← Chapters

ကောင်းကင်အဆင့်ယပ်တောင် လေလံတင်ခြင်း

Vol. 17 Ch. 250

ကောင်းကင်အဆင့်ယပ်တောင် လေလံတင်ခြင်း

Vol. 17 Ch. 250

လန်ယွဲ့ရုံ၏ စကားသံ ဆုံးသွားသည့် ခဏတွင် မဟာအလင်းရောင်တောက်ပခြင်းလေလံခန်းမကြီး တစ်ခုလုံး ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားသည်။

ကောင်းကင်အဆင့်ယပ်တောင်

“အဲဒါ… မဖြစ်နိုင်ဘူး”

“အဲ့ဒါ… အဲ့ဒါက ပိုင်ကျီဟန်ရဲ့ ပစ္စည်းမလား?”

“ဟုတ်တယ် ကျောက်မိသားစုကနေ သူရခဲ့တာ”

“ဒါဆို… ဒါဆို ဘာလို့ ဒီမှာ ရှိနေတာလဲ၊ ပိုင်ကျီဟန်က လေလံတင်နေတာလား”

တောက်ပနေသော အမွေးများသည် ကြယ်ရောင်ထင်ဟပ်ကာ မြင့်မြတ်သန့်ရှင်းသော အာရုံခံစားမှုကို ထုတ်လွှင့်နေသည်။

၎င်းသည် လူအများ ထိတ်လန့်စွာ ပြောဆိုကြသည့် အရာဝတ္ထုတစ်ခုဖြစ်ပြီး ကျောက်မိသားစု၏ သမိုင်းကြောင်းအထိ ချိတ်ဆက်နေသည့် ကောင်းကင်အဆင့်ရတနာသာ

ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်လာပြီး လူအားလုံး၏ မျက်လုံးများသည် ကျောက်မိသားစု၏ VVIP အခန်းဘက်သို့ လှည့်သွားကြသည်။

ကျောက်ဝူထျန်း၏ မျက်နှာသည် ချက်ချင်း မှောင်မိုက်သွားကာ အံကြိတ်ထားပြီး လက်မောင်းများသည် ဖိနှိပ်ထားသော ဒေါသကြောင့် တုန်ယင်နေသည်။

သူ့ဘေးတွင် ရပ်နေသော ကျောက်ချန်သည် အဆိပ်မျိုချသွားသကဲ့သို့ မျက်နှာအရောင် ဖြူဖျော့နေပြီး အရှက်ကွဲဒဏ်ကြောင့် မျက်လုံးများသည် မီးတောက်နေချေသည်။

မျိုးဆက်များစွာအထိ ကျောက် မိသားစုက တန်ဖိုးထားခဲ့သော အဖိုးတန်ရတနာတစ်ခုဖြစ်သည့် ကောင်းကင်အဆင့်ယပ်တောင်

သည် အင်ပါယာတစ်ခုလုံး၏ မျက်စိရှေ့တွင် အခြားတစ်ယောက်၏ ပိုင်ဆိုင်မှုအဖြစ် ပြသခံနေရပြီး လူသိရှင်ကြား လေလံတင်ရောင်းချရန် အသင့်ဖြစ်နေသည်။

ကျောက်ဝူထျန်း၏ သတ်ဖြတ်လိုစိတ်သည် အလွန်အမင်း ပေါက်ကွဲထွက်လာကာ သူ၏ အသံသည် ပြင်းထန်စွာ တုန်ခါလာသည်

“ပိုင်ကျီဟန်”

သို့သော် ပိုင်ကျီဟန်က မျက်တောင်တစ်ချက်တောင် မခတ်ပေ

သူသည် VVIP အခန်းအတွင်း ပျင်းရိစွာ ထိုင်နေပြီး လက်ထဲရှိ ခွက်ကို လှည့်ကာ မွှေနေရင်း အောက်တွင် ဖြစ်ပွားနေသော ဒရမ်မာများသည် သူနှင့် လုံးဝ မဆိုင်

