← Chapters

ချမ်းသာမှု

Vol. 17 Ch. 251

ချမ်းသာမှု

Vol. 17 Ch. 251

နောက်ဆုံး တူသံ ကျသွားသည်နှင့်အမျှ မဟာအလင်း တောက်ပခြင်း လေလံခန်းမ၏ ခမ်းနားထည်ဝါမှုသည် တဖြည်းဖြည်း လျော့နည်းသွားလေသည်။

အခမ်းအနားတက်ရောက်လာသည့် ဂုဏ်သရေရှိလူကြီးများနှင့် ကျင့်ကြံသူများ၏ စကားပြောသံများသည် တိတ်ဆိတ်သွားကာ လူအများသည် အခန်းမမှ ထွက်ခွါသွားကြသည့်တိုင် ပိုင်ကျီဟန်သည် လူစုနှင့်အတူ မထွက်ခွါခဲ့ပေ

ယင်းအစား သူသည် အေးဆေးတည်ငြိမ်စွာ မတ်တပ်ရပ်ကာ ကတ္တီပါကော်ဇော်ကို ကျော်လွန်၍ လမ်းကြောင်းများအတိုင်း အမြင့်ဆုံး စီးပွားရေးအရ ဆောင်ရွက်မှုများသာ ပြုလုပ်သည့် ကိုယ်ပိုင်အခန်းများရှိရာ ခန်းမအတွင်းပိုင်းသို့ တိုးဝင်သွားသည်

သူသည် မန်နေဂျာ၏ ရုံးခန်းထဲသို့ ဝင်ရောက်လာချိန်တွင် လေထုအတွင်း၌ စန္ဒကူးသစ်သား အနံ့သင်းသည် နူးညံ့စွာ ကျန်ရစ်နေသည်။

ကျောက်စိမ်းစာရင်း စာအုပ်တစ်အုပ်နှင့် တံဆိပ်ပိတ်ထားသော သေတ္တာများကို စနစ်တကျ ဘေးတွင် စုထားပြီး စောင့်နေသူကတော့ မန်နေဂျာပင်။

“သခင်လေးပိုင်” မန်နေဂျာသည် နက်ရှိုင်းစွာ ဦးညွှတ်ရင်း သူ၏ လက်များသည် ကျောက်စိမ်း စာရင်းစာအုပ်ပေါ်တွင် သေသေချာချာ တင်ထားလျက်ရှိသည်။

“တွက်ချက်မှုအားလုံး ပြီးဆုံးသွားပါပြီ။”

ပိုင်ကျီဟန်သည် ခေါင်းညိတ်ကာ သူအတွက် ပြင်ဆင်ထားသော ထိုင်ခုံတွင် ထိုင်ချလိုက်သည်။

“ပြောပါ။”

မန်နေဂျာသည် ကျောက်စိမ်းစာရင်းစာအုပ်ကို ဖွင့်လိုက်ပြီး ဘေးရှိ ပေသီးပေါ်တွင် လက်ချောင်းများကို မြန်ဆန်စွာ ရွေ့လျားစေသည်။

“ကောင်းကင်အဆင့်ယပ်တောင်ကို ရွှေ ဆယ်သန်းနဲ့ ရောင်းချနိုင်ခဲ့တာကို သိပြီးသားပါ။ လေလံခန်းမ ဝန်ဆောင်ခများကို ဖြတ်တောက်ပြီးတော့”

သူသည် ခဏလေး ရပ်တန့်ကာ ထပ်မံ ဦးညွှတ်လိုက်ပြီး အသံထဲတွင် လေးစားသည့် သဘောတရား အနည်းငယ် ပါဝင်လာသည်။

“ယူဆောင်လာတဲ့ ရတနာ အရေးပါမှုကို ထည့်သွင်းစဉ်းစားပြီး ကော်မရှင်ကို အနည်းဆုံး ၀.၁ ရာခိုင်နှုန်းပဲ ထားရှိပေးခဲ့ပါတယ်”

ပိုင်ကျီဟန်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ရတနာအမျိုးအစားအလိုက် ၅ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်ပို ယူလေ့ရှိသည်။

