← Chapters

အကြီးအကဲဟန်ဟိုင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း

Vol. 10 Ch. 108

အကြီးအကဲဟန်ဟိုင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း

Vol. 10 Ch. 108

ကျင်းဟန်၏ လေးနက်တည်ကြည်နေသော ပုံစံကိုကြည့်ကာ ထန်ထျန်း ခဏမျှ မှင်တက်သွားပြီးမှ မတတ်သာဘဲ ပြုံးလိုက်မိသည်။ "ညီကို ကျင်း... ကျွန်တော့်ကို ဒါတွေလာပြောနေတာ ဘာကြောင့်လဲ"

ကျင်းဟန်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ သက်ပြင်းရှည်ကြီးတစ်ချက် ချကာ ဆိုသည်။ "သခင်လေးထန်..."

"အခုတလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို မင်းလည်း သိမှာပေါ့"

ထန်ထျန်းက အေးဆေးစွာ ပြန်ပြောသည်။ "လုချန်းကျီနဲ့ ထျန်းယန်ရှန်းတို့ ကိစ္စလား"

ကျင်းဟန်က ထန်ထျန်းကို စိုက်ကြည့်ရင်း "ငါ့ လို လူစားမျိုးကတော့ တုယွမ်ချင်းနဲ့ ကွမ်းမုန့်တို့အရေးကို ပိုစိုးရိမ်မိတယ်။"

ထန်ထျန်း ခဏမျှ ကြောင်သွားပြီး ကျင်းဟန် ယနေ့ လာ ရခြင်း၏ ရည်ရွယ်ချက်ကို ရိပ်မိသွားသည်။

"ငါ နဲ့ သူတို့က တကယ်တော့ အတူတူပါပဲ။"

ကျင်းဟန်က ဆက်ပြောသည်။"ဝူဒင်နန်းတော် ရဲ့ သြဇာအာဏာက ပိုကျယ်ပြန့်လာတာနဲ့အမျှ ငါ တို့လို ဒေသခံအင်အားစုတွေရဲ့ ရှင်သန်ရပ်တည်ခွင့် နယ်မြေက ပိုကျဉ်းလာတယ်။"

"ဒါကြောင့် ငါ တို့ ပူးပေါင်းမှုကို ရှာဖွေရတော့တာပဲ။

ချင်းယွဲ့ဂိုဏ်းကို လာပြီး တောင်ထိပ်တစ်ခုရဲ့ အာဏာအရှိဆုံး ဂုဏ်ထူးဆောင်တပည့် ဖြစ်လာရတာဟာ ငါ တို့ မိသားစုတွေအတွက် ရှင်သန်ရာ လမ်းကြောင်းသစ်တစ်ခု ရှာဖွေပေးဖို့ပါပဲ။"

"အပြင်လူတွေ အမြင်မှာတော့ ငါ တို့က အလွန်ဂုဏ်ရှိပြီး အာဏာကလည်း ကောင်းကင်ထိအောင် ရှိတယ်လို့ ထင်ရပေမဲ့...

တကယ့် အာဏာပိုင်တွေရဲ့ အမြင်မှာတော့... ဟားဟား..."

ကျင်းဟန်က ခါးသီးစွာ ပြုံးလျက် ခေါင်းခါလိုက်သည်။

"ဒီရာထူးတစ်ခုရဖို့ မိသားစုက အစွမ်းကုန် ကြိုးစားခဲ့ရတယ်၊ ငွေကြေးနဲ့ အရင်းအမြစ်တွေ မရေမတွက်နိုင်အောင် သုံးခဲ့ရတယ်။

ဝူဒင်နန်းတော် ဆိုတဲ့ သစ်ပင်ကြီးကို မှီခိုပြီး မိသားစုကို ဆက်လက် တည်တံ့အောင် လုပ်နိုင်ပြီလို့ ထင်ခဲ့တာ။

ဒါပေမဲ့ အခုတော့..."

