ရွှေသုံးစွဲမှု၊ ရည်ရွယ်ချက် ဖုံးကွယ်မှု
Vol. 17 Ch. 248
ခန်းမကြီးတစ်ခုလုံး ခန့်မှန်းသံများဖြင့် ဆူညံလာသည်။
“သူ နောက်ဆုံးတော့ ရပ်တော့မလား?”
“မဖြစ်နိုင်ဘူး… အခုအထိ ရွှေကို ရေလို ဖြုန်းနေခဲ့တာပဲ။”
“ပိုင်မျိုးနွယ်တောင်မှ အကန့်အသတ် ရှိရမယ်ထင်တယ်”
“အရင်က လေလံတွေကြောင့် သူ့ပိုက်ဆံ ကုန်သွားပြီထင်တယ်။”
လူအားလုံး၏ မျက်လုံးများသည် လေလံစီစဉ်သူ လန်ယွဲ့ရုံနှင့် တိတ်ဆိတ်နေသော ပိုင်ကျီဟန်အကြားကို လှည့်ပတ်ကြည့်နေကြသည်။
လန်ယွဲ့ရုံသည် အတွေ့အကြုံပြည့်ဝသော အလှအပနှင့် တူကို မြှောက်လိုက်ပြီး သူမ အပြုံးက လုံးဝ မလျော့သွားပေ
“နှစ်သန်း… တစ်ကြိမ်”
ထိုစကားသည် တိတ်ဆိတ်နေသော အခြေအနေထဲ၌ မိုးကြိုး ပစ်လိုက်သလိုပင်
“နှစ်သန်း… နှစ်ကြိမ်”
လူအုပ်ထဲ၌ တိတ်ဆိတ်မှု တစ်ရပ် ကျရောက်သွားသည်။ ကျောက်ဝူထျန်း နှလုံးသားသည် တင်းကြပ်သွားပြီး စိုးရိမ်မှုသည် ရင်ထဲမှ မြင့်တက်လာသည်။
(မဟုတ်ဘူး—အခုနေ ရောင်းရရင် မျိုးနွယ် အမြတ်မရသလို၊ ကိုယ့်ပစ္စည်းကို ကိုယ်ပြန်ဝယ်ရတဲ့အတွက် လေလံခလည်း ပေးရတော့မယ်)
အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး သူ့အသံသည် လှောင်ပြောင်သံဖြင့် ထွက်ပေါ်လာသည်
“ဘယ်လိုဖြစ်တာလဲ၊ သခင်လေးပိုင်။ အိတ်ကပ်တွေက နောက်ဆုံးတော့ ခြောက်သွားပြီလား? ဒါမှမဟုတ် အသက်ကယ်နိုင်တဲ့ ရတနာတစ်ခုအတွက်တောင် သုံးဖို့ ကြောက်နေတာလား? ပိုင်မျိုးနွယ်ရဲ့ အမွေဆက်ခံသူကြီးက ဒီလိုနဲ့ နောက်ဆုတ်သွားမလား?”
ထိုစကားများသည် တိတ်ဆိတ်မှုကို ဖြတ်တောက်လိုက်ပြီး လူအများစုသည် ရှေ့ကို လှမ်းကိုင်းလာကြသည်။ ပိုင်ကျီဟန် မည်သို့တုံ့ပြန်မည်ကို မြင်ချင်ကြသည်။
နောက်ဆုံးတော့ ပိုင်ကျီဟန် လှုပ်ရှားလာသည်။
သူ ရှေ့ကို ကိုင်းလာပြီး မျက်လုံးများသည် ပျော်ရွှင်သည့်အရိပ်အယောင်နှင့်အတူ အသံက လျစ်လျူရှုမှုနဲ့သာ
“အဲ့ဒီလက်နက်ရဲ့ တန်ဖိုးက တစ်သန်းထက်ပိုမတန်ဖူး ။ အဲ့ဒီထက်ကျော်ရင် အသက်ရှင်ချိန် နှစ်ခါပဲ ကျန်တဲ့ ကျိုးပဲ့နေတဲ့ ဒိုင်းတစ်ခုသာသာပဲ။ နှစ်သန်းကို ဖြုန်းချင်ရင်တော့ ကျောက်ဝူထျန်း၊ ဂုဏ်ယူပါ။ ကိုယ့်အတွက် ကိုယ်တိုင် သင်္ချိုင်းသစ်သားတစ်ချပ်ကို နှစ်ဆဈေးနဲ့ ဝယ်လိုက်သလို ဖြစ်သွားပြီ။”