“ဖြတ်တောက်မှုအားလုံးကို ပြီးဆုံးတော့ သခင်လေး လေလံတင်ဝယ်ယူခဲ့တဲ့ ပမာဏတွေကိုပါ နုတ်ယူပြီး ရရှိမဲ့ အကျိုးအမြတ်က ရွှေ သန်းနှစ်ဆယ်ပါ”

မန်နေဂျာသည် ဆက်လက်ပြောရာတွင် အသံသည် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေသည်။

“ရွှေ သန်းနှစ်ဆယ်”

ပိုင်ကျီဟန်ရရှိခဲ့သော အမြတ်ငွေသည်— အခြား လေလံတင်ထားသော ပစ္စည်းများအားလုံးကို ပေါင်းထားသည့်ထက်ပင် ပိုများနေသည်။

၎င်းသည်လည်း မန်နေဂျာအတွက် ပထမဆုံးအကြိမ်အဖြစ် တစ်ဦးတည်းသော လူတစ်ယောက်သည် ထိုသို့ များပြားလှသော ငွေပမာဏကို ရရှိသည်ကို မြင်တွေ့ရခြင်း ဖြစ်သည်။

ပိုင်ကျီဟန် ကိုယ်တိုင် လေလံတင်ဝယ်ယူခဲ့သော စျေးကြီးပစ္စည်းအချို့အတွက် ဖြတ်တောက်သွားသော ငွေပမာဏ မရှိခဲ့ပါက သူ၏ အမြတ်ငွေသည် ရွှေသန်းသုံးဆယ်နီးပါး အထိ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

သို့တိုင် သူ့အနေနဲ့ စောဒတက်မှု မရှိပေ။ အကြောင်းမှာ ထိုလေလံပွဲသည် ပိုင်ကျီဟန်၏ ပြင်းထန်သော လေလံတင်မှုများကြောင့်ပင် ကြီးမားသော အမြတ်ကို ရရှိခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။

ရွှေဆယ်သန်းကို သုံးစွဲခဲ့သောကြောင့် ပိုင်ကျီဟန်သည် ယနေ့ပွဲ၏ အသုံးအများဆုံး တစ်ဦးတည်းသော လူဖြစ်လာခဲ့သည်။

အမြတ်အများဆုံးရသူ နှင့် အများဆုံးသုံးစွဲသူ— ပုံမှန်အားဖြင့် အတူတကွ မရှိသင့်သော အမည်များ ဖြစ်သော်လည်း ထိုအရာနှစ်ခုလုံးကို ပိုင်ဆိုင်ထားသူကတော့ ပိုင်ကျီဟန်ပင် ဖြစ်သည်။

ပိုင်ကျီဟန်၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်အားရသော အပြုံးသေးသေးလေး ပေါ်လာသည်။

“မဆိုးဘူး။ တကယ်ကို မဆိုးပါဘူး။”

ပိုင်ကျီဟန်သည် မတ်တပ်ရပ်ကာ လက်မောင်းအဝတ်ပေါ်ရှိ မမြင်ရသော ဖုန်မှုန့်တစ်စက်ကို ဖြည်းဖြည်း ခါချလိုက်သည်။

“ဒီလောက်ဆိုရင် ငါ သွားတော့မယ်။”

သူက လှည့်ပြီး တံခါးသို့ ဦးတည်ချိန်တွင်

မန်နေဂျာ၏ အသံသည် နောက်မှ အလျင်အမြန် လိုက်လာသည်။

“သခင်လေးပိုင် ၊ ခဏလောက် စောင့်ပါဦး”

ပိုင်ကျီဟန်သည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး

ခေါင်းကို အနည်းငယ် လှည့်ကာ နောက်ဘက်သို့ ကြည့်လိုက်သည်။

မန်နေဂျာသည် နက်ရှိုင်းစွာ ဦးညွှတ်ရင်း လက်နှစ်ဖက်ဖြင့် သေတ္တာ တစ်လုံးကို ယူလာသည်။

အလွန်အမင်း သတိထားစွာ ဖွင့်လိုက်ရာ အတွင်း၌ ရွှေရောင် လင်းလက်နေသော ကျောက်စိမ်းဖြင့် ပုံဖော်ထွင်းထုထားသည့် တံဆိပ်ကဒ်တစ်ခု ပေါ်လာသည်။

