← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

"သမီး ဘာလို့ ကိုက်မိတာလဲ? သမီး မစားရ‌သေးဘူးမလား?" ရွှီကျင်းဖန် ရေတစ်ခွက်အမြန်ထည့်ပေးလိုက်ပြီး ကျန်းထျန်နဖူး နီနေ‌သည်ကို မြင်၍ သူမမေးလိုက်သည်။ "ဘာဖြစ်လဲ အမေ့ကို ‌ပြော"

ကျန်းထျန် ကုလျန်ရွှမ်ကို ညွှန်ပြလိုက်ပြီး ရွှီကျင်းဖန်ကို တိုင်လိုက်သည်။ "သူ သမီးကို ရိုက်တာ!"

မျက်ခုံးနီနေသော ကုလျန်ရွှမ် - !!!

ခေါင်းတိုက်သည်ကို ‌မြင်လိုက်သော ကုလျန်ရုန် သူ့လက်ထဲပန်းကန်လုံးနှင့် ‌သူ မပါရန် ဝေးဝေးသွားလိုက်သည်။

" မင်းဖရဲသီးလိုခေါင်းက ဘယ်လောက်မာတယ်မသိဘူးလား? စားဖို့ပဲသိတယ်။ ဘာလို့အရမ်းဆာနေတာလဲ? အကြီးဆုံးအစ်ကိုလည်း ဖြစ်နေသေးတယ်။ အိုးဘေးထိုင်နေပြီး ငတ်မှာစိုးနေ‌သေးတယ်" ရွှီကျင်းဖန် ကျန်ထျန်၏ နီသွားသောနေရာကို ပွတ်ပေးပြီး ကြည့်လိုက်ရာ ညိုမဲစွဲနေသည်။

ကုလျန်ရွှမ် - "..." သူ ပန်းကန်လုံးကို ကျန်းထျန်ရှေ့တွန်းလိုက်ပြီး နှုတ်ခမ်းစေ့ကာ သနားစရာကောင်းသည့်ပုံစံဖြစ်ပြီး "မင်းအရင်စား"

ကျန်းထျန် စုတ်သပ်ကာ လျှာမှ အနာကို သက်သာအောင်နေသည်။ သူမ ကုလျန်ရွှမ်၏ သနားစရာကောင်းသည့်ပုံကို ကြည့်ပြီး မှားသလိုမခံစားရပေ။ ကုလျန်ရွှမ်က လှည့်စားတတ်သည်။ သူမအရင်စားရမည်!

ကျန်းထျန် ခေါင်းငုံ့ကာ ပေါက်စီကို တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ လျှာမှအနာနှင့် အပူကို သည်းခံကာ ပေါက်စီကို ဖြေးဖြေးချင်း စားလိုက်သည်။

ခြင်းလေးထဲက အစာပေါင်းစုံနှင့် အသားပေါက်စီများကို ကြည့်ပြီး ကျန်းထျန် မဝသေးပေမယ့် ဘာမှမလုပ်နိုင်။ ခုန သူမလျှာကိုက်မိသောအခါ သူမ အားလုံးဝမရှိတော့။ သူမ ‌ပေါက်စီဘယ်လောက်စားချင်စားချင် သူမ မကိုက်နိုင်တော့။

ကျန်းထျန် ဒီလိုဖြစ်သည်ကို မြင်၍ ရွှီကျင်းဖန် ကုလျန်ရွှမ်ကို မျက်‌စောင်းတစ်ခါထိုးလိုက်သည်။ "အမေ သမီးဖို့ အစာမတူ‌တဲ့ ‌ပေါက်စီနှစ်လုံးချန်ထားမယ်။ ရေတွင်းထဲ ထား‌ထားမယ်။ သမီးလျှာသက်သာရင် စားလိုက်နော်"

