှစ်သစ်ကူးတွင် အပြင်စားသောက်ဆိုင်များက ပိတ်ထား၍ သူမ ပိုက်ဆံရှိလျှင်တောင် မစားနိုင်ပေ။

"တရုတ်နှစ်သစ်ကူးဆိုလည်း အမေတို့ ဒီထက်ပိုကောင်းကောင်းစားရမှာ"ရွှီကျင်းဖန် အိုးထဲက ကျန်သည့်ဆီကို ပန်းကန်လုံးကြီးထဲ ထည့်ပြီး ပေါင်းသည့်အိုးပြောင်းကာ ရေတည်ပြီး မုန့်နှစ်နယ်လိုက်သည်။

ရှောင်းဝူနှင့် ရှောင်းလျို အသားလုံးစားပြီး မနေနိုင်ပေ။ ထို့‌ကြောင့် သူတို့ ကုလျန်မင်နှင့် လူလဲလိုက်သည်။ သူတို့နှစ်ယောက် အနောက်ခြံသို့ရောက်‌သောအခါ အရသာရှိသည့်စားစရာများကို စားပွဲကြီးပေါ်တွင်မြင်၍ ပန်းကန်လုံးကို ကိုင်ပြီး မြေကြီးပေါ်ထိုင်ကာ ပါးစပ်က သရေမယိုဘဲ မနေနိုင်ချေ။

သူတို့နှစ်ယောက် ဖြေးဖြေးစားကာ ရွှီကျင်းဖန် သူတို့ကို လျှော့စားဖို့မ‌ပြော။ ဘယ်လိုဖြစ်ဖြစ်် ပေါက်စီရလျှင်လည်း သူတို့သိပ်မစားနိုင်။

အိုးထဲက ရေပွက်ပွက်ဆူလာ၍ ပေါက်စီများကို ဆန်ခါပေါ် တစ်ခုပြီးတစ်ခု ထည့်လိုက်ပြီးအဖုံး‌ဖုံးလိုက်သည်။

ဒါတွေအားလုံးလုပ်ပြီးနောက် ရွှီကျင်းဖန် လက်အားသွားကာ နားပြီး ပိတ်စွယ်ယပ်တောင်ခတ်ကာ အအေးခံသည်။ " မနေ့က ရတဲ့ ခွာနှစ်ခုရှိတယ်မလား? တစ်ခုကို မနက်ဖြန်မနက်နှပ်လိုက်မယ်။ နေ့လည်မှာ နှပ်ရမယ်။ ဒီနေ့ဟာလည်း သုံးမယ်"

"ချိုချိုချဥ်ချဥ်ဝက်နံရိုးနဲ့ ဆော့စ်။ မင်းတို့တတိယအဒေါ်ပို့လိုက်တဲ့ ဝက်ပေါင်ခြောက်တစ်ပေါင်ကို ကြော်ပြီး ထမင်းချက်လိုက်မယ်။ ထျန်ထျန် သမီးဘယ်လိုသဘောရလဲ?"

ကျန်းထျန်လည်း စားချင်ပေမယ့် ဒီလိုမျိုးနေ့တိုင်းစားလျှင် ဖြုန်းတီးသလိုများ‌ဖြစ်နေမလား?

"အမေ၊ တတိယကလေး ဝယ်လာတဲ့စားစရာဘယ်လောက်စားမယ် တွေးထားလဲ?" ကျန်းထျန် မေးလိုက်သည်။

ရွှီကျင်းဖန် ပိတ်စွယ်ယပ်တောင်နှင့် ကျန်းထျန်ကို ပုတ်ကာ "သမီးစိတ်မပူနဲ့။ စားဖို့လောက်တယ်။ သမီးခန္ဓာကိုယ်က အားပြန်ဖြည့်ဖို့လိုတာ။ မနေ့က ‌အမေ ဆေးတည်ဖို့အချိန်မရလိုက်ဘူး။ ခဏနေ အမေ တည်လိုက်မယ်။ သမီး အိပ်ရာမဝင်ခင် သောက်ပေါ့"

ကျန်းထျန် - "တရုတ်ရိုးရာဆေးလား?"