ခန်းမကြီး ပေါက်ကွဲသလို ဖြစ်သွား၏ တချို့သည် ရယ်သံကို ထိန်းထားကြပြီး တချို့သည် နားလည်သလို အကြည့်ချင်း ဖလှယ်ကြသည့်တိုင် မျက်လုံးများက ကျောက်ဝူထျန်းဆီ တစ်ပြိုင်နက် လှည့်သွားကြသည်။
သူ့မျက်နှာသည် အနီရောင် ဖြစ်သွားပြီး ဖြူဖျော့သွား၏
သူသည် ပိုင်ကျီဟန်ကို ဆွဲဆောင်ပြီး ဈေးတက်အောင်လုပ်ချင်ခဲ့သည့်တိုင် နောက်ဆုံးမှာတော့ ကိုယ့်လည်ချောင်းကို ကိုယ်တိုင် ဖြတ်လိုက်သလို ဖြစ်သွားသည်။
(ဒီ… ဒီကလေးက သိုလှောင်လက်စွပ်တွေ၊ အဆောင်တွေ၊ ဆေးပင်တွေလို ပစ္စည်းအသေးအဖွဲတွေကို ဈေးကွက်တန်ဖိုးထက် သိန်းချီပြီး လေလံဆွဲခဲ့တယ်—ဒါပေမယ့် အခုတော့ ငါ့မျိုးနွယ်ရဲ့ ရတနာကို ဝယ်ဖို့ကျတော့၊ လေလံဆွဲဖို့ ငြင်းပယ်တာလား)
“မင်း—မင်းက”
ဒုက္ခပေးခဲ့သူသည် ကိုယ်တိုင် ဖြစ်နေသည့်တိုင် သူ ဒေါသထွက်လာသည်။
လန်ယွဲ့ရုံ၏ အပြုံးသည် လင်းလက်လာပြီး ကျောက်စိမ်းတူသည် အဆုံးအဖြတ်ပေးသလို ဆင်းသက်သွားသည်။
“နှစ်သန်း… သုံးကြိမ်.. ရောင်းပြီးပါပြီ။ ကျောက်မျိုးနွယ်အတွက် ဂုဏ်ယူပါတယ်”
တူရိုက်ခတ်သံသည် ကျောက်ဝူထျန်း နှလုံးသားကို ဓားတစ်လက်လို ထိုးဖောက်သွားသည်။
သူ ကိုယ်တိုင် ထိုအဖြစ်ကို ဖန်တီးခဲ့တာ ဖြစ်သည်။
ကျောက်မျိုးနွယ်“အောင်ပွဲ”သည် အပေါ်ယံသာ ဖြစ်သည်—ကိုယ့်ရတနာကို ကိုယ်ပြန်ဝယ်ဖို့ ရွှေ နှစ်သန်းအထိ ဈေးမြင့်မားစွာ ပေးရပြီး လေလံခလည်း ထပ်မံ ဖြတ်တောက်ခံရသည်။
ရရှိမည့် အမြတ်သည် နာကျင်ဖွယ် အရှုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အဆိုးဆုံးအပိုင်းကတော့…သူရှုံးသွားချေပြီ။
ပိုင်ကျီဟန်၏ တစ်သန်းငါးရာတန် အဖွင့်ဈေးကိုလက်ခံခဲ့လျှင် ကောင်းမည်သာ။ သူငြိမ်နေခဲ့လျှင် ယခုအချိန်တွင် အမြတ်အစွန်းရမည်သာ။
သို့တိုင် အခုတော့... သူက အရူးလိုသာ
ကျောက်ဝူထျန်းမျက်နှာသည် ပူလောင်သွားပေသည်။ သူ့မေးရိုးများ တကျွီကျွီမြည်လာသည့်အထိ တင်းမာသွားပေမဲ့ သူ့မျက်နှာအမူအရာက ကျေနပ်အားရစွာ ပြုံးလိုက်၏
"ဟုတ်တယ်" သူက ကျယ်ကျယ်လောင်လောင် ပြောလိုက်၏ တင်းမာသည့်တိုင် တည်ငြိမ်တဲ့အသံနဲ့ "ငါ့မျိုးနွယ်စုအတွက်သင့်တော်တဲ့ ရတနာပဲ။ ပိုင်မျိုးနွယ်စုတောင် ငါတို့လိုချင်တာကို ရဖို့ တားဆီးတယ်”
သို့တိုင် အတွင်းစိတ်ထဲမှာတော့ သူ့နှလုံးသားသည် လိမ်ညာနေ၏ သူ့ကို ကစားခဲ့တာ သူကိုယ်တိုင်လည်း ဖြစ်နိုင်၏
