အခန်း (၃၉)
Vol. 4 Ch. 39
ကုလျန်မင် ရွှီကျင်းဖန်ကို ကြည့်ကာ "အမေ"
ရွှီကျင်းဖန် လက်ဝေ့ရမ်းပြီး "အမေပြောတဲ့အတိုင်း ယူထား"
ကုလျန်မင် သူမအကြီးဆုံးအစ်ကိုနှင့် တတိယအစ်ကိုဆီမှ အကူအညီတောင်းရာ ကုလျန်ရွှမ်လည်း တစ်ပုံစံတည်းပြောသည်။ "ယူလိုက်"
ကုလျန်ရုန်ကတော့ လှည့်ကိုမကြည့်။ စားစရာရှိတာသာ ခေါင်းငုံ့စားသည်။ ကုလျန်မင် ရွေးချယ်စရာမရှိဘဲ ပိုက်ဆံကို သိမ်းထားလိုက်သည်။
လွန်ခဲ့သောရက်များက မိသားစု အသားဟင်းများသာ စားပြီး ဗိုက်တွင် အဆီအသားပြည့်နေသည်။ ဒီရက်များတွင် ဟင်းပွဲများက ရိုးရှင်းကာ အရင် စားသလို အရွက်ကြော်နှင့် သခွားသီးပြန်ပြောင်းသွားသည်။
အိမ်က တရုတ်ပေါက်ပန်းပွင့်များက မစားလျှင် မကောင်းတော့မည်ဖြစ်၍ ကုလျန်ရွှမ် တတိယညီကို အပင်တက်ခိုင်းပြီး အကိုင်းကြီးများကို ချခိုင်းလိုက်သည်။ ထိပ်ကပန်းများကို ချွေလိုက်ပြီး ရေကြည်ကြည်တွင်စိမ်ကာ ဆန်ခါတွင်ဖြန့်ထားပြီး အခြောက်ခံကာ ခြောက်လျှင် ရေထဲ ထည့်သောက်၍ ရပြီဖြစ်သည်။
ကျန်းထျန် မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ကာ တရုတ်ပေါက်ပန်းတစ်ပွင့်ကို ခူးလိုက်ပြီး ပါးစပ်ထဲထည့် ဝါးကြည့်လိုက်သည်။ တကယ်အနည်းငယ် အရင့်လွန်ကာ အရင်ရက်က အသားစား တိုင်းရင်းဆေးသောက်နေရ၍ တရုတ်ပေါက်ပန််းပွင့်အကြောင်း သူမမေ့သွားသည်။
နေ့လည်ခင်းတွင် ကျန်းထျန် အဝတ်ပုံစံကို အနည်းငယ်ပြောင်းသည်။ သူမ အမွှာတွေ၏ကိုယ်အတိုင်းမရှိ၍ သူမ ခန့်မှန်းလုပ်ရသည်။
ညမနားခင် ရွှီကျင်းဖန် စာရွက်တစ်ရွက်နှင့်ရောက်လာပြီး "ဒါက သူတို့နှစ်ယောက်ရဲ့ ကိုယ်တိုင်း။ အမေ သမီးပြောသလို တိုင်းထားတယ်။ ဒါပေမယ့် အမေ တော်တော် ပင်ပန်းသွားတယ်"
ကျန်းထျန် စာရွက်ကို ယူပြီး ကြည့်လိုက်သည်။ နောက် ရွှီကျင်းဖန်ကို ကြည့်ပြီး "ဘာဖြစ်လို့လဲ အမေ?"
