အခန်း (၄၅)
Vol. 4 Ch. 45
"ကျွန်တော်တို့ ရောက်ပြီ။ ကားပေါ်က ဆင်းကြပါ။ နောက်က တက်မယ့်လူတွေရှိသေးတယ်" တစ်ချိန်လုံးနှုတ်ဆိတ်နေသောဦးစီးက လက်နှစ်ဖက်နှင့် ရေနိုင်သောကားပေါ်က ခရီးသည်များကို ရပ်ကာ အော်ပြောလိုက်သည်။
ကုလျန်ရုန်က အထုပ်သယ်ရမည့်တာဝန်ယူကာ ကျန်းထျန်က ကားမူးပြီး ကုလျန်ရွှမ်က သူမကို ဂရုစိုက်သည့်တာဝန်ယူသည်။ ကားပေါ်က ဆင်းသည်က သူတို့သုံးယောက် နောက်ဆုံးဖြစ်သည်။
ဘူတာသွားရန် အလျင်မလိုဘဲ ကုလျန်ရုန် ခြေလှမ်းတစ်လှမ်းစီ လှမ်းသောလူနှစ်ယောက်နှင့် နေရာလွတ်တစ်ခုကို ရှာလိုက်သည်။
"ဒီတစ်ခါ ကားမောင်းတာက ပိုမြန်တော့ စောသေးတယ်။ ဘူတာသွားဖို့ အလျင်လိုစရာမလိုဘူး။ နေ့လည်စာအရင်စားကြမယ်"
ကားစီးရသည်က အားကုန်ကာ ၅နာရီ ၆နာရီလောက် ခုန်နေ၍ ကုလျန်ရုန် မနက်ကစားခဲ့သော ကြက်ဥနှစ်လုံးနှင့် ပေါက်စီ၅လုံးက အစာကြေနေပြီဖြစ်သည်။
ကျန်းထျန် စားချင်စိတ်သိပ်မရှိ။ အပြင်တွင်သာမဟုတ်လျှင် သူမ မြေကြီးပေါ်လှဲမည်ဖြစ်သည်။ စကားတစ်လုံးပြောဖို့ အားအရမ်းယူရသည်ဟု ခံစားရသည်။
သူမ လမ်းဘေးထိုင်ချပြီး ခေါင်းခါကာ စိတ်တိုစွာ ပြောလိုက်သည်။ "ကျွန်မ မဆာဘူး။ ရှင်တို့ဘာသာစားကြ"
" မစားဘဲနေလို့မရဘူး။ တတိယညီ အစိုးရပိုင်စားသောက်ဆိုင်က အသားနှစ်မျိုးဝယ်ခဲ့" ကုလျန်ရွှမ် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံထုတ်လိုက်ပေမယ့် ကျန်းထျန်တားလိုက်သည်။ "ကျွန်မ တကယ်မဆာဘူး။ အနံ့ခံမိရင် အန်ချင်လာတယ်"
"ဒါဆို ရေသောက်" ကုလျန်ရွှမ် ရေဘူးကို အဖုံးဖွင့်ကာ ကျန်းထျန်လက်ထဲ ထည့်ပေးလိုက်ပြီး "အမေ နို့သကြားလုံးနဲ့ ဆီးသီးထည့်ပေးလိုက်တယ်။ မင်းအစာပြေစားချင်လား?" ကုလျန်ရွှမ် မေးလိုက်သည်။
ကျန်းထျန် ဤအရာများကို တကယ်မစားချင်။ သူမအခုတွေးနေသည့် တစ်ခုတည်းသောအရာက အိမ်ကမီးဖိုချောင်မှ ဆီးသီးစိမ်းအချဥ်ဘူးဖြစ်သည်။
ကျန်းထျန် အလွန်မသက်မသာခံစားရကာ ကုလျန်ရွှမ်လည်း သိပ်မစားချင်၍ ကုလျန်ရုန်သာ ပေါက်စီများနှင့် အချဥ်များကို စားသည်။
