← Chapters

အခန်း (၃၈)

Vol. 4 Ch. 38

အခန်း (၃၈)

Vol. 4 Ch. 38

ရွှီကျင်းဖန် အားလပ်ရက်၅ရက်သာရ၍ သူမ ထိုအားလပ်ချိန်ကို အခွင့်‌ကောင်းယူကာ တောင်ပေါ်တက် မျှစ်စို့ မှို့များခူးပြီး ပြန်လာကာ ကျန်းထျန်ဖို့ ဟင်းပွဲကြီးများလုပ်ပေးသည်။ နောက် အလုပ်ပြန်လုပ်သည်။

လွန်ခဲ့သည့် ၅ရက်လုံး ကျန်းထျန် တရုတ်တိုင်းရင်းဆေး၅စုံ ဆက်တိုက်သောက်ရကာ သေတော့မလို ခံစားရသည်။ နောက်ဆုံး ကြောင်အိမ်တွင် ဆေးထုပ်မရှိတော့သည်ကို တွေ့လိုက်ရသည်။

ကျန်းထျန် ချက်ခင်း သွေးအားပြည့်လာကာ ကုလျန်ရွှမ်ကို ပဲကိတ်လုပ်ရန် အလျင်လိုသည်။

သူ့ခြေဖဝါးက ဒီတစ်ခါ အရိုးမထိ၍ သူ ဝှီးချဲပေါ် နှစ်ရက်နေရုံဖြင့် ပျောက်ကင်းလုနီးပါးဖြစ်သွားသည်။ သို့သော် သူ ဆက်ထိုင်ရဦးမည်။ အဘယ်ကြောင့်ဆိုသော် သူ့ဂျိုင်းထောက်နှစ်ခု နှစ်ပိုင်းပိုင်းသွား၍ သုံး၍ မရတော့သောကြောင့်ဖြစ်သည်။

"ပဲကိတ်လုပ်ဖို့ ပုံစံခွက်လိုတယ်။ ကိုယ်အခု လက်မအား‌သေးလို့။ ပင်းပင်းနဲ့ အမ်းအမ်းဖို့ တွန်းလှည်းက ပြီးဖို့ နည်းနည်းလိုသေးတယ်။ တတိယညီ စျေးမှာ ဝယ်ခဲ့‌တဲ့ မတ်ပဲကိတ်ကို အရင်စားရင်ရော?"

မတ်ပဲကိတ်၏ အချိုအရသာကို ပြန်တွေးပြီး ကျန်းထျန် ခေါင်းခါလိုက်သည်။

သူမ ကုလျန်ရွှမ်ရှေ့ ခြေချိတ်ထိုင်ကာ လေးထောင့်စားပွဲပေါ်က တွန်းလှည်းလုပ်သည့် ကိရိယာများကို ကြည့်လိုက်သည်။ "ပုံစံခွက်လုပ်ဖို့ ဘယ်ပုံစံ ရှင်လိုလဲ?" သူမ ကူညီနိုင်လောက်သည်။ ဟင်းချက်သည်ကလွဲ သူမလက်စကေးက မဆိုးလှပေ။

ကုလျန်ရွှမ် သူလုပ်နေသည်ကို ရပ်လိုက်သည်။ သူ ဒီပြသာနာကို တစ်ခါမှ မတွေးဖူး၍ သူ လေးထောင့်ပုံစံသာလုပ်ရန်တွေးထားသည်။ ဘယ်လိုဖြစ်ဖြစ် ပါးစပ်ထဲရောက်သည်ပဲမလား။

သူမ ဒီနေ့ပြောမှ ပုံစံရှိသည်က ကောင်းသည်။ ပဲကိတ်တူပေမယ့် အရသာကွဲ၍ ပုံစံမတူလျှင် ခွဲနိုင်လောက်သည်။

"မင်းဘယ်ပုံစံ ဆွဲချင်လည်း?" ကုလျန်ရွှမ် ကျန်းထျန်ကို မေးလိုက်သည်။ " ပန်း? မြက်? အပင်?"

