အခန်း (၄၂)
Vol. 4 Ch. 42
"လူယုတ်မာ!" ကျန်းထျန် သူ့လက်မှ လွတ်အောင်ရုန်းလိုက်ပြီး အမြန်ထိုင်ကာ ကုလျန်ရွှမ်ကို ခေါင်းအုံးနှင့် အားပြင်းပြင်း ရိုက်လိုက်သည်။
"မဟုတ်ဘူး။ ကိုယ်ပြောတာနားထောင်ပါဦး" ကုလျန်ရွှမ် သူ့လက်ကို မြှောက်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ခေါင်းအုံးနှင့် အရိုက်ခံရသည်က တကယ်နာသည်။
ကျန်းထျန် သူ့ကို အကြိမ်အနည်းငယ်ရိုက်ကာ အားချန်ထားရမည်ဟု တွေးပြီး သူမ ခေါင်းအုံးကို ကိုင်ကာ ကုတင်တစ်ဖက်ကို တက်ပြီး ကုလျန်ရွှမ်နှင့် အဝေးတွင်ထိုင်ကာ မျက်လုံးများက သံသယနှင့် ပြောလိုက်သည်။ "ရှင်၊ ရှင်ပြော"
ကုလျန်ရွှမ် အကြောင်းပြချက် ပေးနိုင်မည်ဟု သူမမထင်။ ကမ္ဘာပျက်ခေတ်တွင် သူမ ဒီလိုအခြေအနေကို သိပ်မမြင်ဖူး။
ကုလျန်ရွှမ် နောက်ဆုံးခေါင်းမော့နိုင်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူခုနညာခြေအားသုံးနိုင်သည်ကို ဂရုမစိုက်နိုင်ဘဲ အမြန်ရှင်းပြလိုက်သည်။ "ကိုယ်လူယုတ်မာမဟုတ်ဘူး"
ကျန််းထျန် သူ့ကို မျက်စောင်းထိုးလိုက်သည်။ လူယုတ်မာတွေကတော့ သူတို့ကိုယ်သူတို့ ဝန်ခံမှာမဟုတ်။
သို့သော် သူမ ထိုင်နေသာကုတင်ထောင့်က လရောင်မရှိ၍ ကုလျန်ရွှမ် သူမကို သေချာမမြင်ရ။
" မင်း အိပ်တာပုံမမှန်ဘဲ ခြေထောက်ကို နံရံနဲ့တိုက်တော့မလို့ " ကျန်းထျန် မယုံသေးသည်ကို ကုလျန်ရွှမ် ခံစားနိုင်သည်။
ကျန်းထျန် - "ဒါကြောင့်?" ဒါက သူ၏ထူးဆန်းနေသောကိုယ်ဟန်ကို ရှင်းပြနိုင်လို့လား?!
"မင်း နံရံကို တိုက်ရင် မင်းခြေထောက်နာလိမ့်မယ်။ ကိုယ် ဒါကို မြင်လို့ တားလိုက်တာ" ကုလျန်ရွှမ် ဥပမာအများကြီးတွေးလိုက်ပေမယ့် နောက်ဆုံး သူ ပြောလိုက်သည်။ "မင်းအိပ်တာ... နည်းနည်း မငြိမ်လို့" သူ ပြောနေရင်း နားကာ ကျန်းထျန်မျက်နှာကို ကြည့်လိုက်သည်။
ကျန်းထျန် အိပ်နေစဥ် သူ့မျက်နှာကို ခြေလက်နှင့်ရိုက်သည်က ဘာမှမဟုတ်ပေ။ သူအကြောက်ဆုံးက သူ့ခါးကို အကန်ခံရသည်ဖြစ်သည်။ တစ်ခါက သူ နာ၍ နိုးလာကာ ဝှီးချဲပေါ်ထိုင်ရင်း အလွန်မသက်မသာခံစားရသည်။ ကံကောင်းစွာ သူ ဝှီးချဲပေါ်ထိုင်နေ၍ အိမ်ကလူတွေ ဘာမှမမြင်။
ကျန်းထျန် - "..."ကျွန်မ ဝေးနေလို့ ရှင့်ကို မရိုက်နိုင်ဘူး မထင်နဲ့။
သို့သော် သူမအကြောင်း သူမ သိသည်။ သူမအိပ်သည်က တကယ် မငြိမ်။
ကုလျန်ရွှမ်စကားအရ သူ ညဘက် သူမအိပ်သည့်ပုံကို သတိထားရကာ တိုက်မိပြီး နာမည်ကို ကြောက်သည်ဟု ပြော၍ အခု သူမ အပြစ်မကင်းခံစားရသည်။
အိပ်သည်ကပုံမမှန်၍ ကျန်းထျန် အနည်းငယ်ရှက်ပြီး မျက်နှာပူလာကာ ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်သည်။ "ဒါဆို... ရှင် ကျွန်မနိုးတာမြင်တော့ ဘာလို့ အံ့သြပြီး အပြစ်ရှိတဲ့ရုပ်ဖြစ်နေတာလဲ?"