ရွှီကျင်းဖန် ထိုင်ခုံပေါ်ထိုင်ကာ လက်ရမ်းပြီးပြောလိုက်သည်။ " သမီးမသိပါဘူး။ နေ့လည်က သူတို့အိပ်တုန်း အမေတိုင်းထားတာ"
ကျန်းထျန် မျက်လုံးပြူး၍ သူမဘာလို့ ဒီနည်းလမ်းမစဥ်းစားမိသည်နည်းဟု ပြန်တွေးမိနေသည်။
" ရှောင်းဝူက သေချာတည့်တည့်အိပ်တော့ တတိယကလေး ကူစရာမလိုဘဲ အမေဘာသာတိုင်းလို့ရတယ် "ရွှီကျင်းဖန် ထိုအချိန်ကအကြောင်းကို ပြန်ပြောပြလိုက်သည်။ "ရှောင်းလျိုက အအိပ်ကြမ်းတဲ့ကလေးဆိုတော့ တော်တော်အားသုံးလိုက်ရတယ်"
ကုလျန်ရွှမ်လည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ အိပ်သည့်ပုံစံပြင်ရသည်က တော်တော်အားယူရသည်။ သူ ညတိုင်း ကျန်းထျန်အိပ်သည့်ပုံကို ပြင်ရသည်။ မဟုတ်လျှင် သူမ ခေါင်းရင်းတွင် ခြေထောက်ရောက်ကာ နံရံကို ခြေကန်သည်ဖြစ်သည်။ အကြောက်ရဆုံးအချိန်က သူနိုးလာပြီး ခေါင်းလှည့်လိုက်သောအခါ ခြေဖဝါးတစ်ခုကို တွေ့ရသည်ဖြစ်သည်။
ရွှီကျင်းဖန် နောက်တစ်ခုကို ဆက်ပြောသည်။ "တတိယကလေး နောက်ဆုံးတစ်ကြိမ် မြို့ကြီးမှာ ဆေးသွားယူတုန်းက ဆေးရုံက ဆရာဝန်က မင်းခြေထောက်အခြေအနေကို သေချာမသိတာကြာပြီဆိုတော့ ဆေးညွှန်းရတာ မလွယ်ဘူးပြောတယ်တဲ့"
ကုလျန်ရွှမ် ကျန်းထျန်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းစေ့ကာ တုံ့ဆိုင်းရင်း ပြောလိုက်သည်။ "ကျွန်တော့်ခြေထောက်ကို..."
"အမေ၊ မြို့ကြီးကို သွားမလို့လား?" ကျန်းထျန် မြို့ကြီးဆိုသည်ကို ကြားသည်နှင့် သူမမျက်လုံးများ တောက်ပလာကာ ရွှီကျင်းဖန်ကို ကြည့်ပြီး မေးလိုက်သည်။
ရွှီကျင်းဖန် ကုလျန်ရွှမ်ကို မျက်စောင်းထိုးလိုက်သည်။ သူမ သူမသားကို ကောင်းကောင်းနားမလည်။ ရွှီကျင်းဖန် သူ မပြီးလိုက်သောစကားကို ခန့်မှန်းနိုင်သည်။
" ထျန်ထျန် သမီးသွားချင်လို့လား?" ရွှီကျင်းဖန်ပြုံး၍ ပြောလိုက်သည်။ "သမီးနဲ့ တတိယကလေးပဲ အမေတို့အိမ်မှာ သွားနိုင်တာ။ အမေက အသက်ကြီးပြီဆိုတော့ ရထားမစီးနိုင်တော့ဘူး။ ခြေလက်တွေ တုန်ယင်နေတာ "
သူမဘဝတွင်တစ်ခါ ရထားစီးဖူးသည်။ လူအိုကြီး၏အရိုးပြာကို ယန်ပြည်နယ်မှ အိမ်ပြန်သယ်တုန်းကဖြစ်သည်။
" ဒါဆို ဘယ်အချိန်သွားကြမလဲ?" အခုချိန်မြို့ကြီးများက ဘယ်လိုပုံစံမျိုးလဲကို ကျန်းထျန်အလွန်စိတ်ဝင်စား၍ သူမ အပြင်ထွက်ကြည့်ချင်သည်။
ပြီးတော့ မြို့ကြီးများတွင် ပစ္စည်းကောင်းများစွာ ရှိလောက်၍ သူမ လျှောက်ပတ်ကြည့်ပြီး ပြန်ယူလာ၍ရသည်။
" မစိုးရိမ်နဲ့။ ရက်နည်းနည်းလိုသေးတယ်။ အမေ တတိယကလေးကို မြို့မှာ ရထားလက်မှတ်ဝယ်ခိုင်းလိုက်မယ် " ရွှီကျင်းဖန် အသေးစိတ်ကို ပြောလိုက်သည်။ " မသွားခင် အမေ အချဥ်စိမ်တွေနဲ့ အစာခြောက်တွေပြင်ပေးရဦးမယ်။ ရထားပေါ်က ပစ္စည်းတွေက အရမ်းစျေးကြီးတယ်။ ဒါကြောင့် ဝယ်မစားတာပဲကောင်းတယ်
" အမေ သမီးတို့ဖို့ အသားလုံး အချဥ်စိမ်နဲ့ ငရုတ်သီးကြော် ပေါက်စိီတစ်အိုးပေါင်းပေးလိုက်မယ်တွေးထားတယ်။ သမီး ဘယ်လိုတွေးလဲ?"