ပေါက်စီယူရန်ကမ်းနေသော သူ့လက်ကို ကုလျန်ရွှမ် တိတ်‌တိတ်လေး ပြန်ရုတ်လိုက်သည်။

ကျန်းထျန် အားနည်းစွာ ခေါင်းညိတ်လိုက်သည်။ သူမ အကြာကြီး ‌စောင့်စားနေရသော‌ အသားပေါက်စီများအား မစားရသသေးကဲ့သို့ အရသာမရပေ။ အားလုံး ကုလျန်ရွှမ် အမှားဖြစ်သည်။

နောက်ဆုံး ကုလျန်ရွှမ် မစားတော့ဘဲ သူ့လက်ထဲ ပေါက်စီတစ်ပန်းကန်လုံးကိုင်ကာ ကျန်းထျန်နှင့် အရှေ့ခန််းပြန်လိုက်သည်။

ကျန်းထျန် အိပ်ရာပေါ် ခြေချိတ်ထိုင်ကာ မျက်လုံးများက အသက်မဲ့နေပြီး ခုံစောင်းရှေ့တွင် ပေါက်စီစားနေ‌သော ကုလျန်ရွှမ်ကို မလှုပ်မယှက်ငေးကြည့်နေသည်။

သူမ မျက်လုံးများက အလွန်တိုက်ရိုက်ဖြစ်ပြီး လူဆီကို ဒေါသအပြည့်နှင့် ပေါက်စီကိုတော့ စားချင်နေသည့်လောဘနှင့်ဖြစ်သည်။ အလွန်အရေခွံထူသော ကုလျန်ရွှမ်ကတော့ အစအဆုံး ပေါက်စီကို တစ်ပုံစံတည်းစားသည်။

ကျန်းထျန် သူမ ကျောင်းတွင် ဒီလိုအာရုံစူးစိုက်မှုမျိုးရှိခဲ့ပါက သူမ ပေကျင်းတက္ကသိုလ် ဟွားတတက္ကသိုလ် ရွေးနိုင်လောက်သည်။

ရွှီကျင်းဖန် တံခါးခေါက်ပြီး ကျန်းထျန်အတွက် ဆေးပို့ရန် အခန်းထဲဝင်လာသည်။ "ဆေးက ပူနေသေးတယ်။ စားပွဲပေါ်ထားပြီး အအေးခံလိုက်။ သောက်လို့ရရင် သောက်လိုက်တော့"

ကျန်းထျန် ရွှီကျင်းဖန်လက်က ဆေးပန်းကန်လုံးကို အနံ့ခံကြည့်ရာ ချက်ချင်းပင် ပြောမပြတတ်သောအခါးနံ့ကို ရသည်။ ဆေးတောင့်ထဲက ဆေးမှုန့်ထက်ပင် ပိုခါးသည့်အနံ့ရသည်။

ဒီအနံ့ကို ရရချင်း ကျန်းထျန် မအန်ချင်ဘဲ မနေနိုင်ပေ။ "အမေ၊ ဒါက..." ကျန်းထျန် သူမနှာခေါင်းကို ပိတ်ကာ ခန္ဓာကိုယ်ကို နောက်ဆုတ်လိုက်ပြီး တစ်ကိုယ်လုံးငြင်းဆန်နေသည်။

ကျန်းထျန် စကားမဆုံးခင် ရွှီကျင်းဖန် ဖြတ်ပြောလိုက်သည်။ "မရဘူး။ ဒါက ဆေး။ သမီးသောက်ရမယ်။ အမေ စားပွဲ‌ပေါ် တင်ထားခဲ့မယ်။ မနက်ဖြန် ဆေးပန်းကန်လုံးလာသိမ်းရင် ပြောင်နေတာပဲ အမေမြင်ချင်တယ်"

ကျန်းထျန် - (T_T) သူမ ဆက်‌မနေချင်တော့။

ရွှီကျင်းဖန် ပန်းကန်လုံးကို စားပွဲပေါ်တင်ပြီး ပေါက်စီထည့်သည့် ပန်းကန်လုံးက ပြောင်နေသည်ကို မြင်၍ သူမ ယူသွားလိုက်ပြီး ဆေးကြောလိုက်သည်။

ကုလျန်ရွှမ် ပုံမှန်အတိုင်း ပေါက်စီစားနေသည်ကို ကျန်းထျန် မြင်၍ အံ့သြစွာ မေးလိုက်သည်။ "ရှင် အခါးနံ့မရဘူးလား?"

