← Chapters

အခန်း (၄၄)

Vol. 4 Ch. 44

အခန်း (၄၄)

Vol. 4 Ch. 44

"နှစ်ရက်ရှိပြီ" လောဝန်ထမ်း အဝေးက လူသုံးယောက်ကို ကြည့်ပြီး ပြောလိုက်သည်။ " ခရိုင်က နံပါတ်တစ်အလယ်တန်းကျောင်းက ‌ကျောင်းသားတွေ အောင်တာနဲ့ တိုက်သွားတော့ အလုပ်ပြောင်းရတာ မလွယ်ဘူး"

ကုလျန်ရုန် တစ်ခုကို တွေးမိပြီး ‌ချက်ချင်းမေးလိုက်သည်။ "သကြားစက်ရုံက ဒီလလယ်အလုပ်သမားတွေ ခေါ်ပြီးလကုန်လောက် အလုပ်ဝင်ဖို့ စီစဥ်ထားတယ်လို့ အကိုကြားတယ်"

လောဝန်ထမ်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်" ဒီကားဂိတ်တွင် သူ တစ်ကမ္ဘာလုံးက လူများကို မြင်နိုင်၍ သာမန်လူတွေထက် သူ သတင်းပိုသိသည်။ "အလုပ်ပြောင်းတာက လစာတစ်လစာ နောက်ကျစေတယ်။ တကယ်ရှူံးတာ!"

ကုလျန်ရုန် ရေနွေးဘူးအဖုံးကို ကြပ်လိုက်ပြီး အပြင်တွင် ပျော်ရွှင်စွာစကားပြောနေသော လူသုံးယောက်ကို အေးစက်စွာ ကြည့်လိုက်သည်။

"အစ်ကို ရေဖြည့်ပြီးပြီ။ အစ်ကို မင်းသကြားလုံးကို အလကားမယူပါဘူး။ ဒါက အိမ်မှာ သုံးလလောက်ရှိတဲ့ သကြားလုံး" ကုလျန်ရုန် သူ့အိတ်ကပ်ထဲမှ သကြားလုံးနှစ်လုံးကို ထုတ်လာပြီး စားပွဲပေါ်် အသံမြည်အောင်တင်လိုက်ကာ ခန့်ညားပြီး ရက်ရောသောလေသံဖြင့် ပြောသည်။

လောဝန်ထမ်း - "အကိုတကယ်ကြီးလား? ၃လ‌ရှိပြီ?" သူ သကြားလုံးကို ကောက်ယူလိုက်ပြီး တုံ့ဆိုင်းစွာ အနံ့ခံကြည့်လိုက်ပြီး ကုလျန်ရုန်ကို ကြည့်ကာ မေးလိုက်သည်။ "စားလို့ရ‌သေးလား?"

"စားလို့ရတာပေါ့။ ရလို့ မင်းကို ငါပေးတာ။ မင်းဘာလုပ်နေတာလဲ?" ကုလျန်ရုန် လောဝန်ထမ်းပေးသော ဆီးသီးသကြားလုံးကို ပြန်ယူမှာ စိုးရိမ်သည့်အတိုင်း အမြန် သူ့အိတ်ကပ်ထဲ ထည့်လိုက်သည်။

"အစ်ကို့မှာ ထပ်ရှိ‌သေးလား?" လောဝန်ထမ်း သကြားလုံးကို ကြည့်ကာ မဆိုးလှ၍ သူ့ကောင်မလေးကို ပို့နိုင်သည်။

ကုလျန်ရုန် ရေဘူးကို သူ့ပုံခုံးပေါ်တင်လိုက်ပြီး ကိုယ်အနေအထားကို ပြင်ကာ" ဘာဖြစ်လို့လဲ? မင်း ထပ်လိုချင်လို့လား?"

လောဝန်ထမ်း ခေါင်းကုတ်ကာ "နေ့လည်စာစားချိန်ရောက်ရင် ကျွန်တော် ကျွန်တော့်ကောင်မလေးကို ပို့ချင်လို့?"