သို့တိုင် ဒဏ်ရာရနေသော မာနကြောင့် လေလံပွဲက ရပ်တန့်မသွားပေ
လန်ယွဲ့ရုံသည် သူမ ကျောက်စိမ်းတူကို တစ်ဖန်ပြန်မြှောက်လိုက်ပြီး ဧည့်သည်များကို လက်ဟန်ပြရင်း သူမအသံသည် ပေါ့ပါး သာယာနေပေသည်။
"နောက်ပစ္စည်းက မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းပဲ" သူမ၏ ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာပြီး ကြေငြာလိုက်၏ "ဒါက မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းကလွဲလို့ တခြားမဟုတ်
ဘူး။ ဝိညာဉ်စုဆောင်းခြင်းမှော်စာများနဲ့ ထွင်းထားပြီး အဆင့် ၇ သားရဲရဲ့ သွေးနဲ့ ပြုပြင်ထားတဲ့အပြင် နှစ်ပေါင်းထောင်ချီ သံမဏိနဲ့ ထုလုပ်ထားတဲ့ လှံတစ်ချောင်း”
သေတ္တာသည် ပွင့်သွားပြီး အထဲက လက်နက် ပေါ်လာသည်။
သံမဏိလှံသည် မီးရောင်နှင့် တောက်ပနေပြီး မှော်စာများသည် မှိန်ဖျော့ဖျော့ လင်းလက်နေ၏
ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ရှေ့တန်းက ကျင့်ကြံသူ အတော်များများကို အလိုလို နောက်ပြန်ဆုတ်သွားစေသည်။
ပရိသတ်ကြား၌ အံ့ဩမှုများ ပျံ့နှံ့သွားသည်။
"ထပ်ပြောပြန်ပြီလား။ ဒီနေ့ လေလံပွဲအတွက် မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်း ဘယ်နှစ်ခု ယူလာတာလဲ။"
"ဟူး ။ သခင်လေးပိုင်က ဒါကိုလည်း ရနိုင်တယ်။ ငါလည်း ဒါကို လေလံဆွဲသင့်တယ်။"
နောက်ဆုံးတော့ ပစ္စည်းများသည် အရင်လေလံပွဲနှင့် တစ်တန်းတည်း ပြန်ဖြစ်သွားပေမဲ့ လူအများသည် သူတို့ အနိုင်ရနိုင်မည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။
အားလုံးမျက်လုံးများသည် ပိုင်မျိုးနွယ် လသာဆောင် အပေါ်သို့ လှန်ကြည့်လိုက်ကြသည်။
ပိုင်ကျီဟန်သည် ရာနှင့်ချီ ရတနာပစ္စည်းများကို ပေါ့ပေါ့တန်တန် သုံးမည်ဆိုပါက တွန့်ဆုတ်မနေမှာ သေချာ၏
လန်ယွဲ့ရုံအပြုံးက ပိုနက်ရှိုင်းလာ၏
"အစပြုဈေးက ရွှေငါးသိန်း။"
လူအုပ်ကြားထဲ၌ တိတ်ဆိတ်ငြိမ်သက်သွားသည်။
အကြည့်များသည် ပိုင်မျိုးနွယ် လသာဆောင်ဆီကို ချက်ချင်းလှည့်သွားကြ၏
သူတို့စောင့်နေကြသည်။
ပြီးတော့ စောင့်နေကြ၏
သို့တိုင် သခင်လေးက မလှုပ်ပေ