ကုလျန်ရွှမ် ဒါကို ပြော‌သောအခါ အလွန်အလေးထားသည်။ ကျန်းထျန်လည်း သူနောက်နေသည်ဟု မထင်။ ထို့ကြောင် အခုပြသာနာစသည်။ စားနေကျ ပဲကိတ်ပုံစံက ပန်း အပင်များဖြစ်ကာ ရိုး၍ လူတွေကို စားချင်စိတ်လျော့အောင် လုပ်သည်။

"ကျွန်မ အိမ်ထဲက စာရွက်သွားယူတာ ခဏစောင့်" ကျန်းထျန် အရှေ့အခန်းသို့ ပြေးသွားပြီး ခဲတံ၊ စာရွက်ယူကာ အနောက်ခြံသို့ပြန်လာပြီး ထိုင်ကာ စာရွက်ပေါ် ပုံစံအနည်းငယ်ဆွဲပြီး ကုလျန်ရွှမ်ကို ပြလိုက်သည်။ " ဒါတွေက ဘယ်လိုလဲ?"

ကုလျန်ရွှမ် လက်ထဲက ပစ္စည်းများကို ချကာ ခေါင်းမော့ပြီး ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မျက်လုံးများက သံသယအပြည့်နှင့်ဖြစ်သည်။

" ဒီသုံးမြောင်ခေါင်းပေါ်က နားရွက်အကြီးနှစ်ခုက ဘာလဲ?"

" ပြီးတော့ ဒီတစ်ခုရော ဂျိုနှစ်ခုနဲ့၊ ကိုယ်ပေါ်မှာ အဖြူကွက်တွေနဲ့ နွားလား?"

"နားရွက်ရှည်ရှည်နှစ်ခု၊ ယုန်လား?"

စာရွက်ပေါ်တွင် ပုံစံလေးခုရှိပြီး အကုန်လုံးနီးပါးကို ကုလျန်ရွှမ် ပုံဖော်နိုင်သဖြင့် ကျန်းထျန် ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ဒါတွေက ကြွက် နွား ကျားနဲ့ ယုန်၊ ရှင်ဘယ်လိုထင်လဲ?"

"ရာသီခွင်ပုံစံ?"ကျန်းထျန် ဆိုလိုချင်သည်ကို ကုလျန်ရွှမ် သိသည်။ "ဒါက အရမ်းထူးခြား‌မနေဘူးလား?" သူတို့က ပစ္စည်များရောင်းသည်ဖြစ်၍ အရမ်းထူးခြားနေလျှင် ‌မကောင်းလောက်ပေ။

လွန်ခဲ့သောနှစ်များက အရင်ကထက် ပိုလွယ်ကူကာ မြန်ဆန်နေပေမယ့် သူတို့ ပေါ့ပေါ့‌လုပ်၍မဖြစ်ပေ။ မှားလျှင် သူတို့ ပြသာနာတက်လမ့်မည်။

" ထူးခြားနေတယ်လား?" ကျန်းထျန် စာရွက်ကို ချထားကာ ကုလျန်ရွှမ် သူမကို ရှင်းပြသည်ကို နားထောင်လိုက်သည်။ "ဒီလိုပုံစံမျိုးက အရမ်းရှားတော့ လွယ်လွယ်ရှာတွေ့လိမ့်မယ်" ရှာလျှင် ကုမိသားစုကို တွေ့လိမ့်မည်။

ဒီရာသီခွင် ၁၂ ခုပုံစံက အခုချိန်ပုံများနှင့် အလွန်ကွဲသည်။

"ဒါဆို လေးထောင့် အဝိုင်း တြဂံလုပ်လိုက်မယ်" ကျန််းထျန် အကြံပြုလိုက်သည်။ ဒီလိုဆိုလျှင် အရမ်းထူးခြားမနေတော့ပေ။