ကုလျန်ရုန်လည်း အိတ်ကပ်ထဲ ပိုထည့်ထား၍ သူလည်း နောက် လောဝန်ထမ်းကို အကူအညီတောင်းရမည်ဖြစ်သဖြင့် ကျန်သည့် သကြားလုံးနှစ်လုံးကို ပေးလိုက်သည််။

"မင်းကောင်မလေးက ပို့ဆောင်ရေးအဖွဲ့မှာ ဘာလုပ်တာလဲ?" ကုလျန်ရုန် မေးလိုက်သည်။

လောဝန်ထမ်း ပြုံးဖြီးကာ သူ့လက်ထဲက သကြားလုံးကို ထပ်ခါထပ်ခါ ရေတွက်ပြီး အိတ်ကပ်ထဲ ထည့်ပြီးနောက် ပြန်ဖြေလိုက်သည်။ "အာ ပို့ဆောင်ရေးအဖွဲ့က စာရင်းကိုင်"

"ပို့ဆောင်ရေးအဖွဲ့က အလုပ်သမားတွေခေါ်တော့မယ်လို့ မင်းပြောတယ်မလား? မင်းကောင်မလေးကို ဒီအ‌ကြောင်း သတိထားပေးဖို့ ပြောလို့ရလား?" ကုလျန်ရုန်နောက်အိတ်ကပ်ထဲမှ ကြက်ဥတစ်လုံး ထုတ်လာပြီး လောဝန်ထမ်းလက်ထဲထည့်ကာ ပြောလိုက်သည်။ " စာရင်းကိုင်ဆိုတော့ အရမ်းဉာဏ်ကောင်းလို့ပေါ့။ အကို ‌ပေးတာယူပြီး မင်း သွားပေးလိုက်"

လောဝန်ထမ်း အနည်းငယ်တုံ့ဆိုင်းနေသည်။ သူ ဘယ်လိုလုပ်် ကုအစ်ကို၏ ကြက်ဥများကို ယူနိုင်မည်နည်း?

"အလကား မဟုတ်ပါဘူး။ မင်းကောင်မလေးကို အကို့အစား အလုပ်ခန့်တဲ့သတင်း သတိထားပေးဖို့ အကူအညီတောင်း‌ပေးပါ" ကုလျန်ရုန် နားနေခန်းတံခါးကို တစ်ချက်ကြည့်ပြီး ရုတ်တရက် အော်ပြောလိုက်သည်။ "လောညီ‌လေး၊ အစ်ကို မဆာဘူး။ အကိုစားပြီးမှ ဒီလာတာ။ မင်းအမေက မင်းကို ကြက်ဥ‌ပေးလိုက်တာ။ အစ်ကို ဘယ်လိုစားနိုင်မလဲ?"

စကားမဆုံးခင် တံခါးပွင့်လာကာ တစ်ယောက်ဝင်လာသည်။ လောဝန်ထမ်း ကြက်ဥကိုင်ထားသည့်လက်ကို အားပိုထည့်၍ဆုပ်ကိုင်လိုက်ကာ ဝင်လာသောသူကို မြင်‌သောအခါ သူ့နှုတ်ခမ်းထောင့် တွန့်သွားသည်။ "ခေါင်းဆောင်၊ ပို့ဖို့ ရှိလို့လား?"

အဖွဲ့ခေါင်းဆောင်က အရပ်ပုပုဝဝသက်လတ်ပိုင်းအမျိုးသားဖြစ်ပြီး လောဝန်ထမ်း၏ လက်ထဲက ကြက်ဥကို ကြည့်၍ ပြုံးကာ မေးလိုက်သည်။ "မင်းအမေ မင်းကို ပေးလိုက်တာလား?"

