အခန်း (၄၆)
Vol. 4 Ch. 46
"ဒါက ဘာဆိုင်လို့လဲ?" ကျန်းထျန် ပြန်မေးလိုက်သည်။ "ရှင် မကြာခဏခြေကျင်းဝတ် ချော်လို့များလား?"
ကုလျန်ရွှမ် - "..."
"ရှင့်ကို ဆေးသောက်ဖို့ပြောရင် သောက်ပေါ့။ ရှင် ရှင့်ဒဏ်ရာကို နှောင့်နှေးနေရင် ဘယ်သူက တာဝန်ရှိမလဲ? နောက်ဆုံး ရှင်က ဘာမှမခံစားရဘူး။ ရှင့်အမေက ရှင့်ကို စိတ်ပူနေတာ "ကုလျန်ရွှမ်က လူကောင်ကြီးနေပြီး ဘာမှနားမလည်ဟု ကျန်းထျန် တကယ်ခံစားရသည်။
အစိုးရပိုင် စားသောက်ဆိုင်တွင် မစားရတော့ ဘာဖြစ်လို့လဲ? အရေးအကြီးဆုံးက သူ့ခြေထောက်ဒဏ်ရာမလား? စားဖို့ပဲသိတယ်။ အိမ်မှာ စားဖို့ အသားမလောက်လို့လား? သူ မြို့ကြီးက အစိုးရပိုင်စားသောက်ဆိုင်မှာစားဖို့ သွားရဦးမယ်။ တကယ်! မရင့်ကျက်!!
ကုလျန်ရွှမ် - "..." ဘာဖြစ်လို့လဲ? သူ ကျန်းထျန်ကို မြို့ကြီးက အစိုးရပိုင်စားသောက်ဆိုင်မှာ စားစရာတွေမြည်းစမ်းစားကြည့်စေရုံပဲမလား? ဘယ်လိုဖြစ်ပြီး သူက အခု ပြသာနာ ရှာနေသကဲ့သို့ ဖြစ်သွားသည်နည်း?
" ဒါဆို မင်းမသွားချင်ဘူးလား?" ကုလျန်ရွှမ် တုံ့ဆိုင်းသည့်အသံနှင့် သတိထားမေးလိုက်သည်။
ကျန်းထျန် ပူရှိန်းကို ပျော်ရွှင်စွာ ဝါးစားပြီး လက်ရမ်းကာ ပြောလိုက်သည်။ "ကျွန်မ ဘာလို့မသွားရမှာလဲ? ကျွန်မ ရှင်တို့ကို ဝယ်ကျွေးမယ်"
"မင်း ပိုက်ဆံယူလာလို့လား?" ကုလျန်ရွှမ် မေးလိုက်သည်။
ကျန်းထျန် ခေါင်းညိတ်လိုက်သည်။ "ကျွန်မယူလာတယ်။ ဒါပေမယ့် သိပ်မများဘူး။ ရက်နည်းငယ်စားဖို့သောက်ဖို့ပဲ လောက်တယ်" သူမ တွေးကြည့်ရာ နောက်ဆုံး မြို့ကြီးရောက်ပြီဖြစ်၍ လက်ဗလာနှင့် မပြန်နိုင်။
"မင်း ထုတ်စရာမလိုဘူး။ ကိုယ့်မှာရှိတယ်" ကုလျန်ရွှမ် သံသေတ္တာထဲက ယွမ်၂၀၀ကျော်အားလုံးထုတ်လိုက်သည်။ ဤပိုက်ဆံက အခုခရီးကုန်ကျငွေအတွက် လုံလောက်သည်ထက် ပိုသည်။
ကျန်းထျန် ပူရှိန်းကို ဝါးစားပြီးမျိုချလိုက်ကာ ရေပူပူတစ်ကျိုက်သောက်ပြီး ပြောလိုက်သည်။ "ကျွန်မ ဝယ်စရာအများကြီး ရှိတယ်။ ရှင် ကျွန်မကို အကြွေးတင်နေတယ်လို့ ခံစားရရင် နောက်လအတွက်အသုံးစရိတ်ကို ပေးလို့ရတယ်"
