လီမိန်ယင်နှင့်ရွှေလျန်အာ
Vol. 17 Ch. 254
အံ့အားသင့်မှုများသည် ကွင်းအတွင်း ဆက်လက် လှုပ်ရှားနေဆဲဖြစ်ပြီး ထိုအနိုင်ရရှိမှု၏ သက်ရောက်မှုသည် လေထုအတွင်း၌ပင် ထူထပ်စွာ ကျန်ရစ်နေသေးသည်။
ကျောက်ချန်၏ ပျက်စီးသွားသော ဂုဏ်သိက္ခာသည် အခြားပြိုင်ပွဲဝင်များအတွက် ပိုင်ရွှယ်ချင်းသည် မည်သူဖြစ်သည်ကို ပြတ်သားစွာ သတိပေးနေသော သက်သေအဖြစ် ရှိနေခဲ့သည်။
ပြိုင်ပွဲကို အနိုင်ရလိုသူတိုင်းအတွက် သူမသည် ကျော်ဖြတ်ရမည့် နံရံကြီးတစ်ခု ဖြစ်နေသည်။
ကျောက်ဝူထျန်းသည် ဒေါသ ထွက်နေ၏
အရင်ဆုံး ကျောက်မျိုးနွယ်ကို အကြိမ်ကြိမ် အရှက်ရစေခဲ့သူ ပိုင်ကျီဟန်။ အခုတော့ ထပ်ပြီး ပိုင်ရွှယ်ချင်း။
ပြိုင်ပွဲစတင်ခဲ့ချိန်ကတည်းကပင် ကျောက်မျိုးနွယ်အတွက် ခြေလှမ်းတစ်လှမ်းချင်းစီသည် ပိုမို အရှက်ရစေခြင်းသာ ဖြစ်လာသည်။
အခုတော့ ကျောက်ချန် ရှုံးနိမ့်သွားပြီးနောက်
ပြိုင်ပွဲတွင် ကျောက်မျိုးနွယ်မှ ကျန်ရစ်သူ မရှိတော့ပေ
အဓိပ္ပါယ်မှာ အင်ပါယာ၏ ထိပ်တန်း မျိုးနွယ် သုံးခုအနက် တစ်ခုဖြစ်သော ကျောက်မျိုးနွယ်သည် နဂါးနှင့် ဖီးနစ် အဆင့်သတ်မှတ်ချက်၏ ထိပ်တန်း ဆယ်ဦးအတွင်း
ထူးချွန်သူ တစ်ဦးအဖြစ် မဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအဖြစ်အပျက်မျိုး မဖြစ်တာက အလွန်၊ အလွန် ကြာခဲ့ချေပြီ။
သို့သော် ပြိုင်ပွဲသည် မရပ်နားပေ
အစေခံများသည် မူးမေ့နေသော ကျောက်ချန်၏ ကိုယ်ခန္ဓာကို သယ်ဆောင်ထွက်သွားချိန်တွင်ပင် အခင်းအကျင်း ပညာရှင်များသည် ကျန်ရှိနေသော ရေခဲအအေးဓာတ်များကို ဖယ်ရှားကာ ကွင်းကို မူလကဲ့သို့ ပြန်လည် ပြုပြင်ပေးလိုက်ကြသည်။
ကြေညာသူ၏ အသံကြီးသည် ဆူညံသံများကို ဖြတ်ကျော်ကာ အားလုံး၏ အာရုံကို စင်မြင့်ပေါ်သို့ ပြန်ဆွဲခေါ်လိုက်သည်။
“နောက်တစ်ပွဲ—
စတုတ္ထအဆင့်၏ ဒုတိယ ပြိုင်ပွဲ”
ညည်းညူသံများ ပေါက်ကွဲလာသည်။
တိုက်ပွဲသည် လူတိုင်း မျှော်လင့်ခဲ့သည့် ဒဏ္ဍာရီဆန်သော ထိပ်တိုက်တွေ့ဆုံမှု မဖြစ်ဘဲ အမြန် ပြီးဆုံးသွားခြင်းကြောင့် စိတ်မကောင်းဖြစ်သူများ ရှိသော်လည်း ယင်းမြင်ကွင်းသည် မည်သူမဆို မမေ့နိုင်မည့် အရာတစ်ခု ဖြစ်နေဆဲသာ
ယခုအခါ မျှော်လင့်ချက်များက ပိုမို တောက်လောင်လာခဲ့သည်။
ကြေညာသူ၏ အသံသည် အကွင်းအဝိုင်းတစ်လျှောက် ဟိန်းဟောက်လာသည်
“စတုတ္ထအဆင့်၊ ဒုတိယ ပြိုင်ပွဲကို လီမျိုးနွယ်မှ လီမိန်ယင် နှင့် ကောင်းကင်ကျောက်စိမ်းခန်းမမှ ရွှေလျန်အာ”