ကုလျန်ရွှမ် ပေါက်စီဝါးနေသည်ကို မျိုချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ကိုယ်အနံ့ရတယ်"

ပေါက်စီစားပြီးနောက် ကုလျန်ရွှမ် အံဆွဲထဲက ဆေးကိုယူပြီး လက်ထဲထည့်ကာ ခေါင်းမော့ပြီး ပန်းကန်လုံးထဲကရေနှင့် မျှောချလိုက်သည်။

ကျန်းထျန် - "..." သူမ ဒီလိုဆေးသောက်ကြမ်းတမ်းသည့်ပုံစံကို အကြိမ်အများကြီး မြင်ဖူးသည်။ မြေဝါရောင်စာရွက်ဖြင့် ထုတ်ထား‌သောဆေးက သကြားမအုပ်ထားဟု ပြောလျှင် မပို။ ကျန်းထျန်အတွေ့အကြုံအရ ဒီလိုဆေးမျိုးက လျက်လျှင်တောင် သေစေနိုင်သည်အထိခါးသည်။

ကုလျန်ရွှမ်ကတော့ ပုံမှန်အတိုင်းဖြစ်ကာ မျက်မှောင်မကြုတ််ဘဲ အစားစားသလိုဖြစ်သည်။

" ကုလျန်ရွှမ်၊ ဆေးကို ကျွန်မအစားမြည်းကြည့်ပါလား?" ကျန်းထျန် သူမလက်ဖဝါးနှစ်ခုကို ‌ရင်ဘတ်ရှေ့အတူတူထားလိုက်ပြီး သတိထားမေးလိုက်သည်။

ကုလျန်ရွှမ် - " မရ ..." သူ ငြင်းသည့်စကား‌မပြောခင် ကျန်းထျန်ပြောလိုက်သည်။ " ရှင်သိတဲ့အတိုင်း ခုန ကျွန်မ လျှာကိုက်‌မိထားတော့ ပူမှာစိုးလို့ပါ" အဓိကအကြောင်းပြချက်ကတော့ သူမ ခံရမှာကြောက်၍ ဖြစ်သည်။

ကုလျန်မင် ပါးစပ်နားရောက်နေသော စကားလုံးများကို ပြန်မျိုချလိုက်သည်။

" ပူမှာကြောက်ရင် မသောက်ခင် အေးအောင်‌စောင့်လိုက်‌‌"

ကျန်း‌ထျန် မျက်တောင်ခတ်ကာ "ဒါပေမယ့် အခု ကျွန်မ ဆေးက ခါး မခါးသိချင်တာ"

ကုလျန်ရွှမ် - "... ခါးတယ်" သေချာပေါက်ခါးသည်။

ကျန်းထျန် - "ဒါဆို ဘယ်လောက်ခါးတာလဲ?"

ကုလျန်ရွှမ်ကို လွယ်လွယ်လှည့်စား၍မရပေ။ သူ ကျန်းထျန်၏ မျက်နှာတွင် မ‌သောက်ချင်ဟု ပေါ်နေသည်ကို မြင်၍ သူမအတွေးများကို လွယ်လွယ်ခန့်မှန်းနိုင်သည်။

သူ ကျန်းထျန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ " ဆေးသောက်တဲ့ လျှို့ဝှက်နည်းလမ်းက နှာခေါင်းပိတ်ပြီး တစ်ခါတည်း‌သောက်ရင် အေးဆေးသောက်လို့ရတယ်။ ကိုယ့်အံဆွဲထဲမှာ သကြားလုံးရှိတယ်"