"ကိုယ် အပြစ်ရှိသလို ခံစားရတာလား?" ကုလျန်ရွှမ် ထုံနေသော သူ့ညာခြေကို နှိပ်ပြီး ခဏရပ်ပြီးနောက် မေးလိုက်သည်။
ကျန်းထျန် အားပြန်ရကာ ကိုယ်ကို တည့်လိုက်ပြီး သူမခေါင်းကို အကြိမ်ကြိမ်ညိတ်ပြီးနောက် အသံမြှင့်ကာ ပြောလိုက်သည်။ "အင်း!"
ကုလျန်ရွှမ် ခေါင်းငုံ့ကာ လရောင်ရှိသော စောင်ထောင့်ကို ကြည့်လိုက်သည်။
" ကိုယ့်ညာခြေ အားသုံးလို့ရတာ ကိုယ်တွေ့လို့" ကုလျန်ရွှမ် ငြင်းလိုက်သည်။ "ကိုယ်အပြစ်ရှိသလိုခံစားရတာမဟုတ်ဘူး။ အံ့သြသွားတာ"
"ရှင် အားသုံးနိုင်ပြီလား?"
ရက်၂၀ကျော်ကျော် မိသားစုက ငါးဟင်းကို နှစ်ရက်ခြား သုံးရက်ခြားစားသည်။ ငါးစွပ်ပြုတ် ငါးစွပ်ပြုတ်ခေါက်ဆွဲ ငါးခြောက် စသဖြင့် စားသည်။ ထို့ကြောင့် ကုလျန်ရွှမ် မကြိုက်လျှင်တောင် စားရမည်ဖြစ်သည်။ သူအားရှိရန်အတွက် ရွှီကျင်းဖန် သူ့ကိုပန်ကန်လုံးနှစ်လုံး သောက်ခိုင်းသည်။ ဒီနည်းဖြင့် သူ့ခြေထောက်ကဒဏ်ရာက ပြန်ကောင်းသည်ဖြစ်ရမည်။ သူမ တွေးထားသည်ထက် ပိုမြန်သည်။
"ကိုယ်ရုတ်တရက် သိသွားလို့ လန့်သွားတာ" ကုလျန်ရွှမ် ဒါကို သုံး၍ အံ့သြသည့်အတွက် အကြောင်းပြချက်ပေးလိုက်သည်။
ကျန်းထျန် မျက်စောင်းထိုးကာ မေးကို ခေါင်းအုံးပေါ်တင်ပြီး လရောင်ဖြင့် ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။ သူမ အထင်လွဲသွားသည်လားဟု သူမတွေးလိုက်သည်။
ကုလျန်ရွှမ်က ကြင်နာရုံသာဖြစ်ပြီး လူကောင်းဖြစ်ကာ သူမ ညလယ်တွင် နာမလားကို သတိထားပေးသည်။ တစ်ခုခုမှားသလို ထင်ရပေမယ့် ပုံမှန်လည်းဖြစ်နေသည်။
ကုလျန်ရွှမ် လူကောင်းဟုတ်မဟုတ် သူမအရင်ခေတ်ကမ္ဘာပျက်ခေတ် အတွေ့အကြုံအရ ခန့်မှန်းတွေးသည်ဖြစ်သည်။
သို့သော် သူမ စိတ်မအေးသေး၍ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ကုလျန်ရွှမ် သူမ အပြင်ထွက်တော့မည်ဟု ထင်၍ အမြန်တားလိုက်သည်။ "မင်းစိုးရိမ်နေသေးရင် ကိုယ်အနောက်အခန်းမှာ သွားအိပ်လိုက်မယ်"