ထိုင်ခုံများအတွင်း စိတ်လှုပ်ရှားမှုလှိုင်းတစ်ခု လျှောက်လှမ်းသွားသည်။
ပုံရိပ်အသစ် နှစ်ခုသည် စင်မြင့်ပေါ်သို့ ခြေလှမ်းတင်လာကြသည်။
သူတို့၏ အမည်များသည် အလေးချိန်ရှိနေပြီး အင်ပါယာ၏ လူငယ်မျိုးဆက်ကြား၌ သူတို့၏ ဂုဏ်သတင်းများသည် ကျော်ကြားပြီးသား ဖြစ်သည်။
အထူးသဖြင့် ရွှေလျန်အာနှင့် ရင်ဆိုင်ခဲ့သူတိုင်းသည် လက်တချောင်းတောင် မမြှောက်ရဘဲ တန်ပြန်မှုမရှိကာ မျက်စိမဖွင့်နိုင်အောင် မူးမေ့သွားခဲ့ကြသည်။
ထိုအဖြစ်အပျက်မျိုးသည် လီမိန်ယင်လို အင်အားကြီးသူတစ်ယောက်အပေါ်မှာတောင် ထပ်မံ ဖြစ်လာနိုင်မည်လား။
ပိုင်ရွှယ်ချင်း၏ ပြသမှုနောက်ပိုင်း အမှန်တရားတစ်ခုသည် လူတိုင်း၏ နှလုံးသားထဲတွင် မီးလို လောင်ကျွမ်းသွားခဲ့သည်
ထူးချွန်သူများအကြားတောင် ကျော်မရနိုင်လောက်အောင် မြင့်မားနေသော တောင်တန်းများ ရှိနေသည်။
ကိုယ့်စက်ဝိုင်းအတွင်း “ပြိုင်ဘက်ကင်းသူ” ဟု သတ်မှတ်ခံထားရသူတစ်ဦးတောင် အချိန်ခဏအတွင်း ဖျက်ဆီးခံရနိုင်သည်။
ထိုတိုက်ပွဲသည်လည်း အတူတူပဲ ဖြစ်သွားမည်လား။ တစ်ဖက်က တစ်ချက်တည်းဖြင့် လုံးဝ လွှမ်းမိုးသွားမည်လား။
ဒါမှမဟုတ် အင်အားတူ နှစ်ဦး၏ ထိပ်တိုက်တိုက်ပွဲတစ်ခုဖြစ်ပြီး အနိုင်အရှုံးကို အနည်းဆုံး ကွာဟချက်နဲ့သာ ဆုံးဖြတ်ရမည်လား။
မကြာခင်ပဲ အဖြေကို သိရတော့မည် ဖြစ်သည်။
ရွှေလျန်အာ၏ ခြေလှမ်းတိုင်းသည် အလျင်မလိုဘဲ ငြိမ်သက်ကာ ဥယျာဉ်တစ်ခုအတွင်း လမ်းလျှောက်နေသလိုပင် ဖြစ်သည်။
သူမ၏ ဖျော့တော့သော ဝတ်စုံများသည် လှပစွာ လှုပ်ယမ်းလျက် မျက်နှာအမူအရာသည် ငြိမ်သက်ပြီး မထိခိုက်နိုင်သကဲ့သို့ ဖြစ်နေ၏။
ပရိသတ်များ၏ မျက်လုံးထဲမှာတော့ သူမသည် လောက၏ ဖုန်မှုန့်များ မကပ်နိုင်သော ကျောက်စိမ်းဖြင့် ထုလုပ်ထားသည့် ပြီးပြည့်စုံသော ရုပ်ပုံတစ်ခုလို မြင်နေရသည်။
လီမိန်ယင်မျက်နှာသည်လည်း ငြိမ်သက်နေပြီး ခန္ဓာကိုယ်အနေအထားသည် တည်ငြိမ်နေ၏
အပြင်ဘက်မှ ကြည့်လျှင် သူမသည် တည်ငြိမ်လျက်ရှိပြီး
စစ်သူရဲ၏ စည်းကမ်းသည် သူမ၏ အရိုးအမြစ်ထဲထိ ထွင်းထားသကဲ့သို့ပင် ဖြစ်နေသည်။
သို့တိုင် ထိုငြိမ်သက်သည့် မျက်နှာပြင်အောက်မှာတော့ မုန်တိုင်းတစ်ခု လှုပ်ရှားနေသည်။
( စိတ်ညစ်စရာပဲ။ တကယ်ပဲ ဒီထူးဆန်းတဲ့ မိန်းကလေးနဲ့ တိုက်ရတယ်လား?သူမရဲ့ မျက်နှာကို စိုက်ကြည့်လိုက်ရုံနဲ့တောင် လူတွေ မူးမေ့သွားတယ်ဆိုပဲ…)