ယင်းအစား ပိုင်ကျီဟန်သည် သူ့ထိုင်ခုံ၌ ပြန်မှီလိုက်ပြီး လက်တစ်ဖက်သည် ခုံပေါ်၌ ပျင်းရိစွာတင်ထားကာ နောက်တစ်ဖက်သည် ဝိုငခွက်ကို ကိုင်ထား၏ သူသည် ခွက်ကို ခပ်ဖွဖွလေး ငုံ့သောက်ပြီး အရသာကို မြည်းစမ်းကြည့်ကာ ချလိုက်ပေသည်။
သူ့မျက်လုံးများသည် မှိတ်သွားပြီး ပြသထားသော မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းကို သတိမထားမိသလိုပင်
မယုံနိုင်စရာလှိုင်းတစ်ခုသည် ခန်းမဆောင်ကို ဖြတ်သွားချေသည်။
"သူဘာလုပ်နေတာလဲ။"
"သူစိတ်မဝင်စားဘူးလား။"
"သခင်လေးပိုင် ဘာဖြစ်နေတာလဲ။ သာမန်ရတနာကို အရူးအမူး ဈေးတင်နေတာ၊ ဒါပေမယ့် ဒီလောက်တန်ဖိုးရှိတဲ့ ရတနာကို သူ မကြည့်ဘူး။"
လေလံပွဲစီစဉ်သူ၏ ဟန်ပန်သည် ခဏတာ ယိုင်လဲလုနီးပါး ဖြစ်နေ၏
သို့တိုင် လန်ယွဲ့ရုံသည် သူမအပြုံးကို မြန်မြန်ဆန်ဆန် ပြောင်းလိုက်ပြီး သူမ အသံသည် ကြည်လင်ပြတ်သားနေ၏
"ငါးသိန်း”
"...ငါးသိန်းငါးသောင်း”
တွန့်ဆုတ်နေသော အသံတစ်ခု ထွက်ပေါ်လာ၏
ပိုင်ကျီဟန် ပြန်တိုက်ခိုက်မည်ကို စောင့်နေ၏ သို့တိုင် ဘာမှ မဖြစ်သေးပေ
"ခြောက်သိန်း”
နောက်တစ်ယောက် ချက်ချင်း လိုက်လာ၏
သို့တိုင် စွမ်းအင်များသည် တင်းမာနေပြီး တွန့်ဆုတ်နေ၏
လေလံတင်သူတိုင်း၏ မျက်လုံးများသည် အပေါ်ဘက်ရှိ ပိုင်ကျီဟန်ကို မကြာခဏ လှမ်းကြည့်နေကြကာ အရာအားလုံးကို ချေမှုန်းသွားမည့် လေလံတင်သံကို စောင့်မျှော်နေကြသလိုပင် ဖြစ်သည်။
သို့တိုင် ဘာမှ မဖြစ်လာခဲ့ပေ
သခင်လေးသည် ဘုရင်တစ်ပါး အနားယူနေသကဲ့သို့ ထိုင်နေပြီး မျက်လုံးများပိတ်ကာ အောက်ဘက်ရှိ အပြင်းအထန် လေလံတင်နေမှုများကို လုံးဝ မစိတ်ဝင်စားသလို ဖြစ်နေ၏
ကျောက်ဝူထျန်းသည် လက်မောင်းများကို ချုပ်ကိုင်ထားရင်း နားထင်ပတ်ဝန်းကျင်ရှိ သွေးကြောများ ဖောင်းတက်လာသည်။ သူ့အနေနဲ့ ထိုအခြေအနေကို နားမလည်နိုင်ခဲ့ပေ။
(ဘာလို့ သူ လေလံမတင်တာလဲ? ဒါက မြေကမ္ဘာအဆင့် လက်နက်တစ်ခု။ ပိုင်မိသားစုက စိတ်လွတ်သွားတာလား? ဒါမှမဟုတ် ငါတို့ကို ထပ်ပြီး ကစားနေတာလား?)
ပိုင်ကျီဟန် မလှုပ်မရှား ထိုင်နေသည့် အချိန်ကြာလေလေ၊ လေလံခန်းမတစ်ခုလုံး မအေးမချမ်း ဖြစ်လာလေလေပင်
သန်းချီသော ငွေပမာဏကို ဆေးများ၊ အဆောင်များ၊ ကာကွယ်ရေးများပေါ်တွင် သုံးစွဲနိုင်သူတစ်ဦးသည် တန်ဖိုးမဖြတ်နိုင်သော လက်နက်တစ်ခုကိုတော့ လုံးဝ လျစ်လျူရှုနေသည်။
သူ ဘာဂိမ်း ကစားနေတာလဲ?