ကျန်းထျန်း ခဏတုံ့ဆိုင်းပြီးနောက် အာ ဟု အသံထွက်လာသည်။
ကုလျန်ရွှမ် အနောက်အခန်း သွားအိပ်မည်ဟု ပြောလိုက်ပေမယ့် သူတို့ မနက်ဖြန်မြို့ကြီးသွားခါနီး မိသားစုများ သံသယဝင်အောင် ကိစ္စကြီးသလိုဖြစ်နေမလားပြန်တွေးမိပြန်သည်။
နောက်အခန်းတွင် ရွှီကျင်းဖန် အသံကြား၍ နိုးလာကာ ဘေးခန်းက သားကြီးအိပ်သည်က ပုံမကျဖြစ်ရမည်ဟု တွေးလိုက်သည်။ အိမ်တွင် ရှောင်းဝူမှလွဲ ကလေးအားလုံး အိပ်သည်က ကြမ်းသည်။ အကြီးဆုံးသား အခုအိပ်သည်က ပိုကြမ်းသည်။ အဘယ်ကြောင့်ဆိုသော် သူ စစ်တပ်ထဲမှာတုန်းက တစ်ယောက်အိပ်ကုတင်ဖြင့် အိပ်နေကျဖြစ်၍ ဖြစ်သည်။
ကျန်းထျန် လက်ညှိုးထိုးကာ ဒီအိမ်က ကုမိသားစုအိမ်ဖြစ်၍ သူမ ကုလျန်ရွှမ်ကို နှင်ထုတ်လျှင် သူမ မျက်နှာပြောင်သလိုဖြစ်မည်။
" ကျွန်မ အနောက်အခန်းမှာ နေလို့ရလား?" ကျန်းထျန်မေးလိုက်သည်။ "ကျွန်မ အဲ့ကို သွားလိုက်မယ်"
ကုလျန်ရွှမ် ကုတင်ပေါ်မှ ဆင်းသောအခါ လန့်သွားပြီး နှုတ်ခမ်းစေ့ကာ "မဟုတ်ဘူး။ ကိုယ်သွားမယ်"
"မဟုတ်ဘူး။ ရှင် သွားစရာမလိုဘူး!" ကျန်းထျန် သူမလက်ရမ်းကာ တားလိုက်ပြီး သူမ ဘီဒိုတစ်ဖက်သွားကာ အပေါ်မှ ဆောင်းရာသီခြုံစောင်ထူထူကို ယူလိုက်ပြီး" ဒါကို သုံးလိုက်မယ်"
ပြောပြီးနောက် ကျန်းထျန်် စောင်ကို ဖက်ကာ သူတို့နှစ်ယောက် အိပ်သည့်နေရာကြားထားလိုက်ပြီး "ကျွန်မအိပ်ရင် နေရာကျော်တာတားဖို့ ကျွန်မတို့ကြား စောင်ထားလိုက်မယ်။ ကျွန်မ ရှင့်ကို အရင်က နာအောင် လုပ်လိုက်မိသေးလား?" ကျန်းထျန် ကုလျန်ရွှမ်ကို မေးလိုက်သည်။
ကုလျန်ရွှမ် လက်ထပ်သည်က သုံးသော အနီရောင်စောင်ထူထူကို ကြည့်လိုက်သည်။ ဒီစောင်ကို လုပ်ပြီးတည်းက ကုတင်ပေါ်တင်ထားပေမယ့် မူလကျန်းထျန်က ဘီဒိုထဲ ထိုးထည့်ထားသည်။ အခု ဒီကျန်းထျန်က ပြန်ထုတ်သည်လား?