မျက်နှာပေါ်က အမူအရာ မပြောင်းလဲသော်လည်း စိတ်အတွင်းမှာတော့ လှိုင်းထန်နေသည်။
ထိုအချိန်မှာပင် လီမျိုးနွယ်ဘက်မှ အားပေးသံများ မြင့်တက်လာသည်။
“လီမိန်ယင်! မင်း လုပ်နိုင်တယ်”
“လီမျိုးနွယ်ရဲ့ အင်အားကို ပြလိုက်စမ်းပါ”
“သူမမှာ ဘယ်လို လှည့်ကွက်ပဲ ရှိရှိ လီမိန်ယင်အပေါ်မှာ အသုံးမဝင်နိုင်ဘူး”
သို့တိုင် လီမိန်ယင်ကိုယ်တိုင်ကတော့ သိပ်မသေချာပေ
(မဟုတ်ဘူး... မဟုတ်ဘူး၊ အဲဒါ လှည့်စားမှုတစ်ခုလို့ မဆိုနိုင်ဘူး။ ပါရမီရှင်တွေကို ချက်ချင်းပြိုလဲသွားစေတာ—ဘာဖြစ်သွားလဲဆိုတာ အကြီးအကဲတွေတောင် မသိလိုက်ဘူး—အဲဒါက ရိုးရှင်းတဲ့ လှည့်စားမှုတစ်ခု မဟုတ်ဘူး မလား...)
တခြားသူတွေလိုပင် အရှက်ခွဲခံရမည်ကို တွေးမိတော့ သူမဗိုက်က တင်းမာသွားသည်။
သူမကို ကာကွယ်ပေးနိုင်မည်ဟု မျှော်လင့်သော တစ်ခုခုကို ပြင်ဆင်ထားသည်။
သို့တိုင် အလုပ်ဖြစ်မလားဆိုတာတော့ သူမ လုံးဝမသိပေ
(ဒါက အလုပ်ဖြစ်မလားဆိုတာ မျှော်လင့်ရအောင်...)
သူမသည် ကွင်းထဲကို ဝင်လာသည့်အခါ နှလုံးခုန်နှုန်းကို တည်ငြိမ်အောင် ထိန်းထားလိုက်ရသည်။
အခုတော့ ကြီးကျယ်ခမ်းနားသည့် စင်မြင့်ပေါ်၌ ပုံရိပ်နှစ်ခုသည် မျက်နှာချင်းဆိုင် ရပ်နေကြပေသည်။
ကြေညာသူ၏ လက်ကို အောက်ကို ခုတ်ချလိုက်ပေ၏
"စလိုက်ရအောင်”
လီမိန်ယင်၏ မျက်တောင်များ နိမ့်ကျသွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။
သူမသည် တခြားသူများလို အမှားမျိုး မလုပ်ပေ
ရွှေလျန်အာ၏ အကြည့်တွင် နားမလည်နိုင်သော စွမ်းအားတစ်ခုခု တကယ်ရှိနေပါက သူမသည် အမြစ်ကနေ ဖြတ်ပစ်လိုက်မည်သာ
လိုအပ်လျှင် မျက်ကန်းတိုက်ခိုက်မည်ပင်
သူမခန္ဓာကိုယ်သည် တောင့်တင်းနေပြီး ချီများလည်ပတ်နေကာ သူမအာရုံတိုင်းက ထက်မြက်လာပေသည်။
သူတို့အဆင့်မှာရှိသော ကျင့်ကြံသူများအဖို့ အမြင်အာရုံသည် သူတို့အားကိုးရသော အာရုံငါးပါးထဲမှ တစ်ခုသာဖြစ်၏ မျက်လုံးမှိတ်ထားလျှင်ပင် သူမပတ်ဝန်းကျင်ကို မြင်နိုင်သည့် နည်းလမ်းများ မရေမတွက်နိုင်အောင် ရှိပေသည်။
လူအုပ်သည် ထင်ကြေးများနှင့် ဆူညံနေ၏
"သူမ မျက်လုံးမှိတ်ထားတယ်”
"လိမ္မာပါးနပ်တဲ့ လုပ်ရပ်။ သူမရဲ့ပြိုင်ဘက်ကို လဲကျစေတာက ရွှေလျန်အာရဲ့မျက်လုံးတွေသာဆိုရင် သူမမှာ အခွင့်အရေးရှိနိုင်ပါတယ်”
"ဒါက တစ်ယောက်ယောက်က ရွှေလျန်အာကို တကယ့်တိုက်ပွဲထဲ အတင်းအကျပ် တွန်းအားပေးမဲ့ ပထမဆုံးအကြိမ် ဖြစ်နိုင်လား?"