"ကွမ်းမိသားစုက တစ်ညတည်းနဲ့ အမြစ်ပြတ် သတ်ခံလိုက်ရတယ်၊ တုမိသားစုကလည်း အင်အားတွေ ချည့်နဲ့ပြီး ပြိုလဲလုနီးပါး ဖြစ်နေပြီ။

နောက်တစ်ယောက်က ငါ တို့ ကျင်းမိသားစု ဖြစ်လာမှာကို ငါ တကယ်ပဲ ကြောက်နေမိတယ်။"

သူ၏ ပုံစံကို ကြည့်ကာ ထန်ထျန်းက မေးလိုက်သည်။ "ဒါပေမဲ့ မင်းက အဲဒီရာထူးကို လုဖို့ စိတ်ကူးမရှိဘူး မဟုတ်လား"

ကျင်ဟန်က ခါးခါးသီးသီး ပြုံးသည်။ "တုယွမ်ချင်းမှာလည်း မရှိဘူး၊ ကွမ်းမုန့်မှာလည်း မရှိဘူး... ဒါပေမဲ့ သူတို့ ဘာဖြစ်သွားကြလဲ

ဂိုဏ်းကို ရောက်ကတည်းက ငါက အမြဲတမ်း သတိထားပြီး နေထိုင်ခဲ့တယ်၊ လူတိုင်းနဲ့ သင့်မြတ်အောင် နေသလို ဘေးကင်းတဲ့ အကွာအဝေးမှာလည်း နေခဲ့တယ်။ သူတို့ရဲ့ အာဏာလုပွဲထဲမှာ မပါဝင်ချင်လို့လေ။

ဒါပေမဲ့ အခုကြည့်ရတာ အရာအားလုံးက အလကားပါပဲ။

ပဋိပက္ခက တကယ် ရောက်လာတဲ့အခါ ဘယ်သူမှ ရှောင်လွှဲလို့ မရဘူး။"

ထန်ထျန်း သက်ပြင်းချလိုက်မိသည်။

၎င်းမှာ အားနည်းသူတို့၏ ဝမ်းနည်းစရာ ကံကြမ္မာပင်။

ကျင်းဟန်က သာမန်လူမဟုတ်သော်လည်း အမှန်တကယ် အစွမ်းထက်သူများနှင့် ယှဉ်လျှင် အသုံးလိုလျှင် သုံးစွဲရမည့် ကိရိယာ၊ အသုံးမလိုလျှင် စွန့်ပစ်ခံရမည့် နယ်ရုပ်မျှသာ ဖြစ်သည်။

" မဟုတ်ပါဘူး"

ထန်ထျန်းက နှစ်သိမ့်လိုက်သည်။ "တုယွမ်ချင်းရဲ့ ရလာဒ်က သူ လုချန်းကျီနဲ့ အရမ်း နီးကပ် ခဲ့လို့ပါ။

ကွမ်းမုန့်ကတော့ သူ့မိသားစုက ထျန်းယန်ရှန်းနဲ့ အရမ်းရင်းနှီးခဲ့လို့။

မင်း အခုထိ ဘာမှမဖြစ်သေးတာဟာ ဒီနှစ်တွေအတွင်း မငိးရဲ့ သတိထားတဲ့ နေထိုင်မှုကြောင့် ဖြစ်မှာပါ။"

ကျင်ဟန်က ခေါင်းခါသည်။ "ဒီတည်ငြိမ်မှုက ဘယ်အချိန်မှာ ပျက်စီးသွားမလဲ မသိနိုင်ဘူး။

ဒါကြောင့် ငါ တတ်နိုင်သမျှ ကြိုးစားပြီး မိသားစုကို ကာကွယ်ရမယ်။"

"ဒါဆို ဘာလို့ ငါ့ ဆီ တကူးတက လာပြီး ကျိန်ဆိုနေရတာလဲ"