ကုလျန်ရုန်် လောဝန်ထမ်း‌‌နောက်ကနေ သူ့လက်ကို လိမ်လိုက်သည်။ လောဝန်ထမ်း လက်နာသည်ကို ခံစားမိမှ အသိဝင်သွားသည်။ "အာ၊ ကျွန်တော့်အမေက ဒါကို ကျွန်တော့်ကောင်မလေးအတွက် ‌ပေးလိုက်တာ။ သူမက ပို့ဆောင်ရေးအဖွဲ့က စာရင်းကိုင်‌ဆိုတော့ စဥ်းစားစရာအရမ်းများလို့"

အဖွဲ့ခေါင်းဆောင် တစ်ခုကို တွေးမိသွား၍ သူ့မျက်နှာပေါ်ကအပြုံးတောင့်သွားကာ လက်ရမ်းပြီး ပြောလိုက်သည်။ "မြို့သွားမယ့် ကားက နာရီဝက်နေရင် ထွက်တော့မှာ။ မင်းသွားပြီး ‌စောင့်ကြည့်။ လက်မှတ်ဝယ်မထားတဲ့သူတွေကို တက်ခွင့်မပေးနဲ့ " ပြောပြီးနောက် နားနေခန်းကနေ ထွက်သွားသည်။

အဖွဲ့ခေါင်းဆောင်ထွက်သွားသည်ကို မြင်မှ လောဝန်ထမ်း သက်ပြင်းချပြီး သူ့နဖူးမှ ချွေးကို သုတ်လိုက်သည်။ "အစ်ကိုမသိလို့။ ဒီအဖွဲ့ခေါင်းဆောင်က သူ့သားကို ဂိတ်မှာ အလုပ်ရစေချင်လို့ ကျွန်တော့်နေရာကို ကြည့်နေတာ"

ဤသို့ဖြစ်မည်ဟု ကုလျန်ရုန် မထင်မှတ်ထားပေ။ သူခဏမျှတွေးပြီး ပြောလိုက်သည်။ "မင်း ရထားလိုက်ပြီး ဦးစီးမှူးလုပ်တာထက် ဒီမှာနေတာပိုကောင်းတယ်လို့ ငါထင်တယ်။ ဒီမှာဆိုရင် မင်း နေ့တိုင်း ‌စောင့်ကြည့်ခံရလို့အမှားတစ်ခုလုပ်မိရင် သိပ်တော့မဆိုးဘူး။ အချိန်ရောက်လာရင် အဖွဲ့ခေါင်းဆောင်က လူလဲဖို့ ဆင်ခြေတစ်ခု ရှာလိမ့်မယ်"

လောဝန်ထမ်း ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်လည်း အဲ့လိုထင်တယ်။ ကျွန်တော့်‌ကောင်မလေးနဲ့ ကျွန်တော် နောက်လ လက်ထပ်မှာ။ လက်ထပ်ပြီးရင် ကျွန်တော် ရထားလိုက်မယ်။ ဒီတစ်ခါ အကို့ကို ကျေးဇူးတင်ပါတယ်"

လောဝန်ထမ်း‌ ဆက်ပြောလိုက်သည်။ "ကျွန်တော့်ကောင်မလေးက စာရင်းကိုင်ဆိုပေမယ့် အထက်တန်း ကျောင်းသူတစ်ယောက်။ ပို့ဆောင်ရေးအဖွဲ့က ခေါင်းဆောင်တွေက သူမကို အလုပ်အကုန်လုံးအတွက် ခေါ်နေကျ။ သူမကို အလုပ်ခန့်တဲ့အကြောင်း သတိပိုထားဖို့ ကျွန်တော်ပြောလိုက်မယ်။ အစ်ကို အချိန်မရွေးလာနိုင်ပါတယ်"

ကုလျန်ရုန် ရေဘူးကို သယ်ကာ " ဒါဆို အကိုအရင်သွားနှင့်မယ်။ မြို့သွားမယ့်ကားထွက်တော့မယ်လို့ မင်းအဖွဲ့ခေါင်းဆောင်ဆီက အစ်ကိုကြားတယ်။ အစ်ကို့ကို ခုံသုံးခုံဦးထားပေးပါဦး။ တစ်ခုံက ရှေ့မှာ"

လောဝန်ထမ်း ရင်ဘတ်ပုတ်ကာ "ကျွန်တော် လုပ်လိုက်မယ်!"