ထောက်ပံ့ကြေးက ၆လတစ်ခါပေးပြီး အခုက သြဂုတ်လဖြစ်၍ နောက်ထောက်ပံ့ကြေးက နှစ်ကုန်မှဖြစ်သည်။ ထိုအချိန်တွင် သူမ အခုခရီးတွင် ဘာဝယ်သည် သုံးသည်ကို ဘယ်သူက မှတ်မိမည်နည်း? သူမကို မေးလျှင်တောင် သူမ မမှတ်မိဟု ပြန်ဖြေမည်။
ကျန်းထျန် ပြောပြီးနောက် ချက်ချင်း ဆားငံသီးခြောက်ကို စားသည်။
သို့သော် ကုလျန်ရွှမ် တိတ်ဆိတ်ကာ သူ တစ်ခုကို သဘောပေါက်သွားသကဲ့သို့ဖြစ်ပြီး ချက်ချင်း ပိုက်ဆံပါသောစာအိတ်ကို ထုတ်လိုက်၍ ကျန်းထျန်ဆီတွန်းပေးကာ "ဒီမှာ ဒါက မင်းအတွက်။ ကိုယ့်ထောက်ပံ့ငွေက မင်းအတွက် ဖြစ်သင့်တာ" အရင်ကျန်းထျန်ဆိုလျှင် မလိုချင်ဘူးပြောပြီး နောက် ထောက်ပံ့ငွေကို ခိုးကာ ကျောင်းရွှယ်မင်းနှင့် ခိုးပြေးရန် ကြံစည်သည်။
ကျန်းထျန် မော့ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မျက်လုံးတွင်တော့ သံသယများနှင့် ဖြစ်သည်။ "ရှင်ဘာလို့ ကျွန်မကို ဒါပေးတာလဲ?" သူမ ဒီပိုက်ဆံနှင့် ကုအိမ်မှ ထွက်သွားမည်ကို သူမကြောက်ဘူးလား?
"...တော်လှန်ရေး ရဲဘော်ရဲဘက်တွေက ပိုက်ဆံကို ဇနီးတွေဆီကို ပေးထားလေ့ရှိတယ်" ကုလျန်ရွှမ် ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည်။ သူ ရုတ်တရက် ကျန်းထျန် ပထမဆုံးစရောက်သည့်နေ့က သူမ သူတို့ဆက်ဆံရေးကို ဤကဲ့သို့ဖော်ပြသည်ကို သတိရသွားသည်။
ကျန်းထျန် - "..." သူမ မျက်နှာရှုံ့မဲ့ကာ ဒေါသတကြီး ဆားငံသီး၃လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ သူမ မြန်ဆန်စွာတွေးလိုက်ပြီး တကယ်က သူမ ပိုက်ဆံကို စီမံသည်ကလည်း ကောင်းပါသည်။ သူမကိုယ်တိုင်သာ သူမ ဘယ်လောက်သုံးသည် ဘာဝယ်သည်ကို သိသည်။ "ဟုတ်ပြီ "သူမ အနည်းငယ်ရှက်နေသည့်အမူအရာနှင့်ခေါင်းညိတ်လိုက်သည်။ အသံကတော့ အနည်းငယ်လေးလံသည်။
ကုလျန်ရွှမ် စိတ်အေးသွားသည်။ ကျန်းထျန် သူ့ပိုက်ဆံလက်ထဲရှိ၍ သူမကိုယ်ပိုင်ပိုက်ဆံကို သုံးရန်မတွေးလောက်တော့။ ဤသို့ဆိုလျှင် သူမ နောက်မြို့ကြီးတွင် နေရန် အိမ်တစ်လုံးဝယ်ချင်လျှင်တောင် လက်ထဲ ပိုက်ဆံအများကြီးရှိလောက်မည်။
ကုလျန်ရုန် စတော်ဘယ်ရီသီး စည်သွတ်ဘူးနှစ်ဘူးနှင့် ဝက်နံရိုးနှပ် ဝယ်လာကာ စားပွဲပေါ်တင်လိုက်သည်။ သူ ဆားငံသီးခြောက်တစ်လုံးကို ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ "နေ့လည်စာစားချိန်လောက် နောက်ဘူတာမှာ နာရီဝက်လောက်ရပ်လိုက်မယ်"