ကုလျန်ရုန် စိတ်ထဲ အလွန်ရှင်းလင်းသည်။ သူက သူတို့သုံးယောက်လုံးကို အဓိကတာဝန်ယူရမည်ဖြစ်၍ သူ သူ့ကိုယ်သူ ဂရုမစိုက်လျှင် သူတို့သုံးယောက် ဒုက္ခရောက်မည်။
ပေါက်စီ၅လုံး ကြက်ဥနှစ်လုံး အသားလုံးများစားပြီးနောက်် ကုလျန်ရုန်လက်သုတ်ကာ ရေနွေးနွေးသောက်ပြီး ထကာပြောလိုက်သည်။
"ဘူတာအရင်သွားကြမယ်။ ကျွန်တော် ဘူတာထဲက ဆိုင်လေးထဲ ခေါင်းမူးပြေဖို့ တစ်ခုခုရှိလား ကျွန်တော် တစ်ချက်သွားကြည့်ကြည့်မယ်။ ပြီးတော့ တစ်ကိုယ်ရည်သန့်စင်ထားကြမယ်။ ရထားပေါ်ပဲ လုပ်တာ မပြေဘူး"
နေ့လည်ခင်းတွင် လူတိုင်း စောင့်သည့်အခန််းတွင်နားနေကြ၍ သူတို့သုံးယောက် တိတ်ဆိတ်သည့်နေရာတစ်ခုရှာပြီး ကုလျန်ရုန်အိတ်ထဲမှ စာအုပ်များထုတ်ကာ ဖင်ခုထိုင်ကြသည်။
ကုလျန်ရုန် လှည့်ပတ်ကြည့်ပြီး ဝန်ထမ်းတစ်ယောက်ကို အချိန်မေးလိုက်သည်။ "ခွင့်ပြုပါ။ မြို့ကြီးသွားမယ့်ရထားက ဘယ်အချိန်အနီးဆုံးလဲ?"
ဝန်ထမ်းက အချိန်ကို တစ်ချက်ကြည့်ကာ "နောက်ဆုံးက နေ့လည် ၃ :၂၀ထွက်မှာ။ အခု ၂ :၄၀ဆိုတော့ လက်မှတ်စစ်တန်းစီဖို့ ၁၀မိနစ်လောက် လိုသေးတယ်"
"ကျေးဇူးတင်ပါတယ်။ အစ်ကို!" ကုလျန်ရုန်ပြန်သွားပြီး နှစ်ယောက်ကို အချိန်ပြောလိုက်သည်။ နောက် ရေနွေးထည့်ရန် ထွက်ခဲ့ပြီး ဘူတာက ဆိုင်လေးတွင် ရပ်လိုက်သည်။
ဘူတာက ဆိုင်လေးတွင် ပစ္စည်းဝယ်ရန် လက်မှတ်မလို။ သို့သော် ပစ္စည်းများက အလွန်စျေးကြီးသည်။ စျေးရောင်းသည့်သူကိုမေးပြီး ကုလျန်ရုန် ပူရှိန်းတစ်ထုတ် ဆားငံသီးတစ်ထုတ်ဝယ်ရာ ၂ယွမ် ကုန်ကျသည်။ ၂ယွမ်ဖြင့် ခရိုင်တွင် ဆန်၁၅ပေါင် ဂျုံ၁၀ပေါင်ဝယ်နိုင်သည်။ သို့သော် ဤဘူတာတွင် ပူရှိန် တစ်ဒါဇင်ခန့် ဆားငံသီးခြောက် ၁ပေါင်အောက်သာ ဝယ်နိုင်သည်။
လက်မှတ်စစ်မတန်းစီခင် သူတို့သုံးယောက် အိမ်သာကို လူခွဲဝင်ကြသည်။ ကျန်းထျန်အခုပုံစံကို ကုလျန်ရွှမ် စိုးရိမ်၍ အမျိုးသမီးအိမ်သာရှေ့တွင်စောင့်သည်။ ကျန်းထျန်အထဲမှ အော်သည်နှင့် သူချက်ချင်း ပြေးဝင်မည်ဖြစ်သည်။
ဘူတာက အိမ်သာက အရမ်းမသန့်ရှင်းသော်လည်း ပိုးသတ်ရည်အနံ့က ဆိုး၍ ကျန်းထျန် အခု ဒီရောက်မှ အန်မိတော့မလိုဖြစ်သွားသည်။
