← Chapters

တစ်ယောက်တည်း လေလံပွဲ

Vol. 17 Ch. 247

တစ်ယောက်တည်း လေလံပွဲ

Vol. 17 Ch. 247

ထိုအချိန်မှာပဲ စင်မြင့်ပေါ်ရှိ လန်ယွဲ့ရုံ၏ အပြုံးသည် မပြောင်းလဲဘဲ ရှိနေခဲ့ကာ နောက်ထပ်ပစ္စည်းကို ယူဆောင်လာဖို့ အစေခံများအားလက်ဟန်ပြလိုက်ချေသည်။

“ဒီထူးခြားတဲ့ အဖိုးတန်ပစ္စည်းကို ရရှိသွားတဲ့ပိုင် မျိုးနွယ်ကို ဂုဏ်ပြုပါတယ်။ ဒီပစ္စည်းရဲ့ အမှန်တကယ်တန်ဖိုးကို တွေ့ရှိနိုင်ပါစေ”

သူမ အသံသည် ရှင်းလင်းပြတ်သားပြီး ချောမွေ့ကာ ဆွဲဆောင်မှုအပြည့်နှင့် ခန်းမတစ်လျှောက် ပျံ့နှံ့သွားပေသည်။

“လေးစားအပ်ပါသော ဧည့်သည်တော်များ၊ ဒီလေလံပွဲရဲ့ နေရာတိုင်းမှာ အံ့အားသင့်စရာတွေ စောင့်ကြိုနေတယ်ဆိုတာကို သင်တို့ မြင်တွေ့ပြီးပါပြီ။ အချို့အဖိုးတန်ပစ္စည်းတွေက သာမန်လိုပဲ မြင်ရနိုင်ပေမဲ့ အလွန်ရိုးရှင်းတဲ့ ကျောက်တုံးတစ်တုံးတောင် မမြင်ရတဲ့ အလင်းရောင်ကို ဖုံးကွယ်ထားနိုင်ပါတယ်။ စိတ်ချပါ—နောက်ထပ် လာမယ့်အရာက သင်တို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”

အစေခံတစ်ယောက်သည် ရှေ့တက်လာပြီး အရောင် တောက်ပသော သစ်လုံးသေတ္တာတစ်လုံးကို ကိုင်ဆောင်ထားချေသည်။ သေချာပန်းထိုးထားမှုနဲ့အတူ ဖွင့်လိုက်သည့်အခါ သာမန် ငွေရောင် လက်စွပ်တစ်ကွင်း ပေါ်လာ၏

“ဒါက သိုလှောင်လက်စွပ်တစ်ကွင်း ဖြစ်ပါတယ်” လန်ယွဲ့ရုံက ရှင်းပြလေသည်။ “သာမန် သိုလှောင်လက်စွပ်တွေထက် သိုလှောင်နိုင်စွမ်း ဆယ်ဆ ပိုကြီးမားပါတယ်။ ခရီးသွားတွေ၊ ကုန်သည်တွေ၊ ဒါမှမဟုတ် အဖိုးတန်ပစ္စည်းများစွာ သယ်ဆောင်ရတဲ့ တိုက်ခိုက်သူတွေ အတွက် အလွန် အသုံးဝင်တဲ့ ကိရိယာတစ်ခုပါ။ အစလေလံဈေးကတော့ ရွှေ သုံးသောင်း ဖြစ်ပါတယ်။”

လက်ခံသဘောတူသည့် အသံများပေါ်ထွက်လာသည်။ သိုလှောင်နေရာသည် အမြဲတမ်း အသုံးဝင်ပေမဲ့ ပြောင်းလဲစရာ အရာကြီးတော့ မဟုတ်ပေ

လူတစ်ယောသည် လေလံအပြားကို မြှောက်မတင်ခင်

“ရွှေ နှစ်သိန်း”