ကျင်းဟန်က ပြန်ပြောသည်။ "တုမိသားစုနဲ့ ကွမ်းမိသားစုရဲ့ အဖြစ်အပျက်တွေ နောက်ကွယ်က အကြောင်းရင်းကို မင်းလည်း သိမှာပါ။

အခု အဲဒီရာထူးကို ရဖို့ အလားအလာ အရှိဆုံးက မင်းတို့ လေးယောက်ပဲ ရှိတယ်။"

"ဒါကို ဘယ်သူလုပ်ခဲ့လဲဆိုတာ ငါ အတည်မပြုနိုင်ဘူး၊ ဒါကြောင့် လူတိုင်းကို ငါ့ရဲ့ သဘောထားကို လိုက်ပြနေရတာပါ။

ငါ လိုချင်တာက မိသားစုရဲ့ ဘေးကင်းလုံခြုံမှု တစ်ခုတည်းပါပဲ။"

ထန်ထျန်း သက်ပြင်းတိုးတိုးချကာ "အမှန်အတိုင်း ပြောရရင် ငါ့ မှာလည်း အဲဒီရာထူးအတွက် စိတ်ကူးမရှိပါဘူး။

ပြီးတော့ ငါ့ ရဲ့ သြဇာအာဏာက ဟိုသုံးယောက်နဲ့ ယှဉ်ရင် အများကြီး ဝေးပါသေးတယ်။"

ကျင်ဟန်က မော့ကြည့်လာသည်။ "ဒါပေမဲ့ မင်းမှာ တောင်ထိပ်သခင် ချီယွမ်ရဲ့ ထောက်ပံ့မှု ရှိနေတယ်။

တော်ထိပ်သခင် ချီကသာ မင်းဘက်က ရပ်တည်ပေးရင် ဂိုဏ်းအတွင်းပိုင်း သြဇာအာဏာက ဟိုသုံးယောက်ထက် မနိမ့်ပါဘူး။"

ထန်ထျန်း တိတ်ဆိတ်သွားသည်။

ချီယွမ်ကလည်း သူ့ကို ထိုသို့ ပြောဖူးသည်။

သူကိုယ်တိုင် စိတ်မဝင်စားသော်လည်း အခြေအနေအရ သူက ပြိုင်ဘက်တစ်ဦး ဖြစ်နေဆဲပင်။

ကျင်းဟန်က သူ့ထံ အရင်ဆုံး ရောက်လာခြင်းမှာလည်း မဆန်းပေ။

စိုးရိမ်ပူပန်နေသော ကျင်းဟန်အား လက်ဖက်ရည် ပူပူတစ်ခွက် ငှဲ့ပေးရင်း ထန်ထျန်းက အေးဆေးစွာ ဆိုသည်။ "ညီကိုကျင်း... မင်းက ချင်းယွဲ့ဂိုဏ်းထဲမှာ ကျွန်တော် ပထမဆုံး သိခဲ့ရတဲ့ သခင်လေး တစ်ယောက်ပါ။

မင်း စိတ်ထဲ မတင်မကျ ဖြစ်နေတာမို့ ကျွန်တော် ဒီနေ့ ရှင်းရှင်းလင်းလင်း ပြောလိုက်ပါ့မယ်။"

"ဒီပဋိပက္ခတွေနဲ့ ကျွန်တော်နဲ့ ဘာမှ မပတ်သက်ပါဘူး။

ကျင်းမိသားစုကို ဒုက္ခပေးဖို့ ကျွန်တော့်မှာ ဘာအကြောင်းပြချက်မှ၊ ဘာစိတ်ကူးမှ မရှိဘူး။

မင်းရဲ့ စိုးရိမ်မှုကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဒီလောက်ပဲ ပြောနိုင်တယ်။"

"အားပြိုင်မှုတွေကို တားဆီးလို့ မရဘူး၊ မင်းရော ကျွန်တော်ရော ဒီမုန်တိုင်းထဲကနေ အထိအခိုက်မရှိ လွတ်မြောက်နိုင်ဖို့ ကိုယ့်အစွမ်းနဲ့ကိုယ်ပဲ ကြိုးစားကြရမှာပဲ။"