ကျန်းထျန် ရေစင်တွင်ရပ်ကာ သက်ပြင်းအရှည်ကြီးချသည်။ မြို့ကြီးရောက်ရန် ရထားက ၁၀နာရီကျော်သွားရ၍ တစ်ခါတည်းအိပ်ဖို့က မဖြစ်နိုင်။ သူမ ကူရန်လိုက်လာပေမယ့် အခု သူမက နှောင့်နှေးစေသလိုဖြစ်သွားသည်။
ကျန်းထျန် လက်ဆေးပြီး အပြင်ထွက်ရန်ပြင်စဥ် တံခါးတွင် အမျိုးသမီးတစ်ယောက် လက်ထဲတွင် ကလေးပိုက်ပြီး ရောက်လာသည်နှင့်ဆုံ၍ သူမ လမ်းဖယ်ပေးလိုက်သည်။
သူမ အိမ်သာမှထွက်လာသည်နှင့် ကုလျန်ရွှမ်ကို မြင်သည်။ " ကုလျန်ရွှမ် သွားကြမယ်" သူမပြောပြီး သွားလိုက်သည်။ အနည်းငယ်လျှောက်ပြီး ကုလျန်ရွှမ်လိုက်လာသည်ကို မမြင်၍ ပြန်ကြည့်ရာ ကုလျန်ရွှမ် ကြမ်းပြင်ကို ကြောင်ကြည့်နေသည်ကို တွေ့၍ သူမ လက်ကို ကုလျန်ရွှမ်မျက်နှာရှေ့ရမ်းကာ "ကုလျန်ရွှမ် မသွားသေးဘူးလား?" အခုမသွားလျှင် နောက်ကျတော့မည်။
ကျန်းထျန်ကြောင့် ကုလျန်ရွှမ် သတိပြန်ဝင်လာသည်
"ခုနက ကလေးက အဖျားရှိနေတဲ့ပုံပဲ"
"ဟမ်?" ကျန်းထျန် အမျိုးသမီးအိမ်သာကို တစ်ချက်ကြည့်လိုက်ရာ အဖြူရောင်အဝတ်စတစ်ဝက်ကို တံခါးတွင် တင်ထားသည်။ "အဖျားရှိတယ်?"
"မှားမြင်တာလည်း ဖြစ်နိုင်တယ်။ ဖျက်ခနဲမြင်လိုက်တာ" ကုလျန်ရွှမ် ခေါင်းခါလိုက်သည်။
ကျန်းထျန်လည်း ထိုသို့တွေးသည်။ ခုနကလေးကို ထုပ်ထားသည့်စောင်က ဒီလိုပူသည့်ရာသီတွင် အလွန်ထူသည့်ပုံပေါ်သည်။ စောင့်သည့်အခန်းကလည်း ချွေးထုတ်ခန်းနှင့်တူ၍ ကလေးပူပြီး နီနေသည်လည်း ဖြစ်နိုင်သည်။
နေရာပြန်ကာ ခဏနားပြီးနောက် ခရီးသည်များ လက်မှတ်စစ်ရန် တန်းစီ၍ရပြီဟု အသံလွှင့်ကြေငြာသည်။ နောက် ရထားစောင့်ရန် ပလက်ဖောင်းသို့ သွားရန်ကြေငြာသည်။
ကုလျန်ရုန် ဝယ်ခဲ့သော လက်မှတ်သုံးစောင်တွင် နှစ်စောင်က အိပ်စင်ဖြစ်ပြီး တစ်စောင်က ထိုင်ခုံဖြစ်သည်။ ပလက်ဖောင်းများက အတော်ဝေးသည်။ ကုလျန်ရုန် သူတို့နှစ်ယောက်စီမှ သူ့အထုပ်ကိုင်ကာ လမ်းခွဲလိုက်သည်။ "ကျွန်တော် ရထားပေါ်တက်ပြီးရင် လက်မှတ်တွေအတွက် လူတစ်ယောက်ရှာပြီးရင် အကိုတို့ကို ချက်ချင်းလာရှာလှည့်မယ်"
ဤဘူတာက ရထားအတွက် ကူးပြောင်းသည့် ဘူတာတစ်ခုသာဖြစ်ပြီး လူမထူထပ်၍ ရထားစောင့်ရန်ပလက်ဖောင်းပေါ်တွင် ခရီးသည်အနည်းငယ်သာရှိသည်။