ကျန်းထျန် ခေါင်းညိတ်ကာ ဆက်မေးလိုက်သည်။ "အမေ၊ ချွီကျန်းခရိုင်ကနေ မြို့တော်ဆီ ရထားဘယ်နှရက်စီးရလဲ?"
ရွှီကျင််းဖန် ခေါင်းခါလိုက်သည်။ "အဲ့လိုမဟုတ်ဘူး။ ချွီကျင်းခရိုင်မှာ ဘူတာမရှိဘူး။ မြို့ကို ကားနဲ့သွားပြီးမှ မြို့မှာ ဘူတာရှိတာ"
"မစိုးရိမ်နဲ့။ အမေ၊ သမီးတို့ဦးလေးချန်ရွှင်းကို မြည်းလှည်းနဲ့ လိုက်ပို့ခိုင်းမယ်။ သမီးတို့ ခရိုင်မြို့ရောက်ရင် ဘတ်စ်ကားပေါ် တက်လို့ရပြီ။ မြို့က ကားဂိတ်နဲ့ ဘူတာက သိပ်မဝေးဘူး။ လမ်းနှစ်လမ်းလောက်ပဲ ဝေးတာ"
ကျန်းထျန် အပြင်ပထမဆုံးထွက်ဖူးသည်ဖြစ်၍ ကြောက်မည်စိုး၍ ရွှီကျင်းဖန် ပြောလိုက်သည်။ "သမီး လျန်ရွှမ် နောက်သာလိုက်သွားလိုက်။ သူခြေထောက်က သိပ်မကောင်းပေမယ့် သူ့လက်ကတော့ အစွမ်းရှိပါသေးတယ်။ တောဝက်တွေကို အမဲလိုက်သလို ရဲတယ်"
ဒါကို ပြောမှ ကျန်းထျန် သူမနုန်းနေသည်က မပျောက်သေးသည်ကို သတိရသွားသည်။ ဒါက မူလပိုင်ရှင် ကိုယ်ခံအားမကောင်းသည်ကို ပြနေသည်။
တောဝက်အကြောင်းပါလာ၍ ရွှီကျင်းဖန် ဂျိုင်းထောက်ကျိုးသွားသည်ကို သတိရကာ "သားတို့ဦးလေးပေါင်ကောက ဦးလေးကျင်းရှန်ကို အပင်တစ်ပင်ပေးထားတယ်။ နောက်ရက်အနည်းငယ်ဆို ဂျိုင်းထောက်ရလောက်ပြီ"
ဒီခေတ်တွင် ခရီးသွားရာတွင် ရထားလက်မှတ်ဝယ်ရန်် ထောက်ခံစာသုံးရသည်။ ကုလျန်ရွှမ်၏ ထောက်ခံစာက အချိန်အကြာကြီးသုံး၍ ရပေမယ့် ကျန်းထျန်နှင့် ကုလျန်ရုန်ကတော့ အဖွဲ့ခေါင်းဆောင် ကုပေါင်ကောဆီက ထောက်ခံစာယူပြီး တံဆိပ်ခေါင်းရိုက်ရမည်။
ကျန်းထျန် ပထမဆုံးရောက်သည်က မူလပိုင်ရှင် ပိုက်ဆံနှင့် ရထားပေါ်တက်မည့်အချိန်ဖြစ်သည်။ သို့သော် သူမတွင် ထောက်ခံစာမရှိ။ လက်မှတ်များကို ကျောင်းရွှယ်မင်းနာမည်ဖြင့် နှစ်ခါဝယ်ထားပြီး နေရာကမတူ။
ကုလျန်ရုန်က လျင်မြန်တက်ကြွကာ အဖွဲ့ရုံးသို့ သွားပြီး ရုံးက လူများကလည်း အသိဖြစ်၍ လူတိုင်း သူတို့ ဘာလုပ်သည်ကို သိသည်။
ကျန်းထျန်က အလုပ်သွားစရာမလို။ သူမ အဖွဲ့ကလူများကိုလည်း ကောင်းကောင်းမသိ၍ သူမ ရွှီကျင်းဖန်ပြန်လာမှ တူတူသွားရမည်။ ရွှီကျင်းဖန် အဖွဲ့ကလူများကို ကြိုပြောထားပြီး နေ့လည်စာမတိုင်ခင် ရွှီကျင်းဖန် ကျန်းထျန်ကို အိမ်မှခေါ်သွားသည်။