ကျင်းဟန်က ထန်ထျန်းကို ခဏမျှ စိုက်ကြည့်နေပြီးမှ လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။

ထို့နောက် မတ်တပ်ရပ်ကာ ထန်ထျန်းကို အလွန် လေးစားစွာ အရိုအသေ ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေးထန်။"

မကြာမီ ကျင်းဟန်က ခရမ်းရောင်ဝါးခြံဝင်းမှ တစ်ယောက် တည်း ထွက်ခွာသွားသည်။

သူက ကိုင်တွယ်ရ ပိုခက်ခဲသော ကျန်ရှိသည့် သုံးဦးထံသို့ ဆက်လက်သွားရောက်ရဦးမည် ဖြစ်သည်။

ထန်ထျန်းက မန်ကျည်းပင်အို ကြီးအောက်တွင် ခဏမျှ တိတ်ဆိတ်စွာ ထိုင်နေပြီးမှ ခေါင်းခါလျက် ပြုံးလိုက်မိသည်။

ကျင်းဟန်က သူ၏ နေရာကို လာလည်သူများထဲတွင် ဤနေရာအကြောင်းကို ဝေဖန်ခြင်းမပြုသော တစ်ဦးတည်းသောသူ ဖြစ်သည်။

ကြည့်ရသည်မှာ တုမိသားစုနှင့် ကွမ်းမိသားစုတို့၏ အဖြစ်အပျက်က သူ့ကို တကယ့်ကို လန့်သွားစေပုံရသည်။

ထန်ထျန်း ကျင်းဟန်ကို နောက်ဆုံးပြောခဲ့သော စကားမှာ တကယ်တော့ သူ့ကိုယ်သူ ပြောခဲ့ခြင်းလည်း ဖြစ်သည်။

မီးတောက်က ပိုကျယ်ပြန့်လာသည်နှင့်အမျှ မည်သူကမျှ သူ့ကိုယ်သူ ဘေးကင်းမည်ဟု အာမ မခံနိုင်ပေ။

သို့သော် ထန်ထျန်းက ကျင်းဟန်ထက် သာသည်မှာ သူက တစ်ကိုယ်တည်းဖြစ်ပြီး ပတ်သက်စရာ၊ တွယ်တာစရာ များများစားစား မရှိခြင်းပင်။

ထို့ကြောင့် သူက ပို၍ ပေါ့ပါးနေသည်။

သူ့ကို လာမထိသရွေ့ အားလုံး အဆင်ပြေသည်။

အကယ်၍ တစ်စုံတစ်ယောက်က လက်လှမ်းလာခဲ့ရင်တော့...

စစ်နတ်ဘုရားခန်းမ ရဲ့ အချို့သော မူဝါဒတွေကို ထန်ထျန်းလည်း အတော်လေး သဘောကျမိသည်။

ထန်ထျန်းက ရှုပ်ထွေးသော အတွေးများကို ဖယ်ထုတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ အစွမ်းထက်သော ခွန်အားကသာ အခြေခံအကျဆုံးသော ယုံကြည်ချက်ပင်။

အပြင်က မီးတွေ ဘယ်လောက်ပဲ တောက်တောက်၊ သူကတော့ သူစီစဉ်ထားသည့်အတိုင်း ရှေ့ဆက်ရုံသာ ရှိသည်။

နောက်ထပ် လဝက်ခန့် အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

ကွမ်းမိသားစု အမြစ်ပြတ် သတ်ခံရပြီးနောက် ကွမ်းမုန့်မှာလည်း ဒေါသပေါက်ကွဲကာ လုချန်းကျီ၏ အင်အားစုများကို ရူးသွပ်စွာ တိုက်ခိုက်တော့သည်။