"ဒါဆို အမတို့ အခုစားမလား? စားချိန်စောင့်ဦးမလား?" ကျန်းထျန် ထမင်းဘူးကို ဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။ ပဲများ ဆီများများအနီရောင်အနှစ်နှင့် အနံ့လည်း မွှေးနေသည်။ "ဒါက ဘယ်လောက်လဲ?" သူမမေးလိုက်သည်။
ကုလျန်ရုန် အိပ်ရာခြေရင်းက စောင်တွင်မှီနေသည်။ "လက်မှတ်တော့ မလိုဘူး။ ကျွန်တော် အဲ့လူကို ကောင်းကောင်းပြောလို့ ကျွန်တော့်ကို ပိုပေးလိုက်တယ်¹ သူ လက်ဆန့်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။ "ပဲလည်းပိုပေးလိုက်တယ်"
ကျန်းထျန် - "..."ထို့ကြောင့် စားသောက်သည့်ပုံစံက ပို၍ပို၍ အရိုးစွဲလာသည်။
အခု ကုလျန်ရုန်က အသက်၁၇ ၁၈နှစ်သာရှိသေးသည်။ အိမ်တွင် ကိစ္စအများကြီး ဖြစ်ပျက်ခဲ့သော်လည်း သူ့တွင် အားကိုးစရာ အမေနှင့် အကိုကြီးရှိသေး၍ ဝတ္ထုနောက်ပိုင်းတွင်လောက် တည်ငြိမ်ပြီး အေးသည့်သူမဟုတ်သေး။
ကျန်းထျန်တွေးကြည့်ရာ ဖြစ်နိုင်သည်က ဝတ္ထုတွင် မူလပိုင်ရှင်က ကုလျန်ရွှမ်၏ ပိုက်ဆံကို ခိုးပြီး ကျောင်းရွှယ်မင်းနှင့် ခိုးပြေးသွား၍ ကုမိသားစုတော်တော် ဒုက္ခရောက်သွားလောက်သည်။
အိမ်တွင် ရုတ်တရက် ဒီလိုပြသာနာဖြစ်၍ အရှက်ရစရာဖြစ်ကာ မူလပိုင်ရှင်် တစ်ယောက်နှင့် ခိုးပြေးသည်က ကုမိသားစုကို မျက်နှာပျက်စေသည်။
ထို့ကြောင့် ကုလျန်ရုန်၏သိက္ခာ ထိခိုက်သွားသည့်ပုံပင်။ အဓိက အရေးကြီးဆုံးကတော့ ကုမိသားစု ယွမ် ၂၀၀ ၃၀၀ ပျောက်သွား၍ ရွှီကျင်းဖန် သူမစုထားသမျှ ကုလျန်ရွှမ်ရောဂါအတွက် သုံးရသည်ဖြစ်သည်။
သို့သော် ထိုအချိန်က ကုလျန်ရွှမ် သူ့ကိုယ်သူ မိသားစု၏ ဝန်ထုပ်ဝန်ပိုးဟု ခံစားလောက်သည်။ ဒီနေ့ပြောသည်ကိုကြည့်ပြီး သူဆေးဝယ်ဖို့ တွေးမထားမှန်းမြင်နိုင်သည်။ ဝတ္ထုတွင် ဤတစ်ကြိမ်တွင် မြို့ကြီးသို့မသွားပေ။
ကုလျန်ရုန်က သာမန်ထက်ထူးခြားသည့်ကိုယ်ကျင့်စရိုက်ရှိသော်လည်း သူ့အကိုကြီးကို ခေတ်ပေါ်လူငယ်များ Idol ကို လေးစားအားကျသကဲ့သို့ သဘောထားသည်။ သူ့Idol ဖြစ်သော သူ့အကိုက ကျန်သည့်သက်တမ်းတစ်လျှောက်လုံး မူလပိုင်ရှင်ကြောင့် ဒဏ်ရာကို မကုရ၍ တစ်ယောက်တည်းဖြစ်ခဲ့ရသည်။