ကျန်းထျန် သူပြောသောလျို့ဝှက်ချက်များကို အရင်ဘဝကTV ဒရာမာများတွင် ကြည့်ဖူး၍ သိပြီးဖြစ်ကာ အကုန်အသုံးမဝင်။ သို့သော် ဆေးသောက်ပြီး သကြားလုံးစားရမည့်အချက်ကိုတော့ မငြင်းနိုင်။

ဆေးပန်းကန်လုံးကို ရှေ့ယူလိုက်ပြီး ကျန်းထျန် ခေါင်းငုံ့ကာ ပန်းကန်လုံးထဲက တရုတ်ဆေးမည်းမည်းကို ကြည့်ပြီးနောက် ပြတင်းပေါက်ဘက် ခေါင်းလှည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ နောက် နှာခေါင်းပိတ်ပြီး ပန်းကန်လုံးကို အမြန်မကာ တဝက်ကို သောက်လိုက်သည်။

" မရတော့ဘူး... ကုလျန်ရွှမ် ကျွန်မကို သကြားလုံးမြန်မြန်ပေး!" ကျန်းထျန် မျက်နှာတစ်ခုလုံးရှုံ့မဲ့ကာ လျှာထုတ်ပြီး သေအံ့ဆဲဆဲကဲ့သို့ အသက်ရှူထုတ်နေသည်။

ကုလျန်ရွှမ် ချောင်းဟန့်ကာ သတိပေးလိုက်သည်။ "ပန်းကန်လုံးတဝက် ကျန်သေးတယ်"

ကျန်းထျန် ပန်းကန်လုံးထဲ ကျန်နေသောဆေးကိုကြည့်ပြီး ခေါင်းလှည့်ကာ ရေတိုအနာက ရေရှည်ထက်ပိုကောင်း၍ သူမမျက်လုံးမှိတ်ကာ အကုန်‌သောက်လိုက်သည်။

"ကျွန်မ သောက်လို့ပြီးပြီ။ သကြားလုံးဘယ်မှာလဲ?" ကျန်းထျန် ပန်းကန်လုံးကို စားပွဲပေါ် အမြန်ချကာ ပလုတ်ကျင်းလိုက်ပေမယ့် ဆေး၏အခါးအရသာက ပါးစပ်ထဲ စွဲကျန်နေသလိုဖြစ်ပြီး ရေ‌ဘယ်လောက်သောက်‌သောက် မပျောက်။

ကုလျန်ရွှမ် ကျန်းထျန်အကြည့်ကို ရှောင်ကာ "အမေက မင်း သကြားလုံးမစားရဘူးလို့ ကိုယ့်ကို စောင့်ကြည့်ခိုင်းထားတယ်"

ကျန်းထျန် ; `ရှင် သေလိုက်သင့်တယ်။ ရှင်မပေးလည်း ကျွန်မဘာသာယူလို့ရတယ်။´

ကုလျန်ရွှမ် ခုနက အံဆွဲထဲသကြားလုံးရှိသည်ပြော၍ ကျန်းထျန် ကုတင်အစွန်းတွင်ထိုင်နေကာ စားပွဲက သူမရှေ့ဖြစ်သည်။ သူမ ကုန်းပြီး အံဆွဲကို ဆွဲလိုက်‌ပေမယ့် ကုလျန်ရွှမ် သူမကို တားကာ "မရဘူး! မင်း ငယ်တုန်းပဲ သကြားလုံးဟစားလို့ရတာ "သကြားက ဆေးဓါတ်ကို ပျယ်စေသည်။