ကုလျန်ရွှမ် စဥ်းစားကြည့်ပြီး "အရသာမတူတာကို ပုံစံနဲ့ ခွဲလိုက်မယ်"

ကျန်းထျန် စာရွက်ပေါ်တွင် ပုံစံများကို အမြန် ဆွဲကာ သူမလက်အောက် ပုံစံသုံးမျိုးက ချစ်စရာ‌ကောင်းသည်။ ရှောင်းဝူနှင့် ရှောင်းလျို သေချာပေါက် ကြိုက်လောက်သည်။

စာရွက်ကို ခေါက်ကာ ကုလျန်ရွှမ် လက်ပေါ်တင်လိုက်ပြီး ကျန်းထျန် နောက်စာရွက်ဖြင့် စားပွဲပေါ် ကုန်းကာ စဆွဲသည်။

ကုလျန်ရွှမ် သိချင်၍ မေးလိုက်သည်။ "မင်းဘာဆွဲနေတာလဲ?"

ကျန်းထျန် ခေါင်းမမော့ဘဲ ဖြေလိုက်သည်။ "အဝတ်အစားနှစ်စုံဆွဲနေတာ"

" ဘယ်အဝတ်?" ကုလျန်ရွှမ် ဆက်မေးလိုက်သည်။ "မင်း အဝတ်အသစ်လုပ်ချင်လို့လား? အိမ်မှာ မင်းအရင်တခါယူလာတဲ့ စစ်‌စိမ်းရောင် အဝတ်စရယ် တခြားအရောင် အဝတ်စတွေလည်းရှိတယ်။ အမေ ပင်မအခန်းက ဘီဒိုထဲ သိမ်းထားတယ်"

"ကျွန်မအတွက် မဟုတ်ဘူး" ကျန်းထျန် ခေါင်းမော့‌ကာ မေးကို လက်‌ပေါ်တင်ပြီး "ရှောင်းဝူနဲ့ ရှောင်းလျိုမွေးနေ့က နောက်လလို့ စားရင်း ရှောင်းမင်ပြောတယ်မလား? ကျွန်မ သူတို့ဖို့ အဝတ်လုပ်ပေးမလို့"

သူမ ကုလျန်ရွှမ်ကို ဆက်မေးလိုက်သည်။ " ကလေးတွေဖို့ ဘာလုပ်ပေးရမလဲ? ဘောင်းဘီနဲ့ အင်္ကျီလား?"

" မင်း အင်္ကျီလုပ်ပေးချင်တာလား?" ကုလျန်ရွှမ် ပြောပြီးနောက် ထပ်မေးလိုက်သည်။ "မင်း အဝတ်လုပ်တတ်လား?"

ကျန်းထျန် တစ်ခါတည်းမဖြေဘဲ မူလပိုင်ရှင်၏ ကုအိမ်က အတွေ့အကြုံကို ပြန်တွေးပြီး သတိထားပြောလိုက်သည််။ " လုပ်တတ်မယ်ထင်တာပဲ "ဒီနယ်ပယ်တွင် မူလပိုင်ရှင် မလုပ်ရသေး၍ ဒီအဖြေက ပိုသင့်တော်သည်။

" ကိုယ့်အတွေးကတော့ ဘောင်းဘီလုပ်တာပိုကောင်းတယ်ထင်တယ်" ကုလျန်ရွှမ် ပြောလိုက်သည်။ အဓိကအကြောင်းပြချက်မှာ လူတော်တော်များများ ‌ဘောင်းဘီဝတ်ကြ၍ဖြစ်သည်။

ကျန်းထျန် အဝတ်ကို ဆန်းဆန်းလုပ်ရန် မတွေးထားပေ။ အကြောင်းမှာ အဝတ်စများ ရှားပြီး ရှောင်ရမည့်အရာများ များ၍ဖြစ်သည်။ သူမ နားမလည်၍ ရွေးချယ်စရာမရှိဘဲ ဘာမှ မထည့်ဖို့ ဆုံးဖြတ်လိုက်သည်။