သကဲ့သို့ပင်

ထိုအချိန်တွင် ပိုင်မိသားစု၏ အကြီးအကဲများပင် မအေးချမ်းနိုင်ကြပေ။ တစ်ဦးသည် ရှေ့သို့ အနည်းငယ် တိုးလာပြီး၊ လေးစားမှုအပြည့်ဖြင့် အသံကို ထိန်းချုပ်ကာ ပြောကြားသည်။

“ကျီဟန်အာ… ဒီ ကောင်းကင်အဆင့်ယပ်တောင်က တန်ဖိုးဖြတ်မရတဲ့ ကောင်းကင်အဆင့် ရတနာတစ်ခုပါ။ ဘာလို့… ဘာလို့ လေလံတင်ရောင်းချလိုက်ရတာလဲ? ပိုင်မိသားစုအတွင်းမှာပဲ ထားလိုက်ရင် မကောင်းဘူးလား?”

သူတို့အတွက် အသုံးမဝင်သော်လည်း အနည်းဆုံး ရန်သူလက်ထဲ မရောက်သွားနိုင်လျှင်ပင် အားသာချက် ရှိနေချေပြီ။

ပိုင်ကျီဟန်၏ ပစ္စည်းများအား သူတို့ မထိန်းချုပ်နိုင်သော်လည်း အကြီးအကျယ်ကို တွေးစေချင်ကြသည်။

ငွေလိုအပ်ပါက ကောင်းကင်အဆင့်ရှိ အရာကို မိသားစုအတွင်း၌ ထိန်းထားနိုင်ရန် သူတို့ ကိုယ်တိုင် စုဆောင်းပေးနိုင်ကြသည်။

ပိုင်ကျီဟန်သည် ကိုယ်ကို ရှေ့သို့ အနည်းငယ် တိုးလာပြီး အသံကို ခန်းမတစ်ခုလုံး ကြားနိုင်အောင် ပြောလိုက်သည်

“အမှိုက်မလို့”

ထိုစကားလုံးတစ်လုံးသည် မိုးကြိုးတစ်လုံးကျလာသကဲ့သို့ပင်

ခန်းမအနှံ့ အသက်ရှူသံတိတ်သွားပြီး အံ့အားသင့်သည့် အသံများ တဖြည်းဖြည်း ထွက်လာသည်။

ပိုင်ကျီဟန်၏ အသံသည် သာမန်ဖြစ်ကာ အလေးမထားသည့်အပြင် ရတနာကိုပါအထင်သေးနေ၏

“ ဒီ ကောင်းကင်ငှက်မွှေးယပ်တောင်? အသုံးမဝင်ဘူး။ ကျွန်တော်ရဲ့သိုလှောင်လက်စွပ်ထဲမှာ ထားဖို့တောင် မထိုက်တန်ဘူး။ နေရာယူမဲ့ အစား ရောင်းပစ်လိုက်တာက ပိုကောင်းတယ်။"

လူအုပ်ကြီးတစ်ခုလုံး အံ့သြမှင်သက်သွားကြသည်။

ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းတစ်ခုကို ထိုသို့နှိမ့်ချတာ - သူရူးနေတာလား။ တချို့ကတော့ ပိုင်ကျီဟန်သည် လေလံပစ္စည်းကို စော်ကားနေသည်ဟု တိုးတိုးလေးပြောကြသည်။

သို့တိုင် လူတိုင်းသည် ပိုနက်ရှိုင်းသော ထိုးနှက်ချက်ကို မလွတ်သွားကြပေ

ကောင်းကင်ငှက်မွှေးယပ်တောင်သည် သာမန် ရှေးဟောင်း ပစ္စည်းတစ်ခုမျှ မဟုတ်ပေ။ ပိုင်ကျီဟန် ပစ္စည်းဆိုတာထက် ကျောက်မျိုးနွယ်၏ သင်္ကေတသာ

ပိုင်ကျီဟန် ရခဲ့ရင်တောင် လူအများစုသည် ထိုပစ္စည်းကို သူ့အစား ကျောက်မျိုးနွယ်နှင့်ဆက်စပ်ယူဆကြမည်သာ