သို့သော် မိသားစု၏ ထောက်ပံ့မှု မရှိတော့သဖြင့် သူ၏ စွမ်းဆောင်ရည်မှာ အကန့်အသတ် ရှိသွားခဲ့သည်။

နောက်ဆုံးတွင် လုပ်ကြံခံရမှုတစ်ခုအတွင်း သူက ဝမ်းနည်းဖွယ် သေဆုံး သွားခဲ့ရသည်။

မိုရှောင်းရှောင်း မှာလည်း တင်းကျပ်သော စစ်ဆေးမှုများအပြီးတွင် အကျဉ်းချခံလိုက်ရသည်။

သူမသည်လည်း အရာရာကို ငြင်းဆိုခဲ့ပြီး ခိုင်လုံသော သက်သေ မတွေ့ရှိခဲ့ပေ။

သို့သော် ဤဖြစ်ရပ်ကြောင့် လုချန်းကျီနှင့် ထျန်းယန်ရှန်းတို့ဘက်မှ သတိဝင်လာပုံရပြီး တောင် တောင်ထိပ် ဆီသို့ ဦးတည် တိုက်ခိုက်လာကြသည်။

သို့သော် မိုရှောင်းရှောင်းမှာ မညံ့ပေ၊ သူမ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော တောင် တောင်ထိပ်မှာ သံမဏိခံတပ်ကဲ့သို့ ခိုင်မာနေသည်။

ထို့ပြင် ချန်စစ်ရို ပါ ရှိနေသဖြင့် အထိနာခြင်း မရှိခဲ့ပေ။

သို့သော် ဤတိုက်ပွဲကြောင့် သုံးဖက်စလုံးမှာ အပြန်အလှန် သတ်ဖြတ်သည့် စစ်ပွဲအတွင်းသို့ သက်ဆင်းသွားကြသည်။ နေ့တိုင်း လူများ သေဆုံးနေကြပြီး ဂိုဏ်း၏ စည်းကမ်း ထိန်းသိမ်းရေး ခန်းမမှာ အလောင်းကောက်သူများ ဖြစ်နေရသည်။

သွေးများက ဂိုဏ်းတစ်ခုလုံးကို နီရဲစေခဲ့သည်။

အပြင်လောကမှာမူ ပို၍ ဆိုးလှသည်၊ အင်အားစုနယ်မြေများပင် ပြောင်းလဲသွားကာ နေရာတိုင်းတွင် သတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေသည်။

ဤအရာအားလုံးမှာ ချင်းယွဲ့ဂိုဏ်း၏ "ဒုဂိုဏ်းချုပ်" နေရာအတွက် လုပွဲကြောင့်သာ ဖြစ်သည်။

အာဏာလုပွဲက လူသားသမိုင်းတွင် အမြဲတမ်း အကြမ်းတမ်းဆုံး အရာဖြစ်ပေသည်။

သို့သော် ထန်ထျန်းမှာမူ အမြဲတမ်း ဘေးထွက်နေခဲ့သည်။

သူ၏ ကျင့်ကြံမှုမှာ တည်ငြိမ်စွာ တိုးတက်နေပြီး ကောင်းကင် တာအိုနိယာမများနှင့်အတူ သူက နတ်အသွင်ပြောင်း ခြင်း နောက်ဆုံးအဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ဤအမြန်နှုန်း မှာ သူထင်ထားသည်ထက်ပင် ပို၍ မြန်ဆန်နေသည်။

သို့သော် ထန်ထျန်း ဆက်လက် ကျင့်ကြံရန် ပြင်နေစဉ်မှာပင် ချီယွမ်နှင့် ဂိုဏ်းချုပ်လေး ယွင်ခုံး တို့က သူ့ထံ တစ်ပြိုင်တည်း သတင်းတစ်ခု ပေးပို့လာကြသည်။

"အကြီးအကဲဟန်ဟိုင် ..."

"တံခါးပိတ်ကျင့်ကြံခြင်း မှ ထွက်လာပြီ "

All Chapters