" ‌ဦးထုပ်မှာ ကြယ်ထည့်ပြီး လက်နဲ့ ခြေနေရာမှာ ဝါးရွက်ပုံစံချည်ထိုးလိုက်မယ်။ အဲ့လိုအဆင်ပြေလား?" သူမ ဒီဇိုင်းကို အကြိမ်အများကြီး ပြောင်းကာ ရှောင်းဝူနှင့် ရှောင်းလျိုခန္ဓာကိုယ်နှင့်လည်း ကွက်တိဖြစ်ရမည်။ သူမ ရက်အနည်းငယ်လေ့လာပြီးမှ အတည်ပြုလိုက်သည်။

ကုလျန်ရွှမ်လည်း သေချာနားမလည်ပေ။ အဝတ်အစားများက လှသည်ကိုသာ သူမြင်နိုင်သည်။ "မင်း ရှောင်းဝူနဲ့ ရှောင်းလျိုကို ခေါ်ပြီး ကိုယ်တိုင်းချင်လား?"

ကျန်းထျန် ခေါင်းခါလိုက်သည်။ "မတိုင်းဘူး။ ဒါက မွေးနေ့လက်ဆောင်ဆိုတော့ လျို့ဝှက်ထားရမှာ။ သူတို့ကြိုသိရင် မအံ့သြတော့ဘူး။ အိမ်က ရှောင်းဝူနဲ့ ရှောင်းလျိုဖို့ အဝတ်ချုပ်ပေးတာဆိုတော့ သူတို့ကိုယ်တိုင်း အမေသိလောက်တယ်။ အမေ အလုပ်က ပြန်လာမှ ကျွန်မ သွားမေးတော့မယ်"

သို့သော် ကုလျန်ရွှမ် ပြောလိုက်သည်။ "အမေလည်း သေချာမသိလောက်ဘူး" ရှောင်းဝူနှင့် ရှောင်းလျိုအဝတ်များက သူတို့အကျန်အဝတ်များဖြစ်သည်။ အနည်းငယ် ပေါက်ပြဲနေပြီး ဘောင်းဘီအောက်ခြေထောင့်ကို ချုပ်ထားသည်။

မိသားစုက အဝတ်အသစ်ချုပ်လေ့မရှိ။ ရှောင်းမင်ဖို့သာတစ်ခါတစ်ရံ အနည်းငယ် လုပ်ပေးသည်။ ပြီးတော့ ရှောင််းမင်တော်လောက်မည့် အရွယ်ကို ခန့်မှန်းချုပ်သည်ဖြစ်သည်။ ကိုယ်အရင်တိုင်းပြီး အဝတ်ချုပ်သည်က ရှားသည်။

ကျန်းထျန် - "ဟမ်?" ဒါဆို သူမပြင်ထားသည်က ပေါ်တော့မည်လား?

" မင်း အမေ့ကို မင်းအစားတိုင်းပေးဖို့ ပြောလို့ရတယ်" ကုလျန်ရွှမ် ‌အကြံ‌ပေးလိုက်သည်။

ရွှီကျင်းဖန်အလုပ်က ပြန်‌လာသောအခါ ကျန်းထျန် စာရွက်တစ်ရွက်နှင့် ရွှီကျင်းဖန်ကို သွားရှာလိုက်သည်။ "အမေ၊ သမီးအစား ရှောင်းဝူနဲ့ ရှောင်းလျိုရဲ့ကိုယ်တိုင်း တိုင်းပေးလို့ရလား? အရပ် ခြေအရှည် ပုခုံးအကျယ် ခါး တင်?"