“ဒါက မဟာအလင်းတောက်ပခြင်းလေလံခန်းမ ရဲ့ VVVIP ကဒ် ဖြစ်ပါတယ်” မန်နေဂျာက လေးစားစွာ ရှင်းပြသည်။

“ဒီကဒ်ကို ကျွန်တော်တို့ အထူးဂုဏ်ပြု တဲ့ ဧည့်သည်များသာ ရရှိနိုင်ပါတယ်။ ဒီကဒ်ကို ကိုင်ဆောင်ထားရင် ဆိတ်ငြိမ်ရာ အင်ပါယာ အတွင်းမှာရှိတဲ့ ကျွန်တော်တို့ လေလံခန်းမ အားလုံးမှာ ၂၀ ရာခိုင်နှုန်း လျှော့စျေး ရရှိပါလိမ့်မယ် ။ ကျေးဇူးပြု၍ လက်ခံပေးပါ။”

ပိုင်ကျီဟန်သည် ကဒ်ကို တစ်ချက်ကြည့်လိုက်ပြီး အလွယ်တကူ လက်ခံကာ အရေးမပါသလိုပင် လက်မောင်းအဝတ်အတွင်းသို့ ထည့်လိုက်သည်။

“အင်း… ကောင်းပြီ”

“နောင်အချိန်မှာ အဖိုးတန်ပစ္စည်းတွေကို လေလံတင်ချင်ရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ မဟာအလင်းတောက်ပခြင်း လေလံခန်းမကို ဦးစွာ စဉ်းစားပေးပါ။ ရှားပါးတာပဲဖြစ်ဖြစ်၊ အဆင့်အတန်း ဘယ်လိုဖြစ်ဖြစ် အကောင်းဆုံး အကျိုးခံစားခွင့်တွေကို အာမခံပေးပါမယ်။”

ပိုင်ကျီဟန်သည် သူ့ကို ခဏလေးသာ ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါး လှုပ်ပြလိုက်သည်။

“ ဟုတ်ပြီ ငါကြည့်လိုက်မယ်”

နောက်ထပ် မစဉ်းစားဘဲ စန္ဒကူးနံ့သင်းသည့် အခန်းထဲမှ ခြေလှမ်းကျဲကျဲနဲ့ ထွက်လာပြီး မကြာခင်မှာပဲ သူ့ပုံရိပ်သည် အပြင်ဘက် စင်္ကြံကြားထဲ၌ နစ်မြုပ်သွားခဲ့သည်။

မန်နေဂျာသည် ပိုင်ကျီဟန် ထွက်သွားပြီး အချိန်အတော်ကြာသည့်အထိ ဦးညွှတ်နေခဲ့သည်

ချမ်းသာကြွယ်ဝမှုသည် မတည်မငြိမ်ဖြစ်တတ်သော အရာပင်

လက်ထဲမှာရှိသည့် ပိုက်ဆံက ရေလိုသာ ။ မထိဘဲထားလျှင် နောက်ဆုံးမှာ ပျက်စီးသွားလိမ့်မည်။

သို့တိုင် စတင်လှုပ်ရှားသည့်အခါ အတားအဆီးများကို ဆေးကြောပြီး လမ်းကြောင်းအသစ် ဖောက်ထွင်းနိုင်သည့် လှိုင်းလုံးကြီးတစ်ခု ဖြစ်လာခဲ့သည်။

ပိုင်ကျီဟန်သည် ၎င်းကို ကောင်းကောင်း နားလည်ချေသည်။

ရွှေငါးသန်းကို ခုန်ကျန်းဟုန် လက်ထဲ ထည့်ပေးခဲ့သည်။

၎င်းသည် အနက်ရာင်မီးအိမ်အဖွဲ့အစည်းအတွက် ရည်ရွယ်တာဖြစ်ပြီး ပိုင်ကျီဟန် ရှာဖွေနေသည့် စကားသံများ လွတ်မသွားအောင် အင်ပါယာတစ်လွှား၌ နားစိုက်ထားဖို့ပင်