အသုံးမဝင်ဘူးဟု ပြောခြင်းအားဖြင့် ပိုင်ကျီဟန်သည် ယပ်တောင်ကို လုံးဝစော်ကားတာ မဟုတ်ပေ၊ သူသည် ကျောက်မျိုးနွယ်ကို စော်ကားနေခြင်းသာ

ကျောက်မျိုးနွယ်၏ မျက်နှာသည် ဒေါသကြောင့် ရဲတွတ်နေ၏

ပိုင်ကျီဟန်က လှောင်ပြောင်လိုက်သည်။

"ဖြစ်နိုင်တယ်..ငါမှားသွားတယ်။ လေလံတင်တာက သူ့ကို ဂုဏ်ပြုလွန်းတယ်။ လမ်းဘေးဈေးသည်တစ်ယောက်ကို ရောင်းသင့်တယ်။"

စော်ကားမှုသည် ရှင်းနေပြီး ဓားတစ်ချောင်းလို ထက်မြက်နေ၏

ခန်းမတစ်ခုလုံး တင်းမာမှုကြောင့် တုန်ခါသွားချေသည်။

"ပိုင်ကျီဟန်”

ကျောက်ဝူထျန်းသည် အော်ဟစ်လိုက်ပြီး မတ်တပ်ရပ်လိုက်၏ နဖူးတွင် သွေးကြောများ ဖောင်းကားလာသည်။

ကျောက်ချန်လည်း သူ့ကိုယ်သူ မနည်းထိန်းထားရ၏ သူ့မျက်နှာသည် ဒေါသကြောင့် တွန့်လိမ်နေပေသည်။

"ဒီယပ်တောင်က ငါတို့အပိုင်ပဲ”

သူ ပေါက်ကွဲသံနဲ့ အော်လိုက်၏ "ကျောက်မျိုးနွယ်ကို ယှဉ်ပြိုင်ရဲတဲ့ ဘယ်သူမဆို ငါတို့ရဲ့ ရန်သူဖြစ်လာလိမ့်မယ်”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏

ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသော လူတော်များများများသည် သူတို့ လက်ဖဝါး၌ ချွေးများ ရွှဲနစ်နေပြီး တောင့်တင်းနေကြသည်။

ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်း၏ ဆွဲဆောင်မှုက ကြီးမားပေမဲ့ ကျောက်မျိုးနွယ်ကို တိုက်ရိုက် ဆန့်ကျင်ဖို့လား။ စွန့်စားနိုင်သူ အနည်းငယ်ပဲ ရှိ၏

လန်ယွဲ့ရုံ၏ တောက်ပသော အပြုံးသည် ပထမဆုံးအကြိမ် မှေးမှိန်သွားချေသည်။ သူမ၏ နူးညံ့သော မျက်ခုံးများသည် တင်းမာနေပြီး သူမ အသံက သာယာပေမဲ့ ထက်မြက်နေ၏

"အကြီးအကဲကျောက်၊ ဒါက မဟာအလင်းတောက်ပခြင်း လေလံခန်းမပဲ။လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်မပေးဖို့ ကျေးဇူးပြုပြီး တောင်းဆိုပါတယ်။"

သူမ လေသံသည် ပိုးထည်အောက်က ရေခဲလိုသာ

"ဟင်း”

ကျောက်ဝူထျန်းသည် နှာခေါင်းရှုံ့လိုက်ပြီး သူ့၏ သတ်ဖြတ်ချင်စိတ်က လေထဲ၌ ထူထပ်နေဆဲပင်

သူ ဆက်ပြီး ငြင်းခုံခြင်းမရှိပေမဲ့ သူ့မျက်လုံးထဲက အဆိပ်သည် ခန်းမကို သတိပေးသော သူ့၏သတိပေးချက် ရှိနေသေးကြောင်းရှင်းရှင်းလင်းလင်း ပြသနေ၏