ပိုင်မျိုးနွယ် လသာခန်းဘက်က အသံ ထပ်မံ ထွက်ပေါ်လာချေသည်။

ခန်းမတစ်ခုလုံး ထပ်ပြီး တိတ်ဆိတ်သွား၏

ဈေးမြှင့်ဖို့ ပြင်ဆင်ထားသော လေလံတင်သူ အချို့သည် လက်ကို ချက်ချင်း ပြန်ချလိုက်ပြီး မျက်နှာများက တင်းမာသွားကြသည်။

မည်သူမှ မယှဉ်ပြိုင်ရဲတော့ပေ။ ပိုင်ကျီဟန်ကြောင့်သာ မဟုတ်ဘဲ

ဈေးနှုန်းအတော်လေး မြင့်သွားခဲ့လို့သာ

လန် ယွဲ့ရုံ အပြုံးသည် ပိုမို တောက်ပလာပေသည်။

“ပိုင်မျိုးနွယ်ရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တော်ထံမှ ရွှေ နှစ်သိန်း”

သူမသည် ကြေညာလိုက်ပြီး ရှင်းလင်းသော အသံက ခန်းမနေရာတိုင်းကို ရောက်ရှိသွားလေသည်။

သူမ၏ ကျောက်စိမ်းတူကို မြှောက်လိုက်

ပေသည်။

“ရွှေ နှစ်သိန်း—တစ်ကြိမ်”

“ရွှေ နှစ်သိန်း—နှစ်ကြိမ်”

“ရွှေ နှစ်သိန်း—သုံးကြိမ်၊ ရောင်းပြီးပါပြီ”

တူသည် ဒုန်းခနဲအသံနဲ့အတူ ထုချလိုက်သည်။

“ဒီအဖိုးတန်ပစ္စည်းကို ရရှိသွားတဲ့ ပိုင်မျိုးနွယ်သခင်လေးကို ထပ်မံ ဂုဏ်ပြုပါတယ်”

လက်ခုပ်သံများ ထွက်ပေါ်လာပေမဲ့ လူအချို့ မျက်လုံးထဲမှာတော့ ဖုံးကွယ်မထားနိုင်သည့် အံ့အားသင့်မှုများ ပါဝင်နေ၏။

လေလံပွဲသည် ဆက်လက် ကျင်းပနေ၏ အစေခံများသည် အဖိုးတန်ပစ္စည်းများဖြစ်သော ရှားပါးဆေးဖက်ဝင် အပင်များ၊ အဖိုးတန် သတ္တုရိုင်းများ၊ ပြုပြင်သန့်စင်ထားသော ကိရိယာများနှင့် အဆောင်များကို တစ်ခုစီ ယူလာခဲ့သည်။

အရည်အသွေးကောင်းသည့်တိုင် အစောပိုင်းက မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းအဆင့်ကို မရောက်ပေ

သို့တိုင် ထိုရတနာများ ပေါ်လာတိုင်း လူအုပ်သည် သူတို့ကမ်းလှမ်းချက်တွေကို မစခင် ပိုင်ကျီဟန်၏ တည်ငြိမ်သောအသံသည် အံ့အားသင့်စရာကောင်းလောက်အောင် မြင့်မားသည့် ကမ်းလှမ်းချက်များနဲ့ ထွက်ပေါ်လာခဲ့သည်။

ပုံမှန်အားဖြင့် ငါးသောင်းထက် မပိုသော သိုလှောင်လက်စွပ်တစ်ကွင်းကို နှစ်သိန်းနှင့်သိမ်းဆည်းခဲ့သည်။

ထို့နောက် ဗလာ သန့်စင်ခြင်း အဆင့်ကျွမ်းကျင်သူတစ်ယောက်ကိုတောင် ခြိမ်းခြောက် နိုင်လောက်အောင် ဖျက်ဆီးနိုင်စွမ်းရှိသော ဖျက်ဆီးရေးအဆောင် ပေါ်လာသည်။