ရွှီကျင်းဖန် - "အင်းပေါ့"

" ခါးလား?" ကျန်းထျန် သတိထားမေးကာ တကယ်၍ ခါးသည်ဆိုလျှင် သူမ စားနေသော ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။

ကုလျန်ရွှမ် ကြက်သီးထကာ သူ့လည်ပင်းကို မသက်မသာကျုံ့လိုက်သည်။

"ခါးတာက ကောင်းလို့‌ပေါ့" ရွှီကျင်းဖန်ပြောလိုက်သည်။ "တရုတ်ဆေးဆို မခါးတာမရှိဘူး။ ကောင်းတဲ့ဆေးမလို့ ခါးတာ။ ဆေးက သောက်ရမယ်"

"ဆေးသောက်ပြီးပြီးချင်း အချိုစားလို့မရဘူး" ရွှီကျင်းဖန်စိုးရိမ်စွာ‌ ပြောလိုက်သည်။

ကျန်းထျန် -.... သွားပြီ။ သူမ ဆေးကို လုံးဝမသောက်ချင်တော့။

"အမေ။ သမီး တစ်ကျိုက်တည်းနဲ့ ကုန်အောင်‌သောက်လိုက်မယ်!" ကျန်းထျန် စိတ်ထဲ တစ်မျိုးတွေးပေမယ့် အပြင်တွင်တော့ ဟန်ဆောင်ရသည်။

မကြာခင် ပေါက်စီတစ်အိုး ကျသည်။ ထိုအချိန်လောက် ကုလျန်ရုန်အလုပ်မှ ပြန်လာကာ အနောက်ခြံသွားပြီး မျက်နှာသစ်လိုက်သည်။

ကုလျန်ရွှမ် ပန်းကန်လုံးထဲက ဆော့စ်ကို ကြည့်ကာ ကုလျန်ရုန်ကို လက်ဝေ့ရမ်းရင်း ပြောလိုက်သည်။ "တတိယညီ၊ မင်းမရီးရဲ့ အကြံအသစ်ဆော့စ် ချိုချိုချဥ်ချဥ်။ လာမြည်းကြည့်လိုက်"

ကျန်းထျန် - ... ကုလျန်ရွှမ်။ ရှင့်ကို အစ်ကိုကောင်းလို့ ထင်ထားတာ

ကုလျန်ရုန် ပြင်မထားကာ သူ အားပေးသည်ကို ပြရန် တူကနေ ဇွန်းပြောင်းပြီး ဇွန်းအပြည့်ခပ်ကာ ပါးစပ်ထဲထည့်လိုက်သည်။

နောက်စက္ကန့်တွင် သူ့အမူအရာချက်ချင်းပြောင်းကာ "ရေ၊ မြန်မြန်ရေ‌ပေးကြပါ"

ကုလျန်ရုန် သူ့ပါးစပ်ထဲ ဆော့စ်ရှိသေးကာ ထွေးလည်းမထုတ်။ ထို့ကြောင့် သူ အသားလုံး ပန်ကိတ်ကို လက်တစ်ဆုပ်ယူပြီး ပါးစပ်ထဲ ထိုးထည့်လိုက်သည်။

ကျန်းထျန် ဆက်မကြည့်နိုင်တော့ဘဲ ကုလျန်ရွှမ်ကို ကြည့်လိုက်ရာ သူက အမူအရာမဲ့နေပြီး နှုတ်ခမ်းထောင့်ကတော့ အနည်းငယ်တက်နေသည်ကို တွေ့လိုက်သည်။ တကယ့်ကို ညီအကိုစိတ်မရှိ။

ကုလျန်ရုန်လည်း အဲ့လိုတွေးသည်။ သူ အားပြန်ရလာသောအခါ ဆော့စ်တစ်ဇွန်းအပြည့်ကို ကုလျန်ရွှမ်ဆီယူသွားသည်။ နှုတ်ခမ်းထောင့်က တွန့်နေပေမယ့် အတတ်နိုင်ဆုံး အမူအရာမဲ့အောင်နေကာ "အကိုကြီး ကိုယ့်ဘာသာစားမလား? ညီလေး၊ ကျွန်တော် ကူပေးရမလား?"

ကျန်းထျန် - "..." မြန်မြန် သူမလည်း ကြည့်ချင်သည်။

ကုလျန်ရွှမ် တစ်ခါရှူံးပြီး၍ ဒီတစ်ခါ သူ့ဘာသာစားရန်ရွေးချယ်လိုက်ပေမယ့် အသားလုံး‌နှင့်ရောလိုက်သည်။

ကုလျန်ရုန် သူ့ကို လက်ညှိုးထိုးကာ ခုန်ပြီး "အစ်ကို၊ လှည့်စားတာပဲ!"