ရွှီကျင်းဖန် စာရွက်ပေါ်က လိုင်းများနှင့် ပုံကို ကြည့်ပြီး ကျန်းထျန်ကို ထပ်ကြည့်လိုက်သည်။ "သမီး အမွှာလေးတွေအတွက် အဝတ်လုပ်ပေးမလို့လား? သူတို့မွေးနေ့အတွက်လား?"

" သမီးအိမ်မှာ လုပ်စရာဘာမှမရှိလို့။ သမီး အချိန်ကုန်အောင် အဝတ်နှစ်စဖြတ်ထားတာ"

‌"ကောင်းပြီ။ အမေ သမီးအတွက် တိုင်းပေးမယ်" ရွှီကျင်းဖန် ပုံကို ညွှန်ပြလိုက်ပြီး လိုအပ်သည့်အတိုင်းများကို သေချာမေးလိုက်သည်။ အခုခေတ် ကလေးတွေဝတ်နေကျ ပုံစံအတိုင်းလုပ်ထားသည်။

"ထျန်ထျန်၊ သမီး အမွှာတွေအတွက် အဝတ်လုပ်ရင် ဘောင်းဘီအရှည်ကို ပိုရှည်ပြီး ပြန်ခေါက်ချုပ်လိုက်" ရွှီကျင်းဖန် ‌ဆက်‌ပြောလိုက်သည်။ "ရှောင်းဝူနဲ့ ရှောင်းလျိုက ထွားနေတာ။ တစ်လ နှစ်လဆို အရပ်ထွက်လာဦးမှာ။ နည်းနည်းပွချုပ်ရင် နောက်ရက်တွေဆို အနေတော်ပဲ"

ကျန်းထျန် ဒါကို မတွေးမိ၍ သူမ သေချာမှတ်ပြီး တခြားနေရာများတွင် ပြင်ရန်တွေးထားသည်။

သူတို့ ညစာ ကန်စွန်းဥဆန်ပြုတ် အရွက်ကြော် ကြက်ဥမွှေကြော် ပေါက်စီစားကြသည်။

ညစာစားပွဲတွင် ကုလျန်ရုန် ဆန်ပြုတ်ကို သောက်ပြီး သူ့ပါးစပ်ကို သုတ်ကာ ပြောလိုက်သည်။ " ဦးလေးချန်ရွှင်းက ဒီနေ့ မြို့ကပြန်လာတော့ ရှောင်းမင်ရဲ့ကျောင်းက ‌စာတင်ပြီး‌ရင် နောက်ရက် အဆင့်သွားနားထောင်လို့ရပြီ ပြောတယ်"

ကုလျန်မင် ရေတစ်ခွက်သောက်ပြီး လည်ချောင်းရှင်းကာ "အားလပ်ရက် မတိုင်ခင်တုန်းက ကျောင်းအုပ်ဆရာမက လကုန်မှာ အ‌ဆင့်တွေကို လာနားထောင်လို့ရတယ်ပြောတယ်။ ဒီနေ့က ဇူလိုင်၂၇ဆိုတော့ ၂ရက်ပဲလိုတော့မယ်"

ရွှီကျင််းဖန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပြီ။ တတိယကလေး၊ မင်း မနက်ဖြန် တတိယအဒေါ်အိမ်က စက်ဘီးသွားငှားပြီး ရှောင်းမင်ကို အဆင့်နားထောင်ဖို့ ခေါ်သွားလိုက်။ အောင်လက်မှတ်ယူပြီး လုပ်အား‌ပေးတွေကို ပြောပြီးတော့ နံပါတ်တစ်အလယ်တန်းကျောင်းကို လျှောက်လို့ရပြီ"

ခရိုင်တွင် ‌အထက်တန်းကျောင်းတစ်ခုပဲရှိပြီး လျှောက်လွှာတင်သည်က လုပ်ထုံးတစ်ခုသာဖြစ်သည်။ အထက်တန်းဝင်ခွင့် စာမေးပွဲမတိုင်ခင် ကျောင်းတိုင်းက ကျောင်းသားများကို အကြမ်းဖျင်း နေရာချထား‌ပြီးဖြစ်သည်။