အထင်ကြီးစရာကောင်းသည့်တိုင် တစ်ကြိမ်သုံးသာ။ သို့ပေမဲ့ ပိုင်ကျီဟန်အသံသည် ခန်းမတစ်ခုလုံးကို ကြည်လင်စွာ ဖြတ်တောက်သွား၏

"တစ်သိန်း”

အခန်းသည် ပြန်ငြိမ်သွား၏

ထိုပစ္စည်းများကို မည်သူရောင်းရောင်း ပိုင်ကျီဟန် ဈေးကြီးပေးဝယ်ဖို့ ဆန္ဒရှိနေသည်ကို မြင်တော့ သူတို့အနေနှင့် အတော်လေး ကံကောင်းသည်ဟု ထင်ခဲ့ကြသည်။

မည်မျှပင် လက်တွေ့ကျသည်ဖြစ်စေ၊ အခြေအနေအရဖြစ်စေ ရတနာတိုင်းကို ပိုင်မျိုးနွယ်စု၏ သခင်လေးသည် တွန့်ဆုတ်ခြင်း မရှိဘဲ လုယူသွားခဲ့ပြီး လန်ယွဲ့ရုံ၏ တူရိုက်သံသည် လွှမ်းမိုးမှု၏ ဗုံသံကဲ့သို့ ပဲ့တင်ထပ်နေသည်။

"ရောင်းပြီးပါပြီ၊ သခင်လေးပိုင်ကို ထပ်မံဂုဏ်ယူပါတယ်”

"ရောင်းပြီးပါပြီ၊ သခင်လေးပိုင်ကို ထပ်မံဂုဏ်ယူပါတယ်"

သူမ၏အသံသည် လှောင်ပြောင်သော သံပြိုင်အဖွဲ့ကဲ့သို့ ထပ်ခါတလဲလဲ ထွက်ပေါ်လာခဲ့သည်။

ယခုအချိန်တွင် လီကျန်းဟုန်၏ မျက်နှာသည် မမှတ်မိနိုင်လောက်အောင် မှောင်မိုက်သွားခဲ့သည်။

ပိုင်မျိုးနွယ်စု၏ ဆင်းရဲမွဲတေမှုအပေါ် သူ၏ အစောပိုင်း လှောင်ပြောင်မှုများသည် သူ၏ပါးကို ရိုက်ခတ်သကဲ့သို့ ခံစားရပြီး ဂုဏ်ပြုခြင်းတိုင်းသည် နောက်ထပ် နာကျင်စရာတစ်ခု ဖြစ်သည်။

ပိုင်မျိုးနွယ်စု၏ အကြီးအကဲများပင် ၎င်းတို့၏ထိုင်ခုံများတွင် မသက်မသာ ရွေ့လျားနေကြသည်။ အစပိုင်းတွင် ၎င်းတို့သည် ပိုင်ကျီဟန်အား ၎င်းတို့မျိုးနွယ်စု၏ အစွမ်းသတ္တိကို ပြသရန် ထိုက်တန်သောပစ္စည်းများအတွက် လေလံတင်ဖို့ စိတ်အားထက်သန်ခဲ့ကြသည်။

သို့သော် ရွှေများသည် "အသုံးမဝင်သော" ပစ္စည်းများပေါ်တွင် ပိုမိုမြင့်မားလာသည်နှင့်အမျှ သူတို့၏နှလုံးသားများသည် နာကျင်လာကြသည်။

၎င်းသည် ခွန်အားမဟုတ်ပေ - ၎င်းသည် အလွန်အကျွံဖြစ်သည်။ အလဟဿဖြစ်သည်။ ရူးသွပ်မှုသာ ဖြစ်သည်။