ကုလျန်ရုန် နားနေခန်းမှ ထွက်လာပြီး ‌အနောက်က နေရာလွတ်ကို တစ်ချက်ကြည့်ကာ ကားနေရာ ‌သေချာပြီးနောက် သူ မြည်းလှည်းရှာရန် တံခါးသို့ပြေးသွားလိုက်သည်။ "ထိုင်ခုံရပြီးရင် ကျွန်တော်အိတ် လာယူလှည့်မယ်"

ကုချန်ရွှင်း မြေကြီးပေါ်ထိုင်နေရာမှ ထလိုက်သည်။ "ကားက ထွက်တော့မှာလား။ လူများလား?" လူအရမ်းမများသေးလျှင် တခြားလူများကို စောင့်ရင်း ကြန့်ကြာနိုင်သည်။

"အရမ်းမများဘူး။ ဒါပေမယ့် ကားက နေ့လည်မြို့ကြီးရထားအမီသွားရမှာမလို့ အရမ်း‌နောက်ကျမှာ မဟုတ်ဘူး" ကုလျန်ရုန် လမ်းနှင့် ရင်းနှီးသည်။ ဒီကားက အစောဆုံးဖြစ်ပြီး မြို့ကြီးမှရထားနှင့် ချိတ်ဆက်ထားသည်။ နောက်ခရီးက ချွီကျန်းခရိုင်နှင့် မြို့ကြားဖြစ်၍ ထိုင်ခုံများ ပြည့်သည်အထိ‌စောင့်ရမည်။

"ဟုတ်ပြီ။ ဒါဆို မင်းတို့ မြန်မြန်သွားကြ "တံခါးက ရှင်းသည်ကို မြင်၍ ကုချန်ရွှင်း စိတ်အေးသွားသည်။

ကုလျန်ရုန် အနောက်သို့ သူ့အထုပ်နှင့် ‌ဖြည်းဖြည်းချင်းသွားသည်။ လောဝန်ထမ်း တံခါးတွင် ကားပေါ်တက်မည့်ခရီးသည်လက်မှတ်များကို ရပ်၍ စစ်ဆေးနေသည်။

ကုလျန်ရုန် လက်မှတ်များကို ကမ်းလိုက်သည် "လက်မှတ်သုံး‌စောင် အကို၊ အကို့အကိုကြီး၊ အကို့မရီး။ နောက်ကနှစ်ယောက်က ကြည့်အကောင်းဆုံး"

လောဝန်ထမ်း -

နောက်မှစောင့်နေသော ခရီးသည်များ -

ကျန်းထျန် ရေဘူးမှ ရေနှစ်ကျိုက်သောက်ကာ အိတ်နှစ်ထုတ်ကို ယူလိုက်သည်။ ကုလျန်ရွှမ် နောက်မှ ဖြည်းဖြည်းလိုက်လာသည်။

ထိုအချိန်တွင် ထူးဆန်းသည့်မျက်နှာနှင့် ညီငယ်တစ်ယောက်က သူတို့ကို ခဏငေးကြည့်ပြီးနောက် ရုတ်တရက် ပြုံးကာ သူတို့ကို နှုတ်ဆက်သည်။ "ကုအကိုနဲ့ မရီးမလား?"

ကျန်းထျန် - "?" သူတို့အချင်းချင်းသိလို့လား?