‌

"အမေ၊ ရှောင်းမင် နံပါတ်တစ်အလယ်တန်းကျောင်းကို လျှောက်ရင် စောင် ထမင်းဘူး တခြားအသုံး‌အဆောင် ပြင်ထားဖို့လိုတယ််" ကုလျန်ရုန် အစက နေဖို့ လျှောက်ဖူး၍ အခြေအနေအသေးစိတ်ကို ကောင်းကောင်းသိသည်။

အဲ့အချိန်က ကုလျန်ရုန်က နေ့ကျောင်းသားပဲဖြစ်ကာ နံပါတ်တစ် အလယ်တန်းကျောင််းတွင် အဆောင်မရှိ‌သေး။ အလွန်ဝေး‌သောနေရာများက ကျောင်းသားများကတော့ စာသင်ခန်းလွတ်များတွင် နေရာလုပ်၍ နေကြရသည်။ လုံခြုံမှုမရှိ အဆင်လည်းမပြေကာ ပစ္စည်းများလည်း မကြာခဏပျောက်သည်။

"အမေ မနက်ဖြန် ပိုက်ဆံထုတ်ပေးမယ်။ သား ရှောင်းမင်ကို ခေါ်ပြီး စျေးမှာ လိုတာ အကုန်သွားဝယ်လိုက်" ရွှီကျင်းဖန် ပြောလိုက်သည်။ စာသင်သည်က ကိစ္စကြီးဖြစ်ကာ သူမက အမေတစ်ယောက်အနေနှင့် သူမကလေးအတွက် အပြင်ပိုင်းဆိုင်ရာများကို တတ်နိုင်သမျှ‌ဖြည့်ဆည်းပေးရမည်။ ကျန်သည်ကတော့ ကလေးတွေ သူတို့ကိုယ်တိုင် ကြိုးစားရမည်ဖြစ်သည်။

နောက်တစ်နေ့ မနက်စောစော ရွှီကျင်းဖန်နှင့် ကုလျန်ရုန် အလုပ်သွားပြီး မနက်အလယ်တွင် ကုလျန်ရုန် စက်ဘီးနှင့် ပြန်လာ၍ ကုလျန်မင်ကိုခေါ်ကာ ကျောင်းတွင် အဆင့်သွား‌နားထောင်သည်။

ညစာစားချိန်အချိန်ကိုက် မောင်နှမနှစ်ယောက် အိမ်ထဲသို့ ပျော်ရွှင်စွာ ဝင်လာကြသည်။ စက်ဘီးလက်ကိုင်တွင် အနီရောင်တောက်တောက် အ‌ဝတ်လျှော်သည့်ဇလားကို ချည်ထားပြီး ကုလျန်မင်လက်က ကျောင်းလွယ်အိတ်မှာ ဖောင်းကားပြီး ဘာထည့်ထားသည်ကိုတော့ မသိ။

ကုလျန်ရုန် စက်ဘီးကို ထောက်ထားလိုက်ပြီး ပင်မအခန်းတွင် ညစာစားရန်ပြင်နေ‌သောအိမ်သားများကို ပျော်ရွှင်စွာ အော်ပြောလိုက်သည်။ "အမေ၊ ရှောင်းမင် ချွီကျင်းခရိုင်စာမေးပွဲမှာ အဆင့်‌၆ရတယ်။ ခရိုင်က ကျောင်းကို ဘောနပ်စ်ပေးတယ်။ စုစုပေါင်း ယွမ်၆၀ အသားလက်မှတ် ပြောင်းဖူးမှုန့်လက်မှတ်တွေလည်း ပါတယ်"

"တကယ်လား?" ရွှီကျင်းဖန် တံခါးတွင် သူမလက်ထဲ ပန်းကန်လုံးကိုင်ရပ်ကာ "လာကြ။ အရင်စားကြမယ်။ စားရင်းပြောကြမယ်"