ကျန်းထျန် သူမလက်ကို ပြန်ဆွဲထုတ်ပေမယ့် မရ။ ထိုအခါမှ သူမ ဒီနေ့ ဒုက္ခခံရသည်မှာ သူမခြေလက်များ အားမရှိ၍ ဖြစ်သည်။ " ရှင်ခုနက ကျွန်မ အားမရှိတာကို အခွင့်ကောင်းယူတာမလား?" ကျန်းထျန် အံကြိတ်ကာ သူမနေပြန်ကောင်းလိုက်လျှင် ကုလျန်ရွှမ်ကို ရေမပါဘဲ‌ သူ့ဆေးများကို ဝါးခိုင်းမည်။

ကုလျန်ရွှမ် အံဆွဲသော့ကို လက်တစ်ဖက်ဖြင့် ပိတ်ကာ ‌သော့ကို ထုတ်ပြီး သူ့အိတ်ကပ်ထဲ ထားလိုက်သည်။ "ကိုယ် မင်းကောင်းဖို့ လုပ်တာပါ။ ခဏသည်းခံလိုက်ပါ"

ကျန်းထျန် အနံ့ခံကာ "ကုလျန်ရွှမ်၊ ကျွန်မကို သကြားလုံးတစ်လုံးပဲပေး။ တစ်လုံးတည်း။ ကျွန်မ အခု မစားဘူးလို့ ကတိပေးပါတယ်"

ကုလျန်ရွှမ် ခေါင်းခါကာ ကျန်းထျန်၏ ဆိုးရွားသော သရုပ်ဆောင်စကေးကြောင့် အရူးလုပ်ခံရမည်မဟုတ်ပေ။

ကျန်းထျန် နေ့လည်က ခရမ်းချဥ်သီးဆော့စ်က မချဥ်ဘူးဟု ပြောခဲ့သည့်အတိုင်း အခု သူမ မစားဘူး ‌ပြောပေမယ့် သူမသေချာပေါက် စားမှာဖြစ်သည်။ ယုံသည့်သူက အရူးဖြစ်သည်။

ကျန်းထျန် - ....

ဒီနေ့ပြီးနောက် ကုလျန်ရွှမ်က ကုမိသားစုတွင် သူမအမုန်းဆုံးလူ မဟုတ်ဘူး ၆ခုမြောက်ထုတ်လုပ်ရေးအဖွဲ့တွင် သူမအမုန်းဆုံးလူဖြစ်သည်ဟု ကျိန်ဆိုရဲသည်။

သူမလက်ကို လွတ်အောင် ရုန်းနေပြီးနောက် ကျန်းထျန် သူ့ကို ဒေါသထွက်စွာ မေးလိုက်သည်။ " ရှင် မလွှတ်ပေး‌သေးဘူးလား? ကျွန်မအိပ်တော့မယ်"

‌ငုံ့ကြည့်ရာ သူ ကျန်းထျန်လက်ကို ကိုင်ထားသည်ကို မြင်၍ ကုလျန်ရွှမ်နား ချက်ချင်း ပူလာကာ လက်ကို အမြန်‌ဖယ်ပြီး တိုးတိုးပြောလိုက်သည်။ " မင်းအိပ်လို့ရပြီ"

ကျန်းထျန် လှည့်ကာ ကုတင်‌စွန်းပေါ် တက်လိုက်ကာ ခေါင်းအုံးကို ကုတင်ခေါင်းရင်းသို့ အားနှင့်ပစ်လိုက်ပြီး ကုလျန်ရွှမ်ကို မျက်စောင်းထိုးကာ လှဲချလိုက်သည်။၂စက္ကန့်မပြည့်ခင် ကျန်းထျန် ပြန်ထကာ ခုံ‌စောင်းသို့သွားပြီး ‌ရေခရားမှ ရေအားလုံးကို ‌သောက်လိုက်ကာ ကုလျန်ရွှမ်ဖို့ ဘာမှ မချန်ထားပေ။

ကျန်းထျန် စောင်ခြုံပြီးနောက် ငြိမ်သွားပြီးမှ ကုလျန်ရွှမ်လည်း ငြိမ်ငြိမ်လေး ကုတင်ပေါ်တက်လိုက်သည်။