လန်ယွဲ့ရုံသည် ပေါ့ပေါ့ပါးပါး ရှူထုတ်လိုက်ပြီး သူမ၏ အပြစ်အနာအဆာကင်းသော ဟန်ပန်ကို ပြန်လည်ရယူလိုက်၏ ။ ထို့နောက် သူမသည် ကျောက်စိမ်းတူကို မြှောက်လိုက်ပေးသည်။

"ကောင်းကင်ငှက်မွှေးယပ်တောင်။ ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်း။ စတင်ရောင်းချတဲ့ဈေး - ရွှေသုံးသန်း”

စကားလုံးများ သူမ နှုတ်ခမ်းကနေ ထွက်သည်နှင့် ကျောက်ဝူထျန်းအသံက ထပ်မံထွက်ပေါ်လာသည်။

"သုံးသန်း”

သူ၏ လေလံတင်သံသည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့ကာ မျက်လုံးအကြည့်သည် ဓားသွားတစ်လက်ကဲ့သို့ ခန်းမတစ်လျှောက် လှည့်ပတ်သွားပြီး ယခင်က ပြောခဲ့သော စကားများကို မပြောမဖြစ် သတိပေးနေသလိုပင် : လေလံတင်လျှင် ကျောက်မျိုးနွယ်၏ ရန်သူ ဖြစ်သွားမည်။

ခန်းမတစ်ခုလုံး သူ၏ အာဏာအရှိန်ကြောင့် တုန်ခါသွားခဲ့သည်။ လူအများသည် တံတွေးမျိုချရင်း ယခင်က ရှိခဲ့သော လောဘစိတ်များကို ကြောက်ရွံ့ခြင်းအောက်သို့ ပြန်လည် ချုပ်ချယ်လိုက်ကြသည်။

သို့သော် အားလုံးမဟုတ်ပေ

“ကောင်းကင်အဆင့် ရတနာတစ်ခုကို သုံးသန်းပဲလား? ကျောက်မျိုးနွယ်က သူတို့ရဲ့ ဂုဏ်သိက္ခာကို ဒီလောက် စျေးပေါနဲ့ ပြန်ဝယ်လို့ရမယ်လို့ ထင်နေတာလား?”

နက်ရှိုင်းပြီး တုန်ခါသံပါသော အသံတစ်သံသည် နောက်ထပ် VVIP အခန်းတစ်ခုမှ ထွက်ပေါ်လာပြီး လေလံတန်ဖိုးသည် ချက်ချင်း မြင့်တက်သွားသည်။

“လေးသန်း”

ခန်းမတစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ခါသွားသည်။

လူတိုင်း၏ မျက်လုံးများသည် အသံထွက်လာသည့်နေရာသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြရာ နီညိုရောင်မိုးကြိုးနန်းတော်မှ ဖြစ်နေသည်။

သူတို့၏ အကြီးအကဲသည် ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ လှဲနေပြီး သူ၏ ကိုယ်ခန္ဓာမှ လျှပ်စစ်အလင်းများ အနည်းငယ် လင်းလက်နေသည်။

ခဏလေးအတွင်းမှာပဲ

“ငါးသန်း”

နောက်ထပ် VVIP အခန်းတစ်ခုမှ အသံထွက်လာသည်။ ဒီတစ်ခါတော့ ကောင်းကင်ဓားဂိုဏ်းမှ ဖြစ်သည်။

အကြီးအကဲချင်းလန်သည် ကောင်းကင်အမွှေးယပ်တောက်ကို အမှန်တကယ် မလိုချင်သော်ငြား ငါးသန်းဆိုလျှင်တော့ တန်နေချေပြီ

ထို့အပြင် ရတနာသည် သူမ၏ တပည့်ပိုင်ဆိုင်မှုဖြစ်ကြောင်း သိရှိထားသောကြောင့် တန်ဖိုးကို မြှင့်တင်ပေးနေခြင်းလည်း ဖြစ်ကာ ထိုအရာကို ကျောက်ဝူထျန်းအနေနဲ့ မည်သို့မှ တားဆီးနိုင်မည် မဟုတ်ပေ