သူတို့နှစ်ယောက်ကြား စောင်ခြားထားသည်က ကျန်းထျန် သူ့ကို နာစေမည်ကို ကာကွယ်သည့်အစား သူ့ကို ကာကွယ်သည်ဖြစ်သည်။
ကုလျန်ရွှမ် ပုခုံးလျော့ကျသွားသည်။ ဒါကလည်း ကောင်းပါသည်။ အနည်းဆုံး ဒီစောင်နှင့်ဆိုလျှင် ကျန်းထျန်စိတ်အေးနိုင်သည်။
"ဟုတ်ပြီ" သူ ကျန်းထျန်နှင့် သဘောတူရမည်ဟု ခံစားမိ၍ ခေါင်းညိတ်ကာ ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးတင်ပါတယ်"
ကျန်းထျန် - "... ကျေးဇူးတင်စရာမလိုပါဘူး" ပြောပြီးနောက် သူမ လှည့်ကာ လှဲလိုက်သည်။ သူမ မျက်လုံးမှိတ်ပြီးတော့မအိပ်ရဲ။ မျက်လုံးထောင့်ကနေ ကုလျန်ရွှမ်ကို ကြည့်ပြီး တစ်ခုခုဆို ချက်ချင်းပြုမူရန် ပြင်ထားသည်။
တစ်ချိန်တည်းမှာပင် ကုလျန်ရွှမ်က သူမကို ဘာလို့ကျေးဇူးတင်သနည်းဟု တွေးမိနေသည်။ သူမ အိပ်နေတုန်း သူ့ကို နာအောင်လုပ်မိသည်လား ကန်သည်လား တစ်ခုခုလုပ်သည်လား သူ အလယ်က စောင်ကို မြင်ပြီး စိတ်အေးသွားသည်နှင့်တူသည်။
ကျန်းထျန် - "..." သူမတစ်ယောက်တည်း ဟာသဖြစ်နေသည်နှင့်တူသည်။
ကုလျန်ရွှမ်က သူ့အခန်းဖော်၏ အိပ်သည့်ပုံစံကြောင့် ဒုက္ခရောက်နေသည့် သနားစရာလူသာဖြစ်သည်ဟု သူမခံစားရသည်။
ကျန်းထျန် - (T_T)
ပြီးတော့ မူလကျန်းထျန်လည်း ဒီကုတင်ပေါ် လအများကြီးအိပ်နေပေမယ့် ကုလျန်ရွှမ် တစ်ခုခုလုပ်ချင်လျှင် ဘာလို့အစောကြီးတည်းက မလုပ်ရသည်နည်း။
ခုရက်ပိုင်း ကုလျန်ရွှမ် စိတ်အခြေအနေ မကောင်းသည်ကလည်း မထူးဆန်းတော့ပေ။ သူ ညဘက်မအိပ်နိုင်၍ ဖြစ်မည်။ သူ အိပ်မောကျတိုင်း သူမ ကန်၍ နိုးသည်ဖြစ်ရမည်။ သူမ အပြစ်ရှိသလို ခံစားရသည်။
ကံကောင်းစွာ ဒီစောင်နှင့်ဆိုလျှင် ကုလျန်ရွှမ် သူမနှောင့်ယှက်သည်ကို ရှောင်နိုင်သည်။ သူမအိပ်သည့်ပုံကိုလည်း အနည်းငယ်ပြင်နိုင်သည်။
ဒါဖြစ်ပြီးနောက် ကျန်းထျန် လန်းသွားကာ သူမလှဲနေလျှင်တောင် အိပ်မပျော်တော့ပေ။
မနက်လေးနာရီအချိန် ကြက်တွန်သောအခါ အနောက်အခန်းမှ ဆူညံသံထွက်လာပြီး အခန်းပြတင်းပေါက်ကို ခေါက်သံကြားကာ ရွှီကျင်းဖန် အသံထွက်လာသည်။ "လျန်ရွှမ် ထျန်ထျန်၊ ထရမယ့်အချိန်ရောက်ပြီ"