နောက် မူလပိုင်ရှင် ပညာတတ်လူငယ်နှင့် ခိုးပြေးသည့်သတင်းပြန့်သွား၍ ကုမိသားစု အရှက်ရသည်။ ကုလျန်ရုန် မူလပိုင်ရှင်ကို မုန်းသည်နှင့်အတူ သူကိုယ်တိုင်အသုံးမကျမှုကိုလည်း မုန်းသည်။ အတွင်းအပြင်ဖိအားများကြောင့် အချိန်တိုအတွင်း ရင့်ကျက်သည်က ဖြစ်နိုင်သည်။
သို့သော် အစောပိုင်း သူမကို စနစ်က ထည့်လိုက်၍ အခုဇာတ်လမ်း ပြောင်းသွားသည်။ အမျိုးသားဇာတ်ဆောင်ဖြစ်သော ကုလျန်ရုန် ဘဝ၏ ဖိအားများကို ခံစားပြီး ကြီးပြင်းရန် မလိုသည့်အပြင် သူ၏ ဒုက္ခရောက်သည့်နေ့ရက်များက ဝက်သားဟင်းနှင့် ငါးစွပ်ပြုတ်အဖြစ်ပြောင်းသွား၍ သူ ဘယ်လိုလောကကြီး၏ ခဲယှဥ်းမှုကို သဘောပေါက်မည်နည်း။
ကျန်းထျန်အမြင်အရ ဒါကပုံမှန်ဖြစ်သည်။ "နံရိုးတွေကို အညီအမျှခွဲလိုက်မယ်။ တစ်ယောက် တစ်ခု" ကျန်းထျန်ပြောပြီးနောက် တူတစ်စုံထုတ်ကာ အရင်မြည်းကြည့်လိုက်သည်။ အရသာကောင်းသော်လည်း တစ်ခုခုလိုနေသကဲ့သို့ ခံစားရသည်။
သို့သော် ကွာခြားမှုက သိပ်မဆိုး၍ ရထားပေါ်တွင် အသားစားရသည်က ကောင်းသည်။ တူများချ၍ သူတို့သုံးယောက် စောစောစားကြသည်။
ကားပေါ်က ဆင်းပြီး ကုလျန်ရွှမ်နှင့် ကျန်းထျန်မစားရသေး။ ကုလျန်ရုန်သာ စားသော်လည်း သူ လျှောက်ပတ်သွားနေရ၍ သူတို့နှစ်ယောက်ထက် ပိုခက်ခဲသည်။
ထို့ကြောင့် ရွှီကျင်းဖန် ပြင််ပေးလိုက်သော ပေါက်စီ၃၀နှင့် ပန်ကိတ်၂၀က ကုန်တော့မည်ဖြစ်သည်။ အဝတ်အိတ်ကို စားပွဲသေးပေါ် ခင်းပြီး ပေါက်စီ၅လုံး ပန်ကိတ်၆ခုနှင့် တဝက်သာ ရှိသည်။
ကျန်းထျန် ရေပူပူကို သောက်လိုက်သည်။ သူမအမေပြင်ပေးလိုက်သောပေါက်စီများက အနည်းငယ်သေးကာ ပန်ကိတ်က သိပ်မကြီးဟု သူမခံစားရသည်။
ကုလျန်ရွှမ် အစာခြောက်ပါသော အဝတ်အိတ်ကို သိမ်းကာ သက်ပြင်းချလိုက်သည်။ "ကံကောင်းလို့ ကြက်ဥပြုတ်၇လုံး အသားလုံး၈လုံး ပေါက်စီတွေကျန်သေးလို့ " မဟုတ်လျှင် သူတို့ မနက်ဖြန်မနက် ဘာစားကြမည်နည်း။
ကျန်းထျန် လေချင်တက်ပြီးနောက် သတိပေးလိုက်သည်။ " ဒါပေမယ့် အချဥ်စိမ်မရှိတော့ဘူး။ ပေါက်စီနဲ့ ပန်ကိတ်ပဲ စားလို့မရဘူး" ပြီးတော့ သူမတို့သုံးယောက်စားရန် လောက်သည်ဟု ရှင်က ထင်နေတာလား?