ကုလျန်ရုန် ကားပြတင်းပေါက်ကနေ သူတို့နှစ်ယောက်ကို လက်ပြလိုက်သည်။ "အစ်ကို၊ မရီး၊ တက်ကြပါ"

လောဝန်ထမ်း ကျန်းထျန်လက်ထဲက ပစ္စည်းများကို ယူကာ "ကုအစ်ကို လက်မှတ်ဝယ်ပြီးပြီ။ အကိုတို့ တက်လို့ရပြီ။ ကားထွက်တော့မယ်"

ကားပေါ်တွင် ဟိုနေရာ ဒီနေရာ ထိုင်နေ‌သော လူအချို့ရှိပြီး ထိုင်‌ခုံတွင် ခေါင်းစောင်းကာ အိပ်ငိုက်နေကြသည်။ ကျန်းထျန်နှင့် ကုလျန်ရွှမ် ကားပေါ် တက်ပြီး တိတ်တိတ်နေကြသည်။

ထိုင်ပြီးနောက် အနောက်က ကုလျန်ရုန် သကြားလုံးနှစ်လုံဂထုတ်လာပြီး တိုးတိုး‌ပြောလိုက်သည်။ "ဒါက ခုနက ညီလေးဆီက ဆီးသီးသကြားလုံး မူးတာသက်သာတယ်"

ကုလျန်ရွှမ် ကျန်းထျန်ဖို့ တစ်လုံးကို ချက်ချင်းခွာပေးလိုက်ပြီး "မင်း ပြန်ပေးပြီးပြီလား?"

ကုလျန်ရုန် ခေါင်းညိတ်လိုက်သည်။ "ပေးလိုက်ပြီ။ အကို စိတ်ချထားလို့ရတယ်"

ကျန်းထျန် ဆီးသီးချိုချဥ်ကို စားကြည့်ရာ လျှာထိပ်က အရသာက ခါးပြီး ချဥ်သည်။ အနံ့ပါ ‌ပြောင်းသည့်ပုံပေါ်ကာ ခဏကြာပြီးနောက် စိတ် ချက်ချင်း ကြည်လာကာ အန်ချင်နေသည်ကလည်း လျော့ကျသွားသည်။

သူမ အထဲတွင်ထိုင်ကာ ပြတင်းပေါက်ကို ချပြီး နောက်ဆုံး ပတ်ဝန်းကျင်ကို ကြည့်နိုင်သွားသည်။

ကားတည်ရှိသောနေရာက ကွန်ကရစ်‌နေရာလွတ်ဖြစ်ပြီး အမိုးမပါ။ ‌ဂိတ်ဘေးတွင် ပစ္စည်းများရောင်းသော ပြတင်း‌ပေါက်တစ်ခုရှိသည်။ ပြတင်းပေါက်‌ဘောင်တွင် တစ်ကိုယ်လုံး အပြာရောင်ဝတ်‌ထားသော စျေးသည်ရှိသည်။ စင်နှစ်ခုရှိပြီး စင်‌ပေါ်မှ ပစ္စည်းများကို ကျဲကျဲ စီထားသည်။

လူမများလောက်ပေ။ နားသည့်ကြားချိန်က အနည်းငယ်ရှည်လောက်သည်။

ကွန်ကရစ်တွင် ရပ်ထားသော ကားသုံးစီးရှိသည်။ တစ်ကားက မြို့သို့သွားမည်ဖြစ်ပြီး ‌နောက်ကားနှစ်စီးအရှေ့ပြတင်း‌ပေါက်တွင် သွားမည့်လမ်းကို ကပ်ထားပြီး နောက်ခရိုင်များသို့ သွားမည်ဖြစ်သည်။

"ကုလျန်ရွှမ်၊ ကျွန်မတို့ကား ဘယ်တော့ထွက်မှာလဲ?" ကျန်းထျန် လှည့်၍ မေးလိုက်သည်။

ကုလျန်ရွှမ် အခုအချိန်ကို မသိသော်လည်း ပထမဆုံးကားက ပိုမြန်လောက်၍ ‌သူ ‌ပြောလိုက်သည်။"နောက်မိနစ်၂၀လောက်နေရင်"

"ဒါဆို မြို့ရောက်ဖို့် ဘယ်လောက်ကြာမလဲ?" သူတို့ အစောကြီးထ၍ အခုနေကို ကြည့်ရာ ၇မကျော်လောက်‌သေး။ မြို့ဘူတာသို့ တစ်နာရီ ၂နာရီနှင့် ရောက်လျှင်် လက်မှတ်သွားစစ်နိုင်သည်။ ကြားအချိန်များတွင် ဘယ်သွားလိမ့်မလည်း?