သို့တိုင် ပိုင်ကျီဟန်သည် မည်သည့်အခါမှ မရပ်တန့်ခဲ့ပေ

ယခင်က လေလံစစ်ပွဲကနေ တစ်ယောက်တည်း ပြပွဲအဖြစ် ပြောင်းလဲသွားခဲ့၏

သူ့ လေလံတိုင်းသည် တည်ငြိမ်ပြီး စိတ်ချရ၏ ချမ်းသာကြွယ်ဝမှု ပမာဏက အရေးမကြီးသလိုပင်

"အာ၊ ပိုင်မျိုးနွယ်စုက နောက်တစ်ကြိမ် အောင်ပွဲခံပြန်ပြီ..ရွှေတစ်သိန်း။ သခင်လေး ပိုင်ကို ဂုဏ်ယူပါတယ်”

ထပ်ခါတလဲလဲ ပြောနေသော စကားလုံးများသည် လှောင်ပြောင်သော ပါးရိုက်သံများလို ကျဆင်းသွားသည်။

လီကျန်းဟုန် မျက်နှာသည် တစ်ပြိုင်နက်တည်း ပူလောင်ပြီး အေးစက်သွားချေ၏

မကြာသေးခင်ကမှ ပိုင်မျိုးနွယ်စုသည် ဆင်းရဲပြီး သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိဟု သူပြောခဲ့သေးသည်။

အခုတော့ အလွန်အကျွံ လေလံဆွဲတိုင်း သူ့ကို မိုးကြိုးပစ်သလို ထိခိုက်စေခဲ့သည် - ဆင်းရဲမွဲတေမှု မဟုတ်ဘဲ ကြောက်စရာကောင်းသော ချမ်းသာကြွယ်ဝမှု၏ သက်သေသာ

တောင့်တင်းနေပြီး မေးရိုးကို တင်းတင်းစိထားတာကြောင့် တွန့်လိမ်ကာ လုံးဝ ပြန်မပြောနိုင်တော့ပေ

ပိုင်မျိုးနွယ်၏ လသာဆောင်ပေါ်တွင် အကြီးအကဲများ အချို့သည် မျက်လုံးချင်းဆိုင်လျက် ကြည့်နေကြသည်။

အစပိုင်းတွင် သူတို့သည် ပိုင်ကျီဟန်ကို ပိုင်မျိုးနွယ်၏ ဂုဏ်သိက္ခာအား သက်သေပြရန် တိုက်တွန်းခဲ့သည်။ သို့သော် ယခုတော့…

“သခင်လေး… တစ်ခါတစ်လေတော့—တစ်ခါတစ်လေတော့ ထိန်းချုပ်သင့်ပါတယ်…”

အကြီးအကဲတစ်ဦးက စိုးရိမ်စွာ ပြောလိုက်သည်။

တစ်ဖက်တွင် ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်၏ အလွန်အကျွံ သုံးစွဲနေမှုကို လုံးဝ မကန့်ကွက်ဘဲ မနေနိုင်တော့ပေ။

“တန်ဖိုးနည်းနည်းပဲရှိတဲ့ ပစ္စည်းတွေအပေါ် ဘာကြောင့် ဒီလောက် ရွှေတွေ ဖြုန်းတီးနေရတာလဲ? ပိုင်မျိုးနွယ်ရဲ့ ငွေတိုက်ကလည်း အကန့်အသတ်မရှိတာ မဟုတ်ဘူး—”

သို့သော် ပိုင်ကျီဟန်သည် တောင်တစ်လုံးလို တည်ငြိမ်ခိုင်မာစွာ ထိုင်နေဆဲဖြစ်သည်။ သူ၏ မျက်လုံးများသည် စင်မြင့်ကိုသာ တစ်ချက်မလွတ် စူးစိုက်ထားပြီး အသံအနိမ့်အမြင့်မပြောင်းဘဲ အမိန့်တစ်ရပ်လို အဆုံးအဖြတ်ပေးလိုက်သည်။