ဤနေရာတွင် ကျောက်မျိုးနွယ်ကို မကြောက်ရွံ့သူများ သို့မဟုတ် သူတို့ကို ပိုမို အရှက်ခွဲချင်သူများ ရှိနေကြောင်း ထင်ရှားစွာ မြင်ရသည်။

ကျောက်ဝူထျန်း၏ ကိုယ်ခန္ဓာတစ်ခုလုံး တုန်ခါနေပြီး ဒေါသသည် မမြင်ရသော်လည်း ထိတွေ့နိုင်လောက်အောင် ပြင်းထန်နေသည်။ သူ၏ သွားများကို ကြိတ်ကာ နောက်ထပ် လေလံကို မြင့်လိုက်သည်

“ခြောက်သန်း”

သူ၏ အသံသည် မိုးကြိုးကဲ့သို့ ပေါက်ကွဲထွက်လာပြီး ခန်းမတစ်ခုလုံးကို လှုပ်ခါစေသည်။

သို့သော် ကောင်းကင်ဓားဂိုဏ်းမှ အကြီးအကဲ ချင်းလန်သည် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးသေးသေးလေး ပေါ်လာသည်။

“ခုနစ်သန်း”

ထိုလေလံသည် ကျောက်ဝူထျန်း၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်သလို ဖြစ်သွားသည်။

ကျောက်ဝူထျန်း၏ လက်ဆစ်များသည် ဖြူဖျော့သွားပြီး ဒေါသကြောင့် လက်ဖဝါးများ တုန်ခါနေသော်လည်း နောက်ထပ် လက်ကို ထပ်မံ မြှောက်လိုက်သည်

“ရှစ်သန်း”

“ကိုးသန်း”

အကြီးအကဲ ချင်းလန် အသံသည် နူးညံ့ချောမွေ့စွာ ထွက်ပေါ်လာပြီး လုံးဝ အားထုတ်မှု မရှိဘဲ ပျင်းရိသလိုတောင် ခံစားရကာ ကျောက်ဝူထျန်းကို ကစားနေသလိုပင်။

ထိုအချိန်တွင် လူတိုင်း နားလည်သွားခဲ့ကြသည်။ ကောင်းကင်ဓားဂိုဏ်းသည် ယပ်တောင်ကို အနိုင်ရဖို့ ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ကျောက်ဝူထျန်းကို ရူးသွပ်အောင် လှုံ့ဆော်ခြင်းသာ ဖြစ်သည်။

နီညိုရောင်မိုးကြိုးနန်းတော်ကလည်း လက်လွှတ်လိုက်ချေပြီ ။ စျေးနှုန်းသည် သူတို့အတွက် မခံနိုင်အောင် မြင့်လွန်းသွားခဲ့ပြီ။

နောက်ဆုံး

“ဆယ်သန်း”

ကျောက်ဝူထျန်း၏ အော်သံသည် လေလံခန်းမ၏ ထောက်တိုင်များကိုတောင် တုန်ခါစေသည်။ သူ၏ ရင်ဘတ်သည် ပြင်းထန်စွာ တက်ကျနေပြီး သွေးကြောများ ပေါက်လာကာ မျက်နှာအမူအရာသည်လည်း ဒေါသကြောင့် လိမ်ကောက်နေ၏

အကြီးအကဲချင်းလန်လည်း ရပ်တန့်သွားသည်။

ခုနစ်သန်း…ကောင်းကင်အဆင့် ရတနာအတွက် သူမ ပြောထားသော အမြင့်ဆုံး ကန့်သတ်ပမာဏ ဖြစ်သည်။ မတော်တဆ ထိုပမာဏအောက်နှင့် ရနိုင်ခဲ့မည်ဆိုရင်တော့ ဂိုဏ်းအတွက် အလွန်ကောင်းမွန်သော အပိုဆောင်းတစ်ခု ဖြစ်လာမည်သာ