ကျန်းထျန် အစတည်းက အိပ်မပျော်တော့၍ အသံကြားသောအခါ ထထိုင်လိုက်သည်။
ဖိနပ်စီးပြီး ကုတင်မှထကာ အနောက်ခြံတွင် ကိုယ်လက်သန့်စင်ပြီးနောက် ခေါင်းဖီးရန် အခန်းပြန်လိုက်သည်။ သူမ တံခါးကိုဖွင့်ဖွင့်ချင်း ကုလျန်ရွှမ် ကုတင်စွန်းကို ကိုင်ကာ ကြမ်းပြင်ပေါ် ခြေနှစ်ချောင်းထောက်ကာ ခြေလှမ်းဖြည်းဖြည်းချင်း လှမ်း၍ ကိုယ်ယိုင်ပြီးနောက်တစ်စက္ကန့်တွင် ရှေ့ကို ပြုတ်ကျတော့မလိုဖြစ်နေသည်ကို သူမ တွေ့လိုက်သည်။
သူမ ရုတ်တရက် ဝင်လာ၍ ကုလျန်ရွှမ် ခေါင်းကို မော့လိုက်ရာ ခြေကရုတ်တရက် ပျော့သွားပြီး မြေကြီးပေါ် ဒူးထောက်တော့မတတ်ဖြစ်သွားသည်။
ကျန်းထျန် - ?!
သူမ လက်ကမ်းပြီး သူ့ကို ကူချင်ပေမယ့် သူမခြေလှမ်းကြီးသွားကာ ခုံစောင်းကို တိုက်ပြီး ချော်ကာ ကုလျန်ရွှမ်ကို ဝင်တိုက်လိုက်သည်။
"အစ်ကို.."`ဘန်း ´ ကုလျန်ရုန် တံခါးကို အားဖြင့်ပြန်ပိတ်လိုက်ရာ တံခါးဘောင်မှ ဖုန်များပင် ပြုတ်ကျသွားသည်။
ရွှီကျင်းဖန် လှည့်ကြည့်လိုက်သညယ "မင်း ဘာဖြစ်တာလဲ?"
ကုလျန်ရုန် မျက်နှာနီကာ လက်ရမ်းပြီး ထစ်ထစ်ငေါ့ငေါ့နှင့် "မဟုတ်... မဟုတ်ဘူး အဆင်ပြေပါတယ်!"
ရွှီကျင်းဖန် - "..." "အဆင်ပြေတယ်လို့ ပြောနေသေးတာလား? အိမ်မှာ စကားအများဆုံး မင်းက အခု ကောင်းကောင်းမပြောနိုင်တော့ဘူး"
"အဆင်ပြေပါတယ် "ကုလျန်ရုန် ခေါင်းသာညိတ်သည်။
ရွှီကျင်းဖန် - "..."ဟုတ်ပြီ တစ်ခုခုဖြစ်ခဲ့သည်။
နောက်ဆုံး ကျန်းထျန်နှင့် ကုလျန်ရွှမ် နှစ်ယောက်လုံး ကုတင်ပေါ်ပြုတ်ကျပြီး ကုလျန်ရွှမ်က အောက်တွင်ဖြစ်ကာ ကုတင်ပေါ်သို့ ကျောကျသွားသည်။
ကျန်းထျန် နာသွားသော သူမ နှာခေါင်းကို ကိုင်လိုက်သည်။ သူမ နဖူးနီရဲနေကာ မျက်လုံးလည်း နီနေပြီး မျက်ရည်ဝဲလာ၍ ကြည့်ရသည်က ဝါးနေသည်။