ကုလျန်မင် လက်ထဲကျောင်းလွယ်အိတ်နှင့် ပြေးလာပြီး "အမေ၊ သမီး သံထမင်းဘူး ဝယ်ခဲ့တယ်။ အဝတ်လျှော်ဇလားတစ်ခု ပုဝါတစ်ထည် သွားတိုက်ဆေးတစ်ဘူး သွားတိုက်တံတစ်ခု ဆပ်ပြာတစ်တုံး အားလုံးပေါင်း ၅၀ဆင့် ၈၀ဆင့်လောက်ကုန်တယ်"

ကုလျန်မင် ခေါင်းမော့ကာ ‌ပြောပြီးနောက် အိတ်ဘေးက အိတ်ကပ်ကို နှိုက်ပြီး မျက်နှာလိမ်းဆီ၂ဘူးကို ထုတ်လာကာ" အမေ၊ ဒါက အမေနဲ့ ယောင်းမဖို့!"

ရွှီကျင်းဖန် ငေးကြည့်ပြီး "သမီး ဘာလို့ ဒါကို ဝယ်လာတာလဲ? အ‌မေက အသက်ကြီးပြီ မလိုတော့ဘူး။ သမီးတို့ပဲ သုံးကြ"

ဒါကို ပြောလိုက်ပေမယ့် ကျန်းထျန် ‌ပေါက်စီစားရင်း ကြည့်နေရာ ရွှီကျင်းဖန်ပါးစပ်က ခေါင်းအနောက်ထိရောက်တော့မတတ် ပြုံးနေသည်ကို တွေ့လိုက်သည်။

"အမေ၊ အမျိုးသမီးတွေက သူတို့ကိုယ်သူတို့ ကောင်းကောင်းဆက်ဆံသင့်တယ် "ကျန်းထျန် ဖြောင့်ဖြလိုက်သည်။ " ပြီးတော့ ဒါက ရှောင်းမင်ဆန္ဒပါ။ အမေလက်မခံရင် ရှောင်းမင်ကန့်တော့တာကို အမေလက်မခံဘူးလို့ ဆိုလိုသလိုဖြစ်သွားမယ်"

ဒီအခြေအနေထိ ရောက်နေပြီဖြစ်ပေမယ့် ရွှီကျင်းဖန် မယူချင်သေးပေ။

"အမေ၊ ဒီဘူးကို ယူလိုက်ပါမယ်။ နောက်တစ်ဘူးက သမီးယောင်းမဖို့။ သမီး ကျောင်းမတက်ရ‌သေးခင် သမီးဖို့ တစ်ဘူးဝယ်လိုက်"

ကုလျန်မင် ပြုံး၍နားထောင်ကာ နောက် ကျောင်းက ပေးလိုက်သော ယွမ်၆၀ပါသည့်စာအိတ်ကို ထုတ်လာသည်။ "အမေ၊ ဒါ အမေ့ဖို့!"

ရွှီကျင်းဖန် ကုလျန်မင်လက်ကို ပြန်တွန်းလိုက်ပြီး "သမီးပဲ ယူထားလိုက်။ သမီးအသက်ကြီးလာပြီ‌ဆိုတော့ ပိုက်ဆံမပါဘဲ နေလို့မရဘူး။ ခရိုင်က အထက်တန်းကျောင်းသွားရင် စာအုပ်ဆိုင်မကြာခဏသွားဖို့သတိရနော်။ သမီးကြိုက်တာဝယ်။ သမီးရဲ့တတိယအစ်ကိုဆီက သင်။ အဲ့အချိန်ကျ အမေ သမီးအကြီးဆုံးအစ်ကိုကို သမီးဖို့ စာအုပ်စင်တစ်ခုလုပ်ခိုင်းမယ်။ သမီးဝယ်လာတဲ့ စာအုပ်တွေကို အဲ့မှာထား"

All Chapters