ကျန်းထျန် အပြင်သွားလေ့မရှိကာ ကုမိသားစုကလည်း ချောင်ကျ၍ ဘေးတွင် အိမ်နီးချင်းမရှိ။ အဖွဲ့ကလူများလည်းနည်းသည်။
သူတို့ထွက်လာသည့် အချိန်က အလုပ်နားပြီး ထမင်းစားသည့်အချိန်ဖြစ်သည်။ သူတို့ ရွှီကျင်းဖန်နှင့် ကျန်းထျန်ကို မြင်သောအခါ ခေါင်းမော့ပြီး နှုတ်ဆက်ကြသည်။ "ကျင်းဖန်၊ ဒါက နင့်ရဲ့ အကြီးဆုံးချွေးမပေါ့။ အရမ်းလှတာပဲ"
"ဒါက သမီးအဒေါ်။ သူမ တတိယသမီးက အမေတို့ရှောင်းမင်နဲ့ တစ်ကျောင်းတည်း" ရွှီကျင်းဖန် စိတ်ကောင်းရှိသောသူများ ကုမိသားစုနှင့် ရင်းနှီးသောသူများကို နှုတ်ဆက်ပေးသည်။
" နေ့လည်ခင်းရောက်ရင် အမေတို့ အရှေ့မှာ ကျောက်တုံးကြီးရှိတယ်။ လူတိုင်း အဲ့မှာ သွားနားလေ့ရှိတယ်" ရွှီကျင်းဖန် အရှေ့နေရာကို ညွှန်ပြပြီး ကျန်းထျန်ကို ပြောပြသည်။ "ကျောက်တုံးရှိတဲ့နေရာက အနောက်ကို ကွယ်တယ်။ ဆောင်းဦးလယ်ရိတ်သိမ်းပြီးရင် စပါးတွေကို လှမ်းလေ့ရှိပြီးတော့ ခရိုင်မြို့က ဇာတ်ကားတွေပြရင်လည်း အဲ့မှာ ပြတာ"
"အဖွဲ့ရုံးချုပ်က အနောက်စွန်းကျတယ်။ တစ်လုံးတည်းအိမ်အနည်းငယ်ရှိတယ်။ ခြံက အရမ်းကျယ်တယ်။ ခြံထဲမှာ လယ်စိုက်ကိရိယာတွေ စင်ထားတယ်။ အဖွဲ့က မြည်းကလေးလေးက အဲ့မှာနေတယ်။"
အဖွဲ့တွင် ခေါင်းဆောင်များများမရှိ။ ၆ခုမြောက်ထုတ်လုပ်ရေးအဖွဲ့တွင် လူဦးရေ ၆၀၀ ၇၀၀ခန့်သာရှိပြီး အိမ်ခြေ ၅၀ ဝန်းကျင်သာရှိသည်။ အဖွဲ့ခေါင်းဆောင်တစ်ဦး စာရင်းကိုင်တစ်ဦး အမှတ်ထိန်းတစ်ဦး အမျိုးသမီးခေါင်းဆောင်တစ်ဦးရှိသည်။
ကုပေါင်ကောက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ကုချန်ရွှင်းက စာရင်းကိုင်ဖြစ်၍ အမှတ်ထိန်းကတော့ လျိုဆရာဝန်၏ မြေး လျိုချန်ဖူဖြစ်ကာ အမျိုးသမီးခေါင်းဆောင်ကတော့ ကဲရှုကျန်းဖြစ်သည်။
ကုပေါင်ကောက ကျန်းထျန်ဖို့ ထောက်ခံစာတစ်စောင်သွားရေးကာ ရွှီကျင်းဖန်က ကုချန်ရွှမ်းနှင့် ကဲရှုကျန်းနှင့်စကားပြောနေသည်။
"ချန်ရွှမ်း။ ငါတို့မိသားစုက နောက်လ ဒုတိယနေ့ ဆေးကုဖို့ မြို့ကြီးကိုသွားမှာ။ ဒီတစ်ခါ လျန်ရွှမ် လူကိုယ်တိုင်သွားမှာ။ ထျန်ထျန်နဲ့ တတိယကလေး အဖော်လိုက်ပေးမှာ။ အဲ့ဒါကြောင့် နင် မနက်စောစောထပြီး မြည်းလှည်းနဲ့ သူတို့ကို ခရိုင်ပို့ပေးပါဦး"