လေလံသံများ တစ်ပြိုင်နက်တည်း တက်လာသည်။
“ခုနစ်သိန်း ငါးသောင်း”
“ရှစ်သိန်း”
“ကိုးသိန်း”
စင်မြင့်ပေါ်တွင် လေလံစျေးများ မရပ်မနား တက်လာသည်။ မြေကမ္ဘာအဆင့် လှံသည် တစ်သန်း ကျော်သွားပြီး နှစ်သန်းထိ တက်သွားသည်။
“နှစ်သန်း တစ်သိန်း”
နောက်ဆုံး လေလံသံ ပြီးဆုံးသွားချိန်တွင် လန်ယွဲ့ရုံ၏တူ ကျသွားသည်။
“ရောင်းပြီးပါပြီ”
သံမဏိနက် လှံတံကို အသေးစား မိသားစုတစ်ခု၏ အလယ်အလတ်အဆင့် အကြီးအကဲမှ ရယူသွားခဲ့သည်။ ထိုငွေပမာဏ၏ ဖိအားကြောင့် သူ့မျက်နှာသည် ဖြူဖျော့နေသည်။
သို့သော် စကားသံများ မပျောက်ကွယ်မီတွင် အစေခံများသည် အခြား သေတ္တာတစ်လုံးကို ထပ်မံ ယူဆောင်လာကြသည်။
“နောက်တစ်ခုကတော့” လန်ယွဲ့ရုံသည် ချောမွေ့စွာ ကြေညာလိုက်သည် “မြေကမ္ဘာအဆင့် လက်နက်တစ်ခု—မီးနှင့်မိုးကြိုး နှစ်ခုနဲ့ ဖန်တီးထားတဲ့ ရှေးဟောင်း စစ်သုံး ပုဆိန်တစ်လက် ဖြစ်ပါတယ်။”
ခန်းမတစ်ခုလုံး အသက်ရှုသံ တိတ်ဆိတ်သွားသည်။
သေတ္တာကို ဖွင့်လိုက်ချိန်တွင် ပုဆိန်၏ အနားတလျှောက် လျှပ်စစ်အလင်းလေးများ လင်းလက်လာသည်။ ၎င်း၏ ရှိနေမှုသည်ခန်းမတစ်ခုလုံးအား မုန်တိုင်းမိုးတိမ်တစ်ခု ဖိထားလိုက်သလိုပင်
လူတိုင်း မျက်နှာများသည် တစ်ပြိုင်နက်တည်း အပေါ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ပိုင်မိသားစု၏ VVIP အခန်း
သို့တိုင် ပိုင်ကျီဟန်သည် လုံးဝ မလှုပ်မရှား ဖြစ်နေဆဲဖြစ်သည်။
သူ မျက်လုံးပိတ်ထားပြီး ထိုင်နေကာ ထိုလက်နက် မရှိနေသလိုပင်။
“…တစ်သန်း” တစ်ယောက်က စမ်းသပ်သလို ခေါ်လိုက်သည်။
“တစ်သန်း သုံးသိန်း”
“နှစ်သန်း”
ဈေးနှုန်း မြင့်တက်လာသည့်တိုင် ပိုင်မျိုးနွယ် အမွေဆက်ခံသူဆီမှ စိတ်ဝင်စားမှု တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိပေ
"နှစ်သန်း ငါးသိန်း - ရောင်းပြီးပြီ”
နောက်ထပ်ရတနာတစ်ခုဖြစ်သော မြေကမ္ဘာအဆင့် သံချပ်ကာတစ်ခု ပေါ်လာသည်။
ပိုင်ကျီဟန်မှ တစ်စုံတစ်ရာ လေလံဆွဲခြင်း မရှိပေ။
ပြီးတော့ လေကိုဖြတ်သွားလောက်အောင် ထက်မြက်သော ဓားတစ်ချောင်း။
တစ်ခုမှ စျေးမပေးသေးပေ
အထပ်ထပ်အခါခါ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပြီး တစ်ခု ထွက်ပေါ်လာပေမဲ့ ပိုင်ကျီဟန်သည် တောင်တစ်လုံးလို ထိုင်နေပြီး မျက်လုံးများ မှိတ်ကာ မျက်နှာအမူအရာက ခန့်မှန်းမရပေ
ပိုင်မျိုးနွယ် လသာဆောင်မှ တိတ်ဆိတ်မှုသည် ပိုပြင်းထန်လာ၏
တီးတိုးစကားသံများသည် တောမီးလို ပျံ့နှံ့သွားပေသည်။
"ဖြစ်နိုင်တယ်... သူ့ပိုက်ဆံအိတ် ကုန်ပြီလား?"