ယပ်တောင်တစ်ခုသာ ဖြစ်ပြီး ဂိုဏ်းအတွက် မသင့်တော်ပေ။ ဂိုဏ်းအတွက် အမှန်တကယ် လိုအပ်တာက ဓားသာ ။ ဓားတစ်လက်အတွက်ဆိုပါက သူတို့သည် ဆယ်သန်းအထိ လေလံဆွဲနိုင်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်သည်။

ထို့ကြောင့် သူမသည် လေလံကို ကိုးသန်းအထိဆွဲခဲ့ပြီး ညွှန်ကြားချက်ကို အနည်းငယ် ချိုးဖောက်သော်လည်း အကျိုးအကြောင်းအရ သင့်တော်သေးသည်။ ရေကို လှုပ်ခါဖို့ ကျောက်မျိုးနွယ်အား အတင်းအကျပ် ဖိအားပေးဖို့ လုံလောက်သည်။

သူမ၏ မျက်လုံးများသည် ကျောက်ဝူထျန်း၏ VVIP အခန်းသို့ ဖြည်းဖြည်း လှည့်သွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးသေးသေးလေး ပေါ်လာသည်။

(ကျောက်မျိုးနွယ်က ဒီရတနာကို သူတို့လက်ကနေ လွှတ်မပေးနိုင်ဘူး။သူတို့ဟာ စိတ်ပူပန်နေကြပြီး အရှက်ရနေကြတယ်။ စျေးက ဘယ်လောက်တက်တက်—သူတို့ဟာကို သွေးထွက်အောင် ပေးပြီး ပြန်ယူကြလိမ့်မယ်။ )

ထိုအတွေးနဲ့တင် လေလံကို ဆယ်သန်း အထိ တွန်းတင်လိုက်ခြင်း ဖြစ်သည်။

လန်ယွဲ့ရုံ၏ တူသည် ချက်ချင်းပင် ဆင်းသက်လာသည်။

“ရောင်းပြီးပါပြီ။ ကောင်းကင်အမွှေးယပ်တောင်ကို ကျောက်မျိုးနွယ်မှ ဆယ်သန်းနဲ့ ရရှိသွားပါပြီ”

ခန်းမတစ်ခုလုံး အံ့ဩသံများ၊ စကားပြောသံများနဲ့ ပေါက်ကွဲသွားသည်။

ဆယ်သန်း! ဂိုဏ်းကို ကာကွယ်ပေးနိုင်သည့် အဖိုးတန်ရတနာ ဒါဇင်ပေါင်းများစွာ ဝယ်လို့ရလောက်သည့် ပမာဏ—တပ်ဖွဲ့တစ်ခုလုံးကို ထောက်ပံ့နိုင်လောက်သည့် ငွေပမာဏ ဖြစ်သည်။

ဒါတွေအားလုံး ပိုင်ကျီဟန်၏ အိတ်ထဲသို့ တန်းတန်းမတ်မတ် စီးဝင်သွားခဲ့သည်။

ကျောက်ဝူထျန်း၏ မျက်နှာသည် မှင်ရောင်လို မှောင်မိုက်နေပြီး နှလုံးသားက သွေးယိုသလို နာကျင်နေသည်။ ယပ်တောင်ကို ပြန်ရခဲ့သော်လည်း ထိုအောင်မြင်မှုသည် အဆိပ်ကို မျိုချလိုက်သလိုပင် ခံစားရစေသည်။

လောက၏ မျက်လုံးထဲတွင် ကျောက်မျိုးနွယ်သည် အရှက်ခွဲခံရပြီး ကိုယ့်ပိုင်ဆိုင်မှုကို ပြန်ဝယ်ဖို့ မဖြစ်နိုင်လောက်အောင် ကြီးမားသော စျေးနှုန်း ပေးဆောင်ခဲ့ရသူများသာ။

သူ၏ အင်္ကျီလက်သည် လေထဲ၌ ပျံလွင့်သွားပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သတ်ဖြတ်လိုစိတ်သည် ရေလွှမ်းမိုးသလို ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။