ရွှီကျင်းဖန် လမ်းကလူများ သူတို့ကို ပေးလိုက်သောမြေပဲကို သူတို့နှစ်ယောက်ကိုပါ မျှပေးလိုက်သည်။
ကုချန်ရွှမ်း ခေါင်းညိတ်ကာ ပလုတ်ပလောင်းအသံနှင့် ပြောလိုက်သည်။ "ကောင်းပြီ။ အလုပ်အမှတ်နှစ်မှတ်ဖြတ်လိုက်မယ်" မြည်းနှင့် မြည်းလှည်းကာ အဖွဲ့က အများပိုင်ဖြစ်ပြီး တစ်ကိုယ်ရည်သုံးအတွက်ဆိုလျှင် အလုပ်အမှတ်ဖြတ်သည်။
ကဲရှုကျန်း ပြုံးကာ ပြောလိုက်သည်။ "နင်တို့မိသားစုက အကြီးဆုံးချွေးမက တကယ်ကြည့်ကောင်းတာပဲ။ အဖွဲ့ထဲ သူမထက် ပိုကြည့်ကောင်းတာ ငါမတွေ့ဖူးဘူး"
အပြင်ပုံကို ပြောသည်ဖြစ်သည်။ မျက်နှာက အလွန်ဖြူကာ စင်ပေါ်တွင် သီချင်းဆိုရန် ပေါင်ဒါလိမ်းထားသောသူထက်တောင် ပိုဖြူသည်။ နေရောင်အောက်တွင်် တောက်ပနေသည့်ပုံနှင့် တူသည်။ မျက်လုံးများက ကြည်လင်တောက်ပနေကာ ကြည့်ရုံနဲ့တင် လူတွေကို ပျော်အောင်လုပ်နိုင်သည်။ သူမကို အိမ်မှာပဲ ထားပြီး အပြင်မထွက်ခိုင်းသည်က မထူးဆန်းတော့။
သူမ ဂျူနီယာအထက်တန်းကျောင်းသာသွားခဲ့၍ သေချာမပြောတတ်ပေမယ့် ကျန်းထျန်က မြို့ကလူများ ရွာကလူများနှင့် ကွဲပြားသည်။ သူမ ခရိုင်လည်းရောက်ဖူးပေမယ့် လျန်ရွှမ်ဇနီးထက် ပိုချောသည့်သူ့ကို သူမ တစ်ခါမှ မမြင်ဖူး။
" ငါတို့ စုပေါင်းအဖွဲ့မှာ လက်ထပ်ဖို့ဆို ဘယ်သူက ကဲအဒေါ်ကို မရှာဘဲ နေလို့လဲ ထျန်ထျန်ထက်ပိုလှတဲ့သူ မြင်ဖူးလား " ဒါပေါ့။ ရွှီကျင်းဖန်လည်း သူမထျန်ထျန်ထက် ဘယ်သူမှ ပိုမလှဟုခံစားရသည်။ သို့ပေမယ့် တခြားသူများနှင့်ဆိုလျှင် ချိုးနှိမ်ရမည်။
ကဲရှုကျန်း၏ အမေမိသားစုက ဘေးက ၇ ခုမြောက်အဖွဲ့ကဖြစ်သည်။ သူမ၏အမေ ကဲအဒေါ်က ဆယ်မိုင် ရွာ၈ရွာတွင် နာမည်ကြီးသော အောင်သွယ်တော်ဖြစ်သည်။
"ဟုတ်တယ်" ကဲရှုကျန်း ပြုံး၍ ပြောလိုက်သည်။
လွန်ခဲ့သောနှစ်အချို့က ကုလျန်ရွှမ် စစ်တပ်တွင် တပ်မှူးအဖြစ်ရာထူးတိုး၍ ကဲအဒေါ်ကို တစ်ယောက်က အောင်သွယ်ခိုင်းသည်။ အောင်သွယ်ပေးရမည့်သူက ကဲအဒေါ်၏မြေးဖြစ်သည်။ သူမက အရွယ်ရောက်ကာ ကြည့်ကောင်းပြီး အိမ်ထောင်မှုလည်းနိုင်နင်းသည်။
ကဲအဒေါ်က ကဲရှုကျန်းကို ကုမိသားစုဆီ သွား၍ အောင်သွယ်ခိုင်းသည်။ သူတို့ တန်းလက်ထပ်နိုင်လျှင်လည်းကောင်းသည်။ မထင်ထားစွာ ထိုအချိန်က ရွှီကျင်းဖန်နှင့် ကျန်းအဘိုး ကျန်းထျန်နှင့် ကုလျန်ရွှမ်လက်ထပ်သည်ကို သဘောတူလိုက်၍ ကဲရှုကျန်းအငြင်းခံလိုက်ရသည်။