လက်ဖက်ရည်ဆိုင်များ တည်ထောင်တာ ဖြစ်ဖြစ် ၊ အရာရှိများကို လာဘ်ထိုးတာပဲဖြစ်ဖြစ်၊ ငွေနှင့်ဝယ်ယူနိုင်၏ ။ ထို့အပြင် မဖြစ်နိုင်သော အရာများလည်း အများကြီး မရှိပေ။

ခုန်ကျန်းဟုန်လက်များသည် များပြားသည့် ဘဏ္ဍာငွေကို လက်ခံလိုက်သည့်အခါ တုန်ခါသွားသည်။

သူ့ရင်ဘတ်သည် ခံစားချက်များနှင့် ခုန်ပေါက်နေ၏ - အလေးချိန်ကြောင့်တင် မဟုတ်ဘဲ သူ့အပေါ် ထားရှိသော ယုံကြည်မှုကြောင့်သာ

သူ ဒူးတစ်ဖက်ထောက်ပြီး နှိမ့်ချစွာ ဦးညွှတ်ရင်း တည်ကြည်စွာ ပြောလိုက်သည်။

"ဒီလက်အောက်ငယ်သားက စိတ်ပျက်အောက် မလုပ်ပါဘူး။ တီးတိုးသံလေးတောင် ကျွန်တော်လက်ကနေ မလွတ်အောင် သေချာလုပ်ပေးပါမယ်”

ပိုင်ကျီဟန်သည် ခေါင်းညိတ်ပြလိုက်သည်။

ခုန်ကျန်းဟုန် ချဲ့ကားပြောဆိုနေတာ သိသာပေမဲ့ ပိုင်ကျီဟန်ကတော့ သူ့တွင် အရည်အချင်းရှိကြောင်း သိပေသည်။ ၎င်းနှင့် ပတ်သက်ပြီး သံသယဖြစ်စရာ မရှိပေ

သူ့ ကံကြမ္မာ ဒုတိယအပိုင်းဖြစ်သော နောက်ထပ် ငါးသန်းကို ပိုပြီး ရဲရင့်သော လောင်းကစားတစ်ခုဆီ ဦးတည်လိုက်ပေ၏

"နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲမှာ လောင်းကြေးထပ်လိုက်ပါ" ပိုင်ကျီဟန်က ပြောလိုက်သည်။

ခုန်ကျန်းဟုန်သည် မျက်တောင်ခတ်ပြီး အံ့အားသင့်သွားသည်။ "...လောင်းကြေးထပ်ဖို့လား သခင်လေး?"

“ဟုတ်တယ်” ပိုင်ကျီဟန်၏ မျက်လုံးအကြည့်သည် ရေလို တည်ငြိမ်လှသည်။ “ပထမနေရာရမဲ့ သူအပေါ် အားလုံးလောင်းလိုက်ပါ။”

ခုန်ကျန်းဟုန်း၏ စိတ်အတွင်း မုန်တိုင်းတစ်ခု လှုပ်ရှားသွားသည်။ ပိုင်ကျီဟန် မည်သူ့ကို ယုံကြည်ပြီး လောင်းကြေးတင်မည်ကို ခန့်မှန်းရန် ကြိုးစားမိသည်။

“မေးလို့ရမလား သခင်လေး ဘယ်သူလဲဆိုတာ”

“နီဖန်းကျိုး”

နာမည်တစ်လုံးတည်းနှင့်ပင် ခုန်ကျန်းဟုန်းကို တူဖြင့် ထိုးနှက်လိုက်သလို ဖြစ်သွားသည်။ သူ ခဏလေး ရပ်တန့်သွားပြီး ပိုင်ကျီဟန်ကို မယုံနိုင်သလို စိုက်ကြည့်နေမိသည်— နားကြားမှားကြားသည်လားဟု အထင်နှင့်

(နီဖန်းကျိုး)

ပိုင်ကျီဟန်သည် သူ့ညီမဖြစ်သော ပိုင်ရွှယ်ချင်းကို ပြောခဲ့ရင်တော့ ခုန်ကျန်းဟုန် အလွယ်တကူ နားလည်နိုင်မည်သာ

ဒါပေမယ့်… နီဖန်းကျိုးကတော့

(သခင်လေးက ဒီလူကို ဘာလို့ ဒီလောက် ယုံကြည်နေတာလဲ?)