“အသုံးမဝင်ဘူးဆိုလည်း ဘာဖြစ်လဲ။ အဲ့ဒီပစ္စည်းတွေက ကျွန်တော်ရဲ့ပစ္စည်းတွေပဲ။ စိတ်မပူပါနဲ့၊ ကိုယ့်ပိုက်ဆံကို ပေးပါမယ်။ ဒါကြောင့် စိတ်မပူနဲ့ အစ်မ”

သူ၏ စကားလုံးများသည် အကြီးအကဲများကိုတောင် လုံးဝ တိတ်ဆိတ်သွားစေသည်။

ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်ကို သံသယအပြည့်နှင့် ကြည့်နေသည်။

ဒီလောက် ပိုက်ဆံ သူ့တွင် ရှိနိုင်မည့် နည်းလမ်း မရှိပေ။ မိဘများသည် သူ့ကို အတော်လေး ချစ်ပြီး အိတ်ဆောင်ငွေများများ ပေးသည့်တိုင် တစ်သန်း မပြည့်နိုင်ပေ။

သို့တိုင် ယခု သူသုံးပြီးသား ပိုက်ဆံသည် ရွှေလေးသန်းကျော်သွားပြီး ဖြစ်သည်။

သို့သော် ပိုင်ကျီဟန်သည် သူကိုယ်တိုင်ပေးမည်ဟု ပြောနေသောအမူအရာကို မြင်ရတော့ သူမအနေဖြင့် ထိုငွေတွေကို သူ ဘယ်က ရလာသည်ကို စဉ်းစားမိလာသည်။

“ နင်မလိမ်ပါဘူးနော်”

ပိုင်ကျီဟန်သည် သူ့အစ်မကို လုံးဝ လျစ်လျူရှုပြီး နောက်ထပ် ပစ္စည်းကိုသာ အာရုံစိုက်ရင်း ဈေးမြင့်မြင့်ဖြင့် လေလံဆွဲလိုက်သည်။

အလုပ်သမားများ ထပ်မံ ရှေ့တက်လာကြပြီး၊ အနက်ရောင် စန္ဒကူးသားဖြင့် ထုလုပ်ထားသော ရှည်လျားသည့် သေတ္တာတစ်လုံးကို ယူဆောင်လာကြသည်။

သေတ္တာကို ဖွင့်လိုက်သည့်အခါ အလင်းရောင်တစ်ရပ် ပေါက်ထွက်လာပြီး ရှေးဟောင်း အက္ခရာများ ထုထားသော

ကျောက်စိမ်းပြား ပေါ်လာ၏

လန်ယွဲ့ရုံအပြုံးသည် ပိုမို လင်းလက်လာပြီး အသံချိုမြိန်စွာ ဆက်လက်ပြောဆိုလိုက်သည်။

အစေခံများသည် အနီရောင် ပိုးထည်ဖြင့် ဖုံးအုပ်ထားသော ရှည်လျားသည့် ကျောက်စိမ်းပြားကို ဂရုတစိုက် ယူဆောင်လာကြသည်။ အဖုံးကို ဖွင့်ချလိုက်သည်နှင့် အခန်းတစ်ခုလုံးတွင် အံ့သြသံများ ပျံ့နှံ့သွားသည်။

ထိုအပေါ်တွင် လူတစ်ယောက်၏ လက်မောင်းအရွယ်သာရှိသော အနက်ရောင် အကာအကွယ်ဒိုင်းတစ်ခု တင်ထားပြီး မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားများ ထုလုပ်ထားကာ ရွှေရောင်အလင်း တောက်ပနေသည်။