"သူ ငါးသန်းကျော်ကို ဖြုန်းတီးပစ်လိုက်တာ မဟုတ်ဘူးလား?"
"ဟား... သူ့ရဲ့ မာနကြောင့် သူဟန်ဆောင်နေတာ ဖြစ်နိုင်တယ်။ အခုတော့ ပိုင်မျိုးနွယ်စုက မလိုက်နိုင်တော့ဘူး”
လူအုပ်ကြားထဲ၌ ရယ်သံအနည်းငယ် ပျံ့နှံ့သွားပြီး လှောင်ပြောင်ဖို့ ရဲရင့်စွာ အော်ဟစ်လိုက်ကြ၏
သို့တိုင် ထင်ကြေးများ အထွတ်အထိပ် ရောက်နေချိန်၌ အစေခံများသည် နောက်ထပ်ပစ္စည်းတစ်ခုဖြစ်သည့် ကောင်းမွန်သော အဆောင်စာလိပ်ကို ထုတ်ပြလိုက်ကြသည်။
ရှေးဟောင်းပစ္စည်း မဟုတ်ပေ။
မြေကမ္ဘာအဆင့် မဟုတ်ပေ။
အရည်အသွေးမြင့် ကာကွယ်ရေး အဆောင်တစ်ခုသာ
လန်ယွဲ့ရုံ ဈေးနှုန်းကို ကြေငြာလိုက်သည့်အခါ နှုတ်ခမ်းတွေ ကွေးသွား၏
"စတင်ကမ်းလှမ်းချက်၊ ရွှေတစ်သိန်း။"
မည်သူမှ ပါးစပ်မဟခင်မှာပဲ ပိုင်ကျီဟန်၏ တည်ငြိမ်သောအသံသည် အပေါ်ကနေ စီးဆင်းလာသည်။
"သုံးသိန်းငါးသောင်း”
လူအုပ်ကြီး ရပ်တန့်သွားပေသည်။
သူတို့ ရယ်သံများသည် လည်ချောင်းထဲ၌ ပျောက်ကွယ်သွားပေသည်။
လန်ယွဲ့ရုံ အပြုံးသည် တောက်ပလာပြီး သူမ တူကြီးက စူးရှစွာ မြည်နေ၏
"ရောင်းပြီးပါပြီ သခင်လေးပိုင်ဆီ။"
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး တီးတိုးစကားသံများ ပြန်စလာ၏ ။ ဒီတစ်ခါတော့ ငြိမ်သက်သွားသည်။
"ဒါဆို သူ့မှာ ပိုက်ဆံရှိသေးတာလား?"
"ဒါဆို ဘာလို့ အရင်က အစွမ်းထက်တဲ့ ရှေးဟောင်းပစ္စည်းတွေကို မကမ်းလှမ်းတာလဲ?"
"ပြောလို့ မရဘူး... သူဘာတွေးနေတာလဲ။"
သို့တိုင် နောက်ဆုံးမှာတော့ အများစုသည် သူ့ရည်ရွယ်ချက်ကို ခန့်မှန်းဖို့ ကြိုးစားသည့်အပေါ် လက်လျှော့လိုက်ကြသည်။
အနည်းဆုံးတော့ သူတို့ စိတ်သက်သာရာရသွားကြသည်။
ပိုင်ကျီဟန်သည် သူ့ရွှေများကို ကျောက်မျက်ရတနာများနှင့် စာလိပ်များပေါ် သုံးချင်လျှင် သုံးပါစေ
တကယ် အရေးကြီးသည်က မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းများအပေါ် သူ့၏ ပြင်းထန်သော ကမ်းလှမ်းချက်များမှ လွတ်မြောက်နေခဲ့တာပင်
ဒါနဲ့တင် လုံလောက်ချေပြီ။