"ငါးနာရီကျော် "ကုလျန်ရွှမ် ပြောလိုက်သည်။

ကျန်းထျန် သူမမျက်နှာက တောက်ပနေပြီး မျက်နှာတွင် `ရှင်နောက်မနေပါဘူး´ဟု စာလုံးများရေးထားသည့်အတိုင်းပင်ဖြစ်သည်။

"မင်းအိပ်ချင်အိပ်နေလေ။ ရောက်ရင် ကိုယ် မင်းကို နှိုးလိုက်မယ်" ကုလျန်ရွှမ် သူ့‌ဘေးလွယ်အိတ်မှ ကုတ်အင်္ကျီတစ်ထည်ထုတ်လာပြီး ကျန်းထျန်ကိုယ်ပေါ် တင်ပေးလိုက်သည်။ " မနက်ဘက်က အေးတယ်။ ဒါကြောင့်များများဝတ်"

ဤစကားများကို ကြား၍ ကုလျန်ရုန် - "..." ကျွန်တော် အင်္ကျီလက်တို ဝတ်ထားတာ အကိုဘာလို့ ညီအကိုအချစ်ပြတာ ကျွန်တော်မမြင်ရတာလဲ?!!

ကျန်းထျန် ကုတ်အင်္ကျီလက်ကိုကိုင်ပြီး ခေါင်းမော့ကာ ကုလျန်ရွှမ်ကို နားမလည်နိုင်စွာ ကြည့်ပြီး သူမ တစ်ထည်ဝတ်ပြီးသားဟု အကြည့်နှင့်ပြောနေသည်။

ကုလျန်ရွှမ် တည်ငြိမ်ချင်ယောင်ဆောင်ပြီး ကိုယ်အပေါ်ပိုင်းကို မတ်မတ်ထိုင်ကာ ကျန်းထျန်အကြည့်ကို ရှောင်ပြီး အရှေ့ကို ကြည့်၍ "...ကားစီးရင် အေးတယ် မင်း ကိုယ့်ကို မှီ‌အိပ်လို့ရတယ်" သူ ဆက်‌ပြောလိုက်သည်။ "ပြတင်းပေါက်ကို ‌ခေါင်းစောင့်ဖို့ကလွယ်တယ်"

ကုလျန်ရွှမ် တစ်ခုခုမှားနေသည်ဟု ကျန်းထျန်ခံစားရပေမယ့် ဘာမှန်းနေသည်ကိုတော့ သူမ မမြင်။ သူမ အကြည့်ကို ပြန်ရုတ်လိုက်ကာ ခေါင်း‌စောင်းပြီး ပြတင်းပေါက်အပြင်ကို ငေးကြည့်လိုက်သည်။

မနက်က သူ့ခြေထောက် သက်သာလာ၍ ကုလျန်ရွှမ်အ‌ပျော်လွန်ပြီး လူတွေကို ကူညီချင်သည်ဖြစ်ရမည်ဟု သူမတွေးလိုက်သည်။

ကုလျန်ရွှမ် အချိန်အကြာကြီးထိုင်နေပေမယ့် ကျန်းထျန်ဆီက ဘာအသံမှမကြား၍ သူ့ခေါင်းကို တိတ်တိတ်လေးလှည့်ကြည့်ရာ ကျန်းထျန် ပြတင်းပေါက်ဘောင်ပေါ် ခေါင်းတင်ပြီး ငေးကြည့်နေကာ ပါးစောင်ကလည်း ဖောင်းပြီး ရွေ့နေသည်ကို တွေ့သည်။ သူမ သကြားလုံး ငုံစားနေ၍ဖြစ်မည်။