“သခင်လေး” ခုန်ကျန်းဟုန်းသည် သတိထားသည့်အသံနဲ့ စတင်ပြောသည်။ “လေးစားစွာနဲ့ မေးပါရစေ… သေချာလို့လား ။ မိန်းကလေး ပိုင်ရွှယ်ချင်းကို လောင်းကြေးတင်ရင် ပိုပြီး လုံခြုံပါတယ်။ ဒါပေမယ့် နီဖန်းကျိုး”

“သူပဲ အနိုင်ရမှာ”

ပိုင်ကျီဟန်၏ အသံသည် ဆက်လက်ပြောဖို့ အခွင့်အရေးကို ဖြတ်တောက်ပစ်လိုက်သည်။

ခုန်ကျန်းဟုန်းလည်း ခေါင်းငုံ့လိုက်သည်။

“…နားလည်ပါပြီ။ ချက်ချင်း စီစဉ်လိုက်ပါမယ်။”

သူ အလျင်အမြန် လှည့်ထွက်သွားပေမဲ့ စိတ်အတွင်းက မအေးနိုင်သေးပေ

ဘာကြောင့် နီဖန်းကျိုးလဲ? သခင်လေးက ကိုယ့်သွေးသားထက်တောင် ဒီအပြင်လူကို ဘာလို့ပိုပြီး ယုံကြည်နေတာလဲ?

သို့တိုင် အမိန့်က အမိန့်ပဲ ဖြစ်သည်။

သူ ချက်ချင်းပဲ ပိုင်ကျီဟန်၏ အမိန့်ကို ဆောင်ရွက်ရန် လှုပ်ရှားလိုက်သည်။

လက်အောက်ခံများကို ခေါ်ယူပြီး လောင်းကြေးကို လောင်းကစားအိမ်အမျိုးမျိုး၌ ခွဲပြီး ထားဖို့ ညွှန်ကြားလိုက်သည်။

အကြောင်းမဲ့မဟုတ်ပေ။ လောင်းကြေးငွေ ငါးသန်းလောက်ကို တစ်နေရာတည်း ကိုင်တွယ်နိုင်မည့် အိမ်ဆိုတာ မရှိပေ

လျှို့ဝှက်စွာနှင့် စာပို့သူအများအပြားကို လွှတ်လိုက်ပြီး တစ်ယောက်ချင်းစီသည် အပိုင်းလိုက် ခွဲထားသော ငွေများကို ယူဆောင်သွားကြသည်။

မြေဩဇာကောင်းသော လယ်ကွင်းထဲ၌ မျိုးစေ့ ချထားသလိုပင် လောင်းကြေးများသည် အင်ပါယာတစ်လွှားကို ပြန့်ကျဲသွားသည်။

ပိုင်ကျီဟန်၏ ခန့်မှန်းချက်မှန်ခဲ့ပါက ရလာမည့် အကျိုးအမြတ်သည် မယုံနိုင်လောက်အောင် ကြီးမားမည်— သန်းငါးဆယ်၊ ဒါမှမဟုတ် ထိုထက်တောင် ပိုနိုင်သည်။

ခုန်ကျန်းဟုန်သည် မျက်လုံးများကို ကျဉ်းမြောင်းစွာ ချုံ့လိုက်သည်။

သခင်လေးဆုံးဖြတ်ချက်သည် ဘုရားသခင်လို ကြိုတင်မြင်နိုင်သည့် အမြော်အမြင်လား ဒါမှမဟုတ် ရူးသွပ်မှုလား ။ မကြာခင်ပဲ အဖြေကို သိရမည်ဖြစ်သည်။

All Chapters