လန်ယွဲ့ရုံ အသံက ခန်းမတစ်ခုလုံးကို ချောမွေ့စွာ ဖြတ်သန်းသွားသည်။

“ဒီဟာက ရှားပါးတဲ့ ကာကွယ်ရေး လက်နက်တစ်ခု ဖြစ်ပါတယ်။ ပြီးပြည့်စုံမှု မရှိသေးပေမဲ့ ကောင်းကင်ဆိုင်ရာ သတ္တုအပိုင်းအစတွေနဲ့ ပြုလုပ်ထားတာပါ။ အသက်သွင်းလိုက်ရင် မဟာကောင်းကင်တက်ခြင်းအဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် အသုံးပြုနိုင်တဲ့ အကြိမ်ရေက နှစ်ကြိမ်ပဲ ရှိပါတယ်။ အဲ့ဒီနှစ်ကြိမ် ကုန်သွားရင် အလင်းရောင်က အမြဲတမ်း ပျောက်ကွယ်သွားပါလိမ့်မယ်။ စတင်ဈေး— ရွှေရှစ်သိန်းပါ”

လူအုပ်အတွင်း လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ ထိုသို့ ကြောက်မက်ဖွယ် အဆင့်မြင့် တိုက်ခိုက်မှုကို တားဆီးနိုင်သော ရတနာတစ်ခုသည် အမှန်တကယ် တန်ဖိုးမဖြတ်နိုင်ပေမဲ့ အသုံးပြုနိုင်သော အကြိမ်ရေသည် နှစ်ကြိမ်သာရှိတာကြောင့် လောင်းကစားတစ်ခုလို ဖြစ်လာသည်။

တချို့အတွက်တော့ အသက်ကယ် ရတနာတစ်ခုဖြစ်ပြီး မည်မျှပင် ကုန်ကျပါစေ တန်ဖိုးရှိ၏ တချို့အတွက်တော့ ဈေးကြီးလွန်းသည့် အသုံးမဝင်သော ပစ္စည်းတစ်ခုသာ ဖြစ်သည်။

သို့သော် လူအများစုသည် လေလံဆွဲဖို့ မစဉ်းစားခင် ပိုင်ကျီဟန်သည် ထိုပစ္စည်းအား ဝယ်မည်လားကို အရင်ကြည့်သင့်သည်ဟု ထင်နေကြသည်။

သူသာ ဝင်လေလံဆွဲပါက

ယှဉ်ပြိုင်ဖို့ အဓိပ္ပါယ် လုံးဝ မရှိတော့ပေ။

ကျောက်ဝူထျန်းနှုတ်ခမ်းများ ကွေးညွတ်သွားသည်။ ၎င်းသည် သူ့မျိုးနွယ်စု ရတနာပင်

မြင့်မားသော ဈေးနှုန်းကို ဆွဲဆောင်ရုံသာမကပိုင်ကျီဟန်သာ ရွှေကို ပေါ့ပေါ့ဆဆပစ်ချမည်ဆိုပါက အမြတ်အစွန်းသည် အလွန်အမင်းရရှိလိမ့်မည်သာ။

သူသည် ထိုင်ခုံ၌ နောက်ပြန်မှီလိုက်ပြီး မျှော်လင့်ချက်အပြည့်နှင့် ပိုင်မျိုးနွယ်စုလသာဆောင်သို့ အကြည့်လွှဲလိုက်သည်။

မကြာခင်မှာပဲ

"တစ်သန်းနဲ့ ငါးရာ”

ပိုင်ကျီဟန်အသံသည် ခန်းမတစ်ခုလုံးအား အမိန့်ပေးသံနဲ့ ဖြတ်သွား၏

ကျောက်ဝူထျန်းနှလုံးသား ခုန်ပေါက်သွားချေသည်။

(မျှော်လင့်ထားတဲ့အတိုင်းပဲ)

ပိုင်ကျီဟန်သည် သူ့ရတနာအတွက် လေလံဆွဲခဲ့သည်။ နောက်ဆုံးကမ်းလှမ်းမှုသည် မည်မျှမြင့်မားနိုင်ကြောင်း သူစဉ်းစားခဲ့၏

သို့တိုင် ခန်းမတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားသည်။

ဘုတ်ပြားတစ်ချက်မှ မမြှောက်ပေ။ ယှဉ်ပြိုင်သော ကမ်းလှမ်းမှု၏ တိုးတိုးလေးတောင် မကြားရပေ