“ပိုင်ကျီဟန်…” တိုးတိုးလေး ညည်းတွားလိုက်ပြီး အသံ၌ အဆိပ်ပြင်းပြင်း ပါဝင်နေသည်။ စကားလုံးတစ်လုံးချင်းစီက သေခြင်းကို ကတိပေးသလို ဖြစ်နေသည်။

“ဒီအရှက်ခွဲမှုကို… ငါ မမေ့ဘူး။”

သူသည်လှည့်ပြီး ခန်းမမှ ထွက်သွားကာ ကျောက်ချန်သည်လည်း နောက်ကကပ်လျက် လိုက်သွားသည်။ကျောက်ချန်၏ မျက်နှာသည် ဒေါသနှင့် အရှက်ကြောင့် ဖြူဖျော့နေဆဲ ဖြစ်သည်။

အခြား ဧည့်သည်များသည် တိတ်တိတ်လေး ပြောဆိုနေကြပြီး ထွက်ခွာသွားသော ကျောက်မျိုးနွယ်နှင့် ပိုင်မျိုးနွယ်၏ VVIP အခန်းထဲရှိ ပျင်းရိသလို ထိုင်နေသော လူကို အလှည့်ကျ ကြည့်နေကြသည်။

ပိုင်ကျီဟန်သည် ကျောက်ဝူထျန်းကို တစ်ချက်တောင် မကြည့်ပေ

သူသည် လက်ထဲရှိ ခွက်ကို ဖြည်းဖြည်း လှုပ်လိုက်ပြီး ခြိမ်းခြောက်သည့်အရာများက သူ့အတွက် ဘာမှ မဟုတ်သလိုပင်

လန်ယွဲ့ရုံသည် တည်ငြိမ်အေးဆေးစွာ ရပ်တည်လျက် သူမ၏ ကျောက်စိမ်းတူကို နောက်တစ်ကြိမ် ထပ်မံ မြှောက်လိုက်သည်။

“ဧည့်သည်တော်များ” သူမ၏ အသံသည် ကောင်းကင်ခေါင်းလောင်းသံတစ်ခုကဲ့သို့ သန့်ရှင်းစွာ ချီတက်သွားသည်။ “ ယနေ့ကျင်းပတဲ့ မဟာအလင်း တောက်ပခြင်းလေလံပွဲက ဤနေရာမှာ ပြီးဆုံးပါပြီ”

သူမသည် ဦးညွှတ်လိုက်ပြီး လက်ဝတ်ရတနာများနှင့် အင်္ကျီစ ပျံလွင့်သွားသည်။

“မဟာအလင်းတောက်ပခြင်းလေလံခန်းမ ကိုယ်စား လာရောက် ချီးမြှင့်ကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်”

“ယနေ့ အဖိုးတန်ရတနာများကို ရရှိသွားသူအားလုံးကို ကျွန်မတို့ အထူးဂုဏ်ပြုပါတယ်။ ကျင့်ကြံမှုလမ်းကြောင်းမှာ ကံကောင်းခြင်းနှင့် ကံကြမ္မာက အမြဲ လိုက်ပါလာကြပါစေ။လေလံတင်ခဲ့ပြီး မရရှိခဲ့သူများလည်း စိတ်မညစ်ပါနဲ့”

သူမ၏ ပါးလွှာသွယ်လျသော လက်ကို လေ့ကျင့်ထားသလို လှပစွာ မြှောက်လိုက်သည်။

“မဟာအလင်းတောက်ပခြင်းလေလံခန်းမ နောက်တစ်ကြိမ် ထပ်မံ ပြန်လည်လာမှာပါ။ ပိုမို ကြီးမားတဲ့ ရတနာတွေ၊ ပိုမို ရှားပါးတဲ့ အခွင့်အလမ်းတွေ၊ ပြီးတော့… အံ့အားသင့်စရာတွေကိုပါ သင်တို့ စောင့်ကြိုနေရမှာပါ”

All Chapters