တချို့က ခေါင်းညိတ် ထောက်ခံကြပြီး တချို့ကတော့ လှောင်ပြောင်ကာ ရိုးရှင်းသည်ဟု ပယ်ချကြသည်။
သို့တိုင် အားလုံးသည် စိတ်ဝင်စားနေကြသည်။
နောက်ဆုံးတော့ ကျောက်စိမ်းခန်းမထဲမှ လူတွေကလွဲလျှင် ရွှေလျန်အာ မည်သည့်နည်းစနစ်သုံးနေသည်ကို မည်သူမှ မသိကြပေ
သူမစွမ်းအားသည် သူမမျက်လုံးများ၏ တိုက်ရိုက်ထိတွေ့မှုကနေ တကယ်လာသည်လား၊ ဒါမှမဟုတ် လုံးဝတခြားတစ်ခုခုလား။
ထိုမေးခွန်းတွေထဲမှ အနည်းဆုံးတစ်ခုတော့ ဒီနေ့မှာ အဖြေရလိမ့်မည်သာ
တစ်ဖက်မှာတော့ ရွှေလျန်အာသည် လုံးဝငြိမ်သက်နေခဲ့သည်။
သူမ၏တည်ငြိမ်သော မျက်နှာအမူအရာသည် မပြောင်းလဲဘဲ မုန်တိုင်းဒဏ်မခံရသေးသော ကျောက်စိမ်း ကြာပန်းလိုသာ
လီမိန်ယင်သည် သူမအသက်ရှူမှုကို တည်ငြိမ်အောင်ထားပြီး မန္တန်တစ်ခုလို သူမကိုယ်သူမ ထပ်ခါတလဲလဲပြောနေ၏
(စိတ်ငြိမ်ငြိမ်နေပါ။ မကြည့်နဲ့။ ယိုင်နဲ့မသွားနဲ့။ ဘာပဲဖြစ်ဖြစ်၊ ငါသူမကို အခွင့်အရေးမပေးဘူး )
အတွေးက တိုတောင်းသွား၏
သူမဒူးတွေ ပျော့ခွေသွားသည်။
သူမလည်ပတ်နေသော ချီသည် ကွဲအက်လွယ်သည့်ဖန်ခွက်လို ကွဲကြေသွားသည်။
မည်သူမှ မျက်တောင်မခတ်နိုင်ခင်မှာပဲ သူမခန္ဓာကိုယ်သည် အေးစက်နေသော ကွင်းကြမ်းပြင်ကို ရိုက်ခတ်သွားပေသည်။
ထို့နောက် သတိလစ်သွားချေ၏။
တီးတိုးသံများသည် စင်မြင့်ပေါ်ကနေ ဖြတ်ပြေးသွားတယ်။
"ဘာ..သူမ သူမကို မကြည့်ဘူးလေ”
"ဒါဆို... မျက်လုံးတွေ မဟုတ်ဘူးလား”
ဒိုင်လူကြီးသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ရှေ့ကိုပြေးသွားကာ သူမအခြေအနေကို စစ်ဆေးလိုက်ချေသည်။
"အနိုင်ရသူ - ရွှေလျန်အာ”
ကွင်းတစ်ခုလုံး၌ ရှုပ်ထွေးမှုများ ပေါက်ကွဲသွားသည်။
သူမမျက်လုံးများ မဟုတ်ရင်... အဲဒါ ဘာလဲ။
ရွှေလျန်အာသည် မည်သို့မျှ နားမလည်နိုင်သော နည်းလမ်းကို သုံးနေတာပင်။ မျက်လုံးမှိတ်ထားရင်တောင် မကာကွယ်နိုင်သည့် နည်းစနစ်လား။
ဂိုဏ်းကြီးများ၏ အကြီးအကဲများတောင်မှ တင်းမာသောအကြည့်နှင့် အပြန်အလှန် တီးတိုးပြောဆိုနေကြသည် - ဒါမှမဟုတ် တိတ်ဆိတ်ငြိမ်သက်မှုကို ရွေးချယ်နေကြသည်။
လီမိန်ယင်၏ ပျော့ခွေနေသော ခန္ဓာကိုယ်ကို အစေခံများ သယ်သွားသည့်အခါ ရွှေလျန်အာသည် ပုံမှန်လိုရပ်နေ၏
မလှုပ်မယှက် မတုန်လှုပ်ပင်
ကျောက်စိမ်းလို အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်နှင့် သူမ၏ တည်ငြိမ်သော အကြည့်သည် အရာအားလုံး အတိအကျ ဖြစ်လာသလိုပင်
"ပွဲအတွက် ကျေးဇူးတင်ပါတယ်”