ကုလျန်ရွှမ် ရပ်သွားကာ ဤသည်က ပြသာနာတစ်ခုဖြစ်သည်ဟု တွေးမိသည်။ သူ ပြောလိုက်သည်။ "မနက်ဆို အချဥ်စိမ်ရောင်းတဲ့ လှည်းအသေးလေးရှိတယ်။ တစ်အိတ်ကို ၅၀ဆင့်နဲ့ ဝယ်နိုင်တယ် "ထိုသည်ကသာ နည်းလမ်းဖြစ်သည်။
စားပြီးနောက် ဘူတာတွင်မရပ်ခင် ကုလျန်ရုန် ဘူးနှစ်ဘူးကို ယူထားသည်။ နောက် မနက်ဖြန်မနက်ထိ နားရမည်။
ကျန်းထျန် တစ်ဖက်စွန်းတွင် အဝတ်ထည့်သည့်အိတ်ကို ထားလိုက်ပြီး ကုလျန်ရွှမ်ပေးသော ကုတ်အင်္ကျီနှင့် ဖုံးကာ ကောင်းကောင်းအိပ်ရန်တွေးထားသည်။
အိပ်နေစဥ် ခေါင်းမူးသည်ကို ကာကွယ်ရန် ကျန်းထျန် ပူရှိန်းနှစ်လုံးကို ပါးစပ်ထဲထည့်ပြီး ခေါင်းစောင်းကာ အိပ်ပျော်သွားသည်။
ကုလျန်ရွှမ် တစ်ဖက်စွန်းတွင် ထိုင်ကာ ကုလျန်ရုန်ယူလာသော စာအုပ်နှစ်အုပ်ကို လှန်လိုက်သည်။ အိမ်နှင့်ဝေးနေသောလူတိုင်း အိပ်မပျော်နိုင်။ အခြေအနေကို စောင့်ကြည့်ရန် လူတစ်ယောက်ရှိရမည်။
ရထားတုန်ခါသည်က နားထဲရောက်လာသည်။ အပြင်ဘက်က ကောင်းကင်က တဖြည်းဖြည်း မှောင်လာကာ တစ်နာရီတွင် မီးများက အလိုအလျောက် လင်းလာသည်။ ကျန်းထျန် ကောင်းကောင်းအိပ်မပျော်မည်စိုး၍ ကုလျန်ရွှမ်ထကာ ကျန်းထျန်မျက်လုံးပေါ် မီးအလင်းရောင်မကျရန် ကာပေးလိုက်သည်။
ရထားက ရပ်လိုက်သွားလိုက်လုပ်သည်။ ညလယ်တွင် ရထားပေါ် တဖြည်းဖြည်း တိတ်ဆိတ်လာကာ တစ်ခါတစ်ရံ ကလေးတစ်ယောက် ငိုသံမှလွဲ ဘာမှမကြားရ။ မနက် ၂နာရီ ၃နာရီတွင် ကုလျန်ရုန် နိုးလာပြီး အပြင်တွင် သူ့မျက်နှာသွားသစ်သည်။
အနောက်ခန်းတွင် လှုပ်ရှားမှုရှိကာ မျက်မှန်နှင့် သက်လတ်ပိုင်း အမျိုးသား ရောက်လာသည်။ " ဟိုင်း ရဲဘော်ရဲဘက်။ ဦးလေးကို ကူညီနိုင်မလား? ဦးလေးအဖေက ခေါင်းမူးနေလို့ ရေနွေးလည်းကုန်သွားလို့။ ဦးလေး ရေသွားထည့်ပြီး ချက်ချင်း ပြန်လာခဲ့မယ်"
ကုလျန်ရွှမ် ကျန်းထျန်ကို ကြည့်လိုက်ရာ သူမအိပ်မောကျနေ၍ အခန်းနှစ်ခုကြား မတ်တပ်ရပ်သည်က ဘာပြသာနာမှ မရှိလောက်ဟု တွေးပြီး သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
အခန်းအပြင်တွင် ခုံများရှိပြီး ကုလျန်ရွှမ် ထိုခုံများတွင်ထိုင်သည်။ တစ်ဖက်အခန်းက အဘိုးက အောက်အိပ်စင်နံရံကိုမှီပြီး ကြွေခွက်ကို ကိုင်ကာ အန်နေသည်။
"လူငယ်လေး။ အဘ အေးနေလို့။ အဘအစားအိတ်ထဲက အဝတ်ထုတ်ပေးလို့ရလား" အဘိုးအိုက စကားပြောသောအခါ အားနည်းနေ၍ ကုလျန်ရွှမ် ကျန်းထျန်ခေါင်းမူးစဥ်က အားနည်းနေသည်ကို သတိရသွား၍ အဘိုးအိုအိတ်ထဲက အဝတ်ကို ထုတ်ကာ ခြုံပေးလိုက်သည်။