ကုလျန်ရွှမ် - "..." ကျန်းထျန် မအိပ်ချင်သေးတာဖြစ်ရမည်။

နာရီဝက်ကျော်ကြာပြီးနောက် ကျန်းထျန်တင်ပါးများ ထုံလာကာ ကားလည်း စထွက်သည်။

ချွီကျန်းခရိုင်မှ မြို့သို့ ၅နာရီ ၆နာရီကျော်ကြာ၍ ဒီတစ်ခါ လမ်းကလည်း အရမ်းမချောမွေ့ ဒီလိုကားမျိုးကလည်း ခုန်၍ ကျန််းထျန် ထပ်ပြီး ခေါင်းမူးလာသည်။

"ကုလျန်ရွှမ်၊ ရထားလည်း ဒီလိုမျိုးလား?" ကျန်းထျန် ကုလျန်ရွှမ်ပုခုံးပေါ် မျက်နှာငယ်လေးနှင့် မှီကာ အားနည်းစွာ မေးလိုက်သည်။

ရထားက ပိုမသက်မသာဖြစ်သည်ဟု ကုလျန်ရွှမ် ပြောဖို့ မဝံ့။ ရထားပေါ်တွင် လူအရမ်းများကာ အနံ့လည်းမကောင်း ကားထက် ပိုယိမ်းသည်။

သူ့ပုံစံကို မြင်၍ ဘာဆိုလိုချင်မှန်း ကျန်းထျန်သိသည်။ သူမပါးစပ်ထဲ နောက်ဆုံးဆီးသီးသကြားလုံးကို စားရင် သူမ မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားရသည်။ သူမ ဘာလို့ ကုလျန်ရွှမ် မြို့ကြီးတွင် ဆရာဝန်ကြည့်ဖို့နောက်် လိုက်ဖို့ စဥ်းစားခဲ့သနည်း?

မလိုက်လျှင် သူမ အခုချိန် ကုလျန်မင်နှင့် အိမ်တွင် မနက်စာ နေ့လည်စာ စားရမည်ကို စဥ်းစားနေကာ အမွှာလေးတွေအတွက် အဝတ်ချုပ်ဖို့ စဥ်းစားနေမည်ဖြစ်သည်။

"မင်း ရေသောက်ချင်လား?" ကုလျန်ရွှမ် ရေဘူးကို ကိုင်ရင်းမေးလိုက်သည်။

ကျန်းထျန် မျက်လုံးကို အသာဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။ သူမ ကြောင်နေပြီးမှ တဖြည်းဖြည်းခေါင်းခါလိုက်သည်။ "မသောက်ဘူး" ကားပေါ်မှဆင်းရန် ၅နာရီကျန်‌သေး၍ သူမ ရေအများကြီးသောက်ပြီး ရေအိမ်သွားရန် ထိန်းမထားချင်။

ရှေ့က ကားမောင်းသမားက မှန်ကနေ ကျန်းထျန်ကို မြင်၍ ပြုံးကာ ပြောလိုက်သည်။ "ကားက ပင်မလမ်းကို ဝင်တော့မယ်။ လမ်းက ပြင်ထားတော့ ချောတယ်"

လမ်းဘယ်လောက် ချောချော ကားမောင်းသည့်စကေးကို မဖုံးနိုင်။ ကျန်းထျန် သူမ ပြောချင်သည့်စကားများကို ပြန်မျိုချလိုက်သည်။

ကံကောင်းစွာ လမ်းမျက်နှာပြင်က ငြိမ်၍ ကျန်းထျန်း ပြတင်းပေါက်ချပြီး အန်စရာမလိုပေ။

All Chapters