သူတို့ ရထားပေါ် တက်သောအခါ ကျန်းထျန် သူတို့ဘယ်မှာထိုင်ရမည်ကို မသိ။ သူတို့ အိပ်စင်တွင် လူသိပ်မများပေ။
ကောင်းကျိုးက လူတစ်ယောက်မရှိ၍ တိတ်ဆိတ်သည်။ သို့သော် တစ်ယောက်မှမရှိသော်လည်း အနံ့က မကောင်း။ သူတို့နေရာက လက်မှတ်ဌာနနှင့်နီး၍ လူဘယ်လောက်နည်းနည်း ရပ်နေသေးသောခရီးသည်များရှိသည်။ သူတို့ အမျိုးဆီလည်သည်ဖြစ်စေ စီးပွားရေးခရီးဖြစ်စေ အိတ်ပေါင်းစုံဖြစ်ကာ သူတို့အပြင်ထွက်လျှင် သန့်ရှင်းရေးကို ဂရုမစိုက်၍ အနံ့ပြင်းပြင်းများထွက်ကာ ရထားပေါ်တွင် ပြည့်နေသည်။
ကုလျန်ရုန် ရထားစရန် စောင့်ပြီးနောက် သူ့အထုပ်ကို ယူကာ ထိုင်ခုံလက်မှတ်ကို အိပ်စင်လက်မှတ်နှင့်လဲရန် တစ်ယောက်ရှာလိုက်သည်။ နောက် ကျန််းထျန်နှင့် ကုလျန်ရွှမ် ရှိသောနေရာသို့ ရှာတွေ့သည်။ ကုလျန်ရုန် အထုပ်ကို ကြမ်းပြင်ပေါ်ချကာ ကုလျန်ရွှမ် အိပ်စင်တွင်ထိုင်ကာ "အာ၊ ကျွန်တော်နောက်ဆုံးတော့ နားလို့ရပြီ"
ကုလျန်ရွှမ် ထိုင်ကာ သူ့နေရာကို ကုလျန်ရုန်ကို ပေးလိုက်သည်။ "မင်းအရင်နားနှင့်"
ကျန်းထျန် သူမမျက်နှာကို ကိုင်ကာ လက်များကို စားပွဲလေးပေါ်တင်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "အာ!"
သူမ ရထားပေါ်တက်ပြီး နာရီဝက်မတိုင်ခင် ပူရှိန်း၅ခု ဝါးစားပြီးသွားပြီဖြစ်သည်။ ကျန်းထျန် အိတ်ကို ခါကြည့်ရာ တစ်ဝက်ပဲကျန်တော့သည်။
" ဘာဖြစ်လို့လဲ?" ကုလျန်ရွှမ် စိတ်ပူစွာ ကြည့်လိုက်သည်။ "မင်းခေါင်းမူးလို့လား?"
" မဟုတ်ဘူး" ကျန်းထျန် ခေါင်းခါလိုက်သည် သူမပါးစပ်ထဲ သကြားလုံးရှိနေ၍ အသံက ဝါးနေသည်။ "သကြားလုံးက ကုန်တော့မယ်"
သူမ ပူရှိန်းချိုချဥ်၏ အနံ့ကို မခံနိုင်သော်လည်း သကြားလုံးကုန်သွားလျှင် မုန်းသည်။ သူမ ခေါင်းမူးသည့်ခံစားချက်ကို ကြုံပြီး၍ အခု ပူရှိန်းသကြားလုံးကို ကြည့်ရာ ဖြေဆေးနှင့် တူသည်။ ထို့ကြောင့် ဖြေဆေးကုန်တော့မည်ဖြစ်၍ သူမ သက်ပြင်းချခြင်းဖြစ်သည်။
ကုလျန်ရုန် နှစ်စက္ကန့်လောက် လှဲနေပြီး သကြားလုံးကုန်တော့မည်ဆိုသည့်အသံကြား၍ သူချက်ချင်းငေါက်ခနဲ ထထိုင်ကာ အံ့သြသည့်အမူအရာအသံနှင့် "ကုန်ပြီ?"