သူထွက်လာသောအခါ သူ့လက်ကို အဆွဲခံလိုက်ရသည်။ အဘိုးအို စားပွဲပေါ်က အသီးချိုချဥ်တစ်ထုပ်ကို မေးမော့ပြီး ညွှန်ပြလိုက်ကာ "မင်းကို ပေးတာ။ အဘက သွားမကောင်းလို့ မကိုက်နိုင်တော့ဘူး"
ကုလျန်ရွှမ် ငြင်းလိုက်သည်။ အပြင်က ခုံပေါ် ပြန်ရောက်ပြီး ဘေးအခန်းကို ကြည့်လိုက်ရာ သူတို့အခန်းရှေ့က တံခါးတွင် ကိုယ်တစ်ခုကို တွေ့လိုက်သည်။ အမျိုးသားက ခေါင်းဝင်ပြီး ချောင်းကြည့်ကာ လူမမြင်လျှင်ဝင်ချင်သည့်ပုံနှင့် တူသည်။ ကုလျန်ရွှမ် နားမလည်ဖြစ်ကာ ဂျိုင်းထောက်ဖြင့် ထိုလူကို တားလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ခင်ဗျားဘာလုပ်ချင်တာလဲ?"
ရုတ်တရက် အသံကြောင့် ထိုအမျိုးသားလန့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ရုပ်ကို တွေ့ရသည်။ ရုပ်ဆိုးအကျည်းတန်ကာ နှစ်များစွာ မျက်နှာမသစ်ရသကဲ့သို့ဖြစ်နေပြီး မျက်ခုံးများက ညစ်ပတ်နေ၍ နှာခေါင်းအောက်တွင် ညစ်ပတ်သည့် တစ်ခုရှိနေသည်နှင့်တူသည်။ အနှောင့်ယှက်ခံလိုက်ရ၍ သူ အလိုအလျောက် မျက်နှာက ကြောက်စရာကောင််းသည့်အမူအရာပြသည်။ သို့သော် ကုလျန်ရွှမ်၏ မျက်နှာအေးစက်စက်နှင့် သူ့ရှေ့က ဂျိုင်းထောက်ကို မြင်၍ သူ့နှုတ်တွင်ပြင်ထားသော ဆဲသည့်စကားများကို မျိုသိပ်လိုက်သည်။
"ထွက်သွားတော့!" ကုလျန်ရွှမ် အမျိုးသားကို သူ့ဂျိုင်းထောက်ဖြင့် တားထားကာ တံခါးတွင် သူ့ကိုယ်ဖြင့် ပိတ်ထားပြီး အမျိုးသားကို ခက်ထန်စွာ ငေးကြည့်နေသည်။
အမျိုးသား ပါးစပ်ဖွင့်ပြီး တစ်ခုခုပြောချင်သော်လည်း ကုလျန်ရွှမ်၏ အရပ်ရှည်ကာ ထောင်ထောင်မောင်းမောင်းဖြစ်ပြီး ကြွက်သားများကြောင့် လန့်သွားပြီး ကြားကနေ နေရာတစ်ခုကို ကြည့်ပြီး နောက် ကုလျန်ရွှမ် ကြည့်ကာ နောက်ဆုံး နောက်လှည့်ထွက်သွားသည်။
အမျိုးသားကျောကို ငေးကြည့်ပြီး ကုလျန်ရွှမ် အလွန်ကြောက်လန့်သွားသကဲ့သို့ ခံစားရသည်။ ခုနက အမျိုးသားပုံစံကို ကြည့်ပြီး သူသာ နည်းနည်းကြာကြာ ထွက်သွားလျှင် ကျန်းထျန်တွင် တစ်ခုခုဖြစ်လောက်သည်။
အလင်းကာထားသော အဝတ်ထောင့်ကို မပြီး အထဲကို ကြည့်ရာ ကျန်းထျန် အိပ်မောကျနေသည်ကို မြင်မှ ကုလျန်ရွှမ် စိတ်အေးသွားသည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲက သံသယများလည်း မြင့်တက်လာသည်။ ခုနကလူ၏ အပြုအမူက အလွန်မူမမှန်ပေ။