ပိုင်မျိုးနွယ်စု လသာဆောင်ဆီသို့ အားလုံး၏အကြည့်များ စိုက်ကြည့်နေကာ ရလဒ်သည် ပိုင်ကျီဟန် တစ်ယောက်တည်းအပေါ် မူတည်ကြောင်း ကောင်းကောင်းသိ၏

"တစ်သန်းငါးရာ...တစ်ခါ”

လန်ယွဲ့ရုံ၏ ကြည်လင်သော အသံ ထွက်ပေါ်လာ၏

"တစ်သန်းငါးရာ...နှစ်ခါ”

ကျောက်ဝူထျန်း လက်ချောင်းများသည် သူ့ထိုင်ခုံ လက်ရန်းပေါ် ဆုပ်ကိုင်ထားသည်။ စိတ်ပျက်လက်ပျက်နှင့် သူ့နားရွက်၌ ချွေးများရွှဲနေ၏

ထိုသို့ဆိုပါက သူ့မိသားစု ရတနာကို တစ်သန်းငါးရာနဲ့ ရောင်းရလိမ့်မည်သာ

အမြတ်ရပေမဲ့ ပိုင်ကျီဟန် ပေးဆောင်ဖို့ ဆန္ဒရှိတာကြောင့် ပိုရှာချင်နေတာ ထင်ရှား၏

ပိုင်မျိုးနွယ် ကောင်လေးသည် တစ်ညလုံး ရွှေများကို ပေါ့ပေါ့ဆဆ သုံးနေခဲ့ပေမဲ့ တကယ်အရေးကြီးလာသည့်အခါ ထိန်းချုပ်မှုကို ရွေးချယ်ခဲ့သည်လား။

သူ ခွင့်မပြုနိုင်ပေ

"နှစ်သန်း”

ကျောက်ဝူထျန်း အသံသည် မိုးကြိုးပစ်သလို လေထဲ၌ ပေါက်ကွဲသွား၏

ပရိသတ်များ အံ့ဩသွားကြသည်။ ပိုင်ကျီဟန်နှင့်အတူ ကျောက်ဝူထျန်းလည်း ရူးသွားပြီဟု ထင်ကြသည်။

လေလံတင်ရောင်းချမည့်ပစ္စည်းသည် သူ့ကိုယ်ပိုင်ရတနာမှန်း သိသူများအဖို့ ဈေးတက်ဖို့ လှည့်ကွက်တစ်ခုဖြစ်ကြောင်း သိကြ၏

လန်ယွဲ့ရုံ မျက်နှာအမူအရာသည် ယိမ်းယိုင်မသွားပေမဲ့ အံ့အားသင့်စွာနှင့် မျက်တောင်တစ်ချက်ခတ်လိုက်ပေသည်။

သူမအကြည့်သည် ပိုင်ကျီဟန်ဆီ ရောက်သွားခဲ့သည်။

လူတိုင်းအကြည့်က ယိမ်းယိုင်သွားပေသည်။

ပိုင်မျိုးနွယ် သခင်လေးသည် သူ့အသံအား ထပ်မြှင့်ပြီး ထိုကမ်းလှမ်းမှုကိုတောင် တည်ငြိမ်စွာ ဖုံးကွယ်ထားမည်မှာ သေချာ၏

သို့တိုင် ဘာစကားမှ ထွက်မလာပေ

ပိုင်ကျီဟန်သည် လက်တင်ခုံကို ပျင်းရိစွာ မှီလိုက်ပြီး သူ့မျက်နှာအမူအရာသည် အေးစက်နေကာ ကျောက်ဝူထျန်းကို တစ်ချက်တောင် မကြည့်ပေ

ပိုင်ကျီဟန် နောက်ဆုံးတော့ လက်လျှော့လိုက်ပြီလား။

All Chapters