ကျန်းထျန် - "..." မင်းက ဒီလိုပုံစံနဲ့ဆိုတော့ ငါက ဘာလို့ထူးခြားတဲ့တစ်ခုကို စားလိုက်တာနဲ့ တူသွားတာလဲ? "ကုန်ခါနီး..."
သူမ သကြားလုံးကို စားပွဲလေးပေါ်တင်လိုက်ပြီး ရေလိုက်ကာ နောက်ဆုံးလက်ဆန့်၍ နှိုင်းယှဥ်ပြီး" ၈လုံး!" အသံက နောင်တရနေကာ "အစ်မမှာ အသက်ရှင်ရပ်တည်ဖို့ သကြားလုံး၈လုံးပဲ ရှိတော့တယ်"
ကုလျန်ရွှမ်၊ ကုလျန်ရုန် - ...
ကုလျန်ရွှမ်လည်း အတော်အံ့သြသွားသည်ဟု ပြောရမည်။ ပူရှိန်းသကြားလုံးများ သာမန်လူစားချင်သည့်အရာမျိုးမဟုတ်။ ပါးစပ်ထဲ ပူရှိန်းသကြားလုံးထည့်လိုက်လျှင် တုန်တက်လောက်သော်လည်း ကျန်းထျန်က ခဏနှင့် တစ်ဝက်ကုန်သွားသည်။
သူ ဒီလိုပုံစံမျိုးကို ကိုယ်ဝန်ရှိသော လျန်ရှန်တွင်သာ တွေ့ဖူးသည်။ ထိုအချိန်က လျန်ရှန် ဆီးသီးစိမ်းတစ်ပန်းကန်ကို စားနိုင်သည်။
ကုလျန်ရွှမ် သူ့မျက်နှာကို သုတ်ကာ အိတ်ကပ်ထဲမှ ပိုက်ဆံထုတ်လာပြီး "တတိယညီ။ နောက်မှနားတော့။ ပစ္စည်းတွေသွားဝယ်ဦး။ နှစ်ဘူးဝယ်ခဲ့။ အစ်ကို ချဥ်တာလိုချင်တယ်။ အထူးသဖြင့်ချဥ်တာ အချဥ်ဆုံး" သူ သူ့တောင်းဆိုချက်ကို ဆက်တိုက်ပြောလိုက်သည်။
ကျန်းထျန် အစာကောက်သည့်ကြက်ပေါက်လေးကဲ့သို့ ခေါင်းညိတ်သည်။ " ရသလောက်ဝယ်ခဲ့လို့ရတယ်"
ကုလျန်ရုန်ပိုက်ဆံကို ယူကာ အိပ်စင်မှထပြီး ဖိနပ်စီးကာ "ကျွန်တော်သွားလိုက်မယ်။ စောစောသွားရင် အသားနဲ့အသီးအရွက်လည်း ဝယ်လို့ရလောက်တယ်"
"အသား ? "မနက်တည်းက ကျန်းထျန် ပေါက်စီတစ်လုံးကြက်ဥတစ်လုံးနှင့် ဆန်ပြုတ်တစ်ပန်းကန်သာစားရသေးသည်။ အကြာကြီး သွားပြီးနောက် အစာအိမ်က ဘာမှမရှိတော့ကာ အသားဟုပြောသည်ကို ကြား၍ မျက်လုံးများ အရောင်တောက်သွားသည်။
"ဟုတ်တယ်။ အခုအချိန်လောက် ဟင်းပွဲတွေပြင်နေကြ" ကုလျန်ရုန် အိတ်ထဲမှ နေ့လည်စာထမင်းဘူးကို ထုတ်လိုက်ပြီး "ကျွန်တော် ဟင်းတစ်ပွဲလိုချင်တယ်။ အကိုရော?"