ကဲရှုကျန်းအလွန်ဒေါသထွက်သွားသည်။ သူမအမေကလည်း ကုမိသားစုက သူတို့မြေးကို လက်မထပ်ချင်။ သူတို့မြေးကို မြင်တောင်မမြင်လိုက်ဘဲ တစ်ခါတည်းငြင်းလိုက်သည်က သူတို့ကဲမိသားစုကို အထင်သေးသည့်သဘောလားဟု တွေးပြီး ဒေါသထွက်သည်။
ထို့အချိန်က သူမ အလွန်ဒေါသထွက်ကာ နောက်ရက်အနည်းငယ်မှ ကုလျန်ရွှမ် မြို့မှကလေးတစ်ယောက်နှင့် စေ့စပ်သည့်သတင်းကြားသည်။ ထိုအခါမှ သူမ အောင်သွယ်သည့်အချိန် မပြေလိုက်မှန်း သူမ သဘောပေါက်သွားသည်။
အထင်လွဲသည်က ရှင်းသွားပေမယ့် ကဲရှုကျန်ရင်ထဲ အစိုင်အခဲရှိသွားပြီဖြစ်သည်။ နှိုင်းယှဥ်နိုင်ရန် သူမ ထိုမြို့မှ ကလေးမက ဘယ်လောက်ကောင်းကြောင်း မြင်ချင်သည်။ ပိုချောလို့လား အိမ်ထောင်မှုပိုနိုင်နင်းလို့လား?ဟု ကြည့်ချင်သည်။
ကျန်းထျန် ၆ခုမြောက်အဖွဲ့တွင် အိမ်ထောင်ကျသည့်အချိန်က ကုမိသားစုဒုက္ခရောက်သည့်အချိန်နှင့်ကိုက်သွား၍ အမျိုးများကိုသာ ဖိတ်သဖြင့် သူမ သတို့သမီးကို မြင်ဖို့ အခွင့်အရေးမရှိခဲ့။
နောက် အိမ်ထောင်ကျပြီး လများစွာ ရှိသည့်တိုင်အောင် ကဲရှုကျန်း ကျန်းထျန်ကို အဖွဲ့တွင်မမြင်။ တခြားသူများပြောမှ အလုပ်လုံးဝမလာမှန်းသိခဲ့သည်။ ဒါကို ကြား၍ သူမရယ်မိသည်။ ရွှီကျင်းဖန်က ကုလျန်ရွှမ်ကို ပျင်းရိသည့်မိန်းမတစ်ယောက်နှင့် လက်ထပ်ပေးသည်လား?
သို့သော် အရင်ရက် တောဝက်ရိုက်သည့်နေ့တွင် သူမ မျက်နှာအရိုက်ခံလိုက်ရသလို ဖြစ်သွားသည်။ သူမသမီးနှင့် သားအားလုံး ထိုနေရာတွင်ရှိနေရာ ကျန်းထျန်သာ တောဝက်တွေကို မတားလျှင် အခု သူမ အေးဆေးထိုင်ပြီး ရွှီကျင်းဖန်ပေးသောမြေပဲကို စားဖို့ အခွင့်အရေးရှိပါ့မလား? အခု သူမ ကျန်းထျန် သူတို့ရွာရောက်လာသည်ကို တကယ်ပျော်သည်။
ကျန်းထျန် ထောက်ခံစာနှင့် ထွက်လာသောအခါ သူမ အမျိုးသမီးခေါင်းဆောင် ကဲရှုကျန်းက သူမကို ပြုံးပြနေသည်ကို မြင်၍ သူမလည်း ပြန်ပြုံးပြလိုက်သည်။
ကုပေါင်ကောထွက်လာသောအခါ ရွှီကျင်းဖန် သူ့ကို နှုတ်ဆက်လိုက်ပြီး မနက်ဖြန် လျန်ရုန် စက်ဘီးလာငှားမည်ကို ပြောခဲ့ပြီး ကျန်းထျန်ကို အိမ်ပြန်ခေါ်သွားသည်။