ကုလျန်ရွှမ် သူပြန်ထနိုင်သောအခါ ကျန်းထျန် မျက်လုံးနီနီနှင့် သူ့ကို စွပ်စွဲကြည့်နေသည်ကိုတွေ့လိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်" ကျန်းထျန်၏ သနားစရာကောင်းနေသောအမူအရာကို ကြည့်ပြီး ကုလျန်ရွှမ် ဒီစကား အလိုအလျောက် ထွက်သွားသည်။
တကယ်က ခုနက ဘာဖြစ်သည်ကို သူ မမှတ်မိပေ။ သူ့ခေါင်းက ကုတင်ကို ရိုက်မိကာ အခု သူ့မျက်လုံးက ကြည့်ရသည်မှာ မှောင်ကာ ဝါးနေသည်။
ကျန်းထျန် သူ့ကို ပြေးဖက်သလိုဖြစ်ပြီး သူတို့နှစ်ယောက် ကုတင်ပေါ် ကျသည်ဖြစ်ရမည်။
ကျန်းထျန် နှာရှုံံံ့ကာ ဒီလူက ခြေထောက် ဒဏ်ရာရနေပေမယ့် တစ်ကိုယ်လုံး ကြွက်သားများနှင့် ကျောက်တုံးတစ်တုံးလို အလွန်မာကျောသည်။ ကံကောင်းစွာ သူမနှာခေါင်းက မူရင်းဖြစ်၍ တော်သေးသည်။ မဟုတ်လျှင်် နေရာတွင် သူမနှာခေါင်း ရွဲ့သွားလောက်မည်။
ကျန်းထျန် စကားပြောရန်ပြင်စဥ် ရုတ်တရက် သူမအခုပုံစံကို သတိထားမိသွားသည်။ သူမ ခေါင်းငုံ့ကာ ခေါင်းပြန်မော့ပြီး တစ်ဖန် ခေါင်းလှည့်၍ ကုလျန်ရွှမ်အကြည့်အောက်ပင် မျက်နှာနီသွားသည်။
တကယ်က တောင်းပန်သည့်စကားက သူမ ပြောသင့်သည်ဖြစ်သည်။
ကျန်းထျန် ကုလျန်ရွှမ်ဆီမှ အမြန်ထကာ ခုံစောင်းမှ ခရင်မ်နှင့် ခေါင်းဘီးကို ကောက်ကိုင်ပြီး တံခါးသို့အမြန်ပြေးကာ ဖွင့်လိုက်ပြီး ရောက်လာသော ကုလျန်ရုန်ကို တွေ့သည်။
သူမ တံခါးဖွင့်ဖွင့်ချင်း ကုလျန်ရုန် ကြည့်လာကာ မျက်လုံးနှင့် အမူအရာက ရှုပ်ထွေးမှုအပြည့်နှင့်ဖြစ်သည်။
ကျန်းထျန် သူမ တံခါးကို တစ်ဖန် ပြန်ပိတ်လိုက်ပြီး နံရံကို မှီကာ ကြမ်းပေါ် ဆောင့်ကြောင့်ထိုင်ပြီး အလွန်ရှက်နေ၍ ခေါင်းစိုက်ထားသည်။
ကျန်းထျန်၏ အခုပုံစံကို မြင်၍ ကုလျန်ရွှမ် ရုတ်တရက် အကြောင်းပြချက်မရှိ ရယ်ချင်သွားသည်။ သူလဲကျတော့မည်ကို မြင်၍ ကျန်းထျန် ကူရန်အမြန်ပြေးလာပေမယ့် ခုံစောင်းနှင့် တိုက်ပြီး ချော်လဲသည်ဖြစ်ရမည်ဟု သူ ခန့်မှန်းနိုင်သည်။
ကုလျန်ရွှမ် ရယ်သံကြား၍ ကျန်းထျန် ခေါင်းပိုစိုက်လိုက်သည်။
သူက ရယ်နေသေးသည်။ သူမ ဒါကို ဘယ်သူ့ကို ကယ်ဖို့ လုပ်နေသည်နည်း?!!