ဒေါသထွက်နေ၍ ကျန်းထျန် တညလုံး မသက်မသာအိပ်ရသည်။ သူမလျှာက ထုံပြီး ယားကာ ပါးစပ်ကလည်း ခါးနေသေးသည်။ ဘေးက ကုလျန်ရွှမ်ကလည်း လှုပ်နေသည်။ သူမ ကောင်းကောင်းအိပ်မပျော်၍ နောက်တစ်နေ့ ကြက်တွန်သောအခါ နိုးလာသည်။

"သကြားလုံးစားမလား?"ကျန်းထျန် မလှုပ်ခင် ကုလျန်ရွှမ် အရင်ပြောလိုက်သည်။

သူမ ကုလျန်ရွှမ်ကို ‌ကျောပေးကာ အဝေးသွားပြီး နားအုပ်ကာ "ကျွန်မ အခု ရှင့်ကို စကားမ‌ပြောချင်သေးဘူး "သူမ စိတ်‌တိုနေတုန်းဖြစ်သည်!။

ပြောပြီးနောက် ကျန်းထျန် နားကို အုပ်ထား‌သောလက်ချောင်းများကို နည်းနည််းဟလိုက်ပေမယ့် ကုလျန်ရွှမ်က တိတ်ဆိတ်နေသည်။

ပါးစပ်ထဲ အခါးအရသာက တစ်ညလုံး စွဲကျန်နေ၍ အခု ကျန်းထျန် စားချင်စိတ်လုံးဝမရှိ။ သကြားလုံး မပြောနှင့် ဘာမှ မစားချင်။

"မင်းဘာစားချင်လဲ?" ကုလျန်ရွှမ် ကျန်းထျန်ကျောကို ‌ကြည့်ကာ မေးလိုက်သည်။ "ကိုယ် မီးဖိုချောင်သွားပြီး မင်းအတွက် လုပ်ပေးမယ်"

ကျန်းထျန်‌ မျက်စောင်းထိုးလိုက်သည်။ သူကဖြင့် သူမအတွက် ချက်မပေးနိုင်ဘဲနဲ့ ပြောနေသေးသည်။

"ဆီးသီးနဲ့ ဂျင်းဆန်ပြုတ်?" ကုလျန်ရွှမ် ဆက်မေးလိုက်သည်။ "ဖရုံသီးပန်ကိတ်? အသားပေါက်စီ? အသားလုံး? "ကျန်းထျန် ဘာမှမပြော။

"မင်း ပဲနို့ သောက်ချင်လား?" ကုလျန်ရွှမ် မနေ့ညက သိပ်မအိပ် သူအချိန်ရေတွေက်ရင်း ကျန်းထျန်ကို နာရီဝက်ပြီးမှ ‌ပေးရန်စောင့်ရင်း စောင့်ရင်း ကျန်းထျန် အိပ်မောကျသွားသည်။ နောက် အရမ်းနောက်ကျသွားပြီး သူ့လက်က သကြားလုံးအရည်ပျော်သွားကာ ‌သူ မပေးရဲတော့။ ကျန်းထျန် စိတ်ဆိုးမည်ကို စိုးရိမ်ကာ အခုတကယ်ဖြစ်လာသည်။

ကျန်းထျန် စောင်ခေါင်းမြီးခြုံကာ ခဏကြာပြီးနောက် သူမပြောလိုက်သည်။ "ကျွန်မ အီကြာ‌ကွေးစားချင်တယ်။ ပဲနို့ထဲမှာ ပျားရည်ထည့်ရမယ်!"