ကုလျန်ရွှမ် မျက်စောင်းအနည်းငယ်ထိုးကာ "အစ်ကို စားပါမယ်"

ကုလျန်ရုန် - ....

ပေါက်စီတစ်အိုးရပြီးနောက် ကုလျန်ရုန် ခြင်းထဲ တူနှင့် ထည့်လိုက်သည်။

အရှေ့တံခါး ခေါက်သံကြား၍ ရွှီကျင်းဖန် တံခါးသွားဖွင့်လိုက်သည်။ ကုရှန်းလီ ပေါက်စီတစ်ခြင်းနှင့်ရောက်လာခြင်းဖြစ်သည်။ "အဒေါ်၊ ကျွန်တော့်မိဘတွေ ပို့ခိုင်းလိုက်တာ"

ရွှီကျင်းဖန် အနောက်ခြံသို့ ဖိတ်လိုက်ပြီး "အဒေါ်တို့အိမ်လည်း ပေါက်စီလုပ်တာ။ မျှစ်စို့ ကြက်သွန်ဖြူ အစာထည့်ထားတယ်။ သား ခြင်းနဲ့ အိမ်ပြန်ယူသွားလိုက်။ အသားလုံးကြော် ပန်ကိတ်တွေလည်း ရှိတယ်။ သားအိမ်က လူတွေကြိုက်မှာ "

အနောက်ခြံရောက်သောအခါ ကုလျန်ရုန် သူ့ပါးစပ်ထဲတွင် ပန်ကိတ်တစ်ခုရှိပြီး ကုရှန်လီရောက်လာသည်ကို မြင်သောအခါ တိုဖူးလုံး ယူလာပြီး ဆော့စ်ကို ညွှန်ပြရင်းပြောလိုက်သည်။ "ဒီဆော့စ်နဲ့ စားကြည့်။ အရသာအရမ်းရှိတယ်"

ကုရှန်းလီက သူ့အဖေ ကုပေါင်ကောနှင့် တထေရာတည်း တူသည်။ တရုတ်‌မျက်နှာပေါက် မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့်ဖြစ်ပြီး သွားပေါ်အောင်ပြုံးသောအခါ အလွန်ရိုးရှင်းပြီး ရိုးသားသည့်ပုံပေါ်သည်။

"အစ်ကိုလျန်ရွှမ်၊ မရီး၊ ကျွန်တော့်အမေက ကျွန်တော့်ကို ပေါက်စီပို့ခိုင်းလိုက်လို့ "နှုတ်ဆက်ပြီးနောက် သူ အသားလုံးတစ်ခုယူကာ ဆော့စ်ထဲနှစ်၍ စားလိုက်သည်။ "အရသာရှိတယ်!" အနည်းငယ်ချဥ်သည့်တစ်ခုသာရှိသည်။

ရွှီကျင်းဖန် ကုရှန်လီ၏ ခြင်းကို အသားလုံးများ ပေါက်စီများ ပန်ကိတ်များနှင့်အပြည့်‌ဖြည့်ပေးလိုက်သည်။ ဒုတိယအိုးမကျက်ခင် ရွှီကျင်းဖန် တစ်ယောက်ကို စားပွဲပြင်ခိုင်းလိုက်သည်။ သူတို့ အနောက်ခြံက လေးထောင့်စားပွဲတွင် စားကြသည်။

ပေါက်စီအိုးပေါ်က ကျသောအခါ နောက်တစ်အိုးကို တစ်ခါတည်း တည်သည်။

ကျန်းထျန်‌ လေးထောင့်စားပွဲတွင် ထိုင်ကာ သူမ‌ ညာဘက်တွင်် ကုလျန်ရွှမ်နှင့် ကုလျန်ရုန် ပေါက်စီကို မှုတ်နေကြသည်။ ကျန်းထျန်လည်း ခေါင်းငုံံံ့၍ `ဘန်း´ "အ...~"

အသံကြား၍ ရွှီကျင်းဖန်‌ အမြန်လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ?"

ကျန်းထျန် သူမပါးစပ်ကို အုပ်ကာ မျက်လုံးထဲတွင်တော့ မျက်ရည်များနှင့်ဖြစ်သည်။ "အမေ၊ သမီး လျှာကိုက်မိလို့"

All Chapters