ကုလျန်ရွှမ်း ခေါင်းညိတ်ကာ "ကောင်းပြီ။ နံရိုးရှိရင် နံရိုးဝယ်ခဲ့ ဒါမှမဟုတ် ဝက်သားနှပ်"
ကုလျန်ရုန် ကျန်းထျန်ကိုထပ်ကြည့်လိုက်ရာ ခေါင်းညိတ်ပြနေသည်ကို မြင်မှ ထမင်းဘူးနှင့် ထွက်သွားသည်။
"ရထားပေါ်က စားစရာတွေက အရသာရှိလား?"ကျန်းထျန် ကုလျန်ရွှမ်ကို သိချင်စွာမေးလိုက်သည်။
သူမအရင်ဘဝကတော့ ရထားပေါ်က လေယာဥ်ပေါ်က စားစရာများက မကောင်း။ အခုရထားပေါ်က စားစရာကရော?
ဒါကို ပြောမှ သူမ ကုအိမ်တွင် ရှိသောအခါ အစိုးရပိုင်စားသောက်ဆိုင်က စားစရာများက မည်မျှအရသာရှိကြောင်း ဆက်တိုက်ကြားရသော်လည်း သူမ အခုထိမစားဖူးသေး။ မြို့ကြီးသွားလျှင် ထိုနေရာက အစိုးရပိုင်စားသောက်ဆိုင်တွင် စားနိုင်သည်။ ထိုနေရာက ခြင်္သေ့ခေါင်းက အတော်ကောင်းသည်ဟု ကုလျန်ရွှမ် ပြောဖူးသည်။
"အရသာကတော့ မဆိုးပါဘူး" ကုလျန်ရွှမ်ပြောလိုက်သည်။ "အိမ်ကလောက်တော့ မကောင်းဘူး။ အခုနည်းနည်းစားထားနှင့်။ မြို့ကြီးရောက်မှ မင်းကို အစိုးရပိုင်ဆေးရုံခေါ်သွားမယ်"
သူမလည်း အစိုးရပိုင်စားသောက်ဆိုင်သွားရန်တွေးထားသော်လည်း ကျန်းထျန်တွေးကာ "မိသားစုကပိုက်ဆံက ရှင် ဆရာဝန်ကို ပြဖို့အတွက် ဖြစ်သင့်တယ်" သူမကိုယ်ပိုင် ပိုက်ဆံသုံးသည်က ဖြစ်သင့်သည်။
" ရတယ်။ ကိုယ့်ခြေထောက်က ဒဏ်ရာက ကောင်းလာပြီ။ လျိုဆရာဝန်ကို တစ်ချက်ပဲကြည့်ပေးဖို့ပြောမှာ။ ဆေးကိုတော့ အခုမယူဘူး" အခုတစ်ကြိမ်ဆေးမယူရန် ကုလျန်ရွှမ်တွေးထားသည်။ အခု ခြေထောက်ဒဏ်ရာက တိုးတက်လာ၍ ပိုက်ဆံသုံးဖို့ မလိုပေ။
" ယူလိုက်ပါ။ ရှင် ဆေးမသောက်လို့ ဒဏ်ရာပိုဆိုးလာရင်ရော?" ကုလျန်ရွှမ် ခေါင်းဘယ်လို အလုပ်လုပ်မှန်း ကျန်းထျန် မသိပေ။ ပုံမှန်လူတစ်ယောက် ဒဏ်ရာပျောက်တော့မည်ကို မြင်လျှင် ပျော်ပြီး ဆရာဝန် ဆေးညွှန်းရန် မျှော်လင့်နေမည်မလား?
" ကိုယ့်ဒဏ်ရာ တိုးတက်တာက ဆရာဝန်ပေးတဲ့ဆေးနဲ့ ဆိုင်တယ်လို့ ကိုယ်မထင်ဘူး" ကုလျန်ရွှမ် ဒီနည်းအတိုင်းခံစားရသည်။ သူ သူ့ခန္ဓာကိုယ်ကို အသိဆုံးဖြစ်သည်။ ဒါက အခုတစ်လဝန်းကျင်မှ သက်သာသည်ဟု ခံစားရသည်။
ကျန်းထျန် - "..." ရှင်ထပ်မှန်ပြန်ပြီ။