ကုလျန်ရွှမ် အခုမှ စိတ်အေးသွားသည်။ သူ မေးလိုက်မိသည်က ကောင်းသည် မဟုတ်လျှင် သူ အခွင့်အရေးမရှိတော့။ "ကောင်းပြီ။ အကုန်မင်းစိတ်ကြိုက်ပဲ"

ကျန်းထျန် ဖြည်းဖြည်းချင်းထလာပြီး ကုလျန်ရွှမ်ကို ‌အနောက်ခြံတွင် ကိုယ်လက်သန့်စင်ရန် တွန်းပို့ပေးလိုက်သည်။

အခုအချိန်တွင် သွားတိုက်တံနှင့် သွားတိုက်ဆေးမှာ အလွန်ရိုးရှင််းသည်။ သွားတိုက်တံက သစ်သားနှင့် လုပ်ထားကာ သွား‌တိုက်ဆေးက ပုံးအကြီးတစ်ပုံး ၅၀ဆင့်ပေးရသော ပူရှိန်းအရသာ သွားတိုက်ဆေးမျိုးဖြစ်သည်။ သွားတွင် အေးကာ အနံ့လည်းကောင်းသည်။ အခုအချိန်တွင် ထုတ်လုပ်ရေးအဖွဲ့တွင် အလွန်ရှားသည်။

"အနောက်ခြံက မြေမီးဖိုမှာ ကြော်လိုက်မယ်။ မနေ့ကကျန်တဲ့ဆီနဲ့ မုန့်နှစ်နယ်လိုက်မယ် "ကုလျန်ရွှမ် လက်က အင်္ကျီကို ခေါက်တင်ကာ လေးထောင့်စားပွဲတွင်် မုန့်နှစ်ကိုနယ်လိုက်သည်။

ကျန်းထျန် မြေမီးဖိုရှေ့ ဆောင့်ကြောင့်ထိုင်ကာ မီးခြစ်ဆံသုံး၍ မီးမွှေးသည်။

ရွှီကျင်းဖန် အရှေ့ခြံက အသံများကိုကြား၍ ထွက်လာကာ သူမမြင်လိုက်သည်က လူနှစ်ယောက် အီကြာကွေးကြော်နေသည့် မြင်ကွင်းဖြစ်သည်။ သူမ ကောင်းကင်ကို ကြည့်ကာ "သမီးတို့ ဘာလို့ အစောကြီး ထနေရတာလဲ? ဗိုက်ဆာလို့လား? "ထျန်ထျန်က မနေ့က သိပ်မစားလိုက်ရ၍ သူမ မီးဖို‌တွင် ပေါက်စီ နှစ်လုံး ချန်ထားကာ ပိုကျန်မလား သူမ အခုကြည့်ရမည်။

သူမ မီးဖိုရှေ့သို့လာလိုက်သည်။ "အီကြာကွေးအပြင် တခြား ဘာစားချင်သေးလဲ? ရှောင်းမင် ပဲနို့လဲခဲ့တယ်မလား? အပူပေးရအောင်"

ကုလျန်ရွှမ် ကြွပ်ရွကာရွှေရောင်သန်းနေသောအီကြာကွေးများကို ပန်းကန်ထဲထည့်ပြီး ပြောလိုက်သည်။ "လူတစ်ယောက် ကြက်ဥတစ်လုံးဆိုလောက်လောက်တယ်" မနက်စာအများကြီး မစားကြ၍ဖြစ်သည်။

ကျန်းထျန် လက်မြှောက်ကာ "ကျွန်မဖို့ ကြက်ဥကြော်ပေးလို့ရမလား?"

ကုလျန်ရွှမ် ဘာမှမတွေးဘဲ သဘောတူလိုက်သည်။ သူ အခု အကုန်အလိုလိုက် စကားနာခံရမည်ကို မမေ့။

ရွှီကျင်းဖန် မျက်လုံးမှေးကာ အီကြာကွေးကို ကြည့်လိုက် မီးမွှေးနေသော လူနှစ်ယောက်ကို ကြည့်လိုက်နှင့် ချက်ချင်း စိတ်ကြည်သွားသည်။ ဒီအီကြာကွေးများက ကောင််းကောင်းကြော်ထားသည